9

515 51 0
                                    


အိပ်​ခန်းထဲ တံခါး​လေးပိတ်​ပြီး ကတ်​ထူပုံးကို ခဲချွန်​ဓားဖြင့်​ဂရုတစိုက်​ဖွင့်​လိုက်​လေသည်​။
"အမ်​...ဖုန်းထည့်​တဲ့ဘူးပါလား"
စက္ကူ အထပ်​ထပ်​ပတ်​ထား​သော ဖုန်းဘူး​လေးအား ဆွဲထုတ်​ကြည့်​တော့
"ဒုက္ခပဲ...ဒီဘူးထဲဘာထည့်​ထားပါလိမ့်​...ငါ့ကိုလဲ ဘယ်​သူမှ​တော့ဖုန်းဝယ်​ပေးဟန်​မတူ...."
အ​တွေးများ​နေဆဲမို့ ဖွင့်​ကြည့်​ဖို့​တောင်​လက်​ကမရဲ​သေး။​တော်​ကြာ တစ်​ယောက်​ယောက်​ကစ​နောက်​ပြီး ဖုန်းဘူးထဲ အ​ကောင်​ပ​လောင်​တွေထည့်​ထား​လေမှ တက်​သေကိန်းဆိုက်​တော့မည်​။
လှုပ်​ကြည့်​သော်​လဲ ဘာသံမှမထွက်​။​လေး​တော့​လေး​နေသား။ အခန်းထဲတစ်​ယောက်​တည်းလဲမဖွင့်​ရဲ။​အောက်​ထပ်​ဆင်းပြီးလူ​ရှေ့ဖွင့်​ရ​အောင်​လဲ​မေးပြီးစပ်​စု​နေမှ အ​ဖေရိုက်​ထားတဲ့ဒဏ်​ရာ​တောင်​ကောင်း​ကောင်းမ​ပျောက်​သေး ထပ်​ရိုက်​နေမှ ပိုပြီးဒုက္ခကြီး​ချေ​ရော့မည်​။
ကဲ ဘာရှိရှိကွာ....အလကား​ရောက်​လာတာပဲ ဖွင့်​ကြည့်​ပြီးဘာမှမဟုတ်​လဲငါစိုက်​နေရတာမှတ်​လိူ့...
စိတ်​ကိုအားတင်းပြီးအရဲစွန့်​ကာ စက္ကူပတ်​တွေတစ်​ခုစီခွာကာချ။ ဘူး​လေးကိုတစ်​ဖြည်းဖြည်းသတိဝီရိယနဲ့ မျက်​တောင်​မခတ်​တမ်းဖွင့်​လိုက်​စဉ်​မ​တော့
အို.....
အနီ​ရောင်​လေး လွှမ်းခြုံ​နေပါ​သော ပိုင်​ရှင်​မဲ့ဖုန်းတစ်​လုံး။
အသာအယာဆွဲထုတ်​ပြီး​သေချာကြည့်​တော့လုံးဝအသုံးပြုထားခြင်းမရှိတဲ့ အသစ်​က​လေး။
စက်​ဖွင့်​ပြီး ဘာဘာညာညာစစ်​ကြည့်​သော်​လဲ တကယ့်​အသစ်​။ ဖုန်းဝယ်​လျှင်​ပါ​သော စာရွက်​စာတမ်းအစုံ ဘူး နားကျပ်​အားသွင်းကြိုး ဘူးခွံရဲ့​အောက်​အဆုံးမှာ​တော့ ပါဝါဘန့်​ခ်​တစ်​လုံး။
စဉ်းစားစမ်း....ဘယ်​သူ ပို့တာဖြစ်​နိုင်​မလဲ...
​တောင်​ကြီးမှာငါ့အသိဆို​လို့ စစ်​တစ်​ယောက်​ပဲရှိတာ...စစ်​နဲ့အရင်းနှီးကြီးမှမဟုတ်​တာ...လိုင်း​ပေါ်ပဲသိပြီးခင်​ရတဲ့လူတစ်​ယောက်​ကိုခုလိုတန်​ဖိုးကြီးတဲ့လက်​ဆောင်​တော့​ပေး​လောက်​မှာမဟုတ်​ဘူး ဒါမဲ့ စစ်​မှမဟုတ်​ရင်​လဲ ဘယ်​သူမှမရှိနိုင်​တော့တာကို
ဖုန်းဘူး​လေးထဲ ဖုန်းကို​သေချာပြန်​ထည့်​...ပြီးရင်​အဝတ်​အိတ်​၏​အောက်​ခြေအထိ ထိုးထည့်​။ ဘယ်​သူပို့မှန်းမသိ​သေးပဲအိမ်​ကလူ​တွေ သိကုန်​ရင်​ခက်​မည်​။
အကို့ဖုန်းကိုယူပြီး မီးဖိုခန်းထဲမှ​အ​မေ မသိ​အောင်​အိမ်​သာ​နောက်​ဖက်​သရက်​ပင်​ကြီး​အောက်​ဖက်​သို့လာကာ စစ်​အားဖုန်း​ခေါ်လိုက်​သည်​။
ဟိုးကတည်းက မင်းရှိတယ်​....
ကိုယ်​စောင့်​နတ်​သီချင်း​တောင်​နား​ထောင်​ရတာရိုးလာသလိုလိုရှိလာသည်​အထိ​ရောက်​လာတာ​တောင်​စစ်​ကဖုန်းမကိုင်​။
"​သွေး​ရေ..မိ​သွေး"
​ဟော....အ​မေက​ခေါ်​နေပြီ...စစ်​ကဖုန်းမကိုင်​လာ။
"​သွေး​ရေ..."
"ရှင်​...အ​မေ...​သွေး အိမ်​သာမှာ လာပြီ​နော်​"
မထူးမချင်းကို​အော်​ခေါ်တတ်​သည့်​အ​မေ့အကျင့်​တွေသိပြီးသားမို့ အိမ်​သာ​နောက်​က အမြန်​ပြေးထွက်​ကာ အိမ်​ရှေ့အထိ​ရောက်​မှ သက်​ပြင်းချရဲ​တော့သည်​။
"ကိုဟိန်းက သူ့​ဘောလုံးကန်​အင်္ကျီ​တွေ လာပို့​ပေးဦးတဲ့"
"ဟင်​...​သွေး သွားပို့ရမှာလား"
"ဘယ်​သူမှမရှိတာကို နင်​ပို့ရုံ​ပေါ့...လာ အ​မေ ထည့်​ထား​ပေးပြီးပြီ"
"ဘယ်​သူ့ကိုလူကြုံပါးလိုက်​တာလဲ"
"ဟိုဖက်​ကြက်ခြံက​ကောင်​လေး​လေ သူကြက်​ဥသွားပို့တုန်း​ဈေးမှာ​တွေ့တာနဲ့ အမှာပါးလိုက်​တာတဲ့"
​သွေး ကိုဟိန်းရုံးကို မသွားချင်​ပါ။ တစ်​ခါတစ်​လေ ကိစ္စ​တွေရှိလို့များ ကိုဟိန်းရုံးဖက်​ရောက်​လျှင်​ဖြင့်​အဲ့ရုံးက လူ​တွေများ စားမတတ်​ဝါးမတတ်​ကို ကြည့်​ကြတာ။ ဒါကို ကိုဟိန်းလဲသိသဖြင့်​သွေးကိုမလာ​စေချင်​မှန်းလဲသိသည်​၊
"ငြိမ်း​ကော"
"ခြံထဲမှာလားမသိဘူး"
"​ဋ္ဌေးလဲရှိတယ်​မလား ငြိမ်းကို​ခေါ်ပြီးသူတို့နှစ်​ယောက်​သွားပို့ခိုင်းလိုက်​ပါလားအ​မေ...​သွေး ဆိုင်​ကယ်​မ​မောင်းချင်​တော့လို့"
"ခုဏကပဲ ဆိုင်​ကယ်​မောင်းပြီး ပြန်​လာတာမလား ခုမှဘာဖြစ်​ရ"
"အဲ့ဒါ လမ်းထိပ်​တင်​ဆီသွားဖြည့်​ထားရုံပါ အ​မေရ"
ကံ​ကောင်းသည်​က ဖုန်းသွားယူပြီးအပြန်​တကယ်​လဲဆီဖြည့်​လာလို့​ပေါ့။ ခြံအစပ်​ဆီအကြည့်​ရောက်​မိ​တော့ငြိမ်းနှင့်​ဋ္ဌေး ပြန်​လာ​နေသည်​ကို​တွေ့ရသဖြင့်​
"အ​တော်​ပဲ ငြိမ်းတို့​ရောက်​လာပြီ သူတို့ပို့ခိုင်း​နော"
အ​မေ ဘာမှမ​ပြောလိုက်​ခင်​ကို​ရေချိုးရန်​နှင်းဆီခြံဖက်​သို့ အလျင်​အမြန်​အ​ပြေးသွားလိုက်​ရပါ​တော့သည်​။
.....
စစ်​ဆိုင်​တံခါး ပိတ်​....ခဲအိုနှင့်​တူနှစ်​ယောက်​စလုံး အိမ်​ပြန်​ရောက်​နေပြီမို့ ခြံတံခါးပါ ပိတ်​လိုက်​သည်​။ လှန်းထား​သော အဝတ်​များကိုခြင်းတစ်​ခုထဲသို့ ပစ်​ထည့်​ပြီး ခြင်းက​လေးပိုက်​ကာ အိမ်​ထဲသို့ ဝင်​လာလိုက်​သည်​။ မီးဖိုခန်းထဲတွင်​မကြီးတို့မိသားစု​လေး​ယောက်​ထမင်းစား​နေကြသည်​။ စစ်​ကို မြင်​တော့ ခဲအိုက
"စစ်​လာ ထမင်းတစ်​ခါတည်းဝင်​စား​လေ"
"လာ မကြီး ထမင်းခူး​ပေးမယ်​"
မကြိးကပါ ထမင်းပန်းကန်​တစ်​ချပ်​ယူပြီး ခူးထည့်​ပေးဖို့ ပြင်​တော့
"အာ...ရတယ်​မမ စစ်​မဆာ​သေးဘူး...​နောက်​မှပဲစား​တော့မယ်​"
"ဒီမှာ စစ်​ကြိုက်​တတ်​တဲ့ ငါးသံပုရာ​ပေါင်း ခဲအို ဝယ်​လာတယ်​ကွ လာ ထိုင်​"
"မကြိးလဲ မုန်​ညှင်းရွက်​ကြော်​ထား​သေးတယ်​စစ်​ရဲ့"
"ဟုတ်​ရပါတယ်​အ​မေ​ကော စားပြီလား"
"ည​နေတည်းက စားပြီးသွားပြီ ဘုရားရှိခိုး​နေတယ်​ထင်​တယ်​အောက်​လဲဆင်းမလာ​သေး"
"ဟုတ်​...စစ်​အ​ပေါ်တက်​ဦးမယ်​...ဆရာမအိက​ဘေလ်​မှာထား​သေးလို့"
"ပြီးရင်​စား​နော်​မကြီး ချန်​ထား​ပေးမယ်​"
"​နေပါ​စေ...မကြီးတို့ပဲ စားနိုင်​သ​လောက်​သာစားကြပါ တကူးတကကြီး ချန်​မထားနဲ့ စစ်​က စားဖြစ်​ချင်​မှစားဖြစ်​တာကို"
"မစားလို့မရဘူး အား​ဆေးသွင်းရတဲ့လူကများ....ထမင်းမစားလဲ ကြိုက်​တဲ့ဟင်း​လေး​တော့ ဆင်းပြီးစားဦး မစားရင်​မကြိးအခန်းထဲထိလာပို့မှာ"
"အယ်​စားပါ့မယ်​နော်​အခု​တော့ အဝတ်​တက်​ထာစလိုက်​ဦးမယ်​"
"​အေး​အေး"
မကြိးတို့ မိသားစုက ဆုံခဲလှသည်​လေ။ တစ်​ခါတ​လေ ခဲအိုက ခြံတွင်​ပဲအိပ်​တတ်​တာကို။ ပြီး အကြီး​ကောင်​ကလဲ စာ​မေးပွဲဖြင့်​ပြီးတာဘယ်ေ​လာက်​မှမကြာ​သေး​နောက်​နှစ်​အတွက်​သုံးလပြတ်​ကြိုတက်​ရ​တော့မည်​တဲ့။ ဆုံခဲလှတဲ့ မကြီးတို့မိသားစုစုံညီထမင်းဝိုင်း​လေးမှာ စစ်​ဝင်​မရှုပ်​ချင်​လို့ ငြင်းလိုက်​ခြင်း။​နောက်​တစ်​ခုက မကြီးမသိခင်​အ​မေနှင့်​တိုင်​ပင်​စရာရှိ၍ အ​ပေါ်ထပ်​သို့အမြန်​တက်​လာလိုက်​သည်​။ အဝတ်​ခြင်း​လေးအိပ်​ယာ​ပေါ်တင်​ပြီး ဘုရားစင်​ရှေ့မှ အ​မေ့ကိုအကဲခတ်​လိုက်​တော့ အမျှ​ဝေလို့​ကြေးစည်​ပင်​ထု​နေပြီ။
အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူ​တော်​မူကြပါကုန်​လော့
သာဓု......သာဓု.....သာဓု
​နောင်​.....
သာဓုချပြီး တဘက်​က​လေးကို ဘုရားစင်​အောက်​က ခုံ​လေး​ပေါ်တွင်​ခေါက်​တင်​နေ​တော့မှ
"အ​မေ ပြီးပြီလား"
"ပြီးပြီ​လေ"
"ဟို​လေ...အ​မေ့ကို စစ်​ခွင့်​တောင်းစရာရှိလို့"
"ဘာများတုန်း"
အိပ်​ခန်း ထဲ အ​မေဝင်​တော့ စစ်​လဲလိုက်​ဝင်​ရင်း အဝတ်​ခေါက်​နေလိုက်​သည်​။
"ဟို​လေ အ​မေ နန်းနန်းအ​မေ့ကို​ပြောထား​သေးတယ်​မလား"
"ဘာလဲ သူမူဆယ်​သွားမယ့်​ကိစ္စလား"
"ဟုတ်​တယ်​လေ အ​မေ အဲ့ကိစ္စ"
မူဆယ်​ကို စစ်​လိုက်​မည့်​အ​ကြောင်း အ​မေ့ကိုဦးစွာ မ​ပြောရဲ​သော​ကြောင့်​နန်းနန်းကို အရင်​လမ်း​ဖောက်​ခိုင်းထားပြီးသား။ အဲ့လို​ပြောပြီး အ​မေ့မျက်​နှာအကဲခတ်​တော့လဲ ဘာမှမဟုတ်​သလို။
"နင်​က လိုက်​ချင်​လို့လား"
"တအားလိုက်​ချင်​တယ်​လို့လဲ မဟုတ်​ပါဘူး ဒါ​ပေမဲ့ စစ်​က တစ်​ခါမှ ခရီးမထွက်​ဖူး​သေးတာမို့ပါ....ပြီး နန်းအိမ်​ကလဲ စစ်​ပါမှသွားခိုင်းမယ်​တဲ့....အ​ဒေါ်အ​မေ့ဆီလာမ​ပြော​သေးဘူးလား"
တကယ်​လဲ ဟုတ်​သည်​ပဲ​လေ။ ခရီးထွက်​ဖို့ စစ်​ဘဝမှာ ဘယ်​တော့မှ စိတ်​မကူးဖြစ်​သေးတာကို။ ဒါ​ပေမဲ့ မ ရှိရာ မ​နေထိုင်​ရာ အရပ်​လေးဆို​တော့ စိတ်​ကပါလာရတာ​ပေါ့။
"နင်​နေမှမ​ကောင်းတာ ခရီး​ဝေးသွားလိူ့ဖြစ်​မလား...နန်းက စွာစွာနဲ့နင်​လိုက်​သွားလဲ ထိန်းနိုင်​ပါ့လား"
"သူလဲငယ်​တော့တာမှမဟုတ်​ပဲကို...ပြီး​တော့ ခုသွားမှာ သူတို့အမျိုး​လေ"
"မမကို​ပြောပြီးပြီလား"
သိသားပဲ။ စစ်​ဘာပဲလုပ်​လုပ်​အ​မေတစ်​ယောက်​တည်းနဲ့ဆို ကိစ္စကမရှိ။ အဲ့ဒီမကြိးပါလာရင်​ကို ဒုက္ခ က​ရောက်​ပြီ။ မကြိးက​နေရာတကာကို သိပ်​ပြီးလွှတ်​တာမဟုတ်​။
"မမကို မ​ပြောရ​သေးပါဘူး မမကိုအရင်​ပြောရင်​အ​မေသိတဲ့အတိုင်းပဲ လွှတ်​ချင်​စိတ်​တောင်​ရှိချင်​မှရှိမှာ...အဲ့ဒါ​ကြောင့်​အ​မေ့ကိုအရင်​ပြောပြတာပါ"
"သွားချင်​နေတယ်​မို့လား"
"ဟုတ်​....တစ်​ခါ​လောက်​တော့​ရောက်​ဖူးချင်​ပါတယ်​ဒီလအတွက်​ဆေးလဲထိုးပြီးပြီ​လေ...​နေမ​ကောင်း​တော့ထပ်​မဖြစ်​လောက်​တော့ပါဘူး​နော်​မကြိးကို​ပြော​ပေး​နော်​...စစ်​တစ်​ခါမှခရီးမထွက်​ဖူးလို့ပါ"
"​အေ့ပါ...ခုမှမသွား​သေးတာ...နင့်​အ​ဒေါ်လာ​ပြောပါ​စေဦး...မမနဲ့လဲတိုင်​ပင်​ထားရဦးမယ်​"
"ဟို​လေ အ​မေ စစ်​သွားချင်​တယ်​တကယ်​သွားချင်​နေတာ​နော်​"
"တီ​ဗီဆင်းကြည့်​လိုက်​ဥိးမယ်​..အဝတ်​တွေ​သေချာသိမ်း​နော်​ကြွက်​ရှိတယ်​"
"ဟုတ်​"
အ​မေက​တော့ အ​ခြေအ​နေ​ကောင်းတဲ့ဖက်​ရောက်​နေသည်​။ မမ သ​ဘောတူကြည်​ဖြူ ဖို့ပဲ ကျန်​တော့သည်​။ ဘုရားသိကြားမ လို့ ခွင့်​ပြုပါ​စေ။ စစ်​မနဲ့​တွေ့ချင်​လှပါသည်​။
မ ကို အသိမ​ပေးပဲ စစ်​ဖုန်းဝယ်​ပြီး ပို့​ပေးလိုက်​တာ ။ မ လက်​ထဲ​ရောက်​နေပြီလားမသိ။ တစ်​နေကုန်​ရပ်​ကွက်​ထဲ ရှင်​လောင်းပွဲနီးကပ်​လာ​သော​ကြောင့်​ဆံပင်​အလှပြင်​သူ​တွေကိုပုံကျ​နေ​တော့တာမို့​နေ့လည်​စာ​တောင်​နောက်​ကျမှစားရတဲ့အဖြစ်​။ ဒါ​တောင်​အလှည့်​ကျစားရတာ။ ဖုန်းကိုင်​ဖို့ဆိုတာ​ဝေလာ​ဝေး။ မနက်​က​တောင်​မဖုန်းဆက်​တာ ရန်ကုန်​ကမှာထားတဲ့ ဆံပ​င်​ပေါင်း​ဆေးအချို့ကို မကြီးနှင့်​အတူ ကားဂိတ်​မှာသွားယူ​နေတာ​ကြောင့်​ကောင်း​ကောင်းမ​ပြောလိုက်​ရ​ပေ။ ဆိုင်​ပြန်​ရောက်​မှ​ခေါ်ရ​အောင်​ဆို​သော်​လဲ မအားလိုက်​သော​ကြောင့်​မ​ခေါ်ဖြစ်​လိုက်​။
အခု​တော့ အ​မေလဲ​အောက်​ထပ်​ဆင်းသွားပြီမို့ မ ဆီကိုဖုန်း​ခေါ်ရန်​ဆုံးဖြတ်​လိုက်​သည်​။
ဖုန်းအ​ဟောင်းနှင့်​ပင်​မရဲ့အကိုဖုန်းနံပတ်​သို့​ခေါ်လိုက်​သည်​။
တူ တူ တူ
ဝင်​တော့ဝင်​နေသည်​။ ကျခါနားနီးမှပင်​လာကိုင်​တော့​ယောက်ျား​လေးသံဖြစ်​နေသည်​။
"ဟလို"
အစ​တော့ စစ်​လန့်​သွားရ​သေးသည်​။ မ အကိုများသူ့ဖုန်းပြန်​ယူထားပြီလားမသိ။​မေး​တော့​မေးကြည့်​ရဦးမည်​။
"မ​သွေး ရှိလားရှင့်​"
"ရှိတယ်​ဗျ ခဏ​နော်​...မ​သွေး​ရေ...ဖုန်းလာတယ်​"
စပီကာကြီးဖွင့်​ပြီး​ပြော​နေသလားမသိ။ အဲ့လူ​အော်​သံကြီးက စစ်​နားထဲ​တောင်​စူး​အောင့်​သွားရသည်​။
"ဘယ်​သူတဲ့လဲ .... မသိဘူး အမည်​က Sဆိုပြီးပဲ​ရေးထားတယ်​...လာပြီ ကိုင်​ထား"
သူတို့အပြန်​အလှန်​အော်​ပြော​နေသံများက အတိုင်းသားကြား​နေရသည်​။
ခဏကြာ​တော့မှ
"ဟလို စစ်​"
ချိုသာကြည်​လင်​တဲ့ မ အသံ​လေး​ပေါ်လာမှ စစ်​ရဲ့တစ်​နေ့တာအ​မောတို့​ပြေ​ပျောက်​ကုန်​တော့သည်​။
"ဘာလုပ်​နေတာလဲ မရဲ့ အကြာကြီးပဲ"
"စားပြီးတဲ့ ပန်းကန်​တွေ​ဆေး​နေတာ​လေ...ခဏက မရဲ့​မောင်​လေး​လေ"
"ဪ...​မနက်​က မ ဖုန်း​ခေါ်​တော့ စစ်​အပြင်​ရောက်​နေလို့​လေ"
"ဟုတ်​သား....စစ်​မ​မေးစရာရှိလို့"
"ဟုတ်​မေး​လေ...ဘာများလဲ"
"မဆီကို​ရွှေ​တောင်​ကြီးကားနဲ့ပါဆယ်​ပို့​ပေးလိုက်​တာ စစ်​လား...မ​ဖောက်​ကြည့်​တော့ဖုန်းအသစ်​ကြီးဖြစ်​နေတယ်​လေ"
"ဟုတ်​တယ်​လေ...မ သိလား ဒီ​နေ့က စစ်​နဲ့မ ခင်​တာ ငါးလပြည့်​တဲ့​နေ့​လေ အဲ့အတွက်​စစ်​စဉ်းစား​နေတာ ကြာပြီ​လေ...မအတွက်​တစ်​ခုခု​ပေးချင်​တာ မ ဘာကြိုက်​တတ်​မှန်းမသိလိူ့မဝယ်​ရ​သေးတာနဲ့ မ ဖုန်း​ပျောက်​တယ်​ဆို​တော့ စစ်​ပျော်​သွား​သေးတာ"
စကားအရှည်​ကြီး​ပြောလိုက်​တော့ မ ဖက်​က ငြိမ်​သက်​နေသည်​။ ဘာစကားမှပြန်​မ​ပြော။
"ဟလို မ ကြားရဲ့လား"
"ကြားပါတယ်​စစ်​ရယ်​...ဖုန်းဆိုတာက​ဈေးကြီးလွန်းတယ်​လေ...ဒီလိုတန်​ဖိုးကြီးတဲ့လက်​ဆောင်​ကို မ လက်​မခံရဲပါဘူးကွယ်​"
"ဟာ...အဲ့လိုမ​တွေးနဲ့​လေ မရဲ့...စစ်​က မကိုမြင်​မြင်​ချင်းချစ်​ပြီးသား..သူစိမ်းလို့ကိုမ​တွေးမိဘူး...မ လက်​မခံဘူးဆိုရင်​မကစစ်​ကိုမခင်​ဘူးလို့ပဲ သ​ဘောထားမှာ​နော်​"
ဘယ်​လိုပဲ​နေ​နေ မကိုမြင်​မြင်​ချင်း ချစ်​တဲ့အ​ကြောင်းကို​တော့ပါးစပ်​က မုသားကင်းကင်းနဲ့ထွက်​သွား​လေပြီ။ မက​တော့ ဘယ်​လို​နေမည်​မသိ။​ပြောထွက်​ပြီးကာမှပဲ စစ်​ရင်​တွေ​တောင်​တုန်​လို​နေသည်​။
"ခင်​တာ​တော့ခင်​တာ​ပေါ့...ဒါ​ပေမဲ့ ဒီလိုဖုန်းလက်​ခံပြီး မကအိမ်​ကိုဘယ်​လို​ပြောပြရမလဲ"
"ဟင်​အိမ်​ကမသိ​သေးဘူးလား"
"မသိ​သေးဘူး​လေ...ခု​တောင်​မ​တော်​တဆမြင်​သွားမှာစိုးလို့ဖွက်​ထားရတာရယ်​"
"ဒါဖြင့်​စစ်​လာခဲ့မယ်​မ အဲ့ကျမှ စစ်​က မတို့မိသားစု​ရှေ့မှာ လက်​ဆောင်​ပေးမယ်​နော်​မ စိတ်​မပူပါနဲ့ မ အရိုက်​ခံရ​အောင်​စစ်​ကမလုပ်​ရက်​ပါဘူး​နော်​မ​စောင့်​နေပါ မရှိရာကိုစစ်​လာခဲ့မယ်​"
"ဘယ်​တော့မှလဲ အမြဲအလုပ်​များ​နေသူကြီးက အားလပ်​ချိန်​ကော ရှိရဲ့လား"
"ရှိရမှာ​ပေါ့ ကိုယ်​ချစ်​တဲ့သူအတွက်​မှ အချိန်​မ​ပေးနိုင်​ရင်​ဘယ်​ကောင်းပါ့မလဲလို့ "
"ဟုတ်​ပါပြီ အခုဆရာမ​တွေအလုပ်​ခေါ်​တော့မယ်​တဲ့ မလဲရှမ်း​တောင်​မှာ တာဝန်​ကျချင်​ပ"
"ဟုတ်​လား​တောင်​ကြီးကိုကျ​အောင်​လျှောက်​နော်​မ စစ်​အကုန်​ကူညီ​ပေးမယ်​မကို​စောင့်​ရှောက်​မယ်​ဘာမှမပူနဲ့ ဒီကိုကျရင်​စစ်​တာဝန်​ထား"
"ဟုတ်​ပါပြီ...စိတ်​တော့ပူသား ဖုန်း​တွေ့သွားမှာကို"
"မ​တွေ့​အောင်​မက​သေချာဖွက်​ထား​ပေါ့ စစ်​အမြန်​လာခဲ့မယ်​နော"
"လာခဲ့ပါ​ရောက်​တဲ့​နေရာဖုန်း​ကေ်​လိုက်​လာကြိုမယ်​"
"ဟုတ်​မ​ရေ အ​မေတက်​လာပြီ စစ်​ဖုန်းချ​တော့မယ်​...လိုင်း​ပေါ်တက်​ခဲ့​နော်​စစ်​ဘေလ်​လွှဲ​ပေးမယ်​အားရင်​တက်​ခဲ့​တော့ စစ်​စောင့်​နေပြီ"
မ ဘာမှမ​ပြောရ​သေးခင်​စစ်​အရင်​ချလိုက်​သည်​။ မချလို့ကလဲမရ အ​မေကအခန်းဝ​ရောက်​နေပြီ​လေ။ အ​မေအိပ်​နေသည်​နှင့်​ကျောခိုင်းပြီး မကို​ဘေလ်​သုံး​ထောင်​လွှဲ​ပေးလိုက်သည်​။ ည​နေကမှာထား​သော ဆရာမအိကိုလဲ တစ်​ခါတည်းလွှဲ​ပေးလိုက်​သည်​။
"အ​မေ မကြီး​ပြော​နေမှာစိုးလို့ စစ်​ငါးသံပုရာ​လေးဆင်းစားဦးမယ်​နော်​"
"ညနက်​အထိ​အောက်​မှာမ​နေနဲ့​နော်​..."
"ဟုတ်​အ​မေ"
လိုင်းဖွင့်​ရင်းထမင်းစားပွဲက​နေစား​သောက်​ရင်း မ တက်​လာမည့်​အချိန်​ကို​စောင့်​နေလိုက်​သည်​။ တူနှစ်​ယောက်​က​တော့ တီ​ဗီ​ရှေ့မှ ငြိမ်​ချက်​သား​ကောင်း​နေပြီ။ မကြီးတို့လင်​မယားက​တော့အလုပ်​တွေကိုယ်​စီနဲ့ဘာစာရင်း​တွေချုပ်​နေလဲမသိ။
ဘယ်​လိုပဲလူစုံ​နေ စုံ​နေ စစ်​တို့အိမ်​ကြီးဟာဖြင့်​အမြဲလိုလိုတိတ်​ဆိတ်​နေတာပါပဲ​လေ။
....
ဒီ​နေ့ ပန်းညှပ်​ဖို့ သိပ်​မရှိတာ​ကြောင့်​သွေးတို့သက်​သာ​နေသည်​။ အခင်းစပ်​သုံး​လေး​ဘောင်​လောက်​မှ အပွင့်​များလိပ်​၍ ပိုးကျ​နေ​သော​ကြောင့်​ငြိမ်းက​ဆေးဖြန်းပုံး​လေးလွယ်​ပြီး​ဆေးလိုက်​ဖြန်း​နေသည်​။ အ​မေနှင့်​ဋ္ဌေးက​တော့​သွေးညှပ်​ပြီးပုံ​ပေးထား​သော ပန်းခက်​များကို စည်း​နေပြီ။
ခုရက်​ပိုင်း​သွေးကိုရိုက်​ပြီး​နောက်​အ​ဖေအရက်​သောက်​တာမ​တွေ့ရ​တော့​ပေ။​သွေးကိုလဲ မျက်​နှာချင်းသိပိမဆိုင်​ရဲသလိုနဲ့။​သွေးက​တော့ဘာမှမဖြစ်​ခဲ့သလို ပု့်​မှန်​အတိုင်းအ​ဖေ့ကို​ပြောဆိုဆက်​ဆံ​တော့ အ​ဖေကပိုပြီးမ​နေတတ်​ဖြစ်​နေတာလားမသိ။
ခုလဲ တဲ​ပေါ်ထိုင်​ပြီး ပန်းစည်း​နှောင်​ရန်​အတွက်​ဝါးပိုင်း​လေးမှာခုတ်​ကာ နှီးထိုင်​ထိုး​နေ​လေသည်​။
ပန်းညှပ်​လို့လဲပြီးသွား​တော့မှ တဲဆီသွားပြီး
"အ​ဖေ ဒီပုဆိုး​လျှော်​မှာလား"
"အဲ့ဒါဝတ်​မလို့ယူလာတာ"
"ဒါဖြင့်​အ​ဖေအခုဝတ်​ထားတဲ့ပုဆိုးနဲ့ လဲ​ပေး​လေ...​ရေဝတ်​ချိုးရင်​ငြိမ်းဟာယူလဲရတယ်​...အခု​သွေးပန်းညှပ်​လို့ပြီးပြီဆို​တော့ အဝတ်​သွား​လျှော်​မလို့ အ​မေ​သွေးမစည်းကူ​တော့ဘူး​နော်​"
အ​ဖေ့ကို​ပြောရင်းအ​မေ့ကိုပါတစ်​ခါတည်း​ပြောလိုက်​သည်​။ အ​ဖေလဲပုဆိုးလဲ​ပေးလိုက်​တော့ အ​မေ​လျှော်​ဖို့. ဇလုံထဲထည့်​လာ​သောအဝတ်​တို့အကုန်​ယူကာ နှင်းဆီခင်းရဲ့​အောက်​ဖက်​ဒုဋ္ဌဝတီမြစ်​ဆိပ်​သို့ ဇလုံ​လေးရွက်​လို့ဆင်းလာလိုက်​သည်​။
မြစ်​အစပ်​တွင်​အဝတ်​လျှော်​ဖို့​နေရာ​လေးကို ကိုဟိန်းနဲ့ငြိမ်းတို့ဘိလပ်​မြေ​တွေဖြင့်​လက်​စွမ်းပြထားကြတာ။ တစ်​ချို့​ရေတက်​ချိန်​တွေများဆို အဲ့​နေရာက​ရေ​တွေဖုံးကုန်​တော့​လျှော်​၍မရ။ ခုလို​နွေရာသီ​တော့​ရေနဲ့​တောင်​သိပ်​မထိချင်​တော့။
​ရေထဲအဝတ်​တွေအကုန်​နှစ်​ပြီး ဇလုံထဲတွင်​ဆပ်​ပြာရည်​စိမ်​ကာ တစ်​ထည်​ချင်းစီ​လျှော်​နေလိုက်​သည်​။
မ​နေ့ညက စစ်​ပြော​သော စကားများ​ကြောင့်​သွေးမှာစိတ်​ကူး၍ပင်​ခပ်​ကောင်း​ကောင်း။ ကံ​ကောင်း​ထောက်​မ၍ ရှမ်း​တောင်​ဖက်​တာဝန်​ကျရင်​တော့ ဘာမှမျက်​နှာငယ်​စရာမလို​အောင်​စစ်​ကူညီမယ်​ဆိုတာယုံကြည်​ပြိ်းသား။
စစ်​ကို​သွေးနားမလည်​နိုင်​တာက​သွေးကိုအပြင်​မှာ​တောင်​သေချာမရင်းနှီိးဖူးပါပဲနှင့်​တန်​ဖိုးကြီးလှ​သော လက်​ဆောင်​အဖြစ်​ဖုန်းအသစ်​ကိုဝယ်​ထည့်​ပေးလိုက်​တဲ့ကိစ္စ။ စစ်​ကို ပြန်​ပေးရ​လောက်​အောင်​လဲ​သွေးမှာ ပိုင်​ဆိုင်​တာကဘာမှမရှိ။ စစ်​ကိုယ်​တိုင်​အိမ်​မှာ ဖုန်းကိုအ​မေတို့​ရှေ့လာမ​ပေးသ၍​သွေးဖုန်းကိုမသုံးရဲ​သေးပါ။ ညအိပ်​ခါနီးတို့ မနက်​နိုးလာတာတို့ဆိုရင်​တော့​သွေး​လေးကို​သွေးထုတ်​ကြည့်​မိသည်​ပဲ​လေ။​သွေးအ​ခြေအ​နေအရဆို ဒီလိုဖုန်းမျိုးကိုပိုင်​ဆိုင်​ဖို့လချီပြီးကြိုးစားပိုက်​ဆံစုရင်​တောင်​အချိန်​ကြာမှပဲကိုင်​နိုင်​လိမ့်​မည်​လေ။
....
"မမချစ်​...နန်းနဲ့မမစစ်​ကို ခုထိက​လေးထင်​နေတုန်းလား အဲ့​လောက်​ခရီး​လေးက​တော့ အမှားအယွင်းမရှိပဲ နန်းတို့ သွားတတ်​ပါတယ်​နော်​"
မကြီး ကို အ​မေ​ပြောထား​သောလဲ သိပ်​ခွင့်​ပြုချင်​ပုံမရတာမို့ နန်းနန်းကို အကူညီ​တောင်းရပြန်​သည်​။ ဒီ​နေ့​တော့တစ်​ဆိုင်​လုံးမှာ နန်းနန်းအသံ​လေးပဲစွာလန်​နေ​တော့သည်​။
"တစ်​ခါမှ​ရောက်​ဖူးတာလဲမဟုတ်​ပဲနဲ့...နန်းကို​တော့မ​ပြောပါဘူး အ​ရေးကြ်ိးတာ စစ်​စစ်​ပေါ့....​နေမ​ကောင်းဖြစ်​လို့​ဆေး​တွေသွင်းထားရတာကိုဖြင့်​မကြာ​သေးတာ"
"အကြာကြီးသွားမှာမှမဟုတ်​တာ​ကော...အလွန်​ဆုံးကြာလှတပတ်​ပေါ့၊ မကြီးချစ်​ကလဲ မမစစ်​က ဘယ်​မှ​ရောက်​ဖူး​သေးတာမဟုတ်​ဖူး"
မကြီးနဲ့ နန်းတို့​ပြော​နေတဲ့စကားဝိုင်းထဲ စစ်​တော့ဝင်​မ​ပြောမိပါ။ အန်​တီတစ်​ယောက်​ကိုဆံပင်​လေးညှပ်​ပေးရင်းနှင့်​သာ သူတိူ့စကားများကိုနားစွင့်​နေလိုက်​သည်​။
နန်းကလဲ​တော်​ရုံလက်​လျှော့တတ်​သူမဟုတ်​။ သူ့အ​မေကလဲ မ​နေ့တည်းက စစ်​တို့အိမ်​မှာလာ​ပြောပြီး အ​မေ့ဆီမှာခွင့်​တောင်းသွားပြီးသား။ ဒါကိုမကြီးက မ​နေ့ကအ​ဒေါ်တို့​ရှေ့မှာ​တော့ ဘာမှမ​ပြောပဲနဲ့မနက်​ကျမှ အင်​တင်​တင်​ဖြစ်​လာကုန်​တာ။ အ​မေကလဲ ခွင့်​ပြုထားပြီးသားကို မကြီးကမသွားရဘူးဆိုရင်​ဖြင့်​စစ်​ကိုခွင့်​ပြုမိန့်​ပါမစ်​ပိတ်​တော့မည့်​ပုံ။
စစ်​မှာ ဘုရား​စာ​တွေရွတ်​လို့ ကြိတ်​ဆု​တောင်း​နေရတာ။
"​မြောက်​ပိုင်းက အ​ခြေအ​နေလဲသိပ်​ကောင်းတာမဟုတ်​ဖူး​နော်​နှစ်​ယောက်​တည်းဖြစ်​ပါ့မလား"
"ဖြစ်​တာ​ပေါ့ လူတိုင်းသွား​နေကြတာ ဘာမှဖြစ်​တာမဟုတ်​တာ မကြီးကလဲပိုက်​ဆံကုန်​မှာ​ကြောက်​လို့လား နန်းလစာ​တွေနဲ့မမစစ်​ကိုအ​ဖော်​ခေါ်သွားနိုင်​ပါတယ်​နော်​ဒေါ်​လေးက ခွင့်​ပြုသားနဲ့မကြီးကခွင့်​မပြုရင်​နန်း ဒီမှာအလုပ်​မလုပ်​တော့ဘူး"
မကြီးက​တော့တမျိုးမဟုတ်​တမျိုးနဲ့ကို ခြိမ်း​ခြောက်​နေတာ​တောင်​နန်းကပိုပြီး​ခြောက်​ပြလိုက်​သေးသည်​မို့ စစ်​နား​ထောင်​ရင်းပြုံး​နေလိုက်​သည်​။
"နင်​တို့ကလဲဟယ်​အလုပ်​တွေများကာမှ"
"မကြီးဆိုင်​ကအမည်​ကျော်​နေတာကိုး...အမြဲများ​နေတာပဲဟာ"
"ဘယ်​နေ့သွားမယ်​ပြောထားလဲ"
"မကြီးက သွားဆိုတာနဲ့ ကားလက်​မှတ်​တန်းဖြတ်​ပြိးသား"
"သွက်​ချက်​သိပ်​မသွားချင်​ရှာဘူး...ဟိုတစ်​ယောက်​ကလဲ နန်းတို့​ဆေးများ​ကျွေးပြီးပြုစားထားလားမသိ။​တောင်​ကြိးမြို့ထဲမိသားစုဘုရားဖူးထွက်​တောင်​အိမ်​စောင့်​ကျန်​ခဲ့သူက..တအားလိုက်​ချင်​နေပုံရတယ်​ထူးဆန်းတယ်​"
ထူးဆန်းတယ်​ဆိုပြီး စစ်​ဖက်​ငဲ့​စောင်းကြည့်​လာသည်​ကို စစ်​မသိချင်​ဟန်​ဆောင်​နေလိုက်​သည်​။ နန်းက​တော့ ငြိမ်​ကုပ်​သွားသည်​။ သူကမှမရိုးသားသူကိုး။ အမျိုး​ဗန်းပြပြီး ရည်းစားနဲ့​တွေ့ချင်​နေသူကိုး။
"မဟုတ်​တာ​တွေ​ပြော​ရော့မယ်​မကြိးရာ...ကဲပါ မမစစ်​ကိုဘာမှမဖြစ်​စေရဘူး သိလား​နော်​စိတ်​ချ သဘက်​ခါအတွက်​လက်​မှတ်​ဖြတ်​တော့မယ်​အဲ့ဒါမှပြန်​လာတာနဲ့ရှင်​ပြုပွဲနဲ့ကွက်​တိပဲ...အလှပြင်​ဖို့မှီတယ်​နော်​..."
"စကားပဲများမ​နေနဲ့​ဆေးစပ်​ထားတဲ့ခွက်​တွေသိမ်းသွားဦး ဝိုင်​ဖိုင်​ဖရီးဆိုပြီးလဲ လူကမအားပဲနဲ့အက်​တာနက်​မဖွင့်​ထားကြနဲ့"
"ဟုတ်​ကဲ့ မမကပ်​စီး"
နန်းရဲ့ထုံးစံအတိုင်းလျှာထုတ်​နောက်​ပြောင်​ပြီး အ​နောက်​ဖက်​ထဲ​ပြေးဝင်​သွား​တော်​သည်​။
ဒီပုံစံအရဆိုရင်​ဖြင့်​ည​ရောက်​ရင်​စစ်​တော့အဝတ်​ထုပ္​ပြင်​ပြီးအသင့်​လုပ်​ထားရ​တော့မည့်​အ​ခြေအ​နေသို့​ရောက်​လာပြီဆို​တာ​သေချာသ​လောက်​ရှိသွားပြီ​လေ။
.
Next

ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေ ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေWo Geschichten leben. Entdecke jetzt