စစ်တို့ အိမ်သို့ဒုတိယအကြိမ်ရောက်ရပြန်သည်၊ စစ်ခွာကျွေးတဲ့ပန်းသိးတို့ လိမ္မော်သီးတို့ကိုစားနေရင်း အပျင်းပြေဆိုပြီးစစ်ထုတ်ပြတဲ့ ဓာတ်ပုံအယ်ဘမ်လေးတွေကို ကြည့်နေလိုက်သည်။ စစ်ကတော့သွေးနံဘေးထိုင်ပြီး ပုံလေးတွေအကြောင်း စီစီညံအောင်ပြောပြနေသည်။
ကတုံးဆံပင်ပေါက်လေးနဲ့ လက်ထဲမှာ မုန့်တစ်ချက်ကိုကိုက်လက်စလေးနဲ့ငိုမဲ့မဲ့ဖြစ်နေသောလေးနှစ်သမီးလေးပုံမြင်တော့သွေးမနေနိုင်ပဲရီမိသည်။
"ဒါက စစ်ပုံလေးလား"
"ဟား....စစ်ပဲပေါ့...အဲ့ဒါစစ်လေးနှစ်ပြည့်မွေးနေ့တုန်းကလေ....အမှန်က စစ်အဖျားတွေတက်ပြိးဆေးရုံတက်နေရာကဆင်းတဲ့နေ့လေး...."
ပြုံးမြမြနဲ့ ငယ်ဘဝကိုပြန်လွမ်းနေဟန်အပြည့်ကိုမြင်လိုက်သောကြောင့်သွေးစိတ်ထဲ၌မူ
ငယ်တည်းကတအားတွေချူ ချာနေခဲ့ပါလား ကလေးမရယ်...
"ဘာလဲ မ စစ်လှနေလို့လားခြေထောက်မှာကြည့်လေဆေးထိုးပိုက်လေးအသွင်းတိုင်းပဲ....အပ်ခဏခဏစိုက်ဒဏ်မခံနိုင်လို့ အပ်ထိုးထားရတာ"
ဟုတ်သည်။ ဖိနပ်မပါသောခြေထောက်တွင်ပတ်တီးစပေလားဖြူ ဖြူလေးနဲ့အပ်ခေါင်းပိုက်အပြာလေးကိုကထင်ထင်ရှားရှားမြင်ရလေသည်။
ဘာရယ်မဟုတ်သွေးစိတ်ထဲနင့်နင့်ကြီးကိုဖြစ်သွားရတော့သည်။
"မ ပန်းသီးလဲစားနော်....ကဲပြောနေကြာတယ်...မကပုံပဲကြည့်စစ်ကျွေးမယ်"
ပြောရင်း ပန်းသီးစိတ်လေးတစ်ခုကသွေးပါးစပ်ရှေ့ရောက်လာသည်။ တစ်မျိုးတော့ဖြစ်သွားသား။ အိမ်ထဲမှာဘယ်သူမှမရှိလို့တော်ပါသေးရဲ့လေ။
"မဟာမ ယူစားမယ်လေ...စစ်လဲစားပါဦး"
"စားတယ်မရဲ့...စစ်ကအားရင်အားသလိုအမြဲနှိုက်နှိုက်စားနေကျ....ခုတော့ဖြင့်စစ်က မ စားနေတာလေးကိုကြည့်ချင်တာ"
ညို့မျက်ဝန်းလိုလို အရည်တွေလဲ့ပြီးမျက်လုံးအပြုံးဖြင့်စိုက်ကြည့်နေတာကြောင့်သွေးခဏပဲအကြည့်ဆုံပြီးမျက်လွှာချလိုက်သည်။ အရင်ကဘယ်ယောက်ျားမိန်းမမဆိုသွေးကိုကြည့်နေလျှင်ပဲဖြစ်ဖြစ်မတော်တဆအကြည့်ချင်းဆုံမိသွားရင်ပဲဖြစ်ဖြစ်သွေးဖက်က စတင်၍ ဘယ်သောအခါမျှအကြည့်မလွှဲဖူးပေ။ ခုလို မျက်လွှာချဖို့ဆိုတာကတော့သာ၍ဝေးစွပေါ။ ဒီကလေးသွေးဘေးနားမှာ ပူးပူးကပ်ကပ်လာထိုင်တည်းကသွေးမှာဖြင့်ကြက်သီးတွေပင်ထနေပါပြီ။ ဟိုတုန်းကတော့အတူအိပ်ခဲ့တာတောင်စိတ်ထဲဘယ်လိုသော်မှဖြစ်မနေခဲ့ပါ။
သူ ချစ်တယ်လို့ပြောပြီးအချိန်ကလဲ စိတ်ထဲဘာမှသူ့အတွက်ဆိုတာရှိမနေ။ အခုတော့ဖြင့်.. .ဘယ်လိုတွေဖြစ်နေတာလဲသွေးရယ်....
"ဟော....ဓာတ်ပုံတွေ ကြည့်နေကြတာလား...ငါးပေါင်းလေးစားလိုက်ဦးနော်...."
အသံနဲ့အတူ စစ်အမေဟု ပုံထဲမြင်ဖူးထားသဖြင့်သွေးထရပ်ပြီးအသိအမှတ်ပြုပြုံးပြလိုက်သည်။
ပုံက အရပ်ရှည်ရှည်နဲ့ခန့်ခန့်သန့်သန့်ထက်မြက်တဲ့မိန်းမကြီးတစ်ယောက်ပုံစံမျိုး။ အကြည့်တွေကစူးရဲနေသည်။
သူ့အကြည့်တောင်သွေးတောင်ကျောပင်ချမ်းလာရသည်။
"မေမေ ဒါ သီပေါကသွေးတဲ့...မသွေး စစ်မေမေလေ"
"ဟုတ်ကဲ့ အန်တီ "
မွန်ရည်သော အပြုံးဖြင့်သွေးနေရာတွင်ပြန်ထိုင်ရင်း နှုတ်ဆက်ရပြန်သည်။ သူ့အမေကသွေးနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်ပြီးငါးပေါင်းပန်းကန်ကို စားပွဲပေါ်တင်လိုက်သည်။
"သမီးအကြောင်း စစ်ကပြောပြထားတယ်ကွယ်"
ဟိတ်ဘာတွေပြောပြထားပါလိမ့်မဟုတ်မှ ငါ့ကိုကြိုက်နေတဲ့အကြောင်းပါပြောပြထားတာများလား
ရုတ်တရက်လန့်ပြီး စစ်ကိုမျက်လုံးစွေကြည့်မိတော့ စစ်မှာဖြင့်စကားဝိုင်းစိတ်မဝင်စားပဲလိမ္မော်သီးစိတ်တွေကို စားနေသည်။သွေးကြည့်နေမှန်းသိတော့ပြောင်စပ်စပ်ပြန်ရယ်ပြသည်မို့...
"ဪ...စစ်က စစ်မိသားစုအကြောင်းတွေလဲပြောပြပါတယ်ရှင်...အိမ်ကအမေတို့တောင်စစ်ကိုဟင်းကောင်းကောင်းလေးတွေမကျွေးလိုက်ရလို့ အားနာနေခဲ့တာ...နောက်ထပ်လာပါဦးလို့တောင်မှာလိုက်သေးတယ်ရှင့်"
သွေး စကားကြောင့်တစ်ဖန်စစ်ကသွေးဖက်ကိုအလန့်တကြားပြန်ကြည့်သည်။ သူ့အမေရှေ့မှာတောင်နှစ်ယောက်သားက ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြတာလားမသိ။
သွေးကလဲ စစ်နဲ့သွေးကခုမှသိတာမဟုတ်ပဲ တအားတွေရင်းနှီးဖူးကြောင်းကို သူ့အမေစမေးလာတဲ့စကားကြောင့်သာပြောပြချင်ရုံသာ။
စစ်ကမူ သူခိုးပြီးလာခဲ့တဲ့ခရီးအကြောင်းကို အမေသိသွားမှာကြောက်တဲ့စိတ်နဲ့သွေးစကားကို လိုက်ဟန့်တားလိုက်ချင်တာပင်။
"ဟုတ်တယ်သမ်ိးအိမ်မှာထမင်းစားခဲ့ဖူးတယ်တဲ့...ဒီမှာနေ့လယ်စာကော ညစာပါစားသွားနော်သမီး....တစ်ခါတလေလေးလာတုန်း အန်တီတို့လဲ ဧည့်ဝတ်ကျေရတာပေါ့ကွယ်"
ဒီလိုကျတော့လဲ စစ်အမေက သဘောကောင်းပေသားဟုမှတ်ချက်ချမိသား။
"ကျေးဇူးပါ အန်တီရဲ့ ဒါပေမယ့်..သမီးက...."
"ဟုတ်တာပေါ့...အမေရဲ့...မသွေးတို့အိမ်ကတအားသဘောကောင်းကြတာ...ဟင်းကောင်းကောင်းလေးချက်ကျွေးလိုက်နော်...မေမေ...စစ်က တခြားနေရာတွေလိုက်ပြဦးမှာ"
သွေးစကားမဆုံးခင်အလောတကြီးစစ်ကဖြတ်ပြောလိုက်သည်။ သူ့အမေတော့မသိ။သွေးကောစစ်ပါသူ့အမေရှေ့မှာတအားတွေအမူအယာပျက်နေကြတာ။ စကားကိုလဲလုပြောကြည့်လိုက်၊ တစ်ယောက်စကားပြောပြီဆို တစ်ယောက်ကအလန့်တကြားကြီးမျက်နှာကြည့်လိုက်နဲ့ အလွန်တရာရုပ်ပျက်လှသည်။
သူ့အမေကလဲ ဘာတွေနားလည်နေလိုက်သလဲမသိ။ ပြုံးပြုံးကြီးသာစကားအမျှင်မပြတ်ပြောနေတာ။
"သမီးတို့မိဘတွေကော ဘာလုပ်ကြသလဲမောင်နှမတွေကောရှိလား"
"ဟုတ်ကဲ့...မိဘများကတော့ခြံစိုက်စားပါတယ်ရှင့်...မြစ်ဘေးမှာနှင်းဆီခြံလေးရှိတယ်...မောင်နှမတော့လေးယောက်ပါ....အကိုကထွေအုပ်ရုံးမှာစာရေးလေး....မောင်လေးကတော့ဆယ်တန်း...ညီမလေးကတော့ခုနှစ်တန်း"
"ဒါဆို သမီးက ဒုတိယပေါ့"
"ဟုတ်ကဲ့"
"သမီးကကောကျောင်းမနေဘူးလား"
"သမီးကကျောင်းပြိးသွားပြီရှင့်...ဘွဲ့ပဲမယူရသေးတာပါ..."
"ဟုတ်လား ငယ်ငယ်လေးရှိသေးတာ...ကျောင်းတောင်ပြီးနေပြီလား ဘာအလုပ်တွေလုပ်နေတုန်း"
"ခြံမှာအဖေတို့နဲ့ကူလုပ်နေပါတယ်...တစ်လပိုင်းလောက်ကျကျောင်းဆရာမလျှောက်မလို့စဉ်းစားထားပါတယ်မနှစ်ကထောက်ခံစာနဲ့လျှောက်မလို့နောက်ကျသွားတာနဲ့မလျှောက်ဖြစ်တာပါ"
"ကောင်းတာပေါ့ကျောင်းဆရာမလေးလဲ ... အန်တီတော့သဘောကျတယ်ကွယ်...အန်တီသမီးတွေဆိုတစ်ယောက်မှကျောင်းကောင်းကောင်းမတက်ခဲ့ရဘူး သူ့အစ်မဆိုလဲမတက်...စစ်ကျတော့လဲကျန်းမာရေးမကောင်းတော့စာတော်ပါရက်နဲ့သူကမတက်ချင်ဘူးဆိုတော့ထားမရခဲ့ဘူး"
စစ်အမေနဲ့သွေးပြောနေတဲ့စကားဝိုင်းထဲကိုကျတော့ ဒီတစ်ခါဝင်မပါတော့ချေ။ သူ့ဟာသူတိတ်ဆိတ်စွာနဲ့ငါးပေါင်းပန်းကန်ကိုအပိုင်စီးရင်းအရိုးတွေရှင်းထုတ်နေသည်။
"ဒါပေမဲ့ အန်တီရယ်... သမီးတို့ကပညာတတ်ဘွဲ့ရဆိုတာ ဂုဏ်ပဲရှိတော့တာ....စာတတ်ရုံပဲ...စစ်တို့ကမှပညာတတ်တယ်ခေါ်တာ....သမီးအကိုတို့ဆိုတလမှတသိန်းကိုးသောင်းပဲရတယ်...ဒါဘွဲ့ရစာရေးတစ်ယောက်ရဲ့တလစာလုပ်အားခ...စစ်တို့ကျတော့ ကတ်ကျေးလေးကိူင်ပြီး လုပ်စားနေတာတစ်ယောက်ဆိုအနည်းဆုံးနှစ်ထောင်...တရက်မှာဆယ်ယောက်လဲမှမကတာ လာညှပ်နေသူအပြင်ဆံပင်အလှပြင်ချင်တဲ့သူရောက်လာရင်လဲ တစ်ယောက်ဆိုရင်နှစ်သောင်းကဝင်နေပြီးသား. တရက်မှာတစ်ယောက်ပဲလာပြင်ရင်တောင်...တလဆိုခြောက်သိန်းလောက်ရနေတဲ့ဟာကို"
သွေးပြောတာကို သဘောပေါက်စွာခေါင်းငြိမ့်ပြနေရင်းမှ
"ဟုတ်တော့လဲဟုတ်ပါတယ်ကွယ်...ဒါပေမဲ့ ဆံပင်ညှပ်တဲ့စစ်တို့လိုအလုပ်မျိုးကိုသမီးတို့တွေသင်ယူနိုင်တယ်လုပ်ပိုင်ခွင့်ရှိတယ်...သူတိူ့ခြောက်သိန်းဝင်သလိုသမီးတို့လဲသူတို့နည်းနဲ့ရှာလို့ရတယ်....စစ်တိူ့ကျပြန်တော့သမီးတို့လိုဘွဲ့ရစာတတ်တစ်ယောက်ဖြစ်ဖို့ဆိုတာပြန်ကြိုးစားဖို့မလွယ်လှဘူးလေ"
"ခုခေတ်က ဘွဲ့ရတွေဆိုတာ ပိုက်ဆံရှိတဲ့သူဋ္ဌေးတွေလောက်တိုးမပေါက်ပါဘူးအန်တီရယ်"
"အဲ့လိုလဲမဟုတ်ဖူးလေ...စာတတ်သူနဲ့ စာမတတ်သူကစကားပြောတဲ့အသံအနေအထားမှအစကွာခြားတယ်ကွဲ့...ကဲ ထားပါတော့...အန်တီသိတယ်....သမီးကပညာတတ်တစ်ယောက်ဆိုပြီး မာန်မာနလဲမကြီးဘူး...စစ်တို့ကိုလဲမနှိမ့်ချဘူး...အန်တီအားမငယ်အောင်အမျိုးမျိုးပြောပြနေတာကိုလေ....စားလိုက်ဦး...နေ့လယ်စာအတွက်ပြင်လိုက်ဦးမယ်"
ပညာတတ်တွေရိုင်းရင်ပညာမဲ့သမားထက်ဆိုးတယ်ဆိုတာ အန်တီမှမကြုံဖူးသေးတာလေ....ဆိုတာကိုတော့မပြောဖြစ်လိုက်။ အန်တီကမီးဖိုခန်းထဲဝင်ရောက်သွားပြန်ပြီလေ။
နံဘေးကစစ်ကတော့တိတ်ဆိတ်နေတုန်း။အရိုးထွင်လို့ကောင်းတုန်း။
"ဒီမယ်...မမ ကျွန်မထပြန်ရတော့မလား...."
သွေး အငေါ်ထူးပြောပါမှ စစ်ခေါင်းလေးမော့လာရင်း
"မကလဲ စစ်က မ စားဖို့ငါးအရိုးလေးနွှင်ပေးနေတာပါနော်...ပြီးတော့မတို့စကားတွေနားထောင်နေတာပါ"
"ဟွန့်...သူ့အပြစ်လွတ်အောင်သိပ်ပြောတတ်တာပဲ"
" မဟုတ်ပါဘူး မ ပျင်းနေလား.စစ်ဂီတာတီးပြရမလား"
"ကောင်းသားပဲ တီးပြလေ"
"ဒါဆိုခဏနော်...အပေါ်မှာဂီတာက"
ကမန်းကတန်းအပေါ်ထပ်ကိုပြေးတက်သွားလေသည်။ ချက်ချင်းပင်နီညိုရောင်ဂီတာလေးကိုင်ပြီးဆင်းလာသည်။
"လာလေ မ ခြံထဲသွားမယ်...အမေကဂီတာသံနဲ့မတည့်ဘူး"
"ဟင်ဘာလို့လဲ"
"စစ်က ကပေါက်တိကပေါက်ရှာတွေတီးတတ်တာကိုး...နားငြီးတယ်တဲ့ အာ့ကြောင့်...."
ငါးပန်းကန်လေးတသ်ဖက်ဂီတာတစ်ဖက်ကိုင်ပြီး အိမ်ရှေ့က ဒန်းလေးဆီလာခဲ့သည်။ ဒန်းလေးဘေးတွင်စားပွဲသေးသေးလေးပေါ်ငါးပန်းကန်လေးတင်ပြီးသွေးကိုအရင်ထိုင်စေလိုက်သည်။ ပြီးမှ စစ်ကဝင်ထိုင်သည်။
"ကဲ ငါးလေးလဲစား...စစ်တော့တအားကြိုက်တာငါးပေါင်းကို...အမှန်ကအမေ့လက်ရာထက်မကြီးကပိုကောင်းတာသိလား"
ဇက်ကလေးပုပြီး သူ့အမေအတင်းအုပ်နေသေးတော့တာ။သွေး ခက်ရင်းနဲ့ကော်စားတော့နူးအိအိလေးနဲ့အရသာက ထူးပြီးကောင်းနေသည်။
"ကောင်းသားကို စစ်ကလဲ"
"ဟာ...မကြီးလက်ရာမှမစားဖူးသေးကိုး....ထားပါတော့...စစ်ဘာသီချင်းတီးပြရမလဲ..."
"ကြိုက်တာတီး...မကနားထောင်မယ်ဆိုလဲဆိုနော်"
"ဘယ်ကလာ စစ်ကသီချင်းမဆိုတတ်ဘူး တီးပဲတီးတတ်တာ...ဒါတောင်နည်းနည်းပါးပါးပဲ"
"သီချင်းကျအမြဲနားထောင်ပြီးမဆိုတတ်ဘူးဆိုတာဟုတ်လို့လားနော်မဖြစ်နိုင်တာကြီး"
"ရော်...ခက်ပြီ..တကယ်ပါဆို...စစ်ကတီးတယ်ပြီးရင်ညည်းတယ်....သီချင်းစာသားထည့်ပြီးဆိုပြီဟေ့ဆိုရင်တော့စာအော်ဆိုနေရသလိုပဲ...ဒါကြောင့်စစ်ကမဆိုဘူး အသံနေအသံထားနဲ့မဆိုတတ်ဘူးလို့'
"ကဲ စကားပဲပြောနေတာနဲ့ အချိန်ကုန်တော့မယ်...တီးမှာဖြင့်တီးတော့...မက စားရင်းနားဆင်မယ်"
ဂီတာကြိုးအတင်းအလျော့စစ်နေသေးသည်။ ပြီးနောက်အသံလဲစမ်းနေသည်။
"ခဏနော်ပြန်လာမယ်"
ခဏဆိုပြီးတစ်ခါဆိုင်ဖက်သို့ပြေးဝင်သွားသည်။ စစ်ပုံစံလေးကအပူအပင်မရှိတဲ့ကလေးတစ်ယောက်ရဲ့ဘဝမျိုး။ ဆုတောင်းကောင်းလှသည်။ ကျန်းမာရေးအတွက်တော့မပါခဲ့ဘူးပေါ့လေ။ အဖေမရှိတာလဲ ငယ်တည်းကဆိူတော့သိပ်ပြီးအထူးဆန်းမဟုတ်။ အဖေဟုတမ်းတနေစရာမလိုအောင်သူ့အမေနဲ့အစ်မဖြစ်သူကအတတ်နိုင်ဆုံးပြည့်စုံအောင်ထားပေးနေသည်ပဲ။ ခုဆို သူ့ဟာသူတောင်ကိုယ်ပိုင်ဝင်ငွေရှာနိုင်နေပြီလေ။ ရုပ်ရည်ကလဲပြောစရာမလို။ စစ်အကြောင်းတွေးမိနေတာနဲ့ပါးကနီလာပြန်သည်။
ခဏကြာတော့ လက်ထဲမှာ မည်းမည်းရှည်ရှည်လေးကိုင်လာသည်။
"စစ်အဲ့ဒါဘာလဲ"
အဲ့အရာကိုစားပွဲပေါတင်ပြီးဖုန်းနဲ့တွဲလိုက်သည်။ သူ့ဟာသူရွေးနေပြီးမှ
"ဘလူးတုလေ မ မသိဘူးလား"
"ဟင့်အင်း မသိဘူး ခုမှမြင်ဖူးတယ်ဒါနဲ့ဘာလုပ်မလို့ဂီတာတီးပြမှာဆ်ု"
"တီးမယ်လေ...ကဲ နားဆင်ချေရော"
ဖုန်းနဲ့တွဲ၍ ဖွင့်ထားသောဘလူးတုမှ တီးလုံးသံလေးတွေနဲ့အတူစစ်ရဲ့ ဂီတာသံသည်လဲသာယာချိုအေးစွာပေါ်ထွက်လာတော့သည်။ သီချင်းကြီးပေမို့လားမသိ။သွေးသည်စစ်တီးနေသောသီချင်းကိုမသိ။ စစ်ကတော့မျက်နှာလေးတည်လျက်သူ့ဂီတာကြိးတွေ၌သာအာရုံစိုက်နေပုံရသည်။ သီချင်းကလဲဆွေးဆွေးကြီးနဲ့ကောင်းလှသောကြောင့်သွေးသည်လဲပဲ စားဖို့တောင်မေ့လို့။ သီချင်းကလေးဆုံးကာမှ သီချင်းအမည်သိရတော့သည်။
နှုတ်မဆက်နဲ့ ငိုချင်တယ်တဲ့။
သီချင်းလေးတီးပြီးသွားပြီး စစ်ကသွေးကိုငေးငေးလေးကြည့်သည်။
ဘုရားရေ....စစ်မျက်ဝန်းမှာငွေ့ရည်ဖွဲ့နေပါလားလေ....
ထို့နည်းတူသွေးမျက်ဝန်းဝမှာလဲ ....။
အကြည့်ချင်း ဆုံနေတာကိုလွှဲဖယ်ခြင်းမပြုပဲနေမိစဉ်သွေးရင်ခုန်သံသည်လဲ တစ်နေရာရာသို့လွှင့်မျောသွားသလို။
....
နေ့လယ်စာကို အမေကကောင်းမွန်စွာပြင်ဆင်ပြီးမကိုကျွေးမွေးခဲ့သည်။ ပညာတတ်တစ်ယောက်ဖြစ်သောမကိုအထင်ကြီးလေးစားသောအကြည့်တွေနဲ့အတူသဘောကျနေသောအမေ့ကြောင့်စစ်စိတ်ထဲကြိတ်ပျော်နေရသည်။ မတီးခေါက်တာကြာပြီဖြစ်သော ဂီတာသံကြောင့်ဆိုင်ထဲလူတွေအံ့သြနေသည်မှာ အမှန်။ စစ်ဂီတာမတီးတော့တာကြာလှပြီလေ။ ခုမှမအတွက်တီးပေးဖြစ်တာမို့ လက်သံအချို့တော့ပျက်နေသည်။
မ ရဲ့ ဖုန်းလေးမြည်လာပြီးနောက်စစ်အိမ်မှာညနေထိနေမယ့်အစီအစဉ်လဲမရှိတော့ပြီ။ ညနေဖက်ချက်ချင်းပြန်မည်စီစဉ်သော မနဲ့အတူပါလာတဲ့လူတွေကို အမြင်ကပ်မိသည်။ ဆုံရခဲသောတောင်နဲ့မြောက်ခရီးဝေးကြီးမှာ တစ်ခါတလေလေးဆုံရတာတောင်ခဏလေးပါလား။
မပြန်ခင်လေးမကိုပို့ရင်း မ အတွက်လက်ဆောင်လေးဝယ်ပေးရန်စိတ်ကူးဖြင့်ဆိုင်တစ်ခုထဲဝင်လိုက်သည်။
"စစ်...ဘာလုပ်မလို့လဲ.."
"မအတွက်လက်ဆောင်လေးဝယ်ပေးချင်လို့လေ..."
"ဟာ...အားနာစရာ....မလိုပါဘူးစစ်ရဲ"
"လိုမှဝယ်ပေးရင်လက်ဆောင်လို့ခေါ်မလား မကလဲ...လာပါနော်"
ဆိုင်ကယ်လေးလွတ်ရာထိုးရပ်ပြီး မကိုအတင်းခေါ်ရသည်။ ထိုအခိုက်ဆိုင်ကယ်အကောင်းစားကြီးစီးလာသောကောင်လေးနှစ်ယောက်စစ်တို့ဆိုင်ကယ်ဘေးကနေရာကျဉ်းကျဥ့းလေးဆီသို့အတင်းပါကင်ဝင်ထိုးတော့ မ ကို တိုက်မိမလိုဖြစ်သွားသည်။ ဒါတောင်မ ဖိနပ်လေးကျွတ်ပြီး ကျန်ခဲ့တော့ သူတို့ဒေါက်ထောက်လိုက်စဉ်သဲကြိုးလေးပြတ်ထွက်သွားသည်။
မ လဲ အတော်လန့်သွားရှာသည်။ စစ်ကစိတ်တိုသွားပြီး
"ဒိမှာ ရှင်တို့ ဘယ်လိုမောင်းလာတာလဲ...လူကိုမမြင်ဘူးလား ဆိုင်ကယ်အကောင်းစားကြီးစီးနေပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းလဲမသိပါလား"
"လာနေတာမြင်ရက်နဲ့မရှောင်တာလေ....ခင်ဗျားတို့ပဲမှားပြီးလာပြောနေတယ်"
"ဘာရယ်...မြင်လား ဟိုမှာဖိနပ်ပြတ်သွားတယ်....ရှင့်ဆိုင်ကယ်ဒေါက်အောက်တည့်တည့်မှာလေ...ကံကောင်းလို့သာလူမမိတာ မိများမိရင်ရှင်တို့ကိုသတ်ပစ်မှာ"
စစ်ကဒေါသူပုန်ထနေသလောက်ဟိုဖက်ကကောင်လေးတွေများစစ်ကိုသူငယ်နှပ်စားလေးလေးလိုစချင်နောက်ချင်စိတ်ဖြင့်ပြီတီတီကြည့်ပြီး
"ဒီပုံစံလေးကလူသတ်ရဲပါ့မလား...ဟား...ကြည့်လဲလုပ်ဦး ဒီဖိနပ်လေးကဘယ်လောက်ပေးရတာမို့လို့လဲရော့"
ပြောပြီးတာနဲ့ ဂျင်းဘောင်းဘီအိတ်ထဲမှတစ်သောင်းတန်သုံးရွက်ကိုဆွဲထုတ်၍ စစ်ကိုကမ်းပေးသည်။ လူတွေလဲဝိုင်းလာတော့မလဲရှက်လာသည်ထင်။ စစ်လက်ကိုဖွဖွဆုပ်၍
"လာပါစစ်ရယ်လူများနေပြီ ပြန်ထွက်ရအောင်နော်"
အသံတုန်တုန်လေးနဲ့ပြောနေတာကြောင့်မကိုသနားသွားပြီး ကမ်းပေးနေတဲ့တသောင်းတန်တွေကိုဆွဲယူကာ ထိုလူမျက်နှာပြန်ပေါက်ရင်း
"သုံးသောင်းတည်းနဲ့များသူဋ္ဌေးပုံစံလာလုပ်နေတယ်...အဲ့ပိုက်ဆံနဲ့အဲ့ဖိနပ်မျိုးရှာဝယ်ပြီးမရှိတဲ့သူတွေကိုလှူလိုက်"
ဒေါသထွက်စွာနဲ့ဘာစကားတွေပြောမိလဲစစ်ကိုယ်စစ်မသိတော့။ မကိုသာ ဆိုင်ကယ်ပေါ်တင်ပြီး အဲ့နေရာကအမြန်မောင်းထွက်လာခဲ့သည်။ အင်္ကျီစလေးကိုမရဲတရဲထိလာတဲ့မ လက်တွေကို စစ်အားနေတဲ့လက်တစ်ဖက်ဖြင့်ပြန်လည်ဆုပ်ကိုင်လိူက်သည်။
'မကြောက်နေလား မကြောက်နဲ့နော်"
"စစ်ကရန်ဖြစ်တော့ကြောက်တာပေါ့ စစ်ကအဲ့လိုဖိုက်တာလေးလားဟင်"
မ၏ အမေးကြောင့်ဒေါသဖြစ်နေတဲ့စိတ်တွေဘယ်ရောက်ကုန်လဲမသိပဲရီလိုက်ရသည်။
"ဘယ်ကလာကွာ...စစ်ရန်မဖြစ်ရဲပါဘူး...ခုဟာကမကိုထိလို့ဖြစ်တာ...မကိုထိရင်ဘယ်သူ့မဆို စစ်ကမကြောက်ဘူးဘာပဲလုပ်ရလုပ်ရ"
"ဟယ်..တကယ်ကြီးထချပစ်မှဖြင့်ကွယ်"
"မစိုးရိမ်နဲ့ စစ်ကသိုင်းတတ်တယ်"
စစ်အဖြေကြောင့်ဆိုင်ကယ်မှန်မှမအပြုံးလေးမြင်လိုက်ရသည်။ခြေဗလာနဲ့ထမီစလေးဖုံးပြီးဆိုင်ကယ်စီးလာနေတဲ့မကိုသနားသည်။ အဝေးကလာရသူမို့လိူ့ ဖိနပ်ကတရံပဲပါမှာသေချာသည်။ ဖိနပ်မပါပဲဘယ်မိန်းကလေးကများ သွားလာရဲပါ့မလဲ။
Lady shoe ဟူသော ဆိုင်ရှေ့တွင်ဆိုင်ကယ်ရပ်ကာ
"ခဏလေးနော်မ ပြန်လာခဲ့မယ်ဆိုင်ကယ်ပေါ်ပဲထိုင်နေနော်"
မကိုဆိုင်ကယ်ပေါ်တင်ပဲထားခဲ့ပြီးဆိုင်ထဲဝင်လိုက်သည်။ မှန်ဘီရိုထဲတွင်အလှစီးဖိနပ်မျိုးစုံ၊ စစ်လဲ ရှူးဖိနပ်များများစီးတတ်သူမို့အလှစီးတွေသိပ်မကြည့်တတ်တာနဲ့ မျက်စိရှေ့မှာမြင်နေတဲ့ ကြိုးသိုင်းကွင်းထိုးဖိနပ်အနက်ရောင်လေးကိုမခြေထောက်ဆိုဒ်လေးနဲ့မှန်းကာ ဝယ်ယူလိုက်သည်။
ဖိနပ်ပြတ်သွားတာနဲ့ပဲစစ်အတွက်ကောင်းသွားသလို။ ရိုးရိုးလက်ဆောင်ဆိုမကငြင်းမှာလေ။ ဖိနပ်ထုတ်လေးကိုင်ပြီး မ ဆီရောက်လာတော့မက
"ဘာလုပ်မလို့လဲ ဖိနပ်ကအရေးတကြီး"
မမေးနေသည်ကိုမဖြေပဲမရှေ့မုဆိုးဒူးထောက်ပုံစံထိုင်ကာ ဖိနပ်ထုတ်ပြီးစီးပေးလိုက်သည်။
"အတော်ပဲ..မနဲ့ကွက်တိ...အဲ့ခဏနေဦး ဒီတိုင်းစိးရင်မ ဖိနပ်ပေါက်လိုက်မယ်"
မခြေထောက်မှာလှနေတဲ့ဖိနပ်ကိုပြန်ချွတ်ပြီးကြိုးစနားလေးပါးစပ်နဲ့အသာကိုက်ကာ
ငါ နင့်ကိုကိုက်မယ်နင်ငါ့ကိုမကိုက်နဲ့
ဟု တဖက်စီကိုက်ပြီးပြောကာ ဖိနပ်ကိုသေချာပြန်စီးပေးလိုက်သည်။ စစ်လုပ်သမျှကို မ က အကြောင်သားကြည့်နေသည်။ တစ်ဖက်တည်းပါလာသောဖိနပ်ကိုတော့လမ်းဘေးအမှိုက်ပုံးထဲပစ်လိုက်သည်။
"သွားမယ်မ မခြေထောက်လေးကဒီဖိနပ်နဲ့လှနေတယ်သိလား"
"ဘာလို့လဲ...ဖိနပ်ဖို့း မကပြန်ပေးမယ်နော်.ဘယ်လောက်လဲ"
"အာ..စစ်ကလက်ဆောင်ပေးတာ မရဲ့ ပြန်ပေးစရာမလိုပါဘူး"
"ဖိနပ်ဆိုတာ လက်ဆောင်မပေးကောင်းဘူး စစ်"
"ဘာလို့လဲ တဖက်သားကမေတ္တာသန့်သန့်နဲ့ပေးတာပဲကို ခိုက်လို့လား"
"ဖိနပ်ပေးရင်ဝေးတတ်တယ်ကွယ်"
မက စစ်နဲ့ဝေးမှာကြောက်နေပါလား...ဒါဆိုမက စစ်ကိုကြိုက်နေပြီလားဟုတွေးမိကာဆိုင်ကယ်မောင်းရင်း ပြုံးနေမိသည်။
"ဘာလို့ဝေးစရာလဲ...ဖိနပ်လေးစီးပြီးစစ်ဆီအမြဲလာဖို့ခေါ်နေသလိုပေါ့...နီးရအောင်ကို"
"ဖိနပ်စီးပြီးသွားလိုရာသွားချေတော့လို့ ဆိုသတဲ့ကွယ်မဖြစ်သေးပါဘူး ဖိနပ်ဖိုးကိုမကပြန်ပေးမယ်"
"မကလဲကွာ အယူသီးလိုက်တာ...သိပ်ပေးချင်နေရင်မ ဆီကစစ်လိုချင်တာပေးလိုက်"
"ကဲပြော ဘာလိုချင်တာလဲ"
မ အချစ်ပေါ့ ဟုပြောလိုက်ချင်သည်။ သို့သော်ပြောမထွက်။ ထိုင်နေရာအကောင်း ထသွားမှကျိုးမှန်းသိရသည့်အဖြစ်မျိုးထဲမပါချင်။
"ထားပါ...မ အယူမသီးစမ်းပါနဲ့...မ မလာနိုင်လဲစစ်ကရောက်အောင်လာမှာမို့လို့စိတ်ထဲမထားနဲ့နေိာ...ဟိုကားလား....မတို့စီးလာတဲ့ကားက"
ဟိုတယ်လ်ရှေ့တွင်ရပ်ထားသည့်ကားကိုထိုးပြလိုက်သည်။
"အင်း ဟုတ်တယ်ပြန်တောင်ရောက်နေကြပြီပဲ"
မကို ကားနံဘေးအထိလိုက်ပို့ပေးလိုက်သည်။
"ကျေးဇူးနော်...စစ်...အချိန်ခဏလေးမှာ စစ်တို့ဧည့်ဝတ်ကျေမှုကို မ မမေ့နိုင်ပါဘူးကွယ်....အထဲဝင်ဦးလေ....မ အဝတ်တွေသိမ်းရမှာ"
"မဝင်တော့ပါဘူး မရယ်.
.ပြီးတော့...စစ်က မ ပြန်နေတာကို မလိုပြုံးပြုံးကြီးနဲ့ရပ်ကြည့်နေနိုင်မှာမဟုတ်တာမို့လို့"
စကားအဆုံးမှ အနားသတ်တိမ်ဝင်သွားသည့်အသံနဲ့အတူ မျက်ရည်ပါဝဲသွားလားမပြောတတ်ပေ။
မလဲတိတ်သွားသည်။ နည်းနည်းကြာမှ
"ဒါဖြင့်စစ်ကပြန်တော့မှာလား...ဆိုင်ကယ်ဖြေးဖြေးမောင်းဦးနော်...နောက်ဆိုဦးထုပ်ဆောင်းပါကွယ်..."
"ဟုတ်ကဲ့ပါ...မလဲကားစီးရင်ပြတင်းအကုန်မဖွင့်နဲ့မိုးနံ့နဲ့တင်လေစိမ်းတိုက်ခံရင်လဲအအေးပတ်တတ်တယ်...ပြီး ဘယ်နေရာရောက်ရောက်စာပို့ဦးနော်...စစ်ကစိတ်ပူနေမှာမို့လို့"
"ဟုတ်ပါပြီရှင်...စစ်လဲအိမ်ပဲတန်းပြန်နော်..."
"ဟုတ်စစ်သွားတော့မယ်"
သွားတော့မယ်ဆိုပြီး မကိုကြည့်လိုက်သည်။ ဒါ သုံးကြိမ်မြောက်တွေ့ဆုံခြင်း။ သိုပေမယ့်စစ်အမှန်တကယ်ချစ်နေမိပြီလေ။ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကအမြန်ထုတ်လိုက်ပြီး မ ဆီစာတချို့ရေးပို့လိုက်သည်။ မကတော့သတိပြုမိဟန်မတူပဲစစ်ကိုပဲကြည့်နေသည်။
"မဖြေးဖြေး ပြန်နော်အန္တရာယ်ကင်းကင်းနဲ့ရောက်ပါစေ"
မရှေ့မှ ဆိုင်ကယ်မောင်းထွက်လာပြီးနောက်ကြည့်မှန်မှတဆင့်မပုံရိပ်ကိုလွမိးဆွတ်တသစွာ ကြည့်မိသည်။ စစ်အတော်ဝေးဝေးရောက်သည်အထိ မ အထဲမဝင်ပဲစစ်ကိုလိုက်ကြည့်နေတုန်း။
ငိုချင်သည်။ မျက်ရည်တွေဝဲတက်လာသည်။ နှုတ်ဆက်ခွဲခွာခြင်းဟာဒီလောက်တောင်ပဲနာကျင်ရသလား။
...
သွေး ပြန်ရောက်ပြီး အဝတ်တွေသိမ်းပြီးတာနဲ့ တန်းပြန်ရတော့သည်။ ဝန်ထမ်းတွေဖြစ်တဲ့လောပန်ညီအစ်မနှစ်ယောက်ကြောင့်တောင်ကြီးမှာလည်ပတ်ဖို့တောင်အချိန်မရကြ။ သူတို့ကတော့တောင်ကြီးကိုအမြဲလာသူမို့ အထူးမဟုတ်ပေမယ့်သွေးကိုတော့အလည်အပတ်ပို့ပေးချင်နေသည်။သွေးကလဲရောက်ဖူးသည်လည်ဖူးသည်ပြောထားသောကြောင့်ပြန်ဖြစ်ကြတာပင်။
အမှန်ကသွေးဘယ်မှမရောက်ဖူးသေးဟုဆိုရမည်။ လည်စရာများလွန်းသော ဒီတောင်ပေါ်မြို့လေးမှာသွေးကတစ်နေရာနှစ်နေရာလောက်ပဲရောက်ဖူးတာလေ။
ဒီတောင်ပိုင်းမှာရှိတဲ့ အင်းလေးတို့. ပင်းတယတို့အောင်ပန်း ကလော ရွာငံတို့ကိုလဲ စုံစိအောင်လည်ချင်သေးသည်။
မသေသေးသ၍တော့ ဒီနယ်မြေကိုသွေးပြန်ပြီးခြေချနေဦးမှာအမှန်။
အလှူလေးမှာ ဘယ်လောက်ကူပေးခဲ့သည်မသိ။ ဟိုညီမတော့အိပ်ရှာပြီ။ အရှေ့မှာမောင်းနေတဲ့လောပန်ရယ်သွေးကယ်သာငုတ်တုပ်။
ဘာစကားပြောရမှန်းမသိပဲကိုယ့်အာရုံနဲ့ကိုယ်နေနေတာမို့လောပန်လဲနေရခက်လာလားမသိ။ သီချင်းလေးထဖွင့်လိုက်သည်။
ထူးခြားတိုက်ဆိုင်စွာပဲ စစ်တီးပြခဲ့တဲ့သီချင်းလေးဖြစ်လို့နေသည်။အေးသာယာအောက်ဖက်ကနေစပြီးမိုးဖွဲဖွဲစမိတော့သည်။ ကားမှန်ကိုတဝက်ပဲတင်ပြီးအေးနေတာသိသိနဲ့ပေကပ်စီးလာခဲ့သည်။
ဂရုဏာ အကြင်နာအပြည့်နဲ့ချစ်ရည်ရွှန်းလက်နေသည့်မျက်ဝန်းအစုံနဲ့သွေးကိုဂရုစိုက်တတ်တဲ့ကလေးမလေး။
မဖြစ်စလောက်လေးဖိနပ်ပြတပ်သွားတာကို စိတ်မထိန်းနိုင်စွာပဲရန်ဖြစ်ရဲတဲ့ကောင်မလေးကသွေးအတိ်က်ဆိုအရာရာရက်ဆိုင်ရဲသည်တဲ့။
ဖိနပ်လက်ဆောင်ပေးရင်ဝေးတတ်သည်ပြောတာတောင်သွေးမလာလဲသူကလေးကရောက်အောင်လာမည်တဲ့။
အပြန်ပို့ပြီး ဟိုတယ်ခန်းထဲတောင်မဝင်ပဲသွေးပြန်တာကိုပြုံးမကြည့်နို်င်တဲ့ခလေးမလေး။
သွေးလက်ကိုကိုင်လိုက်တိုင်းသွေးနှလုံးသားထဲကမှအစပြုနွေးထွေးစေသည့်သူကလေး။
စစ်အကြောင်းလေးတွေးရင်းပါးလေးတွေပငိနွေးလို့သွားသည်။
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်အောင်သေသေချာချာ ချလိုက်ပြီးဖုန်းဖွင့်ကာလိုင်းတက်လိုက်သည်နှင့်မမျှော်လင့်ထားတဲ့စစ်ဆီကစာလေးတွေ viberမှာရောက်နေသည်။
စစ်လိုချင်တာ မ အချစ်လေ
စစ်နဲ့ မ ဘယ်တော့မှပြန်ဆုံမှာလဲဟင်
မပြောသလိုစစ်ပေးတဲ့ဖိနပ်လေးစီးပြီးမကိုပြန်သွားတဲ့အခါပဲအဝေးရောက်တယ်သဘောနော်...အဲ့ဖိနပ်လေးစီးပြီးစစ်ဆီပြန်လာမယ့်နေ့ကိုပဲစစ်ကမျှော်လင့်နေမယ်
အရမ်းချစ်တယ်မ
နာရီကြည့်တော့သွေးနဲ့နှုတ်ဆက်စဉ်သူဖုန်းထုတ်ပြီးစာရိုက်နေတာကသွေးအတွက်ပေပဲကိုး။
ရန်တွေ့နေတာကို သွားကြရအောင်ဆိုတာတခွနိးပဲပြောရပြီးသွေးစကားကိုလိမ္မာစွာနာခံတတ်ခဲ့တဲ့ခလေးမလေး။
ချစ်တယ်....
မကို စနိုက်မလို့ ပဲပြောပြော
သူများရည်းစားလုလို့ငရဲပဲကျကျ
မ ရင်ထဲမှာစစ်ကိုချစ်တဲ့အချစ်တွေတနေ့တခြားကြီးထွားလာတာကိုထိန်းမရတော့လို့ ဖွင့်ဟလိုက်ပါပြီ
မ စကားတွေနားထောင်ပေးလို့ ပိုချစ်တယ်
ဒီတစ်ခါချစ်တယ်ဆိုတာက
ညီမတစ်ယောက်မဟုတ်ဖူး
ချစ်သူတစ်ယောက်လိုချစ်တယ်ပြောတာနော်
စစ်ကရော....မ အားကိုးတကြီးဆုပ်ကိုင်ရမယ့်လက်တစ်စုံကို မအတွက်ပေးနိုင်ပါ့မလားဟင်
ဘာပဲဖြစ်ဖြစ်စစ်ဟာ မအတွက်ဖြစ်မလာလဲပဲမကတော့ချစ်နေပါပြီ
စာ အရှည်ကြီးကို တစ်တော်တောက်နဲ့နှိပ်ရင်း ပို့ရမလားမပို့ရပဲနေမလား စဉ်းစားနေတုန်းရှေ့မှာလာနေတဲ့ကုန်ကားကြီးကိုလမ်းဘေးဆင်းပြီးရှောင်လိုက်တော့သွေးလက်က စာကိုပို့တဲ့ခလုတ်နှိပ်မိသွားတော့သည်။
ဟယ်တော်.....ငါ ပို့မယ်လဲ မရည်ရွယ်ပါဘူး....
သွေးအတွက်ကံဆိုးသည်ဟုဆိုရမလားပင်မပြောတတ်။ စစ်အကောင့်ချက်ချင်း အွန်လိုင်းပြလာတော့သည်။ ထို့နောက်သွေးဖုန်းသည်လဲထူးခြားစွာ လိုင်းဖြတ်သွားတော့သည်။ ပို့ပြီးသားစာကိုတောင်ပြန်မဖျက်လိုက်ခင်တော့။
မျက်နှာပျက်လိုက်ပြုံးလိုက်လန့်လိုက်နဲ့ အမူအယာအမျိုးမျိုးဖြစ်နေသောသွေးပုံစံကိုနောက်ကြည့်မှန်မှတသ်ဆင့်လောပန်ကြည့်ပြီးပြုံးနေသည်ကိုသွေးတစ်ယောက်မသိလိုက်ချေ။
....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့