"သိပ်ပျော်နေကြတယ်ပေါ့"
ခြံဝင်းတံခါးသော့ဖွင့်ပြီး ဆိုင်ကယ်ကိုတွန်းဝင်လိုက်တာနဲ့ နန်းတစ်ယောက်မားမားကြီးရပ်ပြီးဆီးကြိုနေလေသည်။
"နန်း...နင်ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
ဟု စစ်အံ့သြစွာပြောတော့ နန်းကမျက်နှာကြီးရှစ်ခေါက်ချိုးလျှက်သွေးဖက်သို့ကြည့်ကာ
"ဒီအစ်မကဘယ်ကနေရောက်လာတာလဲ"
သွေးဘာမှပြန်မပြောနိုင်ခင်စစ်က နန်းလက်ပြေးဆွဲကာအိမ်ဖက်သို့ခေါ်သွားလေသည်၊
"မလည်းလာခဲ့...အပြင်မှာအေးနေပြီ....နန်းလဲဘာမှမပြောနဲ့ဦး အိမ်ထဲရောက်မှငါရှင်းပြမယ်"
အိမ်ထဲရောက်တော့လဲ စစ်ကသာ ထိုင်ခုံမှာထိုင်နေပေမယ့်နန်းနဲ့သွေးကတစ်ဖက်စီမှာမတ်တပ်။ အကယ်၍ နန်းသာမီးနဂါးဆိုရင်သွေးတစ်ယောက်သူ့မျက်စောင်းမာန်ဖြင့်ပြာကျနေတာကြာပေါ့။
"မ ထိုင်လေ...နန်း ထိုင်လေဟာ...ဘယ့်နှယ်ရန်သူကြီးပြန်တွေ့နေရသလိုပဲ"
နန်းကိုကောစစ်ကိုကောထိုင်ဖို့ပြောပြီး စစ်ကသွေးကိုတွဲကာထိုင်စေလိုက်သည်၊ နန်းတစ်ယောက်တော့နှုတ်ဆိတ်ပြီး အလိုမကျသလိုကြည့်နေသည်။
"အမှန်က မ ငါ့အပေါ်သစ္စာဖောက်ခဲ့တာမဟုတ်ဖူး နန်း...တကယ်တော့အဲ့ဒါက........"
စစ်ရှင်းပြနေတဲ့ စကားကိုနန်းတော့ကြားလားမကြားလားမသိ။ နားလည်လားမလည်လားမသိ။သွေးလုပ်ခဲ့တဲ့အပြစ်ကအကြီးကြီးကို စစ်ပြန်ပြောပြနေတော့သွေးအပြစ်ရယ်လို့သက်သေပြစရာပင်မရှိတော့အောင်သွယ်ဝိုက်၍ပြောပြသွားသည်၊ မျက်နှာချင်းဆိုင်က နန်းဆီလဲမကြည့်ရဲ။ စစ်မျက်နှာကိုပဲအားကိုးတကြီးဖြင့်ကြည့်နေရသည်။
သွေးကြောင့်များသူတို့မိသားစုသွေးကွဲသွားခဲ့လျှင်....။
"ငါ နာကျင်ပြီးခံစားရတယ်ဆိုတာ မနဲ့ယှဉ်ရင်အမှုံအစလေးပါ နန်းရယ်....မကိုစိတ်မဆိုးပါနဲ့နော်...."
သူ့ညီမကိုချော့မော့နေသော စစ်အားသနားလာသဖြင့်သွေးလည်းပဲ
"အစ်မလဲတောင်းပန်ပါတယ်နန်း....နောက်တစ်ခါထပ်မဖြစ်စေရပါဘူးနော်...အစ်မအပေါ်ကိုဘယ်လိုပဲမြင်မြင်စစ်အပေါ်တော့စိတ်မဆိုးလိုက်ပါနဲ့...စစ်အမှားမဟုတ်ပါဘူး အစ်မအမှားပါ....နန်းမကြိုက်ဘူးဆိုရင်အစ်မဒီကနေခုပဲထွက်သွားပါ့မယ်"
ပြောရင်းငိုချင်လာသည်၊ အမြင်အာရုံတွေဝေဝါးလာတာနဲ့မျက်ရည်တွေဝဲနေပြီမှန်းသိသည်။ပေါ်တင်လဲမျက်ရည်ကျမပြရဲ၊တော်ကြာမျက်ရည်ချူတယ်ပြောခံရမှာလဲစိုးရသေး။
"မ...ဘာပြောလိုက်တာလဲ...မပြန်ရဘူးနော်"
စစ်ကသွေးလက်ကိုယောင်ယမ်းပြီးထကိုင်တော့သွေးရုန်းလိုက်သည်။ နန်းဘာမှမပြောပဲ ကြည့်နေပြီးမှ
"ဘယ်သူက မကြိုက်ဘူးဆိူပြီး ထွက်သွားခိုင်းနေလို့လဲ....မဟုတ်ဖူးဆိုရင်ပြီးနေတဲ့ဟာကို...ပြီးတော့နန်းကမမစစ်အစားဒေါသထွက်လို့ကို...မမစစ်တောင်ခွင့်လွှတ်နိုင်သေးတာပဲ..တကယ်ကနန်းနဲ့မှမဆိုင်တာ"
"တကယ်လားဟင်...နန်း..."
သွေးတစ်ယောက်မယုံနိုင်သလိုဖြစ်နေပြီး စစ်ကတော့နန်းကိုပြေးဖက်လိုက်သည်။
"တော်ပါ....နောက်ဆို ကိုယ့်လူကိုယ်နိုင်အောင်ထိန်းကြ...နန်းကိုမပြောပဲ အတူနေနေတာတော့တော်တော်ကိုလွန်တယ်..."
"နန်းကဘယ်လိုသိတာလဲ"
"နေ့ခင်းကပစ္စည်းလာပို့တော့မွေတို့ပြောနေကြတယ်လေ....မမစစ်ဆီမှာဧည့်သည်ရောက်နေတယ်တဲ့...အဲ့ဒါအစ်မသွေးပဲဆိုတာသိလိူ့တမင်စောင့်နေတာ"
စကားသာပြေလည်ရာပြေလည်ကြောင်းပြောနေပေမယ့်နန်းတစ်ယောက်စိတ်ကောက်မပြေသေးမှန်းသွေးသိနေတာမို့ ဘာမှဝင်မပြောရဲ။ ငြိမ်ကုပ်၍သာနေနေလိုက်သည်။
"ဟုတ်ပါပြီ....ငါမကိုအရင်မြင်ဖူးအောင်လည်းနင်ပဲလုပ်ပေးခဲ့တာကို....ပြီး မနဲ့တွေ့ခွင့်ရအောင်လဲနင်ပဲဖန်တီးပေးတာကို....ခုလိုအချိန်မှာလဲကွဲရမယ့်အစားအတူတူနေဖို့နင်ပဲအကြံပေးပါဟယ်...နော်...."
"ဟွန့်မျက်နှာကိုက ချီးကိုင်မိထားသလိုနဲ့...ဘာပဲဖြစ်ဖြစ်တောင်းပန်တာတစ်ခုတည်းနဲ့တော့ စိတ်မပြေနိုင်ဘူး"
"နင်ဘာလိုချင်လို့လဲဟင်...ပြောလေ"
"နေ့လယ်စာမစားရသေးဘူးခုထိ...ဒေါသဖြစ်လို့ဘာမှမစားနိုင်သေးတာ...အဲ့ဒါ ခုလိုက်ကျွေးကြ...မမစစ်ပိုက်ဆံနဲ့မဟုတ်ဘူး....ဟိုအစ်မကျွေးရမယ်"
မြှားဦးကသွေးဖက်လှည့်လာတော့မှသွေးက ပြုံးရင်း
"ရပါတယ်ခွင့်လွှတ်ပေးတာနဲ့တင်ကျေးဇူးတင်နေပါပြီ ကြိုက်တာသာစားပါ"
သူတို့လေးတွေနဲ့အဆင်ပြေဖို့သွေးလက်ခံလိုက်ရသည်။ အပြန်လမ်းစရိတ်မရှိတော့ရင်တောင်မှပေါ့။ စစ်ကလေးကတော့မျက်နှာငယ်လေးနဲ့။
ဤသို့နှင့်တောင်ကြီးမြို့ရဲ့ အကင်တန်းဆီသို့သုံးယောက်သားရောက်သွားလေသည်။ နန်းကတော့ အားမနာလျှာမကျိုးတမ်းစားနေပေမယ့်စစ်ကတော့သွေးမျက်နှာလေးတစ်ကြည့်ကြည့်ဖြစ်လို့နေသည်။
နားနားကပ်ကာ
"မ.စိုက်ရှင်းထားနော်...စစ်ပြန်ပေးမယ်သိလား....အဲ့ကောင်မစားရင်အနည်းဆုံးနှစ်သောင်းနဲ့အထက်ပဲလျော့ကိန်းမရှိဘူး"
"အင်းပါ...မမှာပါပါတယ်...စစ်လဲစားလေ...မတောင်ဆာနေပြီကို"
"ဟုတ်...မ"
အစားအသောက်နဲ့တွေ့ရင်ခေါင်းမဖော်တမ်းစားတတ်တဲ့ နန်းသည်မကိုအားနာရကောင်းမှန်းမသိ။
အိမ်တောင်ပြန်မအိပ်တော့ဘူးလုပ်နေလို့ မနည်းချော့မော့ပြီးပြန်ပို့ပေးလိုက်ရသည်။ ဒါ စစ်အပေါ်အနိုင်ရတုန်းဂျီကျတာပင်။
မကတော့အိမ်ရောက်ကာမှ အသက်ကိုရဲရဲရှူ ရဲတော့သည်။
"မ...လန့်သွားလား"
အိမ်တံခါးလေးပိတ်ပြီးသွေးပုခုံးကိုလာဖက်ပြီးပြောတော့
"လန့်တာပေါ့...မလန့်ပဲနေမလား"
"နန်းကအဲ့လိုပဲ....ခုလဲသူကျေနပ်ပြီပဲဟာ...စိတ်အေးအေးထားနော်...စစ်ကမကိုတောင်အားနာတယ်သိလား"
"ရပါတယ်...သူနားလည်သေးလို့တော်သေးပါ...မဟုတ်ရင်စစ်နဲ့မဝေးမှာ"
မျက်နှာငယ်လေးဖြင့်ပြိုမလိုဖြစ်နေသောမိုးကောင်းကင်ကြီးနှယ်မို့လို့သွေးကစစ်ပါးပြင်အားလက်နှစ်ဖက်ဖြင့်ညှပ်ကိုင်ရင်းပြောလိုက်သည်။ ဒါတောင်မျက်နှာတော်ကကြည်လင်ပုံမရသေး။
"ကဲပါ....ဘာမှစိတ်မကောင်းမဖြစ်နဲ့တော့နော်....စစ်နဲ့ပတ်သက်ရင်မက ဘာ်သူ့ခြေဖဝါးအောက်ပဲဝပ်စင်းရဝပ်စင်းရ သိက္ခာတွေမာနတွေပါခဝါချပစ်မှာမို့လို့"
အတိအလင်းပြောပြတော့ကာမှ ဘူးသီးလုံးလောက်မျက်ရည်ဥတွေအခိုင်လိုက်ကြွေကျလာသည်။သွေးဖက်ကပြုံးမြနေသလောက်စစ်ကငိုသည်။
"အဲ့လိုမလုပ်ပါနဲ့ မကလေးရဲ့....မကအဲ့လိုချစ်ပြလေ စစ်ကဝမ်းနည်းလေပဲ"
"ဟင်...ဘာလို့ဝမ်းနည်းမှာတုန်းပျော်ရမှာလေ"
"မရဲ့အချစ်တွေကို စစ်ကမမှီမှာစိုးရိမ်တာ....မလောက်မချစ်တတ်မှာစိုးရိမ်တာ"
"ဟော....ကလေးမလေးရယ်....မ ချစ်တတ်တယ်ဆိုတာ စစ်ရဲ့ခြေဖဝါးအောက်ကမြေမှုံစာလေးလောက်ပဲရှိသေးတယ်ကွယ်....မငိုချလိုက်ပါနဲ့....မ တစ်နေကုန်ပင်ပန်းလာတယ်....ရေချိုးမှဖြစ်မယ်"
အပေါ်ထပ်အင်္ကျီကို စစ်ရှေ့တွင်ပင်ချွတ်လိုက်တာကြောင့်မျက်စိပြူးသွားရတော့သည်။
"မ...မ...ဘာလို့ဒီမှာလာချွတ်နေတာလဲ အထဲရောက်မှချွတ်လေ"
အထဲရောက်မှ ချွတ်ဆိုပြီး အကြည့်တို့ကသွေးတစ်ကိုယ်လုံးပေါ်မှာပဲလွှမ်းခြုံနေသည်။
"ဘာလို့လဲ...စစ်လဲမနဲ့အတူချိုးမလို့လား...."
ဘယ်လိုတောင်sexyကျနေတဲ့မျက်နှာပေးမျိုးနဲ့ပြောလိုက်ပါလိမ့်။ စစ်မှာတကိုယ်လုံးတောင်တုန်ယင်လာသလိုမို့။ အင်္ကျီချွတ်နေတဲ့ မအားရေချိုးခန်းထဲသို့နောက်ကနေအတင်းတွန်းလွှတ်ပြီး ထည့်ပေးလိုက်ရသည်။ ဂျိန်းခနဲတံခါးပြန်ဆွဲပိတ်ပေးပြီးမှ တံခါးကိုကျောမှီလျက်ထိုင်ချရင်း အခုန်မြန်နေသောရင်ဘတ်ကိုဖိလိုက်သည်။
ကိုယ့်ချစ်သူဆိုပြီးလဲ ကိုယ့်ပိုင်နက်မှာဖြစ်ပေမယ့်လို့ကျူးကျော်ခွင့်ကတရားဝင်မှမရှိသေးတာလေ။
မသာဒီထက်ပိုပြီးချစ်ဖို့ကောင်းအောင်လုပ်နေသေးလျှင်ဘယ်စိတ်မျိုးနဲ့ထိန်းချုပ်ရမည်လဲမသိတော့။
ရေကျသံတွေနဲ့အတူ မ ရီသံခပ်တိုးတိုးကြားလိုက်ရလေသည်။
....
"အင်းလေး သွားကြမလား မနက်ဖြန်"
"ဟမ်"
အိပ်ယာဘေးက စားပွဲပုလေးမှာ ဂဏန်းတွက်စက်တစ်လုံး စာအုပ်တစ်အုပ်နှင့်အလုပ်ရှုပ်နေသော စစ်ကြောင့်သွေးမှာအိပ်ယာပေါ်ဝယ်ဖုန်းဆော့နေရင်းစောင့်နေရသည်။
အဲ့ဒါကိုသူ့အလုပ်ပဲဂရုစိုက်နေပြီးမှသွေးကိုစကားလှမ်းမေးတော့ကြောင်တောင်တောင်ဖြစ်သွားခြင်းပင်။
"အင်းလေး သွားမယ်လို့မနက်ဖြန်ကို"
ပြောသာပြောနေတာ။ တွက်စက်ကိုအနှိပ်မပျက်။
"အလုပ်ပဲသေချာလုပ်ပါ စကားကိုနောက်မှပြော"
"သွားမယ်နော်....မလဲမရောက်ဖူးသေးဘူးမို့လား...စစ်လဲမရောက်ဖြစ်တာကြာတောင်နေပြီ....ကြာဆိုရောက်တောင်ရောက်ဖူးခဲ့ရဲ့လားတောင်မမှတ်မိဘူး"
"ဘာလို့ရုတ်တရက်ကြီးလဲ....ဆိုင်ကကော...ဒီနေ့တနေကုန်တောင်ဆိုင်ထဲမရှိတဲ့ပိုင်ရှင်ကြီးက အလုပ်ခဏခဏလစ်နေတာဘယ်ကောင်းမလဲ"
ဟုတ်တယ်လေ။ ဆိုင်သာဖွင့်ထားပြီးတော့ သူသွားချင်ရာသွားနေတာ။ အလုပ်သမားတွေမှန်မှန်ကန်ကန်နဲ့ကောင်းနေလို့တော်သေးတာပေါ့။
"မနက်ဖြန်ပိတ်မယ်လို့ပြောထားတာ...ဘယ်သူနဲ့မှအချိန်းအချက်မယူထားကြနဲ့လို့...ပြီးသဘက်ခါကော ပိတ်ထားတယ်"
"ဟင်...ဘာလို့နှစ်ရက်ကြီးတောင်လဲ"
သွေးမေးမှ စစ်ကတောက်ခနဲ တွက်စက်ကိုပိတ်လိုက်ပြီး စာအုပ်ထဲစာကောက်ရေးသည်။ ပြီးမှစားပွဲတင်မီးလေးပိတ်ကုတင်ပေါ်တက်လာကာသွေးခြုံထားတဲ့စောင်ထဲဝင်လာတော့သည်၊
"ဘာလို့ဆို မ ရှိနေတာကြောင့်လေ....မ အနားရှိနေရင်စစ်ကဘာလုပ်လုပ်စိတ်ကမဆီပဲရောက်နေတယ်...အဲ့ဒါကြောင့်မို့လို့ ပိတ်လိုက်တာ"
ပြောပြောဆိုဆိုနှင့်စစ်ကသွေးကိုယ်လုံးကို ဆွဲဖက်လိုက်သည်။ ဖုန်းကိုင်ထားတဲ့လက်ကိုဆွဲယူတော့ဖုန်းမှာမွေ့ယာပေါ်ကျသွားတော့သည်။
ပြုံးပြုံးကြီးကြည့်နေတဲ့စစ်နှာခေါင်းလေးကို အသည်းယဲစွာဆွဲညှစ်လိုက်ပြီး
"ဟွန့်....မကကော စစ်အနားမကပ်ချင်ပဲနေမလား...ဟီး မလဲပြောသာပြောနေရတာ. ...မကြောင့်အလုပ်ပျက်နေမှာစိုးလို့ အားနာလို့..တကယ်ကစစ်ကိုမအနားကကိုခွာခွင့်မပေးနိုင်တာ"
ပါးချိုင့်လေးခွက်နေအောင်ကိုခြွေတတ်လွန်းသောသွေးပါပေ။
"မကလေးရေ....မကိုတကယ်ပဲမခွဲနိုင်တော့ဘူးသိလား"
"မလဲစစ်လိုပါပဲကွယ်...."
"မကိုပိုင်ချင်ပြီ....စစ်တို့အချိန်ဘယ်လောက်ထိစောင့်ရဦးမှာလဲဟင်"
ချက်ချင်းညိုးကျသွားတဲ့မျက်နှာလေးကြောင့်သွေးလဲစိတ်မကောင်းဖြစ်မိသည်။ စစ်ပါးလေးနှစ်ဖက်ကို လက်ဝါးနှစ်ဖက်ဖြင့်ညှပ်ပစ်ပြီး
"မက အကြီးပီသစွာနဲ့စစ်ကိုတာဝန်ယူနိုင်တော့မှာပါနော်....မ ဘွဲ့ယူပြီးတာနဲ့ကျောင်းဖွင့်ရင်အော်ဒါကျလာတော့မှာ အဲ့ချိန်ဆို မ ဘဝ မ ပိုင်ပြီ....မ ရပ်တည်နိုင်ပြီဖြစ်သလိုစစ်ကလေးကိုလဲသေသေချာချာလေးထားနိုင်တော့မှာ"
"မရယ်....မဖက်က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဆင်းလာခဲ့ရင်တောင်စစ်ကဝမ်းပန်းတသာကြိုနေမှာပါ....စစ်မှာလဲစစ်တို့ဘဝရှေ့ရေးအတွက်ခိုင်မာတဲ့အုတ်မြစ်ကရှိနေပြီးသားလေ....မဆီက စစ်ဘာမှမမျှော်လင့်ဘူး....မကိုပဲလိုအပ်တယ်....နော်...."
"မကလဲစစ်ကို ဂုဏ်သိက္ခာရှိရှိနဲ့လက်ထပ်ချင်တာပေါ့...ခဏလေးပဲမကိုစောင့်ပေးနော်...မကြာတော့ဘူး"
"အင်းပါ...မရယ်စစ်လေ မ မရှိရင်မနေတတ်တော့ဘူးသိလား...အရမ်းတွေချစ်နေပြီမို့လို့"
"ကလေးရယ်...စကားတွေနဲ့အသေသတ်နေတာပဲကွယ်"
"ဒါနဲ့...မ...စစ်...ဆေးလိပ်ဆာတယ်....ဘယ်လိုလုပ်မလဲ"
သွေး နှုတ်ခမ်းတွေဆီမှာပဲအကြည့်တို့ရိပ်ဝဲရင်း စစ်တစ်ယောက်တော့ ညဏ်နီညဏ်နက်ထုတ်ပြောလာလေပြီ။ အတင်းနီးကပ်နေသော မျက်နှာနှစ်ခုကြောင့်ရင်ခုန်သံတွေကသာမာန်ပိုကျယ်နေလေပြီ။
စစ်တောင်းဆိုစရာမလိုအောင်ကိုသွေးကအလိုက်သိပေးရမှာပေါ့၊ စစ်မေးစေ့လေးကိုအသာဆွဲယူပြီး နှုတ်ခမ်းနှစ်ခုတော့နီးစပ်တော့မည့်အချိန်တွင်
.....
"အဲ ဖုန်းလာတယ်တော့"
ရှက်ရှက်နဲ့အိပ်ယာပေါ်က ဝရုန်းသုန်းကားထသွားတဲ့သွေး။ ဖုန်းကိုအသည်းအသန်လိုက်ရှာနေသည်။ ပြီးတွေ့ကာမှ
"ဟလို...ငြိမ်း"
သွေး အိမ်ကဆက်လာတာမှန်းသိရတာနဲ့ နားထောင်နေရင်မကောင်းတတ်၍အောက်ထပ်ဆင်းလာလိုက်တော့သည်။ သူ့အိမ်နှင့်သူလွတ်လွတ်လပ်လပ်ပြောနေပါစေလေ။ စစ်ဆင်းသွားတာကိုလိုက်ကြည့်ပြီးမှ ဖုန်းဖြေလိုက်သည်။
"မသွေးလား....ဘာလို့ဖုန်းပိတ်ထားရတာလဲ အဖေတော်တော်ဒေါသထွက်နေပြီ"
ငြိမ်းအသံကအလောတကြီး။ ထင်သားပဲ။ ကိုဟိန်းနဲ့အမေ့ကိုသာမရမကပြောပြီးထွက်လာတာလေ။ လာမယ့်နေ့ကအဖေ့ကိုတောင်အသိမပေးခဲ့။ပြောနေရင်လဲလွှတ်မှာမဟုတ်တာမို့။
"ငါ သိပါတယ်....ဘယ်သူပြောလိုက်လို့တုန်း"
"အမေလေ....ဋ္ဌေးနဲ့ပြောနေတုန်းကြားသွားတာဖြစ်မယ်....အစက လားရှိုးလို့ပြောထားတာကို...ခုမှတောင်ကြီးသွားတာဆိုတာလဲသိရော တအိမ်လုံးဆူနေတယ်"
"ကိုဟိန်းကော....ဘာပြောသေးလဲ"
နေရာတကာလိုက်ပါလွန်းတဲ့အဖေ့ပုံစံကိုရိုးအီနေပြီ။ ဒါကြောင့်သိပ်ပြီးထည့်မစဉ်းစားဖြစ်တာ။ အိမ်မှာကိုဟိန်းနဲ့အမေသာသွေးဖက်ပါလျှင်ပဲငြိမ်းချမ်းနေပြီ။
"ကိုဟိန်းက ရုံးမှာ...မသွေး မနက်ဖြန်ပြန်လာပါလားဟင်..."
မနက်ဖြန်မပြောနဲ့ခုချက်ချင်းပြန်လာ ...ဆိုတဲ့အဖေ့ရဲ့အသံက ဖုန်းထဲသို့စူးဝင်လာလေသည်၊ ခုလဲသောင်းကျန်းနေပြီထင်ရဲ့။
"အင်းပါ...ငါ ကားစုံစမ်းလိုက်ဥိးမယ်...သိလား....ပြန်လာမယ်နော်...မနက်ဖြန်မရရင်သဘက်နေ့တကယ်ပြန်လာမယ်"
"ဟုတ်မသွေး ဒါပဲနော်....အဖေ့ကို ထိန်းလိုက်ဦးမယ်"
တီခနဲ ဖုန်းချသွားတော့မှသွေးအသက်ရဲရဲရှူ ရတော့သည်။ အရက်သမားကိုအဖေတော်ထားရလေခြင်းဆိုပြီး စိတ်မကောင်းဖြစ်စရာလဲမရှိ။ ဒါရွေးချယ်စရာလဲမဟုတ်ခဲ့။ အမေ့ကိုတော့သနားသည်။ အရက်မူးရင်သွေးဆိုးတတ်တဲ့အဖေ့ကိုဘာကြောင့်များယူထားနိုင်လေသနည်း။
ဆိုးတဲ့အခါဆိုလဲ လက်မပါတတ်တာလေးတော့ကြံဖန်ကျေးဇူးတင်ရမလို။ ပစ္စည်းတွေတော့ပေါက်ခွဲတတ်တာပါပဲ။
မနက်ဖြန်အင်းလေးသွားမယ့်အကြောင်းကို ငြိမ်းကိုတော့မပြောလိုက်။ ဘာပဲဖြစ်ဖြစ်သဘက်နေ့တော့ပြန်မှရလိမ့်မည်။သွေးမပြန်မချင်း အိမ်ကလူတွေလဲနားသက်သာမည်မဟုတ်။ အဖေကမူးတိုင်းပတ်ရမ်းနေမှာအမှန်။
အတိုက်အခံလုပ်ပြီးမှလာရသည့်ခရီးကားစစ်အချစ်ကြောင့်စိတ်ထင့်မှုမရှိပဲသာယာဖြောင့်ဖြူးနေသလိုပင်။
ဖုန်းလေးကို စစ်ကြည့်တော့ရှင်းသန့်ဆီမှလဲဖုန်းတွေခေါ်ထားတာအများကြီးပင်။ စာတွေလဲပို့ထားသည်။ ဘာမှတော့ပြန်မဖြေ။
ပါဝါပိတ်လိုက်ပြီး စစ်ရှိရာအောက်ထပ်သို့လိုက်သွားတော့ စစ်ကရှိမနေ။
"စစ်ကလေးရေ....စစ်....ကလေး"
ရေချိုးခန်းတံခါးဖွင့်ကြည့်တော့လဲ မရှိ။ ဒီကလေးဘယ်ရောက်သွားပါလိမ့်။ အိမ်သေးသေးလေးထဲ ပတ်ရှာနေတာမတွေ့တော့မှအိမ်တံခါးမကြီးအနည်းငယ်ဟနေတာကိုမြင်တော့သည်။
ဪ...အပြင်ထွက်သွားတာဖြစ်မယ်
သွေးကပါ အပြင်သို့လိုက်ထွက်တော့ စိမ့်ခနဲတိုးဝင်လာတဲ့အအေးဓာတ်တွေကြောင့်ဆံပင်မွှေးတွေပါထောင်တက်သွားသလို။
"ဟိတ်...စစ်....ဘယ်နားမှာလဲ"
အသံလှုပ်သော်လည်း မထူး။ အုန်းပင်သေးသေးလေးဘေးမှာထွန်းထားတဲ့ မီးရောင်ကြောင့်ခြံကွက်လက်မှာလဲစစ်ရှိမနေခြင်းကားသေချာနေပါပြီ။ ။
ဆိုင်ထဲမှာလား....
ဆိုင်ထဲမှာမှောင်နေသည်။ အနောက်တံခါးလေးဖွင့်ထားတာကြောင့်စစ်အထဲမှာရှိတာသေချာပြီမို့ စွတ်တိုးဝင်လာလိုက်သည်။
ဘယ်နေရာမှာဘာရှိမှန်းတစ်ခါမှမဝင်ဖူးသေတာကြောင့်စမ်းတစ်ဝါးဝါးဖြင့်ဝင်ရသေးသည်။
"စစ်ရှိနေလားဟင်"
ချောက်ဆြို့ပီး မီးဖွင့်လာတော့မှ
ဟင်....ဒင်းကဒီလာပြီး....
"ဟီး...မကလေး...ဖုန်းပြောလို့ပြီးပြီလား"
သွားတွေရှိသမျှအကုန်ပေါ်အောင်ဖြဲပြပြီးလက်နှစ်ဖက်ကိုအနောက်သို့ ဝှက်ထားလေသည်၊သွေးဘာမှပြန်မပြောနိုင်ပဲမျက်နှာလာရိုက်ခတ်သော အငွေ့တွေကြောင့်မွှန်ကာ
အဟွတ်...အဟွတ်....
နှာချောင်းနှင့်ပါးစပ်ကို လက်ဖြင့်ပိတ်ပြီးချောင်းဆိုးလေတော့သည်။ အထဲမှာမွန်းကြပ်လွန်း၍ အပြင်သို့မြန်မြန်ထွက်လာမှပဲ အသက်ရှူ ဝတော့သည်။
"မ..မရေ...."
ဆိုင်မီးပိတ်ပြိးချက်ချင်းအမှီလိုက်လာသော စစ်ကြောင့်ခြေဆောင့်ကာရပ်လိုက်ပြီး
"ဘာ မ လဲ....ဆေးလိပ်တွေခိုးသောက်နေတယ်"
စိတ်ဆိုးတဲ့မျက်နှာထားနှင့်ဟောက်ပြတော့ စစ်မှာပြုံးလျက်သားဖြင့်အမြင်ကပ်ဖို့ကောင်းနေလေသည်။
"မကလေးရယ်...တလိပ်လေးပါနော်....ဘာမှမဖြစ်ဘူး"
"ဘာတလိပ်လေးလဲ...သောက်တဲ့စစ်ကိုအသာထား....အငွေ့ရှူ မိတဲ့မတောင်ချောင်းဆိုးသွားတာပဲကြည့်"
"နောက်မသောက်တော့ဘူးလေနော်...မကလေးကလဲ....စစ်က နည်းနည်းစွဲနေပြီးသားဆိုတော့ ဖြတ်ရခက်နေလို့ပါ...နောက်ဆိုလုံးဝအပြတ်ပဲ....မကလေးပဲလိုတာပါ....မသာအနားရှိရင်ထမင်းမစားရလဲအဟာရပြည့်နေပြီးသား"
နောက်ကနေ ခါးလေးဖက်ပြီးသွေးပုခုံးပေါ်ခေါင်းလေးတင်ကာလာချွဲနေသောစစ်ကြောင့်ကြာကြာစိတ်မဆိုးနိုင်။
"စကားနဲ့ပဲပြောမနေနဲ့ အပိုတွေ....လာအေးတယ်အထဲသွားမယ်"
လှမ်းမည်ပြင်တဲ့သွေးခြေလှမ်းတွေ တကယ်တော့နေရာမှမရွေ့ဖြစ်။ ဆံပင်ချထားသောကြောင့်ပခုံးပေါ်ဝဲကျနေတဲ့ဆံနွယ်တစ်ချို့ကို စစ်ကသိမ်းယူပြီးကျောဖက်ပို့လိုက်သည်။ ပြီးနောက်ထင်ထင်ရှားရှားပေါ်လွင်လာတဲ့သွေးရဲ့လည်ပင်းဆီသို့ငုံ့ကိုင်းလာပြီး
"မ....ရွှေလည်တိုင်ကိုကွယ်အနမ်းလေးပေးချင်တယ်"
သီချင်းစာသားကိုအသံနေအသံထားဖြင့်ရွတ်ပြီးပြောလာသည်။ဘေးနှစ်ဖက်မှာချထားတဲ့သွေးလက်အစုံကိုသူ့လက်နှစ်ဖက်ဖြင့်အုပ်ပြီးသွေးဗိုက်ပေါ်တင်လာသည်။
"ဟင်...မ....နမ်းခွင့်ပြုမှာလား....စစ်ကို ဒိနေရာလေးကအရမ်းတွေစွဲဆောင်နေတာနော်....တကယ်ဘယ်လိုထိန်းထိန်း စိတ်တွေကလွတ်ချင်နေတာ"
အသက်ရှူ ထုတ်လိုက်တိုင်း စစ်နှာသီးဝကသွေးလည်ပင်နားမှာဆိုတော့နွေးခနဲဖြစ်နေပေမယ့်လို့ ကိုယ်လုံးအနှံ့မှာတော့ကြက်သီးတွေထနေလေပြီဆိုတာကိုယ့်ကိုကိုယ်သိနေပြိ။
"အိမ်....အိမ်ထဲသွားရအောင်လေ.....နော်...အပြင်မှာအေးတယ်ဆို"
ဘယ်လိုတွေတောင်စကားတွေကမောက်ကမဖြစ်နေရတာလဲသွေးရယ်။
စစ်က မသိမသာရုန်းနေတဲ့သွေးကိုပိုပြီးတင်းတင်းကျပ်ကျပ်ပြန်ဖက်ရင်း
"မ .... အနမ်းလေးတောင်မကြည်ဖြူ ဘူးလား....မ သိလား....စစ်လေ မနဲ့ချစ်သူဖြစ်တည်းကဒီနေရာလေးကိုမတအားတွေအနမ်းပေးဖူးချင်တာရယ်.....စိတ်ကူးလဲယဉ်ဖူးတယ်....ခုတောင်စစ်ရင်တွေသိပ်ခုန်နေတာ မတောင်ကြားနေရတယ်မလား"
သိပ်ကြားတာပေါ့။ သူ့ရင်ဘတ်ကြီးကသွေးနောက်ကျောနဲ့ကပ်ရပ်နေတဲ့ဟာကို။ ဘယ်လိုပြောရပါ့။ နမ်းပါ နမ်းလို့ရတယ်ဆိုပြီးပြောစရာလားလို့။
ချက်ချင်းရုန်းနေတဲ့ကိုယ်သေးသေးလေးငြိမ်ကျသွားသလိုအေးချမ်းတဲ့ရာသီဆောင်းရဲ့ညတညမှာ အအေးဓာတ်လွန်ကဲနေပေမယ့်လို့ စစ်ခေါင်းထဲတဒိတ်ဒိတ်သွေးတိုးနေလေပြီ။ ရင်ခုန်သံတို့ပေါက်ထွက်မတတ်ခုန်နေပြီးခေါင်းကနေပွင့်ထွက်သွားမလားမသိ။
မဆီကခွင့်ပြုချက်တော့တောင်းပါရဲ့။ လက်ခံလားမခံလားတော့ စစ်လဲမသိတော့။ ဖြူဝင်းဝင်းအသားစိုင်တို့ကစစ်ကိုညို့ယူနေလေပြီ။ ထို့ကြောင့်ခြောက်နေသယောင်ဖြစ်နေသော နှုတ်ခမ်းဖျားကိုလျှာနဲ့သပ်လိုက်ပြီး မ လက်ခံခံမခံခံအနမ်းတို့စိုက်ဝင်သွားလေတော့သည်။
တစ်ခါမှ အနမ်းမခံဖူးတော့ စပ်ဖျဉ်းဖျဉ်းနဲ့နာသလိုလိုဖြစ်နေတဲ့လည်တိုင်တဝိုက်မှာအခြေပြုနေတဲ့စစ်နှုတ်ခမ်းတို့ကို ရပ်တန့်စေလိုသည်။ သို့သော်ရုန်းလဲမရုန်း ဖယ်လဲမဖယ်ချ။ သည်အတိုင်းလေးပဲငြိမ်ရပ်လျက်။ တစ်နေရာမှတစ်နေရာသို့ပြောင်းလိုက်သော်အနမ်းတို့ကင်းကွာသွားချိန်သွေးရင်ထဲလစ်ဟာသွားသလို။
"အရမ်းချစ်တယ်...မ....ပြီး...စစ်အလိုကိုလိုက်ပေးလို့ကျေးဇူးအများကြီးလည်းတင်ပါတယ်"
တုန်ယင်လှိုက်ဖိုသော စကားတို့နှင့်အတူသွေးခန္ဓာကိုယ်လေးကစစ်လက်အစုံ မ ချီမှုကြောင့်မြှောက်ခနဲစစ်ရင်ခွင်ကျယ်ကြီးထဲရောက်သွားလေသည်။ အာစေးထည့်ထားသလိုမျိုးဘာအသံမှလဲမထွက်သလိုကြောပိတ်ထားသလိုမျိုးကိုယ်လုံးလဲမလှုပ်ရှားဖြစ်။
သွေးကိုယ်ကိုပွေ့ချီပြီး တံခါးပိတ်တာတောင်အေးအေးဆေးဆေးလုပ်သွားနိုင်သည်။ အပြင်ဧည့်ခန်းမီးပိတ်လိုက်ပြီး တစ်ယောက်တည်းတောင်မနည်းတက်ရတဲ့လှေကားကို စစ်ကတော့ဖြင့်သွေးကိုပွေ့ချီပြီးတက်လာနိုင်ခဲ့ပြီ။
ကျောပြင်နှင့်မွေ့ယာတသားတည်းကျသွားသည့်အချိန်တွင်သွေးမျက်လုံးအစုံမှိတ်ပစ်လိုက်သည်။ စစ်ဝတ်ထားတဲ့ဟူဒီအင်္ကျီကတွဲလောင်းကျနေတဲ့ကြိုးနှစ်ချောင်းကိုသာတင်းတင်းဆွဲထားမိလေသည်၊
စစ်ဘာလုပ်ဦးမှာလဲ....တကိုယ်လုံးအေးသလိုပူသလိုနဲ့....ရင်တွေလဲခုန်သွေးတွေလဲတိုးနေလိုက်တာ....
နေပါဦး...ငါ ဘာတွေမျှော်လင့်နေမိတာလဲ....
မျက်စိစုံမှိတ်ထားတဲ့သွေးကို အပေါ်ကနေအုပ်မိုးကြည့်ပြီး စစ်ပြုံးလိုက်သည်။
ဘာပဲလုပ်လုပ်မကစစ်ကိုကြည်ဖြူ သတဲ့လား ....
ချစ်လိုက်တာမရယ်....
နှစ်ယောက်သားအတွေးကိုယ်စီနဲ့ချွေးတွေပျံနေပြီးနောက်တော့ နဖူးပြင်တင်လိုက်သောအနမ်းတပွင့်နဲ့တင်အဆုံးသတ်စေခဲ့သည်။
"အိပ်တော့နော်..ချစ်မကလေး....မနက်ဖြန်အင်းလေးသွားကြမယ်...အိမ်မက်လေးတွေလှပါစေ....မရဲ့အိမ်မက်ဆိုးတွေကိုစစ်ကတိုက်ဖျက်ပေးမယ်နော်"
တိုးတိုးလေးပြောရင်းစောင်ကိုတူတူဆွဲခြုံလိုက်သည်။
ဘာလဲဟ...ငါ့ဟာငါ အတွေးတွေလွန်နေတာပါလား....ငါကဘာလိုချင်နေတာတုန်း...အမလေး ရှက်လိုက်သည့်ဖြစ်ခြင်းရယ်....
ရှက်ရှက်နှင့်မျက်စိတောင်ဖွင့်မနေပဲ စစ်ဖက်သို့လှည့်ကာစစ်ရင်ဘတ်မှာမျက်နှာအပ်ပြီး အိပ်လိုက်တော့သည်။ကျောပြင်မှာဖွဖွလေးပုတ်လို့ကလေးသိပ်သလိုမျိုး စစ်ကလုပ်ပေးနေသည်။
*ချစ်ဖို့သိပ်ကောင်းတဲ့ မကလေး....မကိုစစ်သိပ်ကိုအပိုင်သိမ်းပစ်ချင်တာပေါ့....မကိုမြင်နေရင်စိတ်တွေကဘယ်လိုတွေထလာလဲမသိဘူး...မနည်းထိန်းနေရတယ်...မ လက်ကိုကိုင်တာနဲ့နှလုံးသွေးကဆောင့်ဆောင့်တိုးနေတော့တာ....အခုလိုရင်ဘတ်ထဲထည့်ထားရတဲ့အချိန်အရမ်းအေးတဲ့ဆောင်းညကြီးမှာစောင်မလိုပဲချွေးပျံနေရတဲ့စစ်အဖြစ်ပါ....မိန်းကလေးနှစ်ယောက်အတွဲလို့ လူတွေမြင်လိုက်တာနဲ့ အိပ်ယာပေါ်တန်းမြင်တတ်ကြတယ်....သူတို့မြင်သလိုစစ်တို့ကပြုမူလိုက်ရင်ဘယ်ဖြစ်ဦးမှာလဲ....လွတ်လပ်တယ်ဘာမှဖြစ်တာလဲမဟုတ်ဆိုတဲ့အတွေးနဲ့တောင်မကိုထိရက်တာမဟုတ်ဖူးရယ်...ဒါပေမယ့်စစ်တို့လဲသာမာန်လူသားပဲလေ...ကျင့်ဝတ်တွေဘယ်လိုစိတ်မျိုးနဲ့ ထိန်းသိမ်းနိုင်မှာလဲလို့....ခက်တော့ခက်နေပါပြီနော်....မကလေးတော့စိတ်ချစွာနဲ့အိပ်ပျော်နေပေမယ့်စစ်ကအိပ်လို့မရဘူး...ဘာမှမလုပ်လဲ ခိုးနမ်းလို့တော့ရမယ်မလားဟင်....နမ်းတာလောက်တော့အပြစ်မရှိဘူးထင်ရဲ့ကွာ...
....
"နန်း....ဘယ်လိုတွေဖြစ်နေတာလဲ မနေ့ကလဲတနေကုန်ဆိုင်ကိုပေါ်မလာဘူးနော်"
"မကေသီကလည်း....မမစစ်တို့ဆိုင်မှာဆိုနေ....ပေါ်လာတယ်လေ ပစ္စည်းပို့ပေးရမှာဆိုပြီးမကြိးကခိုင်းနေတဲ့ဟာကို"
"အဲ့တော့ ခုကဘာကိစ္စနားမလို့လဲ"
ဆိုင်ပိုင်ရှင်မကြီးထက်ကေသီကပိုပြီးစစ်ကျောနေလေသည်။ နန်းက ဆိုင်ထဲမှာဟိုဟာယူသလိုဒါယူသလိုနဲ့။
"မနက်ဖြန်မှနားမှာလေ....ဒီညနေလဲလုပ်စရာနည်းနည်းရှိလို့....အိမ်ကခိုင်းထားတာ"
မမစစ်အကြောင်းတွေပြောပြချင်နေတာကမှ ပါးစပ်ကိုယားနေရော။ တစ်ဆိုင်လုံးကတော့ မမစစ်အသည်းကွဲနေကြောင်းသာသိထားကြလေသည်။ ခုလိုအဆင်ပြေနေတာလေးကိုတော့တအားတွေမှပြောပြချင်မိသည်။ ထို့ကြောင့်ဆိုင်သို့ဧည့်သည်မလာသေးသဖြင့်နန်းက
"ပြောစရာရှိတယ်သိလား...မမစစ်လေ..."
မမစစ်ဆိုတာနဲ့ ရှိသမျှဝန်ထမ်းတွေအကုန်လုံး လုပ်လက်စကိုပစ်ပြီးနန်းဆီသို့ အကြည့်တွေစုပုံရောက်လာလေသည်။
"ဘာလဲဟင်....စစ်ကလေးကဘာဖြစ်လို့လဲ"
စစ်အကြောင်းဆို သိပ်ကိုသိချင်နေကြတာ။ သိပ်စိတ်ဝင်စားနေကြတာ။ ဘာလို့ဆို မမစစ်ကထူးထူးဆန်းဆန်းမိန်းကလေးချင်းကြိုက်တတ်သူမို့လို့ပင်။
ကြိတ်ပြီးကြိုက်နေတဲ့သူရှိရင်လဲရှိနေမှာပေါ့။ အရင်တုန်းကဆို ဆိုင်ထဲမကြီးနဲ့မမစစ်ရှိမနေရင်မမစစ်အကြောင်းတွေကိုသိပ်ပြောနေတတ်ကြတာလေ။
"သိလား...အခု သူ့ကောင်မလေးရောက်နေတယ်...အဲ့ဒါသာယာနေကြတယ်လို့....မနေ့ညကတောင်နန်းကိုအကင်တန်းမှာဟိုအစ်မက လိုက်ပြီးပြုစုလိုက်သေးတာ"
"ဟေ...တကယ်လား"
"ဟာ...စစ်တော့သာယာနေလိုက်တာလေ"
တစ်ယောက်တပေါက်ဖြင့်ဆူညံသွားလေတော့ နန်းက တိုးတိုးပြောရန်နှုတ်ခမ်းပေါ်လက်ညိုးကို ကန့်လန့်ဖြတ်တင်ပြီး
"ရှူး....မကြီးကြားသွားဦးမယ်.."
"ချောလားဟင်...သူ့ကောင်မလေးက "
"ပုံထဲမှာတော့ပြင်ထားလို့လားမသိဘူးနော်...လှသလိုလိုပဲ"
ပျော်နေလားမမေးပဲနဲ့ချောလားမချောလားသိချင်နေကြတာ။
"ချောတယ်လေ....အရင်တစ်ခါလာဖူးသားကို....မမြင်ကြဘူးလား"
"ဟဲ့....စစ်ကသူ့အိမ်ထဲပဲခေါ်သွင်းသွားတာကို....ဒီတိုင်းလျှပ်တပြက်မြင်လိုက်တာ...ချောမချောမသိလိုက်ဘူးလေ...."
"ဟီး...အပြင်မှာမိန်းကလေးအတွဲဆိုပြီးသေသေချာချာမမြင်ဖူးသေးဘူး....တစ်ခါလောက်လေး ဆုံဖူးချင်တယ်"
ငါးယောက်သားခေါင်းချင်းဆိုင်စေပြီး နန်းက တိုးတိုးလေးပြောလိုက်သည်။
"မနက်ဖြန်မမစစ်က တရားဝင်မိတ်ဆက်ပေးမှာ...မမိုးတို့မခမ်းအိမ့်တို့လဲပါမယ်...ဘယ်နေရာမှာဆိုတာတော့မပြောသေးဘူး....ဒါကြောင့်မနက်ဖြန်အားအောင်မကြီးကိုကူပြောကြပေတော့....နော်....နန်းကတော့မကြီးခွင့်ပြုချင်ပြု မပြုချင်နေ....ရအောင်သွားမှာ"
မျက်နှာကြည့်လိုက်တော့လဲ သိပ်မသွားချင်ကြသလိုလိုနဲ့။အင်တင်တင်တွေကိုဖြစ်လို့နေသည်။ တကယ်က မကြီးကိုကြောက်နေကြလို့သာ။
"မချစ်က ခွင့်ပြုပါ့မလားဟယ်"
"အေ့လေ...တစ်လှည့်စီပဲနားရတာကို...နန်းမရှိရင်နန်းအလှည့်ချိန်းတဲ့တယောက်တော့ထွက်လို့ရမယ့်ပုံမပေါ်ဘူးရယ်"
"ဒီနေ့ကော တစ်ခါလောက်အိမ်ကိုခေါ်ပါလား"
"အမယ်....ဒီနေ့သူတို့အင်းထဲသွားကြမှာတဲ့....ဆိုင်တောင်ပိတ်ထားတယ်...သူတို့ဆိုင်ကလူတွေတော့အေးဆေးပဲ"
"မြင်ဖူးချင်လိုက်တာဟယ်...ဘယ်လိုတောင်ချစ်ဖို့ကောင်းနေမှာပါလိမ့်"
တစ်ခြားသူတွေအတွက်ဒီလိုအတွဲမျိုးကိုဆို မနှစ်သက်ပဲအပြစ်တောင်ပြောနေကြဦးမည်။ သိူ့ပေသိ ဒီကလူတွေတော့မဟုတ်။ မဟားတရားကိုချစ်နေချင်ကြတာ။
"ဟုတ်ပ...စစ်တို့အတွဲလေးကိုတကယ်မြင်ဖူးချင်လိုက်တာ..သူ့ကောင်မလေး ကကောင်လေးနဲ့တွဲသွားတာဆိုပြီးခုပြန်လာတယ်ပေါ့"
"အင်း....တကယ်က ဘာမှမဟုတ်ဘူး သူငယ်ချင်းတွေဝိုင်းလှော်တာခံလိုက်ရတာ...မသွေးချစ်တာအမှန်ကမမစစ်ကို....နန်းတောင်ကိုကို့ကို စွန့်ပြီးမမစစ်လိုမျိုးဂေးလိုက်ချင်တော့တယ်....ဒါမဲ့ကိုကိုကလဲပစ်ချမရအောင်သိပ်ကိုကောင်းနေတော့လေ....အဟီး"
"အရေးထဲ ဏှာဘူးထနေသေးတယ်...မကြီးလာနေပြီဟ...လူစုခွဲကြတော့"
ဆိုင်ထဲ မချစ်ဝင်လာတော့ အပြေးအလွှားလူစုကွဲကုန်ကြလေသည်။ မကြီးကတော့ ဘာမှမသိသလို ထိုင်ခုံပေါ်ထိုင်ပြီး သူ့အလုပ်သူလုပ်နေလေတော့သည်။ သူ့အလုပ်ကနေ့လယ်စာချက်မယ့်ဟင်းအတွက်ဆိုင်ထဲသယ်လာပြီး ပြင်ဆင်နေခြင်း။
....
"မကလေး....စက်လှေစီးဖူးလား"
"စီးဖူးတယ်....မြစ်ထဲမှာခဏလေးပဲ"
"လာ မ...ဖြေးဖြေးတက်နော်...စစ်လက်ကိုကိုင်"
ဒီဇိုင်းမတူတဲ့ အဝါရောင်ဟူဒီအနွေးထည်ကိုယ်စီဝတ်လို့ အပြာရင့်ရောင်ဂျင်းပင်န်လေးတွေနဲ့ သိပ်ကိုချစ်စရာကောင်းတဲ့ စစ်နဲ့သွေး။ စက်လှေတစ်စီးငှါးပြီး အင်းထဲသို့သွားမည်ဆိုတော့သွေးကစက်လှေပေါ်မတက်ရဲ။ စစ်ကအရင်တက်သွားပြီးသွေးကိုလက်ကမ်းပေးသည်။လှေကလှုပ်နေတာမို့သွေးကဆင်းကိုမဆင်းရဲတာ။
"မ မကြောက်နဲ့...လာနော်....စစ်လက်ကိုရဲရဲကိုင်ဘာမှမဖြစ်ဘူး "
မဖြစ်ဘူးဆိုပေမယ့်ရေကနီနေတာကြောင့်အလိုလိုကြောက်နေသည်။ခြေထောက်လေးမရဲတရဲနှင့်စစက်လက်ကိုအားကိုးတကြိးကိုင်ပြီးတက်လိုက်စဉ်စက်လှေတစ်စီးဖြတ်သွားတော့ရေလှိုင်းကကမ်းထိလာပုတ်လေသည်မို့ စက်လှေလူးသွားကာ စစ်ရင်ထဲသို့ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်သွားလေတော့သည်။ နဂိုကကြောက်ပါတယ်ဆိုမှ စစ်ကိုအတင်းဖက်ထားရင်းရင်တုန်ပန်းတုန်ဖြစ်ရလေခြင်း။
"ထိုင်... မကလေးရယ်...မကြောက်ပါနဲ့ဆိုတာကိုလေ...."
"ကြောက်တာပေါ့ ...လှုပ်နေတာကြီးကို....ဒါနဲ့ စစ်ရေကူးတတ်လို့လား"
လှေမောင်းသူခင်းပေးထားတဲ့ ဖျာပေါ်တင်ပလင်ခွေထိုင်စေလိုက်သည်။သွေးအနောက်မှ စစ်လဲသွေးကဲ့သို့လိုက်ထိုင်ရင်းနောက်ကနေသွေးကိုဖက်ထားလေသည်။
ထိုင်ခုံလေးနဲ့စီးချင်လဲရပေမယ့်မကကြောက်တယ်ဟုဆိူတာကြောင့်ဖျာလေးခင်းပြီးလှေဝမ်းထဲတင်သာစီးခိုင်းတာပင်။
"ဘယ်ကူးတတ်မလဲ"
"ဟင်ဒါဆိုဘယ်လိုလုပ်မလဲ....ဟိုရဲ့လှေမောင်းနေသူကောကူးတတ်လားဟင်"
"ကူးတတ်မှာပေါ့...မရဲ့...ဘာလို့မေးတာတုန်း"
"လှေနစ်ရင်သူကယ်လို့ရအောင်ပေါ့ စစ်ရဲ့....မကမြစ်ဘေးနေပေမယ့်ရေကူးတတ်တာမဟုတ်ဖူးရယ်"
"ဟာ...မရယ်...ကလေးကျနေတာပဲ...ဘာလို့မှောက်မှာလဲ...ဒါကသူတို့လုပ်နေကျ မပူနဲ့နော်...စီးကြည့်ရင်မပျော်သွားမှာ"
မက တစ်ခါတလေ အဲ့လိုတကယ့်ကလေးပါဆို။နေခြည်နုနုကအပေါ်ယံမြူ နှင်းလွှာကိုဖောက်ထွက်ပြီးကန်ရေပြင်ပေါ်ထိုးကျနေလေသည်။ ဒါတောင်မနက်ဆယ်နာရီခွဲနေပြီ။နေရောင်ခြည်ကနုနေတုန်း။လှေစထွက်တော့ မတစ်ကိုယ်လုံးကစစ်ရဲ့ရင်ထဲသို့အပြည့်အဝရောက်နေပြီ။ စက်လှေကမနှိုးသေးပဲကမ်းစပ်ကအခွာမို့လို့ ထိုးဝါးဖြင့်အရင်စထွက်လေသည်၊
"လှေကလှုပ်လှုပ်ကြီး....စစ်ရ...ကြောက်တယ်ဟ"
"ရေထဲနစ်ရင်ဘယ်လိုမြင်ရမလဲ....ရေကနီနီကြီး"
"တစ်စီးနဲ့တစ်စီးဆုံရင်လဲလှိုင်းဂယက်ထနေလိုက်တာများ...လှေကမြှောက်တက်သွားတော့တာပဲ"
"အမလေး....ငါ့အသဲတွေအူတွေတော့ကုန်ပါပြီ"
အင်းကျယ်ကြီးထဲ မရောက်သ၍ မ တစ်ယောက်အာခေါင်ခြစ်ပြီးကိုတစ်မျိုးပြီးတစ်မျိုးအော်နေတော့တာ။ စစ်က မကိုယ်လေးဖက်ပြီးနေပေးတာတောင်အကြောက်ကပြေဟန်မတူ။ အနောက်ကစက်လှေမောင်းသူဦးလေးကြီးကတော့ စစ်တို့နှစ်ယောက်ကိုကြည့်၍ တစ်ပြုံးပြုံး။
တစ်ဖြည်းဖြည်းနဲ့လူနေအိမ်တွေနဲ့ဝေးရာရေပြင်ကျယ်ကြီးထဲရောက်မှ မအော်သံတို့တိတ်ဆိတ်သွားသည်။
"မကလေး ...ကြောက်နေသေးလား"
"ဟင့်အင်း....ရေကိုထိချင်တယ်...ရမလား"
စစ်တောင်ဘာမှမပြောရသေးခင်ကို မက သူ့လက်တစ်ဖက်လှေနံရံကိုကျော်၍ရေထဲချလိုက်သည်။ စက်လှေအရှိန်နဲ့မလက်ထည့်လိုက်တာနဲ့ရေမှုံရေမွှားတို့စစ်ဆီလာရိုက်ခတ်တော့စိုသွားရသည်။ ဒါပေမယ့်မကျော်နေတာလေးကိုကြည့်ပြီး ဘာမှမပြောဖြစ်တော့။
"စစ်....အဲ့လူတွေကငါးဖမ်းနေကြတာလား....ကျန်း လက်နဲ့မလှော်ဘူးခြေထောက်နဲ့လှော်တာဟ"
အင်းထဲမှာကျွန်းမျှောဆယ်နေသူတစ်ချို့ ငါးဖမ်းနေသူတစ်ချို့တွေ့ရလေတော့ မ မှာပါးစပ်မစေ့နိုင်အောင်စကားတွေပြောနေလေသည်။ စစ်လဲသိပ်မသိလေတော့နောက်ကဦးလေးကြီးကပဲအင်းသံဝဲဝဲကြီးနှင့်ဒိုင်ခံဖြေလေသည်။ရေပေါ်စိုက်ခင်းတွေကို မတော့တေယ်တော်သဘောကျဟန်တူလေသည်၊တောင်ကြိးကဆိုင်ဖျက်ပြီးအင်းထဲမှာပဲစိုက်ပျိုးရေးလုပ်စားရတော့မလို။
တရိပ်ရိပ်ကျန်ခဲ့တဲ့ေဗဒါပင်လေးတွေမြင်ပြန်တော့လဲ
"ေဗဒါပန်းလေးတွေချစ်ဖို့ကောင်းလိုက်တာ....ဆရာဇော်ဂျီရဲ့ေဗဒါလမ်းကဗျာကိုတောင်သွားသတိရမိတယ်"
"ညိုပြာပြာ လတာပြင်ခြေရင်းက ဆိုလား ဘာလား ဘဲအုပ်ကတစ်ရာနှစ်ရာေဗဒါကတပင်တည်း အယက်အကန်ခံလို့ေဗဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ...ဆိုတာကိုလား"
"ဟူတ်ပ..စစ်ကစာပေလေ့လာသားပဲ အကုန်ဆိုရင်ပြီးနေတာကို"
"မကလဲ...အကုန်လုံးဘယ်ရမလဲ...စစ်ကစာပေသမားမဟုတ်ပါဘူး အဲ့ဒါကသီချင်းရှိတယ်မရဲ့"
"ဟင့်....မက စစ်စာတွေဖတ်လို့များသိတာလားလို့....ကြည့်ကြည့်လှလိုက်တာဟယ်....ကုန်းလိုလဲရှိသေးတာနော်..."
မတစ်ယောက်တကယ့်ကိုပေါက်တတ်ကရစကားများမှန်းခုမှစစ်သိတော့သည်။ လက်ညိုးတွေလဲနေရာစုံကိုထိုးနေတော့တာ။ ဘာမှကြည့်ဖို့မရှိတော့ စက်လှေမောင်းသူဦးလေးကြီးနဲ့စကားပြောနေပြန်သည်။
အင်းသားစကားကိုပဲ အနုပညာဆန်ပြီးချစ်ဖို့ကောင်းနေပြန်သည်တဲ့။
ပထမဦးဆုံး အလိုတော်ပေါက်ဘုရားသို့ရောက်တော့လည်း မ ဟာလှေအဆင်းခက်ပြန်သည်။ ဘုရားထဲခြေတိုအောင်လှည့်လည်ပတ်တော့လည်း
"မကလေး....အင်းလေးရိုးရာဝတ်စုံဝယ်ကြမလား"
"ပတ်ထမီကြီးတွေကို မ မဝတ်ရဲပါဘူးခြေထောက်ဆန့်လိုက်ရင်ကိုပေါင်ခြံထိပေါ်နေတော့မှာကို"
"ဟာနော်....မကလဲ...ဘောင်းဘီနဲ့ဟာရှိတယ်....ဒီမှာလေ"
ဖျင်အင်္ကျီပေါင်းသားဘောင်းဘီအင်္ကျီဝတ်စုံနှစ်စုံကို စစ်ကလက်ကကိုင်ပြီးချကိုမချတော့။ဈေးဆစ်ချင်နေတဲ့သွေးစစ်ကြောင့်နည်းနည်းလေးတောင်လျှော့ခိုင်း၍မရတော့။
ဒါတောင်အောင့်သက်သက်နဲ့ဝယ်လာပြီး အတင်းလဲဝတ်ခိုင်းတော့တာ။
"စစ်ကလေးရဲ့အေးနေတာကို....လဲပြီးဝတ်ရမှာလား"
"မကလေးကလဲ...မွန်းတည့်နေပူနေပြိကို....နော်....သိပ်မအေးတော့ဘူး....ဝတ်ရအောင်နော်...ဆင်တူလေးလေ.....သိပ်လှမှာ မရဲ့"
"ဖောင်တော်ဦးဘုရားထဲဘောင်းဘီနဲ့တက်လို့ရပါ့မလား"
ဟင့်သူမဝတ်ချင်တိုင်းနဲ့...ဝတ်လာတဲ့ဂျင်းဘောင်းဘီကိုထည့်မပြောပဲ...
ဘောင်းဘီလေးဝတ်ထားတဲ့မကိုခြေအောက်အဆုံးကြည့်ပြီး အဝတ်ထုတ်အတင်းထည့်ပေးလိုက်သည်။
"ဂျင်းနဲ့ဆိုတော့ဝင်ချင်မှဝင်ရမယ်...ရိုးရာဝတ်စုံနဲ့ဆိုရင်တော့ပြောနေစရာကိုမလိုဘူး...ကဲ...လဲလိုက်ပါ....မအေးတယ်ဆိုလဲ လက်ရှည်လေးတစ်ထည်လောက်စစ်ဝယ်ထားပေးမယ်နော်"
ရှိကြီးခိုးမတတ်ပြောတော့မှ အိမ်သာထဲဝင်ပြီး လဲလိုက်ရလေသည်။ ဒါတောင်မျက်နှာလေးကမသာမယာ။
ဖောင်တော်ဦးဘုရားရောက်တော့လည်းဗိုက်ကဆာနေလေပြီမို့
"မ တစ်ခုခုစားကြရအောင်"
"ဟင့်အင်း....ဒီမှာမစားချင်ဘူး"
"ဘာလို့တုန်း"
"တောင်ကြီးမှာပဲပြန်စားမယ်လေ...နော်...မ မစားချင်ဘူး"
"ဒါဖြင့်ငါးကြော်လေးစားကောင်းမယ့်ပုံပဲ ဝယ်ဦးမယ်"
ငါးကြော်ဗန်းလေးထဲက ငါးကြော်ကောင်လေးတွေကို စစ်ရွေးတော့မည်အပြုဈေးသည်ကလဲ ထည့်ပေးဖို့အိတ်လေးကိုင်ပြီးထည့်ပေးရန်အသင့်။
ဒါကိုသွေးက စစ်လက်ကိုအတင်းဆွဲပြီးဈေးသည်နဲ့ဝေးရာခေါ်လာတော့ စစ်မှာငါးကြော်စားချင်စိတ်မပျက်သေးပဲ လှည့်ကြည့်လှည့်ကြည့်နဲ့။
"ဘာလို့လဲ မရဲ့....စစ်စားချင်လို့ကို"
"သိရဲ့လား....အင်းထဲကငါးအကြောင်း....အင်းသားတွေအီးပါရင်ရေထဲပဲပါတာကို....အဲ့အီးတွေကိုဒီငါးတွေကစားမှာ....စစ်မစားနဲ့ စားချင်ရင်လာ"
ဟုတ်လေလား မဟုတ်လေလားမသိ။ မကတော့တိုးကြိတ်ကြိတ်နဲ့ဘာတွေပြောနေသည်မသိတော့။ လူတွေလဲကြည့်နေကြတော့စစ်နားရွက်လေးတွေတောင်ရှက်ပြီးနီနေလေပြီ။
နောက်ဆုံးတော့လဲ ဘုရားဖူးပြီးပြန်ထွက်တော့မှ ကျူ ဝါးလေးတွေနဲ့လုပ်ထားတဲ့ကောက်ညှင်းကျည်တောက်လေးသာအတွဲလိုက်ကြီးစားရတော့သည်။ ဒီအပြင်ကိုမကခိုစာကျွေးချင်နေသေးတာ။
ဇင်ယော်ကရှိလေသလား မရှိလေသလားလဲမသိနဲ့ ငှက်စာကျွေးဖို့ဆိုပြီး မုန့်ထုပ်တွေလဲလက်နဲ့အပြည့်ဝယ်လာတော့တာ။
အပြန်ကျတော့ဗိုက်ဆာတယ်ဆိုမှ မရောက်တုန်းရောက်ခိုက်ဆိုပြီးငွေထည်လုပ်ငန်းရှိရာလဲလိုက်ပို့ရင်း ဆင်တူလက်စွပ်လေးလဲဝယ်ဖြစ်သွားသည်။ အဲ့နေရာမှာလဲ မ သိရင်ဈေးကြိးသလေးဘာလေးနဲ့မကဇီဇာကြောင်ဦးမှာမို့ စစ်ဘာသာပဲတိတ်တိတ်လေးဝယ်ထားလိုက်တော့သည်။ ယက်ကန်းစက်ရုံလည်းဝင်အင်းလေးရှုမျှော်ခင်းကြည့်တဲ့ငါးသိုင်းချောင်းဘုန်းကျောင်းထဲလဲဝင်နဲ့ ။ အချိန်တွေကြာသွားလေတော့တောင်ကြီးရောက်အောင်တောင်မစောင့်နိုင်တော့ပဲအနီးအနားမှာတွေ့တဲ့ ကျိုင်းတုံငါးကင်ဆိုင်ထဲသို့သာမောင်းလိုက်ရတော့သည်။
အစတော့ ငါးမစားချင်ဘူးလေးဘာလေးနဲ့ဂျီကျနေခဲ့တဲ့မကတော့ ဆိုင်အပြင်အဆင်လေးကတဲအိမ်လေးတွေနဲ့မို့ သဘောအကျကြီးကျနေလျက်နဲ့ပဲ ဘာမှအတွန့်တက်မနေတော့။
နောက်တော့လဲ ငြင်းရင်းခုန်ရင်းနဲ့ပဲတစ်နေ့တာကို ကုန်ဆုံးလိုက်ရပြန်သည်။
.....
"ိမကလေး....ဆံပင်လျှော်ထားပြန်ပြီ....အေးပါတယ်ဆိုနေ"
အိမ်ပြန်ရောက်တော့ စစ်ရေအရင်ချိုးပြီး မအတွက်အပြင်ကဝယ်လာတဲ့ အကင်သုတ်လေးပန်းကန်ထဲထည့်ပြင်ဆင်ပေးနေတုန်းရေစိုကြီးနဲ့ အိမ်သာထဲကထွက်လာတဲ့မကြောင့်ပြောလိုက်ရပြန်သည်။
"အင်းထဲကရေတွေစင်လာလို့လေ....စစ်လဲလျှော်တာပဲကို"
"စစ်ကခြောက်နေပြီ...အပြင်ခဏထွက်လိုက်တာနဲ့စစ်ဆံပင်အတိုလေးကခဏတည်းခြောက်လွယ်တယ်လေ...မကလည်းကွာ...လာ...လာ စစ်သုတ်ပေးမယ်...နည်းနည်းခြောက်တော့မှ မှုတ်ပေးမယ်နော်"
စကားလဲပြောရင်း မခေါင်းပေါ်တင်ထားတဲ့တဘက်ကြီးကိုယူကာ မကိုထိုင်ခုံမှာထိုင်ခိုင်းပြီး သုတ်ပေးလိုက်တော့သည်။ တစ်ချက်တချက်ပေါ်လာတဲ့ မ လည်ဂုတ်လေးကိုလဲခဏခဏငုံ့နမ်းရင်းပေါ့။ နီရင့်နေတဲ့ အမှတ်အသားတစ်ချို့ကမ လည်တံတစ်ဝိုက်မှာထင်းလို့နေသည်။
"ရပ်ပါဦး....ဒီနေ့တောင်အနွေးထည်နဲ့မို့အဆင်ပြေနေတာနော်...ခုတော့ထပ်မလုပ်တော့နဲ့...မနက်ဖြန်ပြန်ရမှာဆိုတော့"
"ဘာ...မ...မနက်ဖြန်ပြန်မယ်ဟုတ်လား"
"အင်းလေ....မ လာနေတာလဲ ကြာပြီကို....ပြီး ဘွဲ့ယူဖိူ့အဝတ်လဲမချုပ်ရသေးဘူး"
"မကလဲ....နေပါဦးလား တရက်နှစ်ရက်လောက်....စစ်လေ...မကိုမခွဲနိုင်တော့ဘူး"
သုတ်လက်စ ဆံပင်ကိုတောင်သုတ်မပေးနိုင်တော့ပဲမကိုအနောက်မှနေ၍သိုင်းဖက်လိုက်သည်။ စစ်လက်မောင်းကို မက ဖွဖွပုတ်ပေးရင်း
"မလဲမခွဲနိုင်ပါဘူး ကလေးရဲ့...ဒါပေမယ့်အဖေကမ ဒီကိုလာတာအရင်ကမသိဘူး အခုသိသွားတော့ပြသနာရှာနေတယ်..မ. ပြန်ရင်လဲဆူခံရဦးမှာ..."
"ဆူခံရမယ့်တူတူ မ....တရက်လေးနေပါဦးလားဟင်...နော်...မနက်ဖြန်စစ်မှာမအတွက်ပြင်ထားတာလေးရှိလို့ပါ"
'ဟုတ်လား...ဘာပြင်ထားလို့လဲ"
မမေးပြန်တော့စစ်ချက်ချင်းပြန်မဖြေနိုင်။ မ မသိအောင်ကိုနန်းတို့နဲ့တိုင်ပင်ထားရတာကိုလေ။
"တစ်ခုခုပေါ့ ...နော်...တရက်လေးနေပါ....စစ်အနားမှာနေပေးပါ မရယ်"
ပါးပြင်လေးက စစ်ရဲ့မျက်ရည်ဖြင့်စိုစွတ်ကုန်သည်။ တကယ့်ကိုဝမ်းနည်းလွယ်တဲ့ကလေးမလေး။ ဒီလိုကျတော့လည်းသွေးနှလုံးသားတိူ့ကမာကျောမပြနိုင်။
"အင်းပါ...မ..နေမယ်နော်...မငိုပါနဲ့ကွယ်....လာ အကင်စားရအောင်...."
မျက်နှာချင်းဆိုင်မိတော့စစ်မျက်ရည်လေးတွေကိုသွေးသုတ်ပေးလိုက်သည်။ စစ်ကသွေးရင်ထဲမှီနွဲ့ရင်း
" တကယ်ကိုမခွဲနိုင်တော့ဘူး မရယ်....မနဲ့ဝေးရင်စစ်သေမှာပဲ"
"ကလေးမ...ဘာလျှောက်ပြောနေတုန်း....နီးဖို့ခဏဝေးတာပါ...နောက်ဆိုမ တာဝန်ကျတဲ့နေရာကိုစစ်လိုက်လာရမှာနော်....ကျောင်းပိတ်ရင်ဒီမှာလာနေကြမယ်....မလေ...ခုစစ်ရဲ့အိမ်ကလေးကိုသိပ်ကြိုက်တာသိပ်သဘောကျတာပဲ....ထင်းရှူးနံ့လေးတွေသင်းပျံ့လို့နေတာ"
"မ ပြန်သွားရင်ထင်းရှူးနံ့တွေကြားမှာစစ်တစ်ယောက်တည်းအဖော်မဲ့လွမ်းနေရတော့မှာ"
"ကဲပါ...ကလေးရယ်....မလဲမကြာတော့ပါဘူး....နော်...မ ပြန်လာခဲ့မယ်ဟုတ်ပြီလား မ လာလို့မရရင်စစ်လိုက်လာခဲ့"
"အွန်း ချစ်တယ်..မ...သိပ်ချစ်တယ်"
"မလဲအများကြီးချစ်တယ်...အဲ ဖုန်းလာနေပြီ အိမ်ကဆက်တာသိလား"
ဖုန်းကလေးကိုမ လှမ်းယူလိုက်တော့စစ်ထွက်သွားမည်အပြု မကနေမြဲအတိုင်းနေစေသည်။ ဖုန်းကိုစပီကာဖွင့်ထားလိုက်ရင်း
"ဟလို...ငြိမ်း"
"မသွေး....ဘာလို့ဒိနေ့ပြန်မလာတာလဲ...အဖေမေးနေပြိ...မသွေးဘယ်သူဆီမှာရှိနေတာလဲ"
"စစ်အိမ်မှာပါ...စစ်ကိုသိတယ်မလား"
"ဟုတ်...မနက်ဖြန်ကော ပြန်လာဖြစ်ရဲ့လား....ပြန်လာမှရမှာနော်....တအိမ်လုံးကိုအဖေကပတ်ရမ်းနေတာဗျ"
ငြိမ်းအသံကိုကြားတော့ စစ်ကမျက်နှာငယ်လေးနဲ့သွေးကိုမော့ကြည့်လာသည်။သွေးကပြုံးပြရင်းစစ်နဖူးပြင်ကိုငုံ့နမ်းလိုက်သည်။
"မနက်ဖြန်တစ်ရက်နေဦးမယ်...သဘက်ခါတော့သေချာပြန်လာမယ်....မရရအောင်ပြန်လာမယ်နော်....သိလား"
သွေးစကားကို ငြိမ်းအဖြေပြန်မပေးသေးခင်အမေ့ကိုလှမ်းပြောနေဟန်တူသည်။ဆူညံသံတွေဖုန်းကတစ်ဆင့်ကြားလိုက်တော့စစ်စိတ်မကောင်း။ အဖေနဲ့အတိုက်အခံလုပ်ပြီး စစ်ဆီလာခဲ့တဲ့မကို စစ်သနားလာရသည်။
မကလဲဘာစကားမပြောပဲဖုန်းထဲကအဖြေက်ုနားစွင့်ရင်းစစ်မျက်နှာကိုလက်ညိုးတွေနဲ့တို့ထိဆော့ကစားနေသည်။
"မနက်ဖြန်နင်အိမ်ပြန်မလာရင်အသေပဲမှတ်...."
မူးမူးနဲ့လျှာလေးအာလေးပြောလိုက်သောအဖေ့အသံကြောင့်သွေးကြက်သီးတွေပါထသွားရသည်။
"ဟ...ဟလို...အဖေ...သွေး...."
မရတော့။ ဖုန်းကတန်းချသွားလေပြီ။ ထပ်ခေါ်လည်းမရတော့။ အဖေကပါဝါတော့မပိတ်တတ်တာသိသည်။ဖြစ်နိုင်တာကတော့ ငြိမ်းကိုဝယ်ထားပေးတဲ့ဖုန်းကတော့ကွဲသွားလေပြီဖြစ်မည်။ စစ်အရှေ့မှာမို့ဟန်ဆောင်ချင်ပေမယ့်မရတော့။
"မကလေး....မနက်ဖြန်ပြန်လိုက်နော်....အဖေကမမှားပါဘူး စိတ်ပူလွန်းလို့ဖြစ်မယ်"
စစ်ကိုသွေးကမချိပြုံးလေးဖြင့်ဘာမှမဖြစ်သလိုပခုံးတွန့်ပြကာ
"မပြန်ပါဘူး...မနေဦးမှာလို့ဆို....စစ်ကလဲ....နော်...စိတ်မပူနဲ့ဘာမှမဖြစ်ဘူး ဟ အကင်စားမယ်စားချင်နေပြီ"
မ ခွံ့ပေးသောအကင်ဖတ်ကိုအရသာမရှိသလိုစိတ်မပါလက်မပါဝါးရင်း မကိုပဲကြည့်နေလိုက်သည်။ မကတော့ဘာမှမဖြစ်ခဲ့သလို အားပါးတရစားနေတာ။
မနက်ဖြန်တစ်ရက်ပြီးရင်ဒီကမ သိပ်သဘောကျတဲ့ထင်းရှူးနံသင်းပျံနေတဲ့အိမ်ကလေးမှာစစ်တစ်ယောက်တည်းလွမ်းကျန်ရမယ့်ရက်တွေကဘယ်လောက်တောင်မှလဲ။
ဝေးကွာရမယ့်ကံပါလာလို့ဝေးနေရလည်းတော့ချစ်ခြင်းမေတ္တာကိုအရင်းပြုပြီးဆွဲနီးပစ်လိုက်ချင်ပါရဲ့ကွယ်။
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့