"မကြီး စစ်အိုးရှင်း ခဏသွားဥိးမယ်"
မကြီး ညစာ ချက်နေတဲ့ မီးဖိုချောင်အတွင်းမှာ ဝင်လိုက်ထွက်လိုက်လုပ်နေပြီးမှ ဒီစကားပြောထွက်တာလေ။ မကြီးက ဟင်းချက်နေရာမှ လှည့်မကြည့်ပဲ
"ဘာသွားလုပ်မလို့လဲ ဘယ်သူနဲ့လဲ"
ထုံးစံအတ်ုင်း အပြင်ထွက်ဖို့အရေးကို စီအိုင်ဒီစစ်သလို စစ်မေးပြီးမှ ထွက်ခွင့်တောင်ရချင်မှရတာ။ ဒါမျိုးတွေဆို စစ်ပြန်မပြောရဲပေမယ့်လဲ အတော့်ကို စိတ်ကျဉ်းကျပ်လှတာမို့ မကြိုက်ပါ။ ဒီအသက်ဒီအရွယ်တစ်ခါတလေလေး အပြင်ထွက်တာကို သူတို့စိတ်တိုင်းကျမှ လွှတ်တာ။ တစ်ချို့တွေလိုမျိုး သွားချင်ရာသွား စားချင်တာစားချင်တာပေါ့။ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ပါးချင်တာပေါ့။ ဒါတောင်စစ်မှာအပေါင်းအသင်းက သိပ်ရှိလှတာမဟုတ်။
"ခမ်းအိမ့်နဲ့ သွားတွေ့မလို့"
"အဲ့ ကလေးမနဲ့ပဲ များများပေါင်း သိလား ပျက်စီးလိမ့်မယ်"
မကြီးတို့တော့ သူများသားသမီးကို မကောင်းမြင်စိတ်နဲ့ ကြည့်မြင်နေပါပြီ။ ဒါကြောင့်မပြောချင်တာ။
"ဟာ ဘာလို့လဲ မဆိုင်လိုက်တာ"
"ဟဲ့ ဆိုင်တယ်သူနဲ့သွားတွေ့ရင်နင့်ဆီက ဘီယာနံ့တွေပါလာတယ်ချောကလက်ဆေးလိပ်ဆိုလား အာ့လဲသောက်တတ်လာတယ်"
"ဘီယာဆိုတာက တခါမှတလေပါ မမရာ...ခဲအိုတို့မမတိူ့နဲ့သွားတဲ့အခါလဲတခါတလေသောက်မိတာပဲကို ပြီးဆေးလိပ်ဆိုတာကလဲ မသောက်သလောက်ပါ"
"တော်ဆင်ခြေတွေချည်းပဲ ဪ ပြီးတော့ နင်အမြဲဖုန်းပြောပြောနေတာတွေ့တယ်ဆင်ခြင်ဦး"
တစ်ခုအကြောင်း အစပျိုးမိတာနဲ့ ကွင်းဆက်ကနောက်မှာအတန်းလိုက်ကြီးကို ပါလာတော့တာ။ မမဆိုသည်မှာ အမေ့ထက်ကို ပိုဆိုးနေတာ။
"ဒါဖြင့်အခုက သွားရမှာလား မသွားရဘူးလား"
"ဘာလဲ စိတ်မရှည်တာလား နင်အဲ့လောက်အစ်မကိုအခန့်ရိုသေမရှိတော့တာလား"
"ဘယ်ကလာ စစ်ပြောတာအဲ့လိုမဟုတ်ပါဘူး အိုကေ ရပြီ "
ခွင့်ပြုမိန့်က မသေချာတော့တာမို့လိူ့ စစ်ဘာမှဆက်မပြောချင်တော့တာကြောင့်ဆိုင်ဖက်ပြန်ထွက်လာလိုက်သည်။
မနက်တည်းက ခမ်းအိမ့်က သူ့သူငယ်ချင်းမိုးရည်ချိုနဲ့အတူ စစ်ကိုတွေ့ချင်တယ်ပြောတာမို့လို့ စစ်ကလဲအားနာတာကြောင့်လာခဲ့မယ်လို့ ကတိပေးလိုက်မိတာရယ်။တကယ်က အိမ်ထဲနဲ့ ဆိုင်ထဲကလွဲပြီး အပြင်မသွားရတာ ကြာနေပြီမို့လို့ စစ်ကိုယ်တိုင်ကလဲ သွားချင်တဲ့စိတ်ရှိနေပါသည်။
ဆိုင်ထဲ ပြန်ရောက်လာတော့ကောင်မလေးတစ်ယောက်ကို ဆံပင်ညှပ်ပေးနေတဲ့ နန်းနန်းက
"မမစစ်အပြင်သွားတော့မို့လား နန်း တွက်ကြက်ကြော်ဝယ်လာပေးပါလား"
"နင့်မကြီးကအလွယ်တကူ ခွင့်မပေးဘူးဟ"
"ဟင့်မကြီးကလဲ ဘာလို့များ မသွားစေချင်ရတာလဲ မမစစ်က တခါတလေမှသွားတာကို"
"ငါလဲ မပြောတတ်ပါဘူးဟယ်သွားဦးမယ်လို့ပြောတာကို သွားလို့မပြောပဲနဲ့ဟိုဟာပြောလိုက်သည်ဟာလှည့်ပြောလိုက်နဲ့ အတော့်ကိုစကားရှည်နေတော့ ငါလဲသွားချင်စိတ်ပျောက်တယ်"
"အေ့လေ သွားကာနီးလာကာနီး အဲ့လိုဂဂျီဂဂျောင်လုပ်ရင်တူတူပဲ နန်းလဲမသွားချင်"
"ကဲပါ အလုပ်သေချာလုပ်ဦး ငါ အနောက်ခန်းထဲ မှာ ရှိမယ်ဆေးတင်မယ့်သူလာမှ ငါ့ကိုခေါ် ကြားလား"
"ဟုတ်မမစစ်"
နန်းနန်းတစ်ယောက်သာလျှင်အညှပ်လောက်တော့အားကိုးရသည်မို့ ကျန်တာကတော့ မလာလိုက်လာလိုက်နဲ့ ပညာသင်စဉ်ဇွဲလုံ့လရှိလိုက်ပုံများ။ စစ်တောင်သူတို့နဲ့ သိပ်စကားမပြောဖြစ်။ သူတို့ကလဲ စစ်နဲ့ဆို သူတို့ထက်ငယ်နေလို့လားမသိ သိပ်ပြီး အဖတ်လုပ်တာမဟုတ်။ မကြီးနဲ့ကျတော့ စကားတွေဖောင်ဖွဲ့လိုက်သည့်ဖြစ်ခြင်း။
ပျင်းရိလေးတွဲစာဖြင့်အနောက်ခန်းထဲက ခုံပေါ်တွင်ပစ်ထိုင်လိုက်သည်။ ကိုကိုနဲ့လဲ စကားပြောလို့ကမရ။ ကိုကို အလုပ်ကိစ္စဖြင့်နယ်ဖက်ဆင်းသွားတယ်ဆိုပြ်ိး ဖုန်းလေးတောင်တစ်ချက်မဆက်။ စစ်ခေါ်တော့လဲ စက်ပိတ်ထားသည်တဲ့။ မအားလပ်ခြင်းပေလား ဖုန်းလိုင်းမရှိတာလားတော့မသိ။
မ အကောင့်လေး ဝင်ကြည့်မိသည်။ စာမေးပွဲ ပြီးတဲ့ရက်ဆိုတော့ လည်နေကြသည်ထင်ပ။ စစ်တို့အိမ်ရှေ့လမ်းတောင်ဆိုင်ကယ်တွေနဲ့ပြည့်မတတ်ဖြစ်နေတာကို။ မ ဖက်ကိုဘေလ်သုံးထောင်လွှဲပေးလိုက်သည်။ မက U Tubeတွေ အကြည့်များတော့ဘေလ်ကုန်တာ မြန်လွယ်ခြင်းပင်။ fbပေါ်မှာလဲ ကြည့်စရာဇာတ်ကားတွေမှပေါလို့။ ဒါကို မက ဘာလို့ အဲ့ဘေလ်အကုန်မြန်တဲ့ထဲကိုမှသွားကြည့်နေသည်မသိ။ မက ပွင့်ပွင့်လင်းလင်း နဲ့ တကယ့်ကိုဖော်ရွှေတတ်သူပင်။ သူများနဲ့ဆိုရင်ဘယ်လိုမှတော့စိတ်ထဲမနေပေမယ့်မနဲ့တွေ့တဲ့အခါမှာတော့ စစ်စိတ်ထဲမှာ စာတတ်ချင်စိတ်တွေ နိုးကြားပေါက်ဖွားလာတာပါပဲ။ မကြာခင်မှာ မက ဘွဲ့ရပညာတတ်ကြီးဖြစ်တော့မယ်။ တသက်မှာတစ်ခါ ပညာမတတ်တဲ့ စစ်ကိုယ်စစ်သိမ်ငယ်ဖူးတော့သည်။ အလိုက်သိစွာသောမက စစ်နဲ့စကားပြောလျှင်စာအကြောင်းတွေကျောင်းကိစ္စတွေ တခါမှတော့စ မပြော။
မ ဘယ်တွေလည်နေပါလိမ့်။ မနေ့ညတည်းက လိုင်းဆင်းထားတာ။ အပျော်တွေ လွန်ပီး တစ်ချို့မိန်းကလေးတွေလို ဝိုင့်သောက်မူးနေသည်များလား။
စိုးရိမ်စိတ်ဝင်မိသွားတာနဲ့ လက်တို့က အလိုလို မရဲ့ဖုန်းကိုခေါ်လိုက်မိသည်။
တူ တူ တူ
ဝင်တော့ ဝင်နေပေမယ့်လဲ ပြန်လည်ဖြေကြားလာခြင်းမရှိ။ မနဲ့စကားပြောဖြစ်တာ ဆယ်ရက်မပြည့်သေးပေမဲ့ မအကြောင်း တစ်ခဏအတွင်းမှာ စစ်သိနားလည်လာသည်။ မက ဟန်ဆောင်ခြင်းလဲမရှိ။ မကြိုက်ရင်မကြိုက်တာကိုပြောတတ်သည်။ စစ်က လိုင်းပေါ်တွင်သူများတွေသုံးသလိုရေးသလို အလွယ်တကူ စကားလုံးမပီမသတွေရေးနေကျ။ မြန်မာစာကိုချစ်မြတ်နိုးတဲ့ မနဲ့တွေ့မှ မ အမိန့်ကြောင့်ပြုပြင်ပြောင်းလဲလိုက်ရတာ။
အပြင်သွားရင်တော်တန်ရုံဖုန်းမယူတတ်တဲ့ မ တစ်ယောက်ခုလဲဖုန်းပါသွားဟန်မတူ။
တူ တူ
ထပ်ခေါ်ကြည့်တော့ ဝင်နေပြန်သည်။
"ဘုရားသိကြားမ လို့ မ ဖုန်းလေးကိုင်ပါစေ"
ဟလို စစ်.....
ဗုဒ္ဓေါရေ ထူးထူးခြားခြား စစ်ကလေး ဆုတောင်းပြည့်နေချက်
"မ...မလား"
"အင်းပ စစ်ဘာဖြစ်လို့လဲ"
"အာ...ဘာမှမဖြစ်ပါဘူး မရဲ့ သတိရနေတာမို့ခေါ်လိုက်တာ အစကခေါ်တာ ဘာလို့မကိုင်တုန်း"
"အိပ်ပျော်နေတာမို့လေ သိတောင်မသိ ခုမှနိုးလာလို့ ဖုန်းဝင်နေတာနဲ့တိုးလိူ့ကိုင်တာ"
ထင်သားပဲ ။ မက အမြဲတမ်း silent လုပ်ထားတတ်တယ်ဆိုတာကို။ မရဲ့အကျင့်လေးတွေကို မသင်ပေးပါပဲနဲ့ အတော်များများကို သိနေပြီလေ။
"စာမေးပွဲဖြေနိုင်ခဲ့ရဲ့လား"
"အမလေး စာမေးပွဲများလွယ်လွယ်လေးရယ်စစ်ရဲ့မပဲလေ ဒီလောက်တော့အေးဆေးပါ"
ရေ့....မကတော့ ဘယ်လိုသဘောထားပြိးပြေယလိုက်သည်မသိ။ စစ်ရင်ထဲမှာေ၊်တော်ကြီးကိုပျော်ပြီး ထ က ချင်နေပါပြီ။ စစ်ရဲ့မပဲလေ တဲ့။ အင်းပေါ့ စစ်ရဲ့မပဲပေါ့ ။ စစ်တစ်ယောက်တည်းရဲ့ မကလေး။
"လိုင်းမတက်ဘူးလား မ "
"အိပ်နေတာကို"
"ခု နိုးနေပြီလေ....လိုင်းတက်ခဲ့လေ စကားပြောရအောင်ဘေလ်ကောရှိရဲ့လား မရှိရင်စစ်ထည့်ပေးမယ်"
"ရှိပါတယ်နော်...စစ်က viber သုံးတယ်မလား အဲ့ပဲလာခဲ့ fb မသုံးချင်ဘူး"
"ဟုတ်ကဲ့မ ခုတက်ခဲ့နော်ဖုန်းချလိုက်ပြီ"
ဒါမျိုးဆို စစ်တို့ပိုသဘောကျမိတာပေါ့။ ဘာလို့ဆို စစ်အကောင့်က ကိုကိုပါသုံးတာကိုး။
စစ်ကိုယ်စစ်ဘာကြောင့်လဲတော့မသိ။ ချစ်သူဖြစ်တဲ့ ကိုကို့ထက်မကိုပိုပြီးဂရုစိုက်မိနေခြင်းပင်။
တောင်တောင်
Viber မှ မ အရင်စာပို့လာတော့ စစ်ပျော်သွားရသည်။
"ဘာတွေလုပ်နေတာလဲ"
"အပြင်ခဏသွားမလို့ မမဆီက ခွင့်တောင်းတာကို မလွှတ်ဖူးရယ်အာ့ကြောင့်"
"ဘာလဲ စိတ်ကောက်နေတယ်ပေါ့လေ"
"ဘယ်ကလာ မရာ စစ်ကစိတ်မကောက်တတ်ပါဘူး ဆူနေသလိုပွစိပွစိပြောနေလို့ ကြားပျင်းကပ်လာတာနဲ့ ဆိုင်နောက်ခန်းမှာ ဝင်ထိုင်နေတာ"
"အရမ်းတွေအေးနေပြီလား"
"အေးတာပေါ့ မကောကျောင်းပြီးတော့ ဘာလုပ်မှာလဲ"
"မနက်ဖြန်အိမ်ပြန်ပြီး ခြံထဲပဲဆင်းရမှာပေါ့"
ဟုတ်သားပဲ။ မပြောခဲ့ဖူးတာ။
မ တို့မိသားစု က သီပေါမှာနေပြီး မြို့ပြင်ဖက်က ခြံရယ်ဒုဋ္ဌဝတီမြစ်ဘေးက နှင်းဆီခင်းလေးကိုပဲ အားကိုးအားထားပြုကာနေထိုင်စားသောက်ရတဲ့အကြောင်းတွေ မပြောပြခဲ့ဖူးပြီးသားလေ။
"မနက်ဖြန်ပြန်ပီပေါ့ မလည်တော့ဘူးလား"
"လည်တော့ပါဘူး "
"မ သူငယ်ချင်းတွေလဲ ဒီနေ့မလည်ဘူးလား"
"လည်ကြတယ်သူတို့က ဒီနေ့တော့ အတွဲကိုယ်စီနဲ့မို့ မလိုက်တော့တာ...အမှန်က ပျင်းနေတာလဲပါတယ်အိပ်ချင်နေတာနဲ့အိပ်ကျန်ခဲ့တာ သူတို့တော့ခေါ်နေကြသား"
"မ တစ်ယောက်ပဲ အတွဲမရှိတာလား "
"Single ပဲ ကြိုက်တယ်"
"ဟုတ်လို့လား မက အဲ့လောက်ချစ်ဖို့ကောင်းတာကို"
"စစ်ပဲအဲ့လိုမြင်ကြတာလေ မက ဘယ်နေရောက်ရောက်အများတွေ ကွင်းရှောင်တဲ့ ကွင်းမကြီးပဲဖြစ်နေတော့တာ ဟားဟား"
ဟုတ်သလား မဟုတ်လားတော့ မသိ..မသေချာပေမယ့်သူများတကာ အတွဲလေးတွေနဲ့ လည်ပတ်ကြတဲ့အထဲ အတွဲမရှိလို့ အဆောင်မှာ အိပ်ကျန်ရစ်ခဲ့တဲ့ မကိုတော့ စစ်ယုံချင်ပါသည်။
"ရည်းစားတယောက်မှမထားဖူးသေးဘူးပေါ့"
"အမ်း ဘယ်လိုပြောရမလဲ ဟိုး ငယ်ငယ်ကလေးဘဝတုန်းကတော့ ကြိုက်တဲ့သူရှိတာပ ရည်းစားတောင်မဖြစ်လိုက်ရဘူး မြစ်ထဲရေကူးရင်းရေနစ်ပြီး ဆုံးသွားတာ....အဲ့တုန်းကအရမ်းငယ်ကြတော့ သူငယ်ချင်း တစ်ယောက်ထာဝရခွဲသွားပြီဆိုတဲ့အသိပဲရှိတာ"
"သူသာ အသက်ရှိနေဦးမယ်ဆိုရင်ရော...မ"
"သူရှိနေရင်တော့ မရဲ့ကောင်လေးဖြစ်လာမှာပေါ့ သူက မကိုအရမ်းသဘောကျတာလေ...မကလဲတော့ နည်းနည်းကြိုက်ပေမဲ့ ခင်တာကြာပြီမို့ အချင်းချင်း ဆိုတော့အမြင်ငပ်နေတာရယ်ကြောင့်ကြိုက်တယ်လို့ဝန်မခံခဲ့ဖူးဘူး ဒါမဲ့ မ သူ့ကိုမငြင်းဘူးဆိုတာလဲသူသိတယ်ဒါပေမဲ့ကွာ ဘယ်လိုပြောရမလဲ သူမှမရှိတော့တာ...ဆိုတော့ ထူးပြီးလဲ ခုမှတော့မလွမ်းနေတော့ပါဘူး...ဘာလို့ဆို ငယ်တဲ့အရွယ်စိတ်ကစားပြီးချစ်ကြိုက်ခဲ့တဲ့အရွယ်လဲမဟုတ်တော့သူငယ်ချင်းတစ်ယောက်အပေါ်လွမ်းတဲ့ခံစားချက်ပဲကျန်ပါတယ်....တိုက်ဆိုင်မှုတွေ ကြုံလာရင်သူ့ကိုသတိရတယ်အကယ်၍ သူသာရှိနေမယ်ဆို မတို့ အတွဲတော့ဖြစ်နေမှာပဲ နှစ်ဖက်မိဘတွေကလဲ ခင်နေကြတာဆိုတော့ လက်ထပ်ဖြစ်မယ်တချိန်ကျရင်ပေါ့"
အရိုးသားဆုံး အပွင့်လင်းဆုံး ရင်ဖွင့်ချက်ကို မ တစ်ယောက်စစ်ကိုဖွင့်ချပြလိုက်လို့ မများ စိတ်ပေါ့သွားလေပြီလား။
ဒါဆိုရင်တော့ မ အခုထိ အသည်းနင့်အောင်ချစ်ရမယ့်
သူ ရှာမတွေ့သေးဘူးဆိုတာ လုံးဝကိုသေချာသွားပြီလေ။
"မမစစ်ဒီမှာ ဆံပင်ဖြောင့်ချင်လို့တဲ့ မိန်းကလေးသုံးယောက်ရောက်လာပြီ"
အမ်း.....မနဲ့စကားပြောနေတဲ့စာကိုသေချာဖီးလ်အပြည့်နဲ့ဖတ်နေပါတယ်ဆို နန်းနန်းတို့လုပ်ချလိုက်ပုံများ။ မယုံသဖြင့်ရှေ့ပေါက်ကို လှမ်းကြည့်လိုက်တော့ မိန်းကလေးသုံးယောက်ကဆိုင်အတွင်းသို့ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်ကိုတွေ့ရတော့မှ စိတ်မကြည်မွေ့ဖြစ်သွားရပါသည်။
"သွား ငါလာခဲ့မယ်"
"မရဘူး ခုလိုက်မှ ဖြစ်မှာ သူတို့က သုံးယောက်စလုံးလုပ်ကြမှာဆိုတော့ဈေးညှိနေကြတာ နန်းကမမစစ်ဆီပြောဆိုလို့စောင့်နေကြတာ လာပါ"
"အေ့ဟယ်လာခဲ့မယ်ခဏလေးပါဆို လာမယ်လာမယ်"
နန်းကို အတင်းအပေါက်ဝတွန်းလွှတ်ပြီး မဆီ ကမန်းကတန်း စာပြန်လိုက်ရသည်။
"နောက်မှ ဆက်ပြောကြမယ်နော်မ ဖိုက်တင်း....တနေ့တော့ မဆီကို အချစ်တွေရောက်လာတော့မှာ ."
'မအားတော့ဘူးလား"
ကံတရားက အဆိုးဘက်ကို ဘက်လိုက်နေတာလားမပြောတတ်။ စစ်ပို့သမျှ စာတ်ုင်းကို မက တန်းပြီး ဖတ်နေတာ။
"ဟုတ်ဆံပင်ဖြောင့်ကြမလို့တဲ့ သုံးယောက်တောင်ရောက်နေကြတာ"
"ဟုတ်ပါပြီ သုံးယောက်ဆိုတော့ စစ်တို့ပွကြောပဲ""
"ဆေးနံ့နဲ့တင်ပွတယ်မထင်ပါဘူး မရာ"
"အမယ်ကဲပါ ဒါဖြင့်မ ပြန်အိပ်လိုက်ဦးမယ်အေးဆေးလုပ်"
"ဟုတ်မ ညကျလဲ ဒီမှာပဲ စကားပြော ကြရအောင်နော်"
"Ok "
မ ဆင်းသွားတော့မှ စစ်လဲ ဆိုင်ရှေ့ထွက်လာရတော့သည်။ ဒီညတော့ ပင်ပန်းရပေဦးမည်။တော်သေးတာပေါ့
အပြင်မထွက်ဖြစ်သေးလို့၊ မဟုတ်ရင်သုံးယောက်နဲ့လွဲရမည့်ကိန်း။
ကြံဖန်၍ မကိုပင်ကျေးဇူးတင်ရပါသည်။
......
လားရှိုး မှာသွေးတို့ခြေရာထပ်နေသောနေရာတွေချည်းမို့ စာမေးပွဲပြီးပြီးချင်းသွေး ပြန်ဖို့ ဆုံးဖြတ်ခဲ့တာတော့မဟုတ်ပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့နောက်ဆုံးနှစ်မို့လို့ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်ရင်း လည်ကြပတ်ကြ ရုပ်ရှင်တွေ ကြည့်ကြဦးမှာ။ ဘယ်သူကမှသွေးကို ပြန်ရန်ကားဂိတ်လိုက်ပို့ပေးမယ့်သူမရှိ။ အကြောင်းမှာသွေး အိမ်ပြန်သည်ကို သဘောမကျသောကြောင့်ပင်။
ခိုင်ကပိုဆိုး။ပြောလိုက်သေးတာ။
"သွေးတစ်ယောက်တော့လေးနှစ်လုံး ငါတိူ့ကို ဘယ်လောက်တောင်သည်းခံပေါင်းဖြစ်နေခဲ့ရလဲ မသိဘူး စာမေးပွဲပြီးတာနဲ့ တန်းကိုခွဲထွက်တော့တာပဲ....နောက်လဲပြန်ဆုံဖို့မသေချာတဲ့သူတွေမို့ အစိမ်းလိုက်ကိုဖြတ်ချတာပဲ"
တဲ့။ သူ့အဆိုကိုနောင်နောင်တိူ့ယောက်ျားလေးအုပ်စုမှလဲ
"အေးလေ...တနယ်စီနေနေရတာကို။နောက်လဲ မတွေ့နိုင်တာလဲဖြစ်နိူင်တာ။ပေါင်းလာတာကြာပြီကိုကောက်ကာငင်ကာကြီး လည်မယ်ပြောနေကာမှကားလက်မှတ်ဖြတ်ထားရတယ်လို့"
"အဲ့ ကားလက်မှတ်ဖိုးနှမြောနေရင်လဲ ငါတိူ့ပေးပါ့မယ်မနက်ဖြန်ကုန်ကျစရိတ်ကိုလဲ အားလုံးက မျှခံပေးမယ့်ဟာ။သွေးက ဘာထကြောင်နေတာလဲ"
ဘယ်သူတစ်ဦးတစ်ယောက်ကမှသွေးကို အကောင်းဘက်လေးမျှမတွေးပေးကြ။
အမှန်တကယ်သွေးလဲပြေလည်ရင်နေချင်တာပေါ့။ အမိကျောင်းတော်ကြ်ိးနဲ့လဲ တသက်စာခွဲရပြီ။ ဘယ်တော့မှများပြန်တွေ့ရမယ်မသေချာတဲ့ အချစ်ဆုံးသူငယ်ချင်းတွေကိုလဲ ခွဲရတော့မည်ကို အတူတူတော့လည်ချင်သေးတာပေါ့။
ခုဟာကသွေးမှာ လက်ထဲက ငါးထောင်တန်လေးတရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရတာ။ မနေ့ညက အကို ကတော့ ဖုန်းဆက်ပြီးမေးရှာပါတယ်။ ပိုက်ဆံမရှိရင်သူလစာထုတ်တုန်း လွှဲပေးလိုက်မယ်။အေးဆေးလည်ပတ်ပြီးမှပြန်တဲ့။ လာခဲ့တဲ့ တလခွဲလုံးလုံးအတွက်ကို အကို့လစာနဲ့ပဲထောက်ပံ့ပြီးလာနေခဲ့ရတာ။ ပြန်စရိတ်ကိုတောင်ပြန်တောင်းရမယ့်အဖြစ်မျိုးသွေးမလိုချင်။ လက်ထဲပိုက်ဆံမရှိပဲနဲ့လဲ အများသူငှါလိုပျော်ပျော်ရွှင်ရွှင်လဲဖြစ်မနေနိုင်တာမို့လို့ ဘယ်သူမှမသိအောင်ကားလက်မှတ်ကြိုဖြတ်ထားလိုက်တာပင်။
မနက်အထုတ်အပိုးတွေပြင်ကြတော့မှသွေး ပြန်တော့မယ့်အကြောင်းသိကြရတာပင်။
ခု အထုတ်အပိုးတွေကို အဆောင်ရှေ့ထုတ်လိုက်သည်။
အဆောင်ရှေ့မှာ အပျံစားကြီးတွေဝတ်လို့ လည်ကြပတ်ကြတော့မယ့်ခိုင်တို့အုပ်စု။
သူတို့ လိုက်မပို့လဲ ဘာအရေးလဲ။ ကားဂိတ်ပို့ဖို့ သုံးဘီးခတွေဈေးကြီးတဲ့အပြင်ကို ထွက်မငှါးတတ်တဲ့သွေးအဖို့ လိုက်ပို့မယ့်သူတွေမှ တပုံကြီး။ စီးပွားရေးက ဆယ်တန်းတုန်းကအတူနေခဲ့တဲ့ သီပေါသားတစ်ယောက်ရှိသည်လေ။ သူက ကိုယ်ပိုင်ကားနဲ့ကိုကျောင်းတက်နေတာ။
အချိန်က ကိုးနာရီကျော်နေပြီမို့ ဖုန်းခေါ်လိုက်သည်။
"ဟယ်လို"
"ရာဇာလား ငါပါသွေး"
ထူးထူးခြားခြားမောင်ရာဇာတို့ ဖုန်းခေါ်တာနဲ့ကိုတန်းကိုင်လာတာ။
"အင်းသွေးပြော"
"ငါ အကူညီတောင်းမလို့ နင်ခု ဘယ်မှာလဲ"
"ရပါတယ်ငါ အဆောင်မှာ အိပ်ယာတောင်မထသေးဘူး"
"နောက်ကျနေပြီကို ဘာလို့မထသေးတာ"
"ညကလေ ကဲတာ များသွားလို့ဟ ခုတောင်ခေါင်းက သိပ်မကြည်ဘူး"
"ငါ ပြန်မလို့ အဲ့ဒါ ကားဂိတ်ကို လိုက်ပို့ပေးနိုင်မလားလို့ပါ "
"ငါလဲ ဒီနေ့ပြန်မှာလေ ငါနဲ့အတူ လိုက်ပြန်ပါလား ညနေပြန်မှာ"
"ကျေးဇူးပါ ဒါမဲ့ ငါ ကားလက်မှတ်ဖြတ်ထားပြိးပြီ အဆင်ပြေရင်ခု လာခဲ့ပါလားငါအဆောင်ရှေ့ထွက်စောင့်နေမယ်ခဏနေ ကားကထွက်တော့မှာမို့"
"အေးပါ ဒါဖြင့်လဲ ငါ ခုမျက်နှာသစ်ပြီးလာခဲ့မယ်ငါးမိနစ်စောင့်"
ဖုန်းချသွားခဲ့ပြီးမှ အဆောင်မှူးထံ ပြန်မယ့်အကြောင်းအသိပေးရဦးမည်။သွေးက သာချေမိုးနေပေမယ့်မောင်ရာဇာတို့များ ကူညီခိုင်းတာတောင်သိပ်ပြောစရာပင်မလိုဘူး။
ရေကန်ဘေးမှာ အဆောင်မှူးအမှိုက်လှည်းနေတာကိုတွေ့သဖြင့်
"အန်တီ သမီး ပြန်တော့မယ်ရှင့်"
တံမျက်စည်းလှည်းနေရာမှ အန်တီကသွေးကို လှည့်ကြည့်လာသည်။
"ဟင်သမီး ဘာလို့ မြန်မြန်ကြီးပြန်ရတာတုန်း ခိုင်တို့တောင်မပြန်ကြသေးတာကို မလည်တော့ဘူးလား"
"ဟူတ်မလည်တော့ဘူးရှင့်"
"အေးပါကွယ်ကျောင်းပြီးသွားပြီဆိုတော့အေးဆေးဖြစ်သွားပြီပေါ့"
"အလုပ်ပဲရှာဖို့ကျန်တော့တယ်အန်တီရ""
"အလုပ်ရရင်လဲသေချာဂရုစိုက်ပြီးလုပ်ကျောင်းပြိးပြီးချင်အိမ်ထောင်လဲမပြုသေးနဲ့ဦး မိဘလဲလုပ်ကျွေးပါဦး"
"ဟူတ်အိမ်ထောင်ပြုဖို့ကတော့ အဝေးကြီးလိုပါသေးတယ်ရှင်"
"ခုနေတော့ သမီးကအေးဆေးတည်ငြိမ်တာကို အန်တီလဲသိပါတယ်ကွယ်ကဲ သမီးပြန်မယ်ဆိုလဲဂရုစိုက်ဦးနော်"
"ဟုတ်ကဲ့ အန်တီ သမီး သွားပြီနော်"
"အေးအေး"
အန်တီ့ကို နှုတ်ဆက်ပြီး အဆောင်ရှေ့ထွက်လာတော့ ခိုင်တို့အုပ်စုက တစ်ယောက်ယောက်ကိုစောင့်နေဟန်တူသည်။ အကုန်လုံးတိုင်ပင်ထားကြသလားမသိ။သွေးကိုယောင်၍မျှပင်လှည့်မကြည့်ကြ။ သူတို့ချင်းသာ စကားစမြည်ပြောနေကြတာ။ ရာဇာလဲ မရောက်လာသေး။ဗိုက်ကလဲ မနေ့က ညစာမစားထားသည့်အပြင်မနက်စာပါမစားရသေးတော့ အသံစုံပင်ဟစ်ကြွေးလို့နေတာ။
ဟိုကြည့်သည်ကြည့်နဲ့ ထိုင်မလို ထမလို ဘယ်သူကမှအဖတ်မလုပ်တော့နေနေရတာ တစ်မျိုးကြီးကို ဖြစ်လို့နေသည်။ ထိုအခိုက်ဖုန်းဝင်လာလို့ ကြည့်မိတော့....
"ဟလို စစ်"
"ဟီး မ ဘာလုပ်နေလဲ မနက်စာ စားပြီလား"
ဒီကလေးမတော့စောစောစီးစီး အသံလေးကိုက ရွှင်မြူးနေတော့တာပါပဲ။ သူ့အသံလေး ကြားလိုက်တိုင်း အင်မတန်ပြုံးဖို့ဝန်လေးတဲ့ နှုတ်ခမ်းအစုံက ပြုံးလို့မှချိုလို့ရယ်။
"မစားရသေးဘူး အိမ်ပြန်တော့မလို့"
"စောကြီးကော"
"အင်း ဆယ်နာရီကားလေ...အာ့ သူငယ်ချင်းလာကြိုမယ်ဆိုလို့ အဆောင်တံခါးဝမှာစောင့်နေတာ"
"ဪ...ဂရုစိုက်ပြီးပြန်နော်မ သတင်းထဲကြည့်တာ ရှမ်းမြောက်အခြေအနေသိပ်မကောင်းဘူး မကို စစ်စိတ်ပူတယ်"
"အဝေးကနေတဲ့သူတွေပဲစိတ်မှန်းနဲ့တွေးကြောက်နေကြတာပါ ဘာမှမဖြစ်ပါဘူးကွယ်"
"ပူရတာပေါ့ မရဲ့ စစ်က မနဲ့ဆုံချင်သေးတယ်လေ ဒီတစ်ခါဆုံရင်အရင်လိုသူစိမ်းသက်သက်ကြီးတော့ ဖြစ်မနေတတာ့ဘူးပေါ့နော်"
"အင်းပေါ့ ခုကရင်းနှီးနေပြီပဲ "
စကားပြောကောင်းနေတုန်း ရာဇာ့ကားကြီးရှေ့ရောက်လာသဖြင့်
"စစ်ရေ မ သူငယ်ချင်းရောက်လာပြီမိူ့ အိမ်ရောက်မှပဲဖုန်းပြန်ခေါ်လိုက်မယ်နော်"
"ဟုတ်ကဲ့ မ စစ်မျှော်နေပါ့မယ်ရှင့်"
"အွန်း ဒါပဲ"
ဖုန်းလေးချပြီး ရာဇာ့ကားပေါ် အထုတ်ကြီးတွေ တင်နေတော့ ခိုင်တို့အုပ်စုရဲ့ အကြည့်တွေက ရာဇာ့ကားနဲ့တကွအကုန်ကို ကြည့်နေကြတော့တာ။သွေးမှာ သူတိူ့အပြင်ခင်တဲ့သူမရှိဘူးလို့ ထင်ထားတာကိုး။သွေးလဲသွေးရဲ့ကိုယ်ရေးကိုယ်တာတွေကို သူများရှေ့ဖွင့်ပြောပြတတ်သူမဟုတ်။ ဒါမဲ့ စစ်တစ်ယောက်ကလွဲလို့ပေါ့။ အဲ့ကလေးရှေ့ကျ ဘာမှဟန်ဆောင်ခြင်းမရှိပဲပြောချင်ရာကိုပြောဖို့စိတ်တွေကတွန်းအားပေးနေတတ်တာမို့ စစ်နဲ့စကားပြောနေရင်ပဲ အလိုလိုပျော်ရွှင်တာ။
"မိသွေး နင့်အထုတ်ကလဲ ဒါပဲလားဟ"
"အေ့လေ အဝတ်အစားတစ်ထုတ်အိပ်ယာလိပ်တစ်ထုတ်ရေချိုးပစ္စည်းနဲ့ သနပ်ခါးတွေက တစ်ခြင်း ဒါပဲလေ"
"နင်ကလဲ မိန်းကလေးမဟုတ်တာကျလို့ဟာ "
"စကားရှည်မနေနဲ့ ကားကထွက်တော့မယ်ဟ သွားမယ်"
ပြောဆိုရင်းရှေ့ခန်းတံခါးကိုဖွင့်ဝင်လိုက်သည်။ ဘယ်သူ့ကိုမှလဲ မနှုတ်ဆက်ချင်တော့။ သူတို့တောင်ပိုယ့်အခက်အခဲမသိပဲ ထင်ရာတွေးပြီးစိမ်းပြနေမှတော့ ကိုယ်က ဘာလို့ဖြေရှင်းပြနေရမှာလဲ၊ ဒါမျိုးအလုပ်မိသွေးမလုပ်။ လုပ်မိရင်လဲမိသွေးမဟုတ်။
"လမ်းမှာ တစ်ခုခုစားရအောင်ငါဗိုက်ဆာလို့"
မျက်နှာသစ်ပြီးကာစမို့ ဆံပင်အစပ်ကလေးတွေမှာရေစိုနေတုန်း။ ညကဘာတွေလုပ်ထားမှန်းမသိ။ မျက်စိကြီးကိုနီရဲနေတာ။
"နင်ကလဲ ငါ့ကိုပို့ပြီးမှ စားတေယ့လေ"
"ငါကနင့်ကိုလဲကျွေးချင်လို့ပါဟာ...ငါတို့တစ်ခါမှမဆုံဖြစ်သေးဘူးလေ...နော်သီပေါရောက်ရင်လဲ နင်က မာနခဲဆိုတော့တွေ့ရမှာလဲမဟုတ်"
ပြောနေပုံက မသိရင်သွေးကပဲ သူ့ချစ်သူကျလို့။
"ငါ့မှာ နင့်ကိုကျွေးချင်ပေမယ့်ကားခပဲကျန်လို့ အကြွေးမှတ်ထားလိုက်"
"မလိုပါဘူးဗျာသွေးတို့များ သူငယ်ချင်းအချင်းချင်းကို အမှတ်ကြီးချက်""
"အဲ့လိုလဲမဟုတ်ပါဘူး"
"ဒါနဲ့ ခဏက ဖုန်းပြောနေတော့မျက်နှာထားက ဒီလိုမဟုတ်ပါဘူး ကွာချက်"
"ရည်းစားနဲ့ဖုန်းပြောနေတာကိုမျက်နှာကစူပုပ်နေစရာလားဟဲ့"
အဲ....စစ်ကလေးရေ ပါးစပ်နဲ့မရည်ရွယ်ပဲပစ်မှားနေမိပြီ။ ကန်တော့နော်။
ဒိလိုမှမဟူတ်ရင်ဒိကောင်က အစတည်းကမှကြောင်ချင်ချင်ရယ်။
"ဟင်သွေး နင့်မှာ ရည်းစားဘယ်လိုဘယ်တုန်းကရသွားတာလဲ သိတောင်မသိလိုက်ပါလား"
"အင်းသိပ်မကြာသေးဘူး ငါရည်းစားရှိတဲ့အကြောက်းတိုင်းသိပြည်သိကြေငြာရအောင်ကမ္ဘာကျော်မင်းသမီးလဲမဟုတ်အေ"
"နည်းနည်းတော့ပြောသင့်တာပ"
"နောက်မှပေါ့...နင့်ကားကလဲ မူးချင်လာပြီ မှန်ချပေးဟာ"
ရာဇာ ပြတင်းမှန်ချပေးတော့မှ အပြင်ဖက်ကို မျက်နှာမူကာတွေးရင်းငေးရင်းနဲ့လိုက်ပါလာတော့ရာဇာလဲဘာမှမပြောတေယ့ပေ။ ဒီလမ်း ဒိမြို့လေးတွေကသွေးအတွက်လွမ်းမောတသစရာလေးတွေဖြစ်လာပြီပေါ့။ သီပေါနဲ့လားရှိုး နီးနီးလေးပေမယ့်အိမ်မှာပဲနေတတ်တဲ့သွေးအတွက်တော့တော်တန်ရုံမရောက်ဖြစ်တဲ့နေရာလေးတွေလေ။
လွမ်းကျန်ရစ်ပေဥိးတော့ လားရှိုးမြေလေးရေ။
...မ ကားစီးရင်ပြတင်းဘေးမစီးနဲ့နော်...အေးတယ်ပြီးတော့ ဖွဟဲ့သေနတ်နဲ့ချောင်းပစ်ရင်ဘယ်လိုလုပ်မလဲ
အရမ်း စိတ်ပူတာပဲ မရယ်အိမ်ရောက်ရင်ဖုန်းဆက်ဦးနော်....
ဖုန်းထဲဝင်လာတဲ့ စာလေးကို ဖတ်ရင်းသွေး ပြုံးမိပြန်သည်။ ကမ္ဘာမှာ တစ်ယောက်တည်းသောသွေးအတွက်စိတ်ပူပေးတတ်သော လူသားငယ်လေးပါလား။
တစ်ကြိမ်တစ်ခါလေးဆုံဖူးရုံနဲ့ ရစ်ပတ်တတ်တဲ့ ဒီကလေးရဲ့ သံယောဇဉ်တွေကိုသွေး နားမလည်နိုင်တော့။
.....
Next
ESTÁS LEYENDO
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့