ရုတ်တရက်လေတိုးသံနဲ့အတူ ဒုန်းခနဲ အသံကြောင့်စစ်လန့်နိုးသွားရသည်။ နိုးတဝက်အိပ်မက်နဲ့ ထပြီး ပိတ်ရတော့သည်။ ဖုန်းအားသွင်းထားတာမို့ ဖြုတ်ရသေးတာ။ ဖုန်းဖြုတ်စဉ်သတိတရနဲ့ viber chat wall ဖွင့်လိုက်မိတော့ဘေလ်လွှဲထားတဲ့ အကောင့်မှအပ တခြားဘာမှမရှိ။
ဟူး....ဘယ်လိုတောင်စွဲလမ်းမှုမျိုးလဲ မရယ်....
အိမ်မက်ထဲမှာ စကားပြောဖြစ်တာကို အပြင်မှာတကယ်ကြီးလိုမှတ်နေယူနေမိတာ စစ်တော့ ရူးနေပါပြီထင်ပါရဲ့
မနေ့ညက မ အကောင့်လေးတွေ့မိတာ။ ဖုန်းနံပတ်နဲ့ ရှာထားတာကိုး။ လိုင်းပေါ်မရှိတာကပင်စစ်တို့တောငဲ်ကြီးကိုမရောက်လာခင်ကတည်းကဆိုပါတော့။
ပြတင်းပေါက်လေးသေချာပြန်ပိတ်ပြီး အမေ့ဘေးဝင်ကှာပြန်လှဲလိုက်ရသည်။
ခဏကလို အိမ်မက်မျိုးကို အပြင်မှာမနဲ့ထပ်ဆုံရတဲ့အိမ်မက်လေး ထပ်မက်ပါတော့လား ...
....
"မိသွေး....နင်ခုထိ အိမ်သာထဲက ထွက်မလာသေးဘူးလား"
"မထွက်သေးဘူး ခဏ"
မနက်လင်းတည်းကသွေးတစ်ယောက်ချမ်းချမ်းစီးစီးဖြင့်အိမ်သာထဲဝင်ထိုင်နေတာ ခုဆို ခုနှစ်နာရီပင်ရှိနေပြီ။ ဒီနေ့ စာမေးပွဲဖြေရမယ့်နေ့။ ဒါက်ုအရေးမထားပဲ ညက ဟိုကောင်ထည့်ပေးထားတဲ့ဘေလ်ကို ညက U Tube ထဲ ဝင်နေတာကို ဆယ်မိနစ်တောင်မကြည့်ရသေးပဲ ကုန်သွားတော့ အမ်ပီတီကိုကျိန်ဆဲလို့အားမရ လိုင်းပေါ်မှာပေါက်ကွဲလိုက်သေးတာ။ဘေလ်ကုန်သွားတော့လဲ အဆောင်သူတွေဆီက ကူးထားတဲ့ဇာတ်ကားတွေကို လက်စသတ်ကြည့်နေတယ်ဆိုပြီး စာကျက်ဖို့နေနေသာသာ စာအုပ်တောင်မကိုင်ခဲ့တဲ့သွေးတစ်ယောက်အခုအိမ်သာတလုံးကို မယ်ပိုင်စီးနေပြီလေ။
သွေးက လူများရင်အသံဆူရင်ကို စာမကျက်တတ်တော့။ မရသေးသည့်စာများကို အိမ်သာလိုတိတ်ဆိတ်တဲ့နေရာမှာလာမှတ်နေတာပင်။ ပြင်ပကိစ္စတွေမမြင်ရတာမို့ ငါးမိနစ်တပုဒ်နှုန်းဖြင့်အသဲအသန်မှတ်လိုက်ရင်ကိုသွေးတို့စာရနေပြီ။
"သွေး ထွက်လာတော့ ငါဗိုက်တအားဆာနေပြီ....ခဏနေကျောင်းသွားရတော့မှာကို"
"အေ့ပါ လာခဲ့မယ်တပုဒ်ပဲကျန်တော့တယ်"
"နင်က ခဏခဏနဲ့ ကြာနေပြီ ငါခြေတောင့်နေပြိဟ ညတုန်းကကျမကျက်ချင်ပဲနဲ့"
"နင့်ထက်ငါကပိုဆိုးခြေထောက်မတရားကျဉ်နေပြီ သွား ငါ ထွက်လာတာနဲ့တန်းသွားစားမယ်အသင့်ပြင်ထား"
"မြန်မြန်နော်"
"အင်းပါ"
သွေးက အင်္ဂလိပ်စာဆိုရင်ညံ့ကိုညံ့တာ။ အဲ ညံ့တယ်သာပြောတာ သူ့ရဲ့လိုင်းပေါ်မှာ စကားပြောထားတဲ့လူတွေက နိုင်ငံခြားသားတွေခပ်များများရယ်မို့ အီးစာတွေနဲ့ရေးတာချည်း၊ အဲ့လိုမဟူတ်တာတွေတော့ သိပ်ကျွမ်း....စာနဲ့ပတ်သက်ရင်အောင်မှတ်တောင်မနည်းဆွဲယူရအောင်လုပ်ရတာ။
"နှင်းရေ သွားလို့ရပီ"
အိမ်သာထဲက ထွက်ပြီး လက်တွေဆေးပြီးတာနဲ့ စာအုပ်ကိုနီးရာစားပွဲပေါ်တင်ကာ နှင်းအားအော်လိုက်သည်။ နှင်းကလဲ ဘယ်လောက်ဆာနေပြီလဲမသိ ချက်ချင်းကိုပြေးထွက်လာတော့တာ။
"သွားမယ်"
"ခိုင်နဲ့ မာလာကော"
"မစားသေးဘူးတဲ့ စာလုပ်နေကြတယ်သူတို့ကဖြင့်မျက်နှာတောင်မသစ်ရသေးဘူး ထပ်ခေါ်ရင်ကြာဦးမှာ"
"အေ့ပါနောက်မှသူတို့ဟာသူတို့ သွားစားကြပါစေ"
"ငါကကော်ဖီတောင်သောက်ထားသေးတာဗိုက်ကလဲဆာတုန်း"
နှင်းက လူသာ ဂျပိန်။ အစားနဲ့ပတ်သက်ရင်တော့ အမြဲဆာပြီးစားသလောက်လဲကို ဝင်နေတဲ့သူပင်။ နှစ်ယောက်သား အဆောင်အောက်ဖက်က ရှမ်းခေါက်ဆွဲဆိုင်လေးမှာ မနက်စာကို ဖြည့်တင်းလိုက်သည်။
မနက်ဖြေရမယ့်သူအချို့တော့ စားနေတာတောင်စာအုပ်နဲ့လက်ကမချတမ်း။ ဒါမျိုးလူတွေကိုများ စာဂျပိုးလို့မထင်လိုက်ပါနဲ့။ one night one subject သမားတွေ။
စားနေရင်း ခိုင်တစ်ယောက်အဆောင်အနောက်ပေါက်မှနေ၍
ရောက်လာကာ
"သွေး နင့်ဖုန်းလာနေလို့ လာပေးတာ"
"အမယ်ထူးဆန်းနေပါလား အိမ်ကဆက်တာလားမသိ"
ပြောသာပြောရတာ။ အိမ်က အထွေအထူးကိစ္စမရှိပဲတခါမှကိုမဆက်လာတာ။ ကိုနိုင့်ဖုန်းဆိုလဲမှတ်ထားပြီးသားကို။
"နာမည်မရေးထားလို့ လာပေးတာပေါ့ဟ အိမ်ဖုန်းဆို ငါကိုင်လိုက်ပြီ"
"မှန်းပေးဦး"
"ရော့ အစ်မရေ တို့ဟူးနွေးတပွဲ အီကြာကွေး နဲ့နော်"
သွေးကို ဖုန်းပေးရင်း စားဖို့လဲ လှမ်းမှာလိုက်သည်။
ဖုန်းယူပြီး နံပတ်ကြည့်တော့ တကယ့်အစိမ်းဖြစ်လို့နေသည်။
"သိလား "
ခေါက်ဆွဲပန်းကန်ထဲ ဝက်ခေါက်ကြော်ဖောက်ထည့်နေတဲ့ နှင်းကမေးသည်ကိုခေါင်းခါပြရင်း
"မသိဘူးလေ"
"နင့်လိုင်းပေါ်က လူတွေပဲလားမသိ"
"ဘယ်ကလာ ငါ လိုင်းပေါ်က လူတွေကို ဖုန်းနံပါတ်မပေးပါဘူး "
"ပြန်ခေါ်ကြည့်လေ နင့်ရဲ့ ပထမနှစ်တုန်းက ခင်တဲ့သူတွေခေါ်မှန်းမသိ"
"နင့်မှန်းနေတာလဲ တိကျသေချာလိုက်တာဟယ်...ထားလိုက်ပါ မခေါ်ချင်ဘူး လိုရင်သူထပ်ခေါ်လိမ့်မယ်"
"အေ့ပါ အချေမရယ်"
ခိုင်ရဲ့ အငေါ်ထူးစကားကို ပခုံးနှစ်ဖက်တွန့်ရင်း ဖုန့းကို ပြန်ချလိုက်ကာခေါက်ဆွဲဆက်စားရန်ပြင်သည်။ရေနွေးကပူနေတော့ခေါက်ဆွဲဖတ်တို့က ပူးကပ်ပြဲထုံးနေလေပြီ။
အချေ ...ဟုတ်သည်။သွေးကို ခင်ကြတဲ့လူတိုင်းပြောနေကြ စကားတွေ။ ဘယ်သူနဲ့ပဲဖြစ်ဖြစ်စသိသိချင်းသွေးတို့ကစနှုတ်ဆက်တတ်သူမဟုတ်။ သိတဲ့သူချင်း လမ်းမှာတွေ့ရင်တောင်စတင်ပြုံးပြနှုတ်ဆက်ဖို့ ဝန်လေးနေတတ်သူပင်။ အနေအေးတာလဲမဟုတ်။ အနေတည်တာလဲမဟုတ်။ချေတာရယ်ဆိုလဲ မဟုတ်ပါဘူးလေ။ ခိုင်မာလာ နှင်းဆီတောင်တစ်ယောက်တည်းစကားမပြောပဲနေနေတတ်တဲ့သွေးကို အစက မာနကြီးပြီးဘဝမြင့်နေတဲ့သူလို့တောင်သတ်မှတ်ကြပါသတဲ့။ ဒါတောင့သူတို့စကားပြောမေးပါများလို့သာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားကြတာလေ။
ဖုန်းလာလို့များ မသိတဲ့နံပတ်တွေဆို လုံးဝမကိုင်။ သိတဲ့သူခေါထားတဲ့မစ်ကောလ်တွေထပ်နေတာမြင်ရင်တောင်သွေးမှာပြန်ခေါ်ရိုးထုံးစံမရှိ၊
တကယ်တော့သွေးက စကားပြောရမှာ ပျင်းတဲ့အလုပ်လို့တောင်တွေးတဲ့သူမျိုး။
📱📱📱📱
ဟော ဝင်လာပါပြီ။ ဒီတစ်ခါတော့ဖြင့်သွေး ကိုင်လိုက်ပါသည်။
ဟို နှစ်ယောက်ကတော့ အစားရောက်လာတာနဲ့ ကို အရေးမပြုအားတော့။
"ဟလို "
"မသွေးလားရှင့်"
ငင့်။ မသွေး ဆိုပါလား အိမ်က အငယ်မ အသံလဲမဟုတ်။
အသံလေးက မြူးသွက်သွက်ကိုမှ ကြည်ကြည်လင်လင်လေး။သွေးတောင်လက်ထဲကတူကို ပြန်ချလိုက်ပြီး ဖုန်းခေါ်ဆိုခြင်းကို အသံသွင်းခလုပ်နှိပ်ထားလိုက်မိသည်။
"ဟုတ်ပါတယ်ရှင့်ဘယ်သူများလဲမသိနော်"
"ဟီး မှန်းကြည့်လေ ဘယ်သူလဲဆိုတာ"
အမယ်။ အဟီးဆိုပါလား။သွေး ဦးနှောက်က ကမ္ဘာပတ်ပြေးပြီး စဉ်းစားအဖြေရှာကြည့်ပါသော်လဲ အဖြေရှာမရ။သွေးအသိထဲမှာ မသွေးဆိုပြီးခေါ်တတ်သူလဲမရှိ။ ဂျူ နီယာလေးတွေနဲ့လဲမခင်။
ဒီလို အသံစွာသေးသေးလေးလဲ မရှိ။
"ဆောရီးနော်ကျမမမှန်းတတ်ဘူးရှင့်စိတ်မရှိပါနဲ့"
"ဟုတ်ရပါတယ်ဟိုလေဘေလ်ရောက်လားဟင်"
"အမ်"
သူပြောကာမှ ဖုန်းထဲ ပြန်ကြည့်မိတော့ ဟုတ်ပေသား။
ဖုန်းဘေလ်သုံးထောင်ဆိုပါလား။
"ရောက်လား ဖုန်းနံပါတ်မှားမစိုးလို့"
"အင်းရောက်တယ်"
"တော်သေးတာပေါ့ ဟီး "
"အခုက ဘယ်သူများလဲဟင်"
"စစ်ပါ မှတ်မိရဲ့လား"
စစ်တဲ့။သွေး ဦးနှောက်ကတွေးရပြန်ပါပြီ။
စစ်စစ်စစ်......
"မေ့နေပြီမလား...ထားပါတော့ "
ထိုအခိုက်ညိုးငယ်တဲ့အသံမှိန်မှိန်လေး ကြားလိုက်ရတော့မယ့်အသိညဏ်တို့ဝင်းခနဲလင်းလက်သွားတော့သည်။
"ဆံပင်ညှပ်တဲ့ကလေးမလေး မလား စစ်ဆိုတာ"
"ဟုတ်တာပေါ့"
"တောင်ကြီးကလေ အား....ရုတ်တရက်မို့ပါနော်ဆောရီးပါ"
"ရပါတယ်မရဲ့ အကောင့်အပ်ထားတယ်လက်ခံပေးဦးနော်"
"ဟုတ်ပီ လက်ခံပေးမယ်နော်"
"ခု မ ဘာလုပ်နေလဲ"
"မနက်စာစားနေတာလေ"
"ဪ စားလေ မ ဖုန်းချလိုက်ပြီ ဘိုင့်ဘိုင်"
ခေါ်တုန်းကလဲသူ။ ချသွားတာလဲသူ။ ချမယ့်ချတေယ့လဲချက်ချင်းကြီးဂွမ်ကနဲချပြေးသွားတော့တာ။
သွေးတောင်ဘာမှသိပ်မပြောလိုက်ရ။ အဓိကကဘေလ်ကိစ္စ။ ကိုယ့်မှာတောင်ဝယ်ထည့်ဖို့မပြေလည်တဲ့ဥစ္စာကို သူလာထည့်ပေးတာတော့ကျေးဇူးတင်မိပေမယ့်လဲ သူစိမ်းဆီကမို့လို့အဲလိုအလကားကြီးတော့မလိုချင်ပါ။ ဒုက္ခပါပဲ။
လိုင်းကို ဖွင့်ကြည့်တော့ ကိုးရီးယား အဆိုတော်အမည်လားမသိ။ လာအပ်ထားတာတွေ့ရသည်။တွေ့ပါပြီ။ သူ့ပုံကြီး က အဖြူရောင်တီရှပ်ကလေးနဲ့ မျက်နှာမှာလဲ သနပ်ခါးတချို့က ဟိုခြစ်သည်ခြစ်နဲ့မညီမညာ။ ဘယ်တုန်းကပုံလဲတော့မသိ။ ဆံပင်က အနက်ရောင်ပခုံးကျော်ရုံလေး။ တစ်ခါမှလဲအရှည်မထားဘူးထင်ရဲ့။
ဝေါလ်ထဲဝင်ကြည့်တော့ ကလေးမလေးက အတော်စွာမယ့်ပုံ။ ဘီယာတွေလဲသောက်သည်။ စီးကရက်လဲခဲတာပဲ။ ပုံတွေတင်သလောက်ကို ဟူဒီလေးတွေ ရှပ်လေးတွေနဲ့ မိန်းမလေးပီပီသသဝတ်ထားတာဆိုလို့ ရှမ်းဝတ်စုံအနီရောင်လေးနဲ့ကားအဖြူဘေးမှာရပ်နေတဲ့တပုံရယ်ကားမောင်းနေတဲ့ပုံရယ်။
ငယ်တော့အတော်ငယ်သေးမယ့်ပုံ။
သူ့အကောင့်လေး လက်ခံလိုက်တော့မှ မီးစိမ်းလေးပြလာသလို မက်ဆင်ဂျာမှာစာလာပို့တော့သည်။
"Hiကျေးဇူးနော်မ😁"
အတော်မျက်နှာပြောင်တဲ့ ကလေးမ။ ရုပ်ကိုကပြေးကုပ်ချင်စရာ။သိတာလဲမဟုတ်ခင်တာလဲမဟုတ်နဲ့။သွေးအကောင့်ကိုဘယ်လိုရှာတွေ့လဲမသိ။
"ခဏနေဘေလ်ဝယ်ပြီးပြန်လွှဲပေးမယ်နော်"
"ဘာလို့လွှဲမှာတုန်း မကိုပေးတာလေ"
"မလိုပါဘူးလေးထောင်ပြန်လွှဲပေးမယ်လေနော်ကျမအဲ့လို သူများဆီကမယူချင်ဘူးနော်"
"မကလဲ စစ်ကခင်လို့ချစ်လို့ပေးတာပါ မလဲဘေလ်ကုန်နေတာပဲမလားနော်လက်ခံပါမရဲ့"
လောလောဆယ်တော့သွေးဖုန်းထဲမှဘေလ်တစက်ကလေးမှရှိမနေ။ သူ့ကိုပြန်ပေးဖို့ဆ်ုရင်လဲ ဝယ်ရဦးမည်။
ပြန်ပေးလဲပြန်လွှဲမည့်ပုံ။
"နောက်အဲ့လိုမလွှဲပါနဲ့"
"ဟုတ်ကဲ့မ စစ်မအားတော့ဘူး ဆံပင်လုပ်သူတွေလာလို့"
အမယ်။ မိသွေးတို့ကတော့ ခပ်ချေချေပဲ။ အလကားရတောင်ကျေးဇူးမတင်တဲ့အပြင်ကို အထက်စီးကနေအကြီးသြဇာပြလိုက်သေးတာ။
ဖုန်းချပြီးခေါက်ဆွဲဆက်စားမယ်လဲကြည့်လိုက်တော့ စိတ်ပျက်စရာကောင်းလောက်အောင်ကိုခေါက်ဆွဲတို့က တူမှာစီးကပ်နေပေပြီ။ နှင်းတို့ကတော့စားလို့ပြီးလို့တစ်သျှူးတွေတောင်ဆွဲထုတ်သုတ်နေကြလေပြီ။
"စားမနေနဲ့တော့သွေးရေ....နောက်တစ်ပွဲသာမှာလိုက်"
"စားမနေတော့ဘူး အဆောင်ပြန်မယ်ငါအိပ်ချင်နေပြီ"
"ဒါနဲ့ ခုဏကဆက်တာဘယ်သူလဲ"
"တောင်ကြီးက ဆံပင်ညှပ်တဲ့ကလေးမလေးလေ"
"ဟယ်နင့်ကိုသိလို့လား ငါတို့အဖွဲ့ကအများကြီးကို"
"မပြောတတ်ဘူး ဖုန်းနံပတ်တောင်းလို့ပေးထားခဲ့တာပဲလေ...သွားမယ်မြန်မြန်"
ဆက်ပြောနေရင်ပြီးမည်မဟုတ်။ ဒီနှစ်ကောင်က ကမ္ဘာကျော်စုံထောက်တွေလို အချိုးမျိုချိုးတတ်ကြတာကိုး။
အဆောင်ပြန်ပြီးမနက်ပိုင်းကိုအိပ်။ အစာစားချိန်ထရေချိုးပြီးစာသွားဖြေလိုက်ရုံ။ဖြေခါနီးကျမှ တြဗြဲဗဲထအော်တတ်တဲ့ သူမျိုးသွေးမဟုတ်။
.....
ဆံပင်အရောင်တင်ရန်အတွက်အနောက်ဖက်ခန်းထဲမှာ ကာလာစပ်ရင်း စစ်ပြုံးနေမိသည်။ အပြုံးက ခါတိုင်းနေ့တွေနဲ့ကိုမတူ။ အရင်ကထက်ပိုချိုမြနေသေးသည်။
ဖေ့ဘွတ်ခ်မှာ မ အကောင့်ကိုတွေ့သည်။ ဖုန်းနံပတ်နဲ့ရှာလိုက်တာမို့တွေ့ခြင်းပင်။
စစ်ကလေးတော်လိုက်သည့်ဖြစ်ခြင်း။
မကလဲခေသူမဟုတ်။ သူ့အကောင့်မှာ စာတွေကဗျာတွေလဲအစဉ်လိုက်ကြီးကိုတင်ထားပြီး လိုက်ခ်များစွာကိုလဲပိုင်ဆိုင်သူတစ်ယောက်။
တစ်ယောက်တည်းပုံတွေတေ့ာ မရှိသလောက်ရှားပြီး သူတို့သူငယ်ချင်းအုပ်စုတွေနဲ့သာတင်လေ့ရှိသည်။ ထူးထူးခြားခြား ပါးမှာ စတစ်ကာလေးကပ်လို့ ပရိုဖိုင်ချိန်းထားတဲ့တစ်ယောက်တည်းပုံလေးက်ု ဖုန်းထဲသိမ်းထားလိုက်သည်။
မကစပြီး Tag တွဲတာမရှိ။ သူများကလာတွဲထားတာတွေပဲတွေ့ရသည်။
ဘယ်လိုပဲပြောပြောအခုဆို မနဲ့စကားပြောလို့ရနေပြီလေ။
တကယ်တော့ကမ္ဘာကြီးကကျဉ်းကျဉ်းလေး။ တခါဆုံပြီးရင်နောက်တကြိမ်ကြိမ်တော့ပြန်လည်တွေ့ခွင့်ပေးသေးသည်မဟုတ်ပါပေလား။ဘေလ်ကုန်သွားကြောင်းစတေးတပ်တင်လိုက်တာကြောင့်စောစီးပင်တန်းလွှဲပေးလိုက်တာ။ အရဲစွန့်ပြီးဖုန်းခေါ်တော့လည်းပထမတကြိမ်နဲ့မကိုင့။နောက်မှပဲကိုင်တော်မူတာ။
သူ့စာတွေအောက်လိုက်မန့်တဲ့စာသားများအရ မသည်လဲ အချေမင်းသမီးတစ်ယောက်။
ဒါတောင်စစ်ကိုငေါက်သွားသေးတာ။
အသံ ပြတ်ပြတ်လေးနဲ့ ဘယ်လိုတောင်ဆွဲဆောင်မှုကောင်းနေသော မ ပါလိမ့်ကွယ်။
"ဟယ်စစ်စစ်ဒီမှာ ဘာလာလုပ်နေတာလဲ"
ရုတ်တရက်အနောက်ကနေ မကြီးအသံပေါ်လာတာကြောင့်လန့်ဖျပ်သွားရသည်။
"ဟင်....အဲ မမ မကြီး စစ်ဆေးလာစပ်နေတာလေ"
လက်ထဲကဆေးပန်းကန်ကို ထိုးပြတာတောင်မကြီးက မယုံသလိုနဲ့ မျက်ခုံးလေးနှစ်ခုဆက်သွားအောင်ကြုံ့ဝင်သွားသေးသည်။
"ငါ မနက်တည်းက ကြည့်နေတာ တမနက်လုံး ပျားရည်မြိုချထားသလိုဖြစ်နေတာ"
ပြောတတ်ပလေ....မမကြီးရယ်
"မမကလဲ စစ်ကဘာဖြစ်နေလို့တုန်း "
မမကို တွန်းဖယ်ပြီး ဆိုင်ထဲပြန်ဝင်လာတော့ နန်းနန်းကလဲ
"မကြီးပြောတာမှန်တယ်မမစစ်ကို လာတည်းကကြည့်နေတာ....ပြုံးနေတာပဲ"
"အမလေးတော်ငါအမြဲ ပြုံးနေတာကြီးကို ခုမှအဆန်းတွေလုပ်နေတယ်"
"ပြုံးတာ အရင်လိုမှမဟုတ်ခုအပြုံးကချိုအီနေတာပဲ"
"ဒိနှစ်ယောက်တော့ ဖြစ်ရမယ်....နင်တို့ပဲထူးခြားနေတာ ငါကအရင်အတိုင်းပဲ"
"မဟုတ်ပါဘူးဆို မမစစ်ကလဲနော်နန်းတို့နှစ်ယောက်လုံးသာမကဘူး တစ်ဆိုင်လုံးကလူတွေအမြင်မှာ သိသာနေတဲ့ဟာကို"
'တော်တော်စကားမများနဲ့ လက်အိတ်လာစွပ်ပေးဦး"
ပန်းကန်ကို စင်ပေါ်တင်ပြီး လာစကားများနေတဲ့ နန်းနန်းအားခိုင်းစားရပေတော့သည်။ နန်းနန်းတို့များ စစ်အကြောင်းဆို အကုန်လိုက်စုံစမ်းစပ်စုနေတော့တာ။ ဘာကြောင့်လဲဆို စစ်ဟာ မိန်းကလေးတွေကိုနှစ်သက်ကြောင်း သူပိုသိနေတဲ့အပြင်သူ့သူငယ်ချင်းမ ဆိုတာလဲ စစ်ကို ကြိတ်ခွက်နေသူမို့လို့ စစ်ကိုလဲခဏခဏနားချနေတာ။ စစ်ဆိုသည်မှာလဲစော်ကြည်စော်ကိုဖြစ်လို့။
ဒါကြောင့်ကိုကိုကပြောတာ။ စစ်ကို သူတွဲခွင့်ရသလောက်ကံကောင်းတယ်တဲ့။
"မမစစ်ပြုံးနေပြန်ပြီ"
"အလုပ်မလုပ်ပဲ ငါ့ပဲလိုက်ကြည့်နေတယ်သွားရေနွေးလုပ်ထားပေးဦးခေါင်းလျှော်ရတော့မှမပူပဲနေမယ်"
"အရင်ဆေးပဲ ထည့်ပါ မမစစ်ကြီးရယ်"
ဒီကလေးမကတော့ မမမြှောက်ပေးထားလို့လားမသိ။ စစ်ကိုဆို အကြောက်ကိုမရှိတာ။ သူပြောချင်သလိုပဲပြောနေတော့တာ။
အန်တီိကြီးတစ်ယောက်လဲ အသက်လေးဆယ်ကျော်မှ ဘာစိတ်ဝင်သည်မသိ။ ဆံပင်အရောင်တင်ချင်တယ်ဆိုပဲ။
အင်းပေါ့။ သူသည်လဲမိန်းမပေပဲ။ မိန်းမဆိုတာမျိုးကလဲသေခါနီးတောင်လှချင်နေသေးတာမျိုး။
ဆေးထည့်ပြီး ခဏနားတုန်း လိုင်းတက်မလို့ဖွင့်လိုက်တော့ မအကောင့်လေး မီးစိမ်းနေသည်ကို မြင်ရတော့ လက်ကအလိုလို ဟိုင်းလိုက်မိပြန်သည်။
"Hi "
စစ်ဒီလအတွင်း ထီထိုးရင့တောင်ပေါက်နိုင်မယ့်ကံမျိုးလားမသိ။ မ ဖက်က ချက်ချင်းကို စာဖတ်လာတဲ့အပြင်စာပြန်ပို့လာသည်။
"အင်း"
တော်တော်ကိုမှဖော်ရွေတတ်သော မပါလား။
"မ ဘာလုပ်နေလဲ"
"စာကျက်နေတာ"
အမ်။ စာကျက်နေတာဆိုပြီး လိုင်းတက်နေတဲ့အပြင်စကားကလဲပြောနိုင်နေသေးတာ။ ဘယ်လိုတောင်စာကျက်နည်းမျိုးပါလိမ့်။
"ဪ စာမေးပွဲဖြေရတော့မှာလား ဘယ်နေ့ဖြေမှာလဲ"
"တစ်နာရီလေ ဒီနေ့လယ်တစ်နာရီဖြေရမှာ"
"ဟင်အာ့ကိုလိုင်းသုံးနေသေးတယ်ပေါ့ မနက်ပိုင်းကျက်ချိန်ရတာပါ့နော်"
"မနက်အစောက ခဏထကျက်တာလေ ပြီး စားပြီးအိပ်တယ်ခုဏနိုးလာရေချိုးပီးလိုင်းပေါ်ကသူငယ်ချင်းစာတပုဒ်ပို့ပေးလို့ကြည့်နေတာ"
"ဒါကြောင့်ကိုး....နေ့လယ်စာစားပြီလား"
"စားရသေးဘူးကျောင်းသွားရင်းမှ စားတော့မယ်ညီမကော"
ငင့်။ခေါ်တာကြီးကလဲ ညီမတဲ့။ ဘယ်သူဘယ်လိုခေါ်ခေါ် ဂရုမစိုက်ပေမယ့်လဲ မက စစ်ကို ညီမလို့တော့ မခေါ်စေချင်။
"ဘာလို့ညီမလို့ခေါ်တာလဲ မကလဲ "
"ညီမလို့မခေါ်ပဲအစ်မလို့ခေါ်ရမှာလား"
",မ အသက်ဘယ်လောက်ရှိပီလဲ"
"၂၀"
"စစ်က.ဆယ့်ရှစ်ပြည့်တော့မှာ"
"အများကြီးငယ်သေးတယ်ဒီတော့ညီမမခေါ်ပဲ ဘယ်လိုခေါ်ရမတုန်း"
"မကလဲ စဉ်းစားကြည့်ပေါ့ မ တခြားသူကိုမခေါ်ရသေးတဲ့အမည်လေ"
"အင်းနောက်မှစဉ်းစားမယ်လောလောဆယ်စာခဏကြည့်လိုက်ဦးမယ်"
"ဟုတ်မဖြေနိုင်ပါစေနော်"
"ဖြေနိုင်မှာပါနေ့လယ်စာစားတော့လေနောက်တောင်ကျနေပြီ"
"ဟုတ်ဒါနဲ့ မ"
"အင်းပြောလေ"
"နောက်နေ့လဲ မနဲ့စကားလာပြောလို့ရလားဟင်တောင်းဆိုတာပါနော်"
"ရတာပေါ့ ခင်တတ်ပါတယ်စကားပြောရတာလဲကြိုက်တယ်သိလား"
"ရေး.....ပျော်လိုက်တာ ဒါဆိုမ စာကျက်တော့နော့ စစ်လဲထမင်းစားတော့မယ်"
"အင်း အင်း စားလို့မြိန်ပါစေ ကလေးရေ"
အဲ။ စစ်ဆင်းခါနားနီး မ နှုတ်ဆက်ပုံလေးကလဲ ဘယ်လိုလေးပါလိမ့်။ စားကောင်းပါစေတို့ဖြေးဖြေးစားတို့ကို မပြောပဲ စားမြန်ပါစေတဲ့။ ဒါကြောင့်စစ်ဘဝထဲကို မ တစ်ယောက်တည်းကသာ သူများနဲ့မတူပဲ ဝင်ရောက်လာတာမို့ စစ်က ဒီလိုအချေမလေးကို တွယ်တာနေရပေါ့။
ဆေးထည့်ပြီးသားကိုခေါင်းလျှော်ဖို့တွက်ကောင်မလေးတွေကို အပ်ခဲ့ပြီး အိမ်ထဲဝင်ထမင်းစားဖို့မြန်းရပါလေသည်။
....
စာမေးပွဲ သုံးဘာသာဖြေပြီးလို့ စနေ တနင်္ဂနွေ ပိတ်ရက်မို့လို့သွေးတို့တစ်တွေမှာ တစ်ခါတည်းကိုအပြီးပိတ်တဲ့အတိုင်း ပန်းခြံက ကာရာအိုကေဆိုင်မှာ ဟဲနေကြပြီ။ ည ခွန်ခွဲနေပြီ။ ဘယ်သူမှပြန်မယ်မပြောကြသေး။ ခိုင်တို့လို အိမ်မှာစည်းကမ်းတကျနေလာခဲ့ကသူတွေကများ ငြိမ်သလားအောက်မေ့တယ်။ ဝိုင်ပုလင်းတွေနဲ့ နည်းနည်းမကထွေနေကြပြီ။ နှင်းဆီတစ်ယောက်များဆို လက်ထဲက မိုက်ကိုမချတမ်း။ နီနီခင်ဇော်သီချင်းခွေတစ်ခွေလုံးကိုမကုန်ကုန်အောင်ဟစ်နေကြတာ။
သွေးကသာ ဆိုဖာလေးမှီလို့ ပျင်းပျင်းနဲ့ကျော်ဥိးဖုန်းထဲက ဇာတ်ကားတွေကူးနေတာ။သွေးက သီချင်းတော့ဆိုချင်သား။ ဒါပေမယ့်ဘယ်သီချင်းကိုမှအသံနေအသံထားဖြင့်အကုန်ရအောင်မဆိုနိုင်။ ဘယ်ဝိုင်မှကိုလဲ မသောက်တတ်။သောက်လဲမသောက်ရဲ။ မူးပြီးသူများတွေပတ်ရမ်းတတ်နေရင်ဖြင့်မိန်းကလေးတန်မဲ့ခက်ရချည်ရဲ့။ ခိုင်က မူးရင်ရစ်တတ်သလို မာလာကတော့ ရီနေတတ်သူ ...နှင်းကတော့ စကားအင်မတန်များလာသူ ပြီးခဲ့သမျှရည်းစားဟောင်းအကြောင်းတွေပြောရင်းလဲငိုတတ်သူ။
သူတို့ကတော့သွေး မူးတဲ့အခါ ဘယ်လိုပုံစံမျိုးလဲ သိချင်ကြသည်တဲ့။သွေးလဲသိချင်သား။ သို့ပေမဲ့လဲ မသောက်ရဲတာပင်။
ထိုစဉ်စာတစ်စောင်ဝင်လာတာမို့ အမ်ပီတီက ထင်ပြီးဖွင့်မကြည့်ပေမယ့်တန်းဖျက်ဖို့ လက်ရွယ်လိုက်တဲ့အချိန်မှာတော့
ဟမ့်ဟိုကလေးမ
" မဘေလ်ရှိလား လိုင်းပေါ်တက်ခဲ့လေဘေလ်မရှိရင်စစ်ကိုပြောနော်စစ်ထည့်ပေးမယ်"
ဒီကလေးကတော့ စကားပြောဖြစ်တာဖြင့်သိပ်မကြာသေးပေမယ့်သွေးကိုတအားခင်တွယ်လွန်းသည်။သွေးမှာလဲ လိုင်းပေါ်က ခင်တဲ့သူတွေအများကြီးရှိပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှတော့ဘေလ်တွေကိုမပြောမဆိုရပါပဲနဲ့ ထည့်ပေးတတ်တဲ့သူတော့မရှိ။
သွေးဖက်က ဘယ်လောက်မှတောင်အရောမဝင်မိသေး။ သူပြောမှပြန်ဖြေရုံလောက်သာကို သူကမတရားကိုခင်နေတာလေ။
လိုင်းကတော့တက်မှပဲရမည်။ မဟုတ်ရင်ထိုကလေးမကပြောမရဆိုမရနဲ့ဘေလ်လွှဲလိုက်ဦးမှာ။
"ဟဲ့သွေး တပုဒ်လောက်ထဆိုကွာ "
နှင်းကမိုက်ကြီး ကိုသွေးလက်ထဲလာထည့်သည်။
လုပ်ပီ ဒီငမူးကတော့
အားတီသီချင်းနဲ့ အပြတ်ဒွန့်နေတဲ့ ခိုင်ကော မျိုးသွင်ပါသွေးဘေးရောက်လာကာ ဆွဲထူကြသည်။
"အေ့လေပျော်ချင်လို့လာပါတယ်ဆိုမှ နင်က ဖုန်းပဲ ကြည့်နေတယ်အဲ့ဖုန်းက ဘယ်ချိန်ကြည့်ကြည့်ရတယ်လာ ဆို တစ်ပုဒ်
နောင်နောင်နင်သီချင်းရွေးပေးလိုက်ဘာဆိုမှာလဲသွေး"
လိုင်းဖွင့်ပြီးသား ဖုန်းကို ခိုင်ကဆွဲယူပြီး ဆိုဖာပေါ်က မာလာအိတ်ထဲ ထည့်လိုက်သည်။သွေးမှာမိုက်ကြီးကိုင်ပြီးသကာလ
"ငါ ဘာမှမတတ်တာကိုအေ"
"တတ်တယ်နင့်ဖုန်းထဲက ဟို သီချင်းလေ နင်ဖွင့်ဖွင့်ပြီးနားထောင်တတ်တာ"
"ဘာတုန်း ငါနားသာထောင်တာ မဆိုတတ်ဘူးဟဲ့"
'နောင်နောင်ရေ သူတတ်တဲ့သီချင်းက အင်းလေးနောင်အင်းလေးသီချင်း လုပ်လုပ်အဲ့ဒါ"
"အဲ့လောက်ဆွဲရတဲ့ဟာ ငါတတ်ပါ့မလားဟဲ့ "
"ဒါဖြင့်ဟိုဟာ မိစန္ဒီကွာရေခဲရိုက်ဟာ အာ့ဖွင့်ငါနဲ့ဆိုမယ်"
နောက်ဆုံးတော့လဲ ဘယ်လိုမှ ငြင်း၍မရတော့တဲ့အဆုံး မိုက်ခဲမလုပ်လိုက်ရပါတော့သည်။
စာတွေတော့ တစ်စောင်ပြီးတစ်စောင်ဝင်လို့ပေါ့။
အသံတိတ်လုပ်ထားတာမို့ ဘယ်သူမှလဲမသိ။ တဖက်ကတော့ ဖတ်မယ့်သူမရှိသေးတဲ့ စာတွေကိုသာ တန်းစီပို့နေလေတော့သည်။
......
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့