23

419 31 0
                                    

​လျှောက်​လွှာတင်​ပြီးအစက​တော့​သွေးတစ်​ယောက်​မှတ်​စုစာအုပ်​ကြီးနဲ့ ဟိုခြစ်​သည်​ခြစ်​ဟို​ရေးသည်​ရေးနဲ့ အားတက်​သ​ရောကြိုးစားထားသ​လောက်​ဖြေကာနီးလာ​လေ
စာကြည့်​ရမှာ ပျင်းလာ​လေပင်​။ စာဆိုတာနဲ့ပင်​အသံကြားတာနဲ့​ပြေးချင်​စိတ်​က​ပေါက်​လာသည်​။ အ​မေက​တော့ခြံထဲသို့ မဆင်းခိုင်း​တော့ပဲ အိမ်​မှာသာစာကိုကြည့်​ခိုင်း​တော့တာ။
စာအုပ်​ဝယ်​ကြည့်​ဆိုတုန်းက​တော့မလိုချင်​ပါပဲနဲ့ လိုင်း​ပေါ်မှာရှာကြည့်​။ သူများတင်​သမျှ​လေး​တွေကို​မျှော်​။ အများကြီးတင်​လာ​တော့လဲ မှတ်​ညဏ်​ကမမှတ်​နိုင်​တော့။ အစက​တော့ ကဲကဲရဲရဲမှတ်​စုစာအုပ်​နဲ့​ဘောပင်​နဲ့ကိုမှတ်​ထား​သေး။ ကြာလာ​တော့စိတ်​ကုန်​လာသည်​။
​ဖြေမယ့်​ရက်​နီးလာ​လေ....စာ​တွေကအသစ်​ဖြစ်​လေ​လေ။
​နေ့တိုင်းနီးပါးဂရုထဲမှာလူ​တွေအများကြီးကတစ်​ယောက်​တစ်​မျိုးစီတင်​လာ​တော့လိုက်​ကြည့်​မှတ်​လို့လဲမရ​တော့။ နဂို ရခဲ့ပြီး​သောစာ​တွေလဲ အသစ်​ဖြစ်​လို့​နေပြန်​သည်​။
ဦး​နှောက်​တွေလဲပူလာသည်​။
လိုင်း​ပေါ်တက်​ပြီးစာကြည့်​ပြီဆိုလျှင်​လဲ စစ်​လိုင်း​ပေါ်ရှိ​နေလျှင်​စာကိုမလုပ်​ဖြစ်​တော့ပဲ စစ်​နဲ့သာစကား​ပြော​နေချင်​သည်​။ စစ်​က​တော့​သွေးစာကြည့်​စေချင်​၍ သူ့ခမျာ လွမ်းလှ​သော်​လဲ တက်​မလာရဲပဲရှိ​နေသည်​။ ညဖက်​ညစာစားပြီးတဲ့အချိန်​တွေဆိုလျှင်​တော့ အလွမ်း​ပြေဖုန်း​ခေါ်လာတတ်​လေသည်​။
စစ်​လို နားလည်​အလိုက်​သိ​ပေးလွန်း​သော ချစ်​သူတစ်​ယောက်​ကို​သွေးရလိုက်​ခြင်းအတွက်​ဂုဏ်​ယူ​နေမိသလို။ လူဘုံအလယ်​မှာ​ပေါ်တင်​ချမပြရဲတဲ့​သွေးအတွက်​တော့ စစ်​ဟာ​ကောင်​မ​လေးဖြစ်​နေသည်​ကလွဲလို့ကျန်​တာ အကုန်​ကောင်းလွန်းလှသည်​။
စစ်​အ​ကြောင်း​တွေးလိုက်​တာနဲ့ လက်​ကအလိုလို စစ်​နံပါတ်​လေး နှိပ်​ခေါ်​နေပြီ။
"ဟလို....မက​လေး....စာကြည့်​နေတာလား"
ဘယ်​ချိန်​ပဲ​ခေါ်​ခေါ် စစ်​ပဲတန်းကိုင်​တတ်​သည်​။​သွေးလိုဖုန်းတစ်​ခြားလူတခြားဖြစ်​မ​နေ။ သူမအားလို့မကိုင်​ရင်​မကိုင်​ပဲ​နေမည်​။ တခြားသူ​တော့စစ်​ရဲ့ဖုန်းကိုကိုင်​သူကရှားလှသည်​ဆိုမှမရှိသ​လောက်​ဖြစ်​မည်​။
"အင်း...မျက်​စိ​ညောင်းလာလို့"
တကယ်​က လွမ်းလာလို့ဆိုတာကို သိ​နေပါရက်​နဲ့ စစ်​ဆီမှဝန်​မခံမိ။
"ဟုတ်​.....အဲ့လိုပဲနားရင်းကြည့်​ပေါ့....တအားကြည့်​ရင်​မျက်​စိပျက်​မယ်​လေ...စစ်​လိုမျက်​မှန်​ကြီးတပ်​နေရမယ်​"
"မ​ပြောသားပဲ မျက်​မှန်​ကြိုက်​ပါတယ်​လို့....စစ်​ကလဲ"
"မျက်​စိ​ကောင်း​နေတာကိုကွာ....မ​ကောင်း​အောင်​မလုပ်​နဲ့ စာကရ​နေပြီလား​ပြောပါဦး"
"ရတယ်​ဆိုပြီး အလွတ်​မေးလိုက်​ရင်​လဲမ​ဖြေတတ်​တော့ဘူး....ရသလိုမရသလိုပဲဖြစ်​နေ​ရော"
"​ဖြေရင်​ရသွားမှာ​ပေါ့....နန်းတို့လဲ​ပြောကြတယ်​....မ​ဖြေခင်​က​တော့ရသလိုမရသလို....စာကိုကျက်​မယ်​ကြည့်​ရင်လဲအကုန်​ရပြီးသား​တွေ....​ဟော အလွတ်​ချ​ရေးဆို​တော့လဲမရဖြစ်​ကုန်​ရော....​နောက်​ဆုံး​ဖြေ​တော့လဲအဆင်​ပြေ​ပြေ​ဖြေနိုင်​သွားတာပဲတဲ့....ဒါ​ကြောင့်​မကလဲစိတ်​ပူမ​နေနဲ့...စစ်​ရဲ့မက​လေးက​အောင်​စာရင်းမှာပါပြီးသားဆိုတာ စစ်​ကယုံ​နေတယ်​"
"​သေချာ​နေတာ...​ဖြေရသူထက်​ကို "
"စစ်​ကမကိုယုံတယ်​လေ..ပြီး​တော့မက​တော်​တာကို"
"ဘာ​တော်​နေတာတုန်း"
"အကုန်​ပေါ့....မ​ဘေလ်​ကုန်​နေဦးမယ်​....​ချလိုက်​လေ..
..စစ်​ပြန်​ခေါ်မယ်​"
ဒါက​တော့​သွေးဖက်​ကစပြီးဖုန်း​ခေါ်တိုင်းစစ်​အမြဲ​ပြော​နေကျ စကား​လေး တစ်​ခွန်း။​သွေးဖက်​က​ဘေလ်​ကုန်​သွားမှာသူမလိုလား။ ပြီးကျကုန်​နေရင်​လဲသူပဲထည့်​ပေး​နေတာကို။ တားလို့လဲမရ။ တစ်​ခါတ​လေ​လေးတားမိပါတယ်​။ သုံး​လေးရက်​လောက်​ကိုစကား​ပြောမလာ​တော့ဘူး။ ငိုလဲငိုတတ်​သေးတာ။ အဲ့တည်းကစပြီးမတားရဲ​တော့။ သ​ဘောရှိသာလွှတ်​ထားလိုက်​သည်​။
"ရတယ်​....မချနဲ့...မဆီရှိတယ်​...အကြာကြီးလဲ​ပြောရမှာမဟုတ်​ဘူး ခဏ​နေချ​တော့မှာ....​"
"ဟင်​...မ မအားလို့လား"
"အားတယ်​....​ဋ္ဌေးကိုသူ့ဆရာမအိမ်​သွားပို့ရမှာမို့....စာ​မေးပွဲနီး​နေပြီ​လေ"
"ဪ....ဟုတ်​ကဲ့ပါ....မ လဲ​ဖြေရ​တော့မှာ​နော်​...လိုင်း​ပေါ်ကစာယူပြီးတာနဲ့တန်းဆင်း​တော့....တခြားသူ​တွေစာပို့လာတိုင်းလဲ​ပြောမ​နေနဲ့ဦး"
"အင်းပါ မီးစိမ်းပိတ်​ထားပါတယ်​တော်​....ရှင်​က​လေးက​နေ​ကောင်းရဲ့လား....ကျန်းမာ​အောင်​နေ​နော်​"
"​ဒေါင်​ဒေါင်​မြည်​ပဲ ရှင်​....မနဲ့​တွေ့ရဖို့ခွန်​အား​တွေအပြည့်​ဖြည့်​နေတယ်​....မသာ​အောင်​အောင်​ဖြေခဲ့"
"ဟုတ်​ပါပြီ....ဒါပဲ​နော်​...​ဋ္ဌေးပြန်​လာပြီထင်​တယ်​"
"ဟုတ်...မ...ချစ်​တယ်​နော်​....စာများများရပါ​စေရှင့်​"
"အင်းပါ"
ချစ်​တယ်​နော်​လို့​ပြောတိုင်း ဘာစကားမှပြန်​မ​ပြောနိုင်​လောက်​အောင်​ကိုရင်​ခုန်​သည်​။ စစ်​ကိုချစ်​တယ်​ဟုပြန်​ပြောဖို့တအားဝန်​လေး​နေမိသည်​။ ဘာရယ်​ကြောင့်​မသိ။ စစ်​ကိုချစ်​တယ်​လို့ပါးစပ်​နဲ့​ပြောရမှာကို မ​ပြောချင်​စိတ်​ကတင်းကြပ်​လို့​ပေါ်လာသည်​။ ပြီး​တော့စိတ်​ထဲမှာ​ပြော​နေတာတို့ စာနဲ့​ရေးတာတို့လုပ်​မိရင်​လဲ တစ်​ခုခုကိုရှက်​သလို​ကြောက်​သလိုနဲ့။ လိပ်​ပြာမလုံသလိုခံစားရသည်​။
​သွေး ချစ်​တဲ့သူက မိန်းမဆိုတဲ့အချက်​ကြောင့်​မို့လားမ​ပြောတတ်​။
မိန်းက​လေးချင်းတာ အပြစ်​ဟုဆိုကြလျှင်​သွေးတို့ငရဲကြီးပြီ​ပေါ့။ စစ်​က​တော့​ပြောပါ​သေးသည်​။ လူသား​တွေတစ်​ဦးနဲ့တစ်​ဦးမုန်းတီးနာကျည်းစိတ်​မရှိပဲ ချစ်​နေကြခြင်းသည်​မင်္ဂလာ တစ်​ပါးတဲ့။​သွေးတို့လိုပဲမိန်းမချစ်း​ယောက်ျားချင်းချစ်​ပြီးလက်​ထပ်​ကြသူ​တွေမှအများကြီးလဲရှိပါ​သေးသည်​တဲ့။ စစ်​က​တော့ သိရင်​သိ​နေမှာ​ပေါ့။​သွေး​တော့တကယ်​ကိုမသိခဲ့ခြင်းပါ။​သွေး​နေထိုင်​ရာပတ်​ဝန်းကျင်​၊ မိသားစု၊ သူငယ်​ချင်းစတဲ့အသိုင်းအဝိုင်းထဲမှာ​တော့ဒီလိူချစ်​ကြတာမျိုးမရှိခဲ့ဖူး မ​တွေ့ခဲ့ဖူးပါ​လေ။
စစ်​ကိုချစ်​သလိုလိုဖြစ်​တုန်းကနဲ့ ၊ စစ်​နဲ့ချစ်​သူဖြစ်​နေစဉ်​ကာလ​တွေများဆို မိုး​တွေရွာတိုင်း လျှပ်​စီး​တွေလက်​တိုင်း​သွေးမှာအထိတ်​ထိတ်​အလန့်​လန့်​။ အပြစ်​လုပ်​ထားတဲ့တရားခံတဦးပမာ​နေစရာကိုမရှိ​တော့တာ။​သွေးကိုများဘုရားကဒဏ်​ခတ်​ပြီးမိုးကြိုးများပစ်​လေမလားဆိုတဲ့အ​တွေး​တွေကမိုး​တွေရွာတိုင်းဝင်​လာတာ။
​ကြောက်​တတ်​ရင်​စစ်​ကိုမချစ်​နဲ့ဆိုလာလျှင်​လဲ မရ။ ချစ်​တာကချစ်​နေပြီ​လေ။ အ​ကြောင်းတစ်​စုံတရာမရှိပါပဲလမ်းခွဲဖို့လဲမဖြစ်​နိုင်​။ တစ်​သက်​စာကြင်​နာသူကလဲစစ်​ကလွဲပြီး ဘယ်​သူမှမဖြစ်​နိုင်​တော့၊ ဘယ်​လိုပဲ​နေ​နေ လူ့ဘဝကခဏ​လေးသာဆို စစ်​ကိုပဲချစ်​နေလိုက်​ချင်​သည်​။
မိန်းမတစ်​ယောက်​ဖြစ်​နေတာကလွဲရင်​ယောက်ျား​တွေထက်​စစ်​ကပိုပြီးကြင်​နာတတ်​သည်​။ ဂရုစိုက်​တတ်​သည်​။ ကာကွယ်​ပေးသည်​။ အရာရာအ​ကောင်းချည်းဖြည့်​တွေး​ပေးတာမဟုတ်​ပေမယ့်​တကယ်​လဲ​သွေးအ​ပေါ်စစ်​ကသိပ်​ကောင်းသည်​ကိုး။
....
"မကြီး...ဒီမနက်​စစ်​ဆွမ်း​တော်​ကပ်​မယ်​နော်​....​ဈေးသည်​လာတာ​နောက်​ကျတတ်​လို့​ဈေးထဲခဏသစ်​သီးသွားဝယ်​လိုက်​ဦးမယ်​"
မြတ်​စွာဘုရား၊
မလုပ်​ဖူးအလုပ်​ထူးလို့ မနက်​ဘုရားဆွမ်း​တော်​ကိုစစ်​ကကပ်​မည်​ဆို​တော့ မကြီးအံ့အားသင့်​နေရှာသည်​။ ဘာစကားမှမ​ပြော​တော့စစ်​ကပဲရယ်​ကျဲကျဲလုပ်​လိုက်​ရသည်​။
"ဘာစိတ်​ကူး​တွေ​ပေါက်​နေတာလဲ စစ်​"
​နောက်​နားဆီမှ အ​မေဝင်​လာကာ​မေး​တော့မှ
"ညကအိမ်​မက်​မ​ကောင်းဘူး အ​မေရဲ့...​နော်​...ဒါ​ကြောင့်​အသက်​ရှည်​ရှည်​နဲ့ကျန်းကျန်းမာမာ​နေရ​အောင်​သစ်​သီး​လေးလှူမလို့"
စစ်​က ညာရွှီးလိုက်​သည်​။ ညကအိပ်​ပျော်​လွန်းလို့ဘာအိမ်​မက်​မှမက်​မ​နေခဲ့။
အ​မေက​တော့မယုံသင်္ကာအကြည့်​နဲ့ကြည့်​လာ​ပေမယ့်​မမက​တော့စိုးရိမ်​မျက်​လုံး​တွေ
"ဟုတ်​ရဲ့လား...ဒါဖြင့်​ဈေးထဲမကြိးပဲသွားဝယ်​ပေးမယ်​လေ...အိမ်​မှာ​နေခဲ့လိုက်​"
စစ်​ပုံပြင်​ကိုမကြိးယုံသွား​ချေပြီမို့လို့
"အဲ့​လောက်​မဟုတ်​ပါဘူး..စစ်​ကိုယ်​တိုင်​လုပ်​ချင်​လို့ပါ...​နော်​...ခဏ​လေးပဲဆွမ်းပွဲအသင့်​ပြင်​ထား​ပေး"
"ဟဲ့..နှင်း​တွေကျ​နေတယ်​....ဦးထုပ်​ဆောင်းဥိး"
အ​မေ​ဆောင်းခိုင်းတာကဆိုင်​ကယ်​ဦးထုပ်​၊ ဒါမဲ့စစ်​က​တော့ဝတ်​နေကျဟူဒီ​ခေါင်းစွပ်​ကပါတဲ့ဦးထုပ်​ကို​ဆောင်းချလိုက်​သည်​။ နှင်းစက်​တွေနဲ့​မြေပြင်​ကြီးစိုရွှဲ​နေသည့်​အပြင်​လမ်း​တောင်​ကောင်း​ကောင်းမမြင်​ရပဲနှင်းမှုံ​တို့ဖုံးလွှမ်း​နေ​တော့သည်​။ နိုးလာတည်းက ဂျင်း​ဘောင်းဘီစွပ်​ထားလို့သာ​တော်​တော့သည်​။ နတ်​တော်​ပြာသို တပို့တွဲစတဲ့လ​တွေများဆို စစ်​က​ရေမှန်​မှန်​တောင်​မချိုးဖြစ်​။ ခုလဲ အ​ချမ်း​ပေါ့လာပြီဟုသာ​ပြော​နေကြတာ။​အရိုးကွဲမတတ်​အေးဆဲပါပဲ။
​ဆောင်းရာသီဆို​တောင်​ကြီးသူ​တောင်​ကြီးသား​တွေအ​နွေးထည်​အလန်းစား​တွေနဲ့ရှိုးထုတ်​ပြီးလည်​ပတ်​နေကြ။ တခြားမြို့ကလူ​တွေလဲ​တောင်​ပေါ်​ရောက်​မှပ​နွေးထည်​တွေလာဝယ်​ပြီးမှဝတ်​ကြရနဲ့။ တစ်​ယောက်​ချင်းစီကို​နေ့တိုင်း​ရေချိုးလား​မေးရင်​ချိုးတဲ့သူကတစ်​ရာမှာတ​စ်​ယောက်​လောက်​သာ။
စစ်​တောင်​အထဲက စပို့ရှပ်​ရယ်​ရှပ်​ကွက်​အထူစားလက်​ရှည်​ရယ်​အ​ပေါ်ကဟူဒီအ​နွေးထည်​အထူကြီးရယ်​...ဂျင်း​ဘောင်းဘီ ဘွတ်​ဖိနပ်​ခြေစွပ်​လက်​စွပ်​နဲ့​တောင်​ဘယ်​က​လေ​အေးကဝင်​တိုး​နေလဲမသိ။ အသဲခိုက်​အောင်​အေးချက်​။ အ​အေးလှိုင်းများဖြတ်​နေသလားမသိ။
ဆိုင်​ကယ်​လီ​ဗာဆွဲ​နေတဲ့လက်​တောင်​ထုံကျဉ်​နေသည်​။​မောင်း​နေကျအမြန်​နှုန်းနဲ့လဲမ​မောင်းရဲ။​လေတိုးသ​လောက်​ကို​အေး​နေတာကိုး။ အဖြတ်​လိုက်​တိုက်​ခတ်​နေတဲ့နှင်းမှုံ​ရောယှက်​လေ​အေးတစ်​ချို့​ကြောင့်​ဆိုင်​ကယ်​ဒိုင်​ခွက်​တောင်​စိုရွှဲ​နေသလို စစ်​လက်​အိတ်​ကောအဝတ်​အစား​တွေမှာပါအနည်းငယ်​စို​နေပြီ။
ဒီလို​အေးပုံမျိုးနဲ့ ဒီရာသီဥတုမှာ အပြင်​ထွက်​ဖို့သိပ်​ပျင်းတဲ့စစ်​ပါ။ ခုက ဘာ​ကြောင့်​ရှားရှားပါးပါးနဲ့ထွက်​နေရလဲဆို​တော့ မ စာ​မေးပွဲ​ဖြေတဲ့​နေ့​လေ။ မ ကျက်​ထားသမျှစာ​တွေတိုး​စေဖို့ရယ်​။​ကောင်း​ကောင်းမွန်​မွန်​ဖြေဆိုနိုင်​ဖို့ရယ်​ဘုရားမှာဆုပန်​ခြွေချင်​လို့ အ​မေတို့ကိုပုံပြင်​ပြောပြီးထွက်​လာခဲ့ရတာမဟုတ်​ပါလား။
​ဈေးထဲက ဘုရားပန်းနဲ့​သစ်​သီးသုံးမျိုးကို အ​ဆောတလျင်​ဝယ်​ယူပြီးအိမ်​သို့အ​ပြေးပြန်​လာရသည်​။​တော်​ကြာအ​မေဆွမ်း​တော်​ကပ်​လိုက်​မှဖြင့်​။
ကံ​ကောင်းစွာ အ​မေက ဘုရားစင်​ကိုရှင်း​နေတာနဲ့တိုး​နေ​သေးသည်​၊
"ဟယ်​...အ​မေ စစ်​ကိုဘုရားပန်​လှူ​ပေးဦး...လုပ်​ပေးဦးလို့"
"တကတည်း​တော်​....ဒီမနက်​မှဘာ​တွေစိတ်​ကောင်းဝင်​နေလဲမသိဘူး....ဒီမှာဘုရားအိုး​တွေ​အောက်​ကိုယူသွား....​ဆေးပြီး​ရေဖြည့်​လိုက်​...."
"ဟုတ်​ကဲ့"
ဘုရားအိုး​တွေယူလာ​အိမ်​နောက်​ဖေး​ရေတွင်းနားသွားထားပြီး....ဆိုင်​ကယ်​ပေါ်က ပန်းနဲ့သစ်​သီးထုပ်​သွားယူလာလိုက်​သည်​။ သစ်​သီးကို မကြီးရှိတဲ့မီးဖို​ချောင်​ထဲဝင်​ထားရင်း
"မကြီး...အသီး​တွေပါပြင်​ထား​ပေး​နော်​....အလုံးတိုင်းမဟုတ်​ဖူး...​သေချာ​လေးအခွံနွှာပြီး အတုံး​သေး​သေး​လေး​တွေလုပ်​ပေး​နော်​"
ကိုယ်​တိုင်​လုပ်​မည်​ဆိုပြီး တကယ်​လုပ်​ဖြစ်​နေတာကခိုင်း​နေတာပါ။
"အင်း...ထားခဲ့...လုပ်​စရာရှိတာလုပ်​...ရရင်​ခေါ်လိုက်​မယ်​"
ဘုရားအိုး​ဆေး​ပေး​နေတုန်း အ​မေ​ရောက်​လာကာ
"ဟင်​...သ​ပြေပန်း​တွေလား...တခြားပန်းမဝယ်​ပဲနဲ့...ဘာလို့သ​ပြေလဲ"
"စစ်​က သ​ပြေကြိုက်​တယ်​လေ...​ဈေးအဝင်​မှာ​တွေ့တာနဲ့ဝယ်​လာလိုက်​တာပဲ"
ဒါလဲ ညာတာပါပဲ။ မက​သောကြာသမီးမို့လို့ သ​ပြေပန်းလှူ​ပေးတဲ့အပြင်​အောင်​သ​ပြေဆိုပြီးလဲမှတ်​ယူကြတာမဟုတ်​ပေဘူးလား။ ဒီသ​ပြေ​လေးရဖို့​ဈေးထဲ​ခြေတို​အောင်​ရှာလိုက်​ရတယ်​ဆိုတာ အ​မေ သိပါ​လေစ။
အ​မေ ဘာမှပြန်​မ​ပြောပဲဘုရားပန်း​တွေ​သေချာလဲ​ပေးသည်​။ ပြီး​တော့စစ်​ကဘုရားစင်​ပေါ်လိုက်​တင်​ပေးသည်​နှင့်​မကြီးကလဲ ဆွမ်း​တော်​ကပ်​ဖို့ အသင့်​လုပ်​ပေးနှင့်​နေပြီမို့ အခန်းထဲဝင်​ကာ ထမီတစ်​ထည်​ပြန်​စွပ်​လိုက်​ရသည်​။​ဘောင်းဘီကြီးနဲ့ဘုရား​ရှေ့မှာထိုင်​မကန်​တော့သင့်​ဘူးထင်​လို့​လေ။
အကုန်​လုံးဘုရားစင်​ပေါ်တင်​ကပ်​လှူပူ​ဇော်​ပြီး​နောက်​ဆုံး
"ယ​နေ့​ဖြေဆိုတဲ့စာ​မေးပွဲမှာ​သောကြာသမီးဖြစ်​တဲ့​သွေးတစ်​ယောက်​ကောင်းမွန်​စွာ​ဖြေဆိုနိုင်​ပါ​စေ....သာဓု သာဓု သာဓုပါဘုရား...."
​စော​စောစီးစီး မအတွက်​ကုသိုလ်​ပြု​ပေးဖြစ်​ခဲ့တာကို ကြည်​နူးမဆုံး။ ဘုရားဝတ်​ပြုထားတဲ့ တဘက်​ကို ဘုရားစင်​အောက်​ဖက်​စားပွဲပု​လေး​ပေါ်​သေချာ​ခေါက်​တင်​လိုက်​သည်​။ ခဏကစွပ်​ထား​သော ထမီကိုပြန်​ချွတ်​။
အားသွင်းထားတဲ့ဖုန်းကိုယူကာ မဆီဆက်​လိုက်​သည်​။
တစ်​ယောက်​တည်းတည်းခိုခန်းမှာအိပ်​နေတဲ့မက ညကအိပ်​မှ​ပျော်​ပါ့မလား။ ဒါမှမဟုတ်​မအိပ်​ပဲတညလုံးစာကြည့်​နေသည်​လား။ ဖုန်း​တော့မကိုင်​။
အ​စောထပြီးစာများကျက်​နေ​လေသလားမသိ​။ မကတအားကြိုးစားထားရသည်​လေ။ ပင်​ပန်း​ရှာ​နေလိမ့်​မည်​။
​ကိုယ်​ပေါ်​စောင်​အထူကြီး​ပြန်​ခြုံရင်း ပြန်​ခေါ်ရပြန်​သည်​။
​စောစီးများ​ရေချိုး​နေလားမသိ။
​တော်​တော်​ကြိုးစား​ခေါ်လိုက်​မှ ကိုင်​လာ​တော့သည်​။
"ဟလို...စစ်​"
ဟင်​....စစ်​မှာ​တော့ဟို​တွေးသည်​တွေးနဲ့တစ်​ခုခု​တော့လုပ်​နေလိမ့်​မည်​ထင်​ပေမယ့်​ခုမ ထူးသံက အိပ်​ချင်​မူးတူး။
"​မောနင်း မ...စာကျက်​နေတာလားလို့"
"ဘယ်​ကလာကျက်​ရမှာ....အိပ်​နေတာကို...စစ်​ခေါ်မှနိုးတယ်​"
"ညက ဘယ်​ချိန်​မှအိပ်​လို့လဲမရဲ့...ညအ​တော်​နက်​သည်​အထိမကြည့်​ပါနဲ့ဆို..."
"မကြည့်​ပါဘူး စစ်​နဲ့​ပြောပြီးခဏ​နေအိပ်​တာပဲ"
ဟယ်​....ဒီ​နေ့စာ​ဖြေမယ့်​သူက မ​နေ့ညကလဲစာမကြည့်​ဘူးတဲ့။ ဘယ်​လို​တောင်​ပါလိမ့်​။ မ​နေ့ညကမ စာကြည့်​ရမှာမို့လို့ စစ်​တောင်​ခဏ​လေးပဲ​ပြောပြီး​စော​စောအိပ်​တာကို။ ဒါဆိုမသည်​လဲပဲခုနှစ်​နာရီ​လောက်​တည်းကအိပ်​နေတာဖြစ်​မည်​။ ခုလဲခုနှစ်​နာရီ​ကျော်​နေပြီ။​ဆောင်းတွင်းမို့လို့သာအ​စောကြီးထင်​ရတာ။
"ထ​တော့​လေ...မရဲ့...ခုနှစ်​နာရီ​ကျော်​နေပြီ"
"ဟင်​...ဟုတ်​လား...အမ​လေး...အခန်းသွားရှာရဦးမှာကို...စစ်​က​စောမနှိုးဘူးကွာ"
စစ်​အပြစ်​ပဲဖြစ်​ရ​တော့တယ်​။ အိပ်​ယာထသံ​ကော​စောင်​ခေါက်​သံ​တွေပါကြား​နေသည်​၊
"စစ်​ဖုန်း​ခေါ်​နေတာဖြင့်​ကြာလှပြီ မက​လေးရဲ့။ ...မကအိပ်​ပျေိာ​နေတာကိုး....​ဖြေး​ဖြေးလုပ်​နော်​...ဒီ​နေ့စစ်​ကမ​စာ​ဖြေနိုင်​ဖို့သ​ပြေပန်း​တွေသစ်​သီး​တွေလှူပြီး ဆု​တောင်းထား​ပေးတယ်​သိလား မက​ဖြေနိုင်​မှာ"
"​ကျေးဇူး...မ မျက်​နှာ​ပြေးသစ်​တော့မယ်​...​နောက်​ကျ​နေပြီ...မနက်​စာလဲစားရဦိးမှာကို...."
"ဟုတ်​ကဲ့မ...​အေး​ဆေးလုပ်​နော်​...စစ်​ဖုန်းချပြီ...​ကျောင်း​ရောက်​ရင်​ဖုန်းဆက်​ဦး"
"အင်းအင်း ချလိုက်​တော့"
စာ​ဖြေရမယ့်​သူကစာကြည့်​ဖို့မ​တွေးပဲ မနက်​စာစားဖို့ပဲ​တွေး​နေသတဲ့။ ဒီလိုလူမ​လေးက စစ်​ရဲ့မက​လေးတဲ့လား။ ဆရာမ​လောင်းတဲ့လားကွယ်​။
မကြီးမနက်​စာ စားဖို့လာ​ခေါ်​သော်​လဲမစားချင်​သေးဘူးဟုဆိုကာ မ ဖုန်းပြန်​ဆက်​လာမယ့်​အချိန်​ကို​စောင့်​ရင်း လိုင်းသုံး​နေမိသည်​။
"မက​လေး....ကျက်​သမျှ ရသမျှစာ​တွေပဲ​မေးလာပါ​စေ​နော်​....တိုးလဲတိုးပါ​စေ....မက​လေး​အောင်​ပါ​စေ...​ဖြေနိုင်​ပါ​စေရှင့်​"
တကူးတကစာ​တွေပို့ပြီး ဟိုကြည့်​သည်​ကြည့်​လုပ်​နေတုန်း မ လိုင်းတက်​လာသည်​၊
"မ..ာ​ကျောင်း​ရောက်​ပြီလား...အခန်း​တွေ့ရဲ့လား...စာလဲကြည့်​နော်​..မနက်​စာစားပြီးခဲ့ပြီလား"
စာက​တော့ ဝင်​သွားပါရဲ့။​ယောင်​လို့မျှပင်​ဝင်​မကြည့်​သွား။ ငါးမိနစ်​လောက်​တက်​ပြီးပြန်ဆင်းသွားသည်​။
​စောင့်​နေရတဲ့စစ်​မှာသာ​ဗိုက်​ဆာ​နေ​သော်​လဲ ဆင်းမစားရဲ​သေး။ မ ဘာလုပ်​နေပါလိမ့်​။
စာမ​ဖြေခင်​လေးအား​ပေးစကား​ပြောချင်​သေးတာကို။
စာ​ဖြေချိန်​ရှစ်​နာရီခွဲထိ​စောင့်​နေပါ​သော်​လဲ ကိုင်​လို​သောဖုန်းကဝင်​မလာ​သောအခါ....
စစ်​က ဂရုစိုက်​ပေးသ​လောက်​မ ဖက်​က​သွေး​အေး​နေလွန်း​သောအခါ....
...
​မေးခွန်းကလဲ ဘာ​တွေ​မေးမှန်းကိုမသိ။ အင်္ဂလိပ်​စာလဲတတ်​သ​လောက်​သာ​ဖြေခဲ့သည်​။ မြန်​မာစာကလဲဘာမှန်းမသိ။ မဆိုင်​တာ​တွေ​မေးလွန်း​နေသည်​ဟုမှတ်​ချက်​ရေးပြီး စာ​ဖြေခန်းကထွက်​ချင်​ခဲ့​တော့တာပါပဲ။
ဒီစာ​မေးပွဲရလဒ်​ကို မိသားစု​ကော ချစ်​သူကပါအများကြီး​မျှော်​လင့်​ထားကြ​လေသည်​။ ဒါကို​သွေးကလဲကြိုးစားခဲ့ပါလျက်​နဲ့ မ​အောင်​ရင်​တော့စိတ်​ပျက်​စရာ​ကောင်းလွန်း​နေ​တော့မည်​။
မ​အောင်​ရင်​လဲမတတ်​နိုင်​။ လူတကာလိုက်​မေးကြည့်​ရင်​လဲ​ဖြေနိုင်​တယ်​လို့​ဖြေသူကမရှိ။ အကုန်​လုံးညည်း​နေကြသူချည်းသာ။
​သွေးအတွက်​တော့တစ်​လနီးပါးမျက်​စိကန်းမတတ်​အပျင်း​ပြေသ​ဘောနဲ့ကြည့်​ခဲ့ရတဲ့စာ​တွေကို​ပစ်​ထားခွင့်​ရ၍ ရင်​ဝယ်​ပေါ့ပါး​နေသည်​။ မှတ်​စု​ရေးခဲ့တဲ့စာအုပ်​သည်​လဲ တည်းခိုခန်းတွင်​မေ့ကျန်​ရစ်​ခဲ့သည်​။ စာ​ဖြေခန်းကထွက်​ထွက်​ချင်း ဖုန်း​ထဲက သိမ်းထားသမျှစာစု​တွေကိုလဲဖျက်​ပစ်​သည်​။ ဖုန်း​တောင်​အ​တော်​ရှင်းသွား​သေးသည်​။ အခု​လော​လောဆယ်​အောင်​စာရင်းအတွက်​မစဉ်းစား။ တလလုံးရွက်​ထားရတဲ့အရာကိုခုမှချပစ်​ရတာမို့လို့စိတ်​တွေ​ကောကိုယ်​ပါ​ပေါ့ပါးလန်းဆန်း​နေသည်​။ ရလဒ်​ကို​မေ့ထားလိုက်​ပြီးအိမ်​မက်​ရှိရာလှမ်း​တော့မည်​။
ခုံနံပတ်​ကဒ်​လေးကို နီးရာအမှိုက်​ပုံးထဲထည့်​ပစ်​လိုက်​ပြီး အကြို​တော်​အဖြစ်​ရောက်​နှင့်​နေပြီဖြစ်​တဲ့ မျိုးသွင်​ဆီ​ရောက်​တော့
"မိ​သွေး....ရွှင်​လန်း​နေပါလား...​ဖြေနိုင်​ခဲ့တယ်​ထင်​တယ်​....ဆရာမ​သွေး"
ရွင်​ပျပျနဲ့လှမ်း​ပြောလာသည့်​မျိုးသွင်​အားပခုံးတွန့်​ပြပြီး
"လန်းလန်း ပဲ​အေ့....ငါ့ကို ကားလက်​မှတ်​ဖြတ်​ပေးခဲ့လား"
"ဟင်​...တန်းပြန်​မှာလား"
"​အေ့​လေ....ငါ အိမ်​ပြန်​ရောက်​ချင်​ပြီ"
"မိ​သွေးတို့က​တော့လုပ်​လိုက်​ရင်ြ​ဗုန်းဒိုင်းကြီးပါလား...ငါဖြင့်​နင့်​ကို ဘာမှ​တောင်​မ​ကျွေးရ​သေး"
"​မောင်း​တော့...​နေ့လယ်​စာ​ကျွေးလိုက်​..."
မျိုးသွင်​ဆိုင်​ကယ်​ပေါ်တက်​လိုက်​ပြီးအတင်း​မောင်းခိုင်းလိုက်​သည်​။ အဖြူ အစိမ်းဝတ်​စုံနဲ့ ဆံထုံးကိုကပိုကရို​လေးထုံးဖွဲ့ထား​သော​သွေးအား ဆိုင်​ကယ်​နောက်​ကြည့်​မှန်​မှ ကြည့်​နေရင်း
"အဖြူ အစိမ်းကြီးနဲ့လား"
"​အေ့​လေ...ငါ ဘယ်​မှာလဲရမတုန်း...အခန်းကလဲပြန်​အပ်​ခဲ့ပြီ...ဆယ့်​နှစ်​ကျော်​သွားရင်​တရက်​စာထပ်​ပေးရမှာမို့ တကယ်​က ငါလဲချင်​တယ်​သိလား...ဆရာမလဲမဟုတ်​ကျောင်းသားလဲမဟုတ်​နဲ့...ဒီဝတ်​စုံကြီးဝတ်​ရတာစိတ်​ထဲတစ်​မျိုးကြီးပဲ ရှက်​သလိုကြီး"
အဖြူ အစိမ်းဝတ်​စုံတွင်​ဘာအရိပ်​တွေကပ်​ပါ​နေလဲ​တော့မ​ပြောတတ်​။ ဝတ်​သာဝတ်​လိုက်​ရတာ။ စိတ်​ထဲရှက်​သလို​ကြောက်​သလိုနဲ့။ စိတ်​ကိုမသန့်​။ ကိုယ့်​ကိုကိုယ်​လဲမ​ကျေမနပ်​ဖြစ်​ချက်​။ လိုင်း​ပေါ်မှာ​တော့အဖြူ အစိမ်းနဲ့ဆံထုံးနဲ့လာ​ဖြေရမည်​လို့​ပြောတာ​ကြောင့်​ဒီဝတ်​စုံကို​ဋ္ဌေးရဲ့ဆရာမဆီကငှါးလာခဲ့တာ။ ပြီး​တော့မထုံးတတ်​တဲ့ဆံထုံးကပြင်​ထုံး​နေရတာကလဲ​နောက်​ကျမှအိပ်​ယာထပါတယ်​ဆိုမှအချိန်​တွေကြာချက်​။
တကယ့်​တကယ်​လာ​ဖြေ​တော့လဲ သာမာန်​ဝတ်​စုံ​တွေနဲ့လာ​ဖြေကြသူ​တွေလဲရှိသည်​။ ဆံထုံးလဲမထုံးကြ။ အဖြူအစိမ်းဝတ်​သူအနည်းငယ်​လောက်​သာရှိသည်​။ မဝတ်​လဲရသားကို အဲ့လိုင်း​ပေါ်ကလူလျှာရှည်​တာ ဟုအပြစ်​လဲတင်​မိ​နေသည်​။
"ဟား...လှပါတယ်​ဟ...ဆရာမအတိုင်းပဲ....မျက်​နှာကြီးကလဲအီးမှန်​ထားသလိုပဲ"
"ရီမ​နေနဲ့...စိတ်​အိုက်​လွန်းလို့...ငါ့အ​ဆောင်​ခဏပို့​ပေး​လေ....အဲ့မှာလဲလိုက်​ဦးမယ်​"
"Dayသမား​တွေရှိတယ်​နော်​...ဝင်​မလို့လား...ငါ့အစ်​မအိမ်​လိုက်​လဲ​လေ...အစ်​မရှိတယ်​"
"မလိုက်​ပါဘူး...နင့်​အစ်​မကငါ့ကို​တွေ့တာနဲ့နင်​နဲ့ပဲအခါ​တော်​ပေးချင်​နေတာ...​တော်​ပြီ"
မျိုးသွင်​အစ်​မက အမြဲတမ်း​သွေးကိုမျိုးသွင်​နဲ့သ​ဘောတူ​နေတာကိုး။​ရှေ့တွင်​လဲစတတ်​သလို ကွယ်​ရာတွင်​လဲနားချတတ်​တာ​လေ။
"​အေ့ပါဟယ်​...မာနခဲကြီးကလဲ...ငါလဲနစ်​နာတယ်​ဟဲ့..."
"​မောင်းပါဆို ငါ​ဗိုက်​ဆာရင်​ဒေါသထွက်​တတ်​တယ်​နော်​...ကိုင်​ပေါက်​ပစ်​လိုက်​ရ"
"​ဒေါသအိုးရယ်​...စိတ်​လျှော့ထား...လူကြည့်​တော့သုံး​ပေ​လောက်​နဲ့အ​ပြောက​လေထဲမှာချည်းပဲ...ကိုင်​ထား​ကျောပိုးအိတ်​ငါ့ကို​ပေး"
"မ​ပေးဘူး...ထမီ​တွေပါတယ်​နင်​သာ​အေး​ဆေး​မောင်း"
"အမိန့်​တော်​မြတ်​အတိုင်းပါ​ဗျား"
မျိုးသွင်​သွေးကိုကြိုက်​နေမှန်းသိ​ပေမယ့်​သွေးကဘယ်​လိုမှသ​ဘောမထားတာ​ကြောင့်​ရှေ့လဲဆက်​မတိုးဖြစ်​။ ပုံမှန်​အတိုင်း သူငယ်​ချင်းအရင်းလိုသာဆက်​ဆံဖြစ်​ကြသည်​၊​နေ့လယ်​စာ စားပြီးဂိတ်​ပို့ခိုင်းရ​တော့သည်​။ ကားကမထွက်​သေး​စော​နေ​ပေမယ့်​လဲ​သွေးမျိုးသွင်​နဲ့နှစ်​ယောက်​တည်းအချိန်​မဖြုန်းလို​ပေ။ ထို့​ကြောင့်​ဂိတ်​ကိုသာနားပူနားဆာလုပ်​ပြီးပို့ခိုင်းရခြင်းပင်​။
စစ်​ကို လဲဖူန်းမဆက်​ဖြစ်​။ မ​ဖြေနိုင်​တဲ့အ​ကြောင်း​တွေကိုမ​ပြောပြချင်​။ ယုံကြည်​နေ​သောစစ်​ကိုလဲအားမငယ်​စေချင်​။
စိတ်​ညစ်​စရာ​တွေ​ခေါင်းထဲကရှင်းထုတ်​ပြီး​ပျော်​စရာကိုသာ​တွေး​နေလိုက်​တော့မည်​။ ဘဝကခဏ​လေးပဲမလား​လေ။
....
"အိမ်​မက်​မ​ကောင်းဘူးဆို...ဘာလို့ပင်းတယလိုက်​သွားမှာလဲ..."
"ဟုတ်​တယ်​...စစ်​...​နောက်​မှပဲသွား​လေ...မကြီးတို့ခဲအိုအားရင်​လိုက်​ပို့​ပေးမယ်​...အကြီး​ကောင်​စာ​ဖြေပြီးရင်​ပ"
လုပ်​လာပြီ။ ညာမိခြင်းရဲ့​နောက်​ဆက်​တွဲအမှားကား ပြင်​လို့လဲမရ။ စစ်​ကျန်းမာ​ရေးနဲ့ပတ်​သက်​ပြီးအမြဲစိတ်​ပူ​နေရတဲ့အ​မေနဲ့မမ​တော့ စစ်​ကို​ခြေတုပ်​နေပြီ​လေ။
"အာ...မမတို့အ​မေတို့ကလဲ...စစ်​အခု​နေ​ကောင်း​နေပြီကို..ပြီး​တော့ခု​ခေါ်တာကမိုး​ခေါ်တာ​လေ..စစ်​ကလိုက်​မယ်​ပြောပြီးပြန်​ဖျက်​လို့လဲမရ.."
"ရတာ​ပေါ့...မလိုက်​ဖြစ်​တော့ဘူးလို့​ပြောလိုက်​လေ"
"အ​မေတို့က အဲ့လိုပဲ...ကတိမတည်​ဘူး...ဒါစစ်​သိပ်​လိုက်​ချင်​တယ်​ဆိုပြီး...အ​မေတို့ဆီအပူကပ်​ထားတာမဟုတ်​ဖူး...အ​မေတို့ကပဲလိုက်​သွား​လေ..​ခေါသွားသမီးဆိုပြီးထည့်​တာ​လေ..."
"မလိုက်​တော့ဘူးလို့​ပြောရင်​ရပြီ​လေ..အာသနာပါးနာမလိုက်​နဲ့​ပေါ့...မမတို့ကလူကြီးမို့လို့အားနာလို့​ပြောလိုက်​တာကို"
"ဒါဆိုလဲကိုယ့်​ဟာကိုယ်​ပြောကြ...မနက်​ကျလာ​ခေါ်လိမ့်​မယ်​..တကယ်​ပဲ သွားမယ်​လာမယ်​ဆိုရင်​ချုပ်​ခြယ်​ကြပြီ...​သေခါနီး​တောင်​မ​သေ​သေးနဲ့လို့လှမ်းတားကြမယ့်​ပုံ"
ခရီး​ဆောင်​အိတ်​သေး​သေး​လေးထဲကို အဝတ်​အစားပချို့​ခေါက်​ထည့်​နေတာကို​ဘေးမှာလာပြီး​ပြော​နေကြတာ။ စိတ်​တိုသွားတာမို့လို့ အိတ်​ထဲကအဝတ်​တွေပြန်​ဆယ်​ပြီး​ဗီဒိုထဲဖိုသီဖပ်​ယားပြန်​ထည့်​လိုက်​သည်​။ ပြီး​နောက်​အိတ်​လဲပြန်​မသိမ်းပဲ​အောက်​ထပ်​ဆင်းလာခဲ့သည်​။
​နေရာတကာကို ခု​နေသွား ခဏ​နေမသွားနဲ့​တော့ဆိုပြီး အမြဲတ​စေလိုက်​ပိတ်​ပင်​နေတာကြီးကိုမကြိုက်​။ ခရီးထွက်​လို့​သေသွားတာလဲမဟုတ်​။​သေချိန်​တန်​ရင်​သေလိမ့်​မည့်​ဟာကို။ ဟိုသွားလဲစိတ်​ပူသည်​သွားလဲစိတ်​ပူ။ စစ်​မှက​လေးမဟုတ်​တော့တာကို။
စိတ်​ရှုပ်​ရှုပ်​နဲ့ ဆိုင်​တံခါး​သော့ဖွင့်​ပြီး ဆိုဖာ​ပေါ်တွင်​ပစ်​လှဲလိုက်​သည်​။​ဒေါကြီး​မောကြီးနဲ့ထွက်​လာတာ​ကြောင့်​ဖုန်း​တောင်​ပါမလာ။
စိတ်​ကူး​တွေယဉ်​ပြီး အ​ပျော်​ကြီး​ပျော်​နေတာကိုဖျက်​ဆီး​လေခြင်း။ မသာ​ရောက်​မ​နေရင်​စစ်​သည်​မိုး​ခေါ်ရာသို့လုံးဝလိုက်​မည်​မဟုတ်​။ လိုက်​ချင်​စိတ်​လဲမရှိပါ။ စစ်​ကသူများ​တွေလိုခရီးထွက်​ရခြင်းကိုမကြိုက်​တာ။ သို့​သော်​မရှိရာအရပ်​ကလွဲလို့​ပေါ့။ မနဲ့အတူသွားခွင့်​ရရင်​တော့ဘယ်​နေရာဘာဖြစ်​ဖြစ်​မတစ်​မျက်​နှာနှင့်​မို့​ပျော်​ရသည်​၊ ခု​တော့ဖြင့်​အ​မေတို့လုပ်​ပုံနဲ့​သေချင်​စိတ်​ပါ​ပေါက်​ရသည်​။
​ပေါင်း​ဆေးဘူးခွံ​တွေစုပုံထားတဲ့အ​ပေါ်ဖက်​ပစ္စည်း​ဟောင်း​တွေဂျပ်​ဖာ​တွေထပ်​ထားတဲ့ကြားမှ​ဆေးလိပ်​ဘူးယူလိုက်​သည်​။ ဆိုင်​ခန်းထဲတွင်​ရှိ​သောဘုရားစင်​သေး​သေး​လေး​ပေါ်မှ မီးခြစ်​အားယူကာ
'အရှင်​ဘုရားမီးခြစ်​အားငှါးခွင့်​ပေး​တော်​မူပါ..."
ဟု လက်​အုပ်​ချီခွင့်​တောင်းပြီး ပါးစပ်​မှာ​ဆေးလိပ်​ကိုက်​ကာမီးညှိရှိုက်​ဖွာလိုက်​သည်​။ ပြီး​နောက်​မီးစွဲသွားမှ မီးခြစ်​ကို​နေရာတွင်​ပြန်​ထားလိုက်​သည်​။
တစ်​ခါတ​လေ သည်​အိမ်​မှာ​နေရတာ မွန်းကြပ်​လာသည်​ဟုထင်​မိသည်​။ ဘယ်​အရာမဆိုစစ်​သ​ဘောနဲ့စစ်​ဆုံးဖြတ်​၍ပြီးသည်​မရှိ။ ဘယ်​ပဲသွားသွားခွင့်​ပြုချက်​တောင်းရသည်​။ အ​ကြောင်းအရာမှန်​ကန်​စွာ​ပေးရသည်​။ အချိန်​တိကျစွာပြန်​ရသည်​။
စားချင်​သည့်​အစာလဲမစားရ...ဝတ်​ချင်​သည့်​အဝတ်​လဲမဝတ်​ရ....​နေချင်​သလိုလဲမ​နေရ။ အမြဲလိုလိုပုံစံခွက်​ထဲဆွဲသွင်းခြင်းခံ​နေရသည်​။ ဒီဒဏ်​တွေက​နေလွတ်​မြောက်​ချင်​သည်​။ ပိတ်​ပင်​မှု​တွေ​ဝေးတဲ့​နေရာက​နေ ထွက်​ပြေးချင်​သည်​။ သို့ရာတွင်​စစ်​မှာ​ပြေးစရာ​မြေလဲမရှိ။ ခိုလှုံစရာရင်​ခွင်​လဲမရှိ။ စစ်​ပြေးချင်​တဲ့ရင်​ခွင်​ကလဲမလုံခုံတဲ့အပြင်​စစ်​ကိုလက်​ခံမည့်​ပုံလဲမ​ပေါ်။ အရာရာကိုအ​ကောင်းမြင်​ပေးပြီး လက်​တွေ့ဆန်​ဆန်​ဆုံးဖြတ်​ချင်​ကိုသာချမှတ်​တတ်​တဲ့ မက စစ်​ရဲ့တဇွတ်​ထိုးအကျင့်​တွေနဲ့​ပြေးထွက်​လာရင်​လက်​မခံသည့်​အပြင်​အိမ်​ကိုပြန်​ပို့​နေမှာပင်​။
ရင်​ထဲမွန်းကြပ်​မှု​တွေကို​ရှိုက်​သွင်းလိုက်​တဲ့​ဆေးလိပ်​ငွေ့​တွေနဲ့အတူ အပြင်​သို့မှုတ်​ထုတ်​ခွင့်​ရရင်​ကောင်း​ပေလိမ့်​မည်​။ အစက​တော့ တစ်​လိပ်​တည်း​သောက်​မည်​စိတ်​ကူး​ပေမယ့်​လက်​တွေ့မှာ​တော့ စားပွဲ​ပေါ်ဝယ်​ဆေးလိပ်​အစီခံငါးခုထက်​မနည်းရှိ​နေ​လေပြီ။​ချောကလက်​နံ့​တွေသင်း​နေတဲ့သည်​ဆေးလိပ်​တွေ​သောက်​နေတဲ့ပချိန်​များဆို စစ်​စိတ်​ညစ်​စရာ​တွေများများ​တွေးဖြစ်​သည်​။ အ​ငွေ့​တွေကို နာကျည်းမုန်းတီးစွာနဲ့အားပါးတရမှုတ်​ထုတ်​ဖြစ်​သည်​။​ဆေးလိပ်​သောက်​တာကိုတစ်​ခြားသူ​တွေကစိတ်​ထွက်​ပေါက်​အ​နေနဲ့​သောက်​ကြသည်​တဲ့။ စစ်​အတွက်​တော့မဖြစ်​ဆိုလုံးဝမဖြစ်​ခဲ့ပါ။ စွဲ​တောင်​စွဲချင်​ချင်​ဖြစ်​ခဲ့ရသည်​။ မကမ​သောက်​နဲ့ မ​ကောင်းဘူးဆိုတဲ့တစ်​ခွန်းနဲ့သာ လ​တွေအကြာကြီးလုံးဝမ​သောက်​ပဲဖြတ်​ပစ်​ခဲ့ရာမှ ခုတစ်​ခါသာပြန်​သောက်​ဖြစ်​ခဲ့တာ။ နန်းဝယ်​လာ​ပေးတည်းကဒီဂျပ်​ဖာစင်​ပေါ်ဖွက်​ထားခဲ့တာ။
ဘုန်း ဘုန်း.....စစ်​....စစ်​..
ဆိုင်​တံခါးက သွပ်​တံခါး​လေးဆို​တော့ အပြင်​မှာမကြိးထုရိုက်​သံ​ကြောင့်​ဆူညံ​နေသည်​။ ကြားပါလျက်​နဲ့တမင်​မထူးပဲ​ပေကပ်​နေလိုက်​သည်​။
"စစ်​...အဲ့ထဲဘာလုပ်​နေလဲ..အိပ်​နေတာလား...မကြိးတို့ကိုစိတ်​မ​ကောက်​ပါနဲ့...မကြိးတို့ကစစ်​အတွက်​ပြော​ပေးတာပါကွယ်​...လာ...လာ...အိမ်​ထဲသွားရ​အောင်​"
ဆူစရာရှိတုန်းက​တော့နှစ်​ယောက်​စလုံး​ပေါင်းဆူပြီး လာ​ချော့​တော့မကြီးတစ်​ယောက်​တည်း။ အ​မေသည်​စစ်​ကိုဆူသည်​ရိုက်​သည်​...သို့​သော်​တစ်​ခါ​လေး​သော်​မျှလာမ​ချော့ဘူး...စစ်​ဘယ်​ပဲထွက်​နေ​နေ လိုက်​မ​ခေါ်။ မကြီးကသာ စစ်​ရှိနိုင်​မယ့်​နေရာ​တွေကိုလိုက်​ပတ်​ရှာရစမြဲ။
"စစ်​...ထွက်​လာလို့....စစ်​မလာမချင်းမကြီးကအပြင်​မှာထိုင်​စောင့်​နေမှာ​နော်​.."
လက်​ကျန်​ဆေးလိပ်​ကို ကုန်​သည်​အထိ​သောက်​ပစ်​လိုက်​သည်​။ နှုတ်​ခမ်းဝမှာအနံ့​တွေကစွဲကျန်​ရစ်​နေသည်​။ ဒီအနံ့က​တော်​တန်​ရုံမ​ပျောက်​တတ်​။ စားပွဲအံဆွဲထဲမှ စစ်​အမြဲစား​နေကျ ပီ​ကေကိုထုတ်​ယူလိုက်​သည်​။ ပီ​ကေ က စစ်​ဘီယာ​သောက်​ပြီးရင်​လဲ အနံ့ကျန်​မှာစိုး၍ ပီ​ကေဝါးရင်းသာအနံ့​ဖျောက်​လေ့ရှိ​နေကျမို့အမြဲ​ဆောင်​ထားတာပင်​။ ခုလဲတစ်​ခုယူပြီးစိတ်​ပါလက်​ပါဝါးလိုက်​သည်​။ ဆက်​ပြီး​ပေကပ်​နေ​၍မရ​တော့။ မကြိးက​ပြောရင်​ပြောသလိုလုပ်​တတ်​သည့်​သူမို့လို့။ ဒီ​လောက်​အေးခဲ​နေတဲ့​ဆောင်းညကြီးမှာ အပြင်​မှာ​လေတိုက်​ခံပြီး​နေမယ်​ဆိုရင်​လေဖြတ်​ကိန်းဆိုက်​တော့မည်​။
ထို​ကြောင့်​ခပ်​တည်​တည်​တံခါးဖွင့်​ပြီးပြန်​၍မပိတ်​ပဲတံခါး​ဘေးကနံရံကိုမှီ​ကာ​စောင့်​နေ​သောမကြီးအား
"​ကျေနပ်​ပြီလား"
ဟု ဆိုကာအိမ်​ဖက်​ထွက်​ခဲ့​လေ​တော့သည်​။ မကြီး​တော့ဆိုင်​တံခါးပိတ်​ပြီးစစ်​နောက်​ကအ​ပြေးလိုက်​လာ​တော့သည်​။
အိမ်​အ​ပေါ်တက်​ဖို့​လှေကားရင်း​ရောက်​တော့
"​နေဦး...စစ်​...ခဏ​လေး"
​လှေကားထစ်​ပေါ်တက်​လှမ်းစ​ခြေလှမ်း​လေးပြန်​မဆုတ်​ဖြစ်​ပဲသည်​အတိုင်းရပ်​နေလိုက်​သည်​။ မကြီးသူ့အခန်းထဲဝင်​သွားပြီးပြန်​ထွက်​လာ​တော့ ပိုက်​ဆံတစ်​ထပ်​ပါလာသည်​။
"​ရော့...မုန့်​ဖိုး..."
ပိုက်​ဆံကိုလှမ်းမယူပြီး ဂျစ်​ကန်​ကန်​အကြည့်​ကိုသာပို့လွှတ်​ကာ
"မလိုပါဘူး ပြန်​သိမ်းထားလိုက်​ပါ"
ဟု​ပြောပြီးထပ်​တက်​မည်​အပြု စစ်​လက်​ကိုဆွဲလိုက်​ကာ
"စိတ်​မ​ကောက်​နဲ့​တော့​နော်​...မကြီး​ပေးတဲ့မုန့်​ဖိုးက်ုယူသွား...ဟိုမှာတည်းခိုခ​တွေနဲ့ဆိုဘာမှသုံး​လောက်​မှာမဟုတ်​ဖူး"
လက်​ထဲအတင်းထည့်​ပေး​နေ​သော ပိုက်​ဆံထပ်​ကိုယူပြီး​လှေကားလက်​ရန်း​ပေါ်ပြန်​တင်​လိုက်​သည်​။
"စစ်​...မသွား​တော့ဘူး...အဲ့အတွက်​ပိုက်​ဆံ​ပေး​နေစရာမလိုဘူး"
အပြတ်​ပြောခဲ့ပြီး အ​ပေါ်တက်​လာသည့်​အချိန်​တွင်​အ​မေကဘုရားကန်​တော့​နေသည်​။ ဘုရားစင်​မှမီး​ရောင်​ပူ​ဇော်​ထား​သော ဘုရားရုပ်​တုအားကြည်​ညိုစွာအိပ်​ခန်းဝမှ​နေ၍ လက်​အုပ်​ချီလိုက်​ပြီး
ဒီ​နေ့ည စိတ်​မကြည်​လို့ဘုရားရှင်​ကို မကန်​တော့ဝံ့ပါဘုရား...တပည့်​တော်​အားခွင့်​လွှတ်​ပေး​တော်​မူပါ"
စိတ်​ထဲကမှန်းပြီး​ပြောလိုက်​သည်​။ အိပ်​ခန်းထဲတွင်​တော့ စစ်​မသိမ်းခဲ့တဲ့အိတ်​လေးက​ခြေရင်းမှာချထားသည်​။ မပိတ်​ခဲ့တဲ့အဝတ်​ဗီဒို​လေးက ပိတ်​လျက်​သား။ စိတ်​ညစ်​နေတဲ့အချိန်​မှာ မဆီကိုလဲစကားမ​ပြောချင်​တော့။
မကိုချစ်​နေရခြင်းသည်​အရုပ်​တစ်​ရုပ်​ကိုချစ်​နေရခြင်းနဲ့တူသည်​။ မသည်​စစ်​လိုဘယ်​တော့မှအ​ရေးတယူလုပ်​ပြီးဆက်​သွယ်​မပြ။ စကားဆိုလဲ စစ်​ကစကားလမ်းဖွင့်​ပေးသည့်​တိုင်​သူကလိုက်​ပြောချင်​မှ​ပြောတတ်​သည်​။ စစ်​ပြောတာကိုနား​ထောင်​တာကများသည်​။
ထို့​ကြောင့်​စိတ်​ညစ်​ပြေ​အောင်​မဆီလဲအယူခံမဝင်​ချင်​တော့။ စစ်​ဖက်​ကပဲချစ်​နေလိုက်​တာကမှပို​ကောင်းသည်​၊ ချစ်​မပြတဲ့မကိုလဲ စိတ်​တိုလာသည်​။ တခါတ​လေဆိုမကစစ်​ကိုချစ်​မှချစ်​ရဲ့လားဟုလဲအ​တွေးဝင်​မိသည်​။
ခုလဲ​တွေ့ကမည့်​ပုံမ​ပေါ်။ ဒီအတွက်​လဲမကစိတ်​ဆိုး​လေမည်​လား။ အ​သေအချာဆုံရမည်​ဟုမှန်းခဲ့​ပေမယ့်​စစ်​ဖက်​ကမလာနိုင်​ခဲ့ရင်​တောင်​မကသူချစ်​တဲ့​မြေမှာသူမက စစ်​ကို​မေ့ကာ​ပျော်​နေမှာအမှန်​၊
....
တစ်​နေ့ကုန်​ကားစီးလာရ၍ ပင်​ပန်း​နေသည့်​တိုင်​လမ်း​ဘေးဝဲယာမှ ယူကလစ်​တန်း​တွေကို​ငေး​မောကြည့်​ရင်း စိတ်​အပန်းတို့​ပြေ​နေရသည်​။​ရောက်​ချင်​သည့်​နယ်​မြေ​ရောက်​ရပြီ။​တောအထပ်​ထပ်​တောင်​အထပ်​ထပ်​ကွေ့ပတ်​ကာ​ဖောက်​လုပ်​ထားတဲ့လမ်း​တွေကလဲကြမ်းကြမ်း ချိုင့်​ခွက်​တွေလဲ​ပေါချက်​။ ရွာငံ ဟံမြင့်​မိုရ်​ကြားမြို့ကြီးလမ်းကားဆိုးလှသည်​။ လူ​နေအိမ်​ခြေလဲမမြင်​။ ထူးဆန်းသည်​က ကားစီးရင်​မူးတတ်​တဲ့​သွေး...လမ်းတစ်​လျှောက်​လုံးအိပ်​နေတတ်​တဲ့​သွေးက အခု​တော့မျက်​လုံးအစုံကပြူးကျယ်​နေသည်​။ ဂုတ်​တွင်းအတက်​အဆင်းကို နလံမထူနိုင်​အောင်​မျက်​ဖြူဆိုက်​လောက်​အောင်​မူးတတ်​တဲ့​သွေး...မြို့ကြီးအတက်​အဆင်း​ထောင့်​ချိုး​ကွေ့​တွေမှာမူးမ​နေခဲ့။ ရွာငံနယ်​မြေ​လေးကား​အေးချမ်းလှသည်​။ အမှိုက်​တစမရှိမ​တွေ့​အောင်​ရှင်းသန့်​နေခဲ့သည်​။​တော​တောင်​တွေဖက်​ကားမှန်​ပြတင်းမှ​မျှော်​ကြည့်​လျှင်​လဲဘုရား​စေတီ​တွေက​တောင်​တိုင်းထိပ်​ပေါ်တွင်​တစ်​ချို့ထုံး​စေတီ..တစ်​ချို့​ရွှေ​ရောင်​လေး​တွေ။ ရာဇဝင်​တွေပြည့်​နှက်​နေတဲ့ ဓနုတို့ဋ္ဌာ​နေ ရွာငံ​မြေကိုဖြတ်​ကျော်​ပြီးသကာလ....မျက်​စိအစုံက​မှေးစင်းလာသည်​မိူ့အိပ်​ပစ်​လိုက်​သည်​။
​ကားအနံ့နဲ့မူးတတ်​သော​ကြောင့်​ကားမှန်​ပြတင်း​လေးဟဟဖွင့်​ထား​သော​ကြောင့်​ဆောင်း​လေ​အေးတစ်​ချို့ခပ်​ပြင်းပြင်းတိုးဝင်​လာမှနိုးလာသည်​။ ည​နေ​တောင်​ရောက်​လုပြီ။​နေဝင်​ချိန်​တွင်​ပင်းတယမြို့မှကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်​လေးက နွမ်းနယ်​နေတဲ့​သွေးစိတ်​ကိုပြန်​လန်းလာ​စေသည်​။ ဓနု​မောင်​ဓနုမယ်​ဝတ်​စုံအပြည့်​နဲ့ရုပ်​တုကို​တွေ့လိုက်​ရ​တော့ ဖုန်းဖြင့်​ကမန်းကတန်းဓာတ်​ပုံလှမ်းရိုက်​လိုက်​သည်​။ ကားအရှိန်​ကြောင့်​မို့လျှပ်​တစ်​ပြက်​ရိုက်​ချက်​ကဝါးခဲနဲသာဖြစ်​သွား​တော့စိတ်​ထဲမ​ကောင်း။
"ပင်းတယ​ရောက်​ပြီ...ညီမ​လေး အသိရှိလား...အကိုဘယ်​ပို့​ပေးရမလဲ"
ခရီးသည်​ငါး​ယောက်​သာပါတဲ့မှန်​လုံအ​သေးစားယာဉ်​မောင်းအကိုကအ​တော်​သ​ဘော​ကောင်းသည်​။ ခရီးသည်​အကုန်​လုံးကအိမ်​တိုင်​ရာ​ရောက်​ပို့​ပေးသည်​မို့အကုန်​အဆင်​ပြေလှသည်​၊
"ပုန်းတလုတ်​ကန်​နဲ့နီးတဲ့တည်းစရာဘာရှိလဲအကို...ညီမခုမှပင်းတယကို​ရောက်​ဖူးတာမို့လို့"
"ဪ...ဧည့်​သည်​လား...ဒါဖြင့်​အဲ့နား​လေးတင်​ဟိုတယ်​တစ်​ခုရှိတယ်​...နိးနီး​လေးပဲကန်​နဲ့က...သွားမလား"
ဟိုတယ်​ဆို​တော့​ဈေးကတအားများကြီး​နေ​လေမလား။ သို့​သော်​လဲတညနှစ်​ညစာ​လောက်​က​တော့ ပိုက်​ဆံကတတ်​နိုင်​လိမ့်​မည်​။ ပင်းတယလည်​ပြီးလျှင်​ပြန်​မှာမို့ပိုက်​ဆံက​လောက်​မှာအမှန်​။ ထို့​ကြောင့်​လာခွင့်​ရတုန်း​ကောင်း​ကောင်းတည်းပစ်​ချင်​စိတ်​ကိုဆုံးဖြတ်​ချက်​ချကာ
"ဟုတ်​ကဲ့ ... အဆင်​ပြေရင်​အဲ့ကိုပို့​ပေးပါရှင့်​"
"ဟုတ်​ပြီ...ညီမ​လေး...အဆင်​ပြေပါတယ်​...​ဈေးနဲ့လဲနီးတယ်​...ပန်းခြံနဲ့လဲနီးတယ်​"
"ဟုတ်​ကဲ့"
လမ်းချိုး​တွေကို​ကွေ့ကာပတ်​ကာဖြတ်​သန်းသွားပြီးသည့်​နောက်​ဝယ်​။ ကားက​လေးသိမ့်​ခနဲရပ်​ပြီး​သွေးပတ်​ဝန်းကျင်​ကိုကားတံခါးဖွင့်​ကာစူးစမ်းလိုက်​သည့်​အချိန်​တွင်​မျက်​စိ​ရှေ့ဝယ်​
သုံးထပ်​တိုက်​ကြီးက ခမ်းနာထည်​ဝါလျှက်​။
မြစ်​ဖျား​ဇော်​ဂျီဆို​သော အမည်​လေးကပင်​သွေးစိတ်​ကိုဆွဲ​ဆောင်​နေသည်​။ ပြီးရင်​စိမ်းပြာ​နေ​သော​ရေပြင်​ကျယ်​ကြီးကလဲ​သွေးအလာကိုကြိုဆို​နေသ​ယောင်​။
အိမ်​မက်​နယ်​မြေကို​သွေး​ခြေချမိခဲ့ပြီ။
....
Next

ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေ ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေWhere stories live. Discover now