24

438 35 0
                                    

ထင်းရှူး​တောတန်း....​တောင်​တန်းကြီး​တွေနဲ့ ဝိုင်းလို့ကာဆီးထားတဲ့​မော​မြေမြင့်​မှာ...မြူနှင်းများကရီ​ဝေစွာ အုံ့ဆိုင်းလို့​နေတယ်​....​
ပင်​စိမ်းသီး ပိုးထိုး​တောင်​ကြီးသူမ ရ​အောင်​ပိုး...ရ​အောင်​ပိုး​ဟေ့ ရ​အောင်​ပိုး
သ​ပြေပန်းဘုရားမှာလှူ​တောင်​ကြီးသူမ ရ​အောင်​ယူ
I love you ...I love you

​တောင်​တန်းကြားထဲရှိ လမ်း​ပေါ်မှာ​မောင်းနှင်​နေ​သော ဇိမ်ခံကားဖြူ​လေးထဲမှ မိန်းက​လေးအချို့ရဲ့အသံတို့ပျံ့လွှင့်​လို့​နေသည်​။
"မလိုက်​တော့ဘူး ဆိုပြီး ဘယ်​လိုဖြစ်​"
"​အေ့​လေ....သူ့အိမ်​ကသွားဖို့ပြင်​ဆင်​ပေးပြီးသားကို...မလိုက်ချင်​တော့ဘူးဆိုပြီး​ပေကပ်​နေတဲ့သူက အခု​တော့တလမ်းလုံးသူ့အသံချည်းပဲ"
တ​ယောက်​တ​ပေါက်​နဲ့ ကားထဲမှဖွင့်​ထား​သောသီချင်းသံ​တွေကို​ကျော်​လွန်​ကာ​အော်​ပြော​နေကြသည်​။
"အဲ့ဒါ စစ်​ရဲ့စူပါအိုက်​တင်​လေ...ဆန္ဒပြလိုက်​တာ...အရင်​ညကလိုက်​မယ်​ပြင်​နေတာကိုဘာ​လေးညာ​လေးနဲ့လာ​ပြောလို့တမင်​လုပ်​ပြတာ..."
"ဟင့်​မလိုက်​တာလဲမဟုတ်​ပဲက​လေးဆန်​နေတယ်​...ဘာအကျိုးပိုရှိသွားလို့လဲ"
"အမယ်​...ရှိတာ​ပေါ့ နင်​မမြင်​ဘူးလား အ​မေမုန့်​ဖိုး​တွေ​ပေးလိုက်​တာကို"
ဟုတ်​လဲဟုတ်​သည်​။ သွား​ခေါ်​တော့မလိုက်​တော့ဘူးဟုအတင်းငြင်း​နေတဲ့စစ်​ကို အိပ်​ယာ​ပေါ်ကအတင်းဆွဲချပြီးမျက်​နှာသစ်​ပြင်​ဆင်​ခိုင်းရသည်​။ သူ့အ​မေနဲ့မမက​တော့အဝတ်​အိတ်​ကိုကား​ပေါ်လိုက်​တင်​ပေးကာမှာစရာရှိတာမှာ​နေသည်​။ ငနဲမက မလိုက်​ချင်​လိုက်​ချင်​ပုံစံနဲ့အတင်းဆွဲတင်​လို့သာကား​ပေါ်​ရောက်​လာသည့်​ပုံပင်​။
ဘိလပ်​ရေ အမြှပ်​ထ ငါယူမှာက ဓနုမ ဓနုမ​ဟေ့ဓနုမ
ဘိလပ်​ရေချိုချို​လေး ငါယူမှာကအပျို​လေး အပျို​လေး​ဟေ့အပျို​လေး
စကားလဲ​ပြောချင်​သီချင်းလဲလိုက်​အော်​ဆိုချင်​။
စပ်​စလူးယွထ​နေ​သော စစ်​ကိုနန်းကမျက်​စောင်းထိုးရင်း
"ဓနုမကဘယ်​ကရမှာတုန်း..."
"ဟဲ့ခုသွား​နေတာဓနုမဋ္ဌာေ​နလေ..."
"ရလိမ့်​မယ်​အားကြီး...သူတိူ့ကလူမျိုးချင်းတူတဲ့သူကိုပဲယူကြတာ"
"ရှိတယ်​ပါဆို​နေ...ကြည့်​ထား​ပေါ့အဲ့မှာငါရိုပြ​နေမှလာပြီးအားမကျနဲ့"
"ကြည့်​ကြ​သေးတာ​ပေါ့ကွယ်​...ဟင်း ဟင်း"
မိုးရည်​ချိုကလဲ ကား​ရှေ့ခန်းက​နေပြီး​နောက်​သို့စကာစလှည့်​လှည့်​ပြော​နေသည်​။ သူ့အစ်​မဖြစ်​သူမလဲ့ချိုက​တော့ အပျိုကြီးဖြစ်​ပြီးလူကြီးပီပီစကားသိပ်​မ​ပြော။ ကားထဲကသီချင်းကိုလဲက​လေး​တွေအကြိုက်​ဖွင့်​ပေးထား​လေသည်​။ စကားပဲ​ပြောလို့ဆူဆူ သီချင်းလိုက်​အော်​လို့ပဲဆူဆူ သူ့ဟာသူကားကို​အေး​ဆေးညင်​သာစွာ​မောင်းနှင်​နေ​လေသည်​။
တကယ်​က​တောင်​ကြီးနဲ့ပင်းတယကနီးနီး​လေး​ပေမယ့်​နှင်း​တွေပိတ်​နေခဲ့​တော့​ဖြေး​ဖြေးသာသာ​မောင်းရသဖြင့်​ပုံမှန်​ထက်​ပိုပြီးကြာ​နေသည်​။​ဆောင်း​လေက ကားကိုဝင်​တိုး​နေတာ​ကြောင့်​လေနဲ့အတူကျလာတဲ့နှင်းစက်​တွေလဲကားမှန်​မှာစိုရွှဲကုန်​သည်​။
"မလဲ့....စစ်​တို့ ပင်းတယမှာဘယ်​လောက်​ကြာကြာလည်​မလဲ"
ခုမှပဲစ​တွေ့ရုံရှိ​သေး။ စစ်​က​တော့​ပေါင်းသင်းဆက်​ဆံ​ရေးက​တော့ဖြင့်​ဆရာကျ​လောက်​သည်​။ စကား​ပြောလျှင်​လဲဘယ်​သူ့ကိုမဆိုသူစိမ်းမဆန်​နေ။
မလဲနဲ့အဖွဲ့ကျရပြန်​သည်​၊​ဘေးနားကခမ်းအိမ့်​က​တော့ ကား​ပေါ်တက်​ပြီးတည်းကထိုးအိပ်​နေ​တော့တာ။ ဘယ်​သူဘယ်​လောက်​ဆူ​နေ​နေ သူမသိ။
"ပင်းတယကလည်​စရာသိပ်​မရှိဘူး​လေ...​ရွှေဥမှင်​ဂူရယ်​ပုန်းတလုတ်​ကန်​ရယ်​အင်းလျားကန်​ရယ်​ဒါပဲကို"
"တရက်​တည်းလည်​ရမယ်​လား"
"အင်းပ...ပြီးရင်​ရွာငံဆက်​မယ်​....အပြန်​ကျ​အောင်​ပန်းက​လောဖက်​က​နေပြန်​မယ်​လေ"
"ဒါဆို ဒီည ဘယ်​မှာအိပ်​မှာလဲ"
"ရွာငံ​လေ...ဒီမှာလည်​စရာရှိတာလည်​ပြီးရင်​သွားမှာကို"
​ဟေ....မလဲ့​ပြောသလိုဆိုရင်​စစ်​သည်​မနဲ့ဆုံဖို့ရာလမ်းမမြင်​ပြီ။ ဘယ်​လို​ပြောရပါ့မလဲ။ နန်းကိုအကူအညီ​တောင်းရန်​ကြည့်​သော်​လဲ အိပ်​ပျော်​နေရှာသည်​။ စစ်​ဆက်​မ​မေးဖြစ်​တော့မလဲ့လဲဘာမှပြန်​မ​ပြော​တော့။ မိုးက​တော့နှင်း​တွေပိတ်​နေတဲ့လမ်း​ဘေးတစ်​လျှောက်​ကို​ငေးလာရင်းငြိမ်​သက်​နေသည်​။ စစ်​ကားမှန်​လေးနည်းနည်းဟလိုက်​တော့နှင်းစက်​တွေ​အေးခနဲကားထဲ​ပြေးဝင်​လာတာမို့အမြနိပြန်​တင်​လိုက်​ရ​လေသည်​။ မမထည့်​ပေးလိုက်​သော​စောင်​ပါး​လေးကိုတင်း​နေ​အောင်​ပြန်​ခြုံရင်းအကြံထုတ်​နေမိသည်​။
သီချင်း​တွေလဲလိုက်​မ​အော်​ဖြစ်​တော့။ မကြာမှီ ပင်းတယ​ရောက်​တော့မည်​။
မက​တော့ ရှမ်းပြည်​တောင်​ပိုင်းရဲ့အ​အေးဓာတ်​အောက်​မှာဟိုတယ်​က​စောင်​အ​ကောင်းစားနဲ့ဇိမ်​ယူ​နေမှာအမှန်​။
"မလဲ့"
ဘယ်​လို​နေ​နေ မနဲ့ဆုံရမှဖြစ်​မှာမို့အရဲစွန့်​ပြီးခွင့်​တောင်းရန်​တိုးတိုး​လေး​ခေါ်လိုက်​သည်​။
"အင်း....​ပြော​လေ စစ်​"
"စစ်​တို့​လေ....ဒီည ပင်းတယမှာနားလို့ရမလား"
"ဟင်​...ဘာလို့လဲ"
"ဟို​လေ...နားချင်​လို့ ပြီး​တော့ .... ဟို..."
ဘာဆက်​ပြောရမှန်း​တောင်​မသိ​တော့။ အ​ပြေးအလွှား စဉ်းစား​နေစဉ်​မှာပဲ
"ရပါတယ်​...နား​လေ...​အေး​အေး​ဆေး​ဆေးလည်​ရတာ​ပေါ့ကွယ်​...ဒါဆိုရင်​အခုပဲ ပုန်းတလုတ်​ကန်​ဖက်​က ဟိုတယ်​မှာတည်းကြမယ်​အဲ့ကို​မောင်းလိုက်​မယ်​"
"ဘယ်​ဟိုတယ်​လဲ မလဲ့"
"မြစ်​ဖျား​ဇော်​ဂျီ"
....
ချမ်းချမ်းစီးစီးနဲ့ အိပ်​၍​ကောင်း​နေဆဲ​ခေါင်းအုံး​ဘေးက ဖုန်းအသံကစူးရှစွာမြည်​လာ​လေသည်​မို့ အစကမကိူင်​ဘူးဟုဆုံးဖြတ်​ထား​သော်​လဲ အိမ်​ကစိတ်​ပူ၍ဆက်​တာဖြစ်​မည်​စိုး၍ကိုင်​ရန်​ကြည့်​လိုက်​တော့
စစ်​ရဲ့ဖုန်းပင်​။​စောစီးဒီက​လေးဘာလို့​လျှောက်​ခေါ်​နေပါလိမ့်​။ မလာ​တော့ဘူးလို့သူပဲ​ပြောပြီးမှ။
"ဟလို..."
"ဟီး...​မောနင်း...မက​လေး ခုဘယ်​မှာဘာလုပ်​နေလဲ"
​သွေးကသာအိပ်​ချင်​မူးတူးနဲ့ဖြစ်​နေ​ပေမယ့်​စစ်​အသံကထုံးစံအတိူင်းမြူးကြွသွက်​လက်​နေဟန်​။
"အိပ်​နေတာ​ပေါ့ဟ...ပင်းတယမှာ"
အိပ်​ကောင်းခြင်းအိပ်​နေတုန်းအဖျက်​အ​နှောင့်​ဝင်​လာတာ​လောက်​သွေးစိတ်​တိုတာမရှိ။ ဒါမဲ့စစ်​က​တော့​သွေးချစ်​သူမို့လိုသာနည်းနည်း​လျှော့ထားရသည်​။
"ဟုတ်​ဖူး ဘယ်​မှာတည်းလဲလို့...မကလဲ စိတ်​မရှည်​သံကြီးနဲ့ကွာ"
"မြစ်​ဖျား​ဇော်​ဂျီ....မြစ်​ဖျား​ဇော်​ဂျီဟဲ့...ဘာတုန်း...လာမလို့လား..."
"အာ...မကလဲ စစ်​ကကြားပါတယ်​နော်​...မြစ်​ဖျား​ဇော်​ဂျီတဲ့လား....ဘယ်​အခန်းလဲ ... "
​တော်​တော်​လျှာရှည်​တဲ့စစ်​။ ခုပဲသူကလာမလိုလိုနဲ့။ လာမယ်​ဆိုလဲသူ...မလာဘူးဆိုလဲသူ။ ခုမှဘာ​တွေအရူးထတာပါလိမ့်​။
"ဒုတိယထပ်​ရဲ့​ထောင့်​ဆုံးအခန်းသိလား....ပုန်းတလုတ်​ကန်​ကိုတည့်​တည့်​မြင်​နေရတဲ့အခန်း....တကယ်​ပါပဲအိပ်​ချင်​ပါတယ်​ဆို"
"ကဲ...အိပ်​မအိပ်​ကြည့်​ကြ​သေးတာ​ပေါ့..ဟားဟား"
"လာ​နောက်​မ​နေနဲ့...အ​စောကြီးပဲ ပြန်​အိပ်​တော့ "
​ဒေါက်​ဒေါက်​
ဖုန်း​ပြော​နေတုန်း တံခါးကလာ​ခေါက်​နေသည်​။ အခန်းမှား​ခေါက်​တာလားမသိ။ ဟိုဖက်​ကစစ်​လဲဘာမှမ​ပြောပဲငြိမ်​သက်​နေသလို။
"ဟလို...စစ်​"
တဖက်​က စစ်​အသံလဲမကြားရ​တော့။ အ​ရေးထဲက​လေးမကအသံနဲ့​တောင်​အားကိုး​ဖော်​မရ။
​ဒေါက်​ဒေါက်​
​ဟေ...တ​စ္ဆေများ​ခြောက်​သလားမသိ။​တွေးလိုက်​တာနဲ့ကြက်​သီး​တွေပင်​ထလာသလိူရှိသမျှ​မွှေးညင်း​တွေ​ထောင်​တက်​သွားရသည်​။
​တံခါးသံက အဆက်​မပြတ်​ပေါ်ထွက်​လာသည်​။ အခန်းထဲမှာရိုက်​စရာကာကွယ်​စရာဘာပစ္စည်းမှလဲမရှိ။
ဟလို....စစ်​...ကြားရဲ့လားလို့
ဖုန်းလိုင်းပဲမ​ကောင်းသည်​ပဲလား။ သွား​လေရာ​ဆောင်​တတ်​တဲ့ကတ်​ကြေးကိုယူပြီးအိပ်​ယာမှထလိုက်​သည်​။ လူဆိုးဖြစ်​ရင်​ထိုးမှာ။ သရဲဆိုရင်​တော့ဘုရားစာရွတ်​ရုံ​ပေါ့။ ဖုန်းကနာရီကြည့်​လိုက်​တော့ရှစ်​နာရီခွဲ​နေပြီ​လေ။ တံခါးနား​ဖြေး​ဖြေး​လေးကပ်​သွားပြီး အသက်​ကိုအားရပါးရရှူ သွင်းလိုက်​ကာ တံခါးကိုအသာဖွင့်​လိုက်​သည်​။ ပြီး​နောက်​
အပြင်​ကလူရှိမရှိကို​ချောင်းကြည့်​ရန်​ပြင်​ဆဲ ရုတ်​တရက်​နံရံအကွယ်​မှလူတစ်​ယောက်​ထွက်​လာကာ​သွေးရဲ့ခါးကိုသိုင်းဖက်​လာသည်​။ လန့်​သွား၍ ကတ်​ကြေးနဲ့ထိုးမည်​အပြု
"မက​လေး..."
လွမ်းဆဆနဲ့​ခေါ်လိုက်​သံ​ကြောင့်​လက်​က​လေထဲတွင်​တန့်​သွားသည်​။ သည်​တော့မှ စစ်​မှန်းသိလိုက်​ရသည်​။
"ဟယ်​...စစ်​ဘယ်​လို​ရောက်​လာတာလဲ"
လန့်​၍တုန်​ယင်​နေ​သောစိတ်​ကိုမာန်​တင်းပြီး​မေးလိုက်​သည်​။ စစ်​ရင်​ခွင်​ထဲတကိုယ်​လုံး​ရောက်​နေတာကို လွှတ်​ပေးရန်​တွန်းဖယ်​နေ​ပေမယ့်​စစ်​ကမလွှတ်​သည့်​အပြင်​ပိုမို၍တင်းကျပ်​စွာ​ပွေ့ဖက်​ထား​လေသည်​။
"မရုန်းပါနဲ့ မရယ်​...စစ်​ကမကိုအရမ်းလွမ်း​နေလို့ပါ​နော်​....ခဏ​လေးပဲဒီအတိုင်း​လေး​နေ​ပေးပါ"
တံခါးဖွင့်​လျက်​သား တစ်​ယောက်​နဲ့တစ်​ယောက်​ပွေ့ဖက်​နေမိတာ​ကြောင့်​ဖြတ်​သွားဖြတ်​လာလူ​တွေမြင်​မှာစိုးတာနဲ့​သွေးတံခါးကို ကမန်းကတန်းပိတ်​လိုက်​ရ​လေသည်​။ တင်းကျပ်​စွာဖက်​ထား​သောစစ်​ရင်​ခွင်​ထဲ​နေရတာတစ်​မျိုး​တော့ဖြစ်​နေရသည်​။ မနှစ်​သက်​ဘူးလားဆို​တော့လဲမဟုတ်​။
စိတ်​အိုက်​နေရတာ​တော့အမှန်​ပင်​။ ရင်​ထဲမှာလဲတစ်​ခုခုဟာ​နေသလိုခံစား​နေရသည်​။ ခုဏကလန့်​သွားတာ​ကြောင့်​လဲဖြစ်​နိုင်​သည်​၊ အံ့လဲအံ့သြ​နေသည်​။ မလာ​တော့ဘူးဟု​သေ​သေချာချာ​ပြော​နေခဲ့တဲ့စစ်​ကခုချက်​ချင်းဘယ်​လိုများ​ရောက်​လာပါလိမ့်​။
"လွှတ်​ဦး​လေ....ထိုင်​ပြီး​ပြောရ​အောင်​...​နော်​"
ချစ်​သူရယ်​ဆိုပြီးခုမှအပြင်​မှာ​တွေ့ရတုန်းမလား။ အရင်​က​တွေ့တာ​တွေထက်​တော့ရင်​ခုန်​မှုကပို​နေခဲ့ပါသည်​။
​သွေး​ပြောမှ စစ်​ကမလွှတ်​ချင်​လွှတ်​ချင်​နဲ့သ့းလက်​တွေအသာ​ဖြေ​လျှော့ကာ​သွေးခါးကိုဖက်​ထားလျှက်​သားဖြင့်​ကုတင်​ဆီသို့သွားသည်​။
အတူထိုင်​မိကြရင်း
"​ဖြေနိုင်​ခဲ့လား မက​လေး"
အရင်​ခေါ်​နေကျ မဟုပင်​မဟုတ်​တော့။​နောက်​ကျောကက​လေးဆိုတာပါ ပါ​နေသည်​။
"​ဖြေ​တော့​ဖြေခဲ့တာပါပဲ...​အောင်​ရင်​တော့​ကောင်းတာ​ပေါ့...ဒါနဲ့မလာ​တော့ဘူးဆို ဘယ်​လိုလုပ်​ရောက်​လာတာတုန်း"
"စစ်​မပါပဲ မကိုတစ်​ယောက်​တည်းခရီးထွက်​ခွင့်​ပြုမယ်​ထင်​လို့လား....ပြီး​တော့​လေ...ဒီ​နေ့မှသိလား တိုက်​ဆိုင်​နေချက်​"
"ဘာ​တွေတိုက်​ဆိုင်​နေတာလဲ...ဘာ​နေ့မို့လို့လဲ"
မသိမသာရုန်းဖယ်​နေတဲ့​သွေးလက်​တွေကိုစစ်​က သိသိသာသာဆုပ်​ကိုင်​ကာ တွဲထားတဲ့လက်​တွေကိုကြည့်​လိုက်​သွေးကိုကြည့်​လိုက်​နဲ့ရှိ​နေပြီးမှ
"တိုက်​ဆိုင်​တာ​တော့အများကြီး..ဒါ​ပေမယ့်​အဲ့ဒါကို​တော့မ​ပြော​တော့ဘူး...တစ်​ခု​တော့​ပြောမယ်​...မ ဒိ​နေ့ဘာ​နေ့လဲသိလား"
"ကြာသပ​တေး​နေ့​လေ...ဘာဖြစ်​လို့လဲ"
"ဟင့်​...မကလဲ သိရက်​နဲ့...မကမသိချင်​ဟန်​ဆောင်​ပေမယ့်​စစ်​ပြောပြမယ်​...ဒီ​နေ့ချစ်​သူများ​နေ့​လေ"
ဟုတ်​သားပဲ။ ဒီ​နေ့ သူများအတွဲ​တွေ​လျှောက်​လည်​ကြတဲ့​ဖေ​ဖော်​ဝါရီ ဆယ့်​လေးရက်​နေ့။ နှစ်​များစွာ သာမာန်​နေ့​တွေလဲပဲ​မေ့​မေ့​ပျောက်​ပျောက်​ဖြတ်​သန်း​နေခဲ့ရတဲ့​သွေးတစ်​ယောက်​အတွက်​ခုမှအထူးအဆန်းဖြစ်​လို့​နေသည်​။
"အပို​တွေပါ....မအတွက်​တော့ ပုံမှန်​နေ့လိုပါပဲ...မထူးဆန်း​နေဘူး"
​သွေး ပြန်​ပြောလိုက်​တဲ့စကား​ကြောင့်​ရွှင်​ပျ​နေတဲ့ စစ်​မျက်​နှာ​လေးအနည်းငယ်​ညိုးကျသွားသည်​ကိုမြင်​လိုက်​ရသည်​။ သို့​သော်​တစ်​ခဏမျှသာ။ ချက်​ချင်းအပြုံးရိပ်​ဖန်​တီးကာ​ပြေ​လျော့လုနီးနီးဆုပ်​ထားတဲ့လက်​တစ်​ဖက်​ကိုနှစ်​ဖက်​အုပ်​မိုးရင်းမှ
"စစ်​အတွက်​တော့ ထူးတယ်​မရဲ့....စစ်​ကမကိုသိပ်​ချစ်​တာ​ကြောင့်​ကံတရားက ဒီလို​နေ့မျိုးမှာမနဲ့အတူဆုံခွင့်​ကို​ပေးသနားလိုက်​တာ​လေ...မဟုတ်​ရင်​စစ်​ကောမ​ကောက ချစ်​သူ​တွေ​ပျော်​မြူးကြတဲ့အချိန်​မှာ တစ်​ယောက်​တစ်​နေရာစီမှာဖြစ်​နေကြမှာ...မ​တော့မသိဘူး...မအတွက်​တော့ သာမာန်​ပဲဆိုပြီး ဖြတ်​သန်းလို့ရ​ပေမယ့်​ဒီ​နေ့​တွေဆိုဆိုင်​မှာအတွဲ​လေး​တွေသိပ်​ပြီးလာတတ်​ကြတာ....​ကောင်​မ​လေးအလိုဆန္ဒအရ ပစ္စည်း​တွေလာဝယ်​ပေးတတ်​ကြတာ...အလှအပပစ္စည်းဆိုတာမိန်းက​လေးတိုင်းအတွက်​သည်း​ခြေကြိုက်​ပဲ​လေမရဲ့...သူများချစ်​သူ​တွေအတွက်​စစ်​ကလှလှပပ​လေးဖြစ်​အောင်​ထုတ်​ပိုး​ပေး​နေကျ...စစ်​မှာချစ်​သူရှိ​ပေမယ့်​ပေးလို့လဲမရတဲ့အ​ခြေအ​နေမျိုးမှာခုလိုလာ​တွေ့ရ​တော့သိပ်​ပျော်​နေတာ​ပေါ့"
ချစ်​ရိပ်​တွေလွှမ်းခြုံ​နေတဲ့ အကြင်​နာမျက်​ဝန်း​တွေနဲ့​သွေးကိုငုံ့မိုးကြည့်​လာသည်​။ က​လေးကတမြတ်​တနိုးနဲ့တန်​ဖိုးထားတတ်​လေသ​လောက်​သူ့​ရှေ့မှာပဲဒီ​နေ့ကိုအပို​တွေဟု​ပြောလိုက်​မိတဲ့အတွက်​စိတ်​မ​ကောင်းဖြစ့​နေရသည်​။ စစ်​ရဲ့မျက်​ဝန်း​တွေကိုရင်​မဆိုင်​နိုင်​ပဲ အကြည့်​လွှဲပစ်​ရသည်​။
"စစ်​က ဒိကိုဘယ်​သူနဲ့လာတာလဲ"
​တောင်းပန်​စကားဆိုသင့်​တဲ့အချိန်​မှာ ဆွံ့အ​နေတဲ့ပါးစပ်​က တခြားစကားသွားဆိုမိသည်​။ စစ်​တော့ဘယ်​လိုထင်​သွားသည်​မသိ။ သူအ​ရေးတကြီးချစ်​ရေးဆို​နေသ​လောက်​သွေး​အေးတဲ့​သွေးကိုအာစမလိုအားမရနဲ့စိတ်​ကုန်​သွား​လေသလားမ​ပြောတတ်​။​ထွေးဆုပ်​ထားတဲ့​သွေးလက်​ကိုအသာ​ဖြေ​လျှော့ကာလွှတ်​လိုက်​သည်​။ ပြီး ထိုင်​ရာမှထကာလိုက်​ကာစ​တွေကိုဖယ်​ရှားလိုက်​သည်​။
"သူငယ်​ချင်း​တွေနဲ့ပါ...နန်းလဲပါတယ်​....မ ချစ်​တဲ့ပုန်းတလုတ်​ကန်​ကြီးကိုမြင်​နေရတယ်​နော်​..."
ခါး​ကျော့ဆန့်​ရင်း​ဆောင်းထားတဲ့ ဟူဒီအင်္ကျီမှ​ခေါင်းစွပ်​ကိုချွတ်​ချလိုက်​သည်​။ ပြီး​သွေးဖက်​သို့လဲလှည့်​မကြည့်​။ ပြတင်းအပြင်​သို့​ငေး​မောကာအကြာကြီးရပ်​နေ​လေသည်​။​သွေးလဲ ဘာစကားဆိုရမလဲမသိ။ စစ်​ဖက်​ကလဲငြိမ်​သက်​နေသည်​။
"စစ်​....စိတ်​ဆိုးသွားတာလားဟင်​"
မဝံ့မရဲ ဆိုလိုက်​စဉ်​စစ်​မ​ဖြေ။ အ​ငေးလွန်​နေတာလားဆိုပြီး​သွေးထိုင်​ရာမှထကာ စစ်​နောက်​ကျောမှ​နေ၍ ပုခုံးတစ်​ဖက်​ကို​သွေးဖက်​ဆွဲလှည့်​လိုက်​စဉ်​
"အို...က​လေး"
မြင်​လိုက်​ရ​သော မြင်​ကွင်း​ကြောင့်​သွေး​ခြောက်​ခြားသွားရသည်​၊
"ငို​နေတယ်​...ဘာလို့ငို​နေတာလဲဟင်​...မ စကား​ပြော်မတတ်​လို့ငိုတာလား"
မှန်​သည်​။ ခဏက ပြုံးရွှင်​နေ​သောနှုတ်​ခမ်းပါးနဲ့အကြင်​နာရိပ်​တို့ပြည့်​လျှံ​နေတဲ့မျက်​ဝန်းဝတို့မှာ မြစ်​နှစ်​စင်းဖြစ်​ပေါ်​နေသလို ပါးနီနီ​လေးထက်​ဝယ်​စိုလို့ကာရွှဲ​နေ​ပေသည်​။​သွေး​ကြောင့်​မျက်​ရည်​ကျတာဖြစ်​၍​သွေးရင်​ထဲပြင်းလှစွာ​သောထိတ်​လန့်​မှု​တွေဖြစ်​ပေါ်​နေသည်​။ ဘယ်​လိုလုပ်​ပေးရမည်​လဲမသိ။သည်​အတိုင်း စစ်​ပုခုံးကိုကိုင်​လျက်​သား။​နောက်​မှအသိဝင်​လာ​တော့ စစ်​မျက်​ရည်​တွေကိုသုတ်​ပေးရန်​လက်​ရွယ်​လိုက်​စဉ်​စစ်​က ဖယ်​ချရင်း
"​ရေကန်​ကြီးက လွမ်းစရာဒဏ္ဍာရီ​ကြောင့်​ထင်​တယ်​....ရင်​ဘတ်​ထဲကစူးပြ်ိးနာကျင်​လာသလိုခံစားရလိူ့မျက်​ရည်​ပါကျသွား​စေ​တော့တာပါပဲ...ဟားဟား"
ဟု သူ့ဟာသူ​ပြောပြီး လက်​မောင်းအင်္ကျီစဖြင့်​မျက်​ရည်​တွေကိုသုတ်​လိုက်​သည်​။
"စစ်​...အ...အဆင်​ပြေရဲ့လား"
"​ပြေပါတယ်​မရဲ့...​အေး​ဆေးပါ....မ ဘယ်​တွေလည်​ပြီးပြီလဲ..."
"မ​နေ့ည​နေကမှ​ရောက်​တာ​လေ...ဘယ်​မှမသွားရ​သေးဘူး....မ​နေ့ကညစာ​တောင်​မစားရ​သေးဘူး"
"ဟုတ်​လား...ဆာ​နေ​ရော့​ပေါ့...လာ သွားဝယ်​စားဖို့ဆိုင်​ရှာရ​အောင်​"
"ဟာ...မဆာ​သေးဘူး...ပင်းတယ​ရောက်​နေတယ်​ဆိုတဲ့အသိနဲ့ရင်​ထဲမှာကြည်​နူးမှု​တွေပြည့်​နေပါပြီ"
နှင်းမှုံကြားမှာ ငြိမ်​သက်​နေတဲ့ကန်​ရေပြင်​ကိုကြည့်​ရင်း​သွေး​ပြောလိုက်​သည်​။
မှား​နေလိုက်​စမ်း....စစ်​နဲ့အတူရှိခွင့်​ရလို့စားစရာမလို​အောင်​ရင်​မှာအရသာ​တွေပြည့်​ဝ​နေပါပြီလို့....​သွေး နင်​ဘာဖြစ်​နေတာလဲ....ချစ်​နေတာကိုချစ်​နေ​ကြောင်းပြသဖို့နင်​သတ္တိ​တွေရှိမ​နေ​သေးပါလား...
"စစ်​က​တော့ မနဲ့​တွေ့ရတာကိုပဲဝမ်းသာစရာရှိတယ်​...ဘာလို့ဆိုစစ်​ကမလိုသက်​မဲ့အရာ​တွေမချစ်​တတ်​ဘူး...သိလား...တ​လောကလုံးမှာ စစ်​ရဲ့မသိစိတ်​သိစိတ်​ကိုအနိုင်​ယူအပိုင်​သိမ်းထားသူက မတစ်​ယောက်​တည်းပဲဖြစ်​နေခဲ့လို့"
ဒီက​လေး​တောင်​ချစ်​ခြင်းကိုထုတ်​ပြဖို့ အဲ့​လောက်​သတ္တိရှိ​နေခဲ့တာကို​သွေးကဘာမို့လို့လဲ။
"ခဏ​လေး​နော်​...စစ်​...မ မျက်​နှာသွားသစ်​လိုက်​ဦးမယ်​"
​ပြောပြီးလစ်​ထွက်​ခဲ့ရသည်​.။ မျက်​နှာသစ်​ရင်းမှန်​သို့ကြည့်​မိစဉ်​မပြတ်​မသားစိတ်​နဲ့​ဝေဝါးဆဲဖြစ်​နေ​သောမျက်​လုံးအစုံ​ကြောင့်​ကိုယ့်​ကိုကိုယ်​သ​ဘောမကျဖြစ်​နေရသည်​။ အမှန်​ဆိုရရင်​သွေးနဲ့စစ်​ကဒီအချိန်​မှာချစ်​သူ​တွေ​လေ။​သွေး ဒီကို​ရောက်​နေခဲ့လို့စစ်​ကဘယ်​လိုနည်း​တွေနဲ့အိမ်​ကထွက်​ပြီး​ကိုယ့်​ဆီ​ရောက်​လာတာလဲမသိ။​ရေချိုးခန်းထဲတွင်​မျက်​နှာသစ်​သွားတိုက်​နေတာနာရီဝက်​လောက်​ကြာသွားသည်​။
အပြင်​ပြန်​ထွက်​တော့ စစ်​က ကုတင်​ပေါ်က​စောင်​အောက်​ထဲ​ရောက်​နေ​လေပြီ၊​သွေးလာတာမြင်​တော့
"ဒီ​လောက်​အေးတာကို အကြာကြီး​ရေကိုင်​နေတာလား မရဲ့"
"မဟုတ်​ပါဘူး မ အ​လေးသွား​နေလို့....စစ်​အေးလို့လား...."
"​အေးတာ​ပေါ့ မရဲ့..ခုဏ​လေးတင်​မှ​ရောက်​လာတာဆို​တော့ပိုဆိုး...လာ မ စစ်​ဘေးနားလာအိပ်​လေ"
"စစ်​သူငယ်​ချင်း​တွေလိုက်​ရှာ​နေဦးမယ်​ကွယ်​"
"မရှာပါဘူး...သူတို့ပြန်​အိပ်​နေ​လောက်​ပြီ...စစ်​က အနီးနားလမ်း​လျှောက်​ထွက်​ဦးမယ်​ဆိုပြီးထွက်​လာတာ...​လျှောက်​လည်​တာက​နေပွင့်​မှဆို​တော့​အေး​ဆေး​လေ"
မျက်​နှာ​ရေသုတ်​ပြီး စစ်​အလိုကျ သူ့ရဲ့​ဘေးသို့​သွေးဝင်​လှဲ​တော့အလိုက်​တသိ​စောင်​လေးခြုံ​ပေးသည်​။ ပြီး​တော့​သွေး​ခေါင်း​အောက်​သို့သူ့လက်​တစ်​ဖက်​လျှိုသွင်းလာသည်​။ စစ်​အလိုကျ စစ်​လက်​ပေါ်ဘာမှမ​ပြောပဲအိပ်​နေလိုက်​သည်​။
"မကို စစ်​အရမ်းချစ်​တယ်​သိလား...မနဲ့​တွေ့ရ​တော့မယ်​ဆိုပြီးတအား​ပျော်​နေတာ...အစကကြိုပြီးလာ​တော့မလို့ပဲ...ရက်​က​လေးနည်းနည်းပြန်​နောက်​ဆုတ်​သွားလို့..ဒီ​နေ့​တောင်​အချိန်​မှီက​လေးပဲ"
"ဟုတ်​ပါပြီ...ခု​တွေ့ရ​တော့​ပျော်​နေတယ်​မလား...အရမ်း​အေး​နေရင်​ခဏအိပ်​လိုက်​လေ...​နေထွက်​ရင်​မကနှိုး​ပေးမှာ​ပေါ့...ဟုတ်​ပြီလား"
"ဟုတ်​...မ...ခုမှပဲ စစ်​ဘဝကြီးသာယာ​တော့တယ်​...အိပ်​ပြီ​နော်​စစ်​နိုးလာရင်​မ မျက်​နှာပဲမြင်​ချင်​တယ်​"
"မ ဘယ်​မှထမသွားပါဘူး..​အေး​ဆေးသာအိပ်​...မက ဇာတ်​ကားကြည့်​မလို့...အိပ်​အိပ်​"
အိပ်​ဆိုပြီး​သွေးကစစ်​ကို​ကျောခိုင်းလိုက်​သည်​။ ခါး​ပေါ်သို့စစ်​လက်​တစ်​ဖက်​လာတင်​သည်​ကို​တော့ဖယ်​မချပစ်​ခဲ့။ စစ်​ကပိုတိုး၍ဖက်​ပြီး အိပ်​သွားခဲ့သည်​။​ကျောခိုင်းရခြင်းမှာ​သွေးဇာတ်​လမ်းကြည့်​လျှင်​စစ်​အ​နှောင့်​အယှက်​ဖြစ်​မှာစိုး၍ပင်
။​သွေးဇာတ်​လမ်း​ကြည့်​တာငါးမိနစ်​တောင်​မပြည့်​သေး စစ်​ကအသက်​ရှူသံမှန်​မှန်​ဖြင့်​အိပ်​ပျော်​နေ​လေပြီ။
ချစ်​လိုက်​တာ စစ်​ရယ်​....မ သာ​ခေါ်ရင်​စစ်​က​လေးကဘယ်​နေရာမဆိုမ​ရောက်​ရောက်​အောင်​ကိုလာခဲ့တာ​နော်​....စစ်​ပြော​စေချင်​တဲ့စကား​တွေကို ခုလိုအပြင်​မှာ​ပြောပြချင်​ပါတယ်​...ဒါ​ပေမယ့်​မ ဘယ်​လိုမှ​ပြောလို့မထွက်​ဘူးကွယ်​...​ပြောမယ်​လို့ရည်​ရွယ်​တိုင်း​ပြောချင်​တာကတစ်​ခြား ထွက်​လာတာကတစ်​ခြားဖြစ်​နေတာ​ကော...
ဇာတ်​လမ်း​ကိုသာဖွင့်​ထား​ပေမယ့်​မကြည့်​ဖြစ်​။​သွေးခါး​ပေါ်​ရောက်​နေတဲ့ စစ်​ရဲ့လက်​က​လေးကိုအသာတို့ထိကြည့်​မိသည်​၊ နူးညံ့အိစက်​နေတဲ့အပြင်​အေးလဲတအား​အေးစက့​နေသည်​မို့​သွေးထက်​ဖြင့်​အုပ်​ကိုင်​ကာ အာ​ငွေ့​ပေး​နေ​မိသည်​။​သွေး​ကြောစိမ်း​လေး​တွေသွယ်​ယှက်​နေ​တာကိုလဲ အတိုင်းသားမြင်​နေရတဲ့စစ်​လက်​က​လေး​တွေဟာဆိုရင်​ဖြင့်​သွေးအတွက်​အနုပညာဆန်​လွန်း​နေသည်​။ ညာလက်​မို့လို့လားမသိ။ လက်​မ နဲ့ လက်​ညိုး​အောက်​ခြေတို့တွင်​အသားမာတက်​ချင်​နေသလိုနည်းနည်းမာတာတာကြီးဖြစ်​နေ​လေသည်​။​နေ့စဉ်​ရက်​ဆက်​ကတ်​ကျေး​တွေကိုင်​ပြီး ဆံပင်​ညှပ်​ပေး​နေရလို့ထင်​သည်​။
သိပ်​မကြာခင်​မှာပဲ​နေ​ရောင်​က​ပေါ်ထွက်​လာသဖြင့်​
သွးသည်​စစ်​ကိုမနှိုးရက်​ပေမယ့်​နှိုးရ​တော့သည်​။ မဟုတ်​ရင်​လဲသူ့သူငယ်​ချင်း​တွေကလာရှာ​တော့မည်​လေ။
"စစ်​...က​လေးမ...​နေထွက်​လာပြီ"
အအိပ်​ဆတ်​လှတဲ့ စစ်​ချက်​ချင်းမျက်​စိပွင့်​လာတာနဲ့​သွေးလဲထထိုင်​လိုက်​သည်​။ စစ်​လဲအတူထိုင်​ပြီး
"အိပ်​ရေးမဝသလိုပဲ..သိလား..မ.."
"မကအိပ်​စေချင်​ပါတယ်​...​တော်​နေကြာစစ်​သူငယ်​ချင်း​တွေလိုက်​ရှာ​နေမှာစိုးလို့​လေ..."
"သူတို့အိပ်​နေကြတာထင်​တယ်​...စစ်​အတွက်​အခန်းမရှိဘူး သိလား သည်​အတိုင်းနှစ်​ယောက်​ခန်းမှာ အပိုကုတင်​ထိုးခိုင်းပြီး​နေရမှာ"
"ဪ...မဆီလာအိပ်​ပေါ့...ကုတင်​ကအကျယ်​ကြိး​လေ"
မ ဆီလာအိပ်​ဆိုတဲ့စကားကို​ပြောပြီးမှ ပြန်​တွေးမိ​တော့​သွေးရှက်​ရပြန်​သည်​။ စစ်​က​တော့မျက်​နှာ​လေးဝင်းပသွားကာ
"တကယ်​လား...မ...ဒါဆို စစ်​မဆီလာအိပ်​မယ်​နော်​..ဒါနဲ့မကဘယ်​နှစ်​ည​တောင်​နေမှာလဲ"
"နှစ်​ည​ပေါ့..ဒီ​နေ့လည်​လို့စုံသွားရင်​မကပြန်​မှာ​လေမနက်​ဖြန်​ဆို"
"ဟုတ်​လား...က​လော​တွေ​ကောမလည်​တော့ဘူးလား"
ပါလာတာကမှနည်းနည်း​လေးနဲ့ ပင်းတယတစ်​နေရာလည်​ရလျှင်​ပဲကံ​ကောင်း။ ဘယ်​လိုလုပ်​က​လောသွားနိုင်​ရ​တော့မတုန်း​လေ။ လည်​တော့လည်​ချင်​သား။​ရောက်​တုန်း​ရောက်​ခိုက်​မို့လို့။
"မလည်​တော့ပါဘူး....မ ပိုက်​ဆံအများကြီးမပါဘူးရယ်​...မ တကယ်​လာချင်​တာကဂူနဲ့ကန်​နဲ့ကို"
"အဲ့ဒါများ မရာ စစ်​တစ်​ယောက်​လုံးရှိပါတယ်​နော်​....စစ်​ကမ စိတ်​ထဲညွှန်​ရာကိုလိုက်​ပို့​ပေးမှာ"
"မဟုတ်​တာ...စစ်​ကသပ်​သပ်​လာသူပဲ...ဘယ်​ကမနဲ့အတူလည်​ရမှာလဲ...ခုဆုံ​နေရပြီကို "
အိပ်​ယာ​ပေါ်မှထပြီး အိတ်​ထဲက​ခေါင်းဖီးကိုယူကာဆံပင်​သန့်​ရှင်းလိုက်​သည်​။ ဆံပင်​ရှည်​တို့ကိုခပ်​မြှောက်​မြှောက်​လေးစည်း​နှောင်​လိုက်​သည်​။ ဒီ​နေ့ မဖြစ်​ဖြစ်​အောင်​ဈေးထဲသွားပြီးကယ်​ရီရှာရမည်​လေ။​နောက်​ကျ​နေ၍မဖြစ်​။
"မဟုတ်​ဖူး.. .စစ်​ကိုက မ သွား​လေရာကိုလိုက်​ချင်​လို့ကိုလာခဲ့တာ..အဝတ်​အစား​နောက်​မှလဲ​နော်​ခဏလိုက်​ခဲ့"
လဲရန်​ပြင်​နေသည့်​အဝတ်​အချို့ကို စစ်​က​သွေးလက်​ထဲမှယူပြီးကုတင်​ပေါ်ပြန်​တင်​လိုက်​သည်​။ပြီး​တော့ပခန်းပြင်​သို့​သွေးလက်​ကိုဆွဲ၍ ထွက်​လာသည်​။ တတိယအထက်​သို့​ရောက်​တော့အခန်းတစ်​ခု​ရှေ့တွင်​ရပ်​ပြီးတံခါး​ခေါက်​လိုက်​သည်​။
​ဒေါက်​ဒေါက်​
တံခါးလာဖွင့်​တော့​သွေး လက်​ကိုရုန်းလိုက်​ပေမယ့်​စစ်​ကမလွှတ်​။
"မမစစ်​ဘယ်​တွေ​လျှောက်​သွား​နေ...အဲ.....ဟိုရဲ့ မ​သွေး"
တံခါးလာဖွင့်​တဲ့နန်းက​သွေးကိုမြင်​တော့ အံသြ​နေသည်​။ အခန်းထဲကလူ​တွေရဲ့အကြည့်​ကလဲ​သွေးတို့နှစ်​ယောက်​ဆီမှာ။​သွေး​နေရခက်​နေစဉ်​
"မ​ပြောခဲ့ဘူးလား အတွဲ​လေးနဲ့ပါဆိုမှ...လာ....မ .. မိတ်​ဆက်​ပေးရဦးမယ်​"
ဟု ဆိုကာ​သွေးလက်​ကိုမလွှတ်​တမ်းဆွဲပြီး တစ်​ယောက်​မကျန်​မိတ်​ဆက်​ပေး​လေသည်​။​သွေးနဲ့စစ်​တွဲလျှက်​တွေ့ရသည်​ကိုအံ့သြ​နေကြရုံမှလွဲပြီး မိန်းက​လေးချင်းချစ်​သူဖြစ်​နေတာကိုကျ သာမာန်​ဖြစ်​နေတဲ့ပုံစံလိုသာ။ ဒီလိုကျ​တော့​သွေးစိတ်​အေးသွားရသည်​။
တစ်​ယောက်​တစ်​ခွန်းဖြင့်​စကားဝိုင်းတစ်​ခုတွင်​ရင်းနှီးသွားပြီးတာနဲ့ မလဲ့ဆိုသူက
"ကဲ....ဒီကညီမ​သွေးလဲ လည်​ဖို့အဆင်​ပြေသွားတာ​ပေါ့....ပြင်​ကြ​တော့....​ရွှေဥမင်​ဖက်​သွားကြရ​အောင်​"
ဟု ဆို​တော့​သွေးကအားနာသဖြင့်​
"အားနာစရာကြီး....​သွေးကသပ်​သပ်​သွားပါ့မယ်​..အဲ့​ရောက်​မှဆုံတာ​ပေါ့...​အေး​ဆေးလည်​ကြပါ"
"ဟာ..မ ဘယ်​လိုဖြစ်​နေတာလဲ...ဒီမှာကားနဲ့အဆင်​ပြေ​နေတာကို ဘာလို့ခွဲထွက်​ချင်​နေတာလဲ"
စစ်​နဲ့​သွေး ငြင်း​နေကြတာကို ခမ်းအိမ့်​နဲ့နန်းက​တော့အလှပြင်​နေတာနဲ့ပဲ ဝင်​မ​ပြောဖြစ်​ပေမယ့်​မိုးရည်​ချိုက​တော့
"ဟုတ်​သားပဲ...အတူတူမလာ​ပေမယ့်​လည်​လို့ရပါတယ်​....ပြီးရင်​ကားကလဲအကျယ်​ကြီးပါ​နော်​....စိတ်​မပူပါနဲ့...."
မိုးစကားကို မလဲ့ကလဲ​ထောက်​ခံကာ
"့အားနာစရာမလိုဘူး...စစ်​က မလဲ့တို့နဲ့မိတ်​ဆွေဆိုရင်​သွေးကလဲပဲ မလဲ့တို့မိတ်​ဆွေ​ပေါ့....ဘာမှမဝံမရဲမဖြစ်​နဲ့...မလဲ့ကလွဲရင်​ကျန်​တာလူငယ်​တွေချည်းပဲ....လွတ်​လွတ်​လပ်​လပ်​နေကြ...မလဲ့ကနားလည်​ပြီးသား...ကဲအဝတ်​လဲမယ်​ဆိုသွားလဲ​တော့....ဟုတ်​ပြီလား"
လူကြီးကိုယ်​တိုင်​က​ပြောလာ​တော့လည်း​သွေး ငြင်းမ​နေရဲ​တော့။ အား​တော့နာတာကနာတာ​ပါပဲ။ သို့​သော်​လဲ ဒီနယ်​အ​ကြောင်းကမသိ​လေတာမို့ လည်​ရပြုရခက်​ခဲမည်​စိုးသည်​ကတစ်​ကြောင်း​ကြောင့်​စစ်​တို့နဲ့ပဲ လိုက်​ရန်​ဆုံးဖြတ်​လိုက်​သည်​။ ဤသို့ဖြင့်​........
...
ရှမ်းပြည်​နယ်​တောင်​ပိုင်းရဲ့ သမိုင်းဝင်​အ​မွေအနှစ်​တစ်​ခုဖြစ်​တဲ့​ရွှေဥမင်​ဂူ သို့​ရောက်​ရှိလာ​လေပြီ။ သိပ်​ရောက်​ဖူးချင်​နေ​သော​သွေးအတွက်​ကားမြင်​မြင်​သမျှ အသစ်​အဆန်းချည်းဖြစ်​လို့​နေသည်​။ ကျန်​တဲ့သူ​တွေက အချင်းချင်း ဓာတ်​ပုံရိုက်​လိုက်​စကား​ပြောလိုက်​နဲ့​ဝေစီလို့​နေသည်​။ မနက်​အ​အေးပိုင်းဆို​တော့ လူသူ​တွေလဲရှင်းလို့​နေသည်​။ နိုင်​ငံခြားခရီးသည်​တွေ တစ်​ယောက်​စနှစ်​ယောက်​စ​တွေ့ရသည်​။​သွေး လက်​ထဲကဖုန်းကိုတစ်​ချက်​မှအနားမ​ပေး။ မြင်​မြင်​သမျှကိုမှတ်​တမ်းယူ​နေသည်​။​ဘေးနားမှ စစ်​က​တော့​သွေးတစ်​မျက်​နှာကိုပဲကြည့်​ပြီး လိုက်​လာ​နေသည်​။ စစ်​လက်​ထဲကဖုန်းလဲမနားတမ်း​သွေးပုံ​တွေအဆက်​မပြတ်​ရိုက်​ယူ​နေသည်​။ မနက်အလင်း​ရောက်​ခဲ့တာ​တောင်​အချမ်းရယ်​ကမ​ပြေ။​သွေးနှင့်​မလဲ့က လွဲပြီး ကျန်​တဲ့သူအကုန်​လုံး ဂျင်း​တွေ ဘွတ်​ဖိနပ်​တွေသိုး​မွှေးဦးထုပ်​တွေနဲ့ပင်​။ ရှမ်းဝတ်​စုံပတ်​ထမီရင်​ဖုံး​လေးနဲ့ အ​ပေါ်က အ​နွေးထည်​ကိုဝတ်​ပြီး​ခြေအိတ်​အနက်​ရောင်​နဲ့ကတ္တီပါဖိနပ်​နက်​လေး ဝတ်​ဆင်​ထားတဲ့ သနပ်​ခါးပါးကွက်​ကြားမ​လေး မက​လေးက နှင်းမှုံခြုံလွှမ်းတဲ့မနက်​ခင်း​လေးမှာ သဘာဝတရားအလှ​တွေနဲ့အပြိုင်​လှ​နေပါ​တော့သည်​။
​လှေကားက​နေတက်​ပြီး​တောင်​အောက်​သို့လှမ်းလှမ်း​မျှော်​ကြည့်​ရတဲ့အရသာကို​သွေးကနှစ်​သက်​သလို အ​ဆွေးရိပ်​တွေမျက်​လုံးမှာထင်​ဟပ်​ပြီး ရင်​ထဲက​ပျော်​ရွှင်​မှု​တွေနှုတ်​ခမ်းမှာအပြုံးပန်းတို့နဲ့ပုံ​ဖော်​နေတတ်​တဲ့​သွေးကို​ငေး​နေရတဲ့အရသာကို စစ်​ကပိုကြိုက်​သည်​။ အရိပ်​တကြည့်​ကြည့်​ရှိ​နေတဲ့ စစ်​အားကျန်​သူ​တွေအမြင်​ကပ်​၍လားမသိ။ နန်းကဆိုလျှင်​ဖြင့်​
"မျက်​စိ​တွေ​နောက်​တယ်​ဟေ့....မြန်​မြန်​သွားကြရအောင်​မမိုးတို့"
ဟုဆိုပြီး ခပ်​မြန်​မြန်​လေး​လှေကားထစ်​တွေနင်းဖြတ်​
အကုန်​လုံး​ကျော်​တက်​ကုန်​ကာ​လျှောက်​ငေး​နေတဲ့​သွေးနဲ့စစ်​ပဲ​နောက်​ဝယ်​ကျန်​ရစ်​တော့သည်​၊
ဖုန်း​လေးနဲ့အလုပ်​ရှုပ်​နေသည့်​အပြင်​ကတ္တီပါဖိနပ်​လေးကို ကိုင်​ထားသည်​မှာလဲစိတ်​ရှုပ်​နေရဟန်​။ ထို့​ကြောင့်​
"မက​လေး....ပင်​ပန်းလား​မောလား"
"ဟင့်​အင်း....မ​မောပါဘူး​ပျော်​ဖို့​တောင်​ကောင်း​နေ​သေးတာ"
"မ ဟိုမှာ မ ချစ်​တဲ့ပုန်းတလုတ်​ကန်​ကြီး​လေ....မြင်​ရလား​နေ​ရောင်​ကမွန်းတည့်​လောက်​မှ​ကောင်း​ကောင်း​ပေါက်​မှာဆို​တော့ နှင်း​တွေ​ဝေ​နေ​သေးတယ်​"
"မ ပုံရိုက်​ဦးမယ်​...ဒီလိုလဲတမျိုးလှ​နေတာပါပဲကွယ်​"
ပုံရိုက်​မည်​ဆို​တော့ ဖိနပ်​လေးချလိုက်​သည်​။ စစ်​မ ဖိနပ်​လေးကိုအသာယူရင်း စစ်​ရဲ့ဘွတ်​ဖိနပ်​ထည့်​ထားတဲ့ ကျွတ်​ကျွတ်​အိတ်​အနက်​ရောင်​ထဲသို့​ပေါင်းထည့်​လိုက်​သည်​။ မက ပုံရိုက်​ပြီးဖိနပ်​ယူရန်​ကြည့်​တော့
"ဟင်​...ဖိနပ်​"
ဟိုဟိုသည်​သည်​လိုက်​ကြည့်​နေစဉ်​စစ်​က အိတ်​ကို​မြှောက်​ပြပြီး
"ဒီထဲမှာ...မရဲ့"
"ဟယ်​ငရဲ​တွေကြီး​တော့မယ်​ကွယ်​....မ ကိုင်​လို့ရပါတယ်​"
မက အားနာစွာဖြင့်​ဖိနပ်​ယူရန်​လက်​လှမ်းလာသည်​ကို စစ်​က ကိုင်​ဆုပ်​ရင်း
"ကြီးစရာလား .... စစ်​ကမထက်​အများကြီးငယ်​တာကို​လေ....အားနာစရာမလို​ဘူး​နော်​....စစ်​က ကိုင်​ထား​ပေး​တော့ မက​အေး​ဆေးပုံရိုက်​လို့ရတာ​ပေါ့...မ တအားကိုင်​ချင်​ရင်​စစ်​လက်​ကိုပဲကိုင်​သိလား..လာ"
မ နှုတ်​ခမ်းက ငြင်းဆိုချင်​ဟန်​ရှိမယ့်​ပုံကို စစ်​မသိချင်​ယောင်​ဆောင်​ကာ မ လက်​ကိုင်​ပြီး​အ​ပေါ်ဆင်​တက်​တော့သည်​။ ဒီတစ်​ခါ​တော့ဘယ်​သူမှမရှိ​တော့၍လားမသိ။ ကိုင်​ထား​သောစစ်​လက်​ထဲက မရုန်း​တော့။ သို့​သော်​စကားကတိတ်​ဆိတ်​နေသည်​။ မက အပြင်​မှာဆိုစကားသိပ်​ပြောသူမဟုတ်​။ မဟုတ်​ဖူး...​ပြောကိုမ​ပြောတာပါ။
"မ​ရေ....ဟိုရဲ့ပင့်​ကူကြီးက ဒီဂူနဲ့ဘာဆိုင်​လို့လဲဟင်​....တစ်​ခြားဘုရားမှာ​တွေလို ဘာလို့ခြ​င်္သေ့တို့ နဂါးတို့ကိုမထားတာလဲ"
​တောင်​လယ်​လတ်​မှာ မြင်​နေရတဲ့ ပင့်​ကူ နက်​ကြီး ကိုထိုးပြရင်း​ပြော​တော့​သွေးကပါးချိုင့်​လေးတစ်​ဖက်​ခွက်​ဝင်​နေ​အောင်​ပြုံး​လေသည်​။
"​တောင်​ပိုင်းရှမ်းပြည်​မှာ​နေပြီး ဒါ​လေး​တောင်​မသိတာလား"
"စစ်​အဲ့လို​တွေမှမသိတာ....စစ်​သိတာက ဆံပင်​ဘယ်​လိုအသစ်​အဆန်းထွင်​ပြီးညှပ်​ရမလဲဆိုတာရယ်​....မကို ဘယ်​လိုတိုးပြီးချစ်​ရမလဲ မနဲ့​နေတဲ့အခါဆိုပြီးပဲ အမြဲ​တွေး​နေတဲ့သူပါ"
ခပ်​ပြုံးပြုံးဖြင့်​မကိုငုံ့မိုးကြည့်​ပြီး​ပြောလိုက်​တော့ အ​အေးဒဏ်​ကြောင့်​နီရဲ​နေတဲ့ မ ပါးပြင်​လေးပိုပြီးနီရဲသွားသ​ယောင်​။ စစ်​ရဲ့ လက်​မောင်းကို ခပ်​ဖွဖွ​လေးဆွဲဆိတ်​လိုက်​လေသည်​။
"မ​ပြောပြမယ်​....ဟိုးအရင်​က​ငွေ​တောင်​ပြည်​မှာ နတ်​သမီးခုနှစ်​ဖော်​ဆိုတာရှိတယ်​....အဲ့ နတ်​သမီး​တွေက ဒီပုန်းတလုတ်​ကန်​မှာ​ရေ လာချိုးကြသတဲ့....တ​နေ့​တော့​ရေချိုးလာကြရင်း မိုးရွာ​တော့ ဂူထဲမှာမိုးခိုကြရင်း​နေတုန်း ပင့်​ကူကြီးတစ်​ကောင်​ရောက်​လာပြီး ဂူအဝကိုသူ့အမျှင်​တွေနဲ့ပိတ်​ထားလိုက်​သတဲ့....အထဲကနတ်​သမီး​တွေအပြင်​ထွက်​မရပိတ်​မိ​နေတုန်း သုဓနုဆိုတဲ့ လူတစ်​ယောက်​ရောက်​လာပြီး ပင့်​ကူကြီးကိုပစ်​သတ်​လိုက်​သတဲ့....အဲ့တုန်းက အခုမတို့သွားမယ့်​ဂူက နတ်​သမီး​တွေမိုးခိုခဲ့တဲ့​နေရာ​ပေါ့...ပင့််ကူကိုရခဲ့လို့ ဒီ​နေရာတဝိုက်​ပင့်​ကူရဆိုပြီး​ခေါ်လာတာ အချိန်​တွေကြာလာ​တော့ပင်းတယဖြစ်​သွားတာ​ပေါ့"
လူကြီး​လေးတစ်​ယောက်​လို မ​မောနိုင်​မပန်းနိုင်​ရှင်းပြ​နေ​သောမကိုမြတ်​နိုးခြင်းကြီးစွာဖြင့်​ချစ်​မဝနိုင်​ဖြစ်​နေရသည်​။
"မက သိလို့လား ပုန်းတလုတ်​ကန်​က​ကော"
"ဒီလိုပဲ ကြားဖူးနားဝ​ပေါ့...ဟုတ်​ချင်​မှလဲဟုတ်​မယ်​...ဒါ​ပေမယ့်​လူကြီး​တွေ​ပြောတဲ့ စကားနဲ့သူ့ပုံစံနဲ့ကလဲ ကိုက်​ညီ​နေ​တော့ငြင်းရခက်​တယ်​လေ...မဟုတ်​ဖူးလို့လဲ​ပြောလို့မရဘူး...ကန်​ကိုကျ​တော့​ငွေ​တောင်​ပြည်​က နတ်​သမီး​တွေ​ရေလာချိုးတာကို မင်းသားက မြင်​ပြီး လိုချင်​သွားတဲ့အခါကျ နတ်​သမီးကိုရဖို့ နဂါးပတ်​ကျော့ကွင်းနဲ့သာ ဖမ်းလို့ရမယ်​ဆို​တော့ ဂဠုန်​တစ်​ကောင်​နဂါးကိုလိုက်​ဖမ်းတုန်း မင်းသားကနဂါးကိုကယ်​လိုက်​တယ်​....​ကျေးဇူးတင်​တဲ့အ​နေနဲ့နဂါးပတ်​ကျော့ကွင်းကို ငှါး​ပေးလိုက်​ရော...
အဲ့ကန်​ထဲနတ်​သမီး​တွေ​ရေချိုး​နေကြတုန်း မင်းသားက နဂါးပတ်​ကျော့ကွင်းနဲ့ နတ်​သမီးအငယ်​ဆုံးတစ်​ယောက်​ကို ဖမ်းမိလိုက်​တာတဲ့..​ခြောက်​ယောက်​က ဘယက်​တန်​ဆာ​တွေဝတ်​ပြီး​ကောင်းကင်​ပျံတက်​သွား​တော့အငယ်​လေးတစ်​ယောက်​ပဲကျန်​ခဲ့တာ​ပေါ့...အာ့ကို မင်းသားက လက်​ထပ်​ယူရတာ​ပေါ့...
တစ်​ချို့​တွေကျ​တော့ မုဆိုးက နတ်​သမီးကိုမြင်​ပြီးကြိုက်​သွား​တော့​နတ်​သမီး​တွေ​ရေချိုး​နေတုန်း အဝတ်​တန်​ဆာတစ်​စုံကိုဖွက်​ထားသတဲ့။​ရေချိုးပြီး​ကောင်းကင်​ပျံတက်​ဖို့ အဝတ်​ဝတ်​ကြတဲ့အခါ အဝတ်​မရှိတဲ့နတ်​သမီးတစ်​ပါးက ငို​ကြွေးပြီးကျန်​ရစ်​ခဲ့ရတာ​ကြောင့်​မုဆိုးက ယူပြီးလက်​ထပ်​ပေါင်းသင်းထားတယ်​တဲ့။
ပါးစပ်​ရာဇဝင်​ဆို​တော့အမျိုးမျိုး​ပြောကြတာပါပဲ။
မ သိတာက​တော့အများကြီး။ အဲ့နတ်​သမီးလင်​မယား ယူပြီးမင်းသားက နတ်​သမီးရဲ့အ​တောင်​ပံ​တွေကိုဖွက်​ထားတာ....မ​တော်​လို့​တောင်​ပံရပြီးပြန်​သွားရင်​သူ တစ်​ယောက်​တည်းကျန်​ခဲ့မှာစိုးလို့​လေ...ဒီလိုနဲ့ က​လေးနှစ်​ယောက်​ရလာတဲ့အခါမှာ​တော့ မပြန်​သွား​လောက်​တော့ဘူးဆိုပြီး​သေချာမဖွက်​ထား​တော့အချိန်​ရောက်​လာတာ​ပေါ့။ တစ်​နေ့ကျ​တော့ မင်းသားမရှိတဲ့အခိုက်​နတ်​သမီးက​တောင်​ပံ​တွေ့သွားပြီး သူ​နေရပ်​ငွေ​တောင်​ပြည်​ကြိးကိုပြန်​သွား​တော့တာ​ပေါ့။ မင်းသားက​တောအထက်​ထပ်​တောင်​အထပ်​ထပ်​ဖြတ်​ပြီး သူ့ဇနီးဆီလိုက်​တော့တာ​ပေါ့။ လမ်းခရီးမှာလဲ အန္တရာယ်​အမျိုးမျိုး​ပေါ့။ ဒီလိုနဲ့​ကောင်းကင်​ပေါ်ပြန်​ရောက်​လာတဲ့နတ်​သမီး​လေးကိုယ်​ကို​ဆေး​ကြောဖို့​ရေကိုလူ့ပြည်​က​နေခပ်​တဲ့အချိန်​မှာမင်းသားက အဲ့​ရေပုံးထဲလိုက်​ထိုင်​သွားသတဲ့။ ပြီး​တော့ တစ်​နေရာမှာပုန်းပြီး သူ့လက်​စွပ်​ကို နတ်​သမီး​ခေါင်း​ဆေးမယ့်​ရေထဲထည့်​လိုက်​သတဲ့။ ဒီ​တော့နတ်​သမီး​ခေါင်း​လျှော်​တုန်းမင်းသားလက်​စွပ်​က နတ်​သမီးရဲ့လက်​မှာစွပ်​မိသွား​တော့
သူ့​ယောက်ျားလိုက်​လာမှန်းသိတာနဲ့သူ့အ​ဖေကို​ပြောပြလိုက်​ရော။ သာမာန်​လူ​ယောက်ျားက ဒီအထိလိုက်​လာနိုင်​တယ်​ဆို​တော့​တော်​ရုံလူမဟုတ်​ဖူးဆိုပြီး သူ့ကို​ခေါ်​တွေ့တယ်​။ ပြီး​တော့ သူ့မိန်းမအမှန်​ကို​ရွေးနိုင်​ရင်​သူနဲ့အတူသူ့သမီး​ထွေးကို​ခေါ်သွားနိုင်​မယ်​ပေါ့။ ဆို​တော့မင်းသားကသူ့မိန်းမသူမှတ်​မိတယ်​ဆိုပြီး ကတိ​ပေးလိုက်​တယ်​။
တကယ့်​တကယ်​ရွေးရတဲ့အခါကျ​တော့ လက်​ညိုး​လောက်​အ​ပေါက်​က​လေး​ဖောက်​ထားပြီးလူမမြင်​စေရပဲ တဖက်​က​နေ လက်​ညိုးခုနှစ်​ညိုးအ​ပေါက်​က​လေးထဲထိုးပြထား​တော့ မင်းသားကမ​ရွေးတတ်​တော့ဘူးတဲ့..။ မင်းသားအဖြစ်​ကိုသိကြားမင်းက သနားပြီး ယင်​ကောင်​ဖန်​ဆင်း ပြီးသူ့မိန်းမရဲ့လက်​ညိုးမှာသွားနားလိုက်​တော့မင်းသားကအဲ့ဒါကို​ရွေးလိုက်​သတဲ့။​နောက်​ဆုံးကျ​တော့ မင်းသားနဲ့နတ်​သမီးက​အေး​အေး​ဆေး​ဆေးပြန်​ညား​တော့တာ​ပေါ့"
ဟုတ်​သော်​ရှိ မဟုတ်​သော်​ရှိ။ မ စကားနား​ထောင်​နေရတာနဲ့ ဒီ​တောင်​တက်​ကြီးတက်​နေရ​တောင်​တစက်​က​လေးမှ မ​မောဖြစ်​။ (ဒီ​နေရာမှာ ကျ​တော့ မြူ လဲကြားဖူးနားဝ​ကော စာဖတ်​ဖူးတာ​ကောကို​ရေးပြထားတာပါ​နော်​...တကယ့်​ရာဇဝင်​တွေနဲ့​တော့မ​ပြောတတ်​ပါဘူး...မဟုတ်​တော့လဲပုံပြင်​သ​ဘော​ပေါ့)
"​ငွေ​တောင်​ပြည်​ဆိုတာ ကယားပြည်​မှာမဟုတ်​ဖူးလား မ"
"ဟုတ်​မှာ​ပေါ့....နန့်​နောင်းခါရီ​ခေါ်​ဒွေးမယ်​နော်​ဆို​ပေမယ့်​ကယားသူဖြစ်​ချင်​လဲဖြစ်​နေမယ်​ပi"
"ဒါဖြင့်​သူတို့က ဘာလို့မိုး​ပေါ်ပျံတက်​လို့ရတာလဲဟင်​"
"နတ်​သမီးလားမှမသိ...ကယားပြည်​မှာလဲ ဒဏ္ဍာရီလာရာဇဝင်​တွေမှ အများကြီးပဲ​လေကွယ်​"
"သုဓနုမင်းသားက​နေပြီး​ပေါက်​ဖွားလာကြတဲ့လူ​တွေကိုဓနုလူမျိုးလို့​ခေါ်တာလားဟင်​"
"ဟုတ်​ချင်​ဟုတ်​မှာ​ပေါ့....ဓနုဆိုတာ​လေးနဲ့မြှားကျွမ်းကျင်​သူလို့​ခေါ်ကြသတဲ့....ဒါ​ကြောင့်​ဓနုအလံ​တွေကိုကြည့်​လိုက်​...အိုးစည်​ပုံနဲ့​လေးနဲ့မြှားပုံ တို့ကိုသုံးကြတယ်​လေ..."
"မက​တော်​တော်​စာဖတ်​တာပဲ...အကုန်​ကိုသိ​နေ​ရော...စစ်​က​တော့ ဘယ်​သူဘာ​ပြော​ပြော မ​ပြောတာသာ အမှန်​ဆုံးပဲ"
"စာဖတ်​တော့ မှန်​တာမမှန်​တာ အသာထား....​ဗဟုသုတရတာ​ပေါ့"
"စစ်​က မျက်​စိသိပ်​မ​ကောင်းဘူး​လေ....စာဖတ်​လို့အဆင်​မ​ပြေတဲ့စစ်​ကို မက အခုလို​တွေ​ပြောပြ​ပေါ့....မက စာဖတ်​ထား...ပြီးရင်​သွားချင်​တဲ့​နေရာ​တွေကို​ပြော...စစ်​ကလိုက်​ပို့​ပေးတဲ့အခါ မက ခုလို​လေးရာဇဝင်​တွေကိုပြန်​ပြောပြ​ပေါ့...မဟုတ်​ဖူးလား"
"အင်းပါကွာ....လာ...လာ...သူတို့​တွေ​တောင်​အထဲ​ရောက်​ကုန်​ပြီ...မတို့စကားများ​နေတာနဲ့....ဘယ်​မှ​ကောင်း​ကောင်းမကြည့်​ရပဲဖြစ်​နေလိမ့်​မယ်​"
ဒီတစ်​ခါ စစ်​လက်​ကိုဆွဲပြီးအထဲသို့သုတ်​သုတ်​လေး ဦး​ဆောင်​သွားသူက မ ဖြစ်​၍​နေ​တော့သည်​။ ဂူအဝင်​ဝမှာတည်းက နံရံမှာဘုရား​တွေအပြည့်​နဲ့ အဝင်​လမ်း​လေးကျဉ်း​မြောင်း​နေခဲ့သ​လောက်​အထဲ​ရောက်​တော့ တကယ့်​ကိုအကျယ်​ကြီးဖြစ်​နေ​လေသည်​။ နံရံမှဘုရားရုပ်​ပွား​တော်​တွေအများကြိးဖြင့်​ပြည့်​နှက်​နေ​လေသည်​။​ဂူအတွင်းတွင်​လျှပ်​စစ်​မီးတို့လဲထိန်​ထိန်​လင်း​နေသည်​။ လာတုန်းက​ခြောက်​ယောက်​က အခု​တော့​လေး​ယောက်​ကတစ်​ခြား စစ်​နဲ့မကတစ်​ခြားဖြစ်​လို့​နေသည်​။ တမင်​ရှောင်​ပေးသွားကြတာလဲဖြစ်​နိုင်​သည်​။ မ သ​ဘောကျ ဂူထဲတွင်​အကြာကြီး​လေ့လာပြီး ပြန်​ထွက်​လာ​တော့ ပြတိုက်​သေး​သေး​လေးထဲ​လျှောက်​ကြည့်​ရင်း
"မ ... အလုပ်​ရပြီးရင်​ပိုက်​ဆံ​တွေစုပြီး စစ်​တို့ခရီး​တွေသွားရ​အောင်​နော်​"
"အင်း​ပေါ့ ခရီးထွက်​ရတာမ အကြိုက်​ပဲ"
"စစ်​တော့ နှစ်​စဉ်​မနဲအတူ ခုလို​လေးခရီးထွက်​ရဖို့ဆု​တောင်းခဲ့တယ်​....ပြီး​တော့ မ စာ​မေးပွဲ​အောင်​ဖို့ ဆု​တောင်းခဲ့တယ်​...မ​ကော ဘာ​တွေဆု​တောင်းခဲ့လဲ"
"မလား....ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်​ချမ်းသာကိုယ်​ကျန်းမာစွာနဲ့ လိုရာဟူသမျှ ပြည့်​ဝကြပါ​စေ လို့​ပေါ့"
ပြီး​တော့ ချစ်​ရတဲ့စစ်​လဲ အမြဲစိတ်​ရွှင်​လန်းပြီးခန္ဓာဖွံ့ဖြိုးကျန်းမာ​စေဖို့​ကော​ပေါ့။
ဒီစကားကို​တော့​သွေးရင်​ထဲမှာပဲ​ပြောဖြစ်​လိုက်​သည်​။ အရိပ်​တကြည့်​ကြည့်​နဲ့ဖိနပ်​လေးမှအစကိုင်​ပေးတတ်​တဲ့ ဒီလူသားမ​လေးကို​သွေး မချစ်​ပဲ​နေ​နိုင်​ရိုးလား။
​ရွှေဥမင်​ဂူက ထွက်​လာပြီး​နောက်​ကြာပင်​တွေပြည့်​နှက်​နေတဲ့ အင်းလျားကန်​သို့လဲ​ရောက်​ခဲ့သည်​။ သစ်​ပင်​စိမ်းစိမ်းလန်းလန်းဖြင့်​သဘာဝစိမ့်​စမ်း​တွေ​ပေါလွန်းကာ မြင်​သမျှမျက်​စိ​အေးစရာ​လေး​တွေနဲ့​အေးချမ်းလှ​သော အဖြူ​ရောင်​နယ်​မြေ​လေးမှာ တစ်​နေ့တာ​သွေးနဲ့စစ်​တို့ရဲ့ချစ်​သူများ​နေ့ကို အဓိပ္ပါယ်​ရှိစွာ ဖြတ်​သန်းခဲ့ရပါသည်​။
...
Next...

ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေ ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေWhere stories live. Discover now