စစ်နဲ့ချစ်သူဖြစ်ပြီးကာမှသွေးရဲ့စီးပွားရေးက ပိုပြီးချောင်လည်လာသလို။ ခုဆို ဆွဲကြိုးလေးလဲ ပြန်ရွေးနိုင်ပြီ။မေမြို့ပန်းကအရင်းလဲမလို။ ပျိုးကြဲ အပင်ခွဲစိုက်ပြီး အရွက်ကလေးတွေပိုးကျတာမြင်မှဆေးထဖြန်း ပွင့်လာရင်ရောင်းလိုက်ရုံ။ နှင်းဆီလိုတယုတယစိုက်ပြီးရေသွင်းပေးစရာလဲမလို။ ခုဆိုသွေးဆီမှာစုထားတဲ့ပိုက်ဆံတွေလဲ အတော်အတန်စုမိနေပြီလေ။မေမြို့ပန်းရောင်းသမျှကသွေးလက်ထဲမှာပဲကိုး။ ဒီပန်းလုပ်ပြီးနှင်းဆီဖက်ခြေဦးမလှည့်ဝင်နိုင်တော့။ အမေနဲ့အဖေပဲအမြဲဝင်နေရသည်။ အဖေလဲပိုက်ဆံအဆင်ပြေလာလို့လားမသိ။ အရင်လိုဆူပူသောင်းကျန်းခြင်းမရှိသလောက်ကိုရှားလာလေတော့ တစ်မိသားစုလုံးစိတ်အေးချမ်းရသည်။ ကိုဟိန်းလဲအိမ်ကပ်လာသည်။
"မသွေး....ဋ္ဌေး ကို မြို့ထဲမုန့်လိုက်ကျွေးပါလား"
နားနားနေနေ အိမ်သို့ပန်းသယ်လာပြီး စည်းကာမှကျောင်းပိတ်ရက်နားနေတဲ့အစားသူရဲလေးဋ္ဌေးကအပူကပ်လာသည်။
ဟုတ်တာပေါ့။နေ့တိုင်းကျောင်းသွားကျောင်းပြန်အိမ်ကချက်ကျွေးတာစားပြီးမုန့်ကိုလဲဖြစ်ဖြစ်မြောက်မြောက်ဝယ်မစားရသောကြောင့်အစားပုပ်တတ်တဲ့ဋ္ဌေးတစ်ယောက်မုန့်စားချင်နေသည်မှာအဆန်းမဟုတ်။
"ငြိမ်းကော ငြိမ်းကဘယ်သွားလဲ"
"ကိုငြိမ်းက နှင်းဆီခြံမှာ...သေတ္တာသွားရိုက်တယ်အဖေနဲ့"
"နေ့လယ်ကျမှ သွားလေ...ငါ
က ပန်းစည်းပြီးတာနဲ့ နှင်းဆီခူးရဦးမှာ....ငြိမ်းနဲ့သွား...ငြိမ်းလဲစားချင်နေမှာပေါ့"
"ဟီး....ဟုတ်.မသွေး....ဘယ်သူနဲ့သွားသွားဋ္ဌေးတော့စားရရင်ပြီးတာပဲ "
"နေ့လယ်စာအတွက်ထမင်းဟင်းကြည့်လိုက်ဦး .... မရှိရင်ချက်ထား....ငါ မကြည့်အားလို့"
"ကြည့်ပြီးပြီ....ချက်ဖို့မလိုဘူး ဒါနဲ့မမစစ်နဲ့စကားပြောဖြစ်သေးလား"
ခဏတဖြုတ်ရောက်လာတဲ့ စစ်ကိုသွေးအိမ်ကလူတွေခုထိမမေ့သေး။ တမင်တကာကော တိုက်ဆိုင်တာကောပေါင်းပြီးသွေးကိုမေးနေကျ။
"ပြောဖြစ်တယ်..."
"မမစစ်တို့ကသူဋ္ဌေးလား မသွေး....မမစစ်ခြေလက်ကလေးတွေနုဖတ်နေတာပဲ....ဘာမှမလုပ်ရဘူးနေမှာ"
"ချမ်းသာတယ်ဆိုလဲမဟုတ်ပါဘူး...စစ်တို့ကဆံပင်ညှပ်ဆိုင်လေ....တိုက်နဲ့ကားနဲ့ပေါ့....သိပ်အချမ်းသာကြီးမဟုတ်ဖူးပ"
"ဋ္ဌေးတို့က တိုက်လဲမဟုတ်ကားလဲမရှိ အဆိုးဆုံးအိမ်တောင်မပိုင်တော့ ဆင်းရဲတယ်ပြောရမယ်နော်"
ရင်ထဲထိလှသည့်ဖြစ်ခြင်း။ဋ္ဌေးတောင်တွေးတတ်လာပြီပဲ။ ပန်းစည်းတဲ့နှီးစလေးကိုဟိုဘက်ချိုးလိုက်သည်ဖက်ချိုးလိုက်နဲ့ ခဏကပြုံးနေသလောက်ခုစကားပြောကာမှ မှိုင်ကျသွားသလို။
"အိမ်မပိုင်ရသေးပေမယ့်တို့တွေအငတ်နေရတာလဲမဟုတ်တာကို.....တကယ်ပြောရရင်တို့မဆင်းရဲသေးဘူး....တစ်ချို့ရန်ကုန်မန်းလေးတွေမှာနေတဲ့သူတွေရှိတယ်....အိမ်လဲမရှိဘူး ...အလုပ်လဲမရှိတရက်ရှိတရက်...တို့တွေဝယ်စားသလိုဆန်တောင်အိတ်လိုက်ဝယ်စားနိုင်တာမဟုတ်ဖူး....နေ့စားခထုတ်ပြီးမှအိမ်ပြန်ဆန်လေးသုံးလေးလုံးဝယ်ပြီးပြန်မှချက်စားရတာ....တို့ကျတော့လောပန်နဲ့ပေါင်းပြီးလုပ်တယ်လောပန်ခြံမှာနေတယ်....အခုမေမြို့ပန်းနဲ့ခရမ်းချဉ်က တို့အပိုင်ပဲလေ....ပိုက်ဆံဝင်ရင်လောပန်နဲ့ခွဲစရာမလိုဘူး...အိမ်ဆိုတာလဲသူတို့အတွက်ပိုနေတာမို့လို့နေချင်သလောက်နေလို့ရတယ်...ဋ္ဌေးတို့ငြိမ်းတို့ကြီးလာတဲ့အခါအလုပ်လုပ်ပြီးစုကြရင်အိမ်တလုံးခြံတကွက်တော့ပိုင်ရမှာပေါ့....သိတဲ့အတိုင်းအဖေကအလုပ်မှစိတ်မဝင်စားတာကို...အမေပဲလုပ်နေရတာ...."
"ဒါဆိုဋ္ဌေးတို့ကြီးလာလို့အလုပ်လုပ်ပြီးမှအိမ်ပိုင်မှာပေါ့...ကိုဟိန်းနဲ့မသွေးနဲ့ကကော"
ပေါက်ပေါက်ရှာရှာ....စကားနှိုက်တတ်ပုံ။
"ရော်ကိုဟိန်းတို့မသွေးတို့က ခုလောလောဆယ်စားဖို့ နဲ့ဋ္ဌေးတို့နှစ်ယောက်ကိုကျောင်းထားပေးဖို့လုပ်နေကြတယ်လေကွာ...မပူပါနဲ့ ... ပိုင်မှာပေါ့...ကိုယ့်ကိုကိုယ်ဆင်းရဲတယ်ဆိုပြီးမတွေးရဘူး...လုပ်တိုင်းဖြစ်နေတဲ့ခေတ်ကြီးမှာကြိုးစားပြီးအလုပ်လုပ်နေဖို့ပဲအရေးကြီးတယ်"
"ဟုတ်တယ်နော်...တစ်နေ့တစ်နေ့ခြံထွက်တွေမစားပဲဈေးကဝယ်ပြီးစားနေရရင်လဲ တစ်နေ့ဆိုဈေးဖိုးက ငါးထောင်လောက်ထွက်မှာ"
"အင်းဆို...ဒါကြောင့်ကျန်းမာရေးအတွက်လဲကောင်းတဲ့အသီူးအရွက်တွေနေ့တိုင်းချက်နေရတာပ"
"ဟော...ဒါဖြင့်မနေ့ကပဲဝက်သားဝယ်ကျွေးမယ်လို့မသွေးပြောထားတာလေ...မစားရတော့ဘူးလားဟင်"
"ဟယ်ကွာ...စားရမှာပေါ့...ကဲကဲ...အဝတ်လျှော်မှာဖြင့်သွားလျှော်ထား"
"ဟုတ်ကတိနော်.."
"အယ်ဒိကလေးကတော့"
ပန်းကိုင်ထားတဲ့သွေးလက်သန်းကို အတင်းချိတ်ပြီး ထွက်ပြေးသွားတော့လေသည့်ဋ္ဌေးကျောပြင်အားကြည့်ရင်းသွေးပြုံးလိုက်သည်။
ဒီနေ့ နှင်းဆီတွေခူးရမှာများသည်။ဖောက်သည်ကလဲ ခြံထဲထိသုံးနာရီဆိုလာယူတော့မှာမို့မေမြို့ပန်းကိုခပ်မြန်မြန်လုပ်ပြီး နှင်းဆ်ိပြေးခူးပေးရဦးမည်။
အိမ်မှာနေပြီးအိမ်အလုပ်လုပ်နေရသောကြောင့်အပြင်ထွက်ပြီးလည်ပတ်ဖို့ဆိုတာသွေးအတွက်အချိန်မရှိသလောက်ကိုရှားပါးနေလေတော့သည်။ ညဆိုလဲ စစ်နဲ့ခဏပဲပြောရ။ စစ်ကလဲအရင်လိုပဲပြန်ချူ ချာနေရော။ အမြဲအားဆေးသွင်းနဲ့ မနေ့ကလဲ ဘာဖြစ်သည်မသိ။
" မ စစ်ဒီညနားဦးမယ်နော်မနက်ကျ စစ်ဖုန်းဆက်မယ်သိလား ခုတော့အကောင့်ဖျက်ဦးမယ်"
အဲ့စာပို့ပြီးအကောင့်ပျောက်သွားတော့တာပဲ။သွေးကလဲ ဘာကြောင့်ဆိုတာလဲမမေးမိ။
မနက်ဖုန်းဆက်လာတော့လဲခါတိုင်းလိုပဲ ပုံမှန်စကားပြောဖြစ်ကြသည်။ fbကနေစာမပို့တော့တာကလွဲရင်ပေါ့။
စစ်နဲ့သွေး ချစ်သူတွေဖြစ်နေကြပြီဆိုပေမယ့်တစ်ယောက်အကြောင်းတစ်ယောက်ဘာမှသိပ်ပြီးမေးမနေကြပါ။ တစ်ယောက်ကစိတ်လိုလက်ရပြောပြမှ တစ်ယောက်ကငြိမ်ပြီးလိုက်နားထောင်တတ်တာမျိုး။ အခက်အခဲရှိရင်လဲနည်းနည်းသာပြောပြပြီးပြေရာပြေကြောင်းစကားလွှဲတတ်ကြသေးတာ။
ဟော...
သံစဉ်ေလးတွေငြိမ့်ငြိမ့်လေးထွက်ပေါ်လာတာနဲ့ စစ်ဖုန်းခေါ်လာလေပြီ။ လက်မှာပေနေတဲ့ ပန်းမြစ်ကမြေကြီးတွေကိုဝတ်ထားတဲ့ထမီမှာ သုတ်ရင်းဖုန်းအပြေးအလွှားကိုင်ရသည်။
"စစ်..."
"ဟုတ်မ ... ဘာတွေလုပ်နေတုန်း..စစ်တော့ ခုမှကားဂိတ်ကပြန်ရောက်တာ"
"ခါတိုင်းလိုပဲပစ္စည်းသွားယူတာလား ..."
"မဟုတ်ဖူး မ ... ဧည့်သည်လာလို့သွားကြိုပြီးတည်းခိုခန်းချထားပေးခဲ့တာ"
"ဪ ဧည့်သည်လား....."
ဘယ်သူလဲလို့တော့သွေးသိချင်မိသား။ သို့သော်မမေးဖြစ်တော့။ စစ်ကပြောချင်ရင်စတည်းကပြောထားနှင့်မှာပေါ့။ ခုတော့မသိစေချင်လို့ပဲဖြစ်မည်။
"မ...သီတင်းကျွတ်တော့မယ်နော်...."
"အင်း...ဖိန်းနွဲနေ့လပြည့်လေ...ဘာဖြစ်လို့လဲလာမို့လား"
ဖုန်းထဲမှနေပြီး စစ်ရဲ့တိုးသက်သက်ရယ်သံလေးကြားလိုက်ရသည်။
"လာမယ်လေ..မကိုလာတောင်းတော့မယ်....မ စစ်တို့ချစ်သူဖြစ်တာ စက္ကန့်နဲ့တွက်ကြည့်ရင်အကြာကြီးရှိနေပြီနော်.စစ်တို့လူကြီးတွေကိုဖွင့်ပြောကြရင်ကောင်းမလား"
လူကြီးတွေကို.....ဆိုပြီးသွေးပါးစပ်ကရွရွလေး လိုက်ရွတ်ကြည့်မိသည်နှင့်တပြိုင်နက်ကြက်သီးမွှေးညှင်းတွေထောင်ထလာရတော့သည်။
မဖြစ်ဘူး....ဘယ်နည်းနဲ့မှမဖြစ်ချေ။မိန်းမချင်းကြိုက်နေတယ်ဆိုတာ အဖေသိရင်အိမ်ပေါ်ကဆင်းရမယ့်ကိန်း။ ပြီးတော့ လူတွေကော..ဘာပြောကြမလဲ။ မဖြစ်သေးချေ။
"ဟေး...မ...ဘာမှမပြောတော့ဘူးလား....ဘာလဲ...လန့်သွားတာလားဟင်"
သွေးဖက်က တုန့်ပြန်မှုမရှိလေတော့ စစ်ကထပ်ပြောလာပြန်သည်။
"မ....ကြောက်နေတာလားဟင်....မ မကြိုက်ရင်စစ်မပြောတော့ဘူးလေ...စစ်ကစတာပါနော်.....မကလေး....စိတ်မပူနဲ့နော်...မဖက်ကအဆင်ပြေမှဖွင့်ပြောကြမယ်လေ"
ဒီလိုတော့လဲ စစ်ကနားလည်ပေးတတ်ရှာသား။ ချစ်သူဖြစ်တဲ့တစ်လျှောက်စစ်ကတော့သွေးစိတ်ကောက်လဲသူချော့ .. သူစိတ်ကောက်လဲသူ့ဟာသူရှာကြံပြေနေရတာပင်။ ခုလဲသူ့စကားနဲ့သူပြန်ချေပနေရသည်။
"အဲ့လိုမဟုတ်ပါဘူး ဒါမဲ့ စစ်ကခုလိုကြီးချက်ချင်းလာပြောတော့ မကြောက်မိသွားတယ်....စစ်ကိုသာချစ်လို့လက်ခံခဲ့ရုံတင်....ကျန်တာတွေအတွက်မ ဘာမှမစဉ်းစားရသေးဘူး"
တစ်ဖက်ကစစ်တော့ဘယ်လိုနေမည်မသိ။သွေးစိတ်ထဲရှိရာကိုသာပြောချင်နေသည်။ တကယ်လဲစစ်ကိုချစ်လို့ချစ်တယ်ပြောခဲ့ရုံကလွဲပြီ အနာဂတ်အတွက်လက်တွဲဖို့ဆိုတာကို စိတ်ကူးလဲမယဉ်ခဲ့....ယဉ်လဲမယဉ်ရဲ....ဘဝတွေကခက်ခဲလှသည်လေ။
"စစ်...မကို စိတ်ဆိုးသွားတာလားဟင်"
စစ်ဖက်က ဘာမှပြန်မပြောလာသောကြောင့်မေးလိုက်ခြင်းပင်။
"ဒါ...စိတ်ဆိုးစရာမှ မဟုတ်ပဲ မ...ဖြစ်တတ်ပါတယ်...မကို စစ်က နားလည်ပြီးသား..မ မကြိုက်ရင်စစ်အဲ့လိုမပြောတော့ဘူးနော်.. . "
"မဟုတ်ဖူး...ပြောလို့ရတယ်...ခုကရုတ်တရက်မို့လို့...မလဲ စစ်ရဲ့လက်ကိုကိုင်ဆွဲပြီး ဒါ မရဲ့ချစ်သူလို့ ချပြချင်တာပေါ...ဒါပေမယ့်မတို့တွေမိန်းကလေးချင်းဖြစ်နေတယ်...စစ်ကတွေးမှာပေါ့...ချမပြရဲရင်ဘာလို့မိန်းမတယောက်ကိုကြိုက်နေလဲလို့...
မရဲ့ ရလာတဲ့ဘဝလေးမှာ ဘယ်အရာမှမပိုင်ရပေမယ့်ဘာတစ်ခုမှစိတ်တိုင်းမကျခဲ့ပေမဲ့ မ နှလုံးသားက တစ်သက်စာချစ်မြတ်နိုးမယ့်သူကိုတော့ မ သဘောကျရွေးချယ်ချင်တယ်...စစ်ဟာ မိန်းမတယောက်ဖြစ်နေခဲ့လို့ဆိုပြီး မ မရွေးခဲ့စဉ်ကလဲ တခြားဘာမှစိတ်မဝင်စားခဲ့ဘူး...မ တကယ်ချစ်တာ စစ်ကိုပဲလို့ဆုံးဖြတ်လိုက်မှအဲ့ဒီမိန်းမတစ်ယောက်ပါလားဆိုတဲ့အတွေးတွေဖျောက်ဖျက်ပစ်လိုက်တာ...မက မိန်းမတွေတိုင်းတော့မကြိုက်ပါဘူး...မ ချစ်ရသူ စစ်ကမိန်းမဖြစ်နေခဲ့ရုံကလွဲလို့ပေါ့..."
ပုံမှန်ဆိုသွေးစကားတွေနားထောင်ကောင်းအောင်...တစ်ခါတည်းပစ်ကြွေလောက်အောင်စကားပြောတတ်ပေမဲ့ ဒီတသ်ကြိမ်ပြောရတဲ့အခါမှတော့ အဆင်မပြေ။ ဘာတွေပြောနေမိမှန်းလဲမသိ...လိုရင်းလဲမရောက်။
"မ စစ်တစ်ခုမေးမယ်...မ စိတ်မဆိုးရဘူးနော်"
"စစ်ကမကိုစိတ်ဆိုးစေတဲ့စကားမပြောဘူးဆိုတာမ ယုံတယ်ပြောပါမေးပါ"
"စစ်နဲ့မတို့ အနာဂတ်မှာလက်တွဲရနိုင်လား...စစ်ကတော့ မနဲ့သာရင်ဘာမဆိုရင်ဆိုင်ရဲတယ်နော်....မလက်ကိုသာ တွဲထားရမယ်ဆိုရင်အိမ်ကိုလဲမကြောက်ဘူး.....စစ်က မ ဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးမှာ မကိုပဲချစ်မှာ မကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့စစ်ဘဝကိုရည်မှန်းချက်ကြီးကြီးနဲ့ဖြတ်ကျော်မယ်"
စစ်စကားကတော့သွေးရင်တွေကိုတဒိတ်ဒိတ်အခုန်မြန်အောင်လုပ်နိုင်စွမ်းရှိလှသည်။ အံ့သြစရာကောင်းလောက်အောင်ကောင်မလေးသေးသေးကသွေးကိုမတအားတွေချစ်နေပါရော့လား..
"မဖက်ကကော စစ်နဲ့ပတ်သက်ပြီး ဘယ်လိုတွေးထားလဲ"
"မဖက်က....အင်း...မကတော့ ခုလိုအခြေအနေမျိုးနဲ့တော့ စစ်ကိုချမပြရဲသေးဘူး မ လိုချင်တဲ့ဘဝရောက်မှစစ်ကိုချပြရဲမယ်"
"ဘယ်လိုမျိုးလဲ မ....မ ရဲ့ လိုချင်တဲ့ဘဝဆိုတာဘယ်လိုမျိုးလဲ"
"အခုလက်ရှိ မမှာဘဝအာမခံချက်မရှိသေးဘူး မ အလုပ်တစ်ခုလိုချင်တယ်ကွာ....မခြေထောက်ပေါ် မ ရပ်ချင်တယ်...မဘဝကိုမ ပိုင်ချင်တယ်...မ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်မှစစ်ကိုမ ဘဝထဲခေါ်သွင်းမယ်မ ပတ်ဝန်းကျင်မှာချပြမယ်...အဲ့ကျရင်မိဘတားလဲမ ကိုယ်ပိုင်ဘဝမို့လို့မကသတ္တိရှိနေမှာ...စစ်ကကော အဲ့အချိန်ထိ မကိုခုလိုချစ်ပေးနိုင်မလား"
"ဟာ...မရယ်...ဘယ်လိုပြောလိုက်တာလဲ...ချစ်တာပေါ့...စစ်ကမကိုအရမ်းချစ်တာပေါ့...စစ်ဆိုတာမကိုချစ်ဖို့အတွက်မွေးဖွားလာတာပဲဖြစ်စေရမယ်"
"ယုံပါတယ်...မလဲဘဝမှာချစ်ဖူးတာဆိုလို့စစ်ပဲရှိပါတယ်...မက ရည်းစားအများကြီးမထားချင်ဘူး...တစ်ယောက်တည်းကိုပဲယုံယုံကြည်ကြည်နဲ့သိပ်ချစ်ချင်တာ"
"ဟုတ်မ စစ်သိပါတယ်..စစ်ကသာမကိုပထမနေရာမပေးနိုင်ခဲ့ဘူး"
"စိတ်မကောင်းဖြစ်မနေနဲ့ မက စစ်ဆီအလာနောက်ကျခဲ့တာပါကွယ်....ပထမရည်းစားဦးမဟုတ်ပေမယ့်စစ်ရဲ့အချစ်ဦးကမပဲလေ....စစ်လုပ်ရမှာကမကိုယုံကြည်စွာနဲ့မ ရပ်တည်နိုင်မယ့်နေ့ကိုချစ်ပြီးစောင့်နေရုံပဲ သိလား"
"ဟုတ်ကဲ့ မ ... စစ်မကိုပဲချစ်ပြီးစောင့်နေပါမယ်..တကာ်ပြောရရင်စစ်ကမကိုတင့်တောင်တင့်တယ်ထားနိုင်တယ်မကိုလဲအလုပ်မလုပ်စေချင်ဘူး..မြို့ထဲမှာ အဖေပိုင်တဲ့အမွေဆိုင်ခြံကလေးရှ်တယ်အဲ့ဒါစစ်အတွက်အမေတို့လုပ်ထားပြီးသားလေ...မနဲ့လက်ထပ်ပြီးရင်အဲ့မှာအိမ်ကလေးဆောက်ပြီးနေကြမယ်...ဆံညှပ်ဆိုင်နဲ့မိတ်ကပ်ပြင်ဆိုင်တွဲဖွင့်မယ်...မ သိတဲ့အတိုင်းပဲ စစ်ကဝင်ငွေကောင်းကောင်းရှာတတ်တယ်မရဲ့..မကိုဘာမှမလုပ်စေပဲအလှကြည့်ထားပြီးစစ်ကချစ်မှာ"
"ဟုတ်ပါပြီ မက ခက်ခက်ခဲခဲယူထားရတဲ့ဘွဲ့ကလေးကိုအားနာသောအားဖြင့်အလုပ်လေးတစ်ခုတော့လုပ်ပါရစေနော်"
"အင်းပါ...တောင်ကြီးဖက်ကိုကျအောင်လျှောက်လေ ဒီဖက်ကျလာရင်မရဲ့ကိစ္စအကုန်စစ်ကတာဝန်ယူတယ်နော်"
"ဟုတ်ပါပြီလို့...ဖုန်းချတော့မယ်လေ...မ နှင်းဆီခူးရဦးမှာ ဒီနေ့များတယ်လားရှိုးကဖောက်သည်ကကားနဲ့ခြံထိလာယူမှာမို့"
"ဟုတ်ကဲ့ မ...စစ်ဒီရက်ပိုင်းလိုင်းမသုံးဖြစ်သေးဘူးနော်...ညတော့ဖုန်းဆက်မယ်ဟုတ်ပြီလား....
မလဲသိပ်မသုံးနဲ့နော်"
"အင်း.အင်း.စစ်မရှိရင်မကမသုံးဖြစ်ပါဘူး.စောအိပ်ရတာပေါ့...ချပြီခု"
ဖုန်းကိုချပြီး ပန်းကိုမြန်မြန်လုပ်လိုက်ရသည်။သွေးဆန္ဒကို ဦးစားပေးပြ်ိးနားလည်ပေးရှာတဲ့ စစ်ကြောင့်သွေးရဲ့အချစ်ရေးလဲအေးချမ်းသာယာနေရသည်မဟုတ်ပါလား။နောက်ကျမှရောက်လာပေးပေမယ့်အကောင်းဆုံးတွေပဲရခဲ့တာမိူ့လို့ကံတရားကိုပဲကျေးဇူးတင်လိုက်မိသည်။
....
"အမေ...စစ်ဒီနေ့အပြင်သွားမယ်နော်"
ခွင့်သာတောင်းရတာ...မနေ့ကလဲတစ်နေကုန်လုနီးပါး ထွက်လည်ထားသည်မို့ခွင့်မပေးချင်မှန်း အမေ့မျက်နှာကသိသာလှသည်။
"ဘာသွားလုပ်မှာလဲ...နန်းလဲစာလုပ်ချိန်ဆိုပြီးဆိုင်မလာတဲ့ဟာကို...ဆိုင်မှာဘယ်သူမှလဲမရှိ"
"အမေကလဲ...မကြီးတို့ရှိတယ်လေ...နန်းနဲ့စစ်ပဲလူလျော့တာကိုပြောနေတယ်....သူများဝန်ထမ်းတွေဆိုရင်သီတင်းကျွတ်ပိတ်ရက်တွေနဲ့ ဒီဇင်ဘာပိတ်ရက်တွေနဲ့သာယာနေလိုက်ကြတာ....စစ်တို့ဆိုင်ကပိတ်ရက်လဲမရှိ...နားတာတောင်တရက်စီအလှည့်ကျနားရတာ...စစ်ကျတော့ဘယ်ရက်မှနားရက်မရှိရဘူး"
ပြောနေရင်း ငိုသံပါပါလာတော့ အမေကမနေနိုင်တော့ပဲ
"ကဲ...သွားတော်မူပါတော်....တကတည်း အပြင်လေးသွားချင်တာနဲ့ပြောနေတာရစရာကိုမရှိတော့ဘူး...သွားသွား"
"စတည်းကခွင့်ပြုပါလားလို့...ခုမှသွားဆိုတော့"
"ဒါဖြင့်မသွားတော့ဘူးလား"
"သွားမှာပေါ့လို့...ဟမ့်"
နောက်နားဖက်မှအမေ့မေတ္တာပို့သံတွေကိုလျစ်လျူ ရှုကာ ဘွတ်ဖိနပ်ကမန်းကတန်းစွပ်ပြီး ထွက်လာရတော့သည်။ ကြာကြာနေရင်အမေကစိတ်ပြောင်းပြီး မသွားခိုင်းတော့ရင်ဆိုင်ပဲထိုင်ရတော့မည်လေ။
မနက်တည်းက မကိုဖုန်းဆက်ပြီးမ မအားဘူးဆိုတာကြောင့်အပြင်ထွက်ဖို့အရေးဖုန်းမဆက်ဖြစ်တော့။ messageလှမ်းပို့ပြီးတနေကုန်ဦးမှာပင်။
စစ်၏ဆိုင်ကယ်လေးက ပြင်ထားလို့လားမသိ။ ညင်သာစွာနဲ့စက်သံလဲမပြင်းတော့...အရင်လိုခေါင်းလဲခါရမ်းမနေတော့။ ခုရက်ပိုင်းနန်းဆိုင်ကယ်အမြဲစီးနေခဲ့တာကြောင့်စစ်ဆိုင်ကယ်ပြန်မောင်းရတဲ့အခိုက်နည်းနည်းတော့ကြောင်တောင်တောင်ဖြစ်နေသား။ အပြင်သိပ်မထွက်တော့တောင်ကြီးမြို့ရဲ့လမ်းတွေသာယာနေတာကိုလဲ မကြည့်အား။ မလိုအတွေးကောင်းကောင်းနဲ့ကဗျာဆန်တတ်သူအဖို့တော့ မိုးရွာထားစ မြူမှုန်လွှင့်ကျနေတဲ့ ကတ္တရာလမ်းမကျယ်ကြီးမှာလေအေးအေးအငွေ့အသက်ခံယူပြီး ဆိုင်ကယ်မောင်းရတဲ့အရသာကို ခံစားရင်းမအတွက်ကဗျာလေးစာလေးတော့ ထွက်လာဦးမှာအမှန်ပင်။
သီတင်းကျွတ်လပြည့်အဖိတ်နေ့ဆိုတော့
ရပ်ဝေးနယ်က ဇာတိမြေပြန်လာကြတဲ့သူတွေလား...မြို့တက်ပြီး ရပ်နီးရပ်ဝေးကဈေးဝယ်တက်လာတဲ့သူတွေပဲလားမသိ။ လိုင်းကားပေါ်မှာကော ကိုယ်ပိုင်ကားတွေကော ဆိုင်ကယ်တွေပေါ်မှာပါ အထုတ်ကြီးအထုတ်ငယ်ကိုယ်စီနဲ့။
မနက်ခင်းအချိန်ပေမယ့်လမ်းတွင်လူတွေကားတွေရှုပ်နေလေပြီ။ စစ်က ဆိုင်ကယ်မောင်းလှင်ဖြေးဖြေးမောင်းတတ်သူမဟုတ်။ အရှိန်ထိုးတင်ပြီး ဖရီးရိုက်စီးနေကျကိုက အရသာတစ်မျိုး။ စက်သံမဲ့မောင်းနှင်ရတာကိုသဘောကျသည်။ သို့သော်မကမှာထားသည်။ ဆိုင်ကယ်ဖြေးဖြေးမောင်း ပြီးရင်ဦးထုပ်ဆောင်းဖို့။မောင်းတာတော့ညင်သာသွားပေမယ့်ခေါင်းလေးစေမယ့်ဦးထုပ်ကိုမဆောင်းဖြစ်...ဆောင်းလဲမဆောင်းချင်ပါ။ ဒီအတွက်ကို မတောင်းဖြစ်ကြောင်းကိုလဲ မကိုညာလဲမညာ။ မရဲ့စိုးရိမ်ပူပန်မှုတွေနဲ့အတူဆူပူတာကိုပဲ သဘောကျမိနေတော့တာပင်။
အတွေးလေးနဲ့မောင်းလာလိုက်တာ ခုဆိုတည်းခိုခန်းရှေ့တစ်ခုရောက်နေပါပြီ။ဘောင်းဘီအိတ်ထဲကဖုန်းထုတ်ပြီးနံပတ်တစ်ခုကိုခေါ်လိုက်သည်။
"စစ်ရောက်နေပြီ...ထွက်ခဲ့တော့လေ"
တဖက်မှ ကိုင်သည်ဆိုရုံလေးရှိတုန်း စစ်လိုရာကိုပဲပြောလိုက်တော့သည်။ ခဏအကြာ တည်းခိုခန်းပင်မတံခါးပေါက်ကြီးမှ လူတစ်ယောက်ထွက်လာတော့သည်။ စစ်ကိုမြင်တော့ပြုံးရွှင်စွာလှေကားထစ်များကိုနင်းဖြတ်ရင်းပြေးဆင်းလာသည်။
"ဆောရီး....တံခါးသော့ပျောက်နေလို့ရှာနေရင်းနောက်ကျသွားတယ်"
"ရပါတယ်...စစ်လဲခုမှရောက်တာပါ"
"ခလေး အရင်ကထက်ပိုဝလာသလိုပဲနော်....ပိုပြီးတော့ချောလာတယ်"
"ကျေးဇူးပါ...ကိုကိုတော့ပိန်သွားတယ်...ဒီရက်ပိုင်းအဆင်ကောပြေရဲ့လား"
သူက ခလေး လို့ခေါ်တော့ စစ်လဲ ကိုကိုခေါ်လိုက်တာပါ။ သို့သော်အရင်လိုစိတ်မျိုးတော့မရှိလေ။
"မနက်စာ စားပြီလား"
"မစားရသေးဘူးလေ...ခလေးနဲ့မှအတူတူစားမယ်ပြောထားတာကို"
မနေ့ကပြောခဲ့သမျှ စစ်မေ့ထားခဲ့ပြီဖြစ်သည်။ ဟုတ်သားပဲ။ စစ်လာခေါ်မယ့်အချိန်ထိ မနက်စာမစားသေးပဲစောင့်နေမည်ဟုပြောခဲ့သည်မဟုတ်ပါလား။ သို့ပေသိ စစ်မေ့နေကြောင်းမသိစေလို။
"တက်လေ...တနေရာသွားကြတာပေါ့...စစ်လဲမစားရသေးဘူးမို့"
"အွန်း..."
အရင်တစ်ခါကလို ဆိုင်ကယ်ပေါ်တက်ပြီးမောင်းထွက်တဲ့အခါ စစ်ခါးလေးပေါ်သို့ သူ့လက်တွေရောက်မလာတော့။ လမ်းတစ်လျှောက်ဘာစကားမှမဆိုဖြစ်ကြပဲတိတ်ဆိတ်လျက်။ အရင်ခေါက်က စကားတွေပြောစရာမကုန်ခမ်းနိုင်အောင်ရွန်းရွန်းဝေပြောတတ်တဲ့သူတစ်ယောက်တော့အခု ငြိမ်ချက်သားကောင်းနေတော့သည်။ စစ်လဲဘာစကားစဆိုရမလဲမသိ။
"ဘာစားချင်လဲဟင်.."
"ရတယ်ဘာစားစားဖြစ်တယ်...အဆင်ပြေတဲ့ဆိုင်ကိုသာသွား"
သိတာပေါ့။ အမြဲတမ်းစစ်သဘောကိုပဲဦးစားပေးပြီး စစ်အကြိုက်လိုက်တတ်တဲ့သူက ခုလဲစစ်ဦးဆောင်ရာကိုလိုက်မှာပင်။ ဘာမှထပ်မမေးပဲ စစ်စားချင်နေတဲ့တို့ဟူးနွေးဆိုင်သို့သာမောင်းလိုက်သည်။
တိုဟူးနွေးကိုနှစ်ပွဲမှာပြီး သူ့အတွက်လဖက်ရည်ကြမ်းငှဲ့ပေးထားလိုက်သည်။
"ခလေး....ရည်းစားရှိနေပြီလား"
အဆင်အသွယ်ပြတ်နေပြီဆိုတော့ စစ်အကြောင်းတွေ မသိလောက်တော့။ ဖုန်းနံပတ်တွေမသုံးတော့တာတောင်လိုင်းပေါ်ကနေစစ်သူငယ်ချင်းတွေဆီကဖုန်းနံပတ်တောင်းပြီး မနည်းပြန်ဆက်သွယ်ထားရတာကိုး။ ရမယ့်ရတော့လဲတောင်ကြီးရောက်လာကာကျမှတဲ့လေ။
"ဟုတ်...စစ်ချစ်ရသူရှိနေပြီ...ကိုကိုကော"
"ကိုယ်လား....ခလေးမရှိတဲ့နောက်ပိုင်းတစ်ယောက်တည်းပါပဲ...အထီးကျန်တယ်လို့ထင်ရတဲ့နေ့ရက်တိုင်းမှာ အလုပ်ပဲကြိုးစားဖြစ်တယ်...."
"ကောင်းတာပေါ့....ကိုကို အဆင်ပြေနေတာမြင်တော့ စစ်လဲစိတ်ချမ်းသာရပါတယ်"
"နှလုံးသားရေးတော့ကံမကောင်းပေမယ့်မိသားစုအတွက်တော့တော်တော့်ကိုအဆင်ပြေခဲ့ပါတယ်...အဓိကကတော့ငွေရေးကြေးရေးပေါ့"
ဟုတ်သည်။ သူ့ပုံစံကငွေရေးကြေးရေးအဆင်ပြေနေပုံပါပဲ။တွေ့မြင်နေကျ မျက်နှာပြည့်ပြည့်ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာ့ကောင်လေးတစ်ယောက်ပုံစံတော့ မရှိတော့ပြီ။ ဆံပင်အချို့တောင်ရှည်လာလို့ပဲဂုတ်ထောက်နေပြီ။ သပ်သပ်ရပ်ရပ်နေတတ်တဲ့ သူ့အဝတ်အစားတွေက အခုတော့ဖြစ်ကတတ်ဆန်းပုံစံ။မျှော်လင့်ချက်တွေနဲ့အရောင်တောက်နေတတ်တဲ့ သူ့မျက်ဝန်းလေးတွေကငေးရီနေပြီ။
"ငွေကြေးအဆင်ပြေရင်မိသားစုကပြေလည်ပြီးသားပါနော့...ဒါနဲ့တောင်ကြီးလာတာက...."
စစ်မေးခွန်းလေးတဝက်တပျက်ရပ်လိုက်သည်။တော်နေကြာ သူ့ကိုဧည့်ခံရလို့စိတ်အနှောက်အယှက်ဖြစ်သွားတယ်ထင်မှာလဲစိုးရသေးတာကိုး။
"ခလေးကို သတိရတာနဲ့ အလုပ်ပိတ်ရက်လဲကြုံတာနဲ့ အိမ်မှာလဲမနားချင်တာနဲ့ဒီကိုပဲလာဖြစ်တာ .... ခလေးနဲ့ပထမတစ်ခေါက်လည်ပြီးတောင်ကြီးမြို့ကိုသဘောကျသွားတာပဲ...ထပ်ကာထပ်ကာလာလည်ချင်နေတာ"
"အဲ့ဒါတော့မှန်တယ်....တောင်ကြီးကို တစ်ခေါက်ရောက်ဖူးသူတိုင်းနောက်ထပ်နောက်ထပ်တွေ ပြန်လာချင်နေတတ်ကြတယ်တဲ့....ပြောရရင်တစ်ခုခုကစွဲဆောင်နေတာဖြစ်မယ်...လာပြီးရင်းလာချင်နေအောင်လေ"
(ဒါပေါ့...မြူတောင်သုံးခေါက်ရှိပြီ....၂၀၁၄တစ်ခါ...၂၀၁၈တစ်ခါ ...၂၀၁၉ တစ်ခါ...
ဘယ်အချိန်ပဲသွားသွား...ရင်ခုန်သံတွေဆန်းသစ်တုန်း...ဘယ်တော့မှကိုမရိုးဘူး....လည်စရာကိုမကုန်နိုင်ဘူး)
စစ်ပြောတာမှန်သည်။ မဆိုလဲကြည့်။ သူမရောက်ဖူးခင်တည်းကတောင်ကြီးမြို့ဆိုတာကြီးကိုရောက်ဖူးချင်လွန်းလို့လည်နိုင်ဖို့မကြာခဏစိတ်ကူးယဉ်ဖူးခဲ့သည်တဲ့။ရောက်လာပြီးတော့လဲ ထပ်ကာထပ်ကာရောက်လာချင်သေးသည်တဲ့။ စစ်အပြောကို သူကထောက်ခံသည်။
"အမှန်ပေါ့...အမည်နဲ့လိုက်ဖက်အောင်ပေးတတ်တာလေးလဲသဘောကျတယ်....မြို့အဝင်ဝတည်းက ထင်းရှူးပင်တောင်ဘယ်ဆီနေလဲမသိသေး....ထင်းရှူးမြို့တော်ချယ်ရီမြို့တော်ရောက်နေပြီဆိုတဲ့အသိနဲ့တင်နှာခေါင်းဝမှာထင်းရှူးနံ့တွေချယ်ရီနံ့တွေသင်းပျံ့ကုန်တော့တာပါပဲ"
စကားပြောနေတုန်း စားစရာလာချတော့ စကားစပြတ်သွားသည်။ စစ်ကတူတံလေးယူပေးပြီး
"တူသုံးတတ်တယ်မလား....တို့ဟူးကိုလေတူနဲ့စားတတ်တယ်မလား...ဒီဆိုင်ကသိပ်ကောင်းတာ...တောင်ကြီးလာတုန်းတို့ဟူးနွေးစားလိုက်ရမှနေသာထိုင်သာရှိကြတာတဲ့....တို့ဟူးနွေးကတောင်ကြီးရဲ့အရိပ်လဲဟုတ်တယ်တဲ့....ထင်းရှူးတိူ့ချယ်ရီတို့လိုပေါ့"
"ဇွန်းနဲ့ပဲ စားတော့မယ်...ပျော့ကပ်နေတာကိုတော့တူနဲ့ကျွမ်းအောင်မကော်တတ်ဘူးလေ...ခလေးပြောမှပဲအိမ်ကိုတောင်ပါဆယ်ဆွဲရကိန်း"
"ဆွဲလို့ရရင်ဆွဲသွားလိုက်ပေါ့ရှင်"
အတူ ရယ်မောဖြစ်ကြသည်။ တစ်ချိန်က ရည်းစားဟောင်းဆိုတဲ့ သံယောဇဉ်နဲ့မို့ အစိမ်းသက်သက်ကြီးလဲဖြစ်မနေကြ။ ချစ်သူတွေရယ်လို့ ဖြစ်ခဲ့ကြတုန်းကလဲ နှစ်ဦးနှစ်ဖက်စလုံးသူစိမ်းသက်သက်ပေမယ့်ကြင်နာဖူးကြသည်၊ အပြန်အလှန်ဂရုစိုက်ဖူးကြသည်၊ တစ်ယောက်ငိုရင်တစ်ယောက်ကလိုက်ငိုသည်အထိ ရင်ဘတ်ချင်းဖလှယ်ခဲ့ဖူးသည်။
အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြတာမို့လဲ နှစ်ဦးကြားအမှားလဲမရှိ....အမုန်းလဲမရှိ။ နည်းနည်းလေးတွေ့စတော့ကြောင်ခဲ့ပေမယ့်အခုချိန်တော့မိတ်ဆွေရင်းပမာ...သူငယ်ချင်းပမာ ။
ကိုယ့်ဆီသို့ တမင်သက်သက်လာလည်တာဆိုတော့ ကိုယ်သည်လည်းပဲ ဧည့်ဝတ်ကျေရမည်လေ။ သူလာလည်ဖြစ်တဲ့အကြောင်း....သူနဲ့အချိန်ပေးဖြစ်နေတဲ့အကြောင်းတော့ မကိုမပြောပြဖြစ်။
မပြောပြဖြစ်ပေမယ့်လဲ ကိစ္စမရှိ။ မက အဲ့လိုလိုက်ပြီးသဝန်တိုသဝန်ကြောင်တတ်သူလဲ မဟုတ်တာလေ။ စစ်ဘာလုပ်လုပ်မကအပြစ်မမြင်တတ်။ မ ဂရုတစိုက်အထူးတလည်ပြောပြီးစိတ်ပူတတ်တာ ဆုံးမတတ်တာဆို၍ စစ်ရဲ့ကျန်းမာရေးတစ်ခုတည်းတင်သာရှိသည်။
"ခလေး တစ်သျှူးစလေးကိုင်ပြီး ဘာတွေတွေးပြုံးနေတာလဲ"
ရုတ်တရက်သူ့ရှေ့မှာပင်မအကြောင်းတွေးပြီး ပြုံးမိသွားတဲ့အဖြစ်မို့လို့ သူ့ကိုပင်အားနာသွားရသည်။
"ဘာရယ်မဟုတ်ပါဘူး...ဒီအတိုင်းပဲ...ဒါနဲ့ စားကောင်းရဲ့လား"
မေးလဲမေးရင်း သူ့ပန်းကန်ထဲသို့ ကြည့်လိုက်တော့ပြောင်သလင်းခါလို့နေသည်။
"စားကောင်းတယ်...တကယ်စားလို့ကောင်းတယ်....ဒီလိုအစားအစာစားရဖို့...စားခွင့်ရဖို့ ဒီလိုဆိုင်လေးကိုလိုက်ပို့ပေးတဲ့ခလေးကိုကျေးဇူးတင်တယ်...တကယ်"
"ဟော....မလိုပါဘူးနော်...စားကောင်းတယ်ဆိုတာနဲ့တင်ကျေနပ်နေပြီ"
"ဟုတ်ပါပြီ ဒီမနက်စာလေးတော့ ကိုယ်ကျွေးပါရစေနော်"
"မလုပ်ပါနဲ့ရှင်...စစ်ပဲကျွေးမှာပါ....ကျေးဇူးတင်တယ်ဆိုရင်နောက်တစ်ကြိမ်ကျွေးတဲ့အခါအခုလိုပဲကုန်အောင်စားပေးပေါ့...နော့"
ပြောဆိုပြီး စစ်ကိုယ်တိုင်ပဲ ထပြီး ပိုက်ဆံသွားရှင်းနေစဉ်စားပွဲပေါ်တင်ခဲ့တဲ့ စစ်ရဲ့ဖုန်းမီးလင်းလာသည်။
❤Ma❤ ဆိုတဲ့ အမည်ပေါ်နေတဲ့အပြင်ပါးချိုင့်တစ်ဖက်မျက်ဝန်းနက်နက်နဲ့ကောင်မလေးပုံကြောင့်သူ မျက်ခုံးတွန့်ချိုးသွားသည်။
ကိုကို့ကိုကျကောင်မလေးမို့လို့ဆိုပြီးလမ်းခွဲလိုက်တဲ့ ခလေးက ခုနောက်ထပ်ချစ်ရသူကျတော့ မိန်းကလေးစစ်စစ်တဲ့လား။ အိမ်ကကော မိန်းကလေးချင်းသဘောတူသွားပြီတဲ့လား။
ပိုက်ဆံရှင်းပြီး စစ်ပြန်လာပြီးဖုန်းကိုဖွင့်ပင်မကြည့်တော့ပဲ အိတ်ထဲတန်းထည့်ကာ
"ဒီနေ့ ဘယ်သွားချင်လဲ ပို့ပေးမယ်စိတ်တိုင်းကျ"
"မွေတော်ကက္ကူ သွားမယ်လေ...အဆင်ပြေမလား"
"ပြေတာပေါ့ လာ...သွားကြမယ်"
ရှေ့ကနေပေါ့ပေါ့ပါးပါးထွက်သွားသော စစ်အားကြည့်ပြီး လမ်းခွဲလက်လွှတ်လိုက်ခြင်းအား နှမြောနေမိပြန်သလို။
ဒီလောက်ချစ်စရာကောင်းတဲ့ ခလေးလေးကိုမှပိုင်ဆိုင်ခဲ့ပြီး ပြန်လွှတ်ပေးရခြင်းကိုပဲ သူ့ဘဝမှာနောင်တအကြီးအကျယ်ရခဲ့သည်မဟုတ်ပါလား။
.....
အိမ်ပြန်ရောက်တာ မိုးနည်းနည်းချုပ်တော့ အမေကသိပ်မကြည်။ရောက်လာတာကိုပဲ ကံကောင်းတယ်ဆိုရမည်။ရောက်ရောက်ပြီးချင်းကို မိုးကသည်းကြီးမည်းကြီးရွာချလာတော့ အိမ်ကညီအစ်ကိုနှစ်ယောက်ထွန်းညှိထာစတဲ့ ဝင်းတံခါးဆီမှ ဖယောင်းတိုင်မီးလေးတွေဖြုတ်ခနဲမီးသေကုန်ကြပြီ။
အမေ့ရဲ့မနှစ်မြို့ဖွယ်အကြည့်ကိုရှောင်ဖယ်ရင်းအပေါ်ထပ်ပြေးတက်လာလိုက်သည်။ ညစာစားဖို့ မကြီးခေါ်တာကိုလဲမကြားသယောင်ပြုခဲ့လိုက်သည်။
မဟုတ်ရင်အမေနဲ့တန်းတိုးဦးမှာ။
ဆူခံရဦးမှာ။လောလောဆယ်အမေအပေါ်တက်မလာခင်စစ်အိပ်ပျော်နေဖို့လိုသည်။
ထို့ကြောင့်အခန်းထဲရောက်တာနဲ့ အဝတ်အစားအမြန်လဲလှယ်ပြီးစောင်ထဲဝင်တော့သည်။
မ ရှိမလားဆိုပြီး လိုင်းဖွင့်မိတော့ viber မှာ မ စာတစ်ချို့နဲ့ပုံပို့ထားသည်။
မရဲ့ အရိပ်အောက်မှာနေပါ
စစ်ကိုချစ်ပြီးဂရုစိုက်ပေးမှာမို့လို့ မကိုတန်ဖိုးထားပေးပါ
စတဲ့ စာသားနဲ့အတူ
T ဆိုတဲ့ စာလုံးအောက်မှာ s ဆိုတဲ့စာလုံးအသေးလေးကို ဖယောင်းတိုင်မီးတွေနဲ့အလှဆင်ရေးထိုးထားသည်။ ပြီးတော့နောက်တစ်ပုံက
မရဲ့လက်တစ်ဖက်ဖြင့်အသဲတစ်ခြမ်းပုံစံဖြင့်ဖယောင်းတိုင်မီးတွေကိုနောက်ခံထားကာ
မရဲ့ အသဲတစ်ခြမ်းကို စစ်အတွက်ပေးတယ်နော်
စစ်ဆီကအသဲတစ်ခြမ်းလဲမအတွက်ပြန်ပေးပါ
အသဲတစ်စုံပါမှ အသက်ရှင်ရတဲ့လူသားတွေအတွက်အသဲတစ်ခြမ်းပဲပါလာခဲ့တဲ့ မကိုစစ်ရဲ့အသဲတစ်ခြမ်းနဲ့ အသက်ဆက်ပေးပါ
ဝိုး.......ဒါလေးတွေနဲ့တင်လဲ စစ်တစ်ယောက်ပစ်ကြွေနေပါပြီ။
မရဲ့စိတ်ကူးလေးကအမြဲတမ်းဆန်းကြယ်လွန်းသည်။ သူများနဲ့ကိုမတူ တမူထူးခြားနေတော့သည်။
သိူ့သော်မအသဲတစ်ခြမ်းဆက်ပေးဖို့စစ်ဖက်ကအဆင်မပြေလှချေ။
မကတော့စောအိပ်ပြီဆိုပြီး လိုင်းနဲ့အတူဖုန်းပါ ပါဝါချသွားလေပြီ။
ထို့ကြောင့်
စစ်မရဲ့အသဲတစ်ခြမ်းကိုဆက်ပေးမယ်နော်....ဒီညတော့အဆင်မပြေလို့ မနက်ဖြန်ညတကယ်ဆက်ပေးမယ်...စစ်ကတိပေးတယ်နော်
ရာသက်ပန်မရဲ့အရိပ်ပဲစစ်ကခိုဝင်မှာပါ
အရမ်းချစ်တယ်မ
....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့