ဖန်ရှင်းနဲ့မောင်နှတွေက TV သတင်းအစီစဉ်မှာလာနေတဲ့ အံ့ဩစရာသတင်းကို ကြည့်နေကြသည်။ သူ့တို့မယုံနိုင်ဘူး သူ့တို့မာမီကို လူမြင်ကွင်းနေရာကြီးမှာ ရိုက် နေသည်။ သူ့ကိုဘယ်တော့မှ ထပ်မရိုက်ဘူးလို့ကတိမပေးခဲ့ဘူးလား။ ဘာလို့ထပ်လုပ်နေရတာလဲ အခုကသူ့မာမီမှားတာမပါဘူး သူ့ရဲ့အရင်ကအတန်းဖေါ်တွေက သာ့ဘာသာနုတ်ဆက်တာ ဘာလို့မာမီကအရိုက်ခံရတာလဲ။ အိမ်အထိရောက်တာတောင်မစောင့်နိုင်ပဲ လူမြင်ကွင်းမှာတောင် ရိုက်နေပြီ ကိုယ့်ကိုကိုရှက်ရကောင်းမှန်းတောင်မသိတော့တာလား။သူ့အဖေရဲ့လုပ်ရပ်က လူမြင်ကွင်းမှာ နှစ်ယောက်လုံးကိုအများပျက်ရာယ်စရာဖြစ်နေပြီ။ TV သတင်းမှာတောင်ပါလာတာဆိုတော့
သူတို့အဖေကမာမီရဲ့သူငယ်ချင်းတွေကိုအိမ်လာဖို့ကိုပိတ်ပင်သည်။ သွားလည်ဖို့ကိုလည်းပိတ်ပင်သည်။ ဒါတင်မက သူတို့သူငယ်ချင်းကိုလဲမောင်းထုတ်ခဲ့သည်။ အဲ့ဒီမှာ လူထောင်ကျော်မက ဈေးဝယ်နေကြတာ ဘယ်လိုတောင် သူ့ရဲ့အရှက်တရားကိုမစဉ်းစားပေးခဲ့တာလဲ ဘာလို့ဒီလိုတွေလုပ်နေရတာလဲ ဘယ်အချိန်ထိလုပ် နေမှာလဲ။ ကလေးတွေကTVကိုကြည့်ရင်းနဲ့ လူတစ်ချို့ရဲ့ဝေဖန်မှုတွေကိုနားထောင်ပြီး မျက်ရည်ကျလာ၏။
"Daddy အရမ်းလွန်နေပြီ ဖန်ကော သူကပိုပိုဆိုးလာပြီ ဘယ်တော့မှ ပြောင်းလဲမှာလဲမဟုတ်ဘူး ကြည့်ပါဦးမာမီ့ကို လုပုံအလယ်မှာဘယ်လိုတွေလုပ်နေတာလဲ ဖန်ကော ငါတကယ်သည်းမခံနိုင်တော့ဘူး အဲ့တာအရမ်းရှက်ဖို့ကောင်းတယ် အရမ်းပဲ "
ပိုင်က TVဖန်သားပြင်ကိုလက်ညိုးထိုးကာ ကျယ်လောင်စွာအော်ငိုပြောသည်။ သူ့မာမီကို Mallထဲကနေ တရွတ်တိုက်ဆွဲလာ တဲ့ပုံက သေချာပါသည်။ သူ့မာမီတအားကိုငိုနေ တော့မှာ၊ သူဘာများမှာလို့ ဒီလောက်ထိလုပ်တာလဲ၊ရှောင်ပိုင်သူ့ဘာသာအဖြေရှာမရလို့ အစ်ကိုဖြစ်သူကိုမေးခွန်းတွေမေးခဲ့သည်။
"ငါထင်တယ် daddy ထိန်းချုပ်ဖို့လိုနေပြီ။အရမ်းရိုင်းစိုင်းတာပဲ ဘယ်နေရာမှာပဲဖြစ်ဖြစ် မာမီ့အပေါ်ရိုင်းစိုင်းဖို့ကိုဝန်မလေးဘူး ဘယ်လိုဖအေမျိုးလဲ။ ငါ့တို့မာမီက သူနဲ့မထိုက်တန်ဘူး ငါသူ့ကိုအရမ်းမုန်းတယ်။ငါနောက်ဘဝဆက်တိုင်း သူ့ဆီမှာ မမွေးဖွားလာပါစေနဲ့ဆုတောင်းတယ်။.စက်ဆုတ်ပြီး အထင်သေးဖို့ ကောင်းတယ်..."
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...