"အဖေသွေးကို ခုချိန်ထိ ကလေးလို့မြင်နေသေးတာလား...အဲ့လိုလဲမဟုတ်သေးပါဘူးဗျာ...ကလေးလိုမြင်ပြီး ကျွန်တော်နဲ့အပြိုင်ပိုက်ဆံရှာခိုင်းတာကတော့လွန်တယ်...ပိုက်ဆံရှာတာ လူကြီးအလုပ်ပါ"
ကိုဟိန်း ပြန်လာတော့အကြောင်းရင်းသိပြီးတာနဲ့ အဖေတော့ အပြောခံနေရပေပြီ။ အဖေက ကိုဟိန်းပြောလျှင်တော့ ဘာမှပြန်မပြော။သွေး အဖေရိုက်ပြီးတည်းက အိပ်ယာထဲလဲနေတာ သုံးရက်ရှိနေပြီ။ ထမင်းလဲ ဆင်းမစား။ လာကျွေးလဲမစား။
အမြဲကိုင်ကြည့်စိတ်ဖြေစရာဖုန်းလဲမရှိတော့ပြီ။ ပြီးတော့ လူအများဝိုင်းကြည့်နေကြတဲ့အလယ်မှာ မိန်းမပျိုလေးတန်မဲ့မညှာမတာ ရိုက်နှက်ခြင်းခံထားသောကြောင့်ရှက်ရွံ့၍လဲပါမည်။ အိမ်အပေါ်ထပ်အိပ်ခန်းထဲကနေကိုမထွက်ရဲတော့။
မနက်ကတော့ကိုဟိန်းပြန်မလာခင်အဖေဆေးဘူးလေးကိုင်ပြီး အခန်းဝလာထားထားသည်ပဲ။ သို့သော်ထွက်မယူ။သွေးခဲပြီးညိုမဲစွဲနေတဲ့ခြေသလုံးထက်က အရှိုးရာတွေကို စမ်းမိတိုင်းအပြင်ဒဏ်ရာထက်ရင်ထဲကပိုနာကျင်လေသည်။
"သွေးသာ အလုပ်လိုချင်ရင်တခြားမပြောနဲ့ဦး မြို့ထဲမှာပါအလုပ်ပေါမှပေါ....အဖေပဲဟိုဟာမလုပ်နဲ့သည်ဟာမလုပ်နဲ့....မိန်းကလေးဆိုတာ အိနြေ္ဒရှိရှိ ဆရာမလေးပဲဖြစ်ရမယ်လို့ ဘယ်သူမှမပြောထားဘူး....အခု ဆရာမအလုပ်တွေကတော်ရုံနဲ့တိုးမပေါက်ဘူးအဖေရဲ့...ဝွေးကလဲသူဝါသနာပါတာ အဲ့ကျောင်းမှာစာသင်ဖို့မဟုတ်ဖူး"
"ဘွဲ့ပဲရတော့မယ်...ငါတို့နေပူထဲကအလုပ်သူပြန်လုပ်နေတော့နောက်ကလေးတွေကိုပညာတတ်ဖြစ်အောင်ကြိုးစား...ပညာတတ်ရင်နေပူထဲလုပ်နေစရာမလိုဘူးဆိုပြီးငါတို့ပြောပြနေတာနဲ့ နင့်ညီမလုပ်နေတာနဲ့ ကိုက်ညီရဲ့လား"
"အဖေရာ ပညာတတ်ဘွဲ့ရတိုင်းဝန်ထမ်းလုပ်ရမယ်လို့မရှိပါဘူးဗျာ ကိုယ်ဝါသနာပါတာလေးလုပ်ပြီးအောက်မြင်တိုးတက်နေသူတွေမှတပုံကြီး အခုအိမ်မှာသွေးမရှိရင်ဖြစ်လို့လား အဖေအမေ့ကို ထမင်းကူချက်ဖူးလားသွေးအဖေ့ကြောင့်အိပ်ယာထဲလဲနေတော့ရော...ပန်းပို့တာဘယ်သူပို့လဲ...အမေ ညနက်ထိမနေမနားပန်းစည်းရတာကောအဖေဝိုင်းကူလို့လား....သွေးအိမ်မှာရှိနေသေးတာအနည်းဆုံးတော့အမေသက်သာတာပေါ့အဖေရယ်"
"အေး မင်းတို့က ငါ့ကိုဆိုအမြဲအပြစ်ပဲပြောကြတယ်ငါ့ကိုအဖေလို့သဘောမထားကြသေးဘူး...မနီ မင်းကလေးတွေသေချာဆုံးမထား"
လက်ထဲက သတင်းစာကိုဗုန်းခနဲပစ်ပေါက်ရင်း အဖေထထွက်သွားလေသည်။ ကိုဟိန်းက မီးဖိုထဲမှအမေ့အား
"အဖေကပြောရင်လဲမကြိုက်ဘူး အဖေမှားနေလို့အမှန်ပြောပြနေတာကို....အမြဲတယူသန်ပဲ"
"နင်တို့ကြောင့်ငါစိတ်ဆင်းရဲပါတယ်အေ"
အမေ့လက်သုံးစကားကတော့အမြဲအဲ့ဒါပါပဲ။ အဖေကတော့သွားပြီ။ အရက်ဆိုင်မှာတဝသောက်ပြီးညကျပြန်ရန်ရှာဥိးမှာပင်။
"သွေး ကိုဟိန်းဝင်ခဲ့မယ်"
ထရံပေါက်က အပြင်ဖက်ချောင်းကြည့်နေသောသွေး ကိုဟိန်းဝင်လာတာကြောင့်ကမန်းကတန်းထထိုင်လိုက်ရသာ်။ ကိုဟိန်းကသွေးခြေရင်းလေးထိုင်ရင်း
"ပြဦး ဒဏ်ရာ ငြိမ်းပြောတာတော့တော်တော်များတယ်တဲ့"
ခြေသလုံးမှာမို့စောင်ထဲကထွက်ကာ ထမီလေးအသာပင့်ပြီးပြလိုက်သည်။ အရှိုးရာတွေထပ်ပြိ်းညိုမဲစွဲနေသော ဒဏ်ရာတွေမြင်တော့ ကိုဟိန်းမျက်နှာပျက်လှစွာပင်
"ကြည့်စမ်း တကယ်အများကြီးပဲ အဖေကွာ...လုပ်ရက်တယ်..ငါမရှိလို့ပေါ့"
"သွေးအမှားပါ ကိုဟိန်းရာ....အဖေ့ချည်းအပြစ်တင်မနေနဲ့"
"ထမီပင့်ထားဦးဆေးမလိမ်းပဲပျောက်ပါ့မလား..နင်လဲတော်တော်အနစ်နာခံသိလား....ငြိမ်းပြောလို့ငါအကုန်သိပြီးပြီ"
"ငြိမ်းဆို ပိုဆိုးမှာပေါ့ဟာ..."
"ငါရှိရင်အဖေခုလောက်ထိမလုပ်ရဲပါဘူး "
ဆေးလေး အနာပေါ်တယုတယလိမ်းပေးရင်း ကိုဟိန်းဆိုသည်။ သူ့ဟာသူဘယ်လောက်ပဲရှုပ်ရှုပ်ပွေပွေ ဒီမိသားစုလေးအပေါ်တော့ကြင်နာရှာသား။
ဆေးလိမ်းပြီးအခန်းထဲမှထွက်မည်အပြု တစ်ခုခုသတ်ရလာဟန်ဖြင်ပြန်လှည့်ထိုင်လာကာ ပုဆိုးစကြားခါးထိုးထားတဲ့ဖုန်းကိုသွေးဘေး၌ချပေးရင်း
"လိုရင်ငါ့ဖုန်းသုံးလို့ရတယ်"
"ဟာသွေးမှာဘာအရေးကြီးကိစ္စမှမရှိပါဘူး ကိုဟိန်းပဲသုံးပါ ပြန်ယူသွား"
သွေးလိုက်ပေးသောဖုန်းကိုမယူပဲအောက်ထပ်ဆင်းသွားလေပြီ။
"ငါ တပတ်လောက်ရုံးမှာညဂျူ တီသွားအိပ်မလို့..အဲ့အတွက်အသုံးမလိုဘူး...နင်ယူထား..တခုခုဆိုရုံးဖုန်းနဲ့သုံးလိူ့ရတယ်"
အောက်ထပ်တွင်အိတ်တစ်ခုထဲအဝတ်အချို့နဲ့စောင်တစ်ထည်ထည့်နေသော ကိုဟိန်းအား မီးဖိုထဲမှဒေါ်နီဟင်းချကိရင်းမြင်လိုက်သဖြင့်အပြင်ထွက်လာကာ
"သား ဘယ်သွားမလို့လဲ "
"ဂျူ တီလေ အမေ"
"ခါတိုင်းအဝတ်တွေမှမပါတာ တစ်ညနှစ်ညပဲကို"
"အလှည့်ကျစောင့်ရတဲ့ ကျွန်တော့်သူငယ်ချင်းက ခွင့်ယူထားလိူ့အမေ....ကျွန်တော်အစားစောင့်ပေးရမှာ"
"မသိပါဘူး နင့်အဖေနဲ့စိတ်ဆိုးလို့များလားလို"
"မဟုတ်ပါဘူးဗျာ တခုတော့ကောင်းသား...ညကျအဖေရန်ရှာဦးမှာ...လွတ်တာပေါ့ဗျာ သွားတော့မယ်"
ဆိုင်ကယ်မပါပဲအိတ်ကြီးလွယ်လို့သွားဟန်ပြင်တော့
"ဟဲ့..ဆိုင်ကယ်ယူမသွားဘူးလား"
"မယူဘူး အမေ...သူငယ်ချင်းလမ်းထိပ်မှာစောင့်နေမှာ"
"ဪ..ထမင်းလဲအချိန်မှန်စားဦးနော်...ညနက်ထိလဲမနေနဲ့"
"မပူပါနဲ့အမေရာ သွားပြီ"
နောက်လှည့်မကြည့်ပဲထွက်သွားတဲ့ ကိုဟိန်းနောက်ကွယ်မှာတော့ဒေါ်နီကလက်ကလေးတပြပြနဲ့ ကျန်ရစ်လေတော့သည်။ အရက်သမား စိတ်တိုတတ်သူကို လက်ထပ်ယူထားပြီးသားသမီးမျက်နှာနဲ့မကွဲကွာရက်လေတော့ ဝဋ်ကြွေးရှိသမျှတော့ ခံပေဦးတော့လေ။
ကိုဟိန်းက ဖုန်းလေးပေးတုန်းကတော့ အမှန်တကယ်လက်မခံချင်ခဲ့ပေမယ့်အခုတော့ လိုင်းပေါ်ပင်ရောက်နေပြီ။ တစ်ချို့သူငယ်ချင်းတွေကို ဖုန်းပျောက်သွားကြောင်းပြောထားလိုက်သည်။
မနေ့ကတည်းက လိုင်းပေါ်တက်မလာတဲ့သွေးရဲ့ရင်းနှီးဆုံးကောင်မလေးကတော့ စာတိုသုံးကြောင်းလောက်သာ ပိူ့ထားဖော်ရသည်။
မ
ဒီနေ့လဲလိုင်းမတက်
ဖုန်းလဲဆက်မရ ဘာတွေဖြစ်နေတုန်း
စာကလေးသုံးကြောင်းတောင်မှတရက်စီပို့ထားတာ။ ကျန်တဲ့ရက်တွေမပို့။ သူ့အကောင့်ဝေါလ်ထဲဝင်ကြည့်လဲဘာမှမတင်ထား။
ထူးထူးခြားခြား နံပတ်ကလေးမှတ်မိနေ၍ ဖုန်းခေါ်လိုက်မိသည်။
နံပတ်စိမ်းနေ၍လားမသိ။တစ်ခါခေါ်၍ဝင်နေသော်လဲမကိုင်။ ပုံမှန်ဆိုသွေးကတစ်ခါခေါ်မကိုင်တာနဲ့ချလိုကိပြီ။ ဆက်မခေါ်တော့။ ခုတော့ဖြင့်စစ်ကိုစကားပြောချင်စိတ်ကြောင့်ထပ်ခေါ်လိုက်ပြန်သည်။
ဟိုးကတည်းက မင်းရှိတယ်...ဒီရင်ဘတ်ဘယ်ဖက်တစ်ခြမ်းမှာနေရာယူ..
ဒီသီချင်းလေးတောင်စစ်ပို့ပေးလို့ နားထောင်ရင်းသွေးတောင်အလွတ်ရနေပါပြီ။
"ဟလို.."
ဟော...မြူးကြွသွက်လက်နေတဲ့အသံလေး။ ကြားရတာနဲ့တင်သွေးကိုပါလန်းဆန်းသွားစေပြီ။
"စစ်လား..သွေးပါ"
"ဟယ်...မလား...မ ဘယ်ပျောက်နေတာလဲ စစ်အဲ့လောက်ဖုန်းခေါ်နေတာ ကိုင်လဲမကိုင်...ပြီးစက်လဲပိတ်သွားသေး...လိုင်းတက်လဲမတွေ့...စစ်ကိုများဘလော့သွားတာလားလိူ့"
သွေးတောင်ဘာမှမပြောရသေး။ သူချည်းတန်းစီလို့ပြောထွက်နေတာပဲ။ စာဖြင့်သုံးကြောင်းအပြင်ပိုမပို့ထားသကများ။
"ဖုန်းပျောက်သွားလို့ပါ စစ်ရဲ့"
"ဟင်...ဟုတ်လား ကြာပြီလားမ ဘယ်လိုပျောက်တာလဲ"
"မောင်လေးလေ..စာမေးပွဲပြီးလို့ဘုရားထွက်တာနဲ့ဖုန်းထည့်ပေးလိုက်တာပျောက်သွားတယ်တဲ့ အဖေဆူမှာစိုးတာနဲ့ မကြောင့်လို့ပြောလိုက်တော့အဖေရိုက်တာတောင်ခံရသေး"
"ဟားဟား..မ အရွယ်က ရိုက်ခံရတုန်းလား"
ရယ်မောသ့်လေးနဲ့စစ်ကမေးတော့သွေးမှာမချိပြုံးလေးပြုံးဖြစ်သည်။ စစ်ကတော့ ကလေးရိုက်သလိုမျိုးပဲထင်မှတ်ကာပေါ့ပေါ့မေးခြင်းဖြစ်ပေမည်။
"ရိုက်တာပေါ့ စစ်ရ"
"နာနေလားဟင်...မ...အဖေကလဲနော်မကကြီးနေပြီကို....ရိုက်စရာလိုတာလဲမဟုတ်ပဲ"
ဘယ်လိုနေရာမျိုးမှာရိုက်လဲဆိုတာသိရင်စစ်တော့စိတ်မကောင်းဖြစ်ပေလိမ့်မည်။
"မနာပါဘူးတော်..လိုင်းလဲမတက်ဘာတွေအလုပ်ရှုပ်"
"စစ်မနေ့ကရေချိုးမှားလို့ မရဲ့..ဖျားနေတာ"
"အယ်...ဖြစ်ရလေဆေးကောသောက်ထားလား ခုသက်သာလား"
"ဆေးသွင်းထားတယ်မ...ခုတောင်အပ်တန်းလန်းနဲ့...မ ဖုန်းပြောတာမို့ရတာ..လိုင်းပေါ်ဆိုစာရိုက်အဆင်မပြေဘူး"
"ဟင်..ဆေးပါသွင်းရတာလား...ဆေးသောက်ရုံမရလား"
"စစ်ကဆေးသောက်ပျင်းတယ်မ...အစားလဲမမှန်တော့ဆေးသောက်ချိန်လဲ အဆင်မပြေဘူး ဒါကြောင့်အမြန်ပျောက်မယ့်ဆေးထိုးတာပဲခံတာ"
"မတော့အသားနာတာကြောက်တယ်"
"နေကောင်းအောင်နေပေ.့မရ ဖြစ်လာမှတော့အမြန်ပျောက်အောင်ကုရမှာ ဘယ်သူမှဝေဒနာကိုအကြာကြီူမခံစားနိုင်ဘူး ဒါနဲ့ခုမက ဘယ်သူ့ဖုန်း"
'အကို့ဖုန်းနဲ့ပြောနေတာ...လိုရင်ဒီဖုန်းခေါ်လို့ရတယ်"
"ဟုတ်ကဲ့ ခဏလေး မ စစ်ပြန်ခေါ်မယ်နော်...ဆေးကုန်နေပြီမို့ဆရာမခေါ်လိုက်ဦးမယ်"
"ဟုတ်ပီ ဂရုစိုက်"
စစ်ဖက်ကအရင်ချသွားလေပြီမို့သွေးလဲ လိုင်းပိတ်လိုက်ကာ ပြန်အိပ်နေလိုက်ပါတော့သည်။
....
"နန်းနန်း....ဟဲ့ နန်းနန်း"
ဆိုင်အတွင်းက မမကြီးထွက်သွားပြီဆိုတာနဲ့ဆေးစင်နားမှာရစ်သီနေတဲ့နန်းနန်းကို ခပ်ကြိတ်ကြိတ်ခေါ်လိုက်လေသည်။
"ဟင်...ဘာလဲမမစစ်"
"လာဦး"
အမယ်...မသိရင်စစ်ပဲအတင်းမရမကခေါ်နသလိုပဲ။သူကမလာချင်လာချင်နဲ့။ သူပဲစိတ်ဝင်စားအောင်ာအစပျိုးထားပြီးတော့ ဘာမှပြောလာခြင်းမရှိ၍ စစ်က စမေးရမည့်ကိန်းလေ။
"ဘာခိုင်းမလို့လဲ"
ကြည့်...တမင်သိရက်နဲ့မေးနေပြန်သည်။ စစ်က ခဏကအလောတကြိ်းဖြစ်နေဟန်မျက်နှာကိုပြင်ကာ ခပ်တည်တည်ပုံစံဖြင့်
"နင်မူဆယ်ကို သွားမှာက ဘာကိစ္စလဲ"
"အ...မမစစ်ကလဲ နန်းပြောပြီးသားလေ...အလည်ပါဆို"
"အဲ့မှာဘယ်သူရှိလို့လဲ ငါတို့အမျိုးမရှိပါဘူး"
"ဟင်...ရှိတာပေါ့..အဖေ့ဖက်ကအမျိုးတွေအဲ့မှာရှိတယ်"
"ခုက ဘယ်သူနဲ့သွားမလို့လဲ"
"ဘယ်သူနဲ့သွားရမလဲလာမေးနေတယ်မမစစ်ကမလိုက်ဖူးလား....မမစစ်နဲ့မှအိမ်ကလွှတ်မှာလေ"
"သေချာပြော ...နင်အမျိုးတွေဆီတော့တမင်လည်ချင်ရုံတော့ဟုတ်မယ်မထင်ဘူး"
"သိပ်သေချာတာပေါ့...အမျိုးတွေဆီပဲမဟုတ်ဖူး....ဒီတောင်ကြီးမှာကျောင်းလာတက်တဲ့မူဆယ်သားဘဲကြီးရှိလို့ သွားတွေ့မလို့ပါပဲ။ "
ကြည့်စမ်း။ ဧကန္တတော့ နန်းနန်းစစ်တို့ထက်သာနေသကိုး။ သူ့ရည်းစားနဲ့သွားတွေ့ဖို့အရေး စစ်တို့အခါတော်ပေးရမည်တဲ့။
"အဲ့လိုပွင့်ပွင့်လင်းလင်းနင့်အမေဆီသွားပြောပြလေ..ကံကောင်းရင်တစ်ခါတည်းကိုပေးစားပစ်မှာ"
"ဟာနော်...ချောက်တွန်းနေတယ်...နန်းကငယ်ငယ်လေးရှိသေးတာ ယူသေးပါဘူး"
"အဲ့ကောင်နဲ့နင်ကယူဖို့ထိမတွေးထားဘူးလား"
"ဘာတွေလာပြောနေတာလဲ ရည်းစားပဲထားမှာ...ယောက်ျားမယူဘူး...ပြီးတော့မမစစ်လိုယောက်ျားလျာကိုလဲမကြိုက်ဘူး"
တမင်အကျင့်ယုတ်ပြီး စစ်နားနားကပ်၍ပြောပျြိးလှစ်ခနဲပြေးထွက်တော့
-ကောင်မစုတ်..."
ပျစ်ပျစ်နှစ်နှစ်ဆဲလိုက်မိပြီးနန်းနန်းပိုမမှီ့တမှီကန်လိုက်တော့ စားပွဲစွန်းမှာတင်ထားတဲ့ မမကြီး၏ရေနွေးထည့်ထားသောဖန်ခွက်ကျကွဲသွားလေတော့သည်။
ခြမ်း....
"ဟဲ့...ဟဲ့....ဘာတွေဖြစ်နေတာလဲ"
အနောက်ပေါက်မှ ကမန်းကတန်းထွက်ပြေးခဲ့သော နန်းနန်းကိုတစ်လှည့်ဖန်ခွက်အကွဲအစလေးတွေနားမှာရပ်နေတဲ့ စစ်ကိုတစ်လှည့်နဲ့ ခုမှဆိုင်ထဲဝင်လာတဲ့မမကြီးက ကြည့်ပြီးအံ့သြမှင်သက်နေလေသည်။
"ဖန်ခွက်ကျကွဲသွားတာ"
"ဘယ်သူလုပ်တာလဲ နန်းနန်းလား"
"မဟုတ်ပါဘူး နန်းက စစ်ကို လာစလို့နောက်ကနေကန်လိုက်တာ သူ့မမိပဲမကြီးခွက်မိသွားတာ"
"လုပ်ကြ လုပ်ကြ....နင်တို့တွေ အားအားရှိ အသက်မှအားမနာဆော့ကစားနေတယ်ဆိုင်ရှေ့လူလာလားမလာလားလဲမသိ ငါတော့ဦးနှောက်ခြောက်ပါတယ်ဟယ်"
ဟူး...တော်သေးတာပေါ့...မဆူလို့....
ဘယ်ဆူပါ့မလဲ...စစ်ကခုမှနေကောင်းကာစကိုးလေ။
"စစ်စစ်....ငါ့ကိုဘေလ်ငါးထောင်လောက်ထည့်ပေးဦး"
"အကြွေးလား မကြိး"
မကြီးတို့များဘေလ်ထည့်ခိုင်းပြီဆိုမေ့သလိုလိုဘာလိုလိုနဲ့ဘယ်တော့မှပိုက်ဆံမပေး။ ထို့ကြောင့်ခုနောက်ပိုင်းတော့ စစ်လည်သလိုကြည့်လုပ်မှရမည်လေ။
"နင်ကလဲ ငါမပေးမှာသိပ်ကြောက်...မှတ်ထားလိုက်..."
"ဟင့်အင်းချက်ချင်းမှ....ညနေ စစ်ဈေးထဲမှာ လိုချင်တာလေးရှိလို့သွားဝယ်မလို့"
"ဘာလိုလို့လဲ နန်းနန်းပြောတာ နင်ဖုန်းလဲမယ်လို့ပြောနေတာဆို"
"ဟုတ်တယ်....ဘေလ်ရောင်းတာတစ်လုံး သုံးတာတစ်လုံးဆိုကောင်းမလားလို့ပါ"
"တစ်လုံးဆိုတော်ရော့ပေါ့ဟဲ့ ပြီးတော့ နင့်ဟာလဲအကောင်းရှိသေးတာ"
မကြီးတို့များ ကပ်စေးနဲချက်။ သူကျတော့ သူတို့လင်မယားကတစ်ယောက်တစ်လုံး သူ့သားအကြိ်းကောင်တစ်လုံးနဲ့ ဝယ်သုံးနေကြသေးတာ။ စစ်ရဲ့ဖုန်းက သုံးနေတာဖြင့်လေးနှစ်ကျော်လာပြီ ခုထိမလဲရသေး။ အမှန်ကတော့စစ်မှာလဲပိုက်ဆံရှိရက်နဲ့မလဲရက်သေးတာပင်။
"ရပါတယ်စစ်ကိုယ့်ဟာကိုယ်ဝယ်မှာပါ...မကြီးဆီကမတောင်းပါဘူး"
"စုထားပါဦး...နင့်ရှေ့ရေးကရှိသေးတယ်...လူကလဲအရမ်းကျန်းမာတာဆိုတော့ပိုက်ဆံကအမြဲလက်ထဲရှိနေမှရတာ"
"ဒါဖြင့်မကြီးဝယ်ပေးမှာလား"
ဆံပင်ဖြောင့်ရင်းအလုပ်ရှုပ်နေတဲ့မကြီးရဲ့ခါးကိုနောက်ကဖက်ပြီး ကလေးတယောက်လိုချွဲကာမေးတော့
"အမေနဲ့တိုင်ပင်ကြည့်ဦးမယ်...သွား...ဈေးသည်လာနေပြီ ဟင်းစားဖို့သွားကြည့်"
"ဟင့်...အမေရှိသား"
"အမေမရှိပါဘူး...သွားပါဆို..."
မထင်မှတ်ပါပဲ ဖုန်းအသစ်ရတော့မည်။ စစ်စိတ်ကူးထဲကအတိုင်းတွေးရုံနဲ့ဖြစ်လာပြီမို့ကြိတ်ပြီးဝမ်းသာရလေသည်။
.....
မကြီးပေးလိုက်သော ပိုက်ဆံအပြင်စစ်စုဗူးထဲမထည့်ပဲဖုန်းဘေလ်ရောင်းရသော ပိုက်ဆံများကိုပါ စုထားသမျှ ယူလာလိုက်သည်။ ဖုန်းဆိုင်မှာဖုန်းတွေလဲ အရောင်စုံ အသွေးစုံ အမျိုးအစားလဲစုံ။ ဘာကိုင်လို့ကိုင်ရမည်မှန်းမသိ။နောက်ဆုံးပေါ်ဈေးကြီးတန်ဖုန်းတွေလဲ ဝယ်မကိုင်ချင်။ မတော်တဆကျပျောက်တာဖြစ်ဖြစ်...ပျက်စီးသွားရင်ဖြစ်ဖြစ်ဈေးကြီးတန်လေးမို့နှမြောတသမဆုံးနိုင်ဖြစ်ရချေမည်။ ထို့ကြောင့်အလယ်အလတ်နဲ့ လူကြားထဲလဲကိုင်လို့ကောင်းမယ့်ဖုန်းအသစ်စက်စက်နှစ်လုံးကို တမျိုးတည်း တပုံစံတည်း ဝယ်ယူလိုက်သည်။
"ဟော...စစ်...ဘာလာဝယ်တာလဲ"
ဖုန်းထည့်ထားသော ဘူးကို တယုတယဖြင့်ကျောပိုးအိတ်ထဲထည့်နေစဉ်နောက်ကျောဖက်အားပုတ်၍ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့
"ဟင်...မိုး...ဘယ်ကနေ ဘယ်လိုလုပ်ရောက်လာတုန်း"
ကြံကြံဖန်ဖန်ဆုံတတ်ပလေတယ်။ ရွန်းလဲ့လဲ့အပြုံးတစ်ခုကိုဆင်မြန်းလို့ စစ်နဲ့မျက်နှာချင်းဆိုင်မှာလာရပ်နေသည်။
"ဒီနားကဖြတ်သွားရင်း စစ်ကိုတွေ့လိုက်သလိုမို့သေချာအောင်ဝင်လာကြည့်တာ တကယ်ပဲ စစ်ဖြစ်နေတယ်လေ "
"ဪ...ဒါဖြင့်တကူးတကကြီးဝင်နှုတ်ဆက်တာဆိုတော့ တစ်ခုခုလောက်နဲ့ဧည့်ခံသင့်တာပေါ့ ဟိုဖက်နားလေးမှာ စားလို့ကောင်းတဲ့ မာလာရှမ်းကော ဆိုင်ရှိတယ်"
"စစ်ကျွေးမလို့လား"
"ကျွေးမလို့ပဲဖိတ်တာပါရှင်လာ သွားရအောင်"
ဖုန်းဆိုင်ထဲကနေ မိုးရည်ချိုကို အမြန်ခေါက်ထုတ်ရခြင်းမှာ စစ်ဝယ်ယူထားသောဖုန်းနှစ်လုံးအကြောင်းကို မသိစေချင်၍ဖြစ်သည်။ မဟုတ်လိူ့ရှိရင်မိုးသိသွားခဲ့ရင်ဟိုကောင်ခမ်းအိမ့်က အစအဆုံးစုံထောက်လုပ်တော့မှာမို့လို့ပင်။
ဆိုင်အပြင်အဆင်လေးကရိုးရှင်းပြီးခေတ်မှီလှပသောကြောင့်လူတွေပြည့်သလောက်ဖြစ်နေလေသည်။
"လာ ထိုင်မိုး ဒီမှာက စစ်အားရင်လာစားနေကြ"
"ဟုတ်လား...မိုးတော့ အိမ့်နဲ့ကလွဲရင်ဘယ်ဖက်မှတော့စိပ်မရောက်ဖူးဘူး"
"အိမ့်နဲ့ကလွဲရင်ဆိုတော့ ဘယ်မှမရောက်ဖူးဘူးဆိုတာတော့ သိပ်မယုံရဘူး ဘာလို့ဆိုအိမ့်ကခြေထောက်မှာေဗွပါတယ်လေ"
"ဟင်းဟင်း ဟုတ်သားပဲ စစ်နဲ့အိမ့်ကအကြောင်းသိတွေကိုး..."
မှာထားသောစားစရာရောက်မလာသေးခင်စကားတွေကထွေရာလေးပါးနဲ့ဟိုရောက်သည်ရောက်။
"ဒါနဲ့ စစ်ဖုန်းဘေလ်လာဝယ်နေတာလား"
"အာ..မဟုတ်ပါဘူးဘေလ်က ရုံးကနေ လှမ်းဖြည့်ရင်ဖြည့်မဟုတ်ရင်ကိုယ်တိုင်သွားတာပါ ဆိုင်မှာမဖြည့်ပါဘူး ခုက ဖုန်းလာဝယ်တာ"
"ဟင်စစ်ကိုင်တဲ့ဖုန်းကကော"
"ဟန်းနေပြီလေ ဂိမ်းတောင်ဆော့လို့မရတော့ဘူး ဒီရက်ပိုင်းအိမ့်နဲ့တွေ့သေးလား"
"မိုးက မန်းလေးဖက်သွားနေတာ မနေ့ကမှပြန်ရောက်တာ မတွေ့ဖြစ်ဘူး"
"ဪ"
စားစရာလာချတော့စားရင်းသောက်ရင်းနဲ့ အချိန်အတော်ကြာသွားသည်။ မိုးနှင့်ကလဲစကားပြောကောင်းနေသဖြင့်တော်တော်နဲ့ မထဖြစ်ကြ။နောက်ဆုံး စစ်ဖုန်းလာတော့မှ နှုတ်ဆက်ကာထပြန်သွားတော့သည်။
"ဟလို..မ"
"ဘယ်ရောက်နေတုန်း စစ်အသံတွေကြားနေရတယ်"
"စစ်ဆိုင်မှာ မရဲ့...မာလာရှမ်းကော စားနေတာ မကော"
"ဝက်သားလှီးနေတာ"
မနဲ့စစ်က ရှမ်းပြည်တစ်ခုတည်းမှာနေပြီးတောင်နဲ့မြောက်ကွာခြား၍လားမသိ။ မ သုံးနှုံးသောစကားအချို့ကို စစ်နားမလည်။
"ဝက်သားဘာလုပ်နေတာ မ"
"လှီးနေတာလို့ချက်မလို့"
"ဟားဟား...လှီးနေတာပြောရလား ခုတ်နေတာပြောပါ မရာ"
"အသာလေးလှီးတာကိုး တဒုန်းဒုန်း နဲ့ခုတ်တာမှမဟုတ်"
"ဟုတ်ပါပြီ မ ဆီ စစ်လာရင်ဘယ်ကားစီးရမလဲ"
"သီပေါတောင်ကြီးတော့သပ်သပ်မရှိဘူးထင်တယ်လာရင်လားရှိုးမူဆယ်ကားပဲတောင်ကြီးနဲ့တိုက်ရိုက်ရှိလောက်မယ်မလဲ သိပ်မသိဘူးလေ "
"ဟုတ်လား...သီပေါကိုဖြတ်တော့ အဲ့မှာဆင်းဖို့ရပ်
ပေးတယ်ပေါ့ "
"အင်းပ မ လဲ မြို့ထဲဆိုပန်းဆိုင်လောက်ပဲသိတော့သိပ်မကျွမ်းဘူးရယ်"
"ဒါဆို မကိုစစ်က ဘယ်နေရာမှာလာတွေ့ဆိုရင်မကလာတတ်လား"
"ဟာ တတ်တာပေါ့ စစ်ရဲ့"
"ဟုတ်ပါပြီ..ဒီရက်ပိုင်းအကို့ဖုန်းကိုမပဲကိုင်ထားဦးနော်စစ်မ ဆီလာရင်ခေါ်မလို့"
'တကယ်လာမလို့လား"
"အင်းပ လာတော့လာမှာ စစ်ဖုန်းဆက်ရင်တော့ကိုင်နော်"
"ဟုတ်ပါပြီ ကိုင်ပါ့မယ်ဒါပဲနော်စစ်မ ဟင်းချက်လိုက်ဦးမယ်"
"ဟုတ်ကဲ့မ"
ပိုက်ဆံရှင်းပြီး ဆိုင်ကယ်ရှိရာ လမ်းဖက်ပြန်လျှောက်လာချိန်မိုးရည်ချိုအားတွေ့မိဦးမလားရှာကြည့်ပေမယ့်မတွေ့တော့။ ထို့ကြောင့်ဆိုင်ကယ်ထုတ်ပြီးကားဂိတ်ဖက်သို့ဦးတည်လိုက်ပါလေတော့သည်။
....
ရိုက်လိုက်ပြီးတည်းကသွေး နဲ့အဖေ စကားသိပ်မပြောဖြစ်ကြတော့။ အကိုလဲ ဂျူတီတပတ်ဆိုပြီး တပတ်ကျော်တာတောင်အိမ်လဲပြန်မလာ။
ခြံထဲမှ လိမ္မော်သီးအကြွင်းအကျန်များကိုတောင်းတစ်လုံး တံချူ တစ်ခုဖြင့်လိုက်ခူးဆွတ်နေသည့်သွေး။
လိမ္မော်ပင်တွေက တအားကြီးလာတော့ဆေးဖြန်းလို့မနိုင်တော့သဖြင့်အပွင့်ပွင့်စဉ်ကတည်းက ပုံမလာပန်းမလာ။ဟော အခုအသီးဖြစ်လာတော့လဲဈေးကွက်ဝင်လောက်အောင်လဲမလှမပ။ဆေးမကူသဖြင့်အသီးအရသာကတော့ပြောစရာမရှိအောင်ကိုချိုနေတော့တာပါပဲ။
"ဟေး..မသွေး"
သီချင်းကလေးညည်းဆိုရင်း အသီးဆွတ်ချူနေစဉ်အိမ်အပေါ်ထပ်မှဋ္ဌေးခေါ်သံကြောင့်
"ဘာလဲဋ္ဌေး"
"ဖုန့းလာနေလို့"
"ဘယ်သူတဲ့လဲ...ကိုင်ထားလိုက်လေ "
"ကားဂိတ်ကနေဆက်တာတဲ့ကိုင်ထားတယ်လာပြောဦး"
ကားဂိတ်ကဆိုတော့စစ်များရောက်နေသလား...အရင်နေ့ကပြောနေတာကစတယ်မှတ်နေတာကို။
"ယူဆင်းလာ"
ပါးစပ်ကလဲပြောရင်းခြေလှမ်းတွေကအိမ်ဖက်စို့သုတ်ခြေတင်လျက်သားဖြစ်နေပြီ။ လမ်းတစ်ဝက်တွင်မတော့ဋ္ဌေးလာပေးတဲ့ဖုန့းကိုယူပြီး
"ဟလိုသွေးပါရှင်"
"ဟုတ်ကဲ့ ကျွန်တော်ရွှေတောင်ကြီး ကားမောင်းသူပါဗျ"
"ဪ ဟုတ်ကဲ့ ဘာကိစ္စများရှိလို့ပါသလဲရှင်"
"တောင်ကြီးက ပါဆယ်ထုတ်တစ်ထုတ်ထည့်ပေးလိုက်လို့ပါ....ပါဆယ်ထုတ်စာရင်းထဲမှာ သီပေါမှာချထားဖို့ရေးထားပြီး ဒီဖုန်းနံပါတ်နဲ့သွေးဆိုပြီးရေးထားလို့ အဲ့ဒါပါဆယ်ကို မိန်းလမ်းဘေးကလမင်းလဘက်ရည်ဆိုင်မှာ ထားပေးခဲ့တယ်လို့လာပြောပေးတာပါခင်ဗျ"
"ဟုတ်...ဟုတ်ကဲ့ရှင့်"
"ဒါဆိုဒီနေ့ပဲသွားယူထားလိုက်တော့နော်ကျွန်တော်ဖုန်းချပြီ"
တစ်ဖက်ကဖုန့းချပေမယ့်သွေးမှာထို့လူ့စကားတွေကို အခုထိနားမလည်လိုက်ပေ။တောင်ကြီးကပါဆယ်ထည့်လိုက်လို့တဲ့။ ငါ ဘာမှလဲမမှာရပါလား။ ဒုက္ခပဲ....တောင်ကြိးကဆိုတော့ စစ်များတစ်ခုခုပို့လိုက်တာလား...
စစ်ဖုန်းနံပါတ်ကိုဆက်ကြည့်သော်လဲ မကိုင်သဖြင့်သွေးမှာ သွားပဲယူရမလို ဒီတိုင်းပဲနေရမလိုနဲ့ အကြပ်ရိုက်နေတော့သည်။နောက်ဆုံးကျတော့မှ ဘာပဲဖြစ်ဖြစ်သွားတော့မေးကြာ့်ဦးမယ်ဟုဆုံးဖြတ်ကာ ဆိုင်ကယ်မောင်းပြီးလက်ဖက်ရည်ဆိုင်သို့ရောက်ချလာခဲ့တော့သည်။
ဆိုင်ရှေ့မှာဆိုင်ကယ်ရပ်ပြီး ဝင်ရနိုး ရပ်နေရနိုးနဲ့။နောက်ဆုံး ဆိုင်ထဲမှကောက်လေးတစ်ယောက်ကသွေးကိုသတိထားမိသွား၍လားမသိ။သွေးဆီသို့လျှောက်လာကာ
"ညီမ ဘာလိုလဲမသိဘူး"
"ဪ...ဟုတ်ဒီမှာရွှေတောင်ကြီးကားက ထားခဲ့တဲ့ပါဆယ်ထုတ်ဆိုတာဒီမှာလားမသိ"
ဟုတ်ဟုတ်မဟုတ်ဟုတ်ရွှီးလိုက်ရသည်။ မဟုတ်ရင်ထြင့်အရှက်တွေကွဲရကိန်း။
"ခဏနော်အစ်မ ကျွန်တော်မန်နေဂျာကို သွားမေးလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ"
ထိုကောင်လေးဆိုင်အတွင်းပြန်ဝင်သွားတော့ လဲသွေးမှာအူကြောင်ကြောင်။ ခဏကြာတော့ကောင်လေးပြန်ထွက်လာသည်။
"သွေးဆိုတာလားအစ်မ"
"ဟုတ်ကဲ့"
"ဒါဖြင့်ကျွန်တော့နောက်လိုက်ခဲ့ပါ ပါဆယ်ကရောက်ပါတယ်ဗျ"
ဘုရားရေ....တကယ်ရောက်နေတာပဲ။ ဘာများပါလိမ့်။ ဆိုင်ထဲထိသွားပြီးကောင်တာမှာ လက်မှတ်ထိုးပြီးသေချာပါကင်ပိတ်ထားသော ပါဆယ်တစ်ခုကို ယူလာနိုင်ခဲ့တော့သည်။ အိမ်ရောက်သည်အထိလဲ ဘယ်သူကဘာပို့လိုက်သလဲဆိုတာမသေချာမရေရာ။
ပိုက်ဆံအိတ်ထဲမှ ဖုန်းတုန်လာသောကြောင့်အပြေးအလွှား ကိုင်လိုက်တော့မှ စစ်ဖြစ်နေသည်။
"ဟလို မ....ဖုန်းခေါ်ထားလို့"
"အင်း စစ်ဘာလုပ်နေလဲ"
"အပြင်မှာ မရဲ့ မမကြီးတို့နဲ့နေ့လယ်စာထွက်စားတာ"
သူကအပြင်မှာဆိုတော့ ဆက်မေးနေရင်ကောင်းမလား။ မထူးပါဘူးလေ.....မေးလိုက်မှပဲသိရမှာပေါ့။
"စစ်မအတွက်တစ်ခုခုထည့်ပေးလိုက်တာလား"
"ဘာလို့လဲ မ"
စစ်အသံက ဘာမှမသိသလိုမို့သွေး မပြောတော့ဖြစ်တော့ပဲ
"နောက်မှပြန်ဆက်လိုက်မယ်စစ်နော်"
"ဟုတ်ကဲ့မ"
ဒီပုံစံအတိုင်းဆို စစ်တော့မဖြစ်နိုင်။
အပေါ်ထပ်အထိ ပါဆယ်ထုတ်ကိုခိုးဝှက်ကာသယ်လာပြီးအိပ်ခန်းထဲရောက်မှ ခဲချွန်ဓားလေးနဲ့ ဖွင့်ကြည့်လိုက်တော့သည်။
.....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့