စစ်ဆိုင်ပိတ်မလို့ကို ပျင်းနေတာနဲ့ပဲ ဆံပင်လာညှပ်သူရောက်လာသည်။ အမျိုးသမီး သီးသန့်ပါလို့ရေးထားပါလျက်နဲ့ တမင်အကြောင်လာရိုက်တာနေမည်ဆိုပြီး စိတ်ကွက်မိကာမှ ထိုကောင်လေးမျက်နှာကြည့်လိုက်တော့ ရုပ်ရည်သန့်သန့်နဲ့ စကားသံဝဲဝဲ ဘယ်ကလဲတော့မသိ။ ပွဲခင်းထဲမှာ မီးပုံပျံအားပေးနေရင်းမှ ပီကေတွေဘယ်ကကပ်လာလဲမသိလို့တဲ့။ ဒိနယ်သားလဲမဟုတ်တော့ ဆိုင်လဲမရှာတတ်ဆိုလာသောအခါ စိတ်မနောဖြူ လှတဲ့ စစ်တယောက်ဆံပင်ညှပ်ပေးရန်သဘောတူလိုက်သည်။
လာတာ သူ့တစ်ယောက်တည်းမှတ်နေတာ။နောက်မှ အုပ်စုလိုက်ကြီးကို ဝင်ချလာလေတော့သည်။ ဝင်လာစက တဆူတညံတည်းပေမယ့်နောက်တော့တိတ်ဆိတ်သွားတော့သည်။ မိန်းကလေးတွေပါ ပါလာတာမို့ စစ်စိတ်ချလက်ချ မြန်မြန်လေးညှပ်ပေးနေလိုက်သည်။
မကြီး နဲ့ စကားပြောနေတဲ့ အသံက ဆွဲအားအပြည့်နဲ့မို့ လှည့်ကြည့်ချင်နေပေမယ့်လဲ မရတော့ မနည်းကိုအောင့်ထားရသည်။
လုပ်လက်စ အလုပ်ကို သွက်သွက်လုပ်ပြီး လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ စစ်မြင်ချင်ခဲ့သော မျက်နှာလေးဖြစ်နေသည်။ ဒဏ်ရာရထားတယ်ဆိုသော ဒူးနားလေးမှခြောက်သွေ့ စပြုနေပြီဖြစ်တဲ့သွေးစတချို့ဘောင်းဘီလဲပြဲစုတ်နေသည်။ မကြီး အမိန့်ရတာနဲ့ သူမ လက်ငလေးဆွဲကိုင်လိုက်တဲ့အခါ တကိုယ်လုံးသံလိုက်ဓာတ်နဲ့တို့မိသလိုတောင့်တင်းသွားရသည်။ သူများတတွေလို သိပ်ပြီးနူးညံ့မှော်ဆန်နေ၍တော့မဟုတ်..စစ်ရဲ့ခံစားချက်သက်သက်သာ ဖြစ်ပေမည်။
စစ်ဆွဲခေါ်ရာသို့ မရဲတရဲဖြင့်အိမ်ထဲသို့ရောက်လာပေပြီ။
"ထိုင်ဦးနော်မဆေးသေတ္တာသွားယူလိုက်အူးမယ်"
အိမ်ထဲက ဆက်တီလေးပေါ်ကို တယုတယထိုင်စေခဲ့လိုက်ပြီး အပေါ်ထပ်က ကြက်ခြေနီပုံးလေးကိုသွားမ လာခဲ့သည်။ သူမဆီပြန်ရောက်လာတော့ သူများအိမ်မို့လားမသိ။ စစ်ထိုင်စေခဲ့တဲ့အတိုင်း ကျုံ့ကျုံ့လေးထိုင်လို့ ဟိုသည်လျှောက်ကြည့်နေတာ။
စစ်ဆေးပုံးလေးအောက်မှာချပြီး သူမရှေ့ ဒူးထောက်ထိုက်လိုက်တော့ သူမက ပြာပြာသလဲဖြင့်
"ဟို အစ်မ ကိုယ့်ဟာကိုယ်လုပ်ပါ့မာ်ညီမရဲ့"
ဆိုပြီး စစ်လက်ထဲက အရက်ပြန်ဘူးကို ယူမလိုလုပ်တော့
"ရပါတယ်မရဲ့ စစ်လုပ်ပေးမယ်သွေးတွေဘောင်းဘီမှာကပ်ကုန်ပြီ"
"အားနာလို့ပါ ညီမ"
"မလိုပါဘူး မရဲ့ အခု မဘောင်းဘီ ပြဲစုတ်နေတဲ့အနာစလေးကို ညှပ်ပစ်ရမယ်ထင်တယ်"
ညှပ်ပစ်ရမယ်လို့ပြောတော့ သူမ မျက်ဝန်းအစုံကဘောင်းဘီပြဲနေရာလေးကိုနှမြောတသစွာကြည့်နေသည်။
"မညှပ်လို့ မရဘူးလားဟင်"
"မရဘူးလေ ဂျင်းဆိုတော့ အသားမှာကပ်နေတာ ဆွဲတင်လို့ရရင်အဆင်ပြေတာပေါ့ ခုက တင်းပြီးကျပ်နေတော့ ဆွဲတင်ရင်နာမှာလေ"
စားပွဲပေါ်ရှိတဲ့ရေနွေးဘူးလေးထဲကရေနွေးအချို့ကို ဇလုံတစ်ခုထဲထည့်ပြီး ဂွမ်းလေးနဲ့တို့ထိကာ ဒဏ်ရာကိုအရင်ဆေးပေးလိုက်သည်။ ဒါမှလဲ ဒဏ်ရာမှသွေးတွေထိပြီးကပ်ညိနေတဲ့ဘောင်းဘီစကို ခွာထုတ်လို့ရမှာလေ။
"အများကြီး ညှပ်ပစ်မှာလားဟင်"
သနားစရာ မျက်လုံးသေးသေးလေးတွေနဲ့ စစ်ကို ငုံကြည့်နေသေးတာပင်။ သူ့ဘောင်းဘီလေးကိုနှမြောနေသည်ထင့်။
"နည်းနည်းပဲညှပ်ရမှာပါ ဘာလဲ မက နှမြောနေတာလား"
"ဟင်နှမြောတာပေါ့ဘောင်းဘီဆိုလို့ နှစ်ထည်ပဲရှိတာကို "
ဖြစ်ရလေတယ်။ခုဏကမကြီးနဲ့စကားပြောနေတော့ကျောင်းတက်ရင်း လာကြတာတဲ့။ တက္ကသိုလ်ကျောင်းသူတစ်ယောက်က ဂျင်းဘောင်းဘီရှည်နှစ်ထည်ပဲပိုင်ဆိုင်သတဲ့လား။ စစ်လို ဘယ်မှမသွားသူတောင်အထည်နှစ်ဆယ်မကရှိနေတာကို။ သူမပုံစံလေးကြည့်တော့လဲ နွမ်းပါးပုံတော့မရ။
"ဟာ ဒီလို မရဲ့ တချို့ဆို တမင်အပြဲတောင်ဝတ်ကြတာလေ...ဝယ်စတည်းကအပြဲဝတ်တာ....မဘောင်းဘီနည်စနည်းလေးညှပ်လိုက်လို့လဲဘယ်သူမှညှပ်ထားတယ်မထင်ပါဘူး အပြဲဝတ်တာလို့ပဲထင်မှာပေါ့ စတိုင်တောင်ဖြစ်သေးတာ"
"အဲ့လိုလဲဟုတ်သားနော်"
"ညှပ်ပြိနော်"
"အဖေကတော့ ဆူတော့မှာပဲ"
ဟု သူ့ဟာသူပြောသလိုရေရွတ်နေသည်။ ဒီအရွယ်ကြီးရောက်တောင်အဖေဆူမှာကြောက်နေတဲ့ ကလေးငယ်ပမာပါလား။ စစ်သဘောကျစွာပြုံးလိုက်သည်။ အရက်ပျံဆွတ်တော့ စပ်၍နေမည်စစ်လက်ကိုဖွဖွဆုပ်ကိုင်လာသည်။
စစ်မှာ သူမလေးစပ်မည်စိုး၍ မှုတ်လဲမှုတ်ပေးရသေးတာ။
"မတို့ ဘယ်ကလာကြတာလဲ"
"လားရှိုး"
"ဪ အဝေးကြီးပဲ ဘယ်လိုရောက်လာကြတာလဲ"
"ကျောင်းတက်နေကြတာလေတောင်ကြီးတန်ဆောင်တိုင်ကိုမလည်ဖူးတာနဲ့ စာမေးပွဲမဖြေခင်လာလည်ကြတာ ဆိုင်ကယ်နဲ့"
"မ အမည်ဘယ်လိုခေါ်လဲ"
"သွေး ညီမကော"
"စစ်ပါ"
"တစ်လုံးတည်းတွေပဲနော်"
"မနဲ့စစ်တို့ပေါင်းရင်အမည်လှလှလေးရတာပေါ့ စစ်သွေးသွေးစစ်ဆိုပြီးလေ ဟီး"
ဒဏ်ရာထဲဆေးနီရည်လေးထည့်အအေးတွေကြားထဲ ဆိုင်ကယ်စီးရဦးမှာဆိုတော့လေအေးတွေဖုန်တွေမဝင်မိစေရန်ပတ်တီးဖြူ ဖြူလေးစည်းနှောင်ပေးလိုက်သည်။ လက်သုံးလုံးစာလောက်တော့ ပြဲနေတာပေါ့။ ပြဲနေတာကိုညှပ်ရာတွင်စစ်က ဆံပင်ညှပ်သူပီပီ ညီညာတိရိစွာမညှပ်ပေးပဲ ခပ်ဖွာဖွာလေးညှပ်ပေးလိုက်တော့ တမင်ညှပ်ထားခြင်းနှင့်မတူပဲ စတိုင်တောင်ကျနေပါသေးသည်။
ပြန်ထွက်ရန်မတ်တပ်ရပ်မိတော့
"ကျေးဇူးတင်ပါတယ်နော်မသိပေမယ့်လဲ ကူညီပေးလို့"
"ရပါတယ်မရဲ့နောက်လဲ လာလည်ပေါ့ ခု ဘယ်မှာတည်းတာလဲ"
"ရဲမာန်၂ရှေ့က မြစံပယ်တည်းခိုခန်းမှာတည်းတာ ညီမကိုမှတ်ထားပါ့မယ်နော်သီပေါရောက်ဖြစ်ခဲ့ရင်ပြောပေါ့"
"သီပေါ ဟုတ်လား မက သီပေါမှာနေတာလား"
"အင်းလေနေတာက သီပေါကျောင်းတက်တာက လားရှိုးမှာတက်တာ"
"လာခဲ့မယ်မရောက်ရင်ဆက်သွယ်ဖို့ဖုန်းနံပတ်ပေးလေ"
အမယ်......ခရီးထွက်ဖို့တစ်ခါလေးတောင်စိတ်မကူးဖူးတဲ့ စစ်တစ်ယောက်သီပေါကိုလာခဲ့ဆိုတာနဲ့ ချက်ချင်းကိုခေါင်းငြိမ့်တော့တာပင်။ အခွင့်သင့်လေတော့ ဖုန်းနံပတ်လဲရလိုက်သေးတာ။
သူမတို့ အဖွဲ့ ဆိုင်ကယ်သံတစ်ဆူတည်းနဲ့ ပြန်ထွက်သွားသောအခါ စစ်တို့ဆိုင်လေးလဲတိတ်ဆိတ်လို့ ပိတ်လိုက်ပါတော့သည်။
.....
ညက အတော်ညဉ့်နက်မှ အိပ်ယာဝင်ကြတာမို့ မနက်ရောက်တော့ ဘယ်သူမှနိုးမလာသေး။သွေးတစ်ယောက်ကုတင်ပေါ် လှိမ့်ရင်း နိုးလာသည်။
စောင်အထူကြီး ခြုံထားတာတောင်အေးနေဆဲ။ ဒူးကဒဏ်ရာကတော့ ညကဆေးထည့်ပေးထားလို့သာပဲ။အေးတော့တချက်တချက်ကိုက်နေသည်။
သွေး လူးလိမ့်နေတာမို့ အသံကြားတာနဲ့ တဖက်ကုတင်မှနှင်းနိုးလာသည်။
"ဟင်သွေး အိပ်မပျော်ဘူးလား"
စောင်ခေါင်းကြာထဲမှခေါင်းလေးပြူ ထွက်ကာ အိပ်ချင်သံကြီနဲ့မေးလာသော နှင်းအား
"အိပ်ပျော်ပါတယ်ဟ နိုးချိန်ရောက်လာပြီလေ ထကြရအောင်"
"ထသေးပါဘူး"
"နင်က ခိုင့်အသံကြီး ကြားချင်နေတာလားဟ"
"ဟုတ်ပါဘူး ညက ကခုန်ထားလို့ခြေလက်တွေညောင်းကိုက်နေတာကို"
"ငါကပိုဆိုး....အနာကပိုနာကိုက်ခဲနေတာဟ ထတော့ "
"နင်ရေချိုးဦးမှာလား"
"မချိုးပါဘူးအေးနေတာကြီးကို နင်ချိုးမလို့လား"
"မချိုးဘူးလေ အဖော်ရတာပ ဟီး"
"ဟီး မနေနဲ့ ထတော့ ဒီနေ့ဘယ်သွားလဲမသိဘူး ငါ စာလဲမကျက်ရသေးဘူး"
"နင်ကလဲ အတူတူပဲဟာကို နင်ကမှကြည့်ရုံနဲ့ရလွယ်သေး ငါတို့ဆို ပြဲလန်နေအောင်အော်ကျက်တာတောင်သိပ်မရချင်"
"ကြည့်ရုံနဲ့တင်တော့ဘယ်ရမလဲဟယ်နင်ကလဲအပိုကိုပြောလွန်းတယ်"
စောင်တွေကိုခေါက်ရင်း နှင်းခြုံအိပ်နေတဲ့စောင်ကိုပါ ဆွဲယူခေါက်ပေးလိုက်တာမို့လို့ နှင်းတစ်ယောက်မထချင်လဲ ထလာရသည်။
မျက်နှာသစ်ပြင်ဆင်ပြီး တည်းခိုခန်းကောင်တာရှေ့က ခုံလေးတွင်ထိုင်စောင့်နေလိုက်သည်။ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကာ လူစုံကြသည်နှင့်လည်ပတ်ဖို့တိုင်ပင်ကြသည်။
"ဘယ်သွားရင်ကောင်းမလဲ"
"အင်းလေးလား "
"ဆိုင်ကယ်ထားဖို့နေရာရှိပါ့မလား သွားတော့သွားချင်တယ်"
"ရှိမှာပေါ့ဟ အပ်တဲ့နေရာရှိတယ်လေ ဒါမှမဟုတ်တောင်ကြီးမြို့ထဲတင်ပတ်လည်ကြမလား ဘုရားတို့ ပန်းခြံတို့ဈေးတို့"
"အင်း အချိန်လဲ သိပ်မရဘူးဆိုတော့ ဒီမြို့ထဲပဲနှံ့အောင်လည်ကြမယ်လေ မနေ့ကတော့ စူဋ္ဌာမုနိရောက်ပြီးပြီပဲ"
📱📱📱
တိုင်ပင်နေကြတုန်း ခိုင့်ဖုန်းကစူးရှစွာအော်မြည်လာတော့ ခိုင်ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တာနဲ့
"ဘုရားရေ....တိတ်တိတ်နေပေးကြဦး အိမ်ကဆက်တာဟ"
"အမ်"
ခိုင့်အိမ်က ဆိုတာနဲ့ တဖွဲ့လုံပါးစပ်ပိတ်သွားကြသည်။ ခိုင်က တုန်ယင်စွာပင်ကိုင်လိုက်သည်။
"ဟလို အမေ"
ဟလိုဆိုပြီးရေချိုးခန်းဖက်ဝင်ပြေးသွားတော့သည်။ကျော်ဦးက သူ့ဆံပင်ကိုတဗျင်းဗျင်းကုပ်ပြီး
"သူ့အမေတော့ ဘာမှန်းမသိ လှမ်းရစ်ဥိးမှာမြင်သေးတယ်"
ကျော်ဦးစကားကို မျိုးသွင်ကလဲထောက်ခံသည်။
"ဟုတ်တယ်....သူ့အိမ်ကသိသွားရင်တော့ ဂွမ်းပြီ"
"နင်တို့ကလဲဟာ...ခါတိုင်းလိုပဲအဆောင်မှာရှိမရှိ ဖုန်းဆက်တာနေမှာပါဟယ်"
"အေ့လေ"
ပြသနာဖြစ်မှာစိုးတာနဲ့ မာလာ နှင်းဆီတို့ကလဲကြောက်ကြောက်ရက်နဲ့ စကားလွှဲပြောရှာသည်။သွေးကတော့ ဘာမှဝင်မပြော။တောင်ကြီးစရောက်တည်းက ပါဝါပိတ်ထားတဲ့ဖုန်းကို မနေ့ညက. စစ်ဆိုသောကလေးမလေးဖုန်းနံပတ်တောင်းမှ ပြန်ဖွင့်ကာပေးပြီးတာနဲ့ သူမနံပတ်တောင်အမည်နဲ့မမှတ်ထားပဲ သည်အတိုင်းထားကာ ပြန်ပိတ်ထားတာပင်။သွေး ဘယ်ကိုပဲရောက်ရောက်အိမ်ကဖုန်းဆက်ရိုးထုံးစံဟူ၍မရှိ။သွေးကလဲ အမေအဖေယုံလောက်အောင်အနေသန့်တဲ့သူမို့လို့ ယုံယုံကြည်ကြည်လွှတ်ပေးထားတာပင်။
ခဏကြာတော့ ခိုင်ပြာပြာသလဲ မျက်စိမျက်နှာပျက်ကာ ထွက်လာသည်။ အားလုံးရဲ့အကြည့်တွေက ခိုင့်မျက်နှာဆီမှာ။
"ငါ ငါ ပြန်မှဖြစ်မယ်"
"ဟင်ဘာလို့လဲ"
"မနက်ဖြန်အိမ်က လားရှိုးကို လာကြမလို့တဲ့ အာ့ ငါ ရှိနေမှရမှာ"
"ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"မနေ့ညကလဲဖုန်းခေါ်တာ မကိုင်မိဘူး အဲ့ဒါ အမေကမယုံသင်္ကာဖြစ်နေတာလေ....ခုကဘယ်မှာလဲတဲ့ ငါလဲ ကျူ ရှင်သွားမလို့ဆိုပြီးညာလိုက်တာ...ဟိုလေ ငါ့အတွက်စိတ်မပူနဲ့ နင်တို့ကနဂိုအစီအစဉ်အတိုင်းလည်ခဲ့ကြနော်...ငါ့တစ်ယောက်တည်းပဲလေယာဉ်နဲ့ပြန်တော့မယ်လေဆိပ်ကိုပဲလိုက်ပို့ပေး"
ခိုင်ကတော့ သူ့ကြောင့်နဲ့ ကျန်သူများကို အနှောင့်အယှက်မဖြစ်စေလိုတာနဲ့ သူ့တစ်ယောက်သာပြန်မည်ဟုပြောနေသည်။
"အဲ့လိုတော့ဘယ်ဟုတ်ပါ့မလဲခိုင်ရယ်နင်တို့အိမ်ကလာလဲ မာလာနှင်းဆီတို့ကိုမေးဦးမှာပဲ သူတို့အိမ်ကလဲပါရင်ပါလာကြမှာ "
"လာတော့လဲအတူ ပြန်တော့လဲအတူ ပြန်ကြတာပေါ့နော်"
"ငါ့အတွက်နဲ့ နင်တို့ရောက်ရက်သားနဲ့မလည်ဖြစ်ကြမှာစိုးတာပါဟာ"
"ရပါတယ်နောက်တစ်ခေါက်ပေါ့ "
"အိုကေ အိုကေ အခန်းထဲအထုတ်တွေဝင်သိမ်းပြီး အခန်းအပ်လိုက်ကြစို့ ခုမှအစောကြီးရှိသေးတာပဲ မနက်စာကိုနောက်မှစားကြတာပေါ့"
"ရပ်စောက်ရောက်မှစားကြမယ်လုပ်ကြ"
ခိုင်စိတ်မကောင်းဖြစ်နေတာကို မသိကျိုးကျွန်ပြုကာ ကိုယ့်အခန်းကိုယ်ဝင်ပြီးပစ္စည်းတွေထုတ်ပိုးလိုက်ကြသည်။
အမြန်ဆုံးပြင်ဆင်ပြီးတာနဲ့ ထွက်လာကြတော့ခိုင့်မျက်နှာသိပ်မကောင်း။
ယောက်ျားလေးတွေလဲ ခိုင့်အိမ်ကို ဘယ်လောက်ကြောက်ကြသည်မသိ။ နှင်းစက်တွေ တစ်ဖြန်းဖြန်းအတင်းရိုက်ခတ်နေတာတောင်အရှိန်မလျှော့ပဲ အမြန်နှုန်းနဲ့ ဒုံးပျံကဲ့သို့မောင်းနေကြတော့ ဝတ်ထားတဲ့အဝတ်တွေမှာတောင်နှင်းမှုန်တွေကပ်ညိ၍ ဖြူဖွေးသွားလေသည်။ ချမ်းအေးလှသည့်ဖြစ်ခြင်း။
ဒီလိုမောင်းပုံမျိုးနဲ့ဆို ညနေမစောင်းခင်လားရှိုးရောက်မည့်ပုံ။
.......
ဟိုနေ့က ဖုန်းနံပတ်ယူထားတဲ့ မ နံပတ်လေးကိုခေါ်ဖို့ရာတွက်မဝံမရဲဖြစ်နေတာမို့ ဖုန်းကိုကိုင်လိုက်ချလိုက်လုပ်နေမိသည်။ခေါ်ပြီးရင်ကော မက ကိုင်လာတယ်ပဲ ဆိုပါစို့။ စစ်ဘာစကားပြောရမည်နည်း။ တန်ဆောင်တိုင်ပွဲတော်ကြီးလဲ ပြီးသွားခဲ့ပြီ။ လမ်းမကြီးမှာလဲ သိသိသာသာ လူရှင်းကားရှင်းသွားပြီ။ တစ်ခုပါပဲ။ စစ်ရင်ထဲမှာ မရှင်းရသည့်အပြင်မ ဆိုတဲ့ မိန်းမတစ်ဦး ဝင်ရောက်ပြီးထုတ်မရပဲ ကျန်ရစ်နေခဲ့တာပင်။
လိုင်းပေါ်တက်တော့ ထူးထူးဆန်းဆန်း ကိုကို ရှိနေသည့်မို့
"ဝေ့ ဒီချိန်ကြီးဘာတက်လုပ်တာလဲ"
စာတကြောင်းပို့ပြီးစောင့်ကြည့်မနေတတ်တာ စစ်အကျင့်။သွေး ဆိုသော အမည်ကို ရိုက်ပြီး ရှာကြည့်သည်။ မတွေ့။ ဖုန်းနံပတ်ရိုက်ပြီး ထပ်ရှာသည်။ မတွေ့ပါ။
ဘာလဲဟာ....မက အင်တာနက်မသုံးပဲတော့မနေပါဘူး
ခုခေတ်က အမည်ရင်းကြီးနဲ့ သုံးနေတဲ့သူတွေ တစ်ရာမှာဆယ်ယောက်လောက်သာပင်။ အရှုပ်အရှင်းကင်းပြီး သိက္ခာရှိရှိ အွန်လိုင်းပေါ်ဗဟုသုတရှာရုံသက်သက်သုံးသူများမှာ အမည်ရင်းနဲ့အကောင့်ဖွင့်တတ်ကြသူများသာ။
ဒါဆို မက အခြားအမည်နဲ့ပွေရှုပ်တတ်သူပေပဲလား။
"ခလေး ဘယ်ရောက်သွားပြီလဲ ကိုကို အပြင်ခဏရောက်နေလို့ ဖုန်းကိုင်ရတာပါကွာ"
မ အကောင့်ရှာနေတုန်း ကိုကို့ဆီက စာပြန်လာလေသည်။
"ရှိပတော်ကိုကို့ကိုပြောစရာရှိလို့"
"အင်းပြောလေ"
"စစ်လေ အခုတလော တစုံတယောက်ကို အာရုံထဲက ထုတ်မရဘူးဖြစ်နေတယ်"
ဒဲ့ကြီးပြောချလိုက်တော့ ကိုကို့ဖက်ကတော်ရုံစာပြန်မလာတော့။ စစ်မှာလဲ အကောင်းအဆိုးတိုင်ပင်စရာဆိုလို့ ကိုကိုတစ်ယောက်တည်းရှိသည်လေ။ စစ်နဲ့ ကိုကိုကခြောက်နှစ်ခုနှစ်နှစ်လောက်ကွာတာဆိုတော့ ခလေးနဲ့လူကြီးအတွဲကျလို့ပင်။
"ဟုတ်လားကောင်လေးလားကောင်မလေးလား"
"ကောင်မလေးပါ "
"ခလေးလေး ကြိုက်နေတာလားဟင်"
အဲ့ဒါပဲ ကြည့်တော့။ ကိုကိုတို့များ သဝန်တိုဖို့ရာဝေးစွ။ စစ်သာအလိုရှိမယ်ဆို ဘယ်နှစ်ယောက်ထားထားကြည်ဖြူ မယ့်ပုံမျိုး။ ကိုကိုနဲ့ စစ်ဆိုသည်မှာလဲ မတွဲခင်ကတည်းက ကိုကိုကစစ်ကိုအရင်စိတ်ဝင်စားနေခဲ့တာ။ ခုလိုတွဲလာသည်အထိ စစ်က ကိုကို့ကို ချဟ်လားမချစ်လားမသေချာသေးပေမယ့်စစ်ခံစားချက်တွေကိုနားလည်ပေးပြီးအေကာင်းဆုံးအကြံပြုချက်တွေကိုပေးတတ်တဲ့ ကိုကို့ကိုတော့နားလည်မှုနဲ့လက်တွဲထားခြင်းပင်။ ကိုကိုကချစ်ဖို့ကောင်းတဲ့လူတစ်ယောက်။ သူ့အိမ်စီးပွားရေးကြောင့်ဒုတိယနှစ်နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ အပြီးအပိုင်ထွက်ထားတဲ့သူ။ မိန်းကလေးပေမယ့်စစ်တို့လို အဖေမရှိတော့ပြီမို့ မိခင်နဲ့တကွ အငယ်လေးတွေရဲ့ကိစ္စ အဝဝကို တာဝန်ထမ်းထားရသည်။ မိန်းမတစ်ယောက်လို မနေထိုင်တာကလွဲလို့ယောက်ျားလေးဖြစ်တဲ့ ကိုကိုတစ်ယောက်ကတော့ဖြင့်ယောက်ျားလိုကော မိန်းမလိုပါ အစစအရာရာအားကိုးအားထားပြုလို့ရတဲ့ တန်ဖိုးရှိလူသားဖြစ်လေသည်။
"ကြိုက်တယ်လို့လဲမဟုတ်ပါဘူး စိတ်ဝင်စားမိတာတော့အမှန်ပဲ"
ဟုတ်သည်လေ။ ကြိုက်တယ်လို့လဲ မဆိုသာပေမယ့်မြင်မြင်ချင်း စိတ်ဝင်စားသွားတာတော့ အမှန်အကန်။
"ဟုတ်ပါပြီ..ခလေးလေး တကယ်လို့ ကြိုက်မယ့်သူတွေ့လာရင်လဲ ကိုကို့ကိုအားမနာပဲ ပွင့်ပွင့်လင်းလင်းပြောနော်..."
"ဟုတ်ကဲ့ပါ ကိုကိုရယ်....ကိုကို့လောက်ခင်တွယ်ရမယ့်သူ ခလေးဆီမှာ မရှိသေးပါဘူး ကိုကိုကအကောင်းဆုံးပါနော်"
"အင်းပါ...အလုပ်ပြန်လုပ်လိုက်ဦးမယ်....ညမှတွေ့မယ်နော်ဘိုင်"
"ဟုတ်ကဲ့"
ကိုကို့ကို အားမနာတမ်း ရင်ဖွင့်ပြီးနောက်စစ်လဲ ဆံပင်ညှပ်သူလာတာနဲ့ အလုပ်ကိုပြန်အာရုံစိုက်လိုက်ရလေသည်။
....
"မိသွေးရေ ...သွေး"
ဘေလ်မရှိလို့တွေ့သမျှ အဆောင်သူတွေဆီက ကူးထားတဲ့ဇာတ်လမ်းတွေကိုနေ့မအားညမနားကြည့်နေရတာကြောင့်အခန်းပြင်မထွက်ဖြစ်ပဲ အလုပ်ရှုပ်နေတာကိုအောက်ထပ်က ခိုင့်အော်သံကြောင့်စိတ်ပျက်သွားရသည်။
ခိုင်က အကြောင်းမရှိပဲနဲ့ကိုအော်တဲ့သူမဟုတ်။
"ဝေ့ ငါ အပေါ်မှာ အိပ်နေတယ်"
ဘယ်မှမခေါ်အောင်ကို အိပ်နေတယ်ပြောကာမှပဲ မိခိုင်အသံထပ်ပေါ်လာသည်။
"အိပ်မနေနဲ့ ခဏဆင်းလာဦး....မျိုးသွင်တို့ရောက်နေတယ်"
"ရောက်ရောက်ပေါ့"
"မရဘူး ဆင်းခဲ့ဦးလို့....သူတို့ မုန့်လိုက်ကျွေးမယ်တဲ့ နင့်ကိုလဲခေါ်တာ "
"ငါနေမကောင်းပါဘူးဆိုမှဟာ"
ခေါင်းစုတ်ဖွားနဲ့ ထလာရသည်မို့ စိတ်ကမကြည်။ ဘယ်ကြည်မတုန်း။တောင်ကြီးပြန်လာတည်းကိုက ည ညကောင်းကောင်းမှမအိပ်။ လိုင်းလဲမသုံးဖြစ်။ အပြင်လည်လဲမထွက်ချင်။ ထွက်ပြီဆိုလဲဟိုအကောင်တွေပါမြို ဆို့ကြပေမယ့်သူ့အတွက်ပါ ပိုရှင်းရတာမို့လို့သာ။တောင်ကြီးသွားလိုက်ပြီးဘတ်ဂျက်ကစိုးရိမ်စရာ ထိခိုက်သွားတာကိုးလေ။
ခုလဲ ဘယ်လိုမှပင်မလိုက်ပါဘူးလို့ ငြင်းဆိုနေပါသော်ငြားလဲ မြို့အဝင်က ရန်တိုင်းအောင်ဘုရားကိုတော့ပါလာရချေပြီ။
"သွေး ပုံလာရိုက်ပေးလေ"
"နင်တို့ပဲရိုက်ကြ ငါ့ပုံကိုလဲကြည့်ဦး ဂါထွက်နေတဲ့ဟာကို"
အေ့လေ။ကောင်လေးတွေနဲ့တကွ ဟိုသုံးကောင်က မျက်နှာပြင်မိတ်ကပ်တွေတင်ထားလိုက်ကြတာများပျံလန်လို့။ ခုမှအိပ်ယာထပြီးမျက်နှာသစ်ကမန်းကတမ်းထပြေးလာတဲ့သွေးရဲ့မျက်နှာတော်ကား သိသိသာသာ ဂါထွက်နေတာပင်။
"လာပါ နင်ကလဲ အပြန်မာလာဟင်းကျွေးမယ်ပြောတယ့နော်ငမျိုး"
"အေ့ကျွေးမှာလေ..."
နှင်းစကားကို မျိုးသွင်ကထောက်ခံနေတာကိုမြင်တော့ဒေါသကအလိုလိုထွက်။ အဲ့လောက်ငတ်ကြသလားလို့။
သွေး အိပ်နေတဲ့အချိန်လာနှိုးတဲ့သူရှိရင်မတရားအမြင်ကပ်တတ်တာပင့။ အိမ်ကမေမေကလွဲရင်ပ။ အမေနဲ့တောင်သိပ်တည့်တာမဟုတ်ဘူး။
"မာလာဟင်းများမစားပါဘူး အဖေကပြောတယ်အစပ်သိပ်မစားနဲ့တဲ့"
"အမလေး သူစားလို့ဝမှ တခါမှအရေးမလုပ်တဲ့သူ့အဖေပါဆွဲထည့်လာတယ်မိသွေးတို့တော့တကယ်စံပဲ"
"ငမျိုး တကယ်ဟ ငါ့ဘေလ်တထောင်လောက်ပေးပါလား ငါလေ လိုင်းမသုံရတော့ ရူးချင်သလိုကြောင်ချင်သလိုဖြစ်နေပြီ"
"အေ့ပါ ငါ့ထဲမနက်ကသုံးထောင်ထည့်ထားတယ့ တထောင့်ငါးရာပေးမယ်"
"နှာခေါင်းကိစ္စ မပါလာနဲ့ ငါကတထောင်ပဲပြောတာ ပိုမယူဘူး"
"ငါက နင်ပိုသုံးရအောင်ပါဟယ်"
"မလိုပါဘူး မပေးချင်မပေးနဲ့"
"ခုပဲပေးပါ့မယ်ဟာ...နင်ကလဲ စိတ်ကတစ်ဆစ်"
အေ့လေ။
ယောက်ျားဆိုတာများ သူငယ်ချင်းဆိုလဲ သိပ်ယုံရတာမဟုတ်ဖူး။ နည်းနည်းအရာလေးပေးလိုက်မိတာနဲ့ရောင့်တက်လာတော့တာ။ မျိုးသွင်ကပထမနှစ်တည်းကသွေးကိုကြိုက်နေခဲ့တဲ့သူ။သွေးကလဲမျိုးသွင်မပြောနဲ့ ဘယ်ကောင်လေးကိုမှစိတ်ထဲမထည့်တဲ့သူ။ မျိုးသွင်လိုသူငယ်ချင်းလိုခင်တဲ့သူကပိုဆိုးပေါ့။ သူငယ်ချင်းဆိုပြီး အဆင့်ကျော်လာလို့ကတော့ တွန်းထုတ်လိုက်မှာ။
ဘာပဲဖြစ်ဖြစ်ခုတော့ခပ်တည်တည်ပင်ဘေလ်တထောင်ပိုင်လိုက်ရပြီ။ ဒါလဲသိပ်မကြာခင်အဲ့ကောင်ကိုပြန်ပေးရမှာပဲလေ။သွေးကိုယ်၌ကိုက ဘယ်ယောက်ျားသားဆီမှ အလကားဘယ်အရာမှမလိုချင်သောကြောင့်ပင့။
ညကျရင်တော့ ဇာတ်လမ်းကုန်သလောက်နီးနီးရှိပြီမို့ လိုင်းသုံးဖို့တော့ အဆင်ပြေပြီလေ။
....
"စစ်ရေ ဖုန်းလာနေတယ်"
စစ်ဆိုင်ပိတ်နေတုန်း အိမ်ထဲမှ မမခေါ်တာမို့ မြန်မြန်ဆန်ဆန်သိမ်းလိုက်ရသည်။ ကိုကိုခေါ်တာဆိုရင်တော့ ဂွမ်းပါပြီ။
အလျင်အမြန်ပြေးကိုင်တော့
"ဟလို"
"စစ်လား မနွယ်ပါ"
ငင့်။ပြေးရကျိုး မနပ်လိုက်လေ။ ဟိုဖက်ဘော်ဒါဆောင်က ဂိုက်ဆရာမကိုး။
"ဟုတ်မနွယ်စစ်ပါ"
"အစ်မကိုဘေလ်ငါးထောင်လောက်လို့ လွှဲပေးလို့ရမလား"
'ရတယ်အမ်ပီတီလား တယ်လီနောလား"
"အမ်ပီတီပဲ "
"ဟုတ်"
"နံပတ်ပဲ ရိုက်ပို့ပေးနော်အစ်မသူငယ်ချင်းအတွက်မို့လို့လေ"
"Viber ကနေပို့လိုက်မယ်ဟုတ်"
"အင်း အစ်မအတွက်သုံးထောင်က တခါတည်းလွှဲပေးနော်မနက်ကျမှ လာပေးတော့မယ်ခုကမိုးချုပ်ပြီမို့"
"ရပါတယ်အစ်မရဲ့"
"ကျေးဇူးပဲနော်စာသင်လိုက်ဦးမယ်"
ချသွားပြီ။ စစ်တို့ဘေလ်ရောင်းသူမှာလဲ ခုလိုပဲအမြဲအကြွေးကျနေရင်တော့မလွယ်။ ကုမ္ပဏီ ကကဒ်တွေလာပို့ရင်တော့ တန်းပြီးလက်ငင်းရှင်းရတာကို။ တဆင့်ရောင်းမှကြွေးတဲ့လား။
"ဘယ်သူဆက်တာလဲ စစ်"
"ဟိုဖက်အဆောင်က မနွယ်ပါ မမရဲ့ဘေလ်ထည့်ခိုင်းတာ"
"ဪ အပေါ်တက်တော့လေ မမ အိမ်တံခါးပိတ်တော့မှာ"
"ဟုတ်အမေအိပ်သွားပြီလား"
"အင်း"
"ဒါဆိုစစ်သွားပီနော်"
အပေါ်ထပ်တက်ပြီး အိပ်ယာမဝင်ခင်ဘေလ်အရင်လွှဲလိုက်သည်။ ပြီးစားပွဲပေါ်က ငါးထောင်တန်ကဒ်ကိုခဲခြစ်ပြီး viber ကနေပို့ပေးလိုက်သည်။
ရုတ်တရက်ဖုန်းနံပတ်တစ်ခုနဲ့ viber အကောင့်တစ်ခုတိုးလာတော့ကြည့်မိစဉ်
"ဟင်မ ပါလား"
Super Girl ဆိုတဲ့ အမည်နဲ့အတူ အနက်ရောင်ဂျာကင်နဲ့ တပိုင်းပုံလေး ရိုက်တင်ထားတဲ့ပုံကို ss ရိုက်ကာ သိမ်းထားလိုက်သည်။
"Hi မ "
Online တန်းပြလာတော့ တလောကလုံးမှာ စစ်လောက်ပျော်တဲ့သူရှိမယ်မထင်တော့။
"Who" ဆိုပါလား...အင်းလေ မက ဘယ်သိမတုန်း...စစ်က စစ်ပုံမှမတင်ထားတာ။ တင်ထားရင်တောင်မှ မ စစ်ကိုမှတ်မိမှာမဟုတ်လောက်။
"တောင်ကြီးမှာ မရဲ့ဘောင်းဘီကို ညှပ်ပေးလိုက်တဲ့ သူလေ"
ပြောသာပြောရတာ။ သူမှတ်မိအောင်လို့။တော်နေကြာ သူတန်ဖိုးထားရတဲ့အရာကိုအတင်းညှပ်ပေးတဲ့သူဆိုပြီးတန်းဘလော့သွားမှ ဒုက္ခရောက်ကိန်း။
"စစ်လား"
ဟယ်တော်။ စစ်လားတဲ့....မ မှတ်မိတယ်ဟ။
ပုံမှန်ဆိုထခုန်မိမှာ။ ခုတော့အိပ်ယာပေါ်ရောက်ပြီးနေတဲ့အမေ့ကိုကြောက်လို့ပေါ့။ မဟုတ်ရင်.....။
....
ပုံပိုင်ရှင်အားလေးစားစွာကျေးဇူးတင်ပါကြောင်း😘
Next
ESTÁS LEYENDO
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့