31

625 37 0
                                    


..
အချိန်​အကြာကြီး။​ကောင်းတဲ့ခံစားချက်​တွေနဲ့မဟုတ်​တဲ့အပြင်​နာကျင်​ရတဲ့နှလုံးသားနဲ့ဖြတ်​သန်းခဲ့ရတဲ့ အချိန်​တွေမှ တကယ့်​ကိုအကြာကြီးဖြစ်​ခဲ့သည်​လေ။ သူမနည်းတူ သည်​က​လေးမ​လေးလဲပိုပြီးမခံစားခဲ့ရ​တောင်​မှ​လျော့​တော့မ​လျော့နိုင်​။
ခုလို ထမင်းလက်​ဆုံစားပြီး ကြင်​ကြင်​နာနာနှစ်​ယောက်​တည်းရှိခွင့်​ရဦးမယ်​လို့ စိတ်​ကူး​တောင်​မယဉ်​ဖူးခဲ့ပါ။ စစ်​ကို ဒီ​လောက်​ထိ ခွင့်​လွှတ်​နားလည်​ပေးနိုင်​လိမ့်​မယ်​လို့လည်း မ​မျှော်​လင့်​ခဲ့။ စစ်​ရဲ့​ပေးဆပ်​နိုင်​ခြင်းကား​တကယ့်​ကိုအံ့မခန်း။
ခုလဲစားပြီးသားပန်းကန်​တွေကို သူ့ဟာသူသွား​ဆေး​နေသည်​။​နွေး​ထွေး​စေတတ်​သော သစ်​လုံးအိမ်​လေးက ဒီဇင်​ဘာ​ဆောင်းညကို​တော့ အံမတုနိုင်​ပေ။ ထို့​ကြောင့်​ည​နေ​စောင်းမှ​ရေချိုးမိ​သော​သွေးအား ချမ်း​နေမည်​စိုး၍​စောင်​ပါး​လေးတစ်​ထည်​ကိုက​လေးအနှီးထုပ်​သလို လက်​နှစ်​ဖက်​သာ​ဖော်​၍ စစ်​ကထုပ်​ပေးထား​လေသည်​။ ထို့ကြောင့်​ဘယ်​မှသွားမရဖြစ်​လို့​နေသည်​။
စစ်​ပန်းကန်​ဆေးတဲ့​နေရာထိကို လိုက်​သွားချင်​နေတာ။
အရွယ်​နှင့်​မလိုက်​အောင်​ရင့်​ကျက်​တည်​ငြိမ်​နေ​သော ဒီက​လေးမအနားကကို မခွာရက်​နိုင်​တော့တာ။
"စစ်​ရေ...မပြီး​သေးဘူးလား"
"ပြီးပြီ...မ...ဘာလို​သေးလဲဟင်​"
​မေး​နေတာကို ချက်​ချင်းပြန်​ဖြေတတ်​တာ​လေးကလဲ ချစ်​စရာ။
"မြန်​မြန်​လာပါ​တော့....ပျင်း​နေပြီ"
"ဟုတ်​...လာပြီ"
​ရေစို​နေ​သော လက်​ကို လက်​သုတ်​ပုဝါနဲ့သုတ်​ပြီး​သွေး​ဘေးနား​လေးလာထိုင်​သည်​။
"Tv ကြည့်​မလား...မ"
"သီချင်းနား​ထောင်​ချင်​တယ်​....ဘာ​ခွေရှိလဲ"
"​ခွေနဲ့နား​ထောင်​ချင်​တာလား...စစ်​မှာ​မောင်​ချိုသီချင်း​တွေပဲ ရှိတာ​ကော....မ ကြိုက်​ပါ့မလား"
အရင်​တုန်းက စစ်​ပေးပို့ဖူးပါသည့်​ချမ်း​မြေ့​မောင်​ချိုသီချင်း​တွေကို နား​ထောင်​ဖူးပါသည်​။ အသံကိုမကြိုက်​သော​ကြောင့်​
"ဒါဖြင့်​လဲ ဇာတ်​ကားပဲကြည့်​မယ်​...ဘာကားပဲဖြစ်​ဖြစ်​"
"ဟုတ်​...မ...လက်​ကြီးအပြင်​ကိုစွတ်​ထုတ်​မ​နေနဲ့​အေးပါတယ်​ဆို"
စကား​ပြောရင်​လက်​ဟန်​ခြေဟန်​ပါ​အောင်​ပြောတတ်​တဲ့​သွေးတစ်​ယောက်​စစ်​နဲ့​တွေ့မှ စက်​ရုပ်​ဖြစ်​တော့သည်​။
Tv မှာလာ​နေ​သော ထိုင်းကားကိုစိတ်​မဝင်​စားမိပဲ စစ်​ကိုပဲ ကြည့်​နေမိသည်​။ ဒီက​လေးမကို မျက်​စိ​အောက်​ကအ​ပျောက်​မခံနိုင်​အောင်​ချစ်​မိပါသည်​။ ထပ်​ပြီးမနာကျင်​စေဖို့​သွေးကပဲကြင်​နာရမည်​မဟုတ်​ပါလား။
"မ.....မျက်​လုံးလဲကျွတ်​ကျ​တော့မယ်​နော်​....ဇာတ်​ကားကိုမကြည့်​ပဲ ဘာလို့စစ်​ပဲကြည့်​နေတာလဲ"
"စစ်​ကလဲ...ထိုင်းစကားသံ​တွေက နားထဲကိုးလိုးကန့်​လန့်​ကြီးဝင်​လာ​နေလို့ပါ....အဲ့ထဲကမင်းသမီး​တွေကစစ်​လောက်​စိတ်​ဝင်​စားဖို့မ​ကောင်းဘူး"
"ဘုရား​ရေ...ဘယ်​တုန်းကများ မက ဒီလို​တွေ​ခြွေတတ်​သွားပါလိမ့်​...ဒါနဲ့ မ...​ဘာ​သောက်​ချင်​လဲ"
"ဘာမှမ​သောက်​ချင်​ဘူး လှဲချင်​တယ်​"
"လွဲ​လေ....မ."
​စောင်​ပတ်​ထားတာကို​ဖြည်​ချပြီး စစ်​ပေါင်​ပေါ်ခေါင်းတင်​လိုက်​သည်​။
"စစ်​လဲခြုံ​နော်​....ဒီဖက်​က​မြောက်​ပိုင်းထက်​တောင်​ပို​အေး​နေသလားလို့"
"​တောင်​ပေါ်ပိုင်းမို့ဖြစ်​မယ်​...မရဲ့..​ခြေ​ထောက်​ဆန့်​မထားနဲ့ အ​နွေးထည်​ဝတ်​ဆိုကျ မဝတ်​ချင်​ဘူး"
"အ​နွေးထည်​နဲ့ဝတ်​မအိပ်​တတ်​လို့ပါ...အသက်​ရှူ ကျပ်​လို့"
"​ပြောလိုက်​ရင်​လဲဆင်​ခြေ​တွေကအပြည့်​.."
လူကြီးတစ်​ယောက်​လို​နေရာတကာလိုက်​ပြောရင်း​စောင်​အတူခြုံသည်​။ မိုးအုပ်​နေတဲ့စစ်​ရဲ့မျက်​နှာကို​မော်​ကြည့်​ရတာလဲ​သွေးအတွက်​နိ​ဗ္ဗာန်​ဖြစ်​လို့​နေတာပါပဲ။
​နွေး​နေတဲ့စစ်​လက်​ချောင်း​လေး​တွေကို​ဆော့ကစားရင်း
"ညတိုင်းစစ်​တစ်​ယောက်​တည်းလား"
"ညတိုင်းမအိပ်​ပါဘူးတစ်​ခါတ​လေမှပါ...အိမ်​ပြန်​အိပ်​တာ"
"ဪ...မ အိပ်​ချင်​ပြီ...ပို​အေးလာပြီ.."
"ဒါဖြင့်​အ​ပေါ်သွားမယ်​လေ....စစ်​လဲ​အေး​နေတာကြာပြီ....မ..ကြည့်​ချင်​နေမလားလို့ဇာတ်​ကားကို"
Tv ခလုတ်​လေးထပိတ်​ပြီး​ပြော​တော့​သွေးရီလိုက်​သည်​။ တကယ်​ကြည့်​ချင်​တာက ဇာတ်​ကားမှမဟုတ်​တာကို။
"လာ...မ...​အောက်​ထပ်​မီးပိတ်​ခဲ့​တော့မယ်​နော်​...​လှေကားက​သေး​တော့အတက်​အဆင်းက တက်​နေကျမဟုတ်​ရင်​ခက်​မှာ​ရေအိမ်​ဝင်​ချင်​ဝင်​လိုက်​"
"မဝင်​တော့ဘူး​လေ...တက်​တတ်​ပါတယ်​...အိမ်​မှာလဲတက်​နေကျကို"
​စောင်​ကြီးတ​ပွေ့တပိုက်​နဲ့​လှေကားကို​လေးဖက်​ကုန်းပြီးတက်​လိုက်​သည်​။ စစ်​က​တော့​နောက်​က​နေသ​ဘောကျစွာ ရီ​နေ​လေရဲ့။ အိပ်​ယာထဲ​ရောက်​တော့မီးလုံးဝါဝါ​လေးက တခန်းလုံးကိုမှိန်​ဖျော့​ဖျော့​လေးအလင်း​ပေး​နေသည်​။ စာအုပ်​တွေထဲမှာ လိုင်း​ပေါ်​တွေမှာသာဒီလိုအိမ်​မျိုး​တွေမြင်​ဖူးခဲ့တာ။ ခုလိုတကယ်​အပြင်​မှာရှိပြီး​ခြေချခွင့်​ရှိလာ​တော့စိတ်​ကအလိုလို​ပျော်​နေမိသည်​။
မှန်​ပြတင်းမှ လိုက်​ကာစအဖြူ​လေးအားဆွဲဖွင့်​လိုက်​သည်​။​တောင်​ပေါ်က​နေမြင်​နေရတဲ့​တောင်​ကြီးမြို့ရဲ့ညအလှအား သ​ဘောကျစွာခံစား​နေမိသည်​။ ည​တောင်​ငွေနှင်းမြူ​တွေရစ်​သိုင်းလို့။ မီး​ရောင်​စုံတို့က​ဝေဟင်​ကကြယ်​လေး​တွေ​မြေပြင်​မှာခစား​နေသည့်​အလား။
စစ်​က​သွေး​နောက်​ကျောဖက်​က​နေ လာရပ်​ပြီး​နောက်​က​နေ ဖက်​လာသည်​။
"မ သ​ဘောကျလို့လား"
စကား​သံက​အေး​အေး​လေ​နွေး​နွေးက​သွေးနားသယ်​စပ်​မှာပျံဝဲ​နေသည်​။ အသည်း​အေးပါဘိ။
"အင်း...စာအုပ်​တွေမှာပဲမြင်​ဖူးခဲ့တာ...တကယ်​သ​ဘောကျတယ်​ချစ်​စရာ​လေး"
"ဒါဖြင့်​စစ်​နဲ့တသက်​လုံးလာ​နေ​လေ...ဒါကိုမနဲ့အတူ​နေတဲ့အခါဆိုပြီး​ဆောက်​ထားတဲ့ဟာကို"
​သွေးဖက်​က လူ့ကျင့်​ဝတ်​ပျက်​ပြားခဲ့​တာ​တောင်​ဒီက​လေးမက​သွေးနဲ့ဆိုပြီး​တောင်​စိတ်​ကူးကိုအ​ကောင်​အထည်​ဖော်​ပစ်​ခဲ့​သေးသည်​။ ဒီက​လေးကိုမှမချစ်​ရင်​ဘယ်​သူ့ချစ်​ရပါမည်​နည်း။
"​ကျေးဇူးတင်​ပါတယ်​စစ်​...မအ​ပေါ်အဆုံးမဲ့ခွင့်​လွှတ်​နားလည်​ပေးခဲ့လို့"
"လိုလို့လား..မရဲ့...စစ်​တောင်​မကိုပိုပြီး​ကျေးဇူးတင်​သေးတာ....စစ်​ဆီကိုလာပြီး အချစ်​လာခံ​ပေးတာမို့လို့"
​ပြောကို​ပြောတတ်​ပါ​ပေ့။ ဒီလိုကြည်​နူးချမ်း​မြေ့​နေချိန်​လေးတင်​ပဲအချိန်​တွေကို ရပ်​တန့်​ပစ်​လိုက်​ချင်​သည်​။
"မ ... ကုတင်​ပေါ်သွားနား​တော့​လေ...စစ်​ပြတင်းခဏဖွင့်​မလို့"
စစ်​လက်​ထဲက ရုန်းထွက်​လိုက်​ပြီး မျက်​နှာချင်းဆိုင်​ရပ်​ကာ
"ဟင်​...ဘာလုပ်​မလို့လဲ...အတူတူသွားမယ်​လေ...​အေးက​အေးနဲ့ကို"
စစ်​က​သွေးစကား​ကြောင့်​သူ့ဆံပင်​ကိုတစ်​ချက်​သပ်​လိုက်​ပြီး​နောက်​
"ဟို​လေ...စစ်​...ထမင်းလည်းစားပြီးပြီဆို​တော့​ဆေးလိပ်​သောက်​ချင်​လို့"
"အမ်​...​ဆေးလိပ်​တွေ​သောက်​နေတာလား"
"ဟုတ်​...မ...ဒီအိမ်​မှာအိပ်​တဲ့ည​တွေဆို ညတိုင်းလိုလို​သောက်​ဖြစ်​တယ်​...."
"ဘာလို့​သောက်​ရတာလဲကွယ်​...​ကောင်းတာလဲမဟုတ်​ပဲနဲ့ကို"
"မ​ကောင်းမှန်း​တော့သိပါတယ်​..မရဲ့...ဒါ​ပေမယ့်​တစ်​ယောက်​တည်းကျပျင်း​နေတယ်​လေ...ခုလိုည​တွေဆို ပြတင်း​ပေါက်​ဖွင့်​ပြီး​အ​အေးဒဏ်​ခံရင်း​ဆေးလိပ်​ဖွာတာကိုပိုကြိုက်​သွားတာ..."
"ခုကဘယ်​လို​တောင်​သောက်​ချင်​နေတာလဲ"
"တစ်​ခုခုလို​နေသလိုပဲ...ခံတွင်းချဉ်​နေတယ်​....​ဆေးလိပ်​ဖွာလိုက်​ရရင်​ကောင်းမယ်​လို့​ပေါ့...ပါးစပ်​မှာတစ်​ခုခုလိုအပ်​နေတယ်​လေ"-
ရှက်​ရဲရဲနှင့်​ခေါင်းငုံ့ပြီး​ပြော​နေတဲ့ စစ်​အားချစ်​မဝ​တွေကိုဖြစ်​လို့လာရကား​အေး​နေတဲ့စစ်​လက်​အစုံကို ဆုပ်​ကိုင်​ကာဖြင့်​
"စစ်​..."
"ရှင်​..မ"
"မ တစ်​ယောက်​လုံးရှိ​နေတာကို အခု​ဆေးလိပ်​သောက်​ဖို့လို​သေးလို့လားဟင်​...မက ဒီအချိန်​မှာ မဟုတ်​ဖူး အမြဲတမ်းအတွက်​စစ်​သောက်​ချင်​နေတဲ့​ဆေးလိပ်​နေရာ​လေးဖြစ်​လို့ရမလား"
"ဟာ​နော်​...မရယ်​..ဘယ်လို​တောင်​ခြွေရက်​နိုင်​သူကြီးလဲ"
သူ့ဆီကအနမ်း​လေးရဖို့ကိုပဲ စကား​တွေတတ်​သမျှ​ခြွေချပစ်​ရ​တော့တာ​ပေါ့ကွယ်​။ ဒါ​တောင်​သူက​လေးကရှက်​နေ​သေးတာ။ မထိရဲထိရဲနဲ့ထိလာတဲ့ သူ့နှုတ်​ခမ်း​တွေက​သွေးနဖူးပြင်​အနှံ့မှာ ဖြာကျ​နေ​လေပြီ။
ဆို​တော့ကာ....
ဒီညကစပြီး အိမ်​မက်​ဆိုးကလန့်​နိုးနိုင်​တော့မည်​ထင်​ပါရဲ့ကွယ်​။
....
"စစ်​နဲ့ မ ဟာ မသက်​ဆိုင်​တော့ဘူး....ဒီ​တော့မလဲ မ သွားလိုရာသွား​စေ​တော့...စစ်​လဲပဲ...."
မဟုတ်​ဖူး...စစ်​...စစ်​ဘယ်​မှသွားလို့မရဘူး...မကိုထားခဲ့လို့မရဘူး...
ဘယ်​လိုပဲ​အော်​ပြော​ပြော အသံတို့က ပါးစပ်​ထဲက​နေထွက်​မလာ။​သွေးကို​နောက်​ကျောမှာ ချန်​ထားပြီး စစ်​ကတ​ရွေ့​ရွေ့နဲ့​ကျောခိုင်းလှည့်​ထွက်​သွားပြီ။ စစ်​နောက်​သို့​ပြေးလိုက်​မည်​ပြင်​သော်​လည်း​ခြေ​ထောက်​ကလှုပ်​မရ။
"စစ်​မထားခဲ့ပါနဲ့...စစ်​နဲ့ပဲ​နေပါရ​စေ...စစ်​...."
မပီပြင်​ဝိုးတဝါး အာ​ခေါင်​ခြစ်​အော်​လိုက်​သံ​ကြောင့်​စစ်​လန့်​နိုးသွားရသည်​။ စစ်​လက်​မောင်းကို​ခေါင်းအုံးလုပ်​ပြီး နှစ်​ခြိုက်​စွာ အိပ်​ပျော်​နေတဲ့မ...အိုကွယ်​...
စစ်​လက်​တွေစို​နေပါလား...မ မ ငို​နေတာလား
ဆံပင်​လေး​တွေမျက်​နှာ​ပေါ်အုပ်​နေ​တော့ အသာအယာ​လေးဆွဲဖယ်​တော့ တကယ်​လဲမ မျက်​ရည်​တွေကျ​နေပါသည်​။
ပါးစပ်​မှလဲ​ဗလုံး​ဗ​ထွေးစကားတို့ဆို​နေသည်​မို​အိမ်​မက်​ဆိုး​တွေမက်​နေသည်​ထင်​ပါရဲ့။
"မ..မက​လေး..."
မနိုးလာ​တော့ ပခုံး​လေးကိုလှုပ်​နှိုးလိုက်​တော့မှ နည်းနည်းလူးလွန့်​လာသည်​။
"မ...မ..နိုးရဲ့လား"
ထိုအခါမှ မျက်​စိပွင့်​ချင်​မပွင့်​ချင်​ဖြင့်​နိုးလာသည်​။ ဘာမှမ​ပြောပဲ စစ်​ကို​သေချာကြည့်​သည်​။ ထို့​နောက်​စစ်​ကိုအားရပါးရဖက်​လာပြီး​ခြေ​ထောက်​တ​ချောင်းပင်​စစ်​ခါးကိုခွတင်​လာသည်​။
"မကို မထားသွားနဲ့​နော်​"
"​ဟော...ဘာများလဲလို့..မရယ်​...စစ်​မထားခဲ့ပါဘူး​နော်​...​ရေ​သောက်​မလားဟင်​"
​သောက်​မလားလို့မ​မေးပဲ​ရေခွက်​သာကမ်း​ပေးလိုက်​ချင်​သည်​။ သို့​သော်​စစ်​လက်​ကထုတ်​လို့မရ။ စစ်​တကိုယ်​လုံးလဲ​သွေးရဲ့လက်​တွင်းမှာမလူးသာမလွန့်​သာ။
"မ​သောက်​ပါဘူး...ပြန်​အိပ်​တော့​နော်​"
နာရီကြည့်​တော့ ဆယ့်​နှစ်​နာရီတဲ့။ မက​တော့ချက်​ချင်းပြန်​အိပ်​ပျော်​သွား​ပေမယ့်​စစ်​ကပြန်​အိပ်​၍မရ​တော့။​စောင်​ကွာ​နေတဲ့ မဖက်​ကို​စောင်​သေချာပြန်​ခြုံ​ပေးလိုက်​သည်​။​အေးတယ်​ဆို​နေတာကို အ​နွေးထည်​တောင်​ဝတ်​မအိပ်​တတ်​သော မတစ်​ယောက်​ဘယ်​လောက်​တောင်​အေးလိမ့်​မလဲမသိ။
..
မနက်​ပြတင်းက​နေ အလင်း​ရောင်​လေး​ပေါ်လာ​တော့မှ စစ်​နိုးလာ​တော့သည်​။ အနားမှာ မ မရှိ​တော့တာမို့ စစ်​လဲအိပ်​ယာထဲတွင်​အချိန်​ဖြုန်းမ​နေ​တော့ပဲ​အောက်​သို့ဆင်းလာလိုက်​တော့သည်​။
"မ​ရေ...မက​လေး....ဘယ်​နားမှာလဲ"
အိမ်​ထဲမှာ ဘယ်​နေရာမှမရှိ။ တံခါးမကြီးအနည်းငယ်​ဟ​နေ​တော့မှ အပြင်​ထွက်​သွားသည်​ထင်​သည်​။
ဟင်​...မ. ပြန်​သွားပြီလား
အ​တွေးနဲ့တင်​ရင်​ထဲလှစ်​ဟာသွား​တော့သည်​။ တံခါးမကြီးကိုဝုန်းခနဲဖွင့်​ပြီးအပြင်​သို့ထွက်​လိုက်​တော့ နှင်းစက်​အချို့အိမ်​ထဲသို့အ​အေးဓာတ်​နဲ့အတူ အလုံးအရင်းဝင်​လာ​လေသည်​။
"မ.."
​စော​စောစီးစီး အိမ်​နှင့်​ဆိုင်​သို့​လျှောက်​သော လမ်းကျဉ်း​လေး​ဘေးတွင်​မ​ပေးလိုက်​သည့်​နှင်းဆီပင်​ကိုဒီအထိတကူးတကသယ်​ပြီး လာစိုက်​ထားသည့်​အပင်​ဘေးတွင်​မတစ်​ယောက်​မျက်​နှာသုတ်​တဘက်​ကို​ဆောင်းပြီး​ရေ​လောင်း​နေ​လေသည်​။
"ဟာ...မ..နှင်း​တွေကျ​နေတယ်​လေ...ဒီ​လောက်​အေးခဲ​နေတာကို​ရေ​တွေနဲ့ဘာလုပ်​နေတာတုန်း"
စစ်​အသံကြားမှ မက​မော့ကြည့်​ပြီးပြုံးပြလိုက်​သည်​။ ခဏကလှစ်​ဟာသွားတဲ့​နေရာမှာ ခု​တော့မကိုမြင်​လိုက်​တာနဲ့ပြည့်​စုံသွားပြီ။ ဒီလိုမနက်​ခင်းတိုင်းမှာ မမျက်​နှာ​လေးကိုသာအရင်​ဆုံးမြင်​ချင်​သည်​။
"စစ်​အပင်​လေးက အဖူးထွက်​နေပြီ​လေ....ဒီမှာနှင်း​တွေကျ​နေ​တော့အဖူး​တွေကနှင်းခါးမိပြီးမဲ​ခြောက်​သွားမှာ...ဒါ​ကြောင့်​ရေ​လောင်း​ပေး​နေတာပါကွယ်​"
မတ်​တပ်​ရပ်​နေ​သော မရဲ့ကိုယ်​လုံး​သေး​သေး​လေးကို​ပြေးဖက်​လိုက်​သည်​။
"စစ်​နိုးလာ​တော့မကိုမမြင်​တာနဲ့ မများပြန်​သွားပြီလားလို့...မ မရှိ​တော့ဘူးလားလို့"
မမှာ စစ်​ရဲ့​ကျောပြင်​လေးကို လက်​နှစ်​ဖက်​ဖြင့်​ဖွဖွပုတ်​ပေးရင်း
"ဘယ်​ကလာ က​လေးမရယ်​...ည​နေတည်းက​ချောင်းကြည့်​နေတာ ဒီအပင်​လေးကို....ဆိုင်​ထဲမှာလူ​တွေများ​နေတာနဲ့အပြင်​မထွက်​ရဲလို့ကို..စစ်​မကိုလိုအပ်​နေသ၍ အမြဲတမ်းစစ်​ဘေးမှာပဲခစား​နေမယ့်​မပါကွယ်​..."
စစ်​ဘာမှပြန်​မ​ပြောပဲ မ ဆံနွယ်​စ​လေး​တွေကိုသာ နမ်းရှိုက်​နေလိုက်​သည်​။ မကစစ်​ရင်​ထဲမှရုန်းထွက်​ရင်းသူမ​ဆောင်းထားတဲ့တဘက်​ကိုစစ်​ခေါင်း​ပေါ်​ခြေဖျားလေး​ထောက်​ပြီးလှမ်းတင်​ပေးလိုက်​သည်​။
"နှင်း​တွေကျ​နေတာ မမြင်​ဘူးလား စစ်​...နှာ​စေးမယ်​...အ​ဆောင်းမပါဘာမပါနဲ့"
နီးကပ်​သွား​သော မျက်​နှာနှစ်​ခုတို့ အကြည့်​ချင်းဆုံချိန်​ဝယ်​ပါးချိုင့်​လေး​တွေ​ပေါ်​အောင်​အပြုံး​တွေပွင့်​အာ​နေ​သော မ အား ချစ်​လွန်းလှစွာဖြင့်​ပါးပြင်​ပေါ်နှာ​ခေါင်းတို့စိုက်​ဝင်​လိုက်​သည်​။
မက မျက်​လုံးအစုံမှတ်​လို့ အကြင်​နာကိုခံယူပြီးမှ
"အိမ်​ထဲသွားရ​အောင်​နော်​...မကို အ​နွေးထည်​ပေးပါဦး"
"ဟွန့်​...ခုမှ​အေးမှန်းသိတယ်​ပေါ့...လာ..လာ"
"အ​မေ့"
လာဆိုပြီး မရဲ့ကိုယ်​သေး​သေး​လေးကို​မြှောက်​ခနဲ​ပွေ့ချီလိုက်​တော့သည်​မို့ မ ကရုတ်​တရက်​လန့်​သွားကာ စစ်​လည်​ပင်းကိုသိုင်းဖက်​လိုက်​ရ​လေသည်​။
"အဲ့​လောက်​ကြီးဖက်​မထားနဲ့​လေ...အသက်​ရှူ မရဘူး​ပေါ့မရဲ့"
"အာ့ဆိုချ​ပေး​လေ...​ကြောက်​တယ်​ပြုတ်​ကျမှာကို"
"သူ့ကိုယ်​က​သေး​သေး​ပေါ့​ပေါ့​လေးကို....ပြုတ်​ကျ​အောင်​လုပ်​ပါ့မလားလို့..မျက်​နှာကွယ်​မထားနဲ့အထဲသွားမယ်​"
​လေ့ကျင့်​ခန်းများလုပ်​သလား စစ်​ရယ်​။ သက်​သက်​သာသာ​လေး​သွေးကိုယ်​ကို​ပွေ့ချီသွားနိုင်​တာကိုကအံ့သြစရာ။
ထိုင်​ခုံ​ပေါ်အသာအယာချလိုက်​သည်​အထိ မက စစ်​လည်​ပင်းကိုဖက်​ထားတဲ့လက်​တွေမလွှတ်​သဖြင့်​မျက်​နှာချင်းဆိုင်​ကြီးလိုက်​ထိုင်​နေရ​တော့သည်​။
ဘာစကားမှမဆိုပဲ မျက်​လုံးဝိုင်းကြီးဖြင့်​ပြုံးပြုံး​လေးစိုက်​ကြည့်​နေ​တော့ စစ်​မ​နေတတ်​တော့သဖြင့်​
"မ ဘာပြုံးကြည့်​နေတာလဲ"
"ဘာဖြစ်​လဲ....ချစ်​လို့ကြည့်​တာ​လေ.."
နှုတ်​ခမ်း​လေး​ထော်​ပြီး​ပြောလိုက်​ပေမယ့်​နဂိုပြုံး​နေတဲ့မျက်​နှာ​လေးကမပျက်​။
"အာ...မကလဲ...ဒါနဲ့​ဗိုက်​ဆာပြီလား"
"မ​ဆာ​သေးပါဘူး...စစ်​ကိုဘာများချက်​ကျွေးရမလဲဆိုပြီး မီးဖိုထဲရှာတာ...စားဖို့ဘာမှလဲမရှိ...ညကကျန်​တဲ့ထမင်းဟင်း​တွေလဲဘယ်​ရောက်​ကုန်​တာတုန်း"
"သွန်​ပစ်​လိုက်​ပြီ​လေ...ဘယ့်​နှယ်​ညကဟင်း​တွေ​ကောင်းပါ့မလားလို့"
မက စစ်​ပါးနှစ်​ဖက်​ကို တယုတယ ဆွဲလိမ်​ပြီး
"ကဲပါ ...​စားဖို့အ​ကြောင်း မ​ပြော​သေးနဲ့..မျက်​နှာသွားသစ်​ဦး"
"မ...ဘယ်​မှမသွားပါနဲ့​နော်​....စစ်​ထွက်​လာတာနဲ့မကိုပဲမြင်​ပါရ​စေ"
မကိုခွဲရမှာ​ကြောက်​ပြီးမသွားချင်​ပေကပ်​နေ​သော စစ်​ကိုယ်​လုံးအား တွန်းလွှတ်​လိုက်​သည်​။
"ဒါဖြင့်​မပါလိုက်​လာရမလား"
"လိုက်​လာ​လေ...ဟီး"
"စစ်​အိမ်​သာတက်​နေတာပါ မကထိုင်​ကြည့်​နေရမှာလား ကဲ"
မျက်​နှာ​လေးချီပြီး​ပြောလိုက်​သောမ​ကြောင့်​စစ်​မှာမျက်​နှာ​တွေနီရဲပြီး​ရေချိုးခန်းထဲဝင်​ပြေးရ​တော့သည်​။ ဒါ​တောင်​မရဲ့ရီ​မောသံ​တွေအခန်းတံခါးပိတ်​လိုက်​တာ​တောင်​ကြား​နေရတုန်း။
အစိမ်း​ရောင်​သွားတိုက်​တံ​ပေါ်ဝယ်​သွားတိုက်​ဆေးညှစ်​ထည့်​ပေးထားပြီးသား။
​ရေစင်​မှုန်​မွှား​တွေ​ကြောင့်​မှုံဝါး​နေ​သောမှန်​သားပြင်​တွင်​မရဲ့လက်​ရေးလှလှ​လေးနဲ့​ရေးထား​သောစာလုံးအချို့​ကြောင့်​စစ်​နှလုံးသားဝယ်​ပီတိဖြစ်​နေပါပြီ။
မင်္ဂလာမနက်​ခင်းပါ ဘုရင်​မ​လေး​ရေ....တဲ့။
...
​အဝတ်​နှစ်​စုံပါလာတာကို​သွေး မဝတ်​ဖြစ်​တော့။ တမင်​တကာကြီးကို စစ်​ရဲ့အင်္ကျီ ကိုပဲဝတ်​နေဖြစ်​သည်​။ စစ်​ရဲ့အနံ့အသက်​တို့စွဲထင်​နေ​သော အင်္ကျီကိုဝတ်​ရခြင်းကား​သွေးအတွက်​စိတ်​ချမ်းသာ​နေမှုတစ်​မျိုး။
အရပ်​ပိုရှည်​သော စစ်​ရဲ့​ဘောင်းဘီကိုယူဝတ်​တော့ရှည်​နေသဖြင့်​နှစ်​ဆင့့်​လောက်​ကို​ခေါက်​တင်​ထားရသည်​။ ဒါ​တောင်​မျှော့ကြိုးနဲ့မို့လို့​အဆင်​ပြေ​သေးတာပင်​။ အ​နွေးထည်​တွေက​တော့စစ်​ဝတ်​နေကျ​ခေါင်းစွပ်​ဦးထုပ်​နဲ့ဟူဒီခပ်​များများ။ ဒါ​တွေ​တော့ပွလည်းပဲကိစ္စမရှိ။
ဖိနပ်​စင်​တွင်​စစ်​ဝယ်​ပြီး​သေး​နေ​သောရှူးဖိနပ်​အဖြူ​ရောင်​လေးက​သွေးနဲ့ကွက်​တိ။​သွေး ပုံစံကြည့်​ပြီး စစ်​တစ်​ယောက်​တပြုံးပြုံးဖြစ်​လို့​နေသည်​။
ခုလဲ ဆိုင်​ကဝန်​ထမ်း​တွေလာ​နေတာကို ထွက်​လည်းမကြည့်​ပဲ​သွေးအနားသာကပ်​နေသည်​မို့
"စစ်​...ဘာလို့ဆိုင်​ထဲမသွားပဲကပ်​နေတာတုန်း"
"သွားစရာမှ မလိုတာကို...ခြံတံခါး​ကောဆိုင်​တံခါးပါဖွင့်​ပေးထားပြီပဲ"
"​ရော်​....ကိုယ်​ကပိုင်​ရှင်​ကို...သွားကြည့်​ရဦးမှာ​ပေါ့...မဟုတ်​ဘူးလား"
"မကလဲ....ဒါကသူတို့လုပ်​နေကျ....စစ်​ကမနက်​ကိုးနာရီဆယ်​နာရီမှထ​နေကျ...မနက်​အ​စောထပြီးခြံတံခါးဖွင့်​ပေး ဆိုင်​တံခါး​သော့ဖွင့်​ထား​ပေးရင်​သူတို့ဟာသူတို့ လုပ်​စရာရှိတာလုပ်​ပေးထားပြီးသား...မကသာ စစ်​ကိုအလုပ်​ထဲသွား​စေချင်​နေတာ​နော်​...စစ်​ကဆိုင်​တောင်​ပိတ်​ထားမလားလို့"
"ဟယ်​တော်​...ပိတ်​စရာလား....မက စစ်​အနားပဲ​နေမှာကို.."
"​နေ​နေ​ပေါ့...အလုပ်​ကိုမလုပ်​ချင်​တော့တာ...ဒီ​နေ့ကချိန်းထားပြီးသားအလုပ်​တစ်​ခုရှိ​သေးလို့...မနက်​ဖြန်​တော့တကယ်​ပိတ်​မယ်​"
",ဘယ်​သွားမလို့လဲ "
"မ ညက အိမ်​မက်​ဆိုး​တွေမက်​နေတယ်​မလား....ဘုရား​လေးဘာ​လေးသွားပြီးကုသိုလ်​လုပ်​ရတာ​ပေါ့...မ...မ​ရောက်​ဖူးတဲ့​နေရာ​တွေရှိတယ်​မလား"
စစ်​ပြောမှ ညကအိမ်​မက်​အ​ကြောင်းပြန်​တွေးပြီး​ကြောက်​လာသဖြင့်​စစ်​ခါးကိုတင်း​နေ​အောင်​ပြန်​ဖက်​ရင်း
"ဟုတ်​ပ အိမ်​မက်​ဆိုး​တွေမက်​နေတာ ကြာပြီ....စစ်​နဲ့အဆက်​အသွယ်​မရှိတုန်းကရင်းစမက်​နေတာ...အိမ်​မက်​ထဲမှာ စစ်​ကမကိုထားခဲ့တာချည်းပဲ...ညကမက်​တာဆို​လေ...စစ်​ကမကိုထားခဲ့ပြီး​နောက်​ကိုတစ်​ချက်​လှည့်​မကြည့်​ပဲထွက်​သွားတာ....မ​အော်​ခေါ်လို့လဲမရ...လိုက်​ပြေးလို့လဲမရနဲ့"
​ဟော...​ပြောရင်းဆိုရင်း မျက်​ရည်​က ကျလုလု။ အိမ်​မက်​မှန်းသိ​နေတာ​တောင်​ပြန်​မြင်​ယောင်​တိုင်းရင်​ဘတ်​ပါ​အောင့်​တက်​လာသည်​။
"မက​လေးရယ်​....စစ်​ဘယ်​တော့မှမထားခဲ့ဘူး​နော်​...မ အချစ်​နဲ့အသက်​ရှင်​ဘဝဆက်​ရမယ့်​စစ်​အဖြစ်​ပါ"
"မ​တော့ စစ်​ကို ဘယ်​နည်းနဲ့မှအဆုံးမခံနိုင်​တော့ဘူး...ပြီး ခွဲလဲမခွဲချင်​တော့ဘူးကွယ်​....မ မျက်​စိ​ရှေ့တင်​ပဲ စစ်​ကိုမြင်​နေကြည့်​နေချင်​တော့တယ်​"
ထိန်း​နေသည့်​ကြားက မျက်​ရည်​ဥက​လေးလိမ့်​ဆင်းသွားသည်​။ စစ်​က လက်​မ​လေးဖြင့်​ညင်​သာစွာ သုတ်​ပေးရင်း
"ဒါဖြင့်​မ .... အခု စစ်​မှာအလုပ်​နဲ့ကိုယ်​ပိုင်​အိမ်​နဲ့ ရပ်​တည်​နိုင်​နေပြီပဲ....စစ်​တို့လက်​ထပ်​ကြမလားဟင်​....စစ်​ဖက်​ကမကိုအမြင့်​မှာထားနိုင်​ဖို့ပြည့်​စုံ​နေပါပြီ​လေ"
မှန်​သည်​။ စစ်​ဖက်​ကအစစအရာရာပြည့်​စုံ​နေ​ပေပြီ။ ခက်​သည်​က​သွေးဖက်​ကဘာမှ​ရေရာ​သေချာခြင်းတို့ပြသဖို့မရှိ​သေး။​မျှော်​လင့်​ရတဲ့လက်​ထပ်​မယ့်​စကား​ဖြစ်​လည်းပဲ အပြည့်​အဝမ​ပျော်​နိုင်​။
"စစ်​ရယ်​"
ဘာစကားမှပြန်​မ​ပြောနိုင်​ပဲ စစ်​အမည်​နာမကိုသာ ဖွဖွ​ရေရွတ်​ရင်း စစ်​ရင်​ထဲသို့တစ်​ဖန်​တိုးဝင်​မိပြန်​သည်​။ မျက်​နှာကိုစစ်​ရင်​ဘတ်​မှာအပ်​ပစ်​လိုက်​သည်​။ အနည်းဆုံး​တော့​သွေးမျက်​ရည်​ကျတာကို စစ်​မမြင်​ရ​တော့ဘူး​ပေါ့။
"ဘာဖြစ်​လို့လဲ ဟင်​...မ စစ်​ကို လက်​မထပ်​ချင်​ဘူးလား...စစ်​ပြောတာ​စောသွားလားဟင်​"
ဘယ်​ကိစ္စပဲဖြစ်​ဖြစ်​ဘာ​တွေနဲ့ပဲယှဉ်​လာလာ ကမ္ဘာမှာ အ​ကြောက်​ဆုံးက မကိုဝမ်းနည်း​အောင်​စစ်​ကိုယ်​တိုင်​ပြုလုပ်​မိမှာကို။ ခုလဲ မဖက်​က စစ်​ကိုမျက်​နှာချင်းမဆိုင်​ပဲ ငြိမ်​နေပြီ။ တစ်​ချက်​တစ်​ချက်​တုန်​တက်​သွားတဲ့ မ​ကျောပြင်​ကိုအသာအယာ ပုတ်​ပေးရင်း မ နင့်​နင့်​နဲနဲကြီးငို​နေပြီဆိုတာ အလိုလိုသိလိုက်​သည်​။ မျက်​ရည်​သုတ်​ပေးဖို့ လုပ်​ပေမယ့်​မကစစ်​ရင်​ဘတ်​နဲ့မျက်​နှာကိုမခွာ။
"မက​လေး....ဘာလို့ငိုတာလဲဟင်​....မဖက်​ကအဆင်​ပြေမှ​လေ​နော်​....မ ဆန္ဒမပါပဲ စစ်​သ​ဘောအတိုင်းဘာမှမလုပ်​ပါဘူး​နော်​...ဟို​လေ တသက်​လုံးလက်​မထပ်​လဲပဲ မနဲ့ချစ်​နေရတယ်​ဆိုတာနဲ့တင်​စစ်​အတွက်​ပြည့်​စုံ​နေပါပြီ​နော်​...မငိုနဲ့​တော့​နော်​...မ စစ်​နဲ့ပတ်​သက်​ပြီးမျက်​ရည်​ကျတာမြင်​ရင်​ဒီရင်​ဘတ်​ကြီးက​အောင့်​လာတယ်​အသက်​ရှူ လို့မရ​တော့ဘူး"
သူများနဲ့မတူ​အောင်​ချစ်​ပေးနိုင်​သော လူသား။ အသက်​အရွယ်​နဲ့မလိုက်​အောင်​ခွင့်​လွှတ်​တတ်​ပြီး နားလည်​ပေးနိုင်​သော လူသား။ ကမ္ဘာမှာ နှစ်​ယောက်​မရှိနိုင်​တဲ့ အချစ်​တတ်​ဆုံးလူသား။
နှစ်​ယောက်​သားတစ်​ယောက်​နဲ့တစ်​ယောက်​ဖက်​တွယ်​ပြီး ဘာစကားမှမဆိုဖြစ်​ကြပဲ တိတ်​ဆိတ်​နေကြသည်​။ မနက်​ဆယ်​နာရီ​တောင်​ကျော်​နေပြီ။
"မမစစ်​ရေ....မမစစ်​ထ​နေပြီလား"
အပြင်​ဖက်​မှ နန်း​မွေ​လောဝ်​အသံကြား​တော့ မက စစ်​ရင်​ထဲက ချက်​ချင်းဆိုသလိုရုန်းထွက်​ပြီး​ရေချိုးခန်းထဲဝင်​သွား​လေသည်​။ ကိုယ့်​ဟာကိုယ်​ဘာကိုဝမ်းနည်းလို့ ဝမ်းနည်းမှန်းမသိပဲ မ ငို​နေတာ​ကြောင့်​လိုက်​ပြီးမျက်​ရည်​ကျမိတဲ့အဖြစ်​။ ပါးပြင်​ပေါ်မှာမ​ခြောက်​တ​ခြောက်​ဖြစ်​နေ​သော မျက်​ရည်​စက်​အချို့ကို စားပွဲ​ပေါ်က တစ်​သျှူးစ​လေးဖြင့်​သုတ်​လိုက်​ရသည်​။ အပြင်​ထွက်​လာ​တော့​မွေက
"မ​နေ့က ချိန်းထားတဲ့အလုပ်​လေ...ဆယ့်​တစ်​နာရီသွားရမယ်​ဆို...အာ့...မမစစ်​မေ့​နေမှာစိုးလို့"
"အင်း အင်း မ​မေ့ပါဘူး​ကျေးဇူး​နော်​...ပစ္စည်း​တွေပြင်​ထား​ပေးဦး"
"အထဲက အစ်​မ​တွေပြင်​ပေးပြီးပြီ...ဒါနဲ့မနက်​စာစားပြီလား ဘာမှလဲမဝယ်​ခိုင်းလို့"
ခါတိုင်း မနက်​စာဆိုရင်​သူ့ကိုပဲ​ပြေးဝယ်​ခိုင်း​နေကျ။ အထဲက​ကောင်​မ​လေး​တွေလဲ သူတို့ဟာနဲ့သူတို့ကျ​အေး​အေး​လေး​တွေ။ တစ်​ခုခုများလိုအပ်​လို့စစ်​ဆီတင်​ပြ​ပြောပြရမည်​ဆိုရင်​အငယ်​ဆုံးဖြစ်​တဲ့​မွေ့ကိုပဲလူမိုက်​ငှါးပြိ်းတစ်​ဆင့်​ပြောခိုင်းကြတာများသည်​လေ၊
"ခဏ​နေ အပြင်​သွားမှာဆို​တော့ အပြင်မှာပဲ​တစ်​ခါတည်းစားလိုက်​တော့မယ်​လေ...တကူးတကကြီး​တော့ဝယ်​ခိုင်းမ​နေ​တော့ဘူး...ဟုတ်​ပြီလား...လုပ်​စရာရှိတာလုပ်​တော့"
စစ်​စကားကို​ခေါင်း​လေးငြိမ့်​ကာ နား​ထောင်​ပြီိ်း ထွက်​သွားမည်​အပြု တစ်​ဖန်​လှည့်​လာကာ
"ဪ...ပြီး​တော့ ဟိုဖက်​ဆိုင်​က မမနန်း လာမလို့တဲ့...မမစစ်​ဖုန်းကိုဆက်​တာမရလို့ ဆိုင်​ထဲကဖုန်းကိုဆက်​လာတယ်​...​မွေကမမစစ်​မနိုး​လောက်​သေးဘူး​ပြောလို့ နိုးရင်​ပြောလိုက်​ပါဆိုပြီး မှာလိုက်​တယ်​"
ကျစ်​....မိနန်းတစ်​ယောက်​ဘာလာလုပ်​မယ်​လဲမသိ။ မနဲ့​တော့ထိပ်​တိုက်​ပေး​တွေ့လို့လဲမရ။ စကား​ပြောမတတ်​တဲ့အပြင်​တစ်​ဖက်​သားကိုအားနာခြင်းမရှိတဲ့ နန်း​ကြောင့်​သာယာ​နေတဲ့ စစ်​ရဲ့ကမ္ဘာ​လေးပျက်​စီး၍မဖြစ်​။
"မအားဘူးလို့မ​ပြောလိုက်​ဘူးလား...သူကဘာလာလုပ်​မှာတုန်း"
"​ပြောလိုက်​ပါတယ်​...ရန်​ကုန်​ကပို့လိုက်​တဲ့ပစ္စည်း​တွေ လာပို့ရင်းနဲ့လာမလို့တဲ့...အဲ့လို​ပြောတာကို"
'​အေး​အေး...သွား​တော့..."
​မွေ ဆိုင်​ဖက်​သွားတာ​စောင့်​ကြည့်​မ​နေပဲ အိမ်​ထဲအမြန်​ဝင်​လာသည်​။ နံရံကပ်​မှန်​မှာ ကြည့်​ပြီး ဘာမှလိမ်းခြယ်​မထားတဲ့မျက်​နှာ​ပေါ် လိမ်း​နေကျနို့ရည်​တင်​လိုက်​သည်​။ ဆံပင်​လဲသပ်​သပ်​ရပ်​ရပ်​ဖြစ်​အောင်​ပြန်​ပြင်​ဖြီးလိုက်​သည်​။ မ အခုထိ အခန်းထဲကထွက်​လာ​သေးဟန်​မတူ။​
အဝတ်​အစားက​တော့​စောနတည်းကလဲထားပြီးသားမို့ မရှုပ်​တော့။
"မက​လေး​ရေ....စစ်​တို့မနက်​စာ သွားစားရ​အောင်​လေ​နော်​...ဆယ်​နာရီ​တောင်​ကျော်​နေပြီ..မလဲဆာ​ရော​ပေါ့"
​ရေချိုးခန်းတံခါး​လေး​ခေါက်​ပြီး​ပြော​တော့ မ တစ်​ယောက်​မျက်​နှာပြင်​မှာ​ရေစက်​လက်​နဲ့ထွက်​လာသည်​၊ တံခါးရွက်​ပေါ်ကသံလုံးတန်း​လေးမှာချိတ်​ထားတဲ့တဘက်​က​လေးယူပြီး​ရေစက်​တွေသုတ်​ပေးလိုက်​သည်​။
"လာ...မ...နည်းနည်းကြည့်​ကောင်းသွား​အောင်​မျက်​နှာ​လေးပြင်​ပေးမယ်​နော်​"
မ မျက်​နှာ​ပေါ်တစ်​ခုပြီးတစ်​ခု လိမ်းခြယ်​ပေး​နေတာကို ဘာတစ်​ခွန်းမှမ​ပြောပဲငြိမ်​၍ ခံ​နေသည်​။​အေးလွန်း၍လား၊ အားနည်း​နေ၍လားမသိ။ မ နှုတ်​ခမ်း​လေး​တွေက​သွေးမရှိသလိုဖြူ ဆုတ်​နေသည်​မို့ နှုတ်​ခမ်းနီ​လေးဆိုး​ပေးလိုက်​သည်​။ နှုတ်​ခမ်းနီဆိုး​လေ့မရှိတဲ့မတစ်​ယောက်​တော့ စစ်​လက်​ချက်​ဖြင့်​လှချင်​တိုင်းလှ​နေ​တော့သည်​။
"မ အင်္ကျီလဲဦးမလားဟင်​...စစ်​တို့ မနက်​စာစားပြီးရင်​မင်္ဂလာ​ဆောင်​တစ်​ခုကိုမိတ်​ကပ်​ပြင်​ပေးဖို့အတွက်​ရှိတယ်​...အဲ့ကိုတန်းသွားမယ်​....အဆင်​ပြေရဲ့လား"
"မလဲ​တော့ပါဘူး...လဲပြီးသားကို...အဆင်​ပြေပါတယ်​...စစ်​ဘယ်​သွားသွားမကလိုက်​ခဲ့မှာမို့"
တည်​တည်​ငြိမ်​ငြိမ်​နဲ့ စကားပြန်​ပြောလို့ စစ်​စိတ်​အေးသွား​တော့သည်​။​အဝတ်​ဗီဒိုထဲမှမာဖလာ​လေးယူပြီး မကိုပတ်​ပေးလိုက်​သည်​။
"ဆိုင်​ကယ်​စီးမှာဆို​တော့​အေးမှာမို့ ပတ်​ထား​နော်​....ဆံပင်​တော့ဒီအတိုင်း​လေးချထားလိုက်​...စစ်​ဆီလိမ်း​ပေးထားတာမို့ဖီးရခက်​မှာမဟုတ်​ဖူး...​နော်​...လာ....မ...အိမ်​တံခါး​တော့​သော့ခတ်​ခဲ့မှာမို့"
မလက်​လေးကို ကိုင်​ပြီး လှမ်းလိုက်​ရတဲ့​ခြေလှမ်းတိုင်းကမှ ပိုပြီးတက်​ကြွ​နေသလို။ အိမ်​တံခါး​သော့ခတ်​ပြီး ဆိုင်​ကယ်​ဘေးနားမှာမကို ဆိုင်​ကယ်​ဦးထုပ်​လေး​ဆောင်း​ပေးကာ​မေးသိုင်းကြိုး​သေချာတပ်​ပေးလိုက်​သည်​။
"ခါတိုင်းကျ စစ်​မ​ဆောင်းဖြစ်​ဘူး မရဲ့....​ခေါင်းကြီိး​လေးပြီးကိုက်​နေတတ်​လို့​လေ...ခု​တော့မက​နောက်​မှာထိုင်​စီးမှာမို့​ဆောင်း​ပေးတာ....အ​အေးလဲသက်​သာတာ​ပေါ့...​နောက်​ကလူ​ဆောင်းပြီး​ရှေ့ကလူမ​ဆောင်းရင်​လဲမ​ကောင်းဘူး​လေ​နော်​...မ လက်​အိတ်​စွပ်​ဦးမလား...လက်​အိတ်​ကဆိုင်​ထဲမှာမို့"
"မစွပ်​တော့ဘူး....ဆယ်​ခွဲ​တော့မယ်​...မြန်​မြန်​သွားယူ​လေ"
"ဟုတ်​...မ..ခဏ​စောင့်​ပစ္စည်း​တွေကထည့်​ပေးပြီးသားမို့​ကောက်​ယူရုံ"
တစ်​ချိန်​လုံး သာလိကာမ​လေးလို သူချည်းစကားတစ်​တွတ်​တွတ်​ပြော​နေတာ။ မ​မောဘူးလားမသိ။ ဒါမှမဟုတ်​သွေး ငိုမိသွား၍လား။ တကယ်​ကသူကမမှား။ ကိုယ့်​ဘဝကိုယ်​အားငယ်​ပြီးငိုကြီးချက်​မ​တွေဖြစ်​ကုန်​တာကသာအပြစ်​။ ခဏကြာ​တော့အနက်​ရောက်​အိတ်​တစ်​လုံးလွယ်​လျှက်​ဆိုင်​ကယ်​ဦးထုတ်​ဆောင်း လက်​အိပ်​စွပ်​ပြီး​သွေးဆီ​ရောက်​လာခဲ့သည်​။
"တက်​တော့ မ...ခါးကို​သေချာဖက်​ထား​နော်​"
သာမာန်​မိန်းက​လေး​တွေအဖို့ ဆိုင်​ကယ်​ကိုရူးသွပ်​တယ်​ဆိုတာ ဆန်း​နေဦးမည်​။ မိန်းက​လေးအ​တော်​များများဆိုင်​ကယ်​ကြိုက်​တယ်​ဆိုရင်​တောင်​စတိုင်​ကျကျနဲ့နိမ့်​နိမ့်​လေးစီးရတဲ့ ကလစ်​တို့ စကူပီတို့ကိုပဲကြိုက်​ဖြစ်​လိမ့်​မည်​။ စစ်​က​တော့မဟုတ်​။​ယောက်ျား​လေးအများစု​ကြွေတတ်​ကြတဲ့ ဆိုင်​ကယ်​အမြင့်​ကြီးကိုမှဝယ်​စီးထားသတဲ့။​သွေး​တောင်​စစ်​ရဲ့စိတ်​ကူး​တွေကိုအလှမ်းမမှီ​တော့။
စစ်​မောင်းတဲ့အ​ကောင်းစားဆိုင်​ကယ်​ကြီး​ပေါ်မှာ ခါး​လေးကိုတင်းကျပ်​စွာဖက်​ပြီး စီးသွားတဲ့​သွေးတို့နှစ်​ယောက်​အ​ကြောင်းကို​တော့ ဆိုင်​ထဲမှာ​ပြောကျန်​ရစ်​နေသည်ဆိုတာသူတို့မသိ​လေ​တော့။
....
စစ်​ညွှန်းလွန်းလို့သာ​တော်​တန်​ရုံမစားဖြစ်​တဲ့ မြီးရှည်​ကိုစားဖြစ်​သည်​။ တကယ်​စားမိ​တော့မှ စစ်​ပြောသမျှကအမှန်​ဆိုတာသိလာရသည်​။ Tun​ဆေးရုံရဲ့​နောက်​ဖက်​ဆိုင်​လေးမှာ စစ်​က​တော့ ဖက်​ထုပ်​ကြော်​နဲ့မြီးရှည်​ကိုစားရင်း အမွှန်းတင်​မဆုံး။
"ဒီ​ဆိုင်​က ဖွင့်​လာတာကြာပြီ...မရဲ့...​တောင်​ကြီးမှာဖက်​ထုပ်​ကြော်​ဆိုရင်​ဒီဆိုင်​လက်​ရာကိုဘယ်​သူမှမမှီဘူး....မကိုစားဖူး​အောင်​ဒီဖက်​ထိတကူးတကပတ်​ခေါ်လာတာ..များများစား​နော်​"
အမှန်​က​သွေး ဖက်​ထုပ်​မကြိုက်​။ မြီးရှည်​ကို​တော့စားလို့ဖြစ်​တာမှန်​ပေမယ့်​ဖက်​ထုပ်​ကိုမကြိုက်​တာ​ကြောင့်​ဘယ်​လိုမှစားလို့မရဖြစ်​နေသည်​။ ဒါကိုစစ်​ကမသိ။ သူကအားရပါးရစားပြ​နေ​တော့​သွေးလည်းသူစိတ်​ချမ်းသာ​စေရန်​တစ်​ခုယူပြီး ပါးစပ်​ထဲထည့်​ဝါးလိုက်​သည်​။
တမြုံ့မြုံ့နဲ့ဝါး​နေတာကို စစ်​ကဘာအ​တွေး​ပေါက်​သည်​မသိ။
"မကလဲ အဲ့​လောက်​အရသာခံ​မ​နေနဲ့​လေ...များများသာစား...ကုန်​ရင်​ထပ်​မှာမယ်​"
အကျိုး​တော့နည်းပါပြီ။ တစ်​ခု​တောင်​မနည်းမြိုချ​နေရတဲ့ဟာကို။ ကမန်းကတန်းလက်​ကာရင်း
"စစ်​ပဲ စားပါ...မကမြီးရှည်​နဲ့တင်​တော်​တော်​ဗိုက်​တင်း​နေပြီ...ဒါ​တောင်​မနည်းစား​နေရတယ်​"
မဲ့ချင်​နေတဲ့မျက်​နှာကိုမနည်းပြုံးထားရ​သေးသည်​။ ဒီက​လေးအား စိတ်​မ​ကောင်းဖြစ်​သွား​စေလို့မရဘူး​လေ။
"ဟုတ်​လား...စစ်​ကအရသာ​ကောင်းတာ​လေး​တွေမကို​ကျွေးချင်​လို့​လေ...ဒါမဲ့ မကအများကြီးမစားနိုင်​တော့ဘယ်​တတ်​နိုင်​ပါ့မလဲ...ခု မ ဝပြီဆိုစစ်​တို့ရှင်းရ​အောင်​နော်​"
​သွေး မစားနိုင်​တော့ဘူးဆို​တော့ စစ်​မျက်​နှာမ​ကောင်းဖြစ်​သွား​ပေမယ့်​ဘာမှ​တော့မ​ပြော။ ပန်းကန်​ထဲနှစ်​ခု​လောက်​ကျန်​နေ​သေးတာကိုဆက်​မစား​တော့ပဲပိုက်​ဆံထရှင်း​တော့သည်​။
ဆိုင်​ကယ်​ဆီ​ရောက်​တော့ ဖုန်းလာ​နေသဖြင့်​စစ်​ကဖုန်းကိုင်​လိုက်​တော့​သွေးမှာအူ​ကြောင်​ကြောင်​ရပ်​နေရသည်​။ မရပ်​လို့လဲမရ။​သွေးလက်​တစ်​ဖက်​ကိုစစ်​ကကိုင်​ထားသည်​ကိုး။
"​ဝေ့...ဘာလဲ​ပြော"
"....."
တစ်​ဖက်​က ဘာ​တွေ​ပြော​နေလဲမသိ။ ဘယ်​သူဆက်​မှန်းလဲ​သွေးမသိ။
"​အေး...ထားခဲ့လိုက်​....ငါတ​နေကုန်​မအားဘူး...ပွဲပြီးရင်​လည်းသွားစရာရှိ​သေးတယ်​...​နောက်​မှ​ပြောပြမယ်​ဟယ်​....အ​ကြွေးမှတ်​ထားလိုက်​....ဒါပဲ ငါဆိုင်​ကယ်​မောင်း​တော့မလို့"
ဖုန်းကို တီခနဲချပစ်​ကာ​ဘောင်းဘီအိတ်​ထဲထိုးထည့်​လိုက်​သည်​။​သွေးကိုဦးထုပ်​ဆောင်း​ပေးရင်း
'နန်းဆက်​တာ​လေ...ဆိုင်​မှာ​ပစ္စည်းလာပို့ရင်း​ရောက်​နေတယ်​တဲ့"
​သွေး မ​မေး​ပေမယ့်​သူ့ဟာသူ​ဖြေပြီးပြုံး​နေသည်​။
"မနဲ့ရှိ​နေလားဆိုတာသိချင်​လို့ထင်​တယ်​ဟီး စကားစဖြတ်​လိုက်​တာ တ​နေကုန်​မအားဘူးလို့"
"ဟယ်​...အလှပြင်​ပေးတာ ခဏပဲမလား ဘာတ​နေကုန်​လဲ"
"မကို ထမ့်​စမ်းဂူ ပို့​ပေးမလို့​လေ...အလှပြင်​တာကခဏတည်းရယ်​မကြာဘူး"
"ဟာ အာ့ဟိုပုံးဖက်​မှာကြီးမလား အ​ဝေးကြီးပဲ....လူပြတ်​တယ်​ပြောကြတယ်​မသွားပါဘူး"
"မကလဲ...မပြတ်​ပါဘူး သွား​နေကြတာပဲကို ဒီက​နေ ၂၆ မိုင်​ဆိုလားပဲ အဲ့​လောက်​ပဲရှိတာ...မကြာဘူးခဏ​လေးပဲ...အဲ့မှာရှိတဲ့ကိုရင်​လေးဆိုတာကို ကံ​ကောင်းသူ​တွေမှဖူးခွင့်​ရတာ...တစ်​ချို့​ပြောကြတာက​တော့သက်​သတ်​လွတ်​စားပြီးမှသွားရင်​ဖူးခွင့်​ကြုံတယ်​တဲ့"
"ဟုတ်​လို့လား​ကျောင်းထိုင်​တာမဟုတ်​ဖူးလား"
"ဂူထဲမှာ သီတင်းသုံးတာတဲ့...စစ်​လဲမ​ရောက်​ဖူးဘူး​လေ...ဘယ်​သိမလဲသွားမှသိမှာ​ပေါ့"
"ဟာ​နော်​မသိပဲသွားစရာလား က​လေးမရဲ့"
"မကလဲ လမ်းကတန်း​နေတာပဲဟာ ပါးစပ်​ပိတ်​ပြီးပဲ​နောက်​ကလိုက်​ခဲ့ပါရှင်​"
​နောက်​ဆုံး​တော့လဲ ဒီက​လေးကို​သွေးပဲအ​လျှော့​ပေးလိုက်​ရ​တော့သည်​။
...
မိတ်​ကပ်​လိမ်းခြင်းပြီးတာနဲ့တန်းပြန်​ဖို့ပြင်​တော့ ဟိုကပွဲမှာ​နေ​ပေးဖို့​ပြောတာ​တောင်​မရ။ စစ်​ကအဲ့လိုလဲအားမနာတမ်းငြင်းတတ်​လေသား။ ကြားက​နေ​သွေးကမျက်​နှာပူရ​သေးသည်။ အမှန်​ဆိုမသွားလဲရသားနဲ့။ ကိုယ်​တိုင်​ကျလဲ​ရောက်​ဖူးတာလဲမဟုတ်​။ ဒါကိုသူကအတင်း​တွေပို့ချင်​နေ​တော့တာပင်​။
တလမ်းလုံး ဘာစကားမှမ​ပြောဖြစ်​။ ဆိုင်​ကယ်​မောင်းတာ​သွေးအ​နေနဲ့​တော့​သွေးဟာကျွမ်းကျင်​လှပြီထင်​နေ​တာ။ စစ်​နဲ့​တွေ့မှ ဘာမှမဟုတ်​ကြောင်းသိလာရသည်​။ ဘယ်​လို​တွေ​မောင်းလိုက်​လဲမသိ။ မြန်​ချက်​။ ကျခဲ့မှာစိုးလို့သူ့ခါးကိုလဲအ​သေအလဲဖက်​ထားရ​သေးတာ။​နေက​လေးပူ​ပေး​နေလို့သာအ​အေးသက်​သာတာ။ နိူ့မဟုတ်​ရင်​ခဲသွားမည့်​ကိန်း။
ဟိုပုံးမြို့ကို​ကျော်​ပြီး​တော်​တော်​အကြာကြီးဆက်​စီးရ​သေးသည်​။
​ရောက်​မယ့်​ရောက်​လာ​တော့လဲ အသက်​ရှူ မှားမတတ်​။ လမ်း​ဘေးမှာမြင်​ခဲ့သမျှ မြင်​ကွင်း​တွေအပြင်​ထမ့်​စမ်းဂူ​ရောက်​တော့လဲ တလမ်းလုံး​အောင့်​လာတဲ့ခါး​တွေ​တောင်​ချက်​ချင်းပြန်​ကောင်းလို့။
ဆိုင်​ကယ်​ဦးထုပ်​ချွတ်​ပြီး
"စစ်​က​လေး...မ အ​ပေါ့သွားချင်​နေပြီ"
"ဟုတ်​လား....ဟိုဖက်​မှာ အိမ်​သာရှိမယ်​ထင်​တယ်​မေးကြည့်​ရ​အောင်​ခဏ​အောင့်​ထားဦး"
​နေရာတကာသူချည်းဦး​ဆောင်​နေ​လေ​တော့သည်​။ ကိုယ့်​လက်​တစ်​ဖက်​ကိုသူ့လက်​တစ်​ဖက်​ထဲထည့်​ရင်းသူ​ခေါ်ရာလိုက်​နေရတာကိုက နိ​ဗ္ဗာန်​။
အိမ်​သာထဲဝင်​ပြီး ပြန်​ထွက်​တော့လမ်းမှာရုပ်​လုံးကြွ​နေ​သော နဂါးပုံရုပ်​တုတစ်​ခု။ အသက်​ဝင်​လွန်းလို့ အသက်​ရှင်​ခဲ့စဉ်​ကရပ်​တန့်​နေတုန်း​ကျောက်​ဖြစ်​သွားသလား​အောက်​မေ့ရသည်​။ ဖုန်းကလဲစစ်​အိပ်​ယာထဲက​သွေး​ကျောပိုးအိတ်​ထဲတင်​ဆို​တော့ပါမလာ။ စစ်​ဖုန်းနဲ့သာပုံကိုရိုက်​ယူနိုင်​ခဲ့​တော့သည်​။
ဂူအပြင်​ဖက်​နံရံ​တွေမှာလဲ လက်​ရာ​မြောက်​လှ​သောမြင်းရုပ်​တွေ။
ဂူ အဝင်​ဝမှာ အလှူ​ငွေ​လေးထည့်​တော့လည်း အရပ်​ရှည်​ရှည်​နဲ့အ​နွေးထည်​ထူထူဆို​တော့ စစ်​ကိုမိန်းက​လေးလို့မမြင်​ကြတာလားမသိ။ အလှူ​ငွေဖြတ်​ပိုင်းမှာ​မောင်​စစ်​သွေး တစ်​သောင်းကျပ်​ဆိုပါလား။
"​မောင်​စစ်​သွေး​လေး​ရေ"
လက်​တစ်​ဖက်​ဆွဲပြီး​ရှေ့က​နေ​လျှောက်​သွား​နေတဲ့စစ်​ကလှည့်​မကြည့်​။
"ဟီး...စစ်​သွေးလို့....​မောင်​စစ်​သွေး​လေး"
​အလှူ​ငွေဖြတ်​ပိုင်း​လေးကိုင်​ပြီး စစ်​ကိုတမင်​လိုက်​စသည်​။
"မ​နော်​....အဲ...ဒါဖြင့်​မောင်​လို့​ခေါ်ပါလား...မ"
ပြုံးစစနဲ့​ပြန်​မေး​တော့​သွေးက
"အရူးလား...​ခေါ်ရ​အောင်​....မ​ခေါ်ချင်​ပါဘူး"
စကားကိုရိုးရိုးတန်းတန်းမ​ပြောပဲလျှာထုတ်​ပြီး​တော့​တောင်​နောက်​ပြောင်​ပြလိုက်​သေး။
"ဒါဘုရားနယ်​မြေ​နော်​...တအား​တွေချစ်​ဖို့​ကောင်း​အောင်​လုပ်​ပြမ​နေနဲ့....ဟွန်း"
"ဘာဖြစ်​ချင်​လဲ​ပြော...​ပြော"
​မတစ်​ယောက်​ဟာ​လေ။​ခြေဖျား​လေး​ထောက်​ပြီး စစ်​ကိုအသည်းယား​နေ​အောင်​စတာ။
မ နဖူး​လေးကိုလက်​ညိုးနဲ့ထိုးချလိုက်​ပြီး
"အိမ်​ရောက်​မှသိမယ်​....လာလာ...မြန်​မြန်​ဝင်​ဖူးရ​အောင်​အောက်​ကကြမ်းပြား​တွေကသိပ်​အေးတာကို..."
သဘာဝအ​လျှောက်​ဖြစ်​ပေါ်​နေ​သော ထုံး​ကျောက်​လေး​တွေကဖြူ ဝင်းလျှက်​ရှိသလို တစ်​ချို့ကအဝါတစ်​ချို့ကနီသလိုလိုနှင့်​။​ရေစက်​လေး​တွေလည်းတစ်​ပေါက်​ပေါက်​ကျလို့​နေသည်​။​အေးစိမ့်​နေ​အောင်​သဘာဝကဖန်​တီး​ပေးထားလားမသိ။ စစ်​ပြောတဲ့ကိုရင်​ဆိုတာလဲမ​တွေ့။ သဘာဝအ​လျှောက်​ထုံး​ကျောက်​တွေနဲ့ဖြစ်​တည်​နေတဲ့ဘုရား​ကျောင်း​ဆောင်​ပုံစံမျိုးလဲရှိသလို​ရွှေထီး​ငွေထီးပုံစံ​တွေလဲ​တွေ့ရသည်​။ ဂူအမိုးမှာလဲ​ကျောက်​စက်​ပန်းဆွဲ​တွေအနှံ့အပြား။​ကျောက်​နံရံဖြူ ဖြူကြီး​တွေလဲအထက်​အောက်​ဆက်​သွားသည်​မို့ နံရံချပ်​ကြီး​တွေလို ဖြစ်​နေ​လေသည်​။
ဘုရားတစ်​ဆူ​တွေ့ရင်း ထိုင်​ပြီးဦးချလိုက်​ရင်း​နောက်​တစ်​ဆူ​တွေ့ရင်းသာဓုချရင်းနှင့်ေ​ပါင်​တောင်​ကွချင်​လာသလို။ စစ်​က​တော့ အစ​တွေ့တဲ့ဘုရားမှာသာ ဦးချကန်​တော့ပြီးကျန်​ဘုရား​တွေကိုဦး​တောင်​မချ။​သွေးပုံရိပ်​တွေကိုသာလိုက်​ပြီး ဖုန်းဖြင့်​မှတ်​တမ်းတင်​နေ​တော့သည်​။
ဂူအဆုံးဆိုတဲ့​ရေထွက်​ပေါက်​အထိ​တော့ မဝင်​ဖြစ်​တော့။ တကယ်​တော့လဲမဆုံး​သေးဘူး​ပြောကြသည်​။​ရေကရှိ​နေ​တော့ဂူအရှည်​ဘယ်​လောက်​ရှိမည်​မသိ။ ခန့်​မှန်းထားသည်​လဲမရှိ။
စစ်​အရင်​ထွက်​သွားပြီး​သွေးကပုံ​တွေလိုက်​ရိုက်​နေတာကြာသွားသဖြင့်​ခြေ​ထောက်​တွေ​အေးစက်​လာသည်​မို့အပြင်​မြန်​မြန် ပြန်​ထွက်​ရ​တော့သည်​။
​မြှောက်​ဆွဆွ​လေးထွက်​လာ​တော့ ဂူအပြင်​ရောက်​တာနဲ့စစ်​က​သွေးကို​ပွေ့ချီလိုက်​သည်​။
"အ​မေ့ လူ​တွေနဲ့ဟ...ဘာလုပ်​တာတုန်း"
"တအား​တွေ​အေး​နေတာဆို...​ဖိနပ်​ထုပ်​ကိုင်​ထား...ဆိုင်​ကယ်​ဆီ​ရောက်​မှစီး​တော့..."
"စစ်​...နိုင်​ငံခြားသား​တွေမလာဘူးလားမသိဘူး​နော်​"
"မလာဆို ဒီဖက်​ကနယ်​မြေမငြိမ်းချမ်းလို့​လေ....သိပ်​မလာကြဘူး..ပြည်​တွင်းခရီးသည်​တွေပဲလာကြတာများတယ်​..."
"မတို့ ဟိုကိုရင်​လဲမ​တွေ့ဘူး​နော်​...နှစ်​ယောက်​လုံးကံမ​ကောင်းလို့ထင်​တယ်​"
"ဟုတ်​မယ်​...ညကဘုရားမှမကန်​တော့ခဲ့ကြတာကို..."
"အဲ့ကိုရင်​ကခုဆိုဘယ်​နား​နေမလဲ"
က​လေးတစ်​ယောက်​လို သူ​မေးချင်​ရာပဲ​မေး​နေတဲ့ မအား တကယ်​ပင်​အသည်းယား​နေပြီ။ အနီးနားကလူ​တွေ​တော့စစ်​တို့ကိုကြည့်​နေကြသည်​။ မိန်းမပုံစံသိပ်​မထွက်​တဲ့စစ်​ကို​ယောက်ျား​လေးလို့ထင်​နေကြမှာအမှန်​။ ဆိုင်​ကယ်​ဆီ​ရောက်​တော့မကိုအသာချ​ပေးရင်း ဖိနပ်​စီး​ပေးလိုက်​သည်​။
"တစ်​နေရာရာမှာ တရားထိုင်​နေမှာ​ပေါ့...မက​လေးရဲ့....စကားမများနဲ့ ပြန်​ရ​အောင်​မိုးသိပ်​ချုပ်​သွားရင်​မ​ကောင်းဘူး..​နော်​"
"ဟုတ်​ကဲ့​မောင်​စစ်​သွေး"
အသက်​သာကြီး​နေတာ။ ရုပ်​ကိုက​ပြောင်​စပ်​စပ်​နဲ့။
နှစ်​ယောက်​စလုံးမနက်​စာပဲစားရ​သေးတာကို​နေ့လည်​စာလွတ်​နေ​ပေမယ့်​ဗိုက်​ဆာတဲ့အ​ကြောင်းဘယ်​သူမှမဆိုဖြစ်​။
စစ်​အတွက်​တော့နန်းရဲ့အ​မွှေစက်​ကွင်းကလွတ်​ခဲ့တာကိုပဲ ကြံဖန်​ပျော်​နေမိသည်​၊
မနဲ့အတူ ခုလိုသာအပူအပင်​တွေအ​နှောင့်​အယှက်​တွေမရှိပဲငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာ​လေးနဲ့ တကမ္ဘာလုံးပတ်​ပြေးလိုက်​ချင်​သည်​။
.....
Next

ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေ ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေWhere stories live. Discover now