"မသွေး ဖုန်းလာနေတယ်တဲ့"
"အင်း မအားဘူးဆိုတာ မြင်တယ်မလား မရှိဘူးလို့ပြောလိုက်"
"ရှိတယ်လို့ပြောလိုက်ပြီ."
"မအားဘူးလို့ သွား သွား"
အရင်ကဆို မသွေးက သရက်ပင်အရိပ်မှာပဲဖြစ်ဖြစ်အိမ်သာဘေးနားမှာပဲဖြစ်ဖြစ်ဖုန်းပြောနေတတ်တာ။ တပတ်လောက်ရှိပြီ။ ဖုန်းလဲမကိုင်တော့။ ဖုန်းပြောခြင်းလဲမရှိ။ အားနေရင်အိပ်သည်။ ပန်းပင်ပေါက်လေးတွေကိုအိုးတွေနဲ့ခွဲစိုက်သည်။ ကိုဟိန်းဖုန်းထဲ တလောကအိမ်ကိုလာသွားတဲ့ မမစစ်ဖုန်းဆက်တာလဲမကိုင်တော့။
ခုလဲ ဖုန်းလာလို့အော်လိုက်တဲ့ဟာကို။ ဘာမှလုပ်နေတယလဲမဟုတ်။လျှော်ဖွတ်လှန်းထားပြီးသားအကျိင်္ီတွေကိုခေါက်ပြီးဗီဒိုထဲထည့်ပေးနေတာ။ ကိုင်ချင်ရင်ကိုင်လို့ရတဲ့အနေအထား။
"ဟလို အစ်မစစ်မသွေးက မအားဘူး"
ဟု ဖုန်းကလေးကိုပြန်ဖြေလိုက်သည်။ အားတော့နာသား။ မသွေးအော်နေသံကိုလဲ စစ်ကကြားချင်ကြားနေမှာကိုး။
"တစ်ခါလောက်လေး ကိုင်ပါလို့ပြောပေးပါလားမောင်လေး မသွေးကိုပြောစရာရှိလို့ကို"
"ဟုတ်ကဲ့...ခုတော့မသွေးအဝတ်တွေခေါက်နေသေးတယ်ခဏနေမှ ပြန်ခေါ်လိုက်လေနော်"
"အင်းပါ ခဏမှပဲပြန်ခေါ်လိုက်မယ်ဒါနဲ့ မသွေးနေမှကောင်းရဲ့လား သူလိုင်းလဲတက်မလာဘူးဖုန်းလဲမဆက်ရဘူး"
ဖုန်းထဲမှအစ်မစစ်အသံက တကယ့်ကိုစိတ်ပူနေသယောင်။
"ဟုတ်တယ်ခုရက်ပိုင်းမသွေး ဘာဖြစ်နေလဲမသိဘူး ဖုန်းလဲကိုင်နေတာမတွေ့ဘူး ရည်းစားများရနေတာလားသိပါဘူးဗျာနေလို့တော့ကောင်းပါတယ်"
ငြိမ်းက အရွန်းဖောက်ပြီးပြောလိုက်သော်လဲ တဖက်မှစစ်ရယ်သံကပေါ်မလာ။
"အင်း အင်း အစ်မကဘာများဖြစ်နေလဲလို့ပါ ဒါပဲနော်"
"ဟူတ်ကဲ့"
မသွေးဖုန်းဆက်မရလို့ ကိုဟိန်းဖုန်းကိုဆက်လိုက်တာဖြစ်မည်။ ဟုတ်သားပဲ။ ဒီတလောအတွင်းမှာ မသွေးဖုန်းမှမကိုင်တော့တာ။ အရင်ဖုန်းဟောင်းတုန်းကဆို ငြိမ်းကောဋ္ဌေးပါ မသွေးဖုန်းယူယူပြီးဇာတ်ကားကြည့်ဂိမ်းဆော့နေကျ။ အခုတော့ မမစစ်လက်ဆောင်ပေးခဲ့သော ဖုန်းကတန်ဖိုးကြီးတာကြောင့်ကော အရင်တစ်ခါငြိမ်းကြောင့်ကျပျောက်သွားတာကြောင့်ကောမို့ ဖုန်းအသစ်ကိုပင်တောင်းတောင်မကိုင်ရဲတော့ပါ။
"မသွေး..ကျွန်တော်ဘောလုံးသွားကန်ဦးမယ်မမစစ်က ခဏမှပြန်ခေါလိုက်မယ်တဲ့"
"သွား သွား"
ငြိမ်းစကားကိုသိပ်ပြီးအရေးမလုပ်သလိုနဲ့ သူ့အလုပ်သူဆက်လုပ်နေသည်မို့ ငြိမ်းလဲဘာမှမပြောလိုတော့။
ငြိမ်း ထွက်သွားတော့သွေးတစ်ယောက်တည်း အတွေးများပြီးကျန်ခဲ့တော့သည်။
ငါက ဘာဖြစ်ချင်နေတာလဲ
သူပေးတဲ့လက်ဆောင်တွေကိုကျလက်ခံထားပြီးသူအပျင်းပြေစကားပြောဖော်လောက်တောင်ငါ့ဖက်ကပြန်မလုပ်ပေးနိုင်ဘူးလား
ဟင်ဒါမဲ့ သူကသူငယ်ချင်းအဖော်လိုဆက်ဆံတာမှမဟုတ်တာ...မိန်းမချင်းကိုသူမို့လို့မရှက်မကြောက်ငါ့လာဖွင့်ပြောတာတဲ့...သူ့မှာလဲရည်းစားကြီးကငုတ်တုတ်...ဒါတောင်သူ့လိုတွေ့ကရာပွေ့ရှုပ်တတ်တဲ့အကျင့်နဲ့တင်တစ်ယောက်မကလောက်ဘူး...ငါကဘာမို့လို့သူ့မျက်စိထဲလွယ်လွန်းရတာလဲ...ငါကများတအားတွေကတ်ကတ်လန်အောင်သူ့ရှေ့စွာပြကလက်ပြနေလို့များလား...
အား...မသိတော့ဘူး မသိတော့ဘူး...
စိတ်လွတ်လက်လွတ်နဲ့ လက်ကတွေ့ကရာလျှောက်လုပ်ပစ်တာ...တမင်အချိန်ယူပြီးခေါက်စီထားတဲ့ အဖေ့ရဲ့အဝတ်အစားတစ်ချို့ကုတင်ပေါ်မှပြုတ်ကျသွားတော့သည်။
"ဟေး.သွေး...သွေးရှိလား"
အိမ်ရှေ့မှ ကားရပ်သံနဲ့အတူသွေးအမည်ကိုခေါ်သံကြောင့်
"ရှိတယ်ဝေ့ ရှိတယ်"
ကျသွားတဲ့အဝတ်ကို ကုတင်ပေါ်လုံးထွေးကောက်တင်ပြီး အပြင်သို့ထွက်ကြည့်တော့
"မိသွေး...အိမ်တွင်းပုန်းနေတာလား"
ကားထဲမှ ထွက်လာတဲ့ကောင်မလေး တစ်ယောက်
"ဟယ်...နှင်း..ဘယ်လိုတောင်ရောက်လာတာလဲ လာ လာ နင်နဲ့ဘယ်သူပါသေးလဲ"
"အမေတို့နဲ့လာတာ မျက်စိပြချင်လို့လေ "
သရက်ပင်အောက်ကွပ်ပျစ်ပေါ်မှာရေနွေးလေးငှဲ့ပေးပြီး
"ဟုတ်သား အာ့ကြောင့်ဈေးထဲလူများနေတာ...နင့်အမေတို့ကော အာ့ဆို"
"ဆေးခန်းမှာ တညအိပ်ရမှာတဲ့...အာ့ကြောင့်နင့်သတိရတာနဲ့ငါလာခဲ့တာဟ"
"အေ့ပါ သတိရပေးတာပဲကျေးဇူးတင်နေပြီ ငါ့ဆီလာအိပ်လေ နင့်အမေတို့ကောခေါ်လာလို့ရတယ်"
နှင်းက မျက်မှန်အနက်ကို ချွတ်ပြီးသွေးငှဲ့ထားသောရေနွေးကိုမှုတ်သောက်နေပြီးမှ
"ငါအိပ်လို့ရမလားမသိဘူး အမေနဲ့အဒေါ်နဲ့အဖွားတို့ကတော့ ဘုရားထဲမှာပဲအိပ်မယ်တဲ့ "
"ငါ့အိမ်ကကျယ်ပါတယ်ဟယ်ငါရှိနေတဲ့ဟာ နင်အိပ်ချင်အိပ်သိလားငါ့ဆီပဲလာအိပ်လိုက်တော့"
"အင်း ပြန်တော့ပြန်ရဦးမှာ"
"အေ့ပါ ဟဲ့ ဒါနင်ကိုယ်တိုင်မောင်းလာတာလား"
"အေးပေါ့ဟ ငါ့ဖေလဲမအားတော့ငါပဲမောင်းရတာ.ဒါနဲ့ နင်ချစ်သူမရသေးဘူးလား လိုင်းပေါ်တောင်ငါလာမယ့်အကြောင်းစာပို့ထားသေး...နင်ခုကိုင်နေတဲ့ဖုန်းနံပတ်မသိလို့ ဆက်မရတာ လာသာလာရတာဟယ်နင်မှရှိပါ့မလားလို့"
"အေးဆေးပေါ့ဟာ..ငါ အိမ်မှာအမြဲရှိတယ်ရည်းစားမရချင်ပါဘူး အချိန်မပေးနိုင်ဘူး"
"နင်ကလဲပျော်စရာကြီးပါအေ..."
"နင်ထမင်းစားခဲ့ပြီလား"
"အင်းရောက်ရောက်ချင်းစားခဲ့တယ်ဟဲ့ ငါရေချိုးချင်လို့ "
"ရတယ်လေ မြစ်ထဲသွားချိုးမယ်ငါလဲမချိုးရသေးဘူး သွားကြတာပေါ့"
"Ok"
အဝတ်အစားတစ်ချို့ယူပြီး နှင်းနောက်အပြေးအလွှားလိုက်ခဲ့ရတော့သည်။ နှင်းဆိုသည်မှာလဲသူသွားချင်သည်ဆိုလျှင်ဖြင့်ချက်ချင်းထလုပ်တာ။ အားသွင်းထားတဲ့ဖုန်းအဝင်ကောလ်လေးလာနေတာကို ဘယ်သူမှသတိမထားမိလိုက်ကြပေ။
....
"စစ်စစ်နေမကောင်းဘူးလား....ခုတပတ်တော်တော်ငြိမ်နေတယ်"
မီးဖိုထဲ ဘာစားစရာရှိလဲ ဝင်ရှာမိမှ ဟင်းချက်နေတဲ့ မမကပြောလာပြီလေ။ရေခဲသေတ္တာထဲမှရေသန့်တစ်ဗူးရယ်ပန်းသီးတစ်လုံးရယ်ကိုစားပွဲပေါ်ယူလာပြီး ထိုင်စားတော့သည်။
"ကောင်းပါတယ်မကြီး"
"ရည်းစားပူမိနေတာလား"
မကြိးစကားကြောင့်ရင်ထဲထိတ်ခနဲပင်ဖြစ်သွားတော့သည်။
"မဟုတ်ပါဘူး"
"ကြားနေတယ်နော်စစ်စစ်...သဘာဝမကျတဲ့အချစ်ဆိုတာကြီးကိုပုံမဖော်ချင်ပါနဲ့တော့"
"ဟင်မကြီး"
မကြီးဒဲ့တိုးကြီးပြောချလိုက်တော့ ဝါးလက်စပန်းသီးတွေရပ်တန့်ကုန်သည်။ ဘယ်လိုသိသွားတာပါလိမ့်။ မကိုချစ်နေတဲ့အကြောင်းလား ကိုကို့ကိုတွဲနေတဲ့အကြောင်းလား။
"မကြီးအကုန်သိနေတယ်နော်စစ်လဲအရွယ်ရောက်လာပြီမို့ ရည်းစားထားတဲ့ကိစ္စမပြောချင်ပေမယ့်သဘာဝကျကျလေးတော့ရွေးထားပေါ့....ဒီလောကမှာချစ်နေရုံနဲ့မပြီးတဲ့အရာတွေအများကြီးရှိတယ်...စစ်လဲ ကြီးလာပြီပဲတွေးတတ်မှာပါ"
ခုအချိန်မှာတော့ မကြိးပြောသမျှဆိတ်ဆိတ်ငြိမ်ငြိမ်နားထောင်နေရသည်မှလွဲ၍ ဘာမှစောဒကမတက်ရဲချေ။ မှန်လဲမှန်နေသည်။ ပြန်ပြောရင်လဲမတော်လို့များအိမ်ပေါ်ကဆင်းရသည်ထိရောက်သွားခဲ့ရင်ဘယ်နှယ်လုပ်ကြမလဲလေ။
"ချစ်တာကိုတော့ မကြီးကလက်ခံတယ်ပတ်ဝန်းကျင်ရဲ့ရိုက်ပုတ်မှုဒဏ်ကိုတော့ မခံနိုင်ဘူး တသက်လုံးကိုက သမီးလိမ္မာလေးတွေအနေနဲ့ ချီးမွမ်းမခံရတောင်အကဲ့ရဲ့လွတ်အောင်နေလာခဲ့ကြပြီးပြီလေ...စစ်စဉ်းစားဦးပေါ့..."
သူ့ဟာသာ ဟင်းချက်မပျက်လက်ကဇယ်စက်လိုအလုပ်လုပ်နေရင်းပါးစပ်ကလဲပေါက်ပေါက်ဖောက်သလိုပြောနေတော့တာ။
ဟင့်အစကတော့နေမကောင်းလို့လားဆိုပြီးကြင်နာသံလေးနဲ့မေးတာလေ...နောက်ကျအမိန့်ပုံစံဝင်သွားပါရောလား..
"မမစစ်ဖုန်းလာနေတယ်...မမနွယ်တဲ့"
ဘုရားသိကြားမလို့။ မကြီးတရားတွေအောင့်သက်သက်နဲ့နာနေရချိန်မှာ ဖုန်းခေါ်ပေးတဲ့မမနွယ်ကိုကော လာပြောတဲ့ နန်းကိုပါကျေးဇူးတင်လိုက်သည့်ဖြစ်ခြင်း။
"အေ့ လာပြီ လာပြီ"
ရေသန့်ဗူးထဲရေတစ်ဝက်လုံးကျန်နေသေးတာတောင်ရေခဲသေတ္တာထဲ ပြန်သွားမထည့်တော့ပဲ ဆိုင်ထဲယူပြေးလာလိုက်သည်။ ထပ်လာယူနေရင်ထပ်ပြီးတရားနာရဦးမှာလေ။
ဖုန်းကမျှော်နေတာကတစ်ယောက်...ဝင်လာတာကတစ်ယောက်။ ဖုန်းဘေလ်တစ်သောင်းဆိုလို့လှမ်းထည့်ပေးလိုက်သည်။
မဘေလ်မှရှိရဲ့လား....
အတွေးဝင်လာတာနဲ့ လက်ကမနံပတ်ဆီသို့ သုံးထောင်လွှဲပေးလိုက်သေးသည်။
"မမစစ်မသွေးကို ဖုန်းပြောတော့ဘူးလား"
"ပြောတယ်ခုရက်ပိုင်းသူမအားဘူးတဲ့"
"နန်းတော့ စိတ်ထဲတစ်မျိုးကြီးပဲ မမစစ်သူ့ကိုကြိုက်နေတာလားဟင်"
လူရှင်းတုန်း မို့ နန်းစစ်ကိုဒဲ့မေးနေတာပင်။
ကြိုက်တာမဟူတ်ဖူး ချစ်တာပါဟုသာစိတ်ထဲတွင်အထပ်ထပ်ပြောနေမိသည်။
"ဘယ်လိုဖြေရမလဲတောင်မသိတော့ဘူး ငါ သူ့ကိုစတွေ့တည်းကပဲ"
"ဆံပင်လာညှပ်တုန်းကလား "
ဒီအကြောင်းတွေကို မကြီးဆီကနန်းကြားပြီးသားဖြစ်ပေမည်။ နန်းမသိတာဘာမှမရှိ။
"မဟုတ်ဖူး အဲ့နေ့ကနင်တို့ဘုရားမှာရှိနေတုန်းငါနဲ့လိုင်းပေါ်vdcပြောတည်းကနင့်ဖုန်းထဲသူ့ပုံရိပ်ကိုမြင်တည်းကစကြွေတယ်"
မ အကြောင်းများပြောလိုက်ရင်ဖြင့်စစ်တို့နှုတ်ခမ်းတွေကွေးညွှတ်နေအောင်ပြုံးနေတာအမှန်။ ပြီးတော့ရင်ဘတ်ထဲက နှလုံးခုန်သံလေးကောအရင်ကထက်ပိုပြီးမြူးကြွသွက်လက်စွာခုန်ပေါက်နေတော့တာ စစ်ကိုယ်စစ်အသိဆုံး။
"မမစစ်မှာ ရည်းစားနဲ့လေ ဘယ်လိုလုပ်များကြိုက်ပစ်လို့ရတာလဲ နန်းဖြင့်ကိုကိုကလွဲရင်ဘယ်သူ့ကိုမှစိတ်ထဲမထားတတ်တော့ဘူး ဒါတောင်ရည်းစားဖြစ်တာဘယ်လောက်မှမကြာသေးဘူးနော်မမစစ်တို့ကကြာပဲကြာနေပြီ"
နန်းပြောတာအမှန်ပင်ဖြစ်ပေမယ့်စစ်နှလုံးသားကိုစစ်တော့ရွေးချယ်၍ အမှန်အမှားဆိုတာကိုဦးဏှောက်ဖြသ့်ပင်တွေး၍မကြည့်ဖူး။
"နန်းရယ်....တစ်ပြိုင်နက်တည်းလူနှစ်ယောက်ကိုချစ်လို့ရလားမရလား မရလားတော့ ငါလဲမသိတော့ဘူး...တစ်ပြိုင်နက်တည်းကိုမှရည်းစားတွေတော့ထားလို့ရတယ်....အခုငါကနှစ်ယောက်ပြိုင်တွဲနေတာမဟုတ်ဖူး ငါ့စိတ်ထဲလဲသိနေတယ်ကိုကို့ကိုတွဲနေတာ ငါ သူ့ကိုချစ်တယ်သူနဲ့ကိုကိုနဲ့တပြိုင်တည်းတွဲဖို့တော့ငါလဲမလုပ်ဘူး...ကိုကို့အပေါ်သစ္စာထားပါတယ်ဟာ...ကိုကို့ကိုချစ်သလားမေးရင်မပြောတတ်ဘူး ရင်ထဲမှာမရှင်းမလင်းကြီး..ချစ်တယ်မပြောပဲတွဲခဲ့တာလားဆိုတော့လဲမဟူတ်ပြန်ဘူး ငါကကိုကို့အချစ်ကိုစစ်ကလက်ခံပါတယ်ဆိုပြီးတွဲဖြစ်ခဲ့တာ..အဲ့တုန်းကငါ့ကိုယ်ငါလဲသေချာမသိသေးပါဘူးဟာ...ဒီတစ်ခါ သူ့ကိုစတွေ့တည်းက ဘယ်လိုမှန်းကိုမသိဘူး အမြဲကြည့်ချင်တယ်ခဏလေးပုံရိပ်မြင်တာနဲ့ရင်ထဲပန်းချီသာဆွဲတတ်ရင်ရှင်းရှင်းလင်းလင်းကိုငါရေးဆွဲနိုင်မှာ...စိတ်ထဲဘယ်တော့မှပျောက်ပျက်မသွားနိုင်တဲ့ပန်းချီကားတစ်ချပ်လိုမျိုး..."
တကယ့်ကို စစ်ရင်ထဲရှိတဲ့အတိုင်းနက်နက်နဲနဲကြီးပြောတော့နန်းမှာဖြင့်မမစစ်တကယ်ချစ်တတ်သွားပြီဟုတွေးနေမိသည်။ တစ်လက်စတည်းမှာပင်စိတ်ထဲမကောင်းတဲ့အရိပ်များထင်ဟပ်လာသလိုစိုးရိမ်မှုလဲဝင်လာတော့သည်။
"သူ့ဆီသွားတော့လေ အတူအိပ်ရတာမလား မမစစ်ကချစ်နေရသူဆိုတော့စိတ်ထဲဘယ်လိုပြောမလဲ ဟိုဟာလေ"
နန်းပြောချင်တဲ့ ဆိုလိုရင်းကို စစ်သဘောပေါက်စွာ ပြုံးမိသည်။
"အတူအိပ်လဲ ဘာဖြစ်လို့လဲ ငါက သူ့ကိုချစ်တာလေ...သူခွင့်မပြုပဲ သူမသိလိုက်ခင်ကိုပဲသူ့အသားထိဖို့တောင်စိတ်ထဲမတွေးမိပါဘူး"
"နေနိုင်လိုက်တာ မမစစ်ရယ်...နန်းတို့တောင်..."
နန်းစကားတပိုင်းတစ နဲ့ မျက်နှာပြင်ရှက်သွေးဖျပ်ပြေးကာခေါင်းလေးငုံ့သွားလျက်ရပ်သွားသည်မို့ ချက်ချင်းစစ်စိတ်ထဲသွေးကိုမေ့သွားပြီးထိတ်ခနဲဖြစ်သွားသည်။
"ဟင်...နန်း နန်းတို့တောင်..ဆိုပြီး ဘာဖြစ်ခဲ့တာလဲ"
စိုးရိမ်တကြီးမေးလာတဲ့ စစ်ကို နန်းပြန်မဖြေသေးပဲပေါင်ပေါ်တင်ထားတဲ့လက်ညိုးတွေကိုသာ လိမ်လိုက်ဖြေလိုက်ဆုပ်လိုက်လုပ်နေတော့ စစ်ကစိတ်မရှည်သဖြင့်နန်းလက်ကိုဆွဲယူပြီး
"ဟဲ့မေးတာဖြေ ငါကနင့်ကိုယုံလို့လွှတ်ပေးထားခဲ့တာ ခုဘယ်လိုတွေတောင်ဖြစ်ခဲ့တာလဲ"
အံကြိတ်သွားစေ့ပြီး ခပ်ကြိတ်ကြိတ်မေးတော့ မှ နန်းကလဲ ထိတ်ထိတ်ပျာပျာဖြစ်ကာစစ်လက်ထဲမှသူ့လက်ကိုပြန်ရုတ်လိုက်ပြီး
"ဟာ..မမစစ်ဘာတွေအတွေးလွန်နေတာလဲ နန်းပြောပြမယ်နန်းတို့တောင်ချစ်သူချင်းဟာ....အတူလည်နေတုန်းတော့လက်ကိုကိုင်တွဲထားကြတာမျိုး...ပြီးတော့ ပြန်လာမဲ့ညကသူနဲ့လည်သေးတယ်သူ့ညီမပါမလာတော့ဘူးဈေးထဲမှာ couple အင်္ကျီသွားဝယ်ကြတာ...နှစ်ယောက်တွဲ ပုံလဲရိုက်ထားသေးတယ်...ပြီးတော့ ခဏလေးပဲနမ်းမိကြသေးတယ်...နန်းဆိုလိုတာ ကိုယ်ချစ်တဲ့သူနဲ့အတူတူရှိနေချိန်မှာ အဲ့လိုပဲလက်လဲကိုင်ချင်လာတယ်နမ်းတောင်နမ်းချင်တဲ့စိတ်ကအလိုလိုပေါ်လာတာ ဒါသမီးရည်းစားဘဝပတွက်ရသင့်တဲ့အခွင့်အရေးပဲ...မမစစ်လိုမျိုးကြည့်နေရုံနဲ့မပြီးဘူး"
နန်းပြောတာ ဟူတ်နေပြန်ပါသည်။ စစ်ကကော မလက်ကိုမကိုင်ချင်ပဲနေပါ့မလား။ ဒါမဲ့လဲ ကြည့်နေရုံနဲ့လဲ စစ်ကျေနပ်နေသည်ပဲလေ။
"ငါကလေ...သူ့ကိုချစ်ပဲချစ်တာ ပိုင်ဆိုင်ဖို့အထိ မမှန်းပါဘူး....နင်ပြောသလိုရည်းစားဘဝထိချင်ကိုင်ချင်တဲ့စိတ်ငါ့ဆီမှာရှိမနေတာအမှန်ပဲ...ကိုကိုလာတုန်းကအဲ့လိုစိတ်မျိုးတကယ်မဖြစ်ခဲ့ဘူးဟ"
"ဟုတ်မှာပါလေ...မမစစ်ဆိုသည်မှာလဲ တစ်ခြားသူတွေနဲ့မှမတူပဲနေ့လယ်ခင်းတွေ ဘာလို့ဖုန်းမဆက်ဖြစ်တော့တာလဲ မမစစ်မလွမ်းဘူးလားဟင်....နန်းတော့သူ့ရဲ့ပါးချိုင့်လေးပဲမှတ်မိတော့တယ်ဟော လူလာတယ်ထင်နန်းသွားကြည့်ဦးမယ်"
ပြောပြောဆိုဆို နန်းပြေးထွက်သွားတော့သည်။
တစ်ကိုယ်လုံးမှာ စွဲဆောင်တာဆိုလို့ အဲ့ပါးချိုင့်လေးတစ်ခုပဲရှိတာလေ..
ဘယ်သူမှမပြောပြဖူးပေမယ့်နေ့လယ်ဖက်တွေဖုန်းလာတတ်တာကိုတော့နန်းတို့လဲသတိထားမိတယ်ထင်ပ။ စစ်တောင်မရဲ့နံပတ်လေးမနှိပ်တော့တာကြာလှပေါ့။ လိုင်းပေါ်လဲစာတော့မပို့ဖြစ်။ အကောင့်များမီးစိမ်းလာလေမလားဆိုပြီးတော့သာ တိတ်တဆိတ်မျှော်နေရုံ။ မကိုလွမ်းရင်ပြောထားဖူးသောစာလေးတွေပြန်ဖတ်။ မ ပို့ထားဖူးသောပုံလေးတွေအလွမ်းပြေကြည့်။ မဝေါလ်ထဲဝင်ဝင်ကြည့်။ မ တင်ထားတဲ့စာလေးတွေဖတ်နဲ့။
မဆိုတာ စစ်ဘဝထဲရောက်လာပြီးတည်းက စွဲစွဲမြဲမြဲဆော့တဲ့ဂိမ်းတောင်မကစားဖြစ်တော့။ မသာအနားရှိရင်စစ်မှာဘာမှခင်တွယ်စရာရှိအံ့တော့မည်မထင်။
လူတွေသတ်မှတ်ထားတဲ့အချစ်က နာကျင်ရတာတို့ပျော်ရတာတို့ရှိတယ်တဲ့။ မလဲ အချစ်နဲ့ပတ်သက်ရင်သူ့ကိုယ်ပိုင်ဒသနတွေမှအများကြီးထွက်လာဦးမှာ။ စစ်ကတော့ထွေထွေထူးထူး မစဉ်းစားချင်။ ဒီအတိုင်းကိုယ့်စိတ်နဲ့ကိုယ်အေးအေးချမ်းချမ်းချစ်နေပေးလိုက်တာကိုကစိတ်ထဲချမ်းမြေ့ရသည်လေ။
မကိုသာ ချစ်တယ်ဟုသာ ဝန်ခံခဲ့တာ..အကယ်၍များ မကစစ်အချစ်ကိုလက်ခံပြီးချစ်သူဖြစ်ခွင့်ရခဲ့လျှင်ဆိုတဲ့အတွေးတော့မရှိခဲ့ရိုးအမှန်။
...
"သွေးရေ အဝတ်ယူပြီး အိမ်ပြန်နှင့်တော့..ပန်းတွေအမေတို့သိမ်းခဲ့မယ်နော်"
"ဟုတ်အမေ"
မိုးဖွဲဖွဲကျလာတော့ လှန်းထားတဲ့အဝတ်တွေအမြန်ရုတ်ပြီးအိမ်သို့ အပြေးပြန်ရတော့သည်။ ပန်းနည်းနည်းရှိလို့သာလာညှပ်ရတာ။ အိမ်မှာနှင်းကတစ်ယောက်တည်းကျန်နေခဲ့တာ။ ကျန်ခဲ့တာဆိုလဲ သူကသူ့အမေတို့ဆီကပြန်လာတာဆိုတော့ပင်ပန်းပြီးနားနေတာမို့လို့သွေးလဲခြံထဲမခေါ်ခဲ့ပဲထားခဲ့ခြင်းပင်။
မနက်ဖြန်နှင်းပြန်ပြီမို့ဘာလက်ဆောင်မှမဝယ်ပေးတတ်တာနဲ့ ခြံထဲနှင်းဆီပန်းအချို့ထည့်ပေးရန်သွေးစိတ်ကူးထားလေသည်။
အိမ်ထဲအမြန်ပြေးဝင်လို့သာပဲ။ မိုးကပိုပြီးသဲသဲမဲမဲကိုရွာချလာတော့သည်။ အဝတ်တွေကိုအောက်ထပ်ကုတင်ပေါ်ပုံချပြီးခေါက်နေလိုက်စဉ်နှင်းအပေါ်ထပ်မှဆင်းလာကာ
"ငါ ခုပဲနင့်လာကြိုတော့မလို့"
ဟုတ်မှာ။ လက်ထဲမှာ ထီးကိုင်လို့ကိုး။
"ငါ အပြေးမြန်တယ်ဆိုတာ နင်သိပါတယ်နှင်းရယ်...ပြီးတော့မိုးလဲကြောက်တယ်လေ...အိမ်မှာနင်ရှိနေလို့သာပြန်လာတာ ငါ့တစ်ယောက်တည်း ဆို ခြံထဲမှာပဲနေမှာ"
စကားပြောလိုက်တိုင်း ပါးချိုင့်လေးတစ်ဖက်ခွက်နေအောင်ပေါ်လာသောသွေးကို နှင်းငေးခနဲဖြစ်သွားရသည်။ မိုးစက်အချို့ကြောင့်ဆံနွယ်တစ်ချို့ စိုထိုင်းနေတော့သည်။
"သွေး...နင်ကြောက်တတ်ရင်လူရှာထားပါလားလို့"
နှင်းကသာ စသလိုနဲ့အတည်ပြောလိုက်ပေမဲ့သွေးကတော့ ဘာမှမဖြစ်သလိုပဲ
"ငါ့မှာအဲ့လိုစဉ်းစားဖို့အချိန်မရှိပါဘူးဟယ်..နင်မြန်မြန်ယူပြီးသားလေးမွေးလိုက်လေ...ငါစောင့်မယ်"
"နင်ဟာလေ...ငါက အတည်ပြောနေတာ...နင့်အသက်လဲမငယ်တော့ဘူးနော်..ငါလဲအလုပ်လုပ်နေတာ ယူရမယ်အချိန်တန်ရင်"
"ယူပေါ့...ငါကတော့ ငါ့မိသားစုအတွက်ကြိုးစားရဦးမယ်ဟာ...စိတ်ကူးယဉ်ဖို့ငါ မအားသေးဘူး..."
ပြောနေရင်းမှ မကိုချစ်တယ်ဆိုတော စစ်စကားသံတိုးရှရှလေးကို ပြန်ကြားယောင်လိုက်တာနဲ့ တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရကာ ကြက်သီးလေးများပင်ထလာတော့သည်။ ဒီလိုဖြစ်လာတာ မိုးအရိပ်ကြောင့်တော့မဟုတ်မှန်းသွေးကိုယ်တိုင်သိသည်။
"ဪ...နှင်း ငါနင့်ကိုမေးစရာရှိလို့"
"မေးလေ...နင်မသိတာရှိသေးလို့လား"
"မိန်းမချင်းချစ်ကြတယ်ဆိုတာ နင်ယုံလား အပြင်လောကမှာတကယ်လဲရှိသလား"
မမျှော်လင့်ထားသောသွေးစကားကြောင့်နှင်းနှုတ်ခမ်းတို့အနည်းငယ်ဟသွားကာ မျက်လုံးများပင်ဝိုင်းစက်သွားရတော့သည်။
"ဘယ်လို...ဒါဆို နင်မိန်းကလေးတွေပဲ ကြိုက်နေလို့လားပြောစမ်း နင်ဘယ်သူ့ကိုကြိုက်နေလို့လဲ"
"နေစမ်းပါ...ငါမေးတာပဲဖြေပါဦး"
"အင်းပေါ့ ရှိတယ်လေ..."
"ဒါဆိုကြိုက်ကြရင်ဘယ်သူကယောက်ျားလုပ်ပြီးဘယ်သူကမိန်းမလဲ"
ဒီစကားတွေ စစ်များကြားလျှင်ဖြင့်အသည်းကွဲချင်စရာပေ။ ကပေါက်တိကပေါက်ရှာစကားတွေတော့မဟုတ်မှန်း နှင်းကောင်းကောင်းသိသည်။သွေးကပေါက်ကရစကားတွေတော်တန်ရုံဆိုတတ်သည်မဟုတ်။
"အဲ့လိုတော့ ဘယ်ဟုတ်မလဲ..မိန်းမချင်းပါဆိုဘယ်လိုကယောက်ျားရှိနေရမှာလဲဟဲ့....မိန်းမတစ်ယောက်ကမိန်းမတစ်ယောက်ကိုချစ်တာ..ညီအစ်မလိုသူငယ်ချင်းလိုခင်တာမျိုးမဟုတ်ပဲချစ်သူလိုမျိုးချစ်ကြတာနေမှာပေါ့..."
"မဟုတ်သေးဘူး ခုကယောက်ျားလျာလဲမဟုတ်သေးဘူးလေ...ပြောရင်နင်ကငါ့ကိုကြိုက်တာ နင်လဲယောက်ျားစိတ်မဟုတ်ဖူးငါလဲမဟုတ်ဖူး အဲ့လိုမျိုး"
"အေ့လေ...အဲ့လိုလေ...မိန်းမစိတ်နဲ့ မိန်းမကိုချစ်တာ တို့အမြင်တော့ဆန်းနေတာပဲ ဒါမဲ့နင့်လောက်အင်တာနက်သုံးပြီးဗဟုသုတရှာစာဖတ်နေတတ်တဲ့သူက ဒါတွေမသိဘူးဆိုတော့စဉ်းစားစရာ"
"တကယ်မသိလို့မေးတာပေါ့ လိုင်းပေါ်မိန်းမချင်းကြိုက်သူများဆိုပြီးရိုက်ရှာလို့ရတယ်မှတ်လို့"
"Lgbtဆိုပြီး ရှာပေါ့ဟဲ့ ခဏအတွင်းပဲနင်သိသွားလိမ့်မယ်ခုခေတ်မှာဒါမျိုးတွေကမဆန်းနေတော့ဘူးဟယ်နင်မေးမှငါလဲခေါင်းရှုပ်ပြီ"
"Lgbtက ဘာလဲ"
သွေးအကျင့်ကသိချင်ပြီဆိုလျှင်စစ်စစ်ပေါက်ပေါက်ကိုမေးတော့တာ။
နှင်း တကယ်လဲခေါင်းခြောက်နေပါပြီလေ။
"ငါလဲမသိတော့ဘူး သိချင်လိုင်းပေါ်ကရှာလိုက်ဒါ ငါ့ကိစ္စမဟုတ်ဖူးတော်ကြာယူခါနားနီးမှငါဂေးသွားရင်ဒုက္ခ"
"အေ့ပါ ဟယ်ငါကမေးကြည့်တာ နင်မသိရင်ငါ့ဟာငါပဲရှာလိုက်မယ်"
"နင်ကဘာလုပ်မလို့လဲ တကယ်ပဲနင့်ကိုမိန်းမတစ်ယောက်ကကြိုက်နေလို့များလား"
ဂျိန်း
သွေး မဖြေရသေးခင်မိုးခြိမ်းလိုက်သံကြောင့်အိမ်ပင်ခါထွက်သွားသလိုတုန်သွားတော့သည်။ ဘာလိုလိုနဲ့ပေါက်ကရစကားတွေကြောင့်များ မိုးနတ်မင်းစိတ်ဆိုးသွားပြီးမိုးကြိုးပစ်ချလိုက်လျှင်ဖြင့်တွေးရင်းနဲ့ပင်ကျောချမ်းသွားတော့သည်။
"နှင်း မိုးပက်တယ်တံခါးကြီးတစ်ဖက်ပိတ်ပေးဦး...မိုးကလဲဟာ.....စိတ်ပျက်စရာ'
ထိုင်ရာက မထခိုင်းစားခံလိုက်ရသောကြောင့်နှင်း မျက်နှာမဲ့ပြကာ တံခါးတစ်ဖက်ထပိတ်ပေးလေသည်။ ထို့နောက်မတ်တပ်ရပ်လျှက်သွေးမျက်နှာပေါ်သို့ခါးကိုင်းကာငုံ့မိုးပြီး
"နင်တော့ မိန်းမချင်းမကြိုက်လိုက်နဲ့နော်...တစ်ခြားသူသာဆိုငါလိုလိုလားလားလက်ခံပေးမှာ..ဒါမဲ့ နင်ကတော့မဖြစ်ရဘူး"
အတည်ပေါက်ကြီး လာပြောနေသော နှင်းမျက်နှာအားကြည့်ပြီးသွေးရယ်ချင်လာရကာ
"ခွီး ... ဘာလဲ မျိုးသွင်ကို ငါ အဖြေပေးလိုက်ရတော့မလား"
ထိုအခါမှ နှင်းမျက်နှာလေးကြည်လင်လာပြီးသွေးနဖူးပေါ်လက်ညိုးထောက်လိုက်သည်။
"အဲ့ကောင်ကိုလဲယောင်လို့တောင်စိတ်မကူးနဲ့...နင်ကဖြူ ဖြူ စင်စင်လေး....ဟိုကစားဘဲကြီးဟ"
"အေ့ပါကွာ..စိတ်ကုန်ပါတယ်ဟယ်.."
နှင်းစေတနာကိုသွေးနားလည်ပါသည်။ အင်းပေါ့...သူ့သူငယ်ချင်းက မိန်းမချင်းကြိုက်တယ်ဆိုတာ ဘယ်လိုလက်ခံချင်ရမှာလဲလေ။သွေးလဲပဲ....သွေးသည်လဲပဲ မိန်းမချင်းစိတ်ဝင်စားသူအဖြစ်နဲ့ သူများလှောင်ပြောင်ခြင်းကိုမခံယူရဲ။
...
မိုးကလဲ အငြိုးနဲ့များ ရွာချလေသလားမသိ။ အိမ်အနောက်ဖက်ကရေမြောင်းကြီးလျှံတက်လာကာစစ်တို့အိမ်အုတ်တံတိုင်းအောက်ရေဝင်ပေါက်ကလေးကနေ အိမ်ခြံထဲစီးဝင်လာနေတာ။မြောင်းရေဆိုတော့ သိတဲ့အတိုင်းညစ်ပတ်နေတာ။ရေနီတွေကြောင့်အိမ်ရှေ့ဖက်တံမံတလင်းတွေပေကျံနေလေပြီ။ အိမ်ထဲမဝင်တာ ကံကောင်းပေလို့သာပေါ့။
"နန်းတော့ ဒီည အိပ်ပြန်တော့မယ်"
ထိုင်ခုံပေါ် အပျင်းကြောဆန့်ရင်း နန်းကပြောလေသည်။ ဒီနေ့လကွယ်နေ့မို့လို့ ဆိုင်ကတခြားကောင်မလေးတွေပိတ်ရက်။ နန်းကသာ သူလာချင်တဲ့ရက်ကိုလာပြိ်းနားချင်တဲ့ရက်ကိုနားတာ။
မကြိ်းကလဲ သူ့ကလေးတွေသွားကြိုနေတော့ အိမ်ထဲမှာအမေရယ်..ဆိုင်ထဲမှာနန်းနဲ့စစ်တို့သာရှိလေတော့သည်။
"နင်တော့ဆိုင်ထဲမှာအိပ်ရမယ်ထင်"
"ဟင့်မအိပ်ပါဘူး..ကြီးကြီးဆီမှာအိပ်မှာ...မမစစ်နော်အနိုင်မကျင့်နဲ့"
သူ့အိမ်မှာကလေးလုပ်ရတိုင်း အိမ်မှာလဲ ကလေးလာလုပ်နေတာ။ နှုတ်ခမ်းတစူစူနဲ့ မသိရင်စစ်ကပဲသူ့ကိုမတရားအနိုင်ကျင့်နေသည့်အတိုင်း။ စစ်တော့အရင်ကကော ခုကော ကလေးလိုမနေချင်။
"မမစစ်လိုင်းသုံးနေတာလား"
"အင်း"
"မိုးကြိုးပစ်မယ်ပိတ်ထားတော့လေ...နန်းကြောက်လို့ဖုန်းတောင်ပိတ်ထားတယ်"
"ကြောက်ရင်အိမ်ဖက်သွားနေပေါ့"
စစ်ပုံစံကပြောမရသည်မို့လားမသိ။ နန်းတစ်ယောက်နံရံအထက်ချိတ်ထားတဲ့ထီးကိုယူကာ အိမ်ဖက်သို့သွားလေပြီ။
မိုးခြိမ်းလျှပ်စီးပစ်နေတော့စစ်လဲကြောက်တာပေါ့။ နန်းကိုအမြင်ကပ်လို့သာ ကန့်လန့်ပြောလိုက်တာပင်။
ပိတ်မည်ဟု ဆုံးဖြတ်ကာအကြည့်တို့ကမအကောင့်ဆီသို့ရောက်သွားစဉ်
ဟင်မ မီးစိမ်းနေတာပါလား မ သုံးနေတာလား
စပြီးလဲ နှုတ်မဆက်ရဲ။ အတော်ကြာအောင်ကြည့်နေမိသည်။ ကြည့်နေရင်း မဖက်က စာရိုက်နေတဲ့ပုံစံမို့ မျက်တောင်မခတ်ပဲရင်ခုန်စွာစောင့်နေစဉ်မှာပဲ မဆီကစာရောက်လာသည်။
"မိုးရွာလား စစ်"
ဟာ..ဘယ်လိုကြီးလဲ....ဟိုင်းဆိုတာတောင်မပို့တော့ပါလား
"ဟုတ်မ ခုရွာနေတယ်မကော ဘာလုပ်နေတာလဲ...လိုင်းမတက်ဘူးနော်နေကောင်းရဲ့လား"
မက တစ်ခွန်းတည်းမေးတာပါ။ ဒါမဲ့စစ်ကတော့မျှော်နေတဲ့သူပီပီ စကားတွေအများကြီးထွက်လာတော့သည်။
"ဘာလို့စာမပို့လဲ"
"မ စစ်ကိုစိတ်ဆိုးနေတယ်လားလို့စစ်ကြောက်လို့မကို"
"စိတ်ဆိုးစရာမရှိတာကိုကွယ်...မ စိတ်မဆိုးတတ်တဲ့အကြောင်းကိုစစ်မေ့နေပြီလား"
ပျော်ပြီ။ ဒီတစ်ချက်တည်းနဲ့တင်စစ်သေလို့ရပြီ။
ဘာပဲဖြစ်ဖြစ်နောက်တစ်ကြိမ်မကိုချစ်ကြောင်းထပ်မပြောဖို့ စစ်ကိုယ်စစ်သတိပေးထားရုံမှလွဲပြီးကျန်တာအဆင်ပြေစေဖို့အတွက်ပဲရှေ့ရှုတော့မည်။
..
Birthday girl
Sorry for late
ဘဝတစ်လျှောက်ဖြတ်သန်းသမျှ
နေ့သစ်တွေတိုင်း
နောင်တတရားတွေဝေးပါစေကွယ်😘
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့