ဘာလိုလိုနဲ့ ဒီတောင်တန်းကြီးပေါ်သွေးခြေချမိပြန်ပါပြီ။ ရှမ်းပြည်တစ်နယ်တည်းတောင်မှသွေးကသွေးနေထိုင်ရာမြောက်ပိုင်းရှမ်းပြည်ထက်တောင်ပိုင်းရှမ်းပြည်ကို ပို၍သဘောကျသည်။မြောက်ပိုင်းမှာတောင်တန်းရှိတိုင်းသစ်ပင်လေးတွေစိမ်းမြမနေတော့။တောင်ပိုင်းမှာကစိမ်းမြနေသေးသည်။လောပန်နှင့်ခရီးအတူမသွားချင်ပေမယ့်စန်းစန်းနှင့် သန်းသန်း ဟုခေါ်သော
သူ့ညီမအပျိုကြီးတွေပါလာသောကြောင့်နည်းနည်းအသက်ရှူချောင်ရသည်။ အိမ်လာရင်အမြဲလိုက်ကြည့်တတ်တဲ့လောပန်ကြိးကဒီတစ်ခါတော့ဖြင့်သွေးကိုပုံမှန်လိုသာဆက်ဆံပြောဆိုတာကြောင့်စိတ်သက်သာရသေးတာပင်။
တည်းခိုခန်းတစ်ခုတွင်နေရာချပေးခဲ့ပြီး သူကတော့နာရေးအိမ်ကိုအရင်သွားနှင့်ပြီ။သွေးတိူ့ကိုနားခိုင်းတဲ့သဘော။
တောင်ကြိးကိုရောက်လာတဲ့အကြောင်း စစ်ကိုလဲမပြောဖြစ်။တွေ့တော့တွေ့ခဲ့ချင်သေးသည်။ စစ်မအားမှာလဲစိုးရသည်။
ထိုကြောင့်ရောက်တာနဲ့အထုတ်ချပီးသာအရင်နားရပေမည်။ ကားမူးတတ်သူမို့သွေး အခန်းထဲရောက်ပြီးတာနဲ့ခြေလက်ဆေးပြီး ကုတင်ပေါ်လှဲလိုက်သည်။
ခရီးထွက်ရင်ဖုန်းပိတ်ထားတာမို့လို့ ပါဝါဖွင့်ပြီးတာနဲ့ စစ်ရဲ့စာလေးတွေအစုအပြုံလိုက်တန်းတက်လာတော့သည်၊
သွေး ကိုဖုန်းဆက်၍ မကိုင်လျှင်ပဲဖြစ်ဖြစ်သွေးလိုင်းပေါမတက်လျှင်ပဲဖြစ်ဖြစ်စစ်၏ ချစ်စရာကောင်းသောအချစ်လေးကတော့ဖြင့်လိုင်းပေါ်မှာပဲသာတွေပလူပျံနေအောင်မပို့တတ်ပဲ messageတွေကိုသာအပုံအပင်ပို့တတ်တာပင်။
မနေ့ည ကစောစောအိပ်မယ်စစ်ရေ မနက်ကျအစောထရမယ်ဟုစာရေးပို့ထားခဲ့ပြီး စစ်နဲ့လိုင်းတက်ချိန်ပင်မဆုံလိုက်။ ပါဝါတန်းပိတ်ထားခဲ့တာလေ။
"မနက်ဘယ်သွားမှာလဲ မရေ...
စက်ပိတ်ထားတယ်..မိုးရွာလို့လား....
ပန်းပို့လား မ ပန်းပေါ်နေပြီလား ဆိုင်ကယ်စီးရင်ဂရုစိုက်ပါနော်ဦးထုပ်လဲဆောင်းအရင်ခါကလိုမိုးမိနေမယ်....ဆံပင်စိုပြီးခြောက်အောင်မသုတ်တတ်တဲ့မကို စစ်ကစိတ်ပူနေရတယ်...မနက်ကျ လိုင်းတက်ရင်စစ်ကိုစာပို့ခဲ့ဦးနော်😘😘😘"
ရိုးရိုးစာပို့ရင်ဘေကုန်သောကြောင့်သွေးကတစ်ခုခုဆိုလိုင်းပေါ်ကနေပဲပို့တတ်တာလေ။ စာပို့တိုင်း အနမ်းပေးသောပုံလေးကို ခုရက်ပိုင်းစစ်က တအားထည့်သုံးလာသည်။ အဲ့အရုပ်ပုံလေးကိုကြည့်မိတိုင်းလဲသွေးပါးတွေနီရဲပြီးရှက်သွေးဖြာရတာပါပဲ။
စစ်နဲ့သွေးများ ချစ်သူဖြစ်သွားခဲ့လျှင်......
သည်အတွေးလေးနဲ့တင်ကို ရင်ထဲမှာပျော်ရွှင်ရဖို့ဝေးစွ။
အရင်ဆုံးအဖေ့မျက်နှာကိုပြေးမြင်လာရသည်။
အမိုက်မ မိန်းမချင်းကြိုက်ရတယ်လို့ ...
လေပေါ်မြှောက်တက်လာမယ့်လက်ဝါးချက်ကို မြင်ပြီးလန့်ဖျပ်ကာ ပါးပြင်ကိုယောင်နနဖြင့်လှမ်းကိုင်လိုက်ရသေးသည်။
ဟင့်အင်း....မဖြစ်ဘူး....စစ်ကို ချစ်မိလို့မဖြစ်ဘူး
စစ်စစ်စစ်ဆိုတာနဲ့ပဲ ရင်ခုန်သံမြန်နေရတဲ့အကြောင်းတွေကိုလဲ မသိချင်ဟန်ဆောင်ရသည်။
မ လို့ခေါ်ခံရတိုင်းပြေပြေလေးဖြတ်ပြေးသွားတဲ့ကြည်နူးမှုသံစဉ်လှိုင်းတွေလဲ ဖြတ်ရသည်၊
အနမ်းပေးနေတဲ့ပုံလေးတွေ ပို့လာရင်လဲ နီရဲတွက်သွားတဲ့မျက်နှာကိုလဲ ဖုန်းမျက်နှာပြင်မှာပေါ်နေတာကိုမသိကျိုးကျွန်ပြုရသည်။
တကယ်က ဒါတွေသွေးတစ်ယောက်တည်းဖြစ်ပျက်နေတာပေမယ့်စိုးရွံ့လှပေသည်။ စစ်ကိုနှလုံးသားကချစ်ချင်နေသည်၊ သို့သော်ဦးနှောက်ကခွင့်မပြု။ သူ့မှာလဲရည်းစားရှိသည်။
စစ်မှာရည်းစားရှိသည်ဆိုတဲ့အသိကြောင့်သာ သူမ ဦးနှောက်က ချစ်သည်ဟုထုတ်မပြောဖြစ်ဖို့ တစ်ခုတည်းသောအသိကလေးသာပင်။ တကယ်ချစ်ပြီဟေ့ဆိုတာနဲ့ မိသားစု ပတ်ဝန်းကျင်ဆိုတာက အရေးကမပါလေတော့မှန်းသွေးနားလည်ပြီးသား။
နားတယ်ဟုအမည်ခံပြီး ပင်ပန်းနွမ်းနယ်နေသလောက်တရေးတမောလဲမအိပ်ပျော်ဖြစ်ပါ။ အတွေးတွေဟိုတစ်စသည်တစ်စနဲ့ပါပဲ မိုးချုပ်လေပြီ။
တဖက်ခန်းမှ မစန်းနှင့်မသန်းတို့တော့ ငြိမ်ချက်သားကောင်းလွန်းလှသည်။ အိပ်လို့လဲမရတော့တာနဲ့ လူကမလန်းသလိုလိုရှိသောကြောင့်ရေချိုးရန်စိတ်ကူးလိုက်သည်။
ဒေါက်ဒေါက်
တံခါးခေါက်သံကြောင့်အဝတ်ချွတ်မယ့်ဆဲဆဲကို မချွတ်ဖြစ်တော့ပဲတံခါးဖွင့်ပေးတော့ အပြင်ဖက်တွင်သနပ်ခါးအဖွေးသားနဲ့မစန်း
"ဟယ်သွေး အိပ်နေတာလား"
"အထဲလာလေ မစန်းသွေးရေချိုးမလားလို့ပါ နည်းနည်းငြီးစီစီဖြစ်နေလို့လေ"
"မလာတော့ဘူး မစန်းတို့ကချိုးပြီးပြီသွေးကို ညစာစားမလို့ လာပြောတာ...."
သူတိူ့ကပြင်ဆင်ပြီးပေမယ့်သွေးမှာဘာမှမလုပ်ရသေးသဖြင့်အားနာသွားရသည်၊
"အာ ညစာသွားစားတော့မှာလား ဟိုသွေးမလိုက်တော့ဘူးလေ ကားမူးတာမပြေသေးဘူးမို့ "
"မဟုတ်တာသွေးရာ....ရေချိုးလိုက်လေနော်...လန်းသွားအောင်အစ်မတိူ့စောင့်နေမယ်ကိုခန့်လဲမလာသေးပါဘူးခုမှအဒေါ်အိမ်ကထွက်နေတုန်း"
"ဟိူလေ..."
'ဟိုလေဒီလေ လုပ်မနေနဲ့တော့ ချိုးလိုက်ပြီးရင်အစ်မတို့အခန်းထဲလာခဲ့နော်"
သူ့ဟာသူအမိန့်ချပြီး ထွက်သွားလေပြီ။ တံခါးလေးပြန်ပိတ်ရင်း
မလိုက်ချင်ပါဘူးဆိုမှလေ.....
မလိုက်ချင်ဘူးတွေးကာမှစားစရာတွေမြင်ယောင်ရင်းဗိုကထအော်လိုက်တာကြောင့်အမြန်ပဲရေချိုးခန်းဝင်ပြေးရတော့သည်။
ရေမိုးချိုးပြီး ညစာထွက်စားတော့လဲ တလမ်းလုံးစရိတ်မှမ်သမျှလောပန်ပဲထုတ်ရှင်းသွားတာပင်။သွေး စားသမျှကုန်သမျှကို ထုတ်ရှင်းပါသော်လဲရှင်းခွင့်မပြု၍အောင့်သက်သက်နှင့်ပင်လက်ခံလိုက်သည်။ ညစာစားပြီးရွှေဘုန်းပွင့်စံတေင်ထိပ်သို့တက်တော့သွေးမှာကားမူးလိုက်သည့်ဖြစ်ခြင်း။ အပေါ်ရောက်မှပဲ နွမ်းနယ်တာတစ်ချို့ပျောက်ရသည်။ စိမ်းစိမ်းစိုစိုတောအုပ်ရယ်အပေါ်စီးကမြင်ရတဲ့တောင်ကြီးမြို့ရှု့ခင်းရယ်ကြောင့်အရင်တစ်ခေါက်ကခိုင်တို့နှင့်သာလာဖြစ်ခဲ့လျှင်ပဲ ပုံရိုက်၍ ဆုံးတော့မည်မထင်။
လျှပ်စစ်ရောင်စုံမီးရောင်တွေ ဖြန့်ကျက်ထားတဲ့တောင်ကြီးမြို့အလှကားဝေဟင်မှကြယ်ကလေးတွေမြေပြင်သက်ဆင်းသည့်အလား။
သွေးနေတဲ့ သီပေါမြို့ထဲတောင်ကြီးမြို့ကိုပိုချစ်သည်။
တောင်ကြီးသူဖြစ်တဲ့ စစ်ကိုကော ချစ်နေလေပြီလား။
...
"စစ်ရေ....မမအသိဒေါ်ငယ်လေးရဲ့နာရေးဆွမ်းယင်ကို သွားပေးဦးနော်"
အေးအေးဆေးဆေးဇာတ်ကားလေးကြည့်ပြီး မနက်စာစားနေတုန်း မမကလာပြောတော့ ဆက်စားရမှာတောင်ပျင်းသွားသည်။
"ဟာ...စစ်မှမသိတာကို...မမနဲ့သိတာပဲ မမပဲသွားပေါ့"
"မမ မအားဘူးလေ....ဆိုင်ကိုတောင်နန်းတို့နဲ့ထားခဲ့ရမှာ...အကြီးကောင်ကလဲ မမမပါရင်စိတ်ချရတာမဟုတ်"
စာမေးပွဲတောင် မဖြေရသေးကျောင်းပိတ်တာနဲ့အကြီးကောင်တို့က လည်ပတ်ဖို့ပဲချောင်းနေသည်။ သီတင်းကျွတ်ကျောင်းပိတ်ဖို့က အဝေးကြီးလိုသေးတဲ့ဟာကို။ကျောင်းပိတ်ရင်လည်ပတ်ဖို့အတွက်အဝတ်အစားတွေလိုက်ဝယ်ပေးဖို့ မနေ့ညတည်းကမကြီးကို ပူဆာနေတာပဲ ကြားလိုက်ရသေး။ ဒီနေ့ဖြင့်တော့ချက်ချင်းကို သွားဝယ်ပေးတော့မှာ။
ခဲအိုကမအားလေတော့ မကြီးကပဲကလေးထိန်းလိုက်ရတော့မည်။
"စစ်သွားရင်သူတို့လဲသိတာမှမဟုတ်ပဲကို...မသွားချင်ပါဘူး "
"သွားလိုက်ပါ လိမ်မာတယ်လေနော်.....အမေလဲ အဖော်မရှိတော့သွားလို့လဲမရ....စစ်ပဲ ဆိုင်ကယ်စီးပြီးသွားလိုက်ခဏလေးပဲမျက်နှာပြပြီးပြန်လာရုံကို....နော်..."
"အင်း ပါ အင်းပါ....ခဏပဲနော်ကူငွေပေးဦး စားပြီးရင်သွားလိုက်မယ်....တော်ကြာဆိုင်မှာ လိုနေမှ ခုတလောကျောင်းသူလေးတွေတအားလာကြတာကို"
"ဟုတ်ပါပြီကွယ်...ဖြေးဖြေးမောင်းဦး ဆိုင်ကယ်ကို...မကြိးငါးဝယ်ထားတယ်အမေပေါင်းပေးလိုက်မယ်စစ်အတွက်"
"ဟုတ်.ဘယ်မှမလည်ဘူး ကူငွေထည့်ပြီးတန်းလစ်လာမယ်"
သွားမည်ဟု ကတိပေးကာမှ မကြီးမျက်နှာရွှင်ပျလို့လာတာ။ နာရေးဆိုတော့လဲ မသွားလို့မကောင်းဘူးလေ။ ဒီနှစ်မှမိုးကလဲ စရွာတည်းကရင်းကိုတိတ်တဲ့ရက်ကခပ်ရှားရှားရယ်။
ထမင်းမြန်မြန်စားပြီးတာနဲ့ ဆွမ်းယင်သွားဖို့ပြင်ရသည်။
အနက်ရောင်ရှပ်အင်္ကျီနဲ့ အပြာရင့်ရောင်ခပ်လွှင့်လွှင့်ဂျင်းဘောင်းဘီကိုတွဲဝတ်လိုက်သည်။ ဆွမ်းယင်ဆိုတော့ အနီလွှင့်အဝါလွှင့်တွေနဲ့ သနပ်ခါး မိတ်ကပ်ထူလဗျစ်နဲ့လဲ သွားလို့မကောင်းပေဘူးလေ။ လိမ်းနေကျကိုပဲ မျက်နှာပြင်လည်ပင်းလည်ဂုတ်မကျန်ပွတ်လိမ်းလိုက်သည်။
ဒါတွေက စစ်ရဲ့လှပချောမောမှုအတွက်ပြင်ဆင်လိုက်ပေခြင်းပင်။
စစ်ရဲ့ စီးတော်ယာဉ်ကို မကြီးကယူသွားမည်မို့ စစ်က နန်းဆိုင်ကယ်ကို သုံးရတော့မည်။
ကလစ်ဘီးလေးကမောင်းရတာလဲအဆင်ပြေသလောက်လမ်းကောင်းတော့ညက်ညက်ကလေးနဲ့ စက်သံသဲ့သဲ့လေးကြောင့်စီးကောင်းလှသည်။ ပိုက်ဆံစုပြီး တစ်စီးလောက်ဝယ်ဦးမှပါ။
"နန်းရေ...နင့်ဆိုင်ကယ်သော့ပေးဦး"
ဆိုင်ထဲမှာ ဆံပင်ပေါင်းတင်နေသူတွေရှိနေသည်။ နန်းက မိန်းကလေးတစ်ယောက်ကို ဆံပင်အားဆေးအကြောင်းပြောပြနေရင်းနဲ့မှ စစ်ကိုကြည့်ကာ
"အမယ်စတိုင်မလိုင်နဲ့ ဘယ်သွားမလို့တုန်း"
"ဘာစတိုင်မှမလုပ်ရဘူး မကြီးအသိရဲ့ဆွမ်းယင်သွားမလို့ကို"
"ဟုတ်လား မြန်မြန်ပြန်လာနော်ဆိုင်မှာလူများနေတာ မြင်တယ်မလား စားပွဲပေါ်မှာသော့က"
"ဟုတ်ကဲ့ သူဋ္ဌေး ကျမလဲသွားချင်လွန်းလို့မဟုတ်ရကြောင်းပါ...ကူငွေထည့်ပြီးတာနဲ့ တန်းပြန်လာမှာရှင့်ဂရုစိုက်ပြီးကောင်းကောင်းလုပ်ပေးလိုက်ဦး ဆိုင်အမည်ပျက်နေဦးမယ်"
"ဟင့်...နန်းတို့ကြောင့်ပဲ နာမည်ပိုကြီးလာတာကိုးများ..သွားမှာဖြင့်မြန်မြန်သွား ကြာမနေနဲ့"
"အင်းပါ...သွားပြီ..နင်ကျူ ရှင်မရှိဘူးမို့လားအေးဆေးပေါ့ ဟဲဟဲ"
နန်းကို မစပဲမနေနိုင်။ သူကလဲဆတ်ဆတ်ထိမခံဆိုတော့ စလို့ကောင်းမှကောင်း။
မကြီးပြောတဲ့ရပ်ကွက်ထဲ တလမ်းပြီးတစ်လမ်းပတ်ဝင်ရှာပြီးမှ ပဲ ဆွမ်းယင်အိမ်ရှာတွေ့တော့သည်။ ကားတွေနဲ့ချည်း လမ်းကပြည့်နေတော့ ကားတွေကြားထဲ အတင်းမရမကဝင်ရင်း ဆိုင်ကယ်ရပ်လိုက်ရသည်။ လူကလဲများ အိမ်ထဲမှာစစ်နဲ့သိတဲ့သူလဲမရှိ။ ဝင်ရတာလဲအူကြောင်ကြောင်။ အပေါက်ဝမှာဟိုကြည့်သည်ကြည့်လုပ်နေတုန်း
"ဟယ်ချစ်ရဲ့ညီမလေးမဟုတ်လား"
မကြီးအရွယ်မိန်းမတစ်ဦးက စစ်လက်မောင်းကိုလာဖက်ရင်းပြောလေတော့ ပြန်ပြီးနှုတ်ဆက်ရင်း
"ဟုတ်ကဲ့ မမ မကြီးက အကြီးကောင်ကိုဈေးလိုက်ပို့ရလို့ စစ်ကိုလွှတ်လိုက်တာ"
"ဟုတ်ပါပြီ လာလာ အထဲကို စားသောက်ပါဦး..."
"တော်သေးတယ်စစ်က ဘယ်သူ့ကိုမှမသိတော့လာရတာခပ်လန့်လန့်ရယ်ခေါ်သူတောင်ရှိပါ့မလားလို့"
ထိုအစ်မနေရာချပေးတဲ့စားပွဲဝိုင်းမှာဝင်ထိုင်လိုက်ရင်းပြောလိူက်သည်။
"ညီမကသာမသိတာ အစ်မကညီမကိုသိတယ်လေ ...ချစ်ဖုန်းထဲမြင်ဖူးပြီးရင်းနှီးနေတာ"
"ဟုတ်ကဲ့ စစ်ကသိမနေတဲ့အတွက်ခွင့်လွှတ်ပါနော်"
"ဟုတ်ပါပြီကွယ်စားနော်အစ်မ ညီမသောက်ဖို့အအေးဗူးသွားယူလိုက်ဦးမယ်ကွယ်ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့"
ထိုအစ်မ ထွက်သွားတော့ ထမင်းစားပွဲဝိုင်းမှာ လူတွေရှိနေပေမဲ့လဲမသိကြလေတော့ စစ်တစ်ယောက်တည်းလိုလိုဖြစ်နေသည်။ ဆွမ်းယင်အိမ်က ထမင်းကိုစားပေးပြီးကုသိုလ်ယူပါ ဟု ကြားဖူးသောကြောင့်အိမ်မှာစားလာပြီဖြစ်သော်လဲ နည်းနည်းထပ်စားလိုက်သည်။ စားပွဲပေါ်သိူ့အအေးဗူးတွေရောက်လာသော်လဲဟိုအစ်မကပြန်ရောက်မလာတော့။ တခြားသူတွေကိုလိုက်ပြီးဧည့်ခံနေသည်။
စားပြီး အိမ်ထဲခဏဝင်ဟိုကြည့်သည်ကြည့်နဲ့ ပျင်းလာတော့ဟိုအစ်မကိုနှုတ်ဆက်ပြီးပြန်တော့မည်ဟုတွေးကာ ထပြီးရပ်လိုက်တော့
ဟင်....မ
ဟုတ်သည်။ မ ပုံစံလေးက လူကြီးထဲမှာ ထင်းလို့နေသည်။ သိပ်ချောသိပ်လှနေလို့တော့မဟုတ်ပေမယ့်ဘယ်လောက်ပဲလူများများ စစ်မျက်စိထဲမှာ စစ်နှလုံးသားထဲမှာ မပုံရိပ်ကိုအလွယ်တကူဖမ်းယူလို့ကိုရနေတာ။ အနက်ရောင်ခံမှာ အပွင့်နုပ်လေးတွေပါသော ရင်စေ့အင်္ကျီနဲ့ ထမီလေးနဲ့ ချပ်ချပ်ရပ်ရပ်ကလေးဝတ်ဆင်မြန်းထားတဲ့ စစ်ရဲ့မကလေး။
ဆက်ပဲထိုင်ရမလို ထပဲထွက်ရမလိုတွေဖြစ်နေတော့ စစ်အနားသို့ခဏကအဝင်ဝမှာလာကြိုတဲ့အစ်မရောက်လို့လာတော့သည်။
"ညီမလေး ပြန်တော့မလို့လား"
"ဟင်...ပြန်...အဲ မပြန်သေးဘူး အစ်မ"
စကားသာ ပြန်ပြောနေတာ အကြည့်တို့က အအေးဗူးလိုက်ချပေးနေတဲ့ မဆီမှကိုမခွာ။ ထိုအစ်မလဲစစ်အကြည့်ရှိရာလိုက်ကြည့်ပြီး
"ဘာကိုကြည့်နေတာလဲ ညီမလေး အသိတွေ့လို့လား"
"အာ...မဟုတ်...အဲ ဟုတ်တယ်အစ်မ တူနေတာလားတော့မသိဘူး "
"ဘယ်ဟာလေးလဲ ညီမရဲ့"
"အနက်ရောင်လေးနဲ့လေ...အဲ့ဒါ အစ်မတို့အမျိုးလား"
စစ်လက်ညိုးလေးထိုးပြကာမှ ထိုအစ်မကမြင်သွားဟန်ဖြင့်
"ဪသွေးကိုလား ညီမ သိမယ်မထင်ဘူး သူကသီပေါကလာတာလေ"
သေချာတာပေါ့။ မပဲကို။ တစ်စောင်းအနေအထားနဲ့အအေးဗူးလိုက်ချရင်း ပြုံးပြနေခိုက်ပါးချိုင့်လေးခွက်နေအောင်ပေါ်နေတာကိုမြင်နေရတာပဲ။
"အစ်မနဲ့အမျိုးတော်တာလား ညီမ သိတယ်လိုင်းပေါ်မှာခင်တာလေ မနှစ်ကတန်ဆောင်တိုင်လည်ရင်းဆံပင်ပီကေကပ်သွားလို့ ဆိုင်မှာဆံပင်လာညှပ်ဖူးသေးတာ မှတ်မိနေတယ်"
"ဟယ်ဟုတ်လား အမျိုးတော့မတော်ဘူး အရင်က အစ်မတို့အမေရဲ့လူယုံကြီးရဲ့သမီးပေါ့..အစ်မရဲ့အစ်ကိုဝမ်းကွဲတွေနဲ့လိုက်လာတာ...ဒါပေမဲ့..ခင်ရာဆွေမျိုးပေါ့ကွယ်"
"ဪ...ဒါနဲ့ အစ်မ လုပ်စရာ ရှိတာလုပ်ပါနော်..စစ်လဲနေဦးမှာ"
"ဒါဖြင့်လဲ လဖက်ရည်လေးသောက်ပါဦး အစ်မကိုခွင့်ပြုဦးနော်"
"ဟုတ်"
တကယ်က ထိုင်လဲမထိုင်ဖြစ်။ မီးဖိုခန်းထဲ အအေးဗူးသွားယူသည်လားမသိ၊ မအရိပ်လေးကပျောက်သွားသဖြင့်စစ်လဲယောင်လည်လည်နဲ့လိုက်ဝင်လိုက်သည်။
"သွေး နားတော့လေ မပင်ပန်းသေးဘူးလား"
"ဟုတ်..ရပါတယ်ဦးလေး...ဒါပင်ပန်းတယ်မခေါ်သေးပါဘူး"
"နားချင်ရင်ပြောနော်တည်းခိုခန်းလိုက်ပို့ပေးမယ်အပေါ်ထပ်မှာနားနေလဲရတယ်"
"ရပါတယ်ရှင်"
ယောက်ျားတစ်ယောက်နဲ့ပြောနေသောအသံကြောင့်စစ်
ရပ်ပြီးနားထောင်နေလိုက်သည်။ယောက်ျားသံကတအားတွေရင်းနှီးဟန်ပြနေသလောက်မအသံကတော့ပုံမှန်ပင်။ စစ်ရပ်နေစဉ်ပဲယောက်ျားတစ်ယောက်ထွက်လာကာ စစ်ကိုတချက်ကြည့်ရင်းအပြင်ဖက်သို့သွားလေသည်။ စစ်လဲလည်ပြန်ကြည့်မနေပဲ မီးဖိုခန်းထဲသို့ရောက်တော့ မ တစ်ယောက်တည်းအအေးဗူးတွေဂျပ်ဖာပုံးထဲကထုတ်နေလေသည်။
"မ....."
တကယ်က မကိုတွေ့ရလို့ အားရဝမ်းသာလှိုက်လှိုက်လှဲလှဲခေါ်လိုက်တာဖြစ်ပေမယ့်ခေါ်မယ့်ဆဲဆဲတောင်ကြီးရောက်နေတယ်ဆိုတာကိုစစ်ကိုအသိမပေးဘူး ဆိုသောအသိကတန်းဝင်လာတာနဲ့ မဟုခေါ်သံလေးက အက်ရှရှလေးဖြစ်သွားလေသည်။ မတိုးလွန်းမကျယ်လွန်းသော စစ်အသံလေးက အခန်းထဲနှစ်ယောက်သာရှိသောကြောင့်သွေးကောင်းစွာကြားရမည်လေ။
သို့သော်လှည့်မကြည့်ပဲ လုပ်မြဲလုပ်နေသည်။
"မ...လို့"
စစ်ထပ်ခေါ်လိုက်သည်။ ဒီတစ်ခါတော့ခေါင်းထောင်လာပြီးပြန်ကြည့်လာသောအခါ
"ဟင်စစ်....ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
လက်ထဲအအေးဗူးကိုင်လျက်သား စစ်ရောက်လာတာကိုပဲသူကအထူးအဆန်းပုံစံနှင့်မေးနေရသေး။
"မကိုမေးရမှာလေ...စစ်ကတောင်ကြီးသူမို့လို့ဒီနေရာရောက်နေတာ မထူးဆန်းပါဘူး မကသာ သီပေါသူကဒီကိုဘယ်လိုလုပ်ရောက်လာရတာလဲလို့"
"အာ...ဒီဆုံးသွားတဲ့အဒေါ်က အဖေ့ရဲ့ကျေးဇုးရှင်လေ ပြီးလောပန်ကလဲသူ့ရဲ့တူလေး ဒါကြောင့်ကြုံနေတာနဲ့ပဲ သူ့နာရေးကို မတို့လောပန်ကားနဲ့လိုက်လာခဲ့တာ "
"မကရောက်နေတာကိုမပြောဖူးနော်စစ်ကိုမတွေ့ချင်လို့လား"
"မဟုတ်ပါဘူးကွယ်...မနေ့ညနေကမှရောက်တာပါ.ညကလဲလိုင်းမတက်ဖြစ်မတက်တဲ့အချိန်ကလဲစစ်နဲ့မကြုံတာနဲ့"
စကားပြိုင်ပြီးအနိုင်လုရလျှင်လဲ မကို စစ်နိုင်မည်မဟုတ်၍
"ခု စစ်နဲ့လိုက်ခဲ့ပါလား"
"ဟာ ဘယ်လိုလိုက်မလဲ မက ကူနေရတာလေ"
"ခဏကပဲနားလို့ရတယ်လို့ပြောတယ်လေ ခဏနေကျရင်ပဲတရားနာတော့မယ့်ဟာကို လူလဲကုန်သလောက်ရှိနေပြီ မ ထွက်လို့ရပါပြီ လာပါ မရယ်နော်"
ဒီတစ်ခါတော့ မရဲ့လက်ကိုစစ်ရဲရဲကြီးဆုပ်ကိုင်ပြီးဆွဲခေါ်ရလေပြီ။ မကတော့.မလိုက်ချင်လိုက်ချင်နဲ့ ပါလာပြီ။ ဟိုအစ်မကိုလဲနှုတ်ဆက်ဖို့သတိမရအားတော့။
ဆိုင်ကယ်နားရောက်မှမလက်ကိုလွှတ်တော့ မက
"စစ်ကွာ လုပ်လိုက်ရင်ဇွတ်ပဲ..."
"ဘာလဲ မက စိတ်တိုလို့လား မကြိုက်တာလားဟင်"
"မဟုတ်ပါဘူး...ခဏနော်မ.ပိုက်ဆံအိတ်တွေသွားယူရင်းလောပန်ကို အကျိုးအကြောင်းပြောပြခဲ့ဦးမယ်..မပြောပဲထွက်ရင်မကောင်းဘူးမို့""
"ဟုတ်ကဲ့ပါ မ ပြန်လာမယ်မလား စစ်စောင့်နေမယ်နော်မြန်မြန်သွား"
ဆိုင်ကယ်လေး အပြန်လမ်းဖက်သို့ လှည့်ပြီး မအလာကိုစောင့်နေလိုက်သည်၊ ခဏကြာတော့ မ ပြန်ထွက်လာသည်။ ပိုက်ဆံအိတ်ကလေးနဲ့ဖုန်းကို ကပိုကရိုလေးကိုင်လို့လေ။
"ကဲ ရပြီ ဘယ်သွားမှာလဲ မကိုတည်းတဲ့နေရာပို့ပေးမလို့လား"
ဆိုင်ကယ်နောက်တက်ထိုင်ရင်းပြောတော့
"စစ်အိမ်ကိုခေါ်မလို့လေ....မက မလိုက်ချင်ဘူးလား"
"ဟာ ဖြစ်ပါ့မလား သိလဲမသိပဲနဲ့"
"ဒါဖြင့်စစ်ကကော မအိမ်ကမိသားစုကိုသိလို့လား...မပူနဲ့ စစ်အိမ်ကလူတွေလဲ သဘောကောင်းပါတယ်"
"စစ်ကလဲနော်မကိုကျ ဆိုင်ကယ်စီးမယ်ဆို ဦးထုပ်ဆောင်းဖို့အမြဲသတိပေးတတ်ပြီး ကိုယ်တိုင်ကျမဆောင်းဘူး"
"စစ်က ဦးထုပ်ဆောင်းလို့မရဘူးဆောင်းပြီးသွားရင်ခေါင်းကလေးပြီးမူးသွားတတ်လို့"
"မော်တော်ပီကယ်ကောမဖမ်းဘုးလား"
"ဖမ်းတဲ့အချိန်မထွက်ဘူးပေါ့ တကယ်လို့ထွက်ဖို့လိုရင်လဲခဲအိုကားနဲ့ပို့ခိုင်းရတာ"
စကားပြောရင်းမောင်းနေတော့ မြန်မှန်းသတိထားလိုက်မိတာနဲ့ စစ်ရဲ့အင်္ကျီစလေးကို မရဲတရဲဆုပ်လိုက်ရတော့သည်၊
"ဖြေးဖြေးမောင်းဦး မထက်တောင်မြန်နေတယ်လမ်းကရှုပ်ပါတယ်ဆို"
"မကိုကော်ဖီလေးဖျော်တိုက်ချင်လို့လေ...မြန်ပါဘူး ဒါနှေးနှေးလေးမောင်းတာကို ကိုင်ထားနော်ပြုတ်ကျခဲ့ဦးမယ်"
ကိုင်ခံချင်တာကို ဆိုင်ကယ်ပဲမြန်မြန်မောင်းပေးနေရတာလဲအမော၊
စကားတစ်ပြောပြောနဲ့စစ်နေထိုင်ရာအိမ်ကလေးသို့ရောက်လာပါပြီ။ ဆံညှပ်ဆိုင်လေးထဲမှာတော့ လူကများနေသည်။ မကြိးလဲပြန်ရောက်မလာသေး။ ဆိုင်ထဲမှ လူအချို့လဲ စစ်တို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်နဲ့။
"မ အိမ်ထဲ သွားရအောင်နော်အမေတော့ရှိတယ်မမတော့ပြန်မလာသေးဘူးထင်"
"စစ်သဘောလေ...မတော့နည်းနည်းလန့်တယ်သိလား "
"မလန့်ပါနဲ့ မရဲ့...အမေတို့ကလဲမအမေတို့လိုသဘောကောင်းပါတယ်နော်လာ"
ဆိုင်ကယ်ရပ်ပြီး မ လက်ကလေးကိုဖွဖွဆုပ်ကာ အိမ်ထဲလှမ်းဝင်တော့မည်အပြု နန်းတစ်ယောက်အပြေးအလွှားရောက်လာကာ
"အမလေး မမစစ်ရဲ့....ခုမှပြန်ရောက်တော်မူတယ်လား ဒီမှာ ဆံပင်ညှပ်ချင်လို့စောင့်နေသူတွေမှပုံလို့...."
စစ်ဘေးကသွေးကိုသတိမထားမိပဲ သိပ်ပြီးအလုပ်ရှုပ်စိတ်ရှုပ်လေဟန်ဖြင့်လာပြောနေသောနန်းကြောင့်မကို အားနာသွားရသည်။
"ဟဲ့ ဆံပင်လေးညှပ်တာများနင်လဲညှပ်တတ်သား ဟိုအစ်မတွေလဲညှပ်တတ်တယ်လေ ဘာလို့ငါ့ကိုမှလဲ"
"ဟောတော့ ညှပ်မယ်ဆိုရင်ဖြင့်ပြီးလောက်ပြီ ခုက လာတဲ့သူကဖြင့်စစ်ဆိုမှစစ်ပါသော်မို့စောင့်ခိုင်းလိုက်ရပါတယ်ရှင်"
"ငါ ဧည့်သည်ပါလာတာနင်မမြင်ဘူးလား"
နန်း နားရွက်ဆွဲ၍ မ မကြားအောင်ခပ်ကြိတ်ကြိတ်ပြောလိုက်မှ နန်းက မကိုမြင်သွားဟန်ဖြင့်
"အဲ ဟို....အစ်မကြိးပါလား....ဘယ်ကနေ ဘယ်လိုလုပ်"
နန်းအထူးအဆန်းဖြစ်မယ်ဆိုလဲဖြစ်ချင်စရာပဲလေ။ စစ်နဲ့မတို့ရဲ့ရေစက်အရတွေ့ဆုံခန်းက ဆန်းကြယ်လှသကို။ မကလဲအပြုံးလှလှလေးဖြင့်
"ဆွမ်းယင်မှာ ဆုံကြတာပါ ညီမ....စစ်လုပ်စရာရှိရင်လုပ်လေ မကိုအားမနာနဲ့ မစောင့်မှာလေ"
"ဒါဆို လာ မမက ဆိုင်ထဲလိုက်ပြီးစောင့်မမစစ်ကမြန်မြနိညှပ်ပေးလိုက်နန်းကော်ဖီဖျော်တိုက်မယ်နော်လာလာ"
မရဲ့လက်ကိုနန်းကဆွဲပြီးဆိုင်ဖက်သွားတော့ စစ်လဲလိုပါလာရတော့သည်။ ဘယ်သူကများစစ်မှစစ်ဆိုပြီး ဂျီတိုက်နေပါလိမ့်။ သာသနာဖျက်ကြီး
စိတ်ထဲမှ မကျေမနပ်ကျိန်ဆဲရင်း ဆိုင်ထဲရောက်တော့ ထိုင်ခုံမှာမိန့်မိန့်ကြီးထိုင်နေတဲ့သူကိုတွေ့လိုက်ရတော့သည်။
"ဟင်မိုး ဘယ်တုန်းကရောက်တာလဲ"
ဖုန်းသုံးနေရာမှစစ်အသံကြောင့်မော်ကြည့်လာသည်။
"ကြာလှပေါ့ မိုး ဆံပင်လာညှပ်တာလေ...ခမ်းအိမ့်ကစစ်ရှိနေတယ်ပြောလို့ကို"
"အားနာလိုက်တာ စစ်ကိစ္စလေးရှိလို့သွားနေတာခုမှပြန်ရောက်တာ လာထိုင်ဘယ်လိုပုံစံညှပ်ချင်လဲ"
"ဒီမှာ....ဒီလိုလေးညှပ်မလို့"
ဖုန်းထဲက ပုံလေးပြရင်း ထိုင်ခုံဝင်ထိုင်လိုက်သည်။ ဆံပင်ညှပ်နေရင်းနဲ့ မ ဖက်သို့လဲခဏခဏအားနာပြုံးဖြင့်ပြုံးပြရသေးသည်။ နန်းလဲမကိုဧည့်မခံနိုင်ရှာ။ သူ့အလုပ်နဲ့သူရှုပ်ကျန်တဲ့သူလဲရှုပ်နဲ့။ နန်းချပေးထားတဲ့ကော်ဖီကိုလဲနည်းနည်းပဲသောက်ထားသည့်ပုံ။ ဟိုကြည့်သည်ကြည့်နဲ့ပျင်းနေရှာလေပြီထင်။
"ကဲ ပြီးပြီ မိုးခေါင်းလျှော်လိုက်ဦး"
"အိမ်မှာလျှော်ခဲ့ပြီ စစ်ရဲ့ မလျှော်တော့ပါဘူး"
"နန်းရေ...ဒီမှာခေါင်းလျှော်ပေးလိုက်ဦး
လျှော်ပြီးမှပုံလှမှာပေါ့ မိုးရဲ့လျှော်သွားလိုက်ပါနော်"
နန်းကိုလဲအော်ပြောရင်းခေါင်းကိုအတင်းလျှော်ခိုင်းလိုက်ရသည်။ မိုးကိုလဲ စစ်ဆီတွင်အကြာကြီးမနေစေဖို့ဆုတောင်းရသေးသည်။ မနဲ့ကြုံတောင့်ကြုံခဲအေုခအနေလေးကိုအလုပ်တွေကြားမှာပဲအချိန်မကုန်စေချင်။ ဒီနေ့မှ ဆိူင်ကလဲလူကများ။ အရင်လိုစစ်ဖုန်းသုံးချိန်လေးတောင်မရ။ ညှပ်သူကများများလာသည်။ကောင်မလေးတွေချည်း။ကျောင်းတက်ချိန်ဆိုစစ်တို့ဆိူင်လေးက လက်မလည်တော့။
"စစ်ဘယ်လောက်ကျလဲ "
"ဟာ....ပေးစရာမလိုပါဘူးနော်...."
"ဘယ်ဟုတ်မလဲ အပြင်ကရောက်ရောက်ချင်းညှပ်ပေးရတာကို...မယူလို့မရဘူး"
ပိုက်ဆံအတင်းကမ်းပေးနေသော မိုးလက်ကို အသာအယာ ဖယ်ချကာဖြင့်
"အချင်းချင်းပဲ မိုးရာနော်....မပေးပါနဲ့ပေးရင်စစ်ကစိတ်ဆိုးမှာသိလား အကြာကြီးစောင့်စေခဲ့မိလို့အားနာရတဲ့အထဲ ထပ်ပြီးအားနာအောင်မလုပ်လိုက်ပါနဲ့"
"အယ်.မိုးကသာအားနာရမှာ တမင်ကြိးစစ်ကိုစောင့်နေတာ့ကို"
"စစ်ကိုခင်ရင်မပေးနဲ့နောက်ကြုံရင်အရင်ခါလို ဘီယာတိုက်ပေါ့နော်"
ရယ်ဟဟလေးပြောလိုက်တာကြောင့်မိုးကအသဲယားသွားသဖြင့်စစ်ပုခုံးကိုတစ်ချက်ထုလိုက်ပြီး
"ကောင်းတာလေးဝယ်ကျွေးပါ့မယ်ဒါဖြင့်မိုးပြန်တော့မယ်သွားစရာရှ်သေးလို့"
"ဟုတ်ကဲ့ပါဖြေးဖြေးပြန်ပါရှင်"
ဆ်ုင်ပေါက်ဝထိမိုးကိုလိုက်ပို့ရင်း ရင်ထဲပျော်နေရသည်။
တော်ပါသေးရဲ့...ချက်ချင်းပြန်ပေလို့ပဲ
ခုဏကိုင်နေတဲ့ခေါင်းကိုပဲပြန်လက်စသပ်လိုက်ပြီးမှ မကိုအချိန်ပေးရတော့သည်။
မဘေးနားသွားထိုင်တော့
"စစ်တို့ဝင်ငွေတအားဖြောင့်တာပဲနော်"
"အာ ဘယ်ကလာဖြောင့်ရမလဲ မရဲ့...ဒီနေ့မှ လူနည်းနည်းများလိူ့ပါ....အရင်ကဆို တရက်လုံးနေမှ ငါးထောင်ရတဲ့ရက်လဲရှိပ"
"ခဏလေးတင်ကလေးမလေးတစ်ယောက်ငွေရှင်းသွားတာ ငါးသောင်းတောင်မှ ဒါတောင်တစ်ယောက်ပဲရှိသေးတာနော်....ဆံပင်ကောက်သွားတာအဲ့လောက်ကျလား"
"ဆေးတွေဝယ်သွားလို့ အဲ့လောက်ကျသွားတာပါမရဲ့....ဒါနဲ့ မကော်ဖီသောက်လေ"
"အင်း မ သိပ်မကြိုက်လို့...မသောက်တတ်လို့"
ဟုတ်သားပဲ။ မကကော်ဖီသောက်တတ်သူမဟုတ်။ နန်းဖျော်ပေးလို့သာ မကောင်းတတ်၍ တစ်ငုံနှစ်ငုံသောက်တာဖြစ်လိမ့်မည်။
"ဟုတ်တယ်နော်မ မှ မကြိုက်တာ ဒါဖြင့်ရင်စစ်သောက်လိုက်မယ်နော်"
"အယ်မသောက်ပြိးသားလေ"
မ စကားမဆုံးသေးခင်စစ်ကို ယူသောက်လိုက်ပြီဖြစ်သည်။ မကတော့မျက်လုံးဝိုင်းကြီးဖြင့်အံ့သြနေရှာသည်။
"မရွံဘူးလား"
"ရွံစရာလား.မရဲ့....မသောက်ပြီးသားမို့လားမသိဘူး အရသာကိုရှိနေရော"
"အမယ်ကလေးလိုလုပ်မနေနဲ့ သွားလုပ်လေ..."
"မလုပ်ပါဘူး ကျန်တဲ့သူတွေလုပ်ပါစေတော့....စစ်က မ အနားပဲနေချင်တယ်လာ အိမ်ထဲသွားရအောင်"
အိမ်ထဲသို့ရောက်တော့ အမေက မီးဖိုထဲမှာတကုပ်ကုပ်နဲ့ဘာတွေလုပ်နေသည်မသိ။
"မ ထိုင်ဦးနော်....စစ်မအတွက်စားဖို့သွားယူဦးမယ်"
မကိုဧည့်ခန်းထဲထားခဲ့ပြီးမီးဖိုထဲဝင်လာတော့ အမေက
"ပြန်လာပြီလား "
'ဟုတ်....အမေ စစ်သူငယ်ချင်းပါလာတယ်....ဟိုမှာတွေ့လာတာ စစ်တိူ့မူဆယ်ဖက်သွားတုန်းက ခင်ခဲ့တာ သူတို့အိမ်မှာတောင်ထမင်းဖိတ်ကျွေးသေးတယ်"
"ဟုတ်လား ဒါဖြင့်တစ်ခုခုနဲ့ဧည့်ခံလေကွယ်သူအြိမ်မှာစားဖူးခဲ့တာဆိုတော့ကိုယ့်ဆီရောက်ရင်လဲဧည့်ဝတ်ကျေရတယ်ကွယ့်"
"အာ့ကြောင့်ပေါ့...အိမ်မှာဘာရှိလဲ လုပ်ပေးဦး"
"အင်း...စစ်နော်...ကျွေးချင်နေတာပဲသိတယ်အိမ်မှာဘာရှိလဲ ဘာလုပ်ကျွေးရမလဲကျမသိ"
"အမေကလဲ...အမေတို့မကြိးတို့ရှ်နေတာပဲကို တစ်ခုခုစီစဉ်ပေးပါဦးလောလောဆယ်တော့ အအေးတိုက်ထားမယ်နော်ပန်းသီိးနဲ့နော်"
"သွားသွား တစ်ယောက်တည်းပျင်းနေရော့မယ်"
"ဟုတ်ကဲ့ "
ဟိုက်ရှားဘား....စစ်တိူ့အမေလေး စစ်ကိုတစ်ခါရိုက်ဖူးပြီးတာနဲ့တအားမထင်မှတ်စရာကောင်းလွန်းလှအောင်ကို သဘောတွေစွတ်ကောင်းလာတော့တာလေ။ အရင်ကဆိုဘယ်သူပဲလာလာ သူ့ဟာသူမိန့်မိန့်ကြီးထိုင်နေတော့တာ။ ခမ်းအိမ့်နဲ့တောင်သိပ်မခင်။
ဘယ်လိုပဲပြောပြော ရိုက်ပြီးသည့်အခါက စစ်တောင်အိပ်ယာထဲတော်တော်ကြီးကိုလှဲနေခဲ့ရပြီး အားလဲအရမ်းနည်းသွားခဲ့တာကိုး။ မကြာသေးမီကမှလန်းလန်းဆန်းဆန်းပြန်ဖြစ်လာတာလေ။
လန့်သွားလို့နေမည်။ ဒီတစ်ခါတော့ဖြင့်ရခဲလှသောအခွင့်အရေးကိုအမိအရပဲစစ်အသုံးချရပေတော့မည်။
.....
Next
Zawgyi
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့