စစ်ကြိုက်တယ်ဟုပြောဖူးသော ထမင်းကြော်ကိုကြော်ဖို့ မနက်အစောကြီးတည်းကဈေးသည်လာတာနဲ့ ပဲသီးတို့ ပန်းဂေါ်ဖီတို့ မုန်လာဥနီတို့ဝယ်ထားပြီး ငံပြာရည်နဲ့ကြော်ကျွေးရန်ပြင်လိုက်သည်။ ခဏလေးနဲ့လာပြီး လျှပ်တပြက်အတွင်းပြန်တော့မည်ဆိုတော့ အလွမ်းဟုမမည်သာသောရင်ထဲမှခံစားချက်တစ်မျိုးဖြစ်ထွန်းလာရုံကလွဲပြီးသွေးမသိ။ ပြန်မည်ဆိုတော့လဲ ပြန်ပေါ့လေ။ အချိန်တန်အိမ်ပြန်ရမယ့်ဧည့်သည်ကိုး။
တစ်ညလုံး စစ်အိပ်ပျော်မည့်ပုံမပေါ်။ တစ်နာရီလောက်မှ အိပ်သည်ထင်။ အဲ့လောက်တောင်အိမ်ပြန်ဖို့စိတ်လှုပ်ရှားနေရသလားစစ်ရဲ့။ ကလေးလဲမဟုတ်ဖူးဆိုပြီး ကျီစယ်လိုက်ချင်သည်။
"မသွေး ဘာတွေချက်နေတုန်း"
စောစောစီးစီး မထစဖူး အထထူးလို့ဋ္ဌေးတစ်ယောက်မီးဖိုထဲရောက်လာသည်။
"စစ်က ထမင်းကြော်ကြိုက်တယ်ဆိုလို့ မပြန်ခင်လေးကြော်ကျွေးမလို့လုပ်နေတာ"
"ဟုတ်လားဋ္ဌေးကြိုက်တယ်ပြောတုန်းကတော့ မကျွေးပဲနဲ့ မမစစ်ကိုမှကြော်ကျွေးရတယ်လို့"
"ဧည့်သည်လေဟဲ့....တစ်ခါတလေလေးလာတာကို စားချင်တာလဲကျွေးဦးမှပေါ့ဟဲ့ နင်ထလာပြီဆိုတော့ ခြံထဲက ဆလပ်ရွက်လေးသွားခူးပေးပါလား"
"အာဋ္ဌေးမထသေးပါဘူး"
"ထလို့ပဲခုမီးဖိုထဲရောက်နေပြီကို"
"ရှူးထပေါက်တာ ပြန်အိပ်ဦးမှာ ဒါပဲ လာမခိုင်းသေးနဲ့"
ကောင်းရော။ ခိုင်းကာမှပဲချက်ချင်းအပေါ်ထပ်ပြန်တက်သွားလေပြ်ိ။
ဋ္ဌေးသာ ကြီးလာတဲ့အခါ စစ်လိုအရပ်ရှည်ရှည်နဲ့သွယ်လျလျခန္ဓာကိုယ်လေး ပိုင်ဆိုင်နေရင်သွေးတော့ဖူးဖူးမှုတ်ထားတော့မှာပင်။ စစ်ရဲ့အစ်မဆို စစ်ကိုဘယ်လောက်တောင်ချစ်ကြလိမ့်မလဲ။ကျောင်းသာမနေခဲ့ရပေမယ့်ဖခင်မဲ့ဖြစ်ခဲ့ရပေမယ့်စစ်ဘဝလေးငြိမ်းအေးနေတာတော့အမှန်။ မြို့ပြကြီးမှာ ကိုယ်ပိုင်အိမ်နဲ့ ကိုယ်ပိုင်ဆိုင်နဲ့ ဘယ်လောက်တောင်အတည်တကျရှိပြီးပျော်စရာကောင်းလိုက်မလဲ။
သွေးတို့ဆိုပန်းစိုက်ပျိုးစားနေတာတောင်အရင်းအနှီးထုတ်ပေးနေတဲ့ အဖေ့မိတ်ဆွေလောပန်ကို တဝက်ခွဲပေးနေရသေးတာ။ ပြီးတော့သွေးတို့နေထိုင်ရာအိမ်နဲ့ခြံကလဲ ကိုယ်ပိုင်မဟုတ်။လောပန်အပိုင်။
ဘယ်တော့ ထွက်ခွာပေးရမလဲမသိ။ ခုခေတ်မှာမြေကွက်တစ်ကွက်ပိုင်ဆိုင်ဖို့ဆိုတာ လွယ်တော့တဲ့ခေတ်လဲမဟုတ်တော့။
အဖေအမေ ရှိစဉ်တော့ အမှီအတွယ်မရှိပဲ အားကိုးအားထားပြုစရာမလိုပဲအိမ်ပိုင်လေးတစ်ခုတော့သွေးပိုင်ဆိုင်စေဖူးချင်သည်လေ။
"မ ဘာလုပ်နေတာလဲ"
အတွေးတို့နှင့်အတူ စစ်စားဖို့ ငါးကြော်ပေးနေစဉ်နောက်ဖက်မှစစ်အသံကြောင့်
"ဟော စစ်နိုးလာပြီလား အစောကြီးရှိသေးတာကို"
စစ်ကသွေးဘေးနားလာရပ်ပြီး
"မျက်နှာသစ်သွားတိုက်တောင်ပြီးသွားပြီ...မ ငါးတွေကြော်နေတာလား"
"အင်း အမှန်ကစစ်ကြိုက်တဲ့ငါးသံပုရာလေးပေါင်းပေးချင်တာ မက တစ်ခါမှမလုပ်ဖူးလို့ပျက်သွားမှာစိုးတာနဲ့'
"အာ ရပါတယ်စစ်ကြိုက်တယ်ဆိုပေမယ့်လဲစစ်ကအစုံစားနေတာ စစ်ဘာကူလုပ်ရမလဲဟင်"
"အပေါ်တက်ပြီးပြန်အိပ်နေပါလားစောကြီးရှိသေးတာ ဘယ်ကားမှဒီချိန်မထွက်ပါဘူးနော်"
"ရှစ်ကိုးလောက်မှ စီးရမှာပါ မရဲ့တောင်ကြီးက အသိကားတဲ့ အမေတို့က အဲ့လိုပဲ တခါတလေလေးခရီးထွက်တဲ့ဟာကိုကားစီးတောင်စိတ်ချရတဲ့သူနဲ့မှ ဟဟ"
အိမ်ပြန်ဖို့အရေးကို ဘယ်လောက်တောင်ပျော်နေပါလိမ့်။ အစောကြီးမလိုအပ်ပဲထလာပြီးတော့ ရီနေသေးတာ။
"စစ်ဆလပ်ရွက်ကြိုက်လား"
"ကြိုက်တယ်မ ငါးပိရည်နဲ့တို့စားရင်စစ်တစ်ယောက်တည်းနှစ်ဗူးချက်လောက်ကုန်တာ"
"ဟား ဟုတ်လား မက ငါးပိရည်လုပ်ထားတာ ခြံထဲဆလပ်သွားခူးရမှာ စစ်လဲလိုက်ချင်လား"
"လိုက်မှာပေါ့ မရဲ့ စစ်လဲမတို့အိမ်မှာလာနေပြီးကျွေးသမျှစားနေတာ အားတော့နာရတယ်ဘာအလုပ်မှကူမလုပ်ခဲ့ရဘူး"
"ဟယ်မလိုပါဘူးနော်ခဏလေးလာတာကိုများ"
"အကြာကြီးလာနေလို့ရလား အလကားလေ"
"အကြာကြီးလာနေရင်တော့အလကားနေလို့မရဘူးပ မတိူ့လုပ်သမျှကူလုပ်ပေးရမှာပေါ့ သူများအိမ်မှာနေတယ်ဆိုတာ ကိုယ်ကအလိုက်သိမှအိမ်ရှင်ကြည်ဖြူ မှာလေ မဟုတ်ဖူးလား"
အားကိုနာရမှန်းမသိလေသလားသွေး။ စစ်က.သွေးစကားကိုသဘောကျစွာဖြင့်တိုးဖွဖွရယ်သေးသည်။
"ဟူတ်တာပေါ့စောစောထမယ်အိမ်တွင်းတံမြက်စည်းလှည်းပေးမယ်မတိူ့လုပ်သမျှကူလုပ်မယ်ကူချက်ပေးမယ်ဆိုသဘောကျမှာပေါ့နော်"
"ဒါပေါ့...မအိမ်မှာ အကြာကြီးနေမယ်ဆိုရင်လဲ စစ်ခုလိုဘောင်းဘီတွေမဝတ်ရလောက်ဘူး အဖေကသိပ်စည်းကမ်းကြီးတာ မတောင်ထမီတိုတိုမဝတ်ရဲဘူး"
ဝတ်ရင်ငယ်စဉ်အခါရိုက်ထားတဲ့အရှိုးရာလေးတွေအရွတ်ဖြစ်နေမှာကို မြင်နေရတော့မှာကိုး။ သူများမိန်းကလေးတွေအတိုအပြတ်ဝတ်တဲ့ခေတ်ကြီးမှာသွေးလဲအဖေ့ကွယ်ရာမှာ ဝတ်ချင်လှတာပေါ့။ သို့သော်ဒဏ်ချက်တွေများလွန်းတော့ မြင်သာမြင်မကြင်ရတဲ့ဘဝရယ်။
ရေနွေးအိုးလေးတည်ခဲ့ပြီး ခြံဖက်သို့နှစ်ယောက်သား လမ်းလျှောက်လာခဲ့သည်။ စစ်ကတော့လက်ထဲမှလိမ္မော်သီးလုံးလေးကိုအခွံနွှာရင်းသွေးရဲ့အတွေးနစ်မျှောနေမှုကို သူလဲအလိုက်သိစွာငြိမ်သက်နေလေသည်။
"ဪ...မ ဒီအချိန်မြစ်ရေအေးလား"
"ဟင်မအေးပါဘူးနွေးတောင်နွေးသလိူပဲ"
"အဲ့မှာ စစ်ရေချိုးချင်တယ်"
"ချိုးရင်အိမ်မှာချိုးလဲရသားကို စစ်ရယ်အစောကြီးရှိသေးတဲ့ဟာ"
"သီပေါရောက်ခိုက်ဒုဋ္ဌဝတီမြစ်ရေတော့ချိုးသွားသင့်တာပေါ့ မရယ်နော်စစ်ချိုးရင်မကစောင့်ပေး"
"ကဲပြောမရလဲချိုးပါရှင်မ ဆလပ်ရွက်ခူးဦးမယ်ခဏစောင့်"
ရေစပ်စပ်ရှိသောမြေကွက်ထဲတွင်လဲ မုန်ညှင်း ဆလပ်ငရုတ်ခရမ်း နံနံပင်တို့ကို ပျိုးဘောင်လေးတွေနဲ့အစားစားစိုက်ပျိုးထားလေသည်။
နှင်းဆီဖူးအချို့ မနက်ခင်းမှာအိပ်ယာပင်နိုးသေးပုံမပေါ်သေး။ မြစ်ရေစီးသံလဲ တိုးသက်သက်ကြားနေရသည်။
ဒီလိုသဘာဝကျတဲ့မနက်ခင်းတွေတိုင်းသွေးနဲ့အတူ ဖြတ်သန်းခွင့်ရဖို့ စစ်အတော့်ကိုကြိုးစားရပေမည်။
နံနံပင်အချို့ ဆလပ်ရွက်အချို့ကို ငှက်ပျောဖက်ရွက်ကြီးနဲ့ထုတ်ပြီး စစ်ရှိရာ တဲဆီလာနေတာမြင်တော့စစ်ထရပ်ရင်း
"မရေဝတ်ချိုးဖိူ့ ထမီလေးယူလို့ရတယ်မလား"
"အင်း ယူလေ မထမီတော့မရှိဘူးဋ္ဌေးထမီပဲရှိတာ စစ်နဲ့ဆိုတိုနေမလားပဲ"
"မတိုပါဘူး မ လိုက်စောင့်ပေးနော်"
သွေးနဲ့အတူ မြစ်စပ်သို့ရောက်သော်စစ်အဝတ်အစားအကုန်ချွတ်ပြီးထမီရင်လျားလေးနဲ့ရေစပ်ဝင်တော့သွေးအကြည့်လွှဲကျောခိုင်းပြီး ဟင်းရွက်လေးတွေကိုရေဆေးနေလေသည်။
"မလဲချိးလေနွေးသလိုအေးသလိုပဲ"
"မချိုးပါဘူး အစောချိုးတတ်ဘူး...အကြာကြီးမနေနဲ့နော်အိမ်ပြန်ရောက်ရင်နေမကောင်းဖြစ်လိမ့်မယ်...ဂရုစိုက်ဦး"
စကားတွေသာပြောနေပေမယ့်သွေးအကြည့်တို့ယောင်လို့မှားတောင်စစ်ရှိရာရောက်မလာပါ။ သူသာ သာမာန်မိန်းမသာဆို ဘာမှမဟုတ်သလို မိန်းမအချင်းချင်းကြည့်တော့ဘာဖြစ်မှာကျလို့။
အမယ်စစ်လျှောက်တွေးနေတာ...ရေချိုးနေပေမယ့်လဲစိတ်ကမလုံ။ မ များကြည့်နေလေမလားလို့ပေါ့။ အထင်နဲ့အမြင်ပါစင်အောင်လွဲ။
ရေချိုးပြီးမှ အဝတ်လဲပြီးလောက်မှသွေးက ထမီလာယူသည်။
"မရယ်စစ်ဝတ်ချိုးထားတာလေ စစ်ယူလာပါ့မယ်"
"ဘာလဲငရဲကြီးမှာစိုးလို့လား တစ်ယောက်ကကြည်ကြည်ဖြူ ဖြူ လုပ်ပေးရင်ငရဲကစာနာစွာနဲ့ပပျောက်ပေးဦးမှာပါကွယ်"
စကားလဲ တအားတတ်သောသွေးကပြောရင်းစစ်လက်ထဲမှထမီကိုပါယူသွားလေပြီ။ ဆပ်ပြာဘူးလေးသာကိုင်ပြီးသွေးနောက်သို့အမှီလိုက်ရသည်။
တကယ်တန်းပြန်ရပြီဆိုတော့ စစ်မနဲ့ပိုလို့မခွဲချင်တော့။ လမ်းထိပ်ကကားလမ်းမကြီးအထိသွေးနဲ့ဋ္ဌေးကလမ်းလျှောက်ပြီးလိုက်ပို့သည်လေ။ ကားလာတော့လဲ နှုတ့ဆိတ်လို့။
"ရော့ စစ်ကားစီးရင်ပင်ပန်းတယ်မလား အပျင်းပြေစားရအောင်မ မုန့်တွေထည့်ပေးလိုက်မယ်"
မ လှမ်းပေးသော ကျွတ်ကျွတ်အိတ်အမည်းရောင်တစ်ထုတ်ကို ယူလိုက်သည်။
" မ စစ်တရက်ရက်ကျပြန်လာလို့ရသေးလားဟင်"
"ရတာပေါ့....အမြဲဒီနေရာလေးမှာ မတို့စစ်ကိုကြိုနေပါမယ်"
"မမစစ်...အထုတ်တင်တော့လေ.."
နန်းက ကားတံခါးဖွင့်ပေးပြီးပြောလာတော့
"မ ဒါ စစ်ညီမနန်းနန်း"
"အင်း ပြန်ရင်ဂရုစိုက်ပြန်နော်နှစ်ယောက်လုံးနောင်ဆိုညီမလေးပါစစ်နဲ့အတူအစ်မတို့ဆီလာလည်ပါဦး"
"ဟုတ်ကဲ့ အစ်မ တို့လဲတောင်ကြိးလာရင်ပြောနော်ဧည့်ဝတ်ကျေစေရမယ်"
"ဟူတ်ပါပြီ သွားကြတော့လေ မုန့်ထည့်ပေးထားတာစားကြနော်"
သွေးက တခြားသူတွေနဲ့ဆိုစကားနည်းသလောက်နန်းနန်းတို့ကိုကျဖော်ရွှေလွန်းလှသည်ဟုစစ်ထင်မိသည်။ကျောပိုးအိတ်လေးတင်သွေးအမေပေးလိုက်တဲ့နှင်းဆီပျိုးပင်ကိုတော့ကျိုးမှာစိုးတာနဲ့ပေါင်ပေါ်ပဲတင်ထားလိုက်တော့သည်။ ကားထွက်ခါနီးပြတင်းနားလာရပ်ပြီး မကနှုတ်ဆက်တော့
"ဪ မ ဖုန်းလဲအလှကြည့်မထားနဲ့ဦးသုံးတော့နော်စစ်ပြန်ရောက်ရင်ဖုန်းဆက်မယ်"
"အင်းပါ ကဲ သွားတော့"
"ဟူတ်မ တာ့တာ"
မှန်ချပြီးခေါင်းလေးပြူ ကာတလှိမ့်လှိမ့်ကားထွက်နေပေမယ့်လဲစစ်လက်ပြလို့ကောင်းဆဲ။ မတို့ကလဲမျက်စိတစ်ဆုံးကားကိုလိုက်ကြည့်ပြီးလက်ပြနေလေသည်။
"အမလေး မမစစ်ရဲ့ မပြန်ချင်လဲအိမ်ကိုပြောပြီးကျန်ခဲ့ပါလား"
နန်းကအမြင်ကပ်စွာပြောလာလေပြီ။
"ချောလား.မ"
"အရပ်ကပုသေးချောလဲမချောဘူး ဒါမဲ့ခင်ဖို့တော့ကောင်းသားပဲ..မပြင်မဆင်သာမာန်နေတော့ အသက်နဲ့စာရင်ကြီးနေပြီမှတ်တာ...ပြင်ရင်လှမှာပဲ"
နန်းကတော့အလှဖန်တီးရှင်ပီပီ မပုံစံကိုစာဖွဲ့နေသည်။ မ ဘယ်လိုပုံနဲ့လိုက်ဖက်တယ်ဆိုတာစစ်ကြည့်ရုံနဲ့သိတာပေါ့။ ဒါပေမဲ့ ဒီအတိုင်းသဘာဝကျကျလေးကိုက ပိုမြတ်နိုးစရာကောင်းနေသည်လေ။
"အင်း ဟုတ်တာပေါ့သူလဲအလုပ်များတော့မပြင်အားဘူးထင်ပ"
"အေ့ပါ...မုန့်စားလိုက်ဦးမယ်ဘာမုန့်တွေဝယ်ထည့်ပေးပါလိမ့်"
မုန့်ထုတ်လေးကိုနန်းလက်လှမ်းလိုက်စဉ်စစ်ကဆွဲယူပြီး
"မထိနဲ့ နင့်မှာပါလာတာစား"
"အမ်အဲ့အစ်မကတူတူစားဖို့မှာလိုက်တယ်လေ မမစစ်ကဘာလဲဟ"
"ဘာမှမလဲဘူးသူကလူမှုရေးအရပြောတာ နင်လဲနင့်ရည်းစားပေးလိုက်တာစား ငါလဲငါ့ဟာငါ"
"အေ့အေ့ သူ့ဖိနပ်ထုတ်ထမီထုတ်တွေကျဒီလူကပင်ပန်းခံသယ်လာပေးရသေး မတအားကပ်စီးကုပ်"
"နင်သယ်လာတာမဟုတ်ကားဆရာသယ်လာတာ"
ကားအနောက်ခန်းထဲ စစ်အေးတိုက်ပွဲဖြစ်နေတာကိုကားဆရာက သိမယ်မထင့။ ကွမ်းလေးမြုံ့ပြီးသီချင်းလေးနဲ့ငြိမ့်နေတော့တာ။
...
"အား....မူဆယ်ကိုပဲ ပြန်ပြန်သွားချင်တယ်...နေ့တိုင်းဒီဆေးနံ့တွေပိုမခံနိုင်တော့ဘူး "
ဂိတ်မှာ သွားယူလာသော ဆံပင်ပေါင်းဆေးတို့ခေါင်းလျှော်ရည်တို့ကို ဂျပ်ဖာထဲမှ ထုတ်၍ဗီဒိုစင်ပေါ်စီတင်နေသော နန်းဆီမှ ညည်းတွားသံထွက်လာတော့သည်။
"နန်းတို့မူဆယ်ပြန်လက်ဆောင်ဘာမှဝယ်လာမပေးဘူးနော်"
"ဟုတ်တယ်တို့တွေများသူတို့မရှိတော့မှဆိုင်ကလဲလူတအားကျနေတာ ပင်ပန်းချက်"
ကျန်ကောင်မလေးတွေက ဝိုင်းဝန်းထောက်ခံနေကြလေသည်။ စစ်တော့ ကလေးမလေးတစ်ယောက်၏ ဆံပင်ကိုပုံဖော်ညှပ်ပေးနေရင်း
"ပါတယ်နော်...စစ်သယ်လာတယ်မူဆယ်က ဖလန်နယ်အင်္ကျီအကွက်လေးတွေတစ်ယောက်တစ်ထည်စီပါကင်လိုက်ဝယ်လာတာ....မကြီးမပေးသေးဘူးလား မနက်တည်းကဝေခိုင်းထားတဲ့ဟာ"
"ဟင်ဟုတ်လား စစ်ဝယ်လာတယ်လား မချစ်ကမပေးသေးဘူး"
"ဘယ်ပေးမလဲ မချစ်မနက်တည်းကကျောင်းပို့သွားပြီးပြန်မှမလာသေးတဲ့ဟာကို"
"အေ့ မချစ်ပြန်လာရင်တော့ရမှာပ"
လက်ဆောင်ပါတယ်ဆိုတော့သူတို့လေးတွေခမျာပျော်နေလိုက်ကြတာ။ နန်းကတော့ တကယ်ဘာမှပါမလာ။ သူမအတွက်ကလွဲလို့ကျန်သူအတွက်အနေသားကြိး သူ့အိမ်အတွက်လက်ဆောင်ကိုတောင်သူ့အဒေါ်ဝယ်ထည့်ပေးလိုက်တာပဲပါလာသည်ကိုး။
"ဟုတ်ပါပြီ ညနေမှပဲ စစ်ကိုယ်တိုင်ပေးမယ်နော်ကြိုက်ကြမှာပါ....စစ်အခုတောင်ဝတ်ထားတယ်အသားလဲကောင်း"
ဟုတ်သည်။ ဖလန်နယ်ရှပ်ကွက်အဝါအနက်စပ်ကြားကို စစ်လက်မောင်းတစ်ဝက်ခေါက်ပြီးဝတ်ထားတာ။ စစ်မျက်စိထဲတော့ဒါကဈေးလဲတန်ပြီးအသားကောင်း ခုလိုဝတ်ထားတော့လဲမပူမအေးနဲ့နေသာထိုင်သာရှိသည်လေ။
"ဟုတ်သားပဲ...လှတယ်စစ်ကမှသယ်လာဖော်ရသေး နန်းကျသတိမရဘူး"
"ဘယ်သတိရမလဲ သူကဟိုမှာတအားအကြည်ဆိုက်နေတာ"
နန်းအကြောင်းကိုဆွေမျိုးတွေမှလွဲ၍ ဆိုင်ကကောင်မလေးတွေအကုန်သိပြီးသား။ သူ့ဖက်လှည့်လာတော့ မသိချင်ယောင်ဆောင်ပြီး
"သားငယ်သွားကြိုပေးလိုက်ဦးမယ်နော်မကြီးချစ်ကမှာခဲ့တယ်"
ဟုပြောပြီးခပ်တည်တည်နဲ့ကော့ပျံနေအောင်မိတ်ကပ်ပြင်ကာ စစ်ဆိုင်ကယ်သော့ကိုဖြုတ်ပြီးထွက်သွားလေသည်။
"သူ့ဖက်လှည့်လာတော့ပြေးပြီလေ...အားလုံးအတွက်ပါတယ်နော်ကေသီရေ ဒီညီမလေးကိုခေါင်းလျှော်ပေးလိုက်ဦး"
"အင်း စစ်"
ကေသီက စစ်ညှပ်ပေးပြီးသွားသော ကလေးမကိုခေါ်ပြီးခေါင်းသွားလျှော်ပေးတော့မှ စစ်ကောင်တာမှာလာထိုင်ရတော့သည်။
ဟူး....မကလဲ ဖုန်းဆက်မလာဘူး...ပန်းတွေများညှပ်နေပီလားမသိ
မကနေ့လယ်ဖက်တွေသိပ်အားလေ့မရှိတော့ စစ်တို့စကားပြောချိန်ကမနက်အစောနဲ့ ညဖက်ပဲပြောခွင့်ရသည်။ မဆီကိုရောက်သွားပြီးကာမှ စစ်နှလုံးသားရဲ့အဖြေက မ ဟုသာပိုပြီးသေချာစွာအဖြေထွက်နေလေတော့သည်။ သို့သော်စစ်အပေါ်ဂရုစိုက်တတ်သော ကိုကို့ကိုတော့လမ်းမခွဲရက်ပြန်။ ချစ်လားဆိုတော့လဲ ကိုကို့ကိုလဲချစ်သည်ပဲ။ မနဲ့ယှဉ်လိုက်ရင်တော့ ဘာမှမပြောပလောက်။
မကိုလဲ ချစ်တယ်လို့ဝန်မခံရဲ။ လက်ရှိချစ်သူရှိနေတာသိရက်နဲ့မကိုသွားပြောရင်မုန်းတာတောင်ခံရမည်လေ။
"စစ်အပြင်မှာ ဆံပင်ဖြောင့်မလို့တဲ့ "
"လုပ်လိုက်လေ...တစ်ယောက်ပဲလား"
"အင်း အရောင်လဲတင်မယ်ညှပ်လဲညှပ်မယ်ဆိုလို့"
နွမ်းလျနေသော ကိုယ်ကိုမတ်တပ်ပြန်ရပ်ရန်အားတော့မရှိ။ သိူ့သော်ညှပ်ရင်စစ်ကိုယ်တိုင်မှလွဲ၍ ခိုင်းစရာမရှိ။
📱📱📱📱
ဆံပင်ညှပ်နေစဉ်နားကျပ်တပ်ထားတော့ဖုန်းဝင်လာတာနဲ့ကိုင်လိုက်သည်။
"ဟလို"
"စစ်လား မပါ..ဘာတွေလုပ်နေလဲ"
ထူးထူးဆန်းဆန်း မဆီမှအဝင်ဖုန်းလေးမိူ့အေးအေးဆေးဆေးပြောချင်သော်လဲမအားတော့
"စစ်ဆံပင်ညှပ်ပေးနေတာ မရဲ့"
"ဪ မအားဘူးလား မအားရင်ချပေးမယ်လေ"
"ဟာ အားပါတယ်တော့မဟုတ်ပေမယ့်ပြောလို့ရတယ်လေ မ "
"လက်တစ်ဖက်တည်းဘယ်လိုညှပ်မလဲ"
"Bluetooth နားကျပ်တပ်ထားတယ်စစ်အမြဲဖုန်းပြောရင်နားကျပ်နဲ့ပြောနေရတာ လက်မအားလို့"
"ဟုတ်ပါပြီ မ က ဒိအတိူင်းသတိရလို့ဆက်လိုက်တာပါ..စစ်တို့နေကောင်းရဲ့လား"
ဒီအပြောလေးတွေနဲ့တင်စစ်တို့ အကြိမ်ကြိမ်ကြွေဆင်းပြီးသား။.နွမ်းလျနေသောစိတ်တောင်ဘယ်ပျောက်သွားလဲမသိ
"ကောင်းတယ်မ မကောခုဘာလုပ်နေလဲ ပန်းမညှပ်ဘူးလား"
"ပန်းစည်းနေပြီ ဒီနေ့ညှပ်တာအကုန်လောပန်ယူမှာ"
"ထောတာပဲ မဈေးသွားစရာမလိုဘူးပ"
"ဘယ်ထောမှာလဲကွယ်သူ့သမီးမင်္ဂလာဆောင်အတွက်လေ စစ်လဲသိသားနဲ့ မတို့ကစပ်တူလုပ်တာပါဆို"
"ဪမေ့လို့ပါ မကလဲ"
စိတ်တော့မကောင်း။ ဒါဆို ဒီနေ့အတွက်ပိုက်ဆံမဝင်လောက်ဘူးပေါ့။
"စစ်...ချမ်းသာလာတဲ့အခါ မကိုအိမ်ကွက်လုပ်စားဖို့ခြံကွက်လေးဝယ်ထားပေးမယ်နော်မ"
ဖုန်းထဲမှာ မို့ပြောချင်သလိုဖြစ်စေချင်သလိုပြောရဲသော်လဲတကယ်တမ်းကျ စစ်အပြောကအပိုဖြစ်သွားလား ဟာသလားတော့မသိ။ ဖုန်းထဲမှ မကအသံတိုးတိုးလေးရယ်မောနေသည်။ စစ်ဆံပင်ညှပ်ပေးတာခံနေတဲ့ကောင်မလေးကပြုံးနေသည်ကို မှန်ထဲမှမြင်လိုက်ရတော့စစ်တောင်အောင့်သက်သက်နဲ့မှန်ထဲကိုပြန်ပြုံးပြလိုက်ရသေး။
"ဘာလဲ မ ရီတာလားလို့"
"မကဆုတောင်းပေးရမှာပေါ့...စစ်ထီထိုးတော့မလို့လား"
"မထိုးပါဘူး ထိုးမယ့်ပိုက်ဆံတွေစုထားမယ်.စစ်ကံကိုမစမ်းချင်ဘူးမ. ကိုယ်လုပ်ကိုင်လို့ရတာပဲစုမယ်"
"ဟုတ်ပါပြီ....စစ်မ မအားတော့ဘူး ပန်းတွေတင်ပေးရတော့မယ်ချတော့မယ်နော်စစ်လဲဂရုစိုက်"
"ဟုတ်....ဟုတ်"
ဘာမှတောင်မပြောလိုက်ရပဲ ဖုန်းချသွားလေပြီ။ ဟင့်မကအမြဲအဲ့လိုပဲ
....
ညကြီးမင်းကြီး အိပ်ပျော်နေပါမှ ဖုန်းလာခဲ့တော့ စစ်မှာဖြင့်အမေနိုးသွားမှာလဲကြောက်ရ ။ ထူးထူးဆန်းဆန်း ညကြီးနက်မှခေါ်လာတဲ့ဖုန်းကကိုကို့ဖုန်းဆိုတော့မကိုင်ရင်လဲ အပြစ်ပြောခံရမှာမို့။ ဖုန်းကအသံပိတ်လိုက်ပြီးကိုင်ကာ အသာထ၍ ဘုရားခန်းကိုဖြတ်လေသာဆောင်တံခါးကိုအသံမမြည်အောင်ဖွင့်ပြီးထွက်လာပြောရလေသည်။
"ဟလို ကိုကို ဘာလို့အိပ်ချိန်မှဖုန်းဆက်ရတာတုန်း"
"ကိုင်သားပဲ ခလေး ကိုကို ခလေးကိုလွမ်းလို့ပါ"
မကိုင်လို့လဲမရ။.ခုတလော ကိုကို စစ်အပေါ်တအားရစ်တတ်လာသည်လေ။ မကိုင်ရင်ပြောမဆုံးဖြစ်နေလိမ့်မည်။
"ညနေကပဲပြောထားပြီလေ ခုကိုကိုကဘယ်မှာလဲ"
"အပြင်မှာ သူငယ်ချင်းတစ်ယောက်ညစာလိုက်ကျွေးတာနဲ့ "
စစ်လက်မှနာရီကြည့်လိုက်တော့ ညဆယ်နာရီတောင်စွန်းစွန်းဖြစ်နေပြိလေ။
"ဟင်...ကိုကို အချိန်လဲကြည့်ဦး ဒါအပြင်မှာနေရမယ့်အချိန်လားလို့"
"ဘာမှမဖြစ်ပါဘူး ရန်ကုန်လေ ခလေးရဲ့ စိတ်ပူစရာမရှိပူမနေနဲ့ ကိုကိုဘာမှမဖြစ်ဘူးသိလား လွမ်းတယ်ခလေးရယ်ကိုကို့ကိုချစ်သေးရဲ့လား"
"ကိုကိုရယ်ကိုယ့်ကိုကိုယ်ဘာလဲဆိုတာမေ့နေတာလား ဘာလို့ဒီအချိန်ထိအပြင်မှာနေနေတာလဲ ခုသူငယ်ချင်းဆိုတာယောက်ျားလေးမလား"
"တော်.....တော်တော့ စစ်.... မိန်းကလေးဆိုပြီးပြောမလို့လား...ဘာဖြစ်လဲမိန်းမလဲ ညအပြင်မထွက်ရဘူးပြောလို့လား....နောက်ထပ်စစ်ကိုကို့ကိုမိန်းမတစ်ယောက်လိုမြင်နေတာမျိုးပြောမိရင်ကိုကိုစိတ်ဆိုးမှာနော်"
ကိုကိုအော်လိုက်သံကြောင့်စစ်ဖြင့်လန့်သွားရသည်။ စစ်ပြောတာ အမှားမှမပါတာကိုကိုရယ်။
"ကိုကိုသောက်ထားတယ်ထင်တယ်ကိုကို ခုပဲပြန်လိုက်တော့နော်စစ်ကိုချစ်ရင်ပြန်ပါနော်"
"အင်သောက်ထားတယ်ခုတလော ခလေးကိုကို့ကိုရှောင်နေတယ်နော်ဖုန်းလဲအရင်လိုသိပ်မကိုင်ဘူး ကိုင်တော့လဲမအားရတာနဲ့ ခလေးဘာတွေဖြစ်နေတာလဲ"
"ရှောင်နေတာမဟုတ်ပါဘူးကိုကိုရယ်....စစ်တကယ်မအားလို့ပါ ကိုကိုခေါ်ထားလဲစစ်ပြန်ခေါ်နေတာပဲလေ ခုတော့အိမ်ပြန်တော့နော်စစ်လဲအမေနိုးမစိုးလို့အပြင်ထွက်ပြောနေရတာအဆင်မပြေလို့ပါကိုကိုရယ်ကိုကိုအိမ်ရောက်ရင်စစ်ဆီစာပို့နော်စစ်စောင့်နေမယ်ဒါပဲနော်စစ်ကိုချစ်ရင်ပြန်ပါနော်"
ပြောပြီး ဖုန်းချပစ်လိုက်သည်။ မဟုတ်ရင်တော့ မလွယ်။သောက်ထားလျှင်ကိုကိုကသွေးဆိုးတတ်သည်။ထို့ကြောင့်ချော့ကာခြောက်ကာနဲ့ စစ်ဖုန်းချပြီးအိပ်ခန်းအတွင်းတိတ်တဆိတ်ပြန်ဝင်လာတော့မေမေမနိုးလာသေးလို့တော်သေးသည်။ အမေ့ဘေးအသာလေးဝင်လှဲရင်းစောင်ခေါင်းမြီးခြုံကာစောင်ခေါင်းအတွင်းကိုကိုပို့လာမည့်စာကိုစောင့်နေလိုက်သည်။
ရှစ်ခွဲလောက်ကမနဲ့ပြောထားသောစာများကိုပြန်ဖတ်ရင်း
စစ်လဲစောစောအိပ်တော့နော်မ ပင်ပန်းလို့အိပ်နှင့်မယ်ဆိုပြီးမ အိပ်သွားတည်းကစစ်လဲလိုက်အိပ်တာခုကိုကိုဖုန်းဆက်နှိုးမှပဲနိုးလာရသည်လေ။ မနက်ကျရင်ပချိန်မတေယ်အထိ လိုင်းသုံးခဲ့တဲ့စစ်ကိုတော့ဆူနေဦးမှာမြင်ယောင်သေး။
....
မြို့ထဲကိုနေကပူပြင်းနေတာမို့မလာချင်လုပ်နေတာပေမယ့်အမေတို့အတွက်ကန်တော့ဖို့ဆိုပြီးကိုဟိန်းကပိုက်ဆံပေးထားတော့ တစ်ခုခုဝယ်ရန်လာရသည်။ အဖေ့ကိုပိုက်ဆံကန်တော့ရင်အရက်သောက်ဖို့ပဲဖြစ်သွားမှာ၊ အမေ့ကိုပိုက်ဆံကန်တော့ရင်လဲ မီးဖိုချောင်စရိတ်ထဲပဲပါသွားမှာမို့ အဖေ့တွက်ပုဆိုးလေးအမေ့တွက်ထမီလေးဝယ်ပြီးကန်တော့ရန်သွေးဆုံးဖြတ်ထားသည်လေ။ ကိုဟိန်းကလဲပိုက်ဆံသာထုတ်ပေးပြီးသွေးဝယ်ချင်တာဝယ်ဟုပြောတာကိုး။
ဈေးအတွင်း ပုဆိုးနှစ်ထည်ထမီနှစ်ထည်ဝယ်လာပြီး ပိုက်ဆံကဖြင့်လောက်တယ်ဆိုရုံလေး။ ဆိုင်ကယ်ဆီဖိုးရယ်အမေမှာလိုက်တဲ့ သဘောင်္မျိုးစေ့ဖိုးရယ်တော့သွေးစုထားတဲ့ပိုက်ဆံထဲကပဲ့ပါသွားရချေပြီ။
ပြန်နေပါပြီဆိုမှကံဆိုးချင်ပုံဖြင့်သီပေါတံတားတောင်မကျော်ဖြတ်ရသေး ဘီးကပေါက်တော့သည်။
ပိုက်ဆံကလဲအပိုပါမလာတော့။ မြို့ထဲတွင်ကိုဟိန်းလဲရှိမနေ။သူတို့ရုံးအဖွဲ့လားရှိုးကိုအလုပ်ကိစ္စဖြင့်မနေ့တည်းကသွားခဲ့တာပြန်မရောက်သေး။သွေးတစ်ယောက်ဒုက္ခလှလှတွေ့တော့သည်။ ဖုန်းလဲပါမလာ။ အခုမှအပြင်သွားရင်ဖုန်းမယူတတ်ပါသည့်သွေး အကြီးအကျယ်နောင်တရတော့သည်။
ကျွတ်ကျွတ်အိတ်တွေဆိုင်ကယ်လက်ကိုင်မှာချိတ်ပြီး ဆိုင်ကယ်ဆင်းတွန်းနေရသည်မှာလဲနေပူပူအောက်မှာမို့အဆင်မပြေလှ။ဆိုင်ကယ်ပြင်ဆိုင်လဲ မတွေ့။
"ဟေး....သွေး ဘယ်လဲဟ"
အရေးထဲဆိုင်ကယ်တွန်းနေပါတယ်ဆို လမ်းတစ်ဘက်ခြမ်း အိမ်ထဲမှခေါ်လိုက်သောအသံကြောင့်ကြည့်မိတော့
"ဟင်ရာဇာ"
ဟုတ်သည်။သွေးမှန်းသေချာသွားတော့ရာဇာလဲအိမ်ထဲမှထွက်လာသည်။သွေးအရေးပေါ်အချိန်တိုင်းနတ်သားလိုပေါ်ထွက်အားကိုးရတဲ့ရာဇာဆိုသောမောင်မင်းကြိးသား။
"ဘာဖြစ်လို့လဲ ဆိုင်ကယ်က"
"ဘီးပေါက်သွားလို့ ရာဇာရဲ့...နင်ဘာလုပ်နေတာ"
"ငါလား ဒါငါ့သူငယ်ချင်းအိမ်လေ...အလည်လာရင်းနဲ့နင့်တွေ့လို့ခေါ်တာ...ဒါနဲ့နင်ဘယ်ထိတွန်းမလို့တုန်း"
"အိမ်ထိပေါ့ဟ "
"ဘာရယ်အိမ်ထိ နင့်အိမ်မရောက်ခင်နင်အသက်မှရှိပါဦးမလား...ဘီးပေါက်နေတာမဖာပဲနဲ့"
"ဖာရအောင်ငါပိုက်ဆံလဲအပိုပါမလာဘူးဟဲ့ ပြီးဆိုင်လဲဘယ်နားမှန်းမသိဘူး"
"အေ့ဟ အထင်ကြိးစရာသီပေါသူပဲ...လာ လာ ဟိုဖင်လမ်းချိုးထဲမှာဆိုင်ရှိတယ်"
ပြောပြောဆိုဆိုနဲ့ရာဇာကသွေးဆိုင်ကယ်ကိုကူတွန်းသွားလေပြီ။ ပိုက်ဆံမပါပေမယ့်ရာဇာဆိုတော့သွေးအားနာစရာမလိုပေ။ ကံဆိုးချင်တော့ ဆိုင်ကယ်ပြင်ဆိုင်က ပိတ်ထားလေသည်။
"ဟေ့ ညီလေး ဒီနေ့ဆိုင်မဖွင့်ဘူးလား"
"ဦးလေးကျောက်မဲဆင်းသွားလို့ အကိုရ ပြန်တော့လာနေပါပြီ"
"ဆိုင်ကယ်ဘီးပေါက်နေလို့"
"ဪ ထားခဲ့လေ အကို ဦးလေးပြန်လာရင်လုပ်ပေးလိမ့်မယ်မနက်ဖြန်မနက်လာယူလို့ရတယ်မဟုတ်လဲ ညနေစောင်းရင်ရပြီဗျ"
"ကဲ မိသွေး ဘယ်လိုလဲ ထားခဲ့မှာလား တခြားဆိုင်သွားမလား"
သွေးစဉ်းစားကြည့်တော့နောက်တစ်ဆိုင်သွားဖို့ဆိုတာဘယ်လောက်တောင်ဝေးနေဦးမလဲမသိ။သွေးလဲဆက်မတွန်းနိုင်တော့။ ပြင်ပြီးရင်လဲ လက်ခပိုက်ဆံသွေးဆီမှာ မရှိတော့။ ကျွတ်တွေဝယ်ရင်ဝယ်နေရဦးမှာမို့ ရာဇာကိုလဲအားတော့နာသည်။ ထို့ကြောင့်ထားခဲ့ရန်ဆုံးဖြတ်ကာ
"ထားခဲ့မယ်ရာဇာ ငါ ညနေမှငြိမ်းကိုလာယူခိုင်းလိုက်မယ်ထင်တယ်"
"အင်း ဒါဆို ထားခဲ့မယ်ညီလေး ညနေမှလာယူမယ်နော်"
"ဟုတ်အကို ညနေသေချာရပါပြီ"
ဆိုင်ကယ်ထားခဲ့ပြီးလမ်းမကြီးဖက်လမ်းလျှောက်ပြန်ထွက်လာကြသည်။
"ဘာတွေးနေလဲသွေး ပြန်ရမှာစိတ်ပူနေလား မပူပါနဲ့ ငါပြန်ပို့ပေးမယ်ခဏလေးနေဦး ငါဆိုင်ကယ်သွားယူဦးမယ်"
"အင်း...ကျေးဇူးပဲ ရာဇာရယ်"
ရာဇာ သူ့သူငယ်ချင်းအိမ်မှာရပ်ခဲ့တဲ့သူ့ဆိုင်ကယ်ယူပြီးအိမ်အထိ လိုက်ပို့ပေးသည်။ အိမ်မှာ ဘယ်သူမှမရှိတာနဲ့
"ရာဇာ ဝင်ဦးလေဟာ အမေတို့တော့ခြံထဲရောက်နေပြီ"
"မဝင်တော့ပါဘူး ညနေမှ နင်သွားယူလိုက်နော်ဆိုင်မှတ်မိတယ်မလား"
"မှတ်မိတာပေါ့ဟဲ့ ငါ့များအထင်သေးလို့"
"အေ့ပါကွာအထင်လဲကြီးစရာကိုးလေ...ငါ သွားပြီနော်"
.ရာဇာ ပြန်ပြီးသွေးလဲ ခြံထဲလဲသွားပျင်းတာနဲ့ ဖုန်းထိုင်ဆော့နေလိုက်သည်။
"Hi မ"
လိုင်းတက်တာနဲ့ကို စစ်စာကတန်းရောက်တော့တာပင်။ တနေကုန်လိုင်းပေါ်ရှိနေလားမသိ။
"အင်း မ ခုမှဈေးကပြန်ရောက်တာ ဘီးကပေါက်နေသေး ဆိုင်မှာထားခဲ့ရတာ"
"ဟင်ဒါဆို မ ဘာနဲ့အိမ်ပြန်လာတာလဲ"
"သူငယ်ချင်းနဲ့တွေ့လို့သူလိုက်ပို့ပေးတာလေ "
"ဟုတ်လား သူငယ်ချင်း က မိန်းမလားဟင်"
"မဟုတ်ပါဘူးယောက်ျားလေး မတို့ကျောင်းတုန်းကသူငယ်ချင်း"
ဒီနေ့ စစ်ဆိုင်လူနည်းနေလားမသ်။ လိုင်းပဲအဆက်မပြတ်သုံး။ အရင်ကစာပို့နေရင်းတောင်အလုပ်ပေါ်လာရင်ဆင်းတတ်တာ။ ခုကတန်းပြိ်းစာပြန်နေတော့တာ။သွေးလဲလိုင်းတက်တာနဲ့အရင်လိုတခြားသူတွေနဲ့လဲမပြောဖြစ်..သူငယ်ချင်းတွေလဲလာမပြော...အမြဲလိုလို စစ်နဲ့သာပြောဖြစ်နေတာလေ
"မ ..."
",ရှင်"
"မကို စစ်ပြောစရာရှိတယ်"
"ပြောလေ စစ်"
"မ စိတ်မဆိုးရဘူးနော်ပြီးတော့စစ်ကိုအခင်အမင်မပျက်ပါဘူးလို့ကတိပေး"
ဘာများပြောမှာပါလိမ့်။ မဟုတ်ရင်ရည်းစားစကားပြောဖို့စကားပလ္လင်ခံနေသလိုပင်။
"စိတ်မဆိုးပါဘူး မကတော်ရုံစိတ်မဆိုးတတ်ဘူးပြောကြည့်ပါ မ စိတ်ဆိုးအောင်စစ်မလုပ်ဖူးဆိုတာ မ ယုံတယ်"
"ဟုတ်မ မကို စစ်ချစ်တယ်ဟိုလေ မ စစ်ကိုစိတ်မဆိုးရဘူးနော်စစ်မှာချစ်သူရှိတာမှန်ပေမယ့်စစ်မကိုလဲချစ်နေတယ်မရယ်တစ်ချိန်ချိန်မှာစစ်တစုံတရာဖြစ်ခဲ့ရင်မကိုချစ်တဲ့အကြောင်းမပြောရသေးတဲ့အတွက်နောင်တရမနေချင်လို့ပါ"
ဟင်...ဘယ်လိုတောင်လား။ သူ့ချစ်သူနဲ့ငါကဘာဆိုင်လို့လဲ။ သူ့ဘာသူချစ်နေတာကိုအဆန်းလာလုပ်။
"မလဲစစ်ကိုချစ်သားပဲ ညီမလေးရယ်ဘာလို့စိတ်ဆိုးရမှာလဲ"
"ဟင့်အင်း မ စစ်က မကိုအစ်မလိုချစ်နေတာ မဟုတ်ဖူး ချစ်သူရည်းစားလိုချစ်နေတာပါ မ မကိုစစ်အရမ်းချစ်တယ်စစ်ကို မျက်နှာများသူခြံခုန်သူဆိုပြီးတော့ မ မမုန်းလိုက်ပါနဲ့နော်စစ်တောင်းပန်ပါတယ်"
စစ်စကားတွေအတွက်သွေးမှာ ဘာပြန်ပြောရမည်မသိ။ ရင်ထဲမှာဟာခနဲကိုဖြစ်လို့။ မိန်းမတစ်ယောက်ကမိန်းမတစ်ယောက်ကိုဒီလိုလဲချစ်ရေးဆိုလို့ရသတဲ့လား။
ငါ့ဖက်ကညီမတစ်ယောက်လိုသူငယ်ချင်းတစ်ယောက်လိုခင်နေတာကို သူကဘာထဖောက်လာတာလဲ။ ငါ့ကိုများရည်းစားမရှိဘူးဆိုပြီးအလကားလာကြောင်နေတာလား။
စိတ်တွေလဲပျက်လှပါဘိ။
စကားမပြန်ရင်မကောင်းတာနဲ့ စိတ်မပါလှစွာရေးပို့မိပြန်သည်။
"ဒီနေ့ ဆိုင်ပိတ်တာလား"
"မပိတ်ပါဘူး မ စစ်ကနေမကောင်း လို့ဆေးသွင်းနေတာ"
အလကား...ငါ သနားအောင်ပြောနေတာ ...
"Vcပြောရအောင်ရလား"
"အမေရှိနေတယ်မပြောလို့မရဘူး"
သိသားပဲ ညာနေမှန်း....ငါ့ကိုငတုံးမှတ်နေတယ်...စစ်ရယ်ငါကသာစိတ်ရင်းနဲ့ခင်တာ နင်ဒီလိုအပျော်ကစားစရာထင်နေတယ်...ရှက်လိုက်တာဟာ...
"ပုံပြလေ"
"ခဏ "
ခဏဆိူပြီးပုံပို့လာသည်။ ဟုတ်သည်။ဆေးပိုက်တန်းလန်းနဲ့ပါပဲ။ စစ်မျက်နှာလေးတောင်အနီရောင်လေးဖြစ်လို့နေတာ။ သူ့အမေကတော့ကုတင်ခြေရင်းဖက်မှာဘာလုပ်နေလဲမသိ။
"ဂရုစိုက်ဦး ကျန်းမာရေး "
"မ စစ်ကိုစိတ်မဆိုးနဲ့နော်အရမ်းချစ်လို့အောင့်မထားနိုင်လို့ပါ မ ပြန်ချစ်ပါစေဆိုပြီးမမျှော်လင့်ထားပါဘူး မ အရင်လိုပဲခင်နေပေးနော်စစ်ကချစ်ရုံချစ်မှာပါ ချစ်တဲ့အကြောင်းလေးပဲမသိအောင်ပြောပြရုံပါ မကိုပြန်ချစ်ပေးပါလို့မတောင်းဆိုပါဘူးရှင်"
"ဆေးသွင်းထားတယ်မလား အိပ်တော့ မလဲမအားတော့ဘူး ဆင်းပီ"
လိုင်း တန်းဆင်းပြီးဖုန်းပါပိတ်လိုက်သည်။လောလောဆယ်ဒီဖုန်းလဲမလိုချင်တော့။ စစ်ကိုလဲစကားပြောချင်စိတ်မရှိတော့။ အမေတိူ့များ သိရင်သွေးတော့အရိုက်ခံရဦးမှာကျိန်းသေပင်။
ငါက ဘာလဲဟာ...ငါ့ကိုမှ ဘာလို့လဲ...
စစ်ရာ မုန်းလိုက်တာ
ရှက်တယ်ဆိုတာထက်ရင်မှာစိုးထိတ်လွန်းနေတဲ့ခံစားချက်ကြောင့်ငိုချင်သလိုလိုဖြစ်လာကာ မျက်ရည်တွေကျဆင်းလာတော့လေသည်။
.
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့