"နန်းတို့အမျိုးအိမ်မှာပဲနေနော်နင်တို့ချည်း အပြင်ထွက်လည်မနေနဲ့..."
"တရုတ်ပြည်ထဲထိ သူတို့အလည်လိုက်ပို့ရင်လဲ နင်ကခွဲခွဲထွက်မသွားနဲ့"
"ငါ ထည့်ပေးလိုက်တဲ့ဆေးတွေလဲသောက်ဦး...ရက်နဲ့အတိအကျတွက်ပြီးပေးလိုက်တာနော်အိမ်ပြန်လို့မှဆေးတွေပါလာရင်တော့ နာပြီသာမှတ်"
စစ်အဝတ်အိတ်ဆွဲပြီး အိမ်အပေါ်ထပ်က ဆင်းလာတယ်ဆိုတည်းက အမေကပါနောက်ကကပ်လိုက်လာပြီး တစ်မျိုးပြီးတစ်မျိုး မှာနေလို့ကိုမပြီး။ ဒါတောင်မနက်စာစားသွားဖို့ ပြင်ဆင်ပေးနေတဲ့ မကြီးအမှာစကားမပါးရသေး။
အောက်ထပ်ရောက်တော့ တူနှစ်ယောက်က အိမ်ရှေ့မြေတလင်းမှာစောစီးကြက်တောင်ရိုက်နေကြလေပြီ။ အရွယ်မတူသောယောက်ျားလေးတွေပင်ဖြစ်လင့်ကစား မနက်ကိုစောစောထကာ အတူအားကစားလုပ်တတ်ကြသည်။ မီးဖိုခန်းထဲရောက်တော့
"ကားစီးရင်မစားချင်ပါဘူးဆို မမကလဲ"
"မစားလို့မရဘူး မူးနေမယ်သွားရမယ့်ခရီးကအေးသာယာတို့ညောင်ရွှေတို့နားလေးတွင်မဟုတ်ဖူး ကားကလဲနင်ဆာတဲ့အချိန်ရပ်ပေးမှာမဟုတ်ဖူး"
"စစ်သိပါတယ်မမရဲ့ ကလေးမှမဟုတ်တာ"
"ဟဲ့ သိရအောင်နင်ကရောက်ဖူးလို့လား ကြားတောင်မကြားဖူးပဲနဲ့"
"စစ်မြေပုံကနေကြည့်တာတော့အနီးလေးပါ"
"အေ့ဟေ..ကောင်းခြင်း"
အေ့လေ။ မနဲ့စသိတယ်ဆိုတည်းကတော့ ဘာမှတော့စစ်မသိခဲ့ပါဘူး။ နန်းက မူဆယ်ရောဂါထလာတာနဲ့ကို စစ်လဲ သီပေါဒဏ်ရာနဲ့စကျွမ်းလောင်တော့တာပါပဲ။ လိုင်းပေါ်ရှာမရတော့ အကြီးကောင်ကိုမြေပုံဝယ်ခိုင်းပြီး ကြည့်ရတာလေ။ နီးနီးလေးရယ်။တောင်ကြီးကနေဆို ဘယ်လမ်းကနေမောင်းမည်မှန်းတော့မသိပေမယ့်တရက်တည်းသွားလို့ရတဲ့ခရီးလေးပါလေ။
"ရော့...ဒါ စားသွား"
စစ်အကြိုက်မုန်လာဥနီတို့ ဝက်သားတို့ ပဲသီးတို့နဲ့ နီစပ်စပ်လေးကြော်ပေးထားတဲ့ ထမင်းကြော်ပန်းကန်ကို မမက စစ်ရှေ့လာချပေးလေသည်။ ကြက်ဥကြော်ကိုတော့ ပန်းကန်တစ်ချပ်တည်းထည့်ပြီးပြန်ချပေးသည်။
မနက်စောစော မဆာတတ်ပါဘူးဆိုမှ။ အခုချိန်မှာတော့ မကိုမြင်ရဖို့တွေ့ရဖို့အရေးက ပိုစိတ်ဝင်စားနေသည်မို့လို့ ထမင်းကြော်တောင်အရသာမေ့ချင်သယောင်။
"စစ်စားပါ့မယ်...."
"စားဦးဖြေးဖြေး နန်းမလာသေးပါဘူး "
ပြောပြီး မကြီးကလက်လေးသုတ်ပြီး မီးဖိုခန်းထဲကထွက်သွားလေသည်။ဘေးမှာရပ်နေတဲ့ အမေက ငါးပိရည်လေးလာချပေးပြီး
"အစပ်လေးနဲ့စားပေါ့ လမ်းမှာဆာနေရင်မကောင်းဘူး"
ဇွန်းလေးကိုင်ပြီး စားပြရတာ။ စိတ်ကသာမေ့နေပေမဲ့လို့ လျှာကတော့သူကြိုက်တတ်သောအရသာကိုမေ့နိုင်မည်မဟုတ်သောကြောင့်တလုတ်နှစ်လုတ်ကနေစပြီးဗိုက်ထဲပစ်သွင်းလိုက်သည်မှာ တစ်ပန်းကန်လုံးပြောင်သလင်းခါသွားလေပြီ။
စားပြီး ထကာ ပန်းကန်ဆေးမည်လုပ်တော့
"ထားခဲ့ နင့်မကြီးဆေးလိမ့်မယ်လာဦးအရှေ့ကို"
တစ်ခါမှတော့ စစ်စားထားပြီးသားပန်းကန်ကိုတခြားသူမဆေးခိုင်း။ အခုတော့အမေဆွဲခေါ်တာကြောင့်စားပွဲပေါ်ပန်းကန်တင်ထားသည့်အတိုင်းထားခဲ့ရတော့သည်။
"စစ်ရေ....ခဏ"
မကြီးက အိမ်ထဲကနေလှမ်းအော်နေသေးသည်။ အမေနဲ့အတူ ဆိုင်တံခါးလေးဖွင့်ပေးပြီး အထုတ်ချကာ ဆိုင်ရှေ့ထိုင်ခုံလေးတွင်နန်းစီးလာမယ့်ကားကိုစောင့်နေလိုက်သည်။
"ရော့ စစ်ညတည်းကပေးမလို့ကို စစ်အိပ်နေတာနဲ့ မပေးဖြစ်တာ"
စစ်ကို လှမ်းပေးနေတဲ့ မကြီးလက်ထဲမှတစ်သောင်းတန်အရွက်ကို ကြည့်လိုက်ဘေးကအမေ့ကိုကြည့်လိုက်နဲ့ စစ်မယူရဲသေး။
"ရပါတယ်မမ စစ်ကိုအမေလဲပေးထားသေးတယ်"
"ဟယ်အမေပေးတာနဲ့ မမပေးတာနဲ့တူလို့လား"
"တူတူပဲပေါ့ မမနဲ့အမေက အတူတူပဲလေ...ပြီးတော့ စစ်ဆီမှာလဲရှိပါတယ်"
စစ်ငြင်းနေတော့ မမက စစ်လွယ်ထားတဲ့အိတ်ထဲကို ထည့်ပေးလိုက်ရင်း
"အမေကအမေ မမကမမ ခရီးသွားတယ်ဆိုတာ ပိုက်ဆံကိုလိုသလောက်ပဲထည့်သွားလို့မရဘူးကွယ့်....ပိုပိုလိုလိုလေးထည့်သွားမှမျက်နှာမငယ်မှာ...မမက စစ်ကိုတစ်ခါမှမုန့်ဖိုးမပေးဖူးဘူးလေ...တစ်ခါတလေလေးစစ်သွားတော့ မှပေးရတာပေါ့"
"စစ်ဆီမှာရှိတာနဲ့အမေပေးလိုက်နဲ့ဆိုပိုနေပါပြီ မမမှာလဲကလေးတွေနဲ့"
"ကလေးကကလေးလေ...စိတ်သန့်သန့်ယူပါ တအိမ်ထဲနေပြီး အားနာမနေနဲ့...ကားရပ်တိုင်းလဲလမ်းကမုန့်တွေတွေ့ကရာလျှောက်မစားနဲ့နော်..."
"ဟုတ်ကဲ့ပါရှင့်...စစ်မဝယ်စားပါဘူး"
"စစ်ဆေးတွေလဲသောက်ဥိးနော်"
"ဟုတ်ကဲ့ပါ အမေရဲ့ဆေးသောက်မှာပါရှင့်ဟိုမှာလာနေတဲ့ကားလားမသိဘူး"
အမေတစ်လှည့်မမတစ်လှည့်နဲ့ စစ်ကားပေါ်တက်သည်အထိ နန်းကိုကော စစ်ကိုပါမှာကြား၍မဆုံးနိုင်တော့။ ကားထွက်သည်အထိ မျက်စိတစ်ဆုံးကိုလိုက်ကြည့်နေကြတာ။ လမ်းချိုးကွေ့ဝင်တော့မှ နန်းက
"ဟူး ခုမှပဲအသက်ရှူချောင်တော့တယ်နန်းအိမ်ကလွတ်လာပါပြီဆိုမှ မမစစ်အိမ်ရောက်တော့လဲပြောနေပြန်သေး"
"နင်ကလဲ အိမ်က တိူ့ချည်းမို့စိတ်ပူနေမှာပေါ့ဟာ....ငါတော့ အိပ်ရေးမဝသလိုမို့ ခဏမှေးဦးမယ်"
စကားတအားပြောနေချင်သော နန်းတစ်ယောက်စစ်မျက်စိမှိတ်ပြီး ကားမှန်ကိုမှီလိုက်တော့သူပြောစရာလူမရှိ။ ထို့ကြောင့်ရှေ့မှာကားမောင်းနေတဲ့ကားဆရာအား သတိရလာကာ
"ဒီကားက မန်းလေးဖက်ကနေသွားမှာလား"
"မဟုတ်ဘူး ညီမရဲ့....ဒီကနေ ရပ်စောက်ဗထူး ပြီးရင်ဒုဋ္ဌဝတီလမ်းတက်ပြီးသွားမှာ"
"ဟင်ဒါဆိုအောင်ပန်းတို့ ရွာငံဖက်တို့မရောက်တော့ဘူးပေါ့"
"ဟုတ်တယ်အဲ့ဖက်ကနေဆိုကျောက်ဆည်တို့မန်းလေးတို့ဖြတ်ရဦးမှာ မန်းကနေဆို ပြင်ဦးလွင်ဂုတ်တွင်းကနေပြန်တက်ရမယ်"
"ဘာလို့လဲ ပိုနီးလို့လား မြန်မြန်ရောက်အောင်ပေါ့"
စကားကိုပေါက်ပေါက်ဖောက်သလို စပ်စုမေးမြန်းတတ်သော နန်းကြောင့်စစ်မှာကားသမားကိုအားနာရသည်။
"ဟုတ်တယ်နီးလဲနီးတယ်တစ်ခါတလေ ဂုတ်တွင်းကလမ်းပိတ်တတ်တယ်...ဒါကြောင့်ဒုဋ္ဌဝတီလမ်းကိုပဲမောင်းဖြစ်တာပါ"
ကားမောင်းသူကလဲ လူလတ်ပိုင်းမို့လားမသိ။ ကားကို မြန်မြန်မောင်းနေသည်။ ကားမောင်းလဲကျွမ်းပုံရသည်။ ကားပေါ်မှာ သီချင်းကလေးတငြိမ့်ငြိမ့်နဲ့စီးရတဲ့အရသာက တစ်မျိုးလေးနေလို့ကောင်းနေသည်။ ကားပေါ်မှာ စစ်ရယ်နန်းရယ်ကားမောင်းသူရယ်ပဲပါသည်။
ဒီလိုဖြစ်အောင်လဲ နန်းတိူ့အိမ်ကပြောပေးထားခြင်းပင်။ ဒီကားသမားကလဲ သူတို့နဲ့အသိကိုး။ ကုန်စည်အချို့တင်ပြီးကားခကတော့ စစ်တို့ချည်းဆိုတော့ခါတိုင်းထက်တော့ပိုပေးရသည်။
တောင်ကြီးကနေ စစ်အိပ်လာလိုက်တာ ဘယ်လောက်ကြာသွားသည်မသိ။ နိုးလာတော့ဗထူးမြို့ပင်ရောက်နေပြီ။ ရုပ်တုတွေနဲ့မြို့အဝင်ကစပြီးဗထူးတပ်မြို့တွင်လမ်းလေးကား သန့်ရှင်းသပ်ရပ်လို့နေသည်။ လမ်းအလယ်မှာအပင်တန်းလေးလဲ စိမ်းလန်းလို့နေသည်။
စစ်ကတော့ကိုယ်နေတဲ့ကိုယ့်မြို့ရဲ့အလှပကိုတောင်မခံစားဖူးတဲ့သူမို့လို့ ဒီလိုကားပြတင်းကမြင်နေရတဲ့ အခိုက်မှာတော့ မျက်စိထဲအလှအပခံစားတတ်လာသည်။
ဘေးတစ်ချက်တစ်ဖက်မှာ စိန်ပန်းပြာပြာတို့အပြိုင်အဆိုင်ပွင့်လန်းနေကြသည်။ မြို့ကလေးလွန်လာတော့ ယူကလစ်တန်းတို့အလယ်မှာ လမ်းသေးသေးလေးသာဖြောင့်တန်းလို့နေသည်။
လမ်းမှာရိပ်ခနဲရိပ်ခနဲတွေ့ခဲ့ရတဲ့ရွာအချို့ရဲ့ အိမ်ရှေ့မှာဝါးတိုင်လေးတွေစိုက်ထူပြီး အဝါအပြာအလံတစ်ခုလွှင့်တင်ထားသည်။
ဒီအလံကတော့ စစ်လိုင်းပေါမှာမြင်တွေ့နေကျဓနုလူမျိုးတွေရဲ့သတ်မှတ်အလံပင်။ ဓနုမြေလေးက သစ်ပင်ကြီးတွေအုံ့ဆိုင်းလို့သစ်ရိပ်ဝါးရိပ်ကလေးမှာသောင်းကျန်းသူမရှိပဲဆိတ်ငြိမ်အေးချမ်းလို့နေသည်ကိုတော့ ထိုလမ်းလေးမှစဖြတ်တည်းက စစ်ခံစားလို့ရနေသည်။
အကွေ့အကောက်အတက်အဆင်းမတ်စောက်တဲ့အပြင်ကျောက်ဆောင်တွေကြားချောက်ကမ်းပါးတွေမှာကားလမ်းကိုသေးသေးကျဉ်းကျဉ်းလေးဖောက်ထားတဲ့ ဒုဋ္ဌဝတီလမ်းမှာ စစ်ကားစီးရင်းဇောချွေးတွေပျံနေရသည်။ မတော်လို့ကားသာတစ်ခုခုဖြစ်သွားရင်လူအသွားအလာကလဲပြတ်သေး ရွာလဲမရှိ လူလဲမရှိ။
နံဘေးမှာ အိပ်နေတဲ့နန်းကိုတောင်မနာလိုဖြစ်လာသည်။ စစ်ကသာကြောက်နေတာသူကတော့အိပ်နေသဖြင့်အပူပင်ကင်းလို့။ ကားသမားကတော့သီချင်းအေးအေးလေးနဲ့ သူမောင်းနေကျမို့စိတ်ငြိမ်ခြင်းဖြင့်ဖြေးဖြေးသာသာမောင်းနေလေတော့သည်။
တော်တော်နဲ့ လမ်းကမဆုံးလေတော့ စစ်လဲပြန်အိပ်ပျော်ရန်ကြိုးစားလိုက်သည်။
...
ပိတ်ရက်ကျတော့မှ အထုတ်အပိုးတွေနဲ့ အကို အိမ်ပြန်လာတော့သည်။ ပုံမှန်လိုပဲ။ မိသားစုစုံနေတော့လဲ ရယ်ရယ်မောမော။ ဒီလိုကျမိသားစုအိမ်လေးကနေချင့်စဖွယ်။
အမေတို့လေးယောက်နှင်းဆီခြံထဲ သွားခဲ့ကြစဉ်သွေးက ကိုဟိန်းယူလာသော အဝတ်အစားအိတ်အတိုင်း ဇလုံထဲ ထည့်ပြီး မြစ်ထဲသွားလျှော်ရမည်မို့နောက်ကျမှ လိုက်သွားရမည်ပင်။
"သွေး...ငါ့ပုဆိုးအညိုကွက်လေးတွေ့မိသေးလားလို့"
အိမ်အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ အလုပ်ရှုပ်နေတာ ပုဆိုးရှာနေသည်ကိုး။
သွေးမှာတော့လူလစ်ရင်တိုင်ပင်စရာဆိုလို့ ကိုဟိန်းတစ်ယောက်ပဲရှိတာ။
"ခြံထဲက တဲမှာလေ မနေ့က အဖေရေဝတ်ချိုးထားလို့
လွန်းခဲ့တာ"
"ဪ....ရပြီ အဲ့ဒါတွေပဲ ယူသွားတော့ အပင်တွေပိုးကျသေးလားဆေးဖြန်းစရာလိုလား"
တစ်ပတ်တစ်ခါ နားရက်ရတိုင်းဆေးဖြန်းစရာလိုလျှင်ကိုဟိန်းဖြန်းပေးနေကျမို့လို့မေးခြင်းပင်။
"မလိုပါဘူး ငြိမ်းဖြန်းတယ်လေ..."
"အင်းပါ ငါခဏလောက်အိပ်ပြီးမှရေချိုးရင်းလာကြည့်ပါဦးမယ်ငြိမ်းကဖြန်းနေကျမဟုတ်တော့သေချာချင်မှသေချာမှာ"
"ဟုတ်"
လှေကားထစ်အရင်းမှာနေပြီး ကိုဟိန်းဘာများလုပ်ဦးမလဲလို့စောင့်ကြည့်နေတာ၊အောက်ထပ်ကသူ့အခန်းထဲဝင်သွားပြီး ဂီတာလေးယူထွက်လာကာ အိမ်ရှေ့ကွပ်ပျစ်ပေါ်ထိုင်တီးရန်ပြင်နေလေတော့
"ကိုဟိန်းသွေးပြောစရာရှိလို့"
"ဘာများလဲပြောလေ"
ဂီတာအသံစမ်းတီးနေရင်း သိပ်အရေးမထားသလိုပြောတော့
"သွေး ပြစရာရှိတယ်အမေ့တို့ကိုတောင်ပေးမသိသေးဘူး"
"အင်ပြလေ.မောင်နှမချင်းကို ဘာတွေရှိန်နေစရာလိုလို့လဲ ငါ့ညီမရာ"
"ခဏ"
အပေါ်ထပ်ပြေးတက်ပြီး အခန်းမှာအထပ်ထပ်ဖွက်ထာစတဲ့ ဖုန်းဗူးလေးကို အပြင်သို့ယူဆင်းလာလိုက်သည်။
ကိုဟိန်းနံဘေးသွားချရင်း
"ဒါလေး ကိုဟိန်း"
"ဟမ်ဖုန်းပါလား နင်ဘယ်ကရတုန်း"
ဗူးလေးကို အံ့သြဟန်ဖြင့်ဖွင့်ကြည့်ပြီးအထဲမှဖုန်းကိုသေသေချာချာကြည့်နေလေသည်။
"အဲ့ဒါပြောချင်လို့...ဖုန်းရောက်နေတာ သုံးလေးရက်ရှိနေပြီ....ပြောရင်ကိုဟိန်းယုံပါ့မလားမသိဘူး...သွေးနဲ့တောင်ကြီးမှာတွေ့ပြီးခင်ခဲ့တဲ့တစ်ယောက်လေ သူကသွေးဖုန်းပျောက်တာသိလို့ဝယ်ထည့်ပေးလိုက်တာတဲ့ လက်ဖက်ရာ်ဆိုင်မှာသွေးသွားယူလာခဲ့တာ"
"ဟေ...အပြင်မှာတောင်တစ်ခါတည်းတွေ့ဖူးရုံနဲ့အဲ့လိုထည့်ပေးတာပဲလား ဒီဖုန်းကဈေးကြီးတယ်ဟ...နှစ်သိန်းကျော်သုံးသိန်းလောက်ရှိမယ်"
"အဲ့ဒါကြောင့်အမေတို့ကိုအသိမပေးရဲသလိုသွေးလဲမထုတ်သုံးရဲဘူး ကိုဟိန်းရဲ့"
"ပြန်ပေးလိုက်ပေါ့ သူများပေးတိုင်းမယူရဘူးကွ ဒါကတန်ဖိုးကြီးလွန်းတယ်"
"သွေးလဲပြောပါတယ်သူကအိမ်ထိကိုယ်တိုင်လာပြောပါ့မယ်ဆိုလို့"
"လာနေပြီလား"
"လာမယ်တဲ့"
"နေပါဦးခုပေးတာကကောင်လေးလား"
"ဘယ်ကလာကောင်မလေး ပါနော်"
"နင့်ကြိုက်နေမှန်းမသိ"
ထူးထူးခြားခြား ဒီစကားကြားဖူးတာပထမဆုံး။
"ဟာ...ကြိုက်စရာလား မိန်းကလေးပါဆိုမှ"
"ခုခေတ်ကပြောလို့မရဘူး ငါတို့ရုံးက ဟိုစာရေးမလေနင်သိတယ်မလား မသီတာလေ"
"သိတာပ မျက်မှန်လေနဲ့ ဆံပင်ရှည်ကြီးနဲ့လေ ကိုဟိန်းတောင်ကြိုက်သေးတာမို့"
"ဪ..နင့်မလဲ သိတယ်ဆိုပြီးရောပေါ့ ဘာလို့နောက်ဆက်တွဲထည့်ပြောနေတုန်း"
ကိုဟိန်းမျက်နှာမချိုမချဉ်နဲ့ပြောတော့သွေးပြုံးလိုက်သည်။ ကိုဟိန်းလိုက်သမျှကောင်မလေးတွေတော့ ကိုဟိန်းကိုပြန်မကြိုက်သူမရှိ။ အဲ့အထဲကမှ မသီတာဆိုတဲ့မိန်းမချောလေးကတော့ နည်းနည်းမှကို ရင်မခုန်ခဲ့ပဲအပြတ်ငြင်းလိုက်တာတဲ့။ ဘာကြောင့်ငြင်းမှန်းမသိပေမဲ့သွေးတိူ့အနေနဲ့ထူးခြားတဲ့သူလို့သာ သတ်မှတ်ထားခဲ့တာပေါ့။
"မဟုတ်လို့လား သူနဲ့ကဘာဆိုင်"
"ဆိုင်လိူ့ပေါ့ သူ့မှာ အခုရည်းစားနဲ့ အဲ့သူရည်းစားကလဲကောင်မလေးပဲ....ကမ္ဘောဇဘဏ်မှာလုပ်နေတာ"
"ဟမ်...ဘဏ်တော့မရောက်ဖူးလို့မသိဘူးယောက်ျားလျာလား ခုခေတ်ကအဲ့လိုလဲကြိုက်ကြတယ်လေသိသားပဲ ခုဖုန်းပေးသူကကောင်မလေးမှအစစ်နုနုငယ်ငယ်လေး ပြီးသွေးကလဲယောက်ျားစိတ်ဝင်နေသူမှမဟုတ်"
"နင်ကလဲ ဒုံးသေးချက်ခုကမိန်းမစိတ်နဲ့မိန်းမကြိုက်နေတာဟ ငါပြမယ်နင်ကပုံနဲ့တကွပြမှသိတဲ့သူမျိုးဆိုတော့ ဘယ်မလဲငါ့ဖုန်း "
"အားသွင်းထားတယ်လေ"
အိမ်ထဲကအားသွင်းထားသောဖုန်းကို ကိုဟိန်းသွားယူပြီး လိုင်းဖွင့်ကာ ဟိုရှာသည်ရှာလုပ်နေပြီးမှ
"တွေ့ပြီ ဒီမှာရော့ ကြည့်"
ကိုဟိန်းပြသော ပုံကိုကြည့်တော့သွေးပင်အံ့သြသွားသည်။ နုရွလှပသောမိန်းကလေးနှစ်ယောက်ပုံ။
"မြင်လား...အဲ့နှစ်ယောက်က ရည်းစားဖြစ်တာကြာလှပြီ ခုမှလိုင်းပေါ်တွေတင်လာတာ ဒါကြောင့်ခုလိုနင့်ကိုတန်ဖိုးကြီးလက်ဆောင်ကိုထည့်ပေးလိုက်တဲ့အဲ့ကလေးမကလဲနင့်ကိုကြိုက်နေလားမသိလို့ပြောတာပေါ့"
"မဟုတ်နိုင်ပါဘူး ကိုဟိန်းရာ အတွေးလွန်နေပါပြီ...ရေစက်ပါလို့ခင်မင်ရင်းနှီးသွားရင်လဲ အဲ့လိုပေးတတ်ကြတာပါပဲသွေးတောင်ပေးစရာမရှိလို့ "
"အေ့ပါကွာ ဖုန်းတော့သူလာမှပြောပြမယ်ဆိုတော့ဆက်သိမ်းထားပါဦး"
"ဟုတ်ပါပြီ...အလှကြည့်နေရုံပဲကျေနပ်"
ဖုန်းလေးပြန်သိမ်းပြီး မြစ်ဆိပ်သို့ထွက်လာကာ အဝတ်တွေတစ်ထည်ပြီးတစ်ထည်လျှော်နေသည့်တိုင်အောင်စိတ်ထဲတွင်ကိုဟိန်းပြောသော စကားများနှင့်မျက်စိထဲဟိုမိန်းကလေးနှစ်ယောက်ပုံပဲမြင်ယောင်နေတော့သည်။
စစ်က ငါ့များကိုဟိန်းပြောသလို ကြိုက်နေသလား
အမလေး မဖြစ်နိူင်ရာ ကြက်သီးတောင်ထောင်ထလာပြီ
ရေစိုနေလို့အေး၍ ကြက်သီးထလာသည်လား အတွေးကြောင့်လားမသိ။ တကယ်ပဲကြက်သီးတွေထနေသည်လေ။ ဘယ်တော့လာမယ်မှန်းမသိတဲ့ စစ်ကိုမျှော်ရင်း ဖုန်းကိုတော့အလှကြည့်ရုံပဲတတ်နိုင်မည်ပ။
....
ခရီးကို တစ်ခါမှမထွက်ဖူးသောကြောင့်မြင်မြင်သမျှ အသစ်အဆန်းဖြစ်လို့နေသည်။ ကားက အိမ်ထိကြိုပို့ဆိုတော့ နန်းကလိပ်စာပေးလိုက်တာနဲ့ နန်းတို့အမျိုးအိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာသည်။
တစ်နေကုန်တစ်နေခန်း စီးထားရတာကြောင့်ထမင်းပင်မစားနိုင်စကားပင်မပြောနိုင်တော့လောက်အောင်နုံးချိသွားကာ အိပ်၍ပင် နားချင်ေနကြောင်း အိမ်ရှင်ကလဲသဘောပေါက်သဖြင့်ကြိုတင်ပြင်ဆင်ထာသော အခန်းသို့ပို့ဆောင်ပေးလေသည်။ တစ်နေကုန်အိပ်လာသော်လဲ ပင်ပန်းလွန်း၍ ကုတင်ပေါ်ကိုပစ်လှဲကာ ဆက်အိပ်လိုက်သည်။
....
စစ်မသိခဲ့သော နန်းတို့အမျိုးဆိုသည်မှာလဲ စစ်ကိုပင်တကယ့်တူမအရင်းသဖွယ်နန်းနည်းတူပင်ဂရုတစိုက်ရှိလှပါသည်။ သူတိူ့စရိတ်ခံပြီးတရုတ်ပြည်ဖက်ကိုလဲ လည်ပတ်စရာအကုန်ပို့ပေးသေးသည်။ အိမ်မှာလဲလိုလေးသေးမရှိကျွေးမွေးသည်။ အမျိုးတွေရဲ့မျက်နှာကြောင့်လား မသိ ။ နန်းရဲ့ချစ်သူဆိုသူအားခုထိစစ်မမြင်ရသေး။
လည်ပတ်စရာကုန်မှ
"မမစစ်အိပ်ယာထဲပဲလူမမာကြီးလိုလှဲမနေနဲ့ နန်းတိူ့ဆိုင်ကယ်တစ်စီးနဲ့ မူဆယ်မြို့ထဲလျှောက်လည်ရအောင်"
"ဟဲ့ လှဲရမှာပေါ့နေ့တိုင်းလည်နေတာ မနေ့ကလဲရေတွေဆော့ထားတော့ငါ့မှာတစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲညောင်းညာကိုက်ခဲလို့နေတာ"
"မနက်ဖြန်ပြန်ကြမယ်လေ အဲ့ဒါ နန်း ချစ်သူနဲ့လဲတွေ့ချင်သေးတယ်"
မနက်ဖြန်ပြန်မည်ဆိုမှ မ ဆီဝင်ဖို့သတိရတော့သည်။ အလာတုန်းက သီပေါမြို့မှကြိုဆိုပါ၏ ဆိုတဲ့အဝင်ဆိုင်းဘုတ်လေးကလွဲ၍ ဘာမှမမြင်ခဲ့ရ။ ဘာမှဆိူတာ မနဲ့တူသောကောင်မလေးတစ်ယောက်ပင်မမြင်ရသေးတာပါ။
"ဟေ ဒါဆိူ ငါ့ သီပေါကော ဝင်ဖြစ်ပါ့မလား"
"အဲ့ဒါကြောင့်ပေါ့ လာ သွားရအောင်"
အခန်းထဲကထွက်ပြိး အိမ်ရှေ့အခြေအနေလှမ်းအကဲခတ်တော့ နန်း၏ဒေါ်လေးကတော့ ဘာစာရင်းတွေလုပ်နေသည်မသိ။ ဧည့်ခန်းထဲတွင်မျက်မှန်ကြီးတလက်နဲ့ကို ဟုတ်လို့။
"ဒေါ်လေး"
နန်းတို့အသံကြောင့်မော့ကြည့်ပြီးပြုံးပြကာ
"ဟော သမီးတို့ လာလေ...."
"ဟိုလေ...နန်းတို့ မြို့ထဲလျှောက်ပတ်ချင်လို့ အဲ့ဒါလေးသွားလို့ရမလား"
"ဪ ရတယ်လေ... ဒီနေ့ကဒေါ်လေးသမီးမရှိပေမဲ့ဒေါ်လေးအားနေတာပဲ လိုက်ပို့ပေးမယ်"
"အာ...ရတယ်နန်းပြောတာက ဆိုင်ကယ်လေးပဲငှါးပေး မမစစ်နဲ့မောင်းပြီးသွားမယ်"
ဆိုင်ကယ်ယူပြီးသွားမယ်ဆိုတော့ သိပ်တော့ဘဝင်ကျပုံမပေါ်။ မတော်လို့တစ်ခုခုဖြစ်သွားရင်လဲ သူတို့တာဝန်ကိုး။
"သမီးတို့ချည်းရပါ့မလားကွယ်လမ်းတွေမှားနေရင်ရော"
"သိပ်မကြာစေရပါဘူး ဒီနားလေးပဲသွားမှာပါနော်အိမ်မှာပျင်းလို့"
"အဝေးကြီးလျှောက်မသွားကြနဲ့နော်မပြန်တတ်ရင်ဖုန်းခေါ်လိုက်ရောက်တဲ့နေရာလာကြိုမယ်ဟုတ်ပြီလား"
နောက်ဆုံးတော့လဲ အင်တင်တင်နဲ့ ခွင့်ပြုလိုက်ရပါတော့သည်၊ ဆိတ်ငြိမ်သပ်ရပ်သော ဆိုင်တစ်ဆိုင်တွေ့တော့အထဲဝင်ပြီး နန်းဖုန်းဆက်ခေါ်သော သူ့ရည်းစားကိုစောင့်နေလိုက်ကြသည်။ နန်းတို့များ ငယ်သာငယ်တာ။ ပုသာပုတာ။
တကယ်လဲသူ့ရည်းစားရောက်ချလာရော။နှုတ်ခမ်းမွှေးစိမ်းမြမြလေးနဲ့အရပ်ရှည်ရှည်ကောင်ချောလေးတစ်ယောက်မို့လို စစ်တောင်ငေးခနဲဖြစ်သွားသေးတာ။
"လာ ကိုဝေယံ ဒါ နန်းရဲ့တစ်ဝမ်းကွဲ မမ စစ်တဲ့..မမစစ်ဒါနန်းရဲ့ရည်းစား စိုင်းဝေယံစိုး"
သူများတွေလိုတော့မိတ်ဆက်ပေးရင်တွေ့ရတာ ဝမ်းသာပါတယ်တို့ လက်ဆွဲနှုတ်ဆက်တာတို့ တခြားကောင်လေးနဲ့တော့စစ်မလုပ်ချင်ပါ။
အသိအမှတ်ပြုရုံခေါင်းလေးငြိ်မ့်ပြပြီးပြုံးပြလောက်နဲ့တင်မိတ်ဆက်ခြင်းပြီးဆုံးသွားပြီ။
နန်းနဲ့ သူ စကားတွေပြောနေကြတုန်း စစ်ကဖုန်းဖွင့်ပြီးဂိမ်းကစားနေလိုက်သည်။
"မမစစ်သီပေါ ဝင်ဦးမှာက ဘယ်နှစ်ရက်နေမှာလဲ"
သူတိူ့ချင်းစကားပြောလို့ ဝတော့မှ စကားဝိုင်းထဲဆွဲသွင်းတော့တာပဲ...
"မသိဘူးလေ...ဘာလို့လဲ"
"ကိုဝေယံ လိုက်ပို့မယ်တဲ့ လားရှိုးလဲလည်လို့ရတယ်"
"ရတယ်လေ...နန်းအိမ်ကိုဘယ်လိုပြောမလဲ"
"အဆင်ပြေအောင်နန်းတို့ညှိပြီးပြီ..မမစစ်သဘောမေးတာ"
"ငါက ဘယ်လိုနေနေရပြီးသား..နင်တို့ဇာတ်နိုင်အောင်သာလုပ်အေးဆေးပဲ"
ဘယ်လိုပဲလုပ်လုပ်စစ်ကတော့ မနဲ့တွေ့ရဖို့သာအဓိကပဲလေ။နောက်ဆုံးတော့ အဆငိပြေချော့မွေ့စွာ ညှိနှိုင်းလို့ပြီးသွားလေပြီ။
အပြန်ကျ အဲ့ကောင်လေးကားဖြင့်လားရှိးအထိရောက်လာပြီလေ။
"ငါ လားရှိုးမှာ မလည်ချင်ဘူး သီပေါပဲတန်းသွားချင်တယ်"
"ဟာ ဘယ်ဖြစ်မလဲ နန်းတို့ပဲကျန်တော့မှာပေါ့"
"ဟယ်ကျန်ကျန်ပေါ့ နင်နှစ်ရက်လောက်အေးအေးဆေးဆေးပဲ လည်ပြီးမှ သီပေါလိုက်လာခဲ့ "
"မမစစ်က သွားတတ်လို့လား"
"ကားစီးသွားရုံပဲဟာ..အဲ့လောက်တော့ငါလဲသိတာပ...နင်သာ မမြင်ကွယ်ရာဆိုပြိးတော့လုပ်ချင်ရာပဲမလုပိနဲ့"
",အင်းပါ ကိုဝေယံရဲ့ အစ်မအိမ်မှာတည်းမှာမို့လို့ စိတ်မပူပါနဲ့ ဟုတ်ပြီလား "
နောင်ချိုဖက်သွားသော တက်စီတစ်စီးပေါ်သို့ မရမက တားစီးလိုက်ရသည်။ ပြန်မထွက်ခင်လေး နန်းကောင်လေးအား
"အစ်မ စိတ်ချမယ်နော်...နန်းကို မင်းလက်အပ်ခဲ့မယ်"
"စိတ်ချပါဗျာ မှဲ့တပေါက်မစွန်းစေရဘူး အစ်မအိမ်မှာ ကျနော့်ညီမ နည်းပညာတက်နေတာရှိသေးတယ်ကျနော်လိုက်ပို့သမျှနေရာတိုင်းကို ကျနော့်ညီမလဲလိုက်လာမှာပါ"
"ဟုတ်ပါပြီ ယုံကြည်ရမယ့်သူလို့လဲ ယူဆပါတယ်သွားမယ်နော်"
ကားပေါ်အလျင်အမြန်တက်ပြီးမှပဲ လက်ပြနှုတ်ဆက်လိုက်သည်။ နန်းကိုသူစိမ်းယောက်ျားလက်ထဲထည့်ပစ်ခဲ့တာတွက်တော့စိတ်မကောင်း။ သို့သော်ဒီကောင်လေးကို နန်းဒေါ်လေးကပါ ယုံယုံကြည်ကြည်ထည့်ပေးလိုက်သည်ပဲလေ။ လားရှိုးမြို့ထဲမှာ သူ့အစ်မအိမ်ရှိတဲ့အပြင်အလည်အပတ်ထွက်တောင်သူ့ညီမပါ ပါမှာဆိုတော့စိတ်မချစရာအကြောင်းလဲမရှိ။ နန်းကလဲ စွာတတ်တဲ့ကလေးပေမယ့်ထိန်းထိန်းသိမ်းသိမ်းတော့နေတတ်သူပေမို့ စစ်မဖြစ်မနေထားခဲ့တာတောင်စိတ်ချရနေခြင်းပင်။
မဟုတ်ရင်မနဲ့တွေ့ရင်ဆိုပြီး စစ်စိတ်ကူးထားသမျှလွှဲကုန်လိမ့်မည်လေ။
သီပေါကို တစ်နာရီခွဲလောက်ပဲမောင်းရသည်ဆိုတော့ နှိုးစက်ပေးပြီး အိပ်ရန်ကြိုးစားလိုက်သည်။
....အိမ်မက်မက်လျှင်တော့ မနဲ့အတူလှပနေလိမ့်မည်။
..
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့