5

3.2K 227 6
                                    

ဒီည ဝမ်ရိပေါ်ကသူ့အိမ်သား ချက်ထားတာတွေကိုမစားခဲ့ပါ။ သူအရမ်းဒေါသထွက်နေပြီး သူ့ရဲ့ဂုဏ်သိက္ခာတွေကိုသူ့ဇနီးကပြောပြသင့်သည်။ ကလေးတွေကျောင်းလခကိုလဲ သူပေးနေတယ်ဆိုတာကိုသေချာပြောပြသင့်သည်။မဟုတ်ရင် သူ့ကလေးတွေစိတ်ထဲမှာသူ့အဖေကဘာမှ မလုပ်ပေးဘူးလိုထင်နေမှာဖြစ်သည်။

ကျောင်းလခကိုဘယ်သူပေးလဲ ကလေးတွေသေချာသိစရာမလိုပါဘူး။ သူတို့ကသူတို့အဖေအမြဲဒေါသထွက် စိတ်တိုနေတာပဲမြင်ကြသည်။ သူတို့လည်းစဉ်းစားတာကိုမရပ်နိုင်ခဲ့ကြပေ။ သူဘာလို့ဒီလိုဖြစ်နေတာလဲ။ဒီကိစ္စ သူတို့မသိစရာအကြောင်းမှမရှိတာ သူ့တို့မာမီက တစ်ချိန်လုံးအိမ်မှာနေပြီး သူ့အဖေတစ်ယောက်ပဲအလုပ်လုပ်နေတယ်ဆိုတာ သူတို့သိတာ‌ပေါ့ ဘာလို့သူတို့အမေကို အမြဲရိုက်နှက်ပြီးမသက်မသာဖြစ်စေတာလဲ အခုလဲသူတို့ဒီနေ့ပဲပြန်ရောက်တာကို ဒီနေ့ပြသနာကိုတွေ့ရသည်လေ။

"ပိုင် မင်းအဖေကို ညစာစားဖို့သွားခေါ်ပါ"

ပိုင်က‌ရှောင်ကျန့် အပြောကိုချက်ချင်းငြင်းလိုက်သည်။

"မသွားချင်ဘူးမာမီ မတွေ့ချင်ဘူး သူကျွန်တော့်ကိုအပြစ်သားလိုမောင်းထုတ်လိမ့်မယ်"

ရှောင်ကျန့်ကသူ့သမီးကိုလှည့်ကြည့်လိုက်သည့်အခါမှာတော့

"သမီးကိုမကြည့်နဲ့မာမီ သမီးလဲမတွေ့ချင်ဘူး သူကအမြဲစိတ်ဆိုးနေတာ သမီးနံရိုးတွေမကျိုးချင်ဘူး"

ဒါနဲ့ပဲဖန်ရှင်းကသူ့အဖေကိုခေါ်ဖို့ကြိုးစားလိုက်သည်။

"ကျွန်တော်သွားခေါ်ပေးမယ် မာမီ"

ရှောင်ကျန့်ခေါင်းလေးကိုဖွလိုက်တော့ ဖန်ရှင်းက‌အပေါ်ထပ်တက်သွားခဲ့သည်။ ရှောင်ကျန့်ဝမ်ရိပေါ်ဆင်းလာတာကိုစောင့်နေပေမယ့် ဝမ်ရိပေါ်ကဆင်းမလာခဲ့ပဲ ဖန်ရှင်းသာဆင်းလာသည်။

"သူဘာပြောလဲ သူဘာလုပ်နေလဲ သူဘယ်မှာလဲ"

ရှောင်ကျန့်ဖန်ရှင်းကိုမေးလိုက်သည်။

ဖန်ရှင်းသူ့အမေနဲ့မောင်နှမတွေကိုကြည့်ကာ..

"ထွက်သွားစမ်းလို့ပြောတယ်"

My Abusive husband ||Translation||<Completed>Where stories live. Discover now