45

1.9K 141 14
                                    


ချန်းနဲ့ လီလီကို ရိပေါ်ဆေးရုံတတ်နေစဉ် ရောက်လာတော့ ဝမ်ကျဲလီလီကိုသေချာကြည့်နေရာ ဝမ်ရိပေါ်နဲ့မတူပဲ ရှောင်ကျန့်နဲ့ပိုတူ‌ နေသည်။ရှန်းရဲ့မျက်နှာကိုတွေးကြည့်လိုက်တော့ရှန်းက ရှောင်ကျန့်နဲ့လဲ ဆင်သလို သူမ အစ်ကိုတွေနဲ့လဲ ဆင်သည်။ ဒါပေမယ့် လီလီက ရှောင်ကျန့်နဲ့တစ်ထပ်တည်းတူနေပြီး သူဒီကလေးမရဲ့မျက်နှာကို ရင်းနီးသလိုခံစားရသည်။တစ်ယောက်ယောက်နဲ့တူနေ၏။

*အဲ့လူကဘယ်သူများဖြစ်မလဲ ရှောင်ကျန့်မိသားစုဝင်တွေထဲကများလား..ရှောင်ကဖန့်အစ်ကို Karis ဖြစ်လိမ့်မလား ဒါပေမယ့် Karis နဲ့ချန်းကတစ်ခါမှဆုံဖူးတာမဟုတ်ဘူး..လီလီက ရှန်းလိုပဲလှတယ် ..ချန်းကလဲတစ်ကယ်လှတဲ့အမျိုးသားတစ်ယောက်ပဲ ဒါပေမယ့်သူက အပျက်ကောင် အကျင့်မကောင်းဘူး သူဘယ်တော့မှ ရိပေါ်ရဲ့ဒုတိယမယားမဖြစ်ရဘူး*

ဝမ်ကျဲတစ်ကယ်နားမလည်ဘူး ဒီအရှက်မရှိတဲ့ကောင်က ရိုင်းစိုင်းပြီးဇနီးကိုရိုက်တဲ့ သူ့ရဲ့မောင်ကို လိုချင်နေတာလား တစ်ကယ်လား ဘာလို့လဲ သူ့ရဲ့ရိုက်နှက်မှုတွေကြောင့် ရှောင်ကျန့် ကလေးပျက်ကျပြီး မှတိဉာဏ်ဆုံးရှုံးသွားရတာ သူမသိတာလဲမဟုတ်ဘူး သူကအဲ့ဒီလို နေရာမှာနေချင်တာလား သူသမီးအတွက်ရောမစဉ်းစားတော့ဘူးလား ငါအသက်ရှင်နေစဉ်အတွင်း ဝမ်ရိပေါ် နောက်တစ်ယောက်ထပ်ယူမှာကိုခွင့်မပြုနိုင်ဘူး ငါ့မိဘတွေကလည်းဒီလိုလုပ်ရပ်မျိုးကိုမကြိုက်ဘူး ငါခွင့်မပြုနိုင်ဘူး ရှောင်ကျန့်နဲ့ကလေးတွေကိုလည်း ဒီလိုအဖြစ်မခံနိုင်ဘူး...ရှောင်ကျန့်သူကြောင့် ပင်ပန်းနေတာတွေလဲသူလက်မခံနိုင်တော့ဘူး အခုရှောင်ကျန့်က ရိပေါ်ကိုကွာရှင်းမယ် လုပ်နေတယ် ဒါကြောင့် သူရိပေါ်ကိုထောင်ထဲပြန်ထည့်ထားပြီး ရှောင်ကျန့်ကိုယ်တိုင်ထုတ်ပေးတဲ့အချိန်ကိုစောင့်နေဖို့ သူဆုံးဖြတ်လိုက်သည်။

ဝမ်ကျဲရှောင်ကျန့်အခန်းထဲကိုဝင်ကြည့်လိုက်ရာ ပါးပြင်က‌မျက်ရည်တွေကခြောက်ကပ်နေပြီးအိပ်ပျော်နေတဲ့ရှောင်ကျန့်ကိုကြည့်ပြီး..

ဒီလောက်လှတဲ့ ကိုယ့်လက်တွဲဖော်ကိုဘာလို့များဒီလိုလုပ်ရပ်ရတာလဲ သူ့ကလေးတွေဆုံးရှုံးရလို့ သူတစ်ချိန်လုံးငိုယိုနေခဲ့တယ် ကြည့်နေပါ ငါလီလီကို DNA စစ်ပြီးငါမင်းဘက်ကနေရပ်ပြီး ပြသနာတွေကိုဖြေရှင်းသွားမယ် .

My Abusive husband ||Translation||<Completed>Hikayelerin yaşadığı yer. Şimdi keşfedin