"ဟဲ့...စစ်က ဂီတာတီးတတ်တယ်လို့လဲ မကြားဖူးပါဘူးနော်....မနေ့ကတီးနေတော့သိပ်နားထောင်လို့ကောင်းတာပဲ"
စစ်ကော မကြီးကော မနက်စာစားနေကြချိန်ကို ဆိုင်ထဲမှမိန်းကလေးအသံတွေကကျွတ်စီနေတော့သည်။
"တူတူပဲဆို...ငါဆို လုပ်နေတာကြာပြီ...သူ.ဂီတာတီးသင်တန်းတက်နေတာလဲမတွေ့"
"ဟွန်း....မနေ့က စစ်ကလေးရဲ့မျက်နှာကို မြင်လား....ဟိုကောင်မလေးကိုသွားပို့ပြီး အပြန်ကျတော့ မျက်နှာတွေတအားပျက်နေရှာတာ....ကလေးတစ်ယောက်ကိုဆံပင်ညှပ်ပေးနေတာ စိတ်မပါသလိုမို့ ငါတောင်ဝင်ညှပ်ကူပေးလိုက်ရတယ်"
"ပြီးကျ ချက်ချင်း ပဲပြန်လန်းလာတယ်လေ...ဆိုင်ထဲသီချင်းလေးတွေတောင်ဖွင့်ပြီးလိုက်ကနေတာလဲကြည့်ဦး"
တစ်ယောက်တစ်ပေါက်နဲ့ စစ်အကြောင်းကို ဇာတ်လမ်းတစ်ပုဒ်နှယ်ပြောနေကြတော့သည်။ ထိုအခါ နန်းနန်းရောက်လာပြီး ပိုက်ဆံအိတ်နဲ့သော့ကိုစားပွဲပေါ် ပစ်ချလိုက်မှပဲ အသံတွေက တိခနဲပြတ်တောက်သွားတော့သည်။ နန်းက အသံထွက်အောင်ရီလိုက်ရင်း
"ဟား ဟား မမစစ်အကြောင်းတွေပြောနေရာကချက်ချင်းငြိမ်ကျသွားပါလား"
"ဟယ်...နန်းစုတ်....ငါတို့က စစ်လာတယ်မှတ်လို့လှည့်တောင်မကြည့်ရဲဘူး"
"အေ့လေ..အသိမပေးဘာမပေးနဲ့ "
-ပေးလိုက်တာမှအကျယ်ကြီးမို့လို့ လန့်ကုန်ကြတယ်မဟုတ်ဖူးလား....သူများအတင်းတွေအုပ်နေချိန်ကျ လုလို့ယက်လို့ အဲ အလုပ်များလုပ်ရပြီဆိုဟိုလူ့လွှဲသည်လူ့လွှဲနဲ့"
သူ့ထက်အသက်ကြီးသော အစ်မကြီးတွေကို နန်းက စနောက်ရင်းပြောလိုက်သည်။ အကုန်လုံးထဲမှာမှနန်းကအငယ်ဆုံးလေ။ အစကတော့အိမ်မှာပျင်းတာနဲ့ သည်အိမ်မှာလာလည်ပတ်ရင်းနဲ့ မုန့်ဖိုးရလဲမနည်းလားဆိုပြီး ဝင်လုပ်နေတာပါ။ ခုတော့မကြီးချစ်ကောမမစစ်ပါသဘောတွေကောင်းပြီး နန်းကိုလဲ လစာလေးပေးလေတော့ နဂိုအပျင်းပြေသဘောမှအလုပ်ဟူ၍ တန်ဖိုးထားတတ်နေပြီ။ အရင်ကဆို လာချင်တဲ့အချိန်လာ ပြန်ချင်တဲ့အချိန်ပြန်နဲ့အလုပ်ချိန်ဟူလဲမသိ။ မမစစ်ဆီကဆံပင်ညှပ်တာတွေကြည့်ပြီးသင်ပြီး နန်းလဲသည်အလုပ်ကိုသဘောကျပြီးမွေ့ပျော်လာတော့ကျောင်းတက်ချိန်လေးတောင်လုတက်နေရတာ။ မကြီးတို့က တလလောက်စာကိုအေးဆေးလုပ်နိုင်စေရန်နားခိုင်းပေမယ့်နန်းကမနားချင်တော့။ကျူ ရှင်ပြေးတက်လိုက်ဆိုင်ပြန်လာလိုက်ဆိုင်မှာလူမကျရင်စာလုပ်လိုက်နဲ့ကျောင်းနဲ့လဲနီးတော့ အဆင်တွေမှပြေလို့လေ။
ပြီးတော့ မမစစ်နဲ့ကြီးကြီးလဲ တအားတွေအဆင်ပြေနေတော့စိတ်တွေချမ်းသာလို့။
"နန်းတို့များ ကျူ ရှင်မသွားတော့ဘူးလား မျက်နှာကြီးပြုံးဖြီးလို့"
နန်းအတွေးလွန်ပြီး ပြုံးမိနေတော့ တစ်ယောက်ကဝင်ပြောသည်။
"မကေသီကို ရည်းစားရှာပေးရင်ကောင်းမလားလို့တွေးနေတာပါလေ..ဟားဟား"
ထုံးစံအတ်ုင်း မကေသီဒေါပွအောင်စခဲ့ပြီး အိမ်ထဲသို့ပြေးဝင်လိုက်တော့သည်။ နန်းကအမြဲတမ်းစနောက်နေရမှအိပ်ပျော်စားဝင်သူပင်။
အိမ်ထဲဝင်ပြေးတော့ ပန်းသီးကိုင်လာတဲ့စစ်နဲ့ တိုက်မိမလိုဖြစ်သွားကာ စစ်လက်ထဲမှပန်းသီးလုံးလေး ပြုတ်ကျသွားလေတော့သည်။ စစ်က တဖြည်းဖြည်းလိမ့်သွားနေသော ပန်းသီးလုံးကိုလိုက်ကြည့်နေရင်း
"မိနန်း.နင်ဟာလေ...အမြဲပြေးလွှားနေတာပဲ...စာမကျက်ဘူးလား"
"ဘာလဲ စာမကျက်တာကိုပြောချင်တာလား ပန်းသီးကိုနှမြောနေတာလား"
"အေ့ အမြင်ကပ်လို့ဟေ့"
"ဟွန့်....သူ့ရည်းစားအဖြေပေးပြီးလဲ နန်းအပေါ်စိတ်မကြည်ပါလား....ဝူး ဝူး"
အမ်....သည်ကိစ္စ ဘယ်သူ့မှမပြောရသေးတာကို။ မိနန်းကသိသွားပြီ။ နန်းပါးစပ်ကိုစစ်လက်ဖြင့်ပိတ်လိုက်ရင်း အိမ်အပြင်ကိုဆွဲထုတ်လာရသည်။ အိမ်ထဲမှာ မကြီးတို့လဲ ရှိနေသည်ကိုး။ ကြားသွားရင်ပြသနာလေ။
"တိတ်တိတ်နေလေ....ဘယ်သူပြောလို့လဲ ငါ့ရည်းစားဆီကအဖြေရတယ်လို့"
"မသိတာမှတ်လို့...မသွေးကိုပြန်လိုက်ပို့ပြီး ခဏလောက်မှိုင်နေပြီးမှ ဖုန်းကြည့်ပြီးပြန်ပြုံးလာတဲ့အပြင်ဆိုင်ထဲမှာသီချင်းဖွင့်နေတာကလဲ အကျယ်ကြီး....အဲ့ ကိုယ်စောင့်နတ်ချည်းအခါတရာလောက်ဖွင့်နေတဲ့ဟာကို....နန်းကမသိပဲနေမလား"
စစ်အမူအယာက အဲ့လောက်တောင်သိသာစေသလား။ မကြီးတို့လဲရိပ်မိနေမည်လား။
"နင့်ဟာပေါက်ကရတွေကို...သွား လုပ်တော့ "
"ဘယ်ကပေါက်ကရ ရမှာလဲ...မနေ့ညနေဖက်က မမစစ်ရဲ့မိုင်ဒေးမှာ 13.9.2018⏰⏰2:24 pm ဆိုပြီး ဆင်ထားတယ်လေ....မမစစ်ရဲ့..လူသိမခံချင်ရင်လဲလုံအောင်ဖုံးပေါ့နော်....သူများတော့မသိဘူး နန်းကတော့ မမစစ်ပါးစပ်ဟလိုက်တာနဲ့ဗိုက်ထဲမှာ အူဘယ်နှစ်ခွေရှိလဲဆိုတာ မြင်လိုက်ပြီးသား"
စစ်တောင်ဘာမှပြန်မပြောနိုင်သေးခင်နန်းက လှစ်ခနဲအိမ်ထဲကိုပြန်ဝင်သွားပြီ။
ဟုတ်သားပဲ။ မ အဖြေပေးလိုက်တဲ့အချိန်က အဲ့အချိန်ကိုး။ စစ်မှာဖြင့်မကိုသွားပို့ပြီး မခွဲချင်ခွဲချင်နဲ့ မျက်ရည်လေးတွေဝဲပြီးအိမ်ကိုတောင်မနည်းပြန်လာရတာ။ ဆိုင်ထဲဝင်ပြီးအလုပ်ပြန်လုပ်၊ စိတ်ကမပါလှ၊ လူလေးပါးတုန်း ဖုန်းလေးဖွငွကြည့်တော့ မ ဆီကစာလေးရောက်နေသည်လေ။ စာဖတ်ပြီးမဆီကိုဖုန်းခေါ်ပေမယ့်ဆက်သွယ်မှုဧရိယာပြင်ပရောက်သွားခဲ့ပြီ။
ကိုယ်သိပ်ချစ်ရတဲ့ လူဆီကအဖြေရတော့ပျော်လိုက်သည့်ဖြစ်ခြင်း။လူကောနှလုံးပါတုန်လို့နေတာ။ မျက်နှာကအလိုလိုပြုံးလာတာ။
မနေ့ကစပြီး စစ်ကိုယ့်ရဲ့ရှင်သန်မှုကို သဘောကျလာသည်။ကျေနပ်အားရလာသည်။ မနဲ့အတူဆိုပြီး စိတ်ကူးယဉ်ရတာအမော။
"စစ်ရေ....အရင်ရက်ကဆေးတွေမှာထားတာဂိတ်မှာရောက်နေပြီတဲ့ သွားယူပေးပါဦး"
အတွေးကောင်းနေဆဲ အိမ်ထဲက မကြီးအသံကြောင့်
"ဟုတ်မကြီး ခုပဲသွားလိုက်မယ်"
"ဆိုင်ကယ်ဖြေးဖြေးမောင်းနော်...ညက မိုးကျထားတယ်လမ်းတွေလျှောနေမယ်"
"ဟုတ်...တန်ဆာခ ယူသွားရမှာလား"
"တစ်ခါတည်းလွှဲပြီးသား....လက်မှတ်ထိုးပြီး ယူလာရုံပဲ...ဆိုင်ကယ်ထဲ ဆီအပြည့်ဖြည့်ထားတယ်နော်...လိုလိုမယ်မယ်ပိုက်ဆံတော့ယူသွားဦး လမ်းမှာဆိုင်ကယ်တွေပျက်နေဦးမယ်"
"စစ်မှာပါတယ်...အကြီးကောင်ကို တစ်ခါတည်းအဆောင်ပို့ပေးရမလား"
"ရပြီ...ခဲအိုပို့ပေးလိုက်မယ်..စစ်တစ်ယောက်ပဲသွားလိုက်"
"သွားပြီနော်"
ဆိုင်ကယ်သော့လေး ဆိုင်ထဲကဝင်ယူပြီး ကားဂိတ်ထွက်လာတော့သည်။ ဘလူးတုနားကျပ်လေးတပ်ပြီး မကိုဖုန်းခေါ်လိုက်သည်။
တူ တူ
အဲ ဝင်သားဟ....မ အိမ်ရောက်ပြီလားမသိ
"ဟလို"
အိပ်ချင်မူးတူးသံလေးနဲ့ မ အသံကခါတိုင်းထက်ကိုပိုပြီးနားဝင်ချိုနေသလို။
"မောနင်း မ အိပ်နေတာလား"
"အင်းပ...စစ်ကော ဘယ်သွားနေတာလဲလေသံတွေနဲ့"
"ခုပဲမနက်စာစားပြီးကားဂိတ်ကိုသွားနေတာ...ဆံပင်အတွက်ဆေးတွေမှာထားတာလေ"
"ဆိုင်ကယ်မောင်းရင်းပြောနေတာလား "
"ဟုတ်မ....လေအေးအေးလေးတိုက်နေတယ်မရဲ့....မတို့ဘယ်အချိန်ပြန်ရောက်လဲ""
"ကိုးနာရီခွဲလောက်လားပဲ....တလမ်းလုံးမှမနားခဲ့တာ..."
တိုးရှရှအသံလေးကြောင့်မ ပင်ပန်းနွမ်းနေမှာအမှန်။
"ပင်ပန်းလားမ"
"အင်းပ....ကားစီးရတာ မူးရတဲ့အထဲဆေးမသောက်မိတော့တအားအန်တာ....အိပ်နေလဲအန်ချင်ရင်နိုးလာတာပဲ"
"ဟုတ်ပါပြီ....မ ပြန်အိပ်လိုက်ဦးနော်...စစ်လဲတစ်ညလုံးအိပ်မပျော်ဘူးသိလား"
"ဟင်ဘာလို့တုန်း"
"ရော်....မနဲ့အတူဆိုပြီး တစ်နေ့ကျရင်ဆိုတဲ့စိတ်ကူးနဲ့ မအိပ်ပျော်တော့တာ"
"အဲ...စစ်ကလဲ...ရပြီ...ဂရုစိုက်မောင်းဦး...မ ပြန်အိပ်ဦးမယ်နော်....ဖုန်းပြောမနေနဲ့....ဦးထုပ်ပါသေးလား"
မကလဲ...ချစ်တယ်ပြောထားပြီး အဲ့အကြောင်းဟလိုက်ရုံရှိသေး စကားစဖြတ်ပြိ။ တကယ်တော့ မကရှက်နေသည်ကိုး။
"ပါဘူး....အိပ်တော့နော်....နေ့လယ်နိုးလာရင်ထမင်းစားပြီးရေချိုးလိုက်....ပြီး မ စစ်ကိုစာပို့ဦးနော်...ဗီဒီယိူကောပြောရအောင်လို့"
"အင်းပါ ချပြီ"
တီခနဲချသွားခဲ့ပြီ။ စစ်ရဲ့ချစ်သူအဖြစ်လက်ခံလိုက်တဲ့ မဘဝကိုစစ်တာဝန်ယူနိုင်အောင်ကြိုးစားရဦးမည်။ မလိုဘွဲ့ရပညာတတ်တစ်ယောက်ကို အဆင့်မြင့်မြင့်လေးထားချင်တာက စစ်ရဲ့စိတ်ရင်း။ စစ်နဲ့ပတ်သက်မလို့ မကိုဘယ်သူ့အပြောမှမခံရအောင်စစ်ကြိုးစားရမည်လေ။
.....
ဖေ့ဘွတ်ထဲ ခဏဝင်ပြီး စစ်လဲလိုင်းပေါ်မရှိတာနဲ့သွေးတို့ကျောင်းတုန်းကသူငယ်ချင်းတွေစုပြီးဖွဲ့ထားတဲ့gpထဲ ဝင်ကြည့်လိုက်စဉ်အကုန်လုံးကသွေးအကြောင်းချည်းပြောထားကြသည်။ viber ထဲချည်းဝင်နေတာနဲ့ပဲ messenger ထဲတောင်မဝင်ဖြစ်တာကြာပြီလေ။
"မိသွေးရေ....ရည်းစားတွေများရနေတာလား ငါတို့gpထဲတောင်မလာတော့ဘူး"
"ဟုတ်ပ...သွေးကိုလွမ်းတယ်...အလုပ်တွေများရှုပ်နေတာလား"
"သွေးရဲ့ရည်းစားကိုဘယ်လိုလူမျိုးလဲဆိုတာစိတ်ဝင်စားနေပြီဟေ့"
"သူထားရင်တော့သာမာန်လူတော့မဟုတ်လောက်ဘူး မိသွေးကအရမ်းကြီးကျယ်တာ"
"အေ့ဆို သူ့ဆိုတော်ရုံလူလဲမစရဲလောက်ဘူး"
စသဖြင့်သွေးအကြောင်းကိုအထင်တွေတကြီး မမြင်ရသေးတဲ့သွေးရည်းစားဆိုတာကိုပဲအပ်ကြောင်းထပ်နေသည်။ သူတို့စာတွေဖတ်ပြီးသွေးရီချင်လာသည်။
နင်တို့တွေးနေသလိုမျိုးသွေးကရည်းစားရှိနေတာတော့မှန်တယ်ကွယ်....ဒါပေမဲ့ ပညာတတ်ဘွဲ့တွေတသီကြီးရနေတဲ့ချောချောခန့်ခန့်ယောက်ျားကြီးတော့မဟုတ်ပေဘူး။သွေးထက်ငယ်သောကောင်မလေးတစ်ယောက်...ဘွဲ့လဲမရထားပါဘူး...သို့သော်သွေးကိုတအားတွေချစ်တတ်ပြီး ဂရုစိုက်တတ်တာကြောင့်ဘွဲ့တွေအမည်တပ်ပြီးပေးလို့ရနေသည်။
ကိုယ်တိုင်က သွားကြိုက်နေခဲ့ပါပြီဆိုမှတော့ ကိုယ့်ဦးနှောက်ကလိုချင်နေတဲ့ချစ်သူမျိုးထက်နှလုံးသားကသူ့ဆန္ဒအရရွေးချယ်လိုက်ပြီဖြစ်တဲ့ချစ်သူကိုသာပဲကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်သက်စာအတွက်ကိုရည်ရွယ်ပြီးသား ဖြစ်သွားလေပြီ။သွေးရည်းစားမများချင်ပါ။ တစ်သက်မှာတစ်ယောက်အတွက်ကိုပဲ အရာရာပုံအပ်ပြီးချစ်ပေးလိုက်ချင်သည်။ အကယ်၍များ ကံသွေဖယ်လို့ဝေးခဲ့ရလျှင်လည်း သူကလွဲပြီးနောက်ထပ်တစ်ယောက်ရှိမလာနိုင်။
ချစ်သူဖြစ်ပြီးတာနဲ့တန်းပြီး သူများတွေလို အခေါ်အဝေါ်တွေလဲပြောင်းမသွား။ သူ့အကောင့်ကိုယ့်အကောင့်ဝင်ကြည့်နိုင်ရန်ပတ်စဝေါ့တွေလဲအပြန်အလှန်မပေးကြ။
သွေးနဲ့စစ်သည်နေရာမှာအယူအဆချင်း တူချင်မှတူကြမည်။သွေးကတော့ စစ်ရဲ့ချစ်သူဆိုပေမဲ့စစ်နဲ့လုံးဝကြီးသက်ဆိုင်နေတာမဟုတ်တော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိုဝင်ပြီးမစွတ်ဖက်ချင်။ သက်ဆိုင်သည်ပဲထား...ဘယ်သူမဆို လွတ်လပ်ခွင့်တော့ပိုင်ချင်ကြဦးမှာပင်။ လိုင်းပေါ်မှာသွေးမဟုတ်တဲ့အခြားသူတွေနဲ့ စစ်စကားတွေပြောဖြစ်နေလဲ သဝန်မတိုမိ။ သူ့မှာလဲသူ့မိတ်ဆွေတွေသူ့ကိုခင်ချင်တဲ့သူတွေကစကားလာပြောဦးမှာလေ။ မပြောနဲ့သွေးကိုပဲအချိန်ပေးပါဟုပြောရအောင်လဲသွေးလဲအမြဲအားမနေ။
သွေးမရှိတဲ့အချိန်သူအားငယ်နေတဲ့အချိန်သူ့ခံစားချင်ကိုနှစ်သိမ့်ပေးဖို့လူတစ်ယောက်တော့လိုတယ်လေ။
ကိုယ်က သူ့ချစ်သူဆိုပြီးနေရာတကာလိုက်ချုပ်ချယ်လို့လဲမရ။
"မ လိုင်းတက်နေတာ မခေါ်ဘူး"
သူငယ်ချင်းတွေကို စာပြန်နေတုန်း စစ်လိုင်းပေါ်တက်လာသည်။
"မအားဘူးဆို ဒီနေ့ စစ်အိမ်မှာအလှူ လုပ်တာဆို"
ဟုတ်သည်။ ညကပဲ စစ်အိမ်မှာအလှူရှိတယ်မအားလောက်ဘူးလိူ့ပြောခဲ့တာကိုး။
"အင်း မကိုလွမ်းလို့တက်လာတာ အတော်ပဲမ ရှိနေတာနဲ့ "
"ဟုတ်ပါပြီ ပုံကလေးဘာကလေးပို့ခဲ့ပါဦး လှနေလားလို့"
ခဏဆိုပြီး ပို့တော့ပိုလာပါသည်။ အလှူ လုပ်တယ်လဲဆိုသေး။ လှလှပပလေးဝတ်စားထားမယ်ထင်နေတာ။
ထုံးစံအတိုင်းသနပ်ခါးကို ဟိုခြစ်သည်ခြစ်နဲ့ကြောင်ခြစ်သလို လိမ်းထားပြီး အိမ်နေရင်းဘေးအစင်းကြားစပို့ရှပ်အဝါလက်ရှည်နဲ့ ကာတွန်းဘောင်းဘီအနက်နဲ့။ သိပ်ကို ရုပ်ပြောင်ပြနေသေးတာ။ စစ်ပုံလေးကို ကြည့်ပြီးရယ်ချင်စိတ်ပေါ်လာသဖြင့်ဟဟလို့တောင်သွားရေလိုက်သေး။
"ဟမ့်မကလဲ စစ်ကိုအသဲပေးမလားလို့ဆို ဟဟတဲ့လား ပို့ခိုင်းလို့လဲပို့ရသေးတာကို"
ဟု အလိုမကျသော အီမိုဂျီပုံကြီးနဲ့။
"မက စစ်ဟာ မြန်မာဝတ်စုံလေးနဲ့တအားတွေကျက်သရေရှိပြီးလှနေမှာပဲလို့တွေးမိတာမို့လို့ပါ....ပို့မယ့်ပို့လာတော့ ရုပ်ပြောင်လေးနဲ့ ဘာမှလဲပြင်မထားပါလား"
"အိမ်မှာပဲ ဆွမ်းကပ်တရားနာမှာလေ မရဲ့....ဝမ်းဆက်ကြီးနဲ့ဆိုတော့အိုးခွက်ပန်းကန်တွေရွေ့ရတဲ့အခါအဆင်မပြေလှဘူး အမှန်ပြောရရင်စစ်က အဲ့လိုတွေဝတ်ရတာသဘောမကျဘူး....တအားတွေမွန်းကြပ်နေသလိုကြီးမို့လို့"
သိသားပဲ။ ဘယ်ချိန်တွေ့တွေ့ ဟူဒီနဲ့ ရှပ်နဲ့ စပို့ရှပ်နဲ့စသဖြင့်တွေကို ဂျင်း စတိုင်ပဲန် အားကစား ကာတွန်း စတဲ့
ဘောင်းဘီနဲ့ပဲတွဲဝတ်တာ မြင်နေတာလေ။ ရုပ်ကလေးကချစ်ဖိူ့ကောင်းနေလို့သာပေါ့။
"မက စစ်ကို မိန်းကလေးပီပီသသလေးနဲ့မြင်ကြည့်ချင်တာနော်"
",မိန်းမပီသနေရင်မွန်းကြပ်တယ်...ချုပ်ထိန်းရတာသိပ်များတယ်ပေါ့ပေါ့ပါးပါးလေးနေရတာပဲကြိုက်တယ်....စစ်ကိုမိန်းမစစ်လားမစစ်လားသိချင်ရင်ခုလက်ထပ်လဲရတယ်လေ ဒီညနေကားစီးပြီး မကိုလာတောင်းရမလား"
ဘယ်လိုမှပြောမရတဲ့ အဆုံးသွေးလက်မြှောက်အရှုံးပေးလိုက်ရတော့သည်။
"ဒါဖြင့်စစ်ကယောက်ျားလိုနေချင်တာလား....ဆံပင်ညှပ်လိုက်လေ....တစ်ချို့ယောက်ျားလျာလေးတွေဆံပင်တိုတိုဘော်ဒီမိုက်မိုက်နဲ့ နှုတ်ခမ်းမွှေးတွေတောင်ပါလိုက်သေး....သိပ်ကြည့်ကောင်းတယ်ကွယ်အဲ့လိူနေပါလား"
"နေစရာလား...စစ်ကယောက်ျားလျာလေးမှမဟုတ်ပဲ....မတို့လို့ ထမီနဲ့ရင်ဖုံးတွေနဲ့မဝတ်ချင်တာပဲရှိတာ....ထမင်းဟင်းမချက်ချင်တာပဲရှိတာ...ကျန်တာတော့မိန်းမပဲကို....မကလဲ စစ်ကယောက်ျားလေးလုပ်မှမကလက်ထပ်ရဲမှာလား"
"အဲလေ....မဟုတ်ပါဘူး မကယောက်ျားလိုချင်နေရင်စစ်ကိုဘယ်လိုလုပ်အဖြေပေးမလဲ....ဒီအတိုင်းလေးပြောပြတာ....ဘာလဲ မက စစ်ကိုယောက်ျားဖြစ်စေချင်တယ်...ပြောင်းလိုက်လို့ပြောရင်တကယ်ကြီးပြောင်းမလို့လား"
"ဒါပေါ့....မသာ အလိုရှိနေရင်စစ်ကဘာမဆိုဖြစ်အောင်လုပ်ပေးဖို့ကြိုးစားမှာ....မဖက်ကသာ စစ်ဘာလေးလိုချင်လို့တစ်ခွန်းပဲ ညည်းလိုက်ကြည့်....ဖြစ်အောင်လုပ်ပေးမှာ"
တကယ်လဲ စစ်ကသွေးပြောသမျှကို လိုက်လုပ်ပေးမယ့်ပုံ။ တကယ်လုပ်မယ်ဆိုရင်လဲသွေးကမလုပ်စေချင်ပါ။ ကိုယ်ကြောင့်သူတစ်ပါးဘဝကြီးပြောင်းလဲမသွားစေလို။
"ကဲပါ....မလိုပါဘူး...ဒီဘဝမှာ မ ချစ်ရသူကစစ်ဆိုတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့လို့ ဘယ်လိုဘဝကိုမှပြန်ပြောင်းလဲစရာမလိုပါဘူး....မက စစ်ဘယ်လိုနေနေ ချစ်ပြီးသား"
ဟုတ်သည်လေ။ ဒီအသက်အရွယ်ထိနေရာစုံ လူစုံတွေ့ခဲ့ဖူးရောက်ခဲ့ဖူးပါလျက်နဲ့ ။ အရွယ်စုံပညာစုံယောက်ျားတစ်ချို့ရဲ့ချစ်ခွင့်ပန်တာ ခံရဖူးပေမယ့်နှလုံးသားအစုံကတစ်စက်မှမတုန်လှုပ်ခဲ့လေတော့ တစ်ယောက်တည်းဖြတ်သန်းနေရတဲ့ဘဝမှာ ရှားရှားပါးပါးထူးထူးဆန်းဆန်းကောင်မလေးတစ်ယောက်ရဲ့ အပြောအောက်မှာ တစ်ခါတည်းကျရှုံးသွားတော့တာကိုး။
စစ်ကို အဖြေမပေးခင်ကလဲ အကြိမ်ကြိမ်အဖန်ဖန်စဉ်းစားပြီးပါပြီ။ ဘယ်လိုဘဝမျိုးပဲဖြစ်နေနေ နှလုံးသားကဖြစ်နေတဲ့အချစ်ကိုပဲဦးစားပေးလိုက်သည်။
ကိုယ့်နှလုံးသားရွေးချယ်ရာက ကိုယ့်ထက်ငယ်ရွယ်သောကောင်မလေးတစ်ယောက်ဖြစ်စေဦးတော့ ဘာမှနောင်တရစရာမလိုအောင်ကို သူတစ်ယောက်တည်းနဲ့တင်ပြည့်စုံနေတော့တာ။
"မ ပိုက်ဆံငါးရာလောက်ပေးပါလား"
ရုတ်တရက်စကားလမ်းလွှဲသွားတာမို့သွေးဘာပြန်ဖြေရမလဲမသိ။
"ဘာလုပ်မလို့လဲစစ်"
"လိုလို့လေ....မကလဲ..."
"ငါးရာလေးကိုမကဘယ်လိုလွှဲရမလဲကွယ်....စိတ်ကလေးရှည်ပါဦးနော်"
"ဘေလ်ရှိလားရှိရင်စစ်ကိုငါးရာလွှဲပေးလေ...နော်...မကလေး...ခဏနေ လွှဲလိုက်နော်....စစ်ဆင်းတော့မယ်"
အတင်းတွေလွှဲခိုင်းပြီး ဆင်းသွားခဲ့လေပြီ။တော်သေးသည်ကသွေးမှာမနေ့ကသုံးထောင်လေးထည့်ထားသေးလို့။ ဒါတောင်လိုင်းသုံးဖို့ ဝယ်ပြီး ဘယ်လောက်ကျန်သေးသည်မသိ။ စစ်အရေးကြီးနေမှာလဲစိုးရသည်။ ထို့ကြောင့်လိုလိုမယ်မယ်တစ်ထောင်လွှဲပေးလိုက်သည်။ ပြီးတော့ ဂန္ဓမာပန်းတွေဖောက်သည်မှာထားသောကြောင့်အဖူးလေးတွေရှိတုန်းသွားနှုတ်ရန်ခမောင်လေးဆောင်း ပုဆိုးပိုင်းလေးယူ၍ ခြံဖက်ထွက်ခဲ့သည်။
သီတင်းကျွတ်လပြည့်တော့မည်။ ဒီပန်းဖိုးကအတော်များများရနေတာမို့ခုတလောသွေးတို့အဆင်ပြေနေသည်ပဲ။ ဒါတောင်စိုက်တဲ့မြေကွက်ကလေးကျဉ်းသွားလိူ့။ မဟုတ်ရင်အကျယ်ကြီးစိုက်ပြီးအများကြီးပိုက်ဆံဝင်ဦးမှာကို။သွေး ဆွဲကြိုးလေးပြန်ရွေးဖို့ကိုပိုက်ဆံခိုးစုရသည်မှာလဲအမော။
ခြံထဲရောက်တော့ ကိုဟိန်းတစ်ယောက်ပေါက်တူးတလက်နဲ့ သူစမ်းစိုက်ထားတဲ့ ခရမ်းချဉ်ခင်းထဲမှာအလုပ်ရှုပ်လို့နေသည်။သွေးလာတာမြင်တော့
"သွေး တဲထဲက ဓားမြှောင်လေး
ဒီနားယူလာဦး"
လာဦးဆိုတော့တဲထဲပုဆိုးပိုင်းလေးပစ်ထည့်လိုက်ပြီး တိုင်မှာချိတ်ထားတဲ့ဓားအိမ်ထဲကဓားချွန်လေးကို ထုတ်ယူပြီး ကိုဟိန်းဆီလာလိုက်သည်။ အစမ်းစိုက်နေတာဖြစ်ပေမယ့်ကိုဟိန်းကဘာနည်းလမ်းတွေသုံးသည်မသိ။ အပင်လေးတွေကစိမ်းညို့နေပြီးပင်စည်တွေတုတ်ခိုင်နေသည်။ အသေအပျောက်အပက်အစီးလဲ နည်းလှသည်။
"မိုးရွာထားတော့ပိုးကျနေတယ်မြင်လား အရွက်တွေ ဖြူနေတာ"
ကိုဟိန်းကိုဓားပေးလိုက်ပြီး ကိုဟိန်းထိုးပြတဲ့အရွက်လေးတွေကြည့်မိသည်။ ပိုးဖလံအဖြူအသေးလေးတွေ အရွက်လှုပ်လိုက်ရုံနဲ့ထပျံပြေးသွားကြသည်။
"ဒီဖလံလေးတွေလား ဒီတိုင်းနားတာလားလို့"
"ဘယ်ကလာ သူနားရင်အပင်တွေကအပေါက်တွေဖြစ်ကုန်ပြီး အရွက်တွေဖြူလာ ပြတ်ကျပုပ်ကျကုန်တာ"
"ဆေးရှိရင်ဖြန်းလေ...."
"ညနေဖြန်းရမှာ ခဏနေ သွားဝယ်မလို့ အဲ့ဒါသွေးဆီကပိုက်ဆံတောင်းမလို့ ငါ့ဆီရှိတာမနေ့ကပဲ ရုံးကစုကြေးထဲထည့်လိုက်ရလို့ ရှိကောရှိရဲ့လား"
"ရှိပါတယ်အဲ့ဒါကို ကြိုမြပြောဘူးသွေးအခန်းထဲမှာဝင်ယူသွားခေါင်းအုံးအောက်မှာရှိတယ်"
ကိုဟိန်းပေါက်ဆွထားတဲ့မြေကြီးထဲက မြက်ပင်တွေကိုယူပြီး ကပ်ပါနေတဲ့မြေကြီးတွေကို လက်ဖြင့်ခါလိုက်သည်။
"သွေး....နင့်ဆွဲကြိုးဝတ်တာမမြင်ပါလား"
ဘုရားရေ...ဘယ်တုန်းက ဝတ်လို့ ကိုဟိန်းသတိထားမိပြီးမေးနေတာပါလိမ်ြ။
"ချွတ်ထားတာဖြင့်ကြာပြီကို ကိုဟိန်းကလဲ"
"အမေယူသွားသေးလား....ဟိုနေ့ကအလှူသွားတာခါတိုင်းဆိုနင်ဝတ်သားနဲ့အဲ့နေ့ကမဝတ်လို့"
"အမေကမယူပါဘူး...ရှိပါတယ်...ကြည့်မလား ပြန်ယူမယ်"
ရယ်ဟဟလေးပြောကာမှ ကိုဟိန်းက
"အကောင်းပြောနေတာပျောက်များသွားသလားလို့ပါ...ငါ ပြမ်တော့မယ်...ယူသွားမယ်နော်နှစ်သောင်းလောက်ရှိလား"
"ရှိတယ်...ပန်းဖိုးတွေအကုန်ကသွေးဆီပထြားနေတာခုက"
"အင်း.အင်း...ဘာစားချင်သေးလဲ ညစာအတွက်လေ...ငါခုတလော ငါးကြင်းချက်စားချင်လာလို့ ဝယ်စားရင်ကောင်းမလား"
"ရော်....စားချင်ရင်ပိုက်ဆံပိုယူသွားပြီး ဝယ်လာလိုက်ပေါ့....ကိုဟိန်းကလဲလေ...သူစိမ်းလိုလိုလာပြောနေတယ်...စားချင်တာသာဝယ်ခဲ့"
"ဒါဆို ငါသွားပြီ...ပေါက်ပြားသိမ်းခဲ့ပေးဦး...ညနေစောင်းမှဆေးလာဖြန်းတော့မယ်..."
"ဟုတ်သိမ်းခဲ့မယ်"
ကိုဟိန်းက သူစားချင်ရင်သူ့လက်ထဲပိုက်ဆံရှိတဲ့အခါ ဝယ်လာပြီးချက်ခိုင်းနေကျ။ ခုတော့သူ့လက်ထဲလုံးဝပိုက်ဆံမရှိတော့တာမို့ထင်သည်။ မရှိရင်မရှိဘူးဟုလဲမပြော။ စားချင်တာကိုသွေးမနက်တိုင်းဈေးသွားနေတာကိုလဲမမှာနဲ့။
တော်သေးတယ်။ ဆွဲကြိုးနဲ့ပတ်သက်ပြီး ဘာမှထပ်မမေးတော့လို့။
ပေါက်တူးလေးယူပြီးတဲကြမ်းပြင်အောက်သိမ်းလိုက်သည်။ ပြီးနောက်အဖူးအငုံတွေနဲ့ရောင်စုံပြီးစိမ်းစိုနေသော ပန်းခင်းလေးကိုကြည့်လိုက်သည်။
နည်းနည်းလုပ်ရပြီးများများမြတ်သောသည်ပန်းတွေကိုသွေးစိုက်ဖိူ့မပျင်းရတော့။ ပိုက်ဆံလဲကျန်သည်လေ။
နွေကျရင်လဲရေလောင်းပေးပြီးစိုက်ရမည်။
အဖူးပွလေးတွေကို အပင်တွေကြားမှရွေးထုတ်ပြီးဂရုတစိုက်နှုတ်ယူရသည်။ တိုင်တက်နေတုန်းအပင်တွေနှုတ်မိရင်အလကားရှုံးမှာမို့လေ။
ပုဆိုးပိုင်းနဲ့ထုတ်ကာ တဲအတွင်း၌ပင်အရွက်ဖျင်လိုက်သည်။ တဲခေါင်တွင်အဖေထိုးထားတဲ့နှီးတွေနဲ့ပင်တစ်ခါတည်းစည်းသွားလိုက်သည်။ အိမ်ရောက်ရင်အေးဆေးနားရုံပင်။
နေ့လယ်စာလဲပြန်မစားဖြစ်။ အလုပ်တွေပြီးတော့မှအိမ်ကိုရောက်လာတော့ညနေသုံးနာရီကျော်နေပြီ။ ပန်းတွေကိုရေစိမ်ပြီးအခန်းထဲဝင်ဖုန်းဖွင့်ပြီးလိုင်းတက်ကြည့်မှ စစ်ဆီက ပုံပို့ထားသည်မို့ကြည့်လိုက်တော့
အနီရောင်ရှမ်းဝတ်စုံလေးနဲ့မိန်းမပီပီသသလှနေသော ကလေးမလေး။ မြင်မြင်ချင်းမောသလိုအပန်းတို့ပြေသွားရတော့သည်။ ပြီးနောက်တစ်ပုံက
စစ်သွေးဆိုသောအမည်နဲ့အလှူငွေ သုံးသောင်းထည်ထြားသောငွေလက်ခံဖြတ်ပိုင်းတစ်စောင်
ပြီးပုံအောက်မှာစာလေးက
မနဲ့စစ်ရဲ့ပထမဆုံးအလှူအတူပြုတာပေါ့
မရေ သာဓုခေါ်လိုက်ပါဦးနော်
စစ်တို့နှစ်ယောက်လုံးအချစ်ရေးပြေလည်ကြပါစေလို့ဆုတောင်းထားခဲ့တယ်
မလဲပဲစစ်လိုစိတ်ကြည်လန်းဆန်းအေးမြပါစေရှင့်
အရမ်းချစ်တယ်
...
တော့်တော့်ကို အဆန်းထွင်တတ်သော စစ်ကလေး။သွေးဆီကဘေအတင်းတောင်းပြီးခုကျအလှူပြုလိုက်သတဲ။ သူမို့လို့စိတ်ကူးတတ်ပလေတယ်။
သွေးလိုချည်းလဲမလှူဖြစ်ပါ။ ပုံလေးတွေသိမ်းယူလိုက်ပြီး
မတို့နှစ်ယောက်ရဲ့ချစ်ခြင်းအပြစ်ကင်းပါစေကွယ်
ဟု ဆန္ဒပြုလိုက်ပြီးသာဓုခေါ်လိုက်သည်။
စစ်လိုပဲသွေးသည်လဲစိတ်ဝမ်းငြိမ်းချမ်းသွာ
းရသည်။
...
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့