ဆံပင်အလှပြင်ဆိုင်ထဲတွင်ထိုင်နေသောတွေကော ညှပ်နေသူကောဖြောင့်နေတာကောခေါင်းလျှော်နေတဲ့သူကော ပြည့်နှက်နေသည်။ အပြင်ဖက်ခုံတန်းလေးတွေမှာ
စောင့်နေတဲ့ သူတွေလဲ ဆိုင်က ဝိုင်ဖိုင်ဖရီးရသောကြောင့်အင်တာနက်တွေကိုယ်စီသုံးကာ ငြိမ်သက်နေကြသည်။ ထိုစဉ်ဆိုင်ထဲသို့ ဆယ့်ခြောက်နှစ်ရွယ်ကောင်မလေးတစ်ယောက်ဂျပ်ဖာလေးတစ်ဖာ ပိုက်လို့ ဝင်လာခဲ့သည်။
"နန်း...အဲ့ဒါ အပေါ်ထပ်မှာပဲ ထားလိုက်နော်မဖွင့်နဲ့"
"ဟုတ်မမချစ်"
"ကားဂိတ်မှာ လူတွေအများကြီး လမ်းလဲတအားကြပ်တာပဲ"
"ပွဲရက်လေ နန်းရယ်...အဲ့လောက်တော့ရှုပ်မှာပေါ့"
"မမစစ်ရေ....ညနေ ပွဲသွားကြည့်ဦးမလား"
"မသွားပါဘူး လူက ရှုပ်ရှုပ်နဲ့"
"သွားခေါ်မနေနဲ့ နန်းရေ.....နင်တို့ မမစစ်က အားနေရင်ဇာတ်ကားရှာကြည့်ဖို့ပဲ စဉ်းစားနေတာ"
"ဒီနှစ်က ခါတိုင်းနှစ်နဲ့မှမတူတာကြီးကို....အဲ့ မမစစ်ကလေ...တောင်ကြီးသူဖြစ်ပြီး ကမ္ဘာကျော်တဲ့တန်ဆောင်တိုင်ပွဲကြီးကိုတောင်မရောက်ဖူးသေးဘူးဆိုတော့ မဟုတ်တော့ပါဘူးနော်"
"အေးဆေးပဲနေပါရစေ နန်းရယ်...အလုပ်ပဲလုပ်စမ်းပါ"
ဆယ်ကျော်သက်ဆံပင်နီညိုရောင်ပျော့ပျော့လေးတို့က ပခုံးထက်တင်ရုံပဲရှိဦးမည်။ ဒါကို ခပ်မြင့်မြင့်လေးမြှောက်စည်းထားတော့ ဖြူ ဝင်းတဲ့ဂုတ်သားတို့က အထင်းသား။
မိန်းကလေးတန်မဲ့ အရပ်က ငါးပေလေးလောက်ရှိမည်။
ဒီလောက်ဆို မိန်းကလေးထဲတွင်ပင်အရပ်လေးကရှားပါးနေလိမ့်မည်။ တကယ်ဆို ငါးလေးကအတော်ရှည်နေပြီလေ။
အနက်ရောင်ချည်သားဘောင်းဘီရှည်နဲ့ ဟူဒီ အနက်။ အဖြူရောင်ရှူးဖိနပ်ကလေးဖြင့်ဝတ်စားဆက်ယင်မှုတို့က လူငယ်ပီပီတက်ကြွလန်းဆန်းလို့နေသည်။
အရည်လဲ့နေသော မျက်ဝန်းတောက်တောက်တစ်စုံရယ်နှာတံဖြောင့်ဖြောင့်လေးရယ်နှုတ်ခမ်းပါးပါးလေးရယ်။
သိပ်အချောအလှကြီးစာရင်းထဲတော့မဝင်ပေမယ့်လှတော့လှပါသည်။
မှန်ထဲတချက်ကြည့်ပြီး လုပ်နေတဲ့အလုပ်ကို လက်စသပ်လိုက်သည်။ ပြီးတော့
"မမ စစ်အပြင်ခဏသွားမယ်ဒီမှာ ဆံပင်ညှပ်လို့ပြီးသွားပြီ....အရောင်တင်မှာတဲ့ ခဏကကောင်မလေး"
စကားပြောပြီးတာနဲ့ ဆံပင်အတွက်လိုအပ်သောဆေးဘူးတွေတင်ထားတဲ့ စင်တန်းလေးပေါ်မှ ဖုန်းကိုယူပြီး အင်္ကျီရှေ့အိတ်ထဲထိုးထည့်လိုက်သည်။
ခေါင်းလျှော်ထားသော မိန်းမကြီးတစ်ယောက်၏ ဆံပင်တွေကို ဒရိုင်ယာနဲ့ခြောက်အောင်လုပ်ပေးနေသော သုံးဆယ့်သုံးနှစ်အရွယ်မိန်းကလေးက
"ဘာသွားလုပ်မှာလဲ....ခဏနေ အမေကဒေါ်လေးအိမ်လိုက်ပို့ခိုင်းနေပါဦးမယ်"
"သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့ပါ....ဈေးနားလေးတင်ပဲ ..သိပ်မကြာဘူး...တကယ်လို့ အမေပို့ခိုင်းရင်လဲ ဆိုင်ကကောင်မလေးတစ်ယောက်လောက်ပို့ခိုင်းလိုက်"
"လူ အဲ့လောက်ရှုပ်နေတာကို နင်ဟာလေ...ငါ မပြောလိုက်ချင်ဘူး"
"မမကလဲလေ...တခါတလေ အပြင်ထွက်တာကိုပြောမဆုံးဘူး ပြီး ဆံပင်ညှပ်မယ့်သူကိုလဲညှပ်ထားပေးခဲ့ပြီလေ...ကျန်တာ မမတိူ့လုပ်ပေါ့ပြောနေရင်းနဲ့နောက်တောင်ကျနေပြီ...သွားတော့မယ်"
ဆိူင်တံခါးဘေးအပေါ်ဖက်သံငုတ်မှာချိတ်ထားတဲ့ ဆိုင်ကယ်သော့ကို ဖြုတ်ယူပြီးဆိုင်ထဲကအပြေးတပိုင်းထွက်လာတော့သည်။
ယမင်းရုပ်သွင်ဆိုတဲ့ြဗူတီဆလွန်းလေးက စစ်တို့ ညီအစ်မနှစ်ယောက်ဦးဆောင်ပြီး အလုပ်သင်ကောင်မလေးငါးယောက်နဲ့ ဖွင့်ထားတာပင်။ လမ်းမကြီးဘေးဖြစ်သည့်အပြင်တောင်ကြီးတက္ကသိုလ်နဲ့လဲ သိပ်မဝေးလေတော့ လူလဲကျသလားမမေးနဲ့။ ခုခေတ်က အလှဖန်တီးရှင်တွေထောတဲ့ခေတ်ကြီးမဟုတ်ပါလား။
ဆံပင်တွေကိုဖြောင့်လိုက်ကောက်လိုက်ညှပ်လိုက်အရောင်တင်လိုက်ပေါင်းတင်လိုက်နဲ့ မိန်းကလေးတွေ အတော်အချိန်ကုန်ငွေကုန်ခံကြသည်။ လူတစ်ကိုယ်လုံးမှာလဲပြောင်းလဲနိုင်တာဆိုလို့အဲ့ဆံပင်ပဲရှိကြတာလေ။ ဆံပင်ပုံစံအလိုက်ရုပ်လဲပြောင်းသွားတတ်ကြတာ။
ဆံပင်ညှပ်တာကို ငယ်ကတည်းက ကျွမ်းကျွမ်းကျင်ကျင်တတ်နေတာ က စစ်ရဲ့ကုသိုလ်ထူးပင်။
အရင်က အမေ အိမ်ဘေးနားက ကလေးတွေကို ညှပ်ပေးတာမြင်တိုင်းစစ်က လိုက်လိုက်ကြည့်နေတတ်တာပင်။ မမ အိမ်ထောင်မကျခင်ရန်ကုန်မှာ သင်တန်းသွားတတ်ပြီး ပြန်လာမှ ဆိုင်စဖွင့်တာ။
စစ်တို့မှာ အဖေမရှိ။ စစ်ပင်ကောင်းကောင်းမမြင်ဖူးလိုက်။ ခရီးသွားကားမောင်းရင်း အက်ဆီးဒင့်ဖြစ်ပြီး ဆုံးတယ်ပြောကြတာပါပဲ။ အဖေနဲ့ပတ်သက်ပြီး စစ်သေချာမသိ။ အမှတ်တရလဲမရှိ။ အဖေများနေ့တိုင်း သူများတွေ လွမ်းတာတို့ ချစ်တာတို့ သာကြောင်းမာစေကြောင်း လိုင်းပေါ်တင်ကြသည်ကို မြင်ပေမယ့်စစ်စိတ်ထဲထူးပြီး ဝမ်းနည်းမနေ။ အမေကပြောဖူးသည်။
အဖေက အရက်သမားတဲ့။ ရှာလဲမကျွေးဘူးဆိုပဲ။
အမေ့တွက်လင်ယောက်ျားအဖြစ်အဖေဟာမရှိလဲဖြစ်သည်ဆိုတော့ စစ်လို မြင်တောင်မမှတ်မိနိုင်တဲ့ သမိးအနေနဲ့ ဘာမှခံစားချက်တော့မရှိ။
ခုဆို အိမ်မှာ အမေရယ်မမရယ်စစ်ရယ်ခဲအိုရယ်မမရဲ့ သားနှစ်ယောက်ရယ်စိုပြည်နေပြီ...
အတွေးလေးဖြင့်ဆိုင်ကယ်ကို ဖြည်းဖြည်းသာသာမောင်းနှင်လိုက်သည်။တောင်ကြီးမြို့ရဲ့ဆောင်းလေညှင်းတိုက်ခတ်မှုကြောင့်ကိုယ်ပင်ကျုံ့သွားလိုက်သေးသည်။ ဝတ်လာတာက အနွေးထည်ကြီးကို အတင်းတိုးဝင်လာတဲ့အအေးဓာတ်ကြောင့်လက်တဖက်လွှတ်ပြီး အင်္ကျီအိတ်ထဲထည့်ထားလိုက်ရသည်။
ချမ်းချမ်းစီးစီးဖြင့်ဆိုင်ကယ်မောင်းနေရတာလဲ စစ်အကြိုက်ပင်။ အိုးရှင်းမှာ သူငယ်ချင်းတစ်ယောက်က လာခဲ့ဖို့ခေါ်တာနဲ့ မလာချင်ပဲကိုလာနေရတာပင်။ စစ်မှာ သူငယ်ချင်းဆိုပြီးများများစားစားရှိတာမဟုတ်။
သူများတကာလိုကျောင်းလဲမတက်ရ။
စစ်နဲ့မမချစ်သခင်တို့ကို ဆယ့်ငါးနှစ်လောက်ခြားပြီးမှမွေးလာသည့်အပြင်စစ်ကိုမွေးချိန်မှာ အမေကအသက်ကြီးနေပြီလေ။ပင်ကိုယ်အားကလဲ ကျချိန်ရောက်မှမွေးတာဆိုတော့ စစ်မှာ ငယ်ငယ်နဲ့ပင်ရောဂါကအများသား။ အချိန်အတော်များများကို မမလက်ပေါ်ပဲကြီးခဲ့ရသည်။ ခုထိဆေးရုံဆေးခန်းအသွားကမလွတ်သေး။
ပိုးမွေးသလိုမွေးခဲ့ရတဲ့ စစ်ကိုအမေကော မမကပါ မျက်စိအောက်အပျောက်မခံနိုင်အောင်ချစ်ကြသည်။ ကိုးတန်းလောက်ကရေချိုးမှားပြီးအပျင်းဖျားသဖြင့်စာမေးပွဲကြီးပင်မဖြေလိုက်ရပဲဆေးရုံမှာပဲ လအတော်များများနေလိုက်ရသည်။ မကြာခဏ ဖျားတတ်သလိုမေ့လဲတတ်တာကြောင့်စစ်ကျောင်းထွက်လိုက်ရခြင်းပင်။
ကိုယ့်အခြေအနေနဲ့ကိုယ်မို့လို့ အားလဲငယ်မနေ။ တက္ကသိုလ်ကျောင်းသူတွေအလာများသော စစ်တို့ဆိုင်မှာ သူတို့ကို တငေးတမော အားလဲမကျမိ။
ဖြစ်လေရာ ဘဝမှာ ကံတရားစီရင်တဲ့အတိုင်း ဖြစ်ကြရတာမို့ ဘယ်လိုမျိုးပဲနေရနေရ စစ်တို့ကအသားကျနေပြီလေ။
📱📱📱📱
ဖုန်းလာတာကြောင့်ဗိုက်တွေပင်ကျဉ်တက်သွားရသည်။ တုန်ခါတာကို လုပ်မိထားတာကိုး။ လမ်းဘေးချရပ်ပြီးမှ ဖုန်းဖြေလိုက်သည်။
"ဟလို ခမ်းအိမ့်"
"စစ်နင့်ရဲ့ လမ်း ဒီဖက်မှာ ငါတို့ ထိုင်နေတယ်....ကြည့်လိုက်မြင်လား"
စစ်ရပ်နေတဲ့ လမ်းပြောင်းပြန်ဖက်ဆိုင်အဝင်ဝမှာဆံပင်နီနီနဲ့ကောင်မလေးနှစ်ယောက်အနက်တစ်ယောက်ကလက်လှမ်းပြနေလေသည်။
"အင်း ငါလာမယ်ခဏ လမ်းရှင်းမရှင်းစောင့်ဦးမယ်"
လမ်းကလဲ ဒီနေ့တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲနေ့ဆိုတော့ မနက်ကတည်းက ကားတွေဆိုင်ကယ်တွေ ရှုပ်နေပုံများ အပြင်ခဏလေးထွက်ဖို့အရေးအကြာကြီးကိုရောက်ဖို့ရာစောင့်နေရတာ။ ကားအနည်းငယ်အဆက်ပြတ်သွားမှ ကမန်းကတန်းမောင်းကူးပြေးရတာပင်။
ဆိုင်ကယ်ကိုသော့သေချာခတ်ပြီးမှ ဆိုင်ထဲလှမ်းဝင်လိုက်သည်။
"အမယ်စစ်မတွေ့တာကြာတော့ပြောင်းလဲနေလိုက်တာ"
စားပွဲမှာထိုင်ထိုင်ချင်း ခမ်းအိမ့်ကပြောသည်ကို ကျန်ကောင်မလေးက လိုက်ပြုံးရင်း စစ်လုပ်နေသမျှကိုလိုက်ကြည့်နေသည်။သော့ကိုစားပွဲပေါ်တင်ပြီးမှ
"လမ်းကလဲရှုပ်ချက်....ဆိုပါဦး ငါ့ကိုချိန်းတဲ့အကြောင်းလေး"
"နင့်ဆံပင်အရောင်လေးမိုက်တယ်ဟ..."
စစ်မေးတာကို အရင်မဖြေပဲ သူပြောချင်တာပဲပြောတတ်တဲ့ ခမ်းအိမ့်။
"ပြောင်းလဲတာဆိုလို့ အဲ့ဆံပင်ရယ်တနေ့တခြားပိန်ဖို့ပဲတွေးနေတဲ့ဒီကိုယ်ကြီးရယ်ဒါပဲရှိတာပါဟဲ့"
"ဟင့်အင်း နင်ရှည်လာတဲ့အရပ်က အလှသွေးကြွယ်ဆဲဖြစ်နေတဲ့နင့်ရုပ်ကလေးနဲ့ကို အရမ်းတွေစမတ်ကျလာတာ"
"ဂေါ်ချက်"
မြှောက်သလိုချီးမွမ်းသလိုပြောလာတဲ့ခမ်းအိမ့်စကားကို စစ်က နှုတ်ခမ်းလေးတဖက်တွန့်ကွေးရင်း ဆိုသည်။
"ဪ...မေ့တော့မလို့...ဒီမှာ ငါ့ သူငယ်ချင်း မိုးရည်ချို
မိုး ဒါ ငါပြောပြောနေတဲ့ စစ်... နင်မြင်ဖူးမှာပါ ငါတိူ့ ဂိမ်းအုပ်စုမှာ သူကခေါင်းဆောင်ပဲလေ"
ခမ်းအိမ့်ရဲ့ မိတ်ဆက်ပေးမှုကို စစ်အသိအမှတ်ပြုသည့်အနေနဲ့ မိုးရည်ချို ဆိုသောကောင်မလေးအားခေါင်းလေးငြိမ့်အပြုံးရှည်ရှည်ဖြင့်နှုတ်ဆက်လိုက်သည်။သူက
"စစ်တလုံးတည်းလား"
"ဟုတ်တစ်လုံးတည်းပဲ ငယ်ငယ်ကတော့ လမင်းစစ်ဆိုလားနောက်တော့ အိမ်မှာကောကျောင်းကောစစ်လို့ခေါ်နေကြတော့ တလုံးတည်းပဲဖြစ်ရော"
"အယ်....ဘယ်လိုမသေချာတဲ့အဖြေမျိုးလဲ စစ်မှတ်ပုံတင်ကမှတကယ့်အစစ်ပေါ့"
"စစ်မှာ မှတ်ပုံတင်မှမရှိပဲ"
"ဟင်မလုပ်ရသေးဘူးလား ခု အသက်ဘယ်လောက်လဲ"
"ဆယ့်ရှစ်ပြည့်ပြီးပြီ တကယ်မလုပ်ရသေးတာ..."
စစ်တို့နှစ်ယောက်စကားလမ်းဝင်နေတော့ ခမ်းအိမ့်ကပျင်းလာသည်ထင်။
"ဟဲ့နောက်မှပြော ခု စစ်နင်ဘာသောက်ဘာစားမလဲ "
"စားတော့ဘူးလေ ပြန်ရင်ပဲ ညစာစားရတော့မှာကို"
"တစ်ခုခုတော့စားပါဟယ်မိုးက သူ မနေ့ကမှထိုင်းကပြန်ရောက်တာလေ သူ ဒကာခံချင်လို့ဟာကို"
"အမေက ညစာကောင်းကောင်းမစားရင်ဆူမှာ....တခုခုသောက်မယ်"
"စည်ဘီယာသောက်မလား"
"အယ်ဒဲ့ကြီးမေးရလားဟ"
"နင့်အကြိုက်တွေငါသိတာကိုး....ဟေ့မောင်လေး ဒီကို စည်ဘီယာ သုံးခွက်"
စားပွဲထိုးကို ဘီယာ သုံးခွက်လှမ်းမှာလိုက်တာနဲ့ အသားသုပ်တွေအော်တို လာချနေပြီလေ။ ဘီယာခွက်တွေလာချတော့ မိုးရည်ချိုက တအံ့တသြဖြင့်
"စစ်က ဒီလိုလဲရတာပဲလား"
"ဟာ...ရတာပေါ့...အိမ်က ခဲအိုတို့နဲ့ဆိုင်ထိုင်ရင်လဲချတာပဲ...ခုတော့မသောက်တာကြာပြီ မို့သောက်လိုက်ဦးမယ်"
တကျိုက်မော့ချလိုက်သော စစ်ကို ကြည့်ပြီးအားကျမခံခမ်းအိမ့်ကလဲသောက်ပြန်သည်။
"ပြောပါဦး ချိန်းရတဲ့ကိစ္စ"
"ဒီလို မိုးက ငါတို့ဂိမ်းအဖွဲ့လုပ်တဲ့ထဲပါတယ်လေ လီဒါ ဖြစ်တဲ့ နင့်ကိုအပြင်မှာမြင်ဖူးချင်လို့တဲ့ နင့်အကောင့်ကိုလဲသူကစကားလာမပြောရဲဘူးတဲ့လေ....ခင်ချင်နေတာကြာပြီ...ခုပြန်ရောက်တုန်းနင်နဲ့တွေ့ချင်တယ်ဆိုလို့ငါက ကြားခံဆက်သွယ်ပေးတာ"
ခမ်းအိမ့်စကားကို မိုးရည်ချိုက လိုက်ထောက်ခံသည်။
"ဟုတ်တယ်စစ်ရဲ့ စစ်က အကောင့်ပရိုဖိုင်မှာ နိုးမက်ဆင်ဂျာ လို့ရေးထားလို့လေ....ပြီးချေလဲချေတတ်မယ်ထင်လို့ ခုတလော ဂိမ်းထဲလဲမလာဘူးနော်"
"ဟုတ်မလာဖြစ်ဘူး အားဘူးလေ...ချေတော့မချေရပါဘူး ချက်ဘောက်မသုံးတာကလဲပျင်းလို့ပါ မျက်စိမကောင်းတော့စာရိုက်ရအဆင်မပြေဘူးလေ...ဪ မမိုးရည်ချိုက ထိုင်းပြန်ဆိုတော့ ထိုင်းမှာဘာတွေလုပ်ရတာလဲအဲ့မှာနေတာလား"
"စက်ရုံမှာ အလုပ်လုပ်တာပါနေတာက ဒီမှာပဲလေ..."
"ဪ တမြို့တည်သားကိုး...စစ်တို့ကမြို့ပြင်ဖက်ရောက်နေတော့ သိပ်မသိ"
"စားပါဦး....နောက်ဖုန်းဆက်လို့ရအောင်နံပတ်ပေးထားလေ"
"ရတာပေါ့ viberတော့ သုံးဖြစ်တယ်အာ့လဲဈေးရောင်းနေလို့လေ"
"ဟုတ်လား ဘာရောင်းတာလဲ....မိုး လို့ပဲခေါ်ပါ အသက်မှသိပ်မကွာတာကို"
"အင်း မိုး...စစ်က E load နဲ့ဘေလ်ရောင်းတာလေ...အထင်တော့မကြီးပါနဲ့ တလတလ အိတ်ထဲစိုက်နေရတာ အကြွေးကျလွန်းလို့"
"ဟုတ်လား"
"အင်း...စစ်ကိုများတကူးတကတွေ့ချင်ရတယ်လို့ မိုးရယ်...စစ်က မင်းသမီးမှမဟုတ်တာ"
"တွေ့ချင်တာကိုးလေ စစ်ကပုံလဲမတင်ဘူးလေ မိုင်ဒေးမှာပဲတွေ့နေရတာခဏလေးပဲ"
"ပုံတင်ရအောင်စစ်ကဘယ်မှလည်းမှမသွားရတာကိုးလေ....ဟ ငအိမ့်ငါတိူ့စကားကောင်းနေတာကိုအခွင့်ကောင်းယူပြီး လာချသမျှနင့်ဗိုက်ထဲချည်း ပစ်ထည့်နေပါလားဟ"
စစ်အော်မှပဲ အသားသုပ်ပန်းကန်ကိုတစ်ယောက်တည်းအပိုင်စီးကာ စားသောက်နေသော ခမ်းအိမ့်က မျက်စောင်းထိုးလိုက်လေသည်။
"ငါ့မှအဖတ်မလုပ်ပဲကိုး"
"လုပ်ပါ့ဟာ....ငါတို့ကခုမှစသိတာလေ...မိတ်ဆက်ရတာပေါ့ အား....ငါးနာရီထိုးတော့မယ်ငါ ပြန်မှဖြစ်မယ်"
"နေပါဦး ခဏလေးပဲရှိသေးတာကို"
"မရဘူး အိမ်ကစိတ်ပူတတ်တာ....မိုးရေကျေးဇူးနော်နောက်ရက်မှတွေ့မယ်နံပတ်က အိမ့်ဆီကယူလိုက်တော့"
သော့ကြီးဆွဲပြီးထွက်သွားသော စစ်ကျောပြင်အား မိုးကလိုက်ကြည့်နေပြီး
"အိမ့်ငါ စစ်ကိုစိတ်ပူတယ်သူဘီယာသောက်ထားတာလေ...လမ်းကရှုပ်သေးတာကိုမောင်းလို့ဖြစ်ရဲ့လား"
"ပူတတ်ရန်ကော...အဲ့လောက်ကတော့မယ်စစ်တိူ့အသာလေးရယ်....သူမောင်းနေကျ...ပူမနေနဲ့..."
"စစ်က သွက်တယ်နော်ချေမယ်ထင်နေတာ အရမ်းဖော်ရွှေတတ်တာပဲ"
"နင်စိတ်ဝင်စားနေတာလား"
"အင်း....စိတ်ဝင်စားတာထက်ပိုမိနေပြိ "
"စိတ်ကူးယဉ်မနေနဲ့ စစ်ကပွေတယ်သူ့မှာချစ်သူရှိပြီးသား"
"ဟုတ်လား ဘယ်သူလဲကောင်လေးလား"
"ဟုတ်ဘူးကောင်လေးမဟုတ်တဲ့ကောင်မလေး"
"ဪ...."
အိမ့်စကားဆုံးပြီး မိုးရဲ့ ဪ ဆိုတာလေးနဲ့ စကားစလေးပြတ်တောက်သွားရပါတော့သည်။
.....
"ရေး......."
"မှီအောင်လိုက်ဟ......ဝူး....."
အေးသာယာမြို့ ကားလမ်းပေါ်တွင်ဆိုင်ကယ်လေးစီး အပြိုင်လိုက်သူ့ထက်ငါအရှေ့ရောက်အောင်မောင်းနှင်နေကြသည်။ရှေ့မှာမောင်းသူတွေကကောင်လေးတွေချည်းနောက်မှာကောင်မလေးလေးယောက်။ ခြုံကြည့်ရရင်တော့ အတွဲကိုယ်စီလာကြတာဖြစ်ဖိူ့များသည်။
"ဖြေးဖြေးမောင်းပါဟယ်...ရောက်တော့မှာကို"
"ရှေ့ကမောင်းနေတော့အမြန်လိုက်ရတာပ"
တတိယဆိုင်ကယ်ပေါ်မှအတွဲပြောနေခြင်းပင်။ တမြို့လုံး တလမ်းလုံးတစ်စီးနဲ့တစ်စီးစကားအော်ပြောနေကြသေးသည်။ စီးနေကြတာလဲမြန်သလားမမေးနဲ့။
တောင်ကြီး ပန်းခြံ အလွန်နားလေးရောက်တော့ရှေ့ဆင့်နောက်ဆင့်ဆိုင်ကယ်ရပ်သွားကြသည်။
"ငါတိူ့ ဘယ်မှာတည်းကြမလဲ"
"ဟဲ့ နင်တို့အသိရှိလို့လား"
"ဘယ်ရှိမလဲဟ....ငါ တခေါက်ပဲရောက်ဖူးတာ ပွဲက အဝေရာကွင်းမှာလုပ်တာဆိုတော့အဲ့နားလေးတင်ပဲရှာတည်းကြမယ်ဒါမှသွားလာရလွယ်ကူမှာလေနော်"
"တည်နေရာဖွင့်ပြီးရှာကြည့်လေ....ဈေးသိပ်မများတဲ့နေရာလေးဆိုတော်သေးတာ"
"ခုချိန်တော့ လုပ်စားများလိမ့်မယ်ထင်ပွဲချိန်ကိုး"
"ငါတိူ့တော့ ဘုန်းကျောင်းရှာတည်းလဲဖြစ်တယ်ပွဲခင်းထဲအိပ်လဲရ ဆိုင်ကယ်ပေါ်အိပ်လဲရတယ်"
"အဲ့လိုတော့ခွဲမနေရပါဘူး ငါတို့အတူလာကြတာလေဟယ်အကုန်အတူတူ တည်းကြတာပေါ့"
ကောင်လေးကောင်မလေးအစုလိုက်တိုင်ပင်နေတာကို ဝင်မပါတဲ့ကောင်မလေးတစ်ယောက်တော့ရှိသည်။
သူမကတော့ ဖုန်းထုတ်ကာ လမ်းတလျှောက်ရိုက်ပြီးမှတ်တမ်းတင်လာသော ပုံရိပ်တချို့ကိုတပုံချင်းပြန်ကြည့်နေသည်။
ညနေစောင်း မြူ နှင်းတွေဝေနေပြီဖြစ်သောတောင်တန်းအသွယ်သွယ်။တောတန်းကြီးကို အကွေ့အကောက်လမ်းကြီးမှဖြတ်သန်းလာပြီးတောင်ထိပ်လဲရောက်ရောတောင်ကြီးမြို့ဆိုတဲ့နေရာလေးရောက်လာပြီလေ။ တကယ့်ကိုတောင်အကြီးကြီးထပ်အလယ်တည့်တည့်မှာရှိနေတာမို့လို့တောင်ကြီးလို့ခေါ်တွင်တာနေမည်။
"သွေး....နင်က ဒီနား ဘာလုပ်နေတာတုန်း"
နောက်နားမှကောင်မလေးတစ်ယောက်ခေါ်သံကြောင့်ဖုန်းကို ပါဝါပိတ်ပြီးဘောင်းဘီအိတ်ထဲထည့်လိုက်သည်။
"ဘာမှလုပ်ပါဘူး ငါ နားချင်နေပြီဟ"
"တူတူပဲလေ...ခု ခိုင်မာလာ တို့ ဘယ်မှာတည်းမလဲရှာနေကြတာ"
"တွေ့ကြပြီလား ငါတော့တအားပင်ပန်းနေပြီ တလမ်းလုံးဆိုင်ကယ်ဦးထုတ်ကြီးခေါင်းပေါ်တင်လာရတော့လေးပြီးခေါင်းကိုက်ချင်နေတာ"
"ငါသိပါတယ်နင်က အနီိးအနားဆိုင်ကယ်စီးဦးထုတ်ဆောင်းသွားရင်အဲ့လိုဖြစ်တတ်တယ်ဆိုတာကို လာလေ...ရေသောက်ဦးမလား"
"ရတယ်နှင်းရဲ့ မသောက်တော့ဘူး"
ခိုင်မာလာ နှင်းဆီသွေးကျော်ဦးနောင်နောင်မျိုးသွင်ရန်လင်း စသော သူတိူ့လေးတွေက တက္ကသိုလ်ပထမနှစ်တည်းက မတူညီတဲ့အရပ်မှလာဆုံကြပြီးမေဂျာတွေကွဲနေတောင်အခုထက်ထိ တွဲဖြစ်နေကြတုန်း ။ တကယ်တော့အကုန်လုံးကသူငယ်ချင်းတွေချည်းသာ။ အဝေးသင်တတိယအသုတ်သမားတွေ။ မြန်မာ စီးပွားရေး သမိုင်း အဲ့မေဂျာတွေ ခုလို တန်ဆောင်တိုင်နီးနေပြီးမှ စာဖြေရတာကိုး။ ဒီနှစ်မှထူးထူးခြားခြားနောက်ဆုံးနှစ်ဆိုတော့ အိမ်ကိုတောင်သွေးကလွဲပြီး ဘယ်သူမှအသိမပေးပဲ ရှမ်းပြည်မြောက်ပိုင်းဆီမှတောင်ပိုင်းထိ နယ်မြေကျူးကျော်အလည်ရောက်လာကြတာပင်။
"ဟဲ့ တစ်ခုတွေ့တယ်ရိုင်ရယ်တောင်ကြီးဟိုတယ်တဲ့"
ခိုင်ဝမ်းသာအားရအော်လိုက်ပေမယ့်လဲ ကျန်သူတွေကတိတ်ဆိတ်နေကြမြဲပင်။
"ဘာလို့ငြိမ်သွားကြတုန်း"
ဘယ်သူမှမဖြေပဲခေါင်းပဲရမ်းနေကြတော့ခုမှလူအစုနားရောက်လာတဲ့သွေးကပဲ
"ဟိုတယ်ပါဆိုမှဈေးက ကြီးပြီပေါ့ဟဲ့....သောင်းချီဖြစ်နေမှာဟ...တည်းခိုခန်းသန့်သန့်လေးဆို ရပါပြီ"
"အေးလေ...ငါတိူ့က နှစ်ရက်လောက်နေမယ့်ဟာကို တညငါးသောင်းလောက်ကြီးနဲ့တည်းခပဲတသိန်းလောက်သွားမယ့်ကိန်း...ပါတာကဖြင့်"
နှင်းက စကားကိုဆက်မပြောပဲပခုံးတွန့်ပြလိုက်သည်။ ထိုအခါမှ ခိုင်က စိတ်ရှုပ်သွားဟန်ဖြင့်ကျော်ဦးလက်ထဲမှရေသန့်ဘူး ယူသောက်လိုက်သည်။
"အကုန်လုံးလဲပင်ပန်းနေကြပြီ...ကျော်ဦးတို့လိုမောင်းသူတွေကပိုဆိုးနောက်ကထိုင်လိုက်သူတွေလဲ တင်တွေကျိန်းနေပြီ...အမြန်နားဖို့ရှာရမယ်"
"အခု ငါတို့ ဆိုင်ကယ်ဖြေးဖြေးမောင်းပြီး အရင်ဆုံးတွေ့တဲ့ တည်းခိုခန်းမှာတည်းလိုက်ကြမယ်လေ"
"အင်း အဲ့ဒါကောင်းတယ်"
"ပွဲခင်းနဲ့ကော မဝေးဘူးလား"
မာလာရဲ့စိုးရိမ်စကားကိုသွေးကပဲ ပြန်ဖြန်ဖြေလိုက်သည်။
"တောင်ကြီးတမြို့လုံးဟိုဖက်သည်ဖက်သွားရင်လေးမိုင်လောက်ပဲရှိတာပါဟယ်သိပ်မဝေးပါဘူး ပြီးသွားလာရအဆင်ပြေအောင်ငါတို့ဆိုင်ကယ်တွေပါတာပဲဟာ အဆင်ပြေနေသားပဲ ခုတော့နောင်နောင်ပြောသလိုပဲတွေ့တဲ့နေရာသန့်သန့်လေးဆိုတည်းကြမယ်ကွာနော်"
"Okသွေးပြောသလိုပဲ သွားကြတာပေါ့...နောင်နောင်နဲ့သွေးတို့ဆိုင်ကယ်အရှေ့ကသွား "
တဖွဲ့လုံးကို စတင်ဦးဆောင်နေသူက ခိုင်။ကျောင်းမှာတည်းက ခိုင်ကပဲအမြဲမြူးသွက်နေသူဖြစ်ရကား သူပဲဦးဆောင်နေတာချည်းပင်။သွေးတို့ ဆိုင်ကယ်ရှေ့ကထွက်တော့ကျန်သူတွေလဲနောက်မှဖြေးဖြေးချင်းလိုက်ကြတော့သည်။
သိပ်မမောင်းရပဲ မြစံပယ်ဆိုသော တည်းခိုခန်းတစ်ခုတွေ့တော့အဲ့ရှေ့မှာပဲရပ်လိုက်ကြသည်။
ခိုင်နဲ့ကျော်ဦးအရင်ဝင်သွားပြီးကောင်တာတွင်သွားစုံစမ်းလိုက်သည်။ ပြီးမှ အထဲဝင်ရန်လာခေါ်တော့သည်။
အကနုလုံးနှစ်ယောက်တခန်းစီဖြင့်လေးခန်းယူလိုက်ကြသည်။ ခိုင်မာလာကတခန်းသွေးနဲ့နှင်းကတခန်းယောက်ျားလေးတွေတေယ့ဘယ်လိုနေကြသည်မသိ။ အခန်းထဲမဝင်ခင်ခိုင်ကပဲ
"ဒီနေ့မှ ဖွင့်ပွဲဆိုတော့ ငါတို့ ဒီညနားလိုက်ကြမယ်မနက်ဖြန်မှလည်ကြမယ်နော"
"ရေချိုးခန်းက ဟိုဖက်ကောင်တာဖက်နားလေးကနေ သွားရတာ သန့်တယ်"
"ငါတော့အရမ်းနာချင်နေပြီ အိပ်တော့မယ်ရေကတော့အေးတာအကြောင်းပြပြီးချိုးဖြစ်မယ်မထင်"
"အေ့လေ လားရှိုးထက်တောင်ကြီးကပိုအေးနေတာကြီး"
"ဝင်နှင့်ပြီ"
သည်လိုဖြင့်ဆိုင်ရာအခန်းထဲသို့အသီးသီးဝင်သွားကြသဖြင့်ကော်ရစ်ဒါလေးမှာလူရှင်းသွားသလိုစကားသံတွေလဲတိတ်သွားကြတော့သည်။
....
Next
Zawgyi code
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့