ကျယ်လောင်သော ဖုန်းမြည်သံကြောင့်တစ်နေကုန်လည်ပတ်ထားသဖြင့်ပင်ပင်ပန်းပန်းနဲ့အိပ်ပျော်နေရာမှလန့်နိုးလာသည်။
စစ်နိုးမည်စိုး၍ လက်မောင်းပေါ်မှအသာလေးထကာဖုန်းကောက်ကိုင်လိုက်သည်။ ထူးထူးဆန်းဆန်းကိုဟိန်းဖုန်းအဝင်ကောလေး။
စစ်မနိုးစေရန်ဖုန်းကိုင်လိုက်ပြီးပြတင်းဘေးသို့သွားရပ်ပြီးမှ
"ကိုဟိန်း...သွေးပါ"
"အေ..သွေး....ခု နင်ဘယ်သူနဲ့ရှိနေလဲ"
"စစ်အိမ်မှာပါ....ကိုဟိန်း....ဘာဖြစ်လို့လဲ"
"မသိပါဘူး...နင်အဲ့မှာရည်းစားများရှိနေလားလို့....အရေးတကြီးသွားခဲ့လို့"
ခါတိုင်းလို ကိုဟိန်းအသံက ချိုမြမနေ။ စိတ်တိုနေတဲ့အသံဖြစ်နေပုံရသည်။
"မဟုတ်ပါဘူး တခြားကိစ္စပါ စစ်နဲ့တွေ့နေလို့စစ်အိမ်တရက်လောက်လည်နေတာပါ "
"အေ..နင်တော့သာယာနေတယ်....ခုအိမ်မှာအဖေနင့်အတွက်နဲ့သောင်းကျန်းနေတယ်....ခု ငြိမ်းလဲငါ့ဆီရောက်နေတယ်"
"ဟင်....ငြိမ်းကဘာလို့လဲ....အမေတို့ကော"
နင့်အတွက်နဲ့သောင်းကျန်းနေတယ်ဆိုတော့ အမေတို့တွေဘယ်လိုတောင်ကမ္ဘာပျက်နေမလဲမသိ။
"ဆူနေလို့တဲ့...ငါကရုံးမှာ....အမေတို့တော့မသိဘူး....ငါပြောမလို့ အဲ့မှာရည်းစားရှိနေရင်လဲခိုးရာလိုက်ပြေးလိုက်တော့ဟာ"
ဟင်...ဘယ်လိုတောင်လဲ...သူမကိစ္စကို အကုန်လုံးကိုဟိန်းလဲမှမသိသေးတာကို။ စကားတွေကလည်းသွေးတောင်နားထောင်နေရင်းနားမလည်။
"သွေးတောင်ကြောင်တောင်တောင်ဖြစ်နေပြီနော်...ကိုဟိန်း ဘာတွေပြောနေတာလဲ"
"အဖေက နင့်ကိုဟိုလောပန်ကြီးနဲ့ပေးစားချင်နေတာ....နင်ဘွဲ့ယူပြီးတာနဲ့ယူခိုင်းတော့မယ်ဆိုပဲ....ငါတော့သဘောမတူဘူး....အမေကတော့သိတဲ့အတိုင်း....အဖေ့ကိုလွန်ဆန်ရဲတာမဟုတ်"
ထင်သားပဲ။လောပန်နဲ့အဖေတတွဲတွဲဖြစ်နေတည်းက အကြောင်းတစ်ခုခုကြောင့်ဆိုတာ သိနှင့်နေပြီးသား။ ဒါမဲ့လဲလောပန်ကိုဆိုကျေးဇူးရှင်တစ်ယောက်ဆိုတဲ့အသိကလွဲပြီးကျန်တာဘာအတွေးစိတ်ကူးမှမရှိ။ ဒါကြောင့်ကိုဟိန်းအသံကစိတ်တိုနေသလိုဖြစ်နေတာနေမှာ။
"ကိုဟိန်းကလဲ....အဖေသိပ်ပေးစားချင်နေတာတောင်သွေးဆန္ဒမပါပဲဘာမှလုပ်လို့မရပါဘူး....စိတ်မပူနဲ့"
"ဟူး....ခုလောလောဆယ်နင်အိမ်မပြန်လာရင်ကောင်းမယ်....သားသမီးတွေလိမ်မာသားနဲ့ အဖေကဘာတွေများစိတ်ညစ်စရာရှိနေလဲမသိပါဘူး"
"အေးဆေးပါ....ရုံးမှာချည်းမနေနဲ့ဦး....အမေတို့ချည်းရှိနေရင်အဖေပိုဆိုးတယ်...ကိုဟိန်းအိမ်မှာရှိနေရင်သိပ်မဆူရဲဘူး"
"မနက်ဖြန်မပြန်လာဘူးဆို"
"အင်း....မနက်ဖြန်မပြန်သေးဘူး သဘက်ခါမှပြန်လာမယ်"
သွေးပြောပြီး ကိုဟိန်းအကြာကြိးတိတ်ဆိတ်နေသည်။ အဖေတစ်ယောက်အိမ်မှာဘယ်လောက်တောင်သောင်းကျန်းနေခဲ့ပြီလဲ။
"နင်....ရှုပ်ထွေးပွေလီပြီးနွေးထွေးမှုမရှိ အမိုးမလုံတဲ့ငါတို့အိမ်ကို ဘယ်တော့ပြန်မလာရင်ကောင်းမယ်ငါ့ညီမလေးရယ်....."
ရုတ်တရုတ်ငိုရှိုက်သံတွေနဲ့အံကြိတ်ပြီးပြောလိုက်သော ကိုဟိန်းစကားသံတို့ကြောင့်သွေးမှာနှလုံးခုန်သံပင်ရပ်တန့်သွားတော့မလို။
"ဘာလို့....ဟလို....ကိုဟိန်း....ဟ....ဟလို"
ဖုန်းချသွားလေပြီ။ အိမ်ရဲ့အခြေအနေကသွေးကြောင့်ပြိုယိုင်လဲနေပြီလား။ ဘယ်လမ်းပဲလျှောက်လျှောက်ဘဝဆက်တိုင်းနောင်တတရားကင်းရှင်းချင်တဲ့သူပါ။
ဘာပဲလုပ်လုပ်အနောက်ကိုလှည့်မကြည့်ပဲနောင်တမရှိဖြတ်သန်းချင်ခဲ့တာ။ ခုလဲပဲအိမ်ကခွင့်မပြုတောင်အတင်းဇွတ်ထွက်လာတဲ့ခရီးမှာ တခြားကိစ္စမဖြစ်ပဲအိမ်မှာပဲပွဲဆူကျန်ခဲ့ရသတဲ့လား။
သွေးစိတ်နဲ့ဆ်ုရင်အခုချက်ချင်းအိမ်သို့သာ အပြေးပြန်ချင်လှတော့သည်။ အရမ်းချစ်ရတဲ့စစ်နဲ့ဘယ်လောက်တောင်ခွဲနေရဥိးမည်မှန်းမသိလို့သာ တရက်ကလေးပိုနေပေးဖြစ်တာ။
ပါးပြင်ပေါ်ပူနွေးစွာစီးဆင်းလာတဲ့ မျက်ရည်စီးကြောင်းကို လက်ဖြင့်ဖွဖွသုတ်ပြီး စစ်ရှိရာဖက်သို့ကိုယ်ကိုလှည့်လိုက်တော့
ဟင်....စစ်ဘယ်ရောက်သွားတာလဲ
ကုတင်ပေါ်မှာစစ်ရှိမနေ။ ညအိပ်မီးရောင်ဝါမှိန်မှန်ကတော့ ဖွင့်လျှက်သား။ ဖုန်းမီးလေးထွန်းပြီးအောက်ထပ်သို့ဆင်းလာတော့လဲအောက်မှာမရှိ။ ဂီတာသံလေးတိုးသက်သက်ကြားရသဖြင့်ဆိုဖာပေါ်မှာခေါက်ထားတဲ့စောင်ပါးသေးသေးကိုယူပြီး အပြင်ထွက်လိုက်တော့သည်။
ခြံမီးရောင်အောက်ဝယ်သင်ဖြူးဖျာလေးခင်းလို့ဘေးမှာလဲမီးဖိုလေးကအရှိန်ကောင်းစွာဖြင့်တောက်လောင်နေသည်။
အိမ်ဖက်ကိုကျောခိုင်းလျှက်သားဖြင့်ဂီတာတီးနေတဲ့စစ်ကိုသွေးတိတ်ဆိတ်စွာငေးနေမိသည်။ အသည်းခိုက်အောင်အေးစက်နေတာတောင်ရင်ထဲကအပူတွေတော့မအေးနိုင်။
ပါးစပ်ကမညည်းဆိုပဲ တီးခတ်နေတဲ့စစ်ရဲ့သံစဉ်တို့က တစ်ခုခုကိုလွမ်းနေသလိုမျိုး။
အကြာကြီးအအေးပတ်နေမှာစိုးသဖြင့်စောင်ပါးလေးကို စစ်ကျောဖက်မှစ၍ခြုံပေးလိူက်သည်။
"ဟင်..မ...ဘာလို့ထွက်လာတာလဲ"
တီးခတ်နေတာလေးရပ်ပြီးနောက်သို့လှည့်မော့ကြည့်ရင်းပြောတော့သွေးကစစ်နားဘေးကပ်ရပ်တွင်ဝင်ထိုင်ပြီးစောင်ကိုတဝက်ဆွဲယူခြုံလိုက်သည်။
"စစ်ကကော...မ ဖုန်းပြောသံကြောင့်နိုးလာတာလား"
"မဟုတ်ပါဘူး မရယ်....ဒီအတိုင်း နိုးလာတာပါ....မ အိမ်ကတရက်လေးနေတော့ဘာပြောနေသေးလဲဟင်"
စိတ်ဆင်းရဲစရာအကြောင်းတွေကို စစ်ကိုပြောပြမနေချင်။ ထို့ကြောင့်ပြုံးပြရင်း
"ဘာမှမဟုတ်ဘူးကွယ်ဘယ်နေ့ပြန်လာဖြစ်မလဲပဲမေးတာပါ....စစ်သီချင်းဆိုမယ်ဆိုဆက်ဆိုလေ....မ နားထောင်မယ်"
"မရယ်....အေးနေတာကို....အနွေးထည်လဲမပါပဲနဲ့....အိမ်ပေါ်ကနေပဲနားထောင်လေ....နော်"
"မီးအရှိန်နဲ့ စစ်ဆီကအချစ်မေတ္တာတွေပေါင်းပြီး မရဲ့ကိုယ်ခန္ဓာအတွင်းအပြင်ကအလိုလိုနွေးပါတယ်ကွယ်"
"စကားတွေသိပ်တတ်တာပါပဲ....ဒါဖြင့်နားထောင်နော်"
နှင်းစက်အချို့တတောက်တောက်ကျပြီး ညလေအေးတွေအဆက်မပြတ်တိုက်ခတ်နေတာတောင်အရှိန်ဖြင့်လောင်ကျွမ်းနေတဲ့ထင်းမီးပုံလေးဘေးမှာ အပူတွေကိုတတ်နိုင်သလောက်မေ့ပြီး ချိုသာမှုကိုရှာဖွေနေတဲ့သူနှစ်ယောက်။
ညရဲ့တိတ်ဆိတ်ခြင်းတွေထဲမှာ လွမ်းမောစရာဂီတာကြိုးခတ်သံတို့ကပျော်ဝင်နေလေသည်။
ဒီညပြီးလျှင်နောက်ညတွေအတူမရှိနိုင်တော့ကြောင်းလဲသိသိကြီးနဲ့မေ့နိုင်ဖို့ကြိုးစားရပေဦးမည်။
အေးစက်လို့လက်ထိပ်တွေနီရဲနာကျင်နေတာတောင်သွေး ငြိမ်ပြီးနားထောင်နေတော့ တီးနေတာကိုရပ်မပစ်ရက်။ အားနဲ့ဖိထားရတဲ့လက်ကွက်တွေကြောင့်လက်ချောင်းတွေမှာကြိုးရာတွေအတန်းလိုက်။
နာတော့နာတာပေါ့၊ သို့သော်ရင်ဘတ်ကထဲကပိုနေသည်။
မ ပြန်သွားတဲ့အခါကျရင်ဒီလိုထင်းရှူးနံသင်းနေတဲ့လတ်ဆတ်တဲ့ညလေပြည်တွေကို စစ်တစ်ယောက်တည်းခံစားရတော့မှာလေ။ ဘယ်လောက်တောင်မှအတူနေရဖို့အရေးဝေးရဦးမှာလဲ။
.....
ညက ညဉ့်အတော်နက်မှ အိပ်ယာဝင်ခဲ့ကြတာဆိုပေမယ့်စစ်ကတော့သွေးထက်အရင်နိုးနေလေပြီ။ စစ်လက်မောင်းပေါ်မှာ အသက်ရှူ မှန်မှန်နဲ့အိပ်မောကျနေတဲ့ မရဲ့မျက်နှာလေးကနေ့အလင်းရောင်အောက်မှာ ကြည်စင်တောက်ပနေသည်။ မိန်းကလေးတွေလှမလှကို မနက်အိပ်ယာထရင်ကြည့်တဲ့။ တစ်ချို့လူတွေကိုစစ်မသိ။ ဒါမဲ့ မကလှသည်။ ဆံပင်ပွယောင်းယောင်းကို လက်တစ်ဖက်ဖြင့်သပ်သပ်ရပ်ရပ်ဖိပြားပေးလိုက်သည်။ မျက်စိထောင့်မှာအနည်းငယ်ကပ်နေတဲ့မျက်ချေးအချို့ကိုလဲ ဖွဖွလေးယူပေးလိုက်သည်။ မျက်ခွံပြေပြေလေးပိတ်လို့မရယ်မပြုံးတိတိလေးပိတ်ထားတဲ့ နှုတ်ခမ်းလှလှလေး။ သူများအမြင်တော့မဟာ လှချင်မှလှမည်။ စစ်အတွက်တော့မရဲ့အရာရာတိုင်းဟာလှပနေသည်ချည်းပါပဲ။
မက အိပ်ရင်မဟောက်တတ်၊ အသက်ရှူ သံလည်းမပြင်း
တညလုံး ကိုယ်စောင်းလဲမပြန်ဘူးလားမသိ။ အိပ်ရင်လဲအဲ့တိုင်း နိုးလာရင်လဲသည်အတိုင်း။
စစ်စိုက်ကြည့်နေလို့လားမသိ။ မ မျက်လုံးတွေပွင့်ဟလာသည်။ စစ်အကြည့်တွေနဲ့ဆုံမိတော့ ပြုံးပြသည်။
",ဘယ်တည်းကနိုးနေတာလဲ"
ဒီအခါကျ မရဲ့အသံလေးကအိပ်ယာထစ ဝိုးတဝါးမဟုတ်ပဲ ကြည်လင်နေသည်။
ကြည်နေမှာပေါ့....စစ်မနိုးခင်တည်းကသွေးကနိုးနေပြီးသားလေ။ စစ်နဲ့အတူအိပ်ပြီးတညပဲအိမ်မက်ဆိုးမက်ခဲ့တာ။ ညကမှညနက်မှအိပ်ပျော်တာတောင်ခဏလေးအိပ်ဖြစ်တာကိုမက်ဖြစ်အောင်မက်သေးသည်။ ဒီတစ်ခါမက်တာတော့ စစ်ကိုတမင်တကာကြီးခွဲသွားသူကသွေးကိုယ်တိုင်ပဲဖြစ်သည်မို့တညလုံးရင်တလှပ်လှပ်နဲ့အိပ်လို့မရတော့။
"ခဏလေးတင်နိုးတာ....မကလေး အိပ်နေတာလေးကိုကြည့်ပြီးချစ်မဝဖြစ်နေတာ"
"ပိုပြီ....စစ်ကတော့ ကဲ ထကြမယ်လေ....စစ်ကို မ ချက်ကျွေးချင်တယ်"
စိတ်လိုလက်ရချက်ရင်လက်ရာသိပ်ကောင်းတဲ့သွေး။ စစ်ကိုချက်ကျွေးချင်သည်။
"မ ပင်ပန်းနေပါဦးမယ်....မ စားချင်တာသာပြော...ဆိုင်ကောင်းကောင်းမှာစစ်လိုက်ကျွေးမယ်လေနော်"
"အာ....မ လက်ရာလေး စစ်ကိုစားစေချင်လို့ပါ....ဘာလဲ အိုးတွေမရှိလို့လား"
"ဟာ ရှိပါတယ်....နန်းတို့လာတဲ့အခါတစ်ခါတလေချက်ဖြစ်တာကြောင့်အိုးတွေခွက်တွေအစုံရှိတယ်....အစာပလာတွေပဲမရှိတာ ချက်ဖို့"
"မနက်ရောင်းတယ်မလား....သွားဝယ်ကြမယ်လေ"
သွေးကပြောပြီးတာနဲ့ ချက်ချင်းထထိုင်ကာ ခြုံထားဆဲဖြစ်သော စစ်ကိုယ်ပေါ်ကစောင်ကိုဆွဲယူခေါက်သည်မို့
"ဟင်...မ...ခုချက်ချင်း ကြီးလား"
"အင်းလေ....ခုသွားမှချက်ဖို့ပြုတ်ဖို့အချိန်ရမယ်လေ"
"စစ်က မနဲ့တူတူအိပ်ယာထဲနေချင်သေးတာကို"
"ကလေးလိုလုပ်မနေနဲ့....ခဏနေအောက်ဆင်းခဲ့တော့ မ အရင်ဆင်းနှင့်ပြီ"
အိပ်ယာထဲမှာ ဇိမ်နဲ့နှပ်ပြီးတူနှစ်ကိုယ်စကားတွေချိုသာကြင်နာရမလားမှတ်တယ်။ နိုးပြီဆိုတာနဲ့ချက်ချင်းကိုအိပ်ယာကထဖို့အသင့်ဖြစ်နေတာ။
အိပ်ယာပေါ်ဝယ်မကိုတမင်ညစ်ပြီးစောင်ပြန်ဆွဲယူကာ မှိန်းနေလိုက်သည်။သွေးကတော့ လုပ်စရာရှိတာလုပ်ပြီးအပြင်သွားဖို့အဆင်သင့်ဖြစ်နေပြီ။အပေါ်ထပ်မှစစ်ဆင်းမလာသေးတာကြောင့်စိတ်ရှည်မနေပဲ အပေါ်တက်တော့
"အယ်....စစ်နော်....မထပဲပြန်တောင်အိပ်နေသေးတယ်....ဟုတ်လား"
ပြောပြောဆိုဆိုနဲ့စောင်ကိုတကိုယ်လုံးပတ်ုခုံထားသောစစ်ကိုယ်ပေါ်တက်ခွထိုင်ပြီးရေကိုင်ထားသောကြောင့်အေးစက်နေတဲ့လက်တွေနဲ့ စစ်မျက်နှာပြင်လိုက်ကိုင်တော့
"အား...အေးတယ်...မရဲ့"
"ထတော့လေ....သွားပါမယ်ဆို ထမလာဘူး ကျမကအသင်ဖြစ်နေပြီ"
"ခဏလေးပဲအိပ်ပါရစေဦးလား"
"စစ်ကလေးရယ်...ခဏလေးပဲဈေးလိုက်ပြပေးနော်...မ...မသွားတတ်သေးလို့ပါ....နော်....မ ဟင်းတွေချက်နေတုန်းစစ်ကပြန်အိပ်နေလေ....နော်....လိမ်မာပါတယ်ကလေးက"
နွေးနေတဲ့နဖူးပြင်အပေါ်အေးစက်စက်နှုတ်ခမ်းတစ်စုံကျရောက်လာတော့ အိပ်ချင်စိတ်တွေအလိုလိုပျောက်ကွယ်ကာ ကြည်လင်စွာနိုးထလာရတော့သည်။ တခြားအတွဲတွေလို မ ရဲ့ခါးလေးဖက်ပြီး အနမ်းတွေဆင့်ကဲတောင်းဆိုဖို့တော့စစ်တို့အတွဲကမဖြစ်နိုင်။ မမှာ နိုးပြီးပြီးချင်းစစ်ကိုကုတင်ပေါ်အတင်းဆွဲချပြီးစောင်ကိုခေါက်နေတော့တာ။
ဈေးရောက်တော့လဲ အသားတွေအသီးအရွက်တွေနည်းနည်းစီဝယ်ခြမ်းနေလိုက်တာများ တကယ့်အိမ်ရှင်မလေးတစ်ဦးနှယ်။ မကတော့ရှေ့ကနေတမျိုးပြီးတမျိုးဝယ်နေပေမယ့်နောက်ကလိုက်ရတဲ့စစ်မှာမသက်သာ။ မ ဝယ်ထားသမျှ ကိုနောက်ကကိုင်ပြီးလိုက်နေရတာတကယ့်ကိုကိုးရိုးကားယားနိုင်လှသည်။
"ဟိတ်...မ...နှစ်ယောက်တည်းစားမှာလေ....ဘာလို့များကြီးဝယ်နေတာလဲ"
"နန်းတို့လာမယ်ဆို...ပိုချက်ထားမှာပေါ့"
"ဟာ...မကလဲ...သူတိူ့နဲ့ချိန်းထားတာက တခြားနေရာမှာ.."
."ဟင်....ဟုတ်လား ဒါဖြင့်အများကြီးဖြစ်နေပြီ....ရပြီ ပြန်ကြမယ်နော်..ပေး....မကိုတဝက်....စစ်ကလေးလက်တွေနာနေလောက်ပြီ"
ဟူး...ခုမှပဲ ကိုင်ကူဖို့သတိရတော့တယ်။
"မပဲအေးဆေးသွား ....စစ်ပဲယူခဲ့မယ်နော်...."
"ဘယ်ဟုတ်မလဲ ဆိူင်ကယ်လဲမပါတာကို....မကိုလဲပေးပါ အတူတူစားမှာပဲကို"
အတင်းတွေတစ်ဝက်ခွဲယူချင်နေတော့ပေါ့မယ်ပစ္စည်းထုတ်လေးတွေပေးလိုက်သည်။ စစ်ရဲ့အနွေးထည်ကြီးကြီးနဲ့ရှေ့ကနေလမ်းလျှောက်နေတာကိုနောက်မှကြည့်ရင်းချစ်မဝနိုင်ဖြစ်နေရသည်။ အထုတ်တွေစုစည်းပြီးလက်တစ်ဖက်တည်းကိုင်ကာ ကျန်တစ်ဖက်ကမ ပုခုံးပေါ်တင်လိုက်သည်။
"ဟယ်ဘာလုပ်တာလဲ လူတွေများနေတာကို"
ပါးစပ်ကသာငြင်းနေတာ။ သူ့လက်အေးစက်စက်နဲ့စစ်လက်ကိုတောင်ပြန်ကိုင်ထားလိုက်သေး။ လမ်းကျဉ်းလေးမှာလူတွေတိုးနေရတာတောင်မကိုဖက်ပြီးသွားနေဆဲ။
တော်တော်ကြာလမ်းလျှောက်ပြီး အိမ်ဖက်လမ်းကြားကုန်းတက်လေးရောက်တော့
"မ...ဒီလိုကျတော့လဲ သာယာတယ်နော်"
"မကတော့ စစ်နဲ့အတူရှိနေတဲ့စက္ကန့်တိုင်းကသာယာတယ်...စစ်နဲ့အဆင်ပြေနေတဲ့အချိန်တိုင်းကလဲ မအတွက်ပျော်စရာကြီးပ"
"မနက်တိုင်း ဒီလိုလေးနှစ်ယောက်အတူဈေးဝယ်ထွက်ရရင်ကောင်းမယ်...မနက်စောထရတာတစ်ခုပဲ"
"အရင်ကအစောထနေကျသူကဘယ်လိုအကျင့်ပျက်သွားတုန်း"
"အရင်ညတွေက အပူမရှိဘူး ပြီးခဲ့တဲ့ရက်တွေကညမအိပ်ဖြစ်တာများလို့လေ"
ဘာလို့ မအိပ်ဖြစ်တာလဲဆိုတဲ့အကြောင်းတော့သွေး မမေးဖြစ်တော့တာထက်မမေးရက်တော့။ ရုတ်တရက်ခြေလှမ်းအစုံရပ်ပြီးခြေဖျားလေးထောက်ကာ စစ်မေးဖျားကိုနမ်းတော့ စစ်ကနောက်သို့ဆုတ်လိုက်သဖြင့်အနမ်းကလေထဲမှာဖြစ်သွားတော့သည်။
'အကျင့်ပုပ်ဘာဖြစ်လို့လဲ ချစ်လို့နမ်းမလို့ကို ဘာလဲလူမြင်မှာစိုးလို့လား"
"ဘယ်ကလာ....စစ်မှမျက်နှာမသစ်ရသေးတာကို.."
"ဘာရယ်..မျက်နှာမသစ်ပဲဈေးလိုက်လာတာ...လူကြားထဲကိုလေ....အံသြပ"
သွေး တတွတ်တွတ်ဖြင့်စကားဆိုရင်း စစ်ကျောပြင်ြေဗာတင်လေတော့ စစ်မှာရှောင်ရင်းတိမ်းရင်းလမ်းပြည့်သွားစဉ်
တီ....တီ....
အိမ်အနောက်ဖက်လမ်းကြားထဲမှကားတစ်စီးကွေ့ဆင်းချလာပြီး အရှိန်ဖြင့်ဝင်ချလာတော့လမ်းလယ်ခေါင်ရောက်နေသော စစ်အား
"အမလေး....စစ်....ရှောင်"
နှင်းတွေတအားကျဆင်းနေလေတော့ ကားမီးဖွင့်မောင်းထားသည်မို့ မီးရောင်ကသွေးမျက်စိထဲမှာစူးတောက်နေသည်။ စစ်အားစိုးရိမ်တကြီးအာခေါင်ခြစ်အော်လိုက်ရင်း လူလဲအရုတ်ကြိုးပြတ်လဲကျသွားသည်။
ဖောင်း
ဆိုသောအသံနဲ့ကားဘရိတ်နင်းသံတို့ဆူညံစွာတပြိုင်နက်တည်းဖြစ်ပေါလာလေသည်။
မှိတ်ထားသော မျက်လူံးအစုံတို့ပွင့်ဟမလာသေးခင်ပါးပြင်တစ်ခုလုံးရွှဲရွှဲစိုနေလေပြီ။
သွေးအိုင်ထဲတွင်လဲကျနေသောစစ်ပုံရိပ်ကို စိတ်ကူးဝယ်မြင်ယောင်နေမိသဖြင့်
"အမလေး....စစ်ကလေးရဲ့.....မ အိမ်မက်တွေတကယ်ဖြစ်လာပြီလား....မ ဘုရားရှေ့အကြိမ်ကြိမ်ဆုတောင်းခဲ့ရက်နဲ့...မကိုမထားသွားပါနဲ့...အီး...ဟီး"
မကြည့်ရဲ။ ကားတံခါးဖွင့်သံကြားရသည်။ မျက်စိကမှိတ်ထားတုန်း။
ပခုံးပေါ်လက်တစ်စုံလာတင်သည်ကိုခံစားမိသည်။ ခုထိလဲကျနေရာကထပြီးစစ်ဆီမသွားရဲသေး။ ကြည့်လဲမကြည့်ရဲ။ တကိုယ်လုံးတုန်ယင်နေသည်။
'မရဲ့ကံကြမ္မာနဲ့လဲယူပါလို့ပြောရက်နဲ့ ကံတရားရယ်လုပ်ရက်တယ်စစ်ကိုပြန်ခေါ်ပေး ဟီး.."
"မျက်စိလဲဖွင့်ကြည့်တော်မူပါဦး မရဲ့....စောစီးဘာလို့အကျယ်ကြီးအော်ငိုနေရတာလဲ"
စစ်အသံကြားမှနောက်လှည့်ကြည့်မိတော့ စစ်ရယ်ကားမောင်းသူဦးလေးတစ်ယောက်ရယ်ကသွေးကိုပြူးကြည့်နေကြသည်။
"စစ်သေပြီထင်လို့...ဟင့်"
"ဟာ မရယ်....ဘယ်ကလာ ကြည့်ပါဦးမျက်ရည်တွေရွှဲနေတာပါပဲ..."
စစ်သုတ်ပေးသော မျက်ရည်တွေက မခမ်းခြောက်နိုင်သေး၊ စစ်ကိုင်လာသောငံပြာရည်ပုလင်းကတော့ ကားလမ်းပေါ်မှာ ကွဲကျနေလေပြီ။ အသံတွေထွက်တာအဲ့ကနေမယ်။
"ဘာဖြစ်သွားသေးလဲ...သမီးတို့..."
"ဘာမှမဖြစ်ဘူး ဦးလေး....သွားလို့ရပြီနော့"
"ဟိုပစ္စည်းတွေကော ဦးလေးလျော်ပေးမယ်လေ"
"ဟာ ရတယ်....အရေးမကြီးဘူးနော်...သွားလို့ရပြီ"
ဦးလေးမှာကျေးဇူးတင်ကြောင်းပြောပြီးထွက်သွားလေမှမကိုတွဲချီကာ အိမ်ထဲသို့ဝင်လာရတော့သည်။ ဒါတောင်ဒူးတွေတုန်နေလို့လမ်းမလျှောက်နိုင်ဘူးတဲ့။ သိပ်ကိုအသည်းငယ်တဲ့မပါလေ။ နိုးလာတုန်းကတော့ စစ်ကိုထမင်းဟင်းသိပ်ချက်ကျွေးချင်သတဲ့။ ခုတော့ ဆိုဖာပေါ်မှာခွေလို့မျက်နှာလဲမကောင်း။ စစ်ကိုယ်တိုင်ချက်နေတာကိုလဲဘာမှမပြောပဲစစ်သွားလေရာကို လိုက်ကြည့်နေတော့တာ။
"မကလေး....ဘာဖြစ်နေတာလဲ...ဟင်..."
"မ စိတ်ထဲတစ်မျိုးကြီးပဲ...ရင်ထဲမှာဘာမှမရှိသလို လှပ်လှပ်လှပ်လှပ်နဲ့ဖြစ်နေတယ်"
"မှန်းနေများမကောင်းလို့လား "
မ နဖူးပြင်ပေါ် လက်တင်တော့လဲပုံမှန်အပူချိန်။ မက စစ်လက်ကိုယူပြီးသူ့ပါးနဲ့အပ်ထားလိုက်သည်။
"နေကောင်းပါတယ်... ဘာလိုလိုနဲ့ မ ပြန်ရတော့မယ်...စစ်တော့လွမ်းကျန်ခဲ့မှာပဲနော်"
"မရယ်...မ အလုပ်ရရင်ဘယ်နေရာရောက်ရောက်စစ်ကလိုက်လာမှာမို့လို့ စိတ်မပူနဲ့နော်....လွမ်းပေမယ့်လဲအလွမ်းဖြေဖို့ ဖုန်းလေးတွေရှိနေတာပဲ မကလေးရဲ့"
"ဒီတစ်ခါခွဲခွာရမှာ မ သိပ်ကြောက်တာပဲကွယ်..."
"အကြာကြီး ပြတ်မလိုကွဲကွာသွားပြီးမှ ခုလိုပြန်ချစ်ကြတော့ ခွဲရမှာစိုးရိမ်လို့နေမှာပါ....စိတ်ချနေနော်....မ ဘာတွေပဲဖြစ်ဖြစ်စစ်ဆီကိုအချိန်မရွေးလာခဲ့လို့ရတယ်... စစ်ကမအတွက်ဆိုအချစ်တွေအပြည့်နဲ့အမြဲကြိုနေမှာ အမြဲလက်ကမ်းပေးထားမှာ....စစ်လေ....မကိုသိပ်ချစ်တာ"
မ လက်ကလေးဆွဲယူပြီး နှုတ်ခမ်းနှင့်အသာအယာနမ်းလိုက်သည်။ အိမ်ထဲမှာတောင်မ လက်ကလေးတွေအေးစက်နေသည်။ ခဏက ကားတိုက်မလိုဖြစ်သွားတာကြောင့်လန့်သွားတာဖြစ်ပေမည်။ မ ဘာမှပြန်မပြောပဲ စစ်ကိုဖက်ပြီးအသံတိတ်ကြိတ်ငိုနေသည်။ စစ်မှာတိတ်ပါ မငိုပါနဲ့ဆိုပြီးနှစ်သိမ့်စရာ စကားလုံးလဲမရှိတော့ပြီမို့.....။
...
ဒီနေ့တနေကုန်စိတ်တွေလေးလံနေသည်။ ညနက်မှအိပ်ပြီး အိမ်မက်ဆိုးကြောင့်နိုးလာကာ ပြန်၍အိပ်မပျော်နိုင်တာကြောင့်အိပ်ရေးပျက်လို့များလား။ ဒါမှမဟုတ်ချစ်သူနဲ့ခွဲခွာဖို့အချိန်သိပ်မကျန်တော့တာမို့များလား။ မနက်စာကောင်းကောင်းချက်ကျွေးမယ်ဆိုပြီးမှသွေးကြောင့်ကားတိုက်မိမလိုဖြစ်သွားတဲ့စစ်။
အကယ်၍သာ အဲ့နေရာမှာ တကယ်ပဲ စစ်တစ်ခုခုဖြစ်သွားခဲ့လျှင်သွေးတော့ဒီတစ်သက်စိတ်ဖြေနိုင်တော့မည်မထင်။ ဘာမှမဖြစ်ခဲ့တာတောင်တစ်ကိုယ်လုံးရင်တုန်ပန်တုန်းဖြစ်ပြီး အားလုံးဝမရှိသလို နုံးချိသွားတော့တာ။
မနက်စာချက်ကျွေးမယ့်စိတ်ကူးလေးတောင်အကောင်အထည်မဖော်ဖြစ်တော့။ စစ်ခမျာ လိုင်းကနေဟင်းချက်နည်းတွေကြည့်ပြီး တတ်သလောက်မှတ်သလောက်ချက်နေရှာတာ။ ဒါကိုလဲငေးကြည့်နေရုံမှအပသွေး မကူညီနိုင်။
ခွဲရတော့မယ့်အချိန်တွေ နီးကပ်လာလေလေ စိတ်တွေပိုပြီးလေးလာလေလေပဲ။ အခုမှသိပ်ချစ်မိသွားတာမျိုးလဲ ဖြစ်နိုင်သည်။
"မကလေး....အဝတ်အစားလဲလို့ပြောနေတာကြာလှပြီကို....စစ်တောင်ရေမိုးချိုးပြီး လဲပြီးသွားပြီကော"
အပြင်သွားဖို့ဆိုပြီး စစ်က အဝတ်အစားထုတ်ပေးပြီးတာနဲ့ရေချိုးဆိုပြီးဆင်းသွားခဲ့တာ။ အဲ့ဒါကိုသွေးက စစ်အပေါတက်လာသည်အထိ ဘာမှမလုပ်ရသေးပဲ အိပ်ယာပေါ်မှာခွေနေတုန်း။
အပြာနုရောင်ရှပ်အင်္ကျီနှင့်အနီရင့်ရောင်ဂျာကင်ကိုအပေါ်ထပ်ဝတ်ပြီး ဂျင်းအပြာလေးနဲ့ လိုက်ဖက်နေပါသော စစ်ကအဆင်သင့်ဖြစ်နေလေပြီ။
"မ....နေမကောင်းဘူးလား...ဆေးခန်းသွားပြမလားဟင်"
သွေး ကိုယ်လေးကိုဖေးဖေးမမဖြင့်ထူပေးတဲ့ စစ်မျက်နှာကစိုးရိမ်မကင်းဖြစ်နေဟန်မို့ ဟန်ဆောင်အပြုံးလေးဖုံးကာ
"ကောင်းပါတယ်....နည်းနည်းအေးလို့စောင်ထဲဝင်ခွေနေတာကို....မထချင်တာနဲ့"
"ဒီမှာ စစ်သွားဝယ်လာပေးတဲ့အင်္ကျီတွေ ဝတ်ကြည့်ဦး....မတော့ဂျာကင်မကြိုက်လောက်ဘူးထင်လို့ အနွေးထည်ကောင်းကောင်းလေးဝယ်လာပေးတယ်...ဂျင်းကောပဲ....မကအပြဲလေးတွေကြိုက်ပေမယ့်ဒီနေ့ဝတ်ရမှာဆိုတော့အေးမှာစိုးလို့ အပြဲမဝယ်လာဘူး....ဖိနပ်လဲ ဝယ်လာတယ်... ထပြီး စီးကြည့်ဝတ်ကြည့်ပါဦး"
အိတ်တွေတစ်ခူပြီးတစ်ခုယူပြီးသွေးကို ထုတ်ပြနေသည်။ လူသိမခံရဲတဲ့သွေးဆိုတာဖြစ်ခဲ့ဖူးတာမို့ တမင်တကာ ဆင်တူဖြစ်မနေအောင်ရွေးဝယ်ခဲ့တာလားမသိ။ တစ်ခါတလေ စစ်ကသိပ်သနားဖို့ကောင်းသည်။ သူ့ဖင်သူမကြည့်ပဲသွေးဖက်ချည်းကြည့်ကာလိုက်၍ ကိုယ်ချင်းစာပေးတတ်လေသည်။
"မ လဲလိုက်နော်....စစ်ဆိုင်ကယ်ထုတ်ပြီးစောင့်နေမယ်"
စစ်သွားတော့မည်ဆိုတော့သွေး စစ်လက်ကိုလိုက်ဆွဲထားမိသည်။ အိပ်ယာပေါ်ပြန်ထိုင်ပြီးသွေးနဖူးပြင်မှဆံစအချို့ကိုသပ်တင်ပေးကာ
"မကလေး....ဘာဖြစ်နေတာလဲ....တစ်ခုခုအဆင်မပြေဘူးလား"
"မဟုတ်ပါဘူး....စစ်ကို မပြောစရာရှိတယ်"
လေးလေးနက်နက်သွေးကဆိုလေတော့ စစ်ကနားမလည်သလို ပြန်ကြည့်နေသည်။
"ပြောလေ....မ..."
"စစ်....မကို ရယူပိုင်ဆိုင်ချင်လားဟင်"
"ဘယ်လို.....မ"
သွေးစကားကို ချက်ချင်းနားမလည်၍ အူကြောင်ကြောင်ပြန်မေးသည်။သွေးဘာမှပြန်မဖြေပဲ စစ်မျက်ဝန်းတွေလိုက်ကြည့်နေမှ သဘောပေါက်သွားဟန်ဖြင့်သွေးတကိုယ်လုံးကိုသိမ်းကျုံးပွေ့ဖက်ကာ
"ပိုင်ချင်တာပေါ့....မရဲ့....ဒါပေမယ့်ခုလိုအခြေအနေမျိုးမှာ မဟုတ်သေးဘူး....မ အခြေခိုင်မှ မကိုရယူမယ်နော်"
ကျောပြင်ကိုလက်ဖြင့်အသာပုတ်ပေးပြီး ကုတင်ပေါ်မှချက်ချင်းဆိုသလိုထကာအောက်ဆင်းဖို့ပြင်သည်။
"စစ်...မတို့မှာ အချိန်သိပ်မကျန်တော့ဘူးနော်...."
ဆက်ပြောလိုက်သောသွေးစကားကြောင့်လှေကားမှာဆင်းနေတဲ့စစ်ခြေလှမ်းတို့ ခဏရပ်တန့်သွားသည်။ ထို့နောက်နောက်သို့လှည့်မကြည့်ပဲ
"အချိန်အများကြီးရှိပါသေးတယ်....တကယ်လို့ မပြောသလိုတကယ်ခဏလေးပဲကျန်မယ်ဆိုရင်တောင်ဒီလိုအခြေအနေမျိုးမှာ မကိုစစ်မပိုင်ရဲသေးပါဘူး....အမှန်ပြောရရင်မနဲ့အတူရှိနေတဲ့အချိန်တွေမှာ စစ်ရဲ့စိတ်တွေမတရားလွတ်ထွက်ချင်နေတာကို သိပ်ထိန်းထားရတာ....မသိစိတ်ကသိပ်ကိုမှ ရယူပိုင်ဆိုင်ချင်နေတာ...ဒါပေမယ့်မရယ်..ချစ်သူဆိုတာ ဆိုင်ပဲဆိုင်ရသေးတာ...တရားဝင်မှမပိုင်ရသေးပဲကို....အတွေးများမနေနဲ့တော့....အချိန်သိပ်မရှိဘူး"
စကားပြတ်ပြတ်ပြောပြီးအောက်သို့ဆင်းသွားလေပြီ။သွေးမှာအင်္ကျီတွေကိုင်ပြီး တအိအိနဲ့ရှိုက်ငိုရင်းကျန်ခဲ့လေသည်။ကျောခိုင်းသွားတဲ့စစ်ကျောပြင်ကိုမြင်ရင်တသက်တာပဲဘယ်တော့မှမဆုံရတော့မယ့်သူလိုလို။
နာရီဝက်လောက်နေတော့ မျက်ဆံတွေနီရဲနေပြီး မျက်လုံးမို့အစ်နေတဲ့သွေးတစ်ယောက်အိမ်တံခါးပိတ်ပြီးတာနဲ့ စစ်ရှေ့ရောက်လာပြန်သည်။ ဘွတ်ဖိနပ်ကြိုးကိုသေချာမချည်ပဲစိတ်မပါလက်မပါလုပ်လာတာမို့လို့ ကြိုးအရှည်ကြီးကနောက်မှာတန်းလန်း။
"မကတော့လေ...ကလေးလေးကျနေတာပဲ....ဖိနပ်ကြိုးကိုသေချာမချည်ဘူး....လူကြားထဲရောက်လို့ဒီကြိုးကိုသူများနင်းမိရင်မပဲလဲကျမှာ"
ပြောရင်းဆိုင်ကယ်ခွထားရာမှဆင်းကာ မုဆိုးဒူးထောက်ထိုင်ပြိးသွေးဖိနပ်ကြိုးလေးကိုသေသေချာချာချည်ပေးနေလေသည်။
"ဦးထုတ်ကော...စစ်"
"မပါဘူး...မ...မဆောင်းလဲရတယ်လေ....အဝေးကြီးသွားမှာမှမဟုတ်တာကို"
"မရဘူးလေ....ဆောင်းမှရမယ်"
"မနော်....ခေါင်းလေးလို့ပါ....မပဲဆောင်း ...လာ....တက်...."
သွေးဦးခေါင်းထက်သို့ ဦးထုတ်စွပ်ပေးပြီးမေးသိုင်းကြိုးတပ်ကာဆိုင်ကယ်ပေါ်တက်စေလိုက်သည်။ သူကိုယ်တိုင်တော့မဆောင်း။ ဆိုင်ကယ်အမြင့်ကြီးပေါ်မှာလေတလွှင့်လွှင့်နဲ့ချစ်ရသူခါးလေးဖက်လို့ စီးနေရသော်လဲပျော်စရာရှားလို့စိတ်ထဲလေးလံနေရတုန်း။
သွေးစိတ်နဲ့သာဆို ဒီနေ့တနေကုန်အပြင်မထွက်ပဲအိမ်မှာပဲနေချင်သည်။ ခုကဘာအရေးတကြီးရှိလဲမသိ။ မစွားလို့ကိုမရဘူးတဲ့လေ။ ကံမကောင်းတာတစ်ခုခုကဆီးကြိုနေမယ့်ပုံလိုစိတ်ထဲမှာအလိုလိုခံစားနေရသည်။ ဒါကိုဥိးထုတ်ဆောင်းဆိုလဲမဆောင်းတာကြောင့်စိတ်ကပိုထင့်ရော။
စစ်ဘယ်ကိုခေါ်သွားမလဲဆိုတာ မမေးမိ။ တကယ်ရောက်မယ့်ရောက်လာတော့လဲ အရင်ပထမတစ်ခေါက်စရောက်ဖူးတည်းက လမ်းဘေးကနေသာမျှော်ငေးခွင့်ရခဲ့တဲ့အေးသာယာဝိုင်ခြံကိုတဲ့။ တစ်ခြံလုံးက တိတ်ဆိတ်နေသယောင်။ ဆိုင်ကယ်ရပ်ခဲ့ပြီးကောင်တာကိုဖြတ်ကာ ခြံထဲဆက်ဆင်းခဲ့သည်။
"စပျစ်ခြံလို့လဲပြောသေးတယ်....ဘယ်မလဲ....ဘာပင်မှလဲမတွေ့ဘူး"
"ဟိုးအောက်ထဲမှာလေ....မရဲ့....မြင်ရပါလိမ့်မယ်"
သွေးလက်လေးဆုပ်ကိုင်လို့ရှေ့ကနေသွက်သွက်လျှောက်နေသော စစ်နောက်သို့အမှီလိုက်နေရသဖြင့်ဘေးဘီကိုလှည့်မကြည့်နိုင်အား။
"ဟေး....မမစစ်တို့ လာပြီ....မျှော်နေတာကို"
ကောင်မလေးတစ်သိုက်ဟေးခနဲအော်သံနဲ့အတူ ချုံတွေပန်းပင်တွေကြားမှထွက်လာကြသည်။ ထိုအထဲဝယ်နန်းကောခမ်းအိမ့်ကောပါ ပြုံးလို့ရယ်လို့။
"အားလုံးပဲနော်....ဒါ....ငါရဲ့ချစ်သူကောင်မလေးသွေးတဲ့....သိပ်ကိုသိချင်လွန်းလှပါရဲ့....မြင်ဖူးချင်လှပါရဲ့လို့ပြောကြလွန်းလို့တမင်ခေါ်လာပြတာ"
စစ်က ရှက်နေ၍လားမသိ။ မျက်နှာနီနီကြီးနဲ့သွေးရဲ့လက်ကိုအများမြင်အောင်မြှောက်ပြပြီး သွားတွေအကုန်ပေါ်အောင်ရီပြကာ မိတ်ဆက်လိုက်လေသည်။ စစ်ရဲ့ချစ်သူထုတ်ပြနည်းကား ခမ်းနားမနေ၊ ဆန်းပြားမနေ။ထွေထွေထူးထူး ဘာမှစပရိုက်ဖြစ်မနေ။ သူ့အသိုင်းအဝိုင်းမှာရှိနေကြတဲ့ကောင်မလေးတွေကိုသိစေချင်လို့သာ တမင်တကာထုတ်ပြခြင်းသဘော။
နန်းနဲ့ခမ်းအိမ့်ကတော့ ပြုံးစိစိဖြင့်စစ်လက်ထဲကသွေးကိုအတင်းဆွဲကာ
"မသွေး....လာခဲ့ဦး...."
ရုတ်တရက်မို့ စစ်လက်တွင်းမှလွတ်ထွက်သွားတော့ ရင်ဘတ်ထဲမှာဟာခနဲဖြစ်ပြီး မျက်နှာပင်ညိုးသွားရသည်မို့ ခမ်းအိမ့်ကသတိထားမိဟန်ဖြင့်
"ဘာလဲ...မျက်နှာကြီးက ညိုးကျသွားလိုက်တာ....ခဏပဲခေါ်တာပါနော်"
ထိုအခါမှ သူတို့ကိုအာစနာသွားသဖြင့်မျက်နှာပြန်ပြင်လိုက်ကာ
"အာ...မဟုတ်ပါဘူး....စစ်က စပျစ်ပင်တွေအများကြီးရှိတယ်ဆိုပြီးရှိလဲမရှိပဲနဲ့ကို ညာများခေါ်လာသလားလို့"
"ဟယ်....အညာခံရအောင်မသွေးက ကလေးလား....မမစစ်ကမညာတတ်ပါဘူးနော်....ဟိုးမှာ....အောက်ထဲကြည့်လိုက်"
ရပ်နေတဲ့ပန်းခြံလိုမြက်ခင်းပြင်လေးကနေနန်းညွှန်ပြရာအောက်ဖက်သို့ ကြည့်လိုက်တော့ စိမ်းစိုနေသောအပင်ပုလေးတွေအတန်းလိုက်ကိုမှအကျယ်ကြီးမျက်စိတစ်ဆုံးမြင်နေရလေသည်။
"မြင်လား....အဲ့ဒါ စပျစ်ခင်းလေ...."
ခေါင်းသာငြိမ့်ပြပြီး ဘာမှပြန်မပြောနိုင်။သွေးသိနေတာကစပျစ်ပင်ဆိုတာ ချုံနွယ်လိုမျိုးဖြစ်ပြီးစင်တွေထိုးထားမှသီးနေတယ်မှတ်တာ။ ခုတော့အပင်ပုလေးတွေကအတန်းလိုက်အစီအရီ။ ဘာစင်မှလဲမထိုးထား။
"အဲ့ဒါတွေလား...နွယ်ပင်မျိုးမဟုတ်ဖူးလား....လဲမကျဘူးနော်အပင်က"
"ဘေးနားကြိုးတွေနဲ့ဆိုင်းထားတယ်လေ....မလဲပါဘူး"
ကြည့်နေရင်းမှ နန်းတို့ခေါ်ဆောင်ရာခြံအတွင်းမှရေကန်လေးအလယ်တည့်တည့်တွင်နားခိုရာစားပွဲနှင့်အဆောင်လေးတစ်ဆောင်သို့။ သစ်သားတံတားလေးမှဖြတ်ပြီးသွားရသေးသည်။ တံတားပေါ်ဝယ်မီးတွေအလှဆင်ထားသဖြင့်ညအချိန်ဆိုဘယ်လောက်တောင်လှနေလိမ့်မည်မပြောတတ်။
"ကဲ....စပရိုက်ရယ်ဘာရယ်လုပ်မနေတော့ဘူး....ဒီမှာ....မသွေးနဲ့မမစစ်အတွက်လက်ဆောင်ဆိုပြီး ဂီတာတီးတတ်တဲ့မမစစ်နဲ့သီချင်းလိုက်ဆိုတတ်တဲ့မသွေးတို့နဲ့လိုက်ဖက်မယ့်အရာလေး"
အဆောင်အတွင်းထောင့်မှာထောင်ထားတဲ့ အနက်ရောင်ဂီတာအိတ်အတိုင်းသွေးကိုပေးလာလေသည်။သွေးဖြင့်လက်တောင်မလှမ်းသေးခင်ဘယ်တည်းကနောက်ကပါလာမှန်းမသိတဲ့စစ်က လှမ်းယူသည်။
"အတော်ပဲ...ငါ့ကလေး ကီးကြောင်နေတာနဲ့အသစ်ရတာနဲ့တော့အိုကေမှစိုပြည်လို့"
သူ့ဟာသူသဘောတွေကျပြီး အိတ်ထဲကထုတ်ကာ ကြိုးတွေစမ်းနေလေသည်။
"ဒီနေရာကိုခေါ်တယ်ဆိုမှတော့ သဘောပေါက်နော်....တောင်ကြီးကထွက်တဲ့ဝိုင်အကောင်းစားတွေကိုမြည်းစမ်းချင်လို့ဆိုတာကို"
ဝိုင်ဆိုတာနဲ့သွေးမျက်ခမ်းကခပ်လှုပ်လှုပ်ရယ်။နောက်လှာ့်ကြည့်တော့ကောင်မလေးအငယ်လေးတွေငအများကြီး။နောက်မှတစ်ယောက်ချင်းမိတ်ဆက်ပေးလေသည်။ အကုန်လုံးကတော့ဆိုင်နှစ်ဆိုင်လုံးကကောင်မလေးတွေ။
"မကြီးက ကြိုသိနေသလားမသိဘူး....ဘာရယ်အကြောင်းကြချက်မပြောပြပဲနဲ့ဆိုင်ပိတ်တယ်တဲ့....မနက်ကအဲ့ဖက်ကနေလာတော့ဆိုင်ကပိတ်မထားဘူး ဖွင့်ထားတာ"
"အေ့ဆို...မနေ့က ငါတို့ပြောတာကြားသွားလို့နေမယ်"
"ဒီတစ်ခါတော့ မမစစ်နဲ့မသွေးကို သဘောတူနေပြီထင်တယ်"
"တအားလိုက်ဖက်တာပဲ...ဝေးသွားပြီးမှခုလိုပြန်အဆင်ပြေကြတာ တကယ့်အချစ်စစ်နဲ့ချစ်ကြလို့ဖြစ်မယ်"
"အေ့လေ ....နောက်တစ်ခါထပ်ဝေးသွားဖိူ့ဆိုတာ မဖြစ်နိုင်ဘူး.. .သေမင်းကခွဲကာမှပဲ...."
"ဟဲ့...ကလေးတွေ....ဘာတွေလျှောက်ပြောနေတာတုန်း..."
တစ်ယောက်တစ်ပေါက်တိုးတိုးကြိတ်ကြိတ်ပြောနေတုန်း မကေသီတစ်ယောက်ဟောက်လိုက်မှ ငြိမ်သက်သွားကြသည်။ စားပွဲပေါ်မှာ ဝိုင်တွေပြည့်နေပြီ။ နန်းကတစ်ခွက်ချင်းငှဲ့ပေးရင်းမှ
"သောက်ကြမယ်နော်...ဒီကမမစစ်က ဒကာခံမှာမို့လို့....ပေးရတဲ့ဂီတာလက်ဆောင်နဲ့တန်အောင်သောက်ပြီး သူတို့အချစ်တွေခိုင်မြဲဖို့နဲ့အမြန်ပေါင်းစည်းနိုင်ဖို့.....ချီးယား"
စစ်အပါအဝင်အကုန်လုံးခွက်တွေမြှောက်ပြီးတိုက်ကြပေမယ့်သွေးကတော့ဖြင့်ပြုံးနေတဲ့စစ်မျက်နှာကိုပဲကြည့်နေတော့
"ဟာ....မသွေး...မသောက်ဘူးလား...လုပ်လေ...ဘယ်နှယ့်ကြည့်နေတာတုန်း"
"ဟုတ်သားပဲ...မ....လုပ်ရအောင်လေ....နော်....မမူးပါဘူး"
စစ်ကပါ ဝင်တိုက်တွန်းမှ ခွက်လေးကိုင်ပြီးချီးယားလုပ်လိုက်သည်။ ပြီးတာနဲ့ တရှိန်ထိုးမော့သောက်လိုက်သည်။ ဒီတစ်ခါမူးဖြစ်ခဲ့ရင်တောင်စစ်ရင်ခွင်ထဲမှာမို့လို့ ဘာဖြစ်ဖြစ်ယုံကြည်စိတ်ချလိုက်မည်။ တစ်ဝိုင်းလုံးဆူညံပွက်လောရိုက်နေသည်။ ခြံအတွင်းမှာလူသိပ်မရှိလို့သာတော်သေးသည်ဆိုရမည်။
"မမစစ်....ဂီတာတီးပြလေ...."
"ဟုတ်သား....ဆိုင်မှာတစ်ခါမှမတီးပဲနဲ့...ခုနားထောင်ရအောင်"
တစ်ယောက်တပေါက်နဲ့ဝိုင်းတောင်းဆိုကြတော့ စစ်မှာမငြင်းသာ။ မကတော့စစ်ကိုယ်ကိုမှီပြီး ပြုံးလျှက်သာကြည့်နေသည်။
"အိုကေ...ဆိုပြမယ်...တိတ်တိတ်လေးနားထောင်ကြ"
ဂီတာလေးကို တယုတယထုတ်ပြီး အသံစမ်းကြိုးညှိနေတော့ကေသီကထပြီးဗီဒီယိုရိုက်နေလေသည်။ နန်းက
"မကေသီ...ရိုက်ပြီးရင်လဲ လိုင်းပေါ်မတင်နဲ့ဦးနော်....ရှော့ရှိတယ်..."
"အင်းပါ....ဘယ်သူမှမတင်ကြဘူး အမှတ်တရပဲရိုက်ထားမှာ"
"ကဲ...ကဲ...မသွေးကဆိုနော်.... လာ...လာ....လူတွေကဒီဖက်ကို သူတို့နှစ်ယောက်ကိုအဓိကထားရိုက်မှာ"
"မသွေးနဲ့စစ်ကွ"
လက်ခုပ်တွေပါ တီးပြီးနေရာဖယ်ပေးလိုက်ကြသည်။ ဝိုင်တန်ခိုးနဲ့ ပါးတွေနားတွေလဲနီနေပြီ။ စစ်ကပါအလိုတူအလိုပါဆိုစေချင်နေတဲ့သဘောမို့ သူစိမ်းတွေရှေ့ရှက်ပေမယ့်လဲ ဆိုပြရတော့မည်။
"မ....ဘာသီချင်းရလဲ...ဒီချိန်မှာ အလွမ်းသီချင်းတွေတော့မဆိုကောင်းဘူးနော်"
"သီချင်းတွေကသိပ်ရနေတာမဟုတ်ဖူး...စစ်ရဲ့"
"ဒီမြေဒီနေရာနဲ့ လိုက်ဖက်အောင်လို့ သီချင်းလုပ်မှရမယ်....ဒါနဲ့ မတောင်ကြီးဧည့်သည်သီချင်းရလား"
"ဘယ်ဟာလဲ....တောင်ကြီးမြို့ကိုအလည်တစ်ခေါက်ကိုယ်ရောက်တယ်...ဆိုတာလား"
အသံနေအသံထားဖြင့်အစဆိုပြတော့ စစ်ကအားပါးတရခေါင်းငြိမ့်သည်။ ဒါမဲ့သွေးကခေါင်းခါလက်ကာရင်း
"အဲ့တစ်ကြောင်းပဲရမယ်....မရဘူး....တစ်ခြားဟာလုပ်"
ရမယ့်သီချင်းလေးတော်တော်ကြာအောင်စစ်ထုတ်ပြီးနောက်ဂီတာသံငြိမ့်ညောင်းစွာ ထွက်ပေါ်လာတော့သည်။ ခဏကဆူညံနေသောအဖွဲ့ကားခုတော့ ပါးစပ်လေးတွေပိတ်လို့ သာယာနာပျော်ဖွယ်ကောင်းသောသီချင်းနဲ့သံဇဉ်ရေယာဉ်ကြောမှာ စီးမျှောခံစားနေလေတော့သည်။
...ဆောင်းနှင်းဖွေးဖွေးလေး....တောင်တန်းများကြားမှာ...အေးချမ်းလှတဲ့ ကျနော်တို့မြို့လေးကို...အလည်တစ်ခေါက်ရောက်လာပါလားလို့ ဟန်ဆောင်မှုကင်းတဲ့စေတနာရင်မှာ တကယ်ရင်းနှီးမယ့်စိတ်ထားတွေ...
ဪ...ရှမ်းပဲပုပ်လို့ခေါ်ချင်ခေါ်ပါစေ...ဒါကိုေဗွမယူနိုင်ပါဘူးလေ...ကျနော်တို့ရှမ်းမျိုးရဲ့တည်မြဲတဲ့ရိုးရာ...ကျနော်ဟာလေ ရှမ်းပဲပုပ်ပါပဲ
ခင်မင်တယ်...အားလုံးကိုလေ လာလည်စေချင်သေး
ချမ်းအေးတဲ့တို့ရှမ်းမြို့ကိုလေ...
ရှမ်းသီချင်းလေးလဲဆိုပြဦးမယ်...ရှမ်းတို့ရဲ့ရိုးရာအက ကပြမယ်...လဖက်တောတန်းမှာ လဖက်ခူးတဲ့ ပျိုဖြူတွေများနဲ့...
.....
သီချင်းစာသား မှန်သလား မှားသလားတော့မပြောတတ်။ စစ်တီးနေတဲ့ဂီတာသံနဲ့သာမျှောလိုက်၍ဆိုလိုက်ရတော့သည်။ တကယ်ကသည်သီချင်းလဲအလုံစုံအကုန်ရနေတာတော့မဟုတ်။ ကိုဟိန်းအိမ်မှာနားတဲ့ရက်ဆိုခဏခဏဖွင့်လွန်းလို့သာ နားရည်ဝပြီးနည်းနည်းရနေတာ။
တပုဒ်ပြီးတပုဒ်ဆက်တီးပြီး ဆိုချင်ရာဆိုနေကြတော့သည်။ စစ်ကတော့ဒိုင်ခံတီးပေးသမားပေါ့။နောက်ကျတော့ကျန်တဲ့လူတွေဆက်စားသောက်နေကြပြီးသွေးနဲ့စစ်ပဲ စပျစ်ခင်းထဲဝင်ပြီးလမ်းလျှောက်ကြရတော့သည်။
"ပျော်လား...မ"
စစ်ပုခုံးမှာခေါင်းလေးမှီရင်း သဘာဝရှုခင်းအလှကြာ့်နေတုန်းဟာလဲဘဝဟာပြည့်စုံနေသလို။
"ပျော်တာပေါ့..အသံတောင်နည်းနည်းလောက်နာချင်နေသလိုပဲ"
"ဟုတ်မှာပေါ့...စစ်တောင်လက်ထပ်တွေနာတယ်"
"ဟုတ်လား ပြပါဦးမကို"
စစ်လက်နှစ်ဖက်ကိုဆတ်ခနဲသွားဆွဲပြီးကြည့်တော့ စစ်က ညာဖက်လက်သီးဆုပ်ကိုဖြည်ပြလိုက်စဉ်
"ဟင်...ဒါက..."
အဖြူရောင်အနားလေးတွေကပန်းခက်တွေလိုတွန့်တွန့်လေးတွေနဲ့ ဒီဇိုင်းဆန်းလှသောငွေလက်စွပ်တစ်ကွင်းကား စစ်လက်ပေါ်ဝယ်အခံ့သားရှိနေလေသည်။
"မကလေး အတွက်...အင်းထဲကဝယ်ခဲ့တာ"
"ဟယ်...မအတွက်မလိုပါဘူး...အဲ့လိုတန်ဖိုးကြ်ီးတာတွေ မ လက်မခံချင်ဘူး"
ငြင်းဆိုသော မအား ဘာမှမပြောတော့ပဲ ဘယ်လက်လက်ခလယ်မှာ စွပ်ပေးလိုက်တော့သည်။ ဒီလိုတေယ့လဲအံဝင်ဂွင်ကျဖြစ်နေတဲ့အပြင်မ လက်ကလေးနဲ့သိပ်ကိုလိုက်ဖက်နေတော့သည်။
"စစ်အပေါ်ကိုချစ်ပေးတဲ့မရဲ့အချစ်နဲ့စာရင်ဒီလက်စွပ်ကဘာတန်ဖိုးမှမရှိပါဘူး...မ..."
"ဒါဖြင့်စစ်အတွက်ကော"
"တကွင်းပဲဝယ်တာပါ...စေ့စပ်လက်စွပ်မှမဟုတ်တာ...ဒါက ချစ်သူအဖြစ်တရားဝင်ဆိုင်ပြီဖြစ်ကြောင်းအသိအမှတ်ပြုတဲ့လက်စွပ်ပါ...နှစ်ယောက်အတူဝတ်မယ့်လက်စွပ်ကငွေဝယ်စရာလား မရဲ့...ဘာပဲဖြစ်ဖြစ်စစ်တို့ ဘယ်တော့မှမခွဲကြတော့ဘူးနော်"
"စစ်ရယ်...မလေ..စစ်ကိုသိပ်ချစ်တာပဲကွယ်"
"စစ်လဲအများကြီးပိုချစ်ပါတယ်ရှင်"
"မကို မထားခဲ့နဲ့နော်.."
"စိတ်ချ...ဘယ်တော့မှမထားခဲ့ဘူး....စစ်အသက်ရှင်နေသ၍မ အနားပဲတွယ်ကပ်နေဦးမှာ"
"ကျန်းကျန်းမာမာနေပါ...စစ်ရယ်...နော်...စစ်ကိုအားဆေးတွေသွင်းနေတာမ ရင်ထဲခံစားရတာမကောင်းဘူး မမြင်ချင်ဘူး"
"ဟုတ်....မသာအနားရှိရင်စစ်ကအလုံးစူံကောင်းနေပြီးသား...ဒါကြောင့်မကပဲစစ်အနားကထွက်သွားဖို့ မကြိုးစားနဲ့.. ."
"မ စစ်ဘေးကထွက်သွားဖို့ဘယ်တော့မှမကြိုးစားတော့ပါဘူး အမြဲတမ်းစစ်အတွက်အသင့်ရှိနေမှာပါ"
"မှတ်ထားနော်...စစ်ရဲ့အသက်က မ ရှိခြင်းမရှိခြင်းနဲ့သက်ဆိုင်သွားပြီ မ ရှိရင်စစ်ရှိမယ်....မ မရှိရင်တော့စစ်လဲကောင်းကောင်းအသက်ရှင်နိုင်မှာမဟုတ်ဖူး"
အဲ့လောက်တောင်ပဲ ချစ်တတ်သလား ကလေးရယ်။
မ ချစ်တယ်ဆိုတာကလေးခြေဖဝါးအောက်ကမြေမှုံစာလောက်ပဲရှိပါသေးတယ်လို့ပြောတာအမှန်ပါကွယ်။
ခြေဖျားလေးထောက်ပြီး စစ်ကိုမမှိမကမ်းနဲ့လှမ်းနမ်းတော့မေးဖျားလေးနမ်းမိသွားသည်၊ အဲ့လို မမှီမကမ်းနဲ့နမ်းရတဲ့စစ်မေးဖျားလေးဟာလဲ ချစ်ဖို့ကောင်းတဲ့အနမ်းဧရိယာပါပဲ။ စစ်ဖက်ကတမင်တကာကြီးငုံ့ပြီးနမ်းရတဲ့သွေးရဲ့နဖူးပြင်ဟာလဲ ကြင်နာစရာနေရာလေးတစ်ခု။
နေ့တပိုင်းလုံးခြံမှာပျော်ပါးနေကြပြီး ပြန်မယ်လုပ်ကြတော့ နန်းကစဖောက်လာသည်။
"ဟင်....ဘယ်လိုလုပ်မလဲ..."
ဆိုင်ကယ်ဦးထုပ်ကိုသွေးအားဆောင်းပေးမည်လုပ်တော့နန်းဆီမှ အသံထွက်လာတာနဲ့ စစ်ကလှမ်းမေးလိုက်သည်၊
"ဘာဖြစ်လို့လဲ နန်း"
"ဆိုင်ကယ်ဘရိတ်မမိဘူးဖြစ်နေတယ်...ဘယ်လိုလုပ်ရမလဲ မသိဘူး"
"ဖယ်...ငါစမ်းကြည့်မယ်"
ဦးထုပ်ကို ဆိုင်ကယ်ပေါ်ပြန်တင်လိုက်ပြီး နန်းဆိုင်ကယ်ကိုတစ်ချက်စစ်ပေးနေလေသည်။ နန်းနဲ့ခမ်းအိမ့်က တစ်စီးစီးလာကြတာဆိုတော့ အခက်တွေ့နေကြပြီ။
"အန္တရာယ်များတယ်...နန်း...ငါ့ဆိုင်ကယ်မောင်းတတ်လား နင်"
စစ်စကားကြောင့်သွေးရဲ့ဆံပင်မွှေးတွေတောင်ထောင်တက်သွားရသလို နန်းကလဲမျက်လုံးပြူးသွားချေပြီ။
"မောင်းတတ်တယ်လေ...နန်းဆိုင်ကယ်မောင်းတာနဲ့တူတူပဲကို...ပြီးတော့ ကိုကိုလာတုန်းကလဲသူ့ဆိုင်ကယ်မောင်းဖူးတယ်...ဟီး"
"ဒါဆို နင်စီးသွားလိုက်...နင့်ဆိုင်ကယ်ကို ငါဖြေးဖြေးမောင်းလာခဲ့မယ်...ဒီမှာထားခဲ့လို့လဲမရဘူးဆိုတော့"
"ဟင်လူကသုံးယောက်လေ...မမစစ်ရဲ့...နန်းနှစ်ယောက်တင်ရမှာလား"
"အင်းလေ...ခွစီးရင်စီးလို့ရတယ်...ခမ်းနဲ့မကို နင်တင်သွားလိုက်...ဖြေးဖြေးမောင်း"
ဘရိတ်မမိတဲ့ဆိုင်ကယ်နဲ့ စစ်တစ်ယောက်တည်းစီးလာမည်ကိုသွေးနည်းနည်းလေးမှမကြိုက်တာကြောင့်
"စစ်...စစ်ပဲစစ်ဆိုင်ကယ်ကို နန်းနဲ့ခမ်းကိုတင်ပြီးမောင်းသွားလေ...နန်းဆိုင်ကယ်ကို မ စီးလာမယ်...မ ဆိုင်ကယ်လဲ တစ်ခါတလေဘရိတ်မမိဘူး...မပါပဲလဲစီးနေကျ..."
နန်းဆိုင်ကယ်ကိုတက်ခွပြီးပြောလိုက်သည်ကိုကျန်သုံးယောက်ကအံ့သြနေကြသည်။ တကယ်တမ်းမှာတော့သွေးသည်ရိုးရိုးဆိုင်ကယ်သာစီးတတ်ပြီး ကလစ်ဘီးကိုမမောင်းဖူးသေး။ ဘယ်နေရာဘရိတ်ရှိလို့ရှိမှန်းလည်းမသိ။
"မကလဲ...အန္တရာယ်များတယ်ဆိုနေမှ...ပြီး လမ်းကလဲ မ ကျွမ်းသေးတာမဟုတ်ဖူး..."
"ရပါတယ်မမောင်းနေကျပါဆို"
"လာလေ...မသွေး...မမစစ်ပဲထိန်းစီးလာပါစေနော်....နန်းမောင်းနိုင်တယ်လို့...လာပါ"
စစ်တစ်ခုခုဖြစ်မှာကိုသွေး အဖြစ်မခံနိုင်ပါ။ ထို့ကြောင့်
"အာ့ဆို စစ်နဲ့မ အတူတူစီးမယ်...နော်..စစ်ကိုလဲ မ စိတ်မချတာမို့လို့လေ...တစ်ခုခုဖြစ်မှာစိုးတယ်"
နောက်ဆုံးတဖွဖွတောင်းဆိုမှုကြောင့်စစ်မှာလက်မခံချင်ပဲလက်ခံရတော့သည်။ နန်းတို့ကလဲပြောမရသည့်အဆုံးရှေ့ကသွားနောက်ကဖြေးဖြေးလိုက်ခဲ့ပေးမယ်ဆိုပြီးနောက်ကလိုက်လာသည်။
သွေးကနောက်ကထိုင်ပြီးစစ်ကိုဦးထုပ်ဆောင်းပေးလိုက်လေသည်။
"မရယ်...မပဲဆောင်းပါ....လဲရင်နောက်လူကပိုနာတယ်"
"မနာပါဘူး...စစ်ကအမောင်းကျွမ်းတာပဲကို"
"လိုလိုမယ်မယ်ပေါ့...နန်းဆိုင်ကယ်ခုလိုကျဘရိတ်မိနေသားပဲကို....တချက်တချက်လွတ်နေတာပဲဖြစ်မယ်"
"အင်း မ စမ်းကြည့်တုန်းကလဲ မိနေတာပဲကို...ဖက်ထားမယ်နော်...ကျခဲ့ရင်မကောင်းဘူးလေ"
စစ်ဘာမှပြန်မပြောပဲ နှစ်နှစ်ကာကာပြုံးနေသည်။တောင်ကြီးအတက်မရောက်ခင်အထိတော့ဆိုင်ကယ်ကသဘောကောင်းနေသေးသည်။ စိမ်းစိုညိုမှောင်နေသော သစ်ပင်အုပ်ဆိုင်းဆိုင်းဖြင့်သာယာတဲ့လမ်းတစ်လျှောက်ကိုစစ်ခါးလေးဖက်ပြီး လိုက်ပါလာနေလေတော့သည်။ စစ်ကလဲဗိုက်ပေါ်ရောက်နေသောသွေးလက်တစ်ဖက်ကို ပြန်အုပ်ကိုင်ထားလိုက်သည်။
"ဟိတ်...မကိုင်နဲ့လေ...နှစ်ဖက်ကိုင်မောင်းပါ...တစ်ခုခုဖြစ်မယ်"
"ဖြစ်စရာလား...မကလဲ အတက်ကြီးကို...ဘရိတ်မလိုပါဘူး"
"ဒါမဲ့ သတိထားမောင်းလေတော်"
"စစ်ကျွမ်းတာကို မကမယုံလို့လား"
"ယုံပေမယ့်ကြောက်တယ်...ရှေ့ပဲကြည့်ပါ....ဘက်မှန်ကမ မျက်နှာပဲချိန်ပြီးအဲ့ကနေခိုးကြည့်နေတာမသိတာမှတ်လို့"
"မကလဲ...ကြည့်ရတာပေါ့လို့ အတူတူရှိတုန်းလေးသာယာရတာကို"
သတိထားပါလို့သွေးကစိတ်တထင့်ထင့်နဲ့သတိမပြတ်ပေးနေတာတောင်စစ်က လှည့်နမ်းသေးသည်။ကွေ့တွေမှာဆိုအသည်းတအေးအေးဖြစ်လို့။ မတော်တဆ တစ်ခုခု
"ဟာ....စစ်...ရှေ့မှာ....အင်ဂျင်ဝိုင်တွေလားမသိ...."
ရှေ့ကွေ့နားလေးမှာ ကားလမ်းတစ်ဖက်ခြမ်းအညိုရောင်အရည်များစိုရွှဲနေတာကဆိုင်ကယ်လမ်းတည့်တည့်မှာမို့သွေးအဝေးကနေ လှမ်းမြင်လိုက်ရစဉ်မှာပဲသွေးပျက်သွားတော့သည်။
"ဘရိတ်....မ...မမိတော့ဘူး....မ...သေချာကိုင်ထားနော်"
စစ်ကတော့ တတ်နိုင်သလောက်ဆိုင်ကယ်ကိုထိန်းနေရှာသည်။ ဆိုင်ကယ်ရှေ့ဘီးမှာ ဘရိတ်လဲမမိတော့ သွားမြဲသွားလျှက်ဖြစ်သလိုလီဗာမဆွဲတော့ပေမယ့်အင်ဂျင်ဝိုင်တွေမှောက်နေတဲ့အလယ်မှာ ဦးတည်ရာတွေပြောင်းပြန်ဖြစ်နေပြီ။သွေးမှာတော့ စစ် ခါးကို တင်းနေအောင်ဖက်ပြီး အထိတ်ထိတ်အလန့်လန့်နဲ့သွေးပျက်နေပြီ။ ထိုအခိုက်
"မမစစ်....မသွေး"
တီ...တီ....
အနောက်ဖက်ခပ်လှမ်းလှမ်းမှ စူးရှကျယ်လောင်သော နန်းနဲ့ခမ်းတို့၏ သံပြိုင်အော်လိုက်သံနဲ့အတူ ဆူညံလှစွာသော ဟွန်းသံဆက်တိုက်တီးကာမျက်စိရှေ့တိုးဝင်လာသောကုန်ကားတစ်စီး။
ဒုန်း....
ကျွီ...
အမလေး...မမစစ်....
လွှင့်ခနဲကိုယ်ကောစိတ်ပါဆိုင်ကယ်နဲ့ကင်းကွာသွားသလိုလေဟာနယ်ထဲမှာရောက်နေတာတောင်စစ်ခါးကိုဖက်လျက်သား။ သတိစိတ်တွေ အပြည့်နဲ့မြေပြင်သို့ ကျလာခိုက်အရှိန်ပြင်းပြင်းနဲ့ကျမယ့်ကတ္တရာလမ်းပေါ်သို့မရောက်မီ စစ်ခါးမှသွေးလက်ကိုလွှတ်လိုက်သည်။ ပြီးနောက်ခွပ်ခနဲ မြည်သံနှင့်တပြိူင်နက်နာကျင်မှုကိုဦးနှောက်ကချက်ချင်းခံစားသိရှိလာသည်။ ဆန့်ချလိုက်သော လက်မောင်းတဖက်ပေါ်သို့ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ စစ်ခေါင်းလေးပြုတ်ကျလာပြီးနောက်နောက်ဆုံးအသိစိတ်တို့မလွှင့်ခင်မှာပဲ
ပြုသမျှကူသိုလ်အပေါင်းတို့အား အမှီပြု၍ တပည့်တော်ချစ်ရသူစစ်တစ်ယောက်ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ပဲ အသက်ဘေးမှ လွတ်ကင်းရပါစေ....
...
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့