10

2.6K 196 21
                                    

ဝမ်ရိပေါ်ရုံးကိုရောက်သိတိုင်အိမ်မှာဖြစ်ပျက်တာတွေကို ပြန်တွေးပြီးယုံနိုင်ဖြစ်နေခဲ့သည်။ သူ့သားက ရဲတင်းစွာ သူ့လက်ထဲကခါးပတ်ကိုအားပြင်းပြင်းနှင့် ဆွဲဖမ်းပြီးသူ့ကို အသံကျယ်ကျယ်နဲ့ ဘယ်လိုတောင်ပြန်အော်ခဲ့သည်လား။ သူ့သားကိုသူဆုံးမရမည်။ ဘယ်အရာကလုပ်ရမည့်အရာ ဘယ်အရာကမလုပ်ရဘူးဆိုတာကို‌ သေချာဆုံးမရမည်။ဘယ်လိုတောင်သူ့ကိုစော်ကားရဲတာလဲ အဲ့သည်လိုလုပ်ဖို့ဘယ်ကသင်ခဲ့ပါသလဲ။

ဝမ်ရိပေါ်စိတ်ထဲမှာတော့ သူ့ဦးလေးပြောသလိုပဲ ဇနီးလုပ်သူက ကလေးတွေကိုသင်ပေးတယ်လို့ပဲယူဆလိုက်သည်။ သူပြန်ရင်တော့ သူ့သားကိုဆုံးမရမည်။ သူမွေးလာသည့် ကလေးလေးရဲ့လုပ်ရပ်က မယုံနိုင်စရာပင်။ သူ့အဖေကိုသူဘယ်လိုတောင် ရိုင်းရဲရတာလဲ။ ကိုယ့်ဖအေကိုတောင် မသိတော့ဘူးလား။ တော်တော်စိတ်ပျက်စရာပင် သူ့ခေါင်းထဲကမကောင်းတဲ့စိတ်တွေကိုထုတ်ပစ်ရလိမ့်မည်။

"မင်းကွာ မင်းကွာ! ငါ့အိမ်မှာငါ့ကိုဘယ်သူကများဒီလိုလုပ်ရဲရတာလဲ ငါနဲ့သူ့အမေကြားကို ဘယ်သူကဝင်ရှုပ်ဖို့ပြောထားလဲ သူ့အမေတွက် သူလုပ်ခဲ့တယ် သူ့အမေကငါ့ဇနီးပဲ။ ဖန်ရှင်း ငါမင်းရဲ့ခေါင်းကို နံရံနဲ့မဆောင့်ခဲ့တာ ဘုရားကိုမင်းကျေးဇူးတင်သင့်တယ်။ ငါမင်းအ‌ဖေဆိုတာကို မင်းခေါင်းထဲရိုက်ထည့်ပေးရမယ်။ သူဘာဖြစ်သွားတာလဲ"

ဝမ်ရိပေါ်လက်သီးကိုဆုပ်ကာ အံကြိတ်ပြီးရေရွတ်နေခဲ့သည်။

ဝမ်ရိပေါ်အလုပ်ပြီးတော့အိမ်ပြန်တဲ့အခါ သူ့ဇနီးအပါဝင် အားလုံးကအိပ်ပျော်နေကြ‌ပြီဖြစ်ရာ သူ့အတွက်ညစာကတော့ အဆင်သင့်လုပ်ထားတာတွေ့ရသည်။ သူအိတ်ကိုချပြီး အပေါ်ထပ်တတ်လာကာ သူ့သားအခန်းရှေ့မှာရပ်လိုက်သည်။

"တံခါးဖွင့်  မင်းငါ့ကိုအခန်းထဲဝင်မလာစေချင်ဘူးဆိုရင် အချိန်မဖြုန်းပဲ ဧည့်ခန်းကိုဆင်းလာခဲ့"

သူ့သားဘယ်တော့မှ နှစ်နှစ်ခြိုက်ခြိုက်မအိပ်တတ်ဘူးဆိုတာရိပေါ်သိသည်။ ဒါကြောင့်သူပြောပြီးတာနှင့် အောက်ထပ်ကိုဆင်းပြီး စောင့်နေလိုက်သည်။ ဖန်ရှင်းသူ့အဖေ၏‌ ‌ေကြာက်စရာ အသံကိုကြားတာနှင့်အောက်ထပ်ကိုဆင်းကာ သု့အဖေထိုင်နေသည့်ခုံဘေးမှာထိုင်နေလိုက်သည်။ သူ့အဖေကသူ့ကိုစူးစိုက်ကြည့်နေ၏။ သူကသူ့အောက်နုတ်ခမ်းလေးကိုသာကိုက်ထားပြီး သူ့ဖေကိုဘာမှပြောဖို့မကြိုးပဲ ထိန့်လန့်စွာငြိမ်သက်လျှက်ခေါင်းလေးငုံ့ထားသည်။

My Abusive husband ||Translation||<Completed>Where stories live. Discover now