49

2.2K 125 17
                                    

"ငါ့အချစ်ကလေး ငါမင်းကိုအသက်ရှင်လျှက်နဲ့ ချစ်နိုင်မှာမဟုတ်တော့ဘူးထင်တယ် ငါအသက်ရှုလို့မရတော့ဘူး ..ငါ ငါတောင်းပန်ပါတယ် ငါမင်းကိုဘယ်တော့မှ မညာဘူး"

ဝမ်ရိပေါ်ကပြောနေရင်းသွေးများပါးစပ်ကကျလာသည်မို့ ခနရပ်ပြီးဆက်ပြောသည်။...

"ငါတောင်းပန်ပါတယ်"

"တောင်းပန်တာကိုနောက်မှ လုပ်ပါ ငါနဲ့ ကလေးတွေအတွက် အသက်ရှင်ပေးပါ..တစ်ယောက်ယောက် လူနာတင်ကားခေါ်ပေးပါ"

အားလုံးကလဲ တုန်လှုပ်နေပြီး ကြောင်ကြည့်နေကြ၏။

ဖန်ရှင်းက ရှောင်ကျန့်လည်ပင်းကသွေးတွေကျလာလို့သာ မရည်ရွယ်ပဲ ပစ်မိလိုက်ခြင်းဖြစ်ပြီး အခုသူ့အဖေ ထိခိုက်သွားပြီးငိုယိုနေတဲ့ အမေနဲ့ဒဏ်ရာရ နေသောဖခင်ကိုကြည့်ပြီး နောင်တအကြီးကျယ်ရနေသည်။

"မာမီကျွန်တော် မရည်ရွယ်ပါဘူး ကျွန်တော်မာမီ့ကို ကာကွယ်ရုံသက်သက်ပါ...daddy ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ကိုခွင့်လွှတ်ပါ မသေလိုက်ပါနဲ့ ကျွန်တော်တို့ကိုမထားခဲ့ပါနဲ့.."

ဖန်ရှင်းက သူ့အဖေလက်ကိုဆုပ်ကိုင်ကာပြောတော့ ဝမ်ရိဝမ်ရိပေါ်ကလည်းပြန်ဆုပ်ကိုင်ကာ..

"အဲ့ခွေးကောင်ကြောင့် မင်းအမေကိုထိခိုက်မိတာ....baby ငါတောင်းပန်ပါတယ် ငါမင်းအပေါ်နှိပ်စက်ခဲ့တာတွေအတွက်တောင်းပန်ပါတယ် ငါ ငါ့ အမေရဲ့ဦးလေးအိမ်ကိုသာမသွားခဲ့ဘူးဆို ဒီလိုဖြစ်မှာမဟုတ်ဘူး ငါမင်းကိုအရမ်းချစ်တယ်ဆုံးရှုံးရမှာကြောက်တယ်"

ထိုအခါဝမ်ကျဲကထလာပြီး..

"ရိပေါ် ဘာဖြစ်ခဲ့တာလဲအမေ့ ဦးလေးအိမ်မှာဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုပြောပါ"

"ငါမ‌ပြောခဲ့မိလို့တောင်းပန်ပါတယ် ပြောလိုက်ရင်ငါတစ်ခုခုဖြစ်မလားဆိုပြီးတွေးကြောက်နေခဲ့တယ်။ ငါ့ဦးလေးရဲ့မိန်းမက သူ့ကိုသတ်ခဲ့တယ် ငါ့အ‌ရှေ့မှာပဲ သူ့မိန်းမသူ့ကို သတ်ခဲ့တယ် ငါသူ့ကိုမကယ်ခဲ့နိုင်ဘူး "

ရိပေါ်ကငိုပြီးပြောတယ် ပြီးနောက် ဖြစ်ခဲ့တဲ့အကြောင်းကိုဆက်ပြောသည်။

My Abusive husband ||Translation||<Completed>Место, где живут истории. Откройте их для себя