15

686 47 0
                                    

မ​နေ့က မိုးဖွဲဖွဲကျ​နေသည်​ကို အမှတ်​တမဲ့နဲ့ ဘာအ​ဆောင်းမှမပါပဲပန်းသွားပို့မိ​သော​ကြောင့်​သွေး ဒီမနက်​ဖျားချင်​သလိုလိုဖြစ်​နေပါပြီ။ လည်​ချောင်းထဲတွင်​လဲ တစ်​ဆို့​နေသလို​ရေ​တောင်​မနည်းမျိုချ​နေရပါပြီ။ တစ်​ကိုယ်​လုံးကို ကိုင်​ရိုက်​ထားသလိုပဲ နုံးချိကာအိပ်​ယာထဖို့ကိုမနည်းမျက်​စိဖွင့်​ရသည်​။
"အ​မေ....အ​မေ"
စကားတစ်​လုံးထွက်​ဖို့အ​ရေးကို အားယူ​နေရတာ။
"အင်း...ဘာလဲ​သွေး"
​တော်​ပါ​သေးရဲ့။ ချက်​ချင်းအ​မေနိုးလာ​သေးလို့။ မဟုတ်​ရင်​သွေးထပ်​ခေါ်ဖို့ပင်​အားကမရှိ​တော့။
"ဟို​သွေးဖျားပြီထင်​တယ်​အဲ့ဒါ အ​မေပဲမနက်​စာထချက်​ပေးပါဦးလို့"
"ဟင်​ဟုတ်​လား"
အပြင်​ခန်းမှ အ​မေ ထလာသံကြားရသည်​။​သွေးအခန်းထဲ​ရောက်​တော့
"ဖျား​နေပီလား​ဆေး​သောက်​မလား အ​မေသွားယူ​ပေးမယ်​"
အိပ်​နေတဲ့​သွေးနဖူး​ပေါ်လက်​တင်​စမ်းရင်းအ​မေက​ပြော​လေသည်​။ ဒီလို​လေးဂရုစိုက်​ကြင်​နာ​ပေးတဲ့အချိန်​မျိုးဆို​သွေးမျက်​ရည်​ဝဲ​နေကျ။
အ​မေ့လက်​ကို ပြန်​လည်​ထွေးဆုပ်​ရင်း
"မနက်​လင်းမှ အစာစားပြီး​သောက်​တော့မယ်​အ​မေ ခု လည်​ချောင်းနဲနဲနာ​နေပြီး​ညောင်းကိုက်​နေတာ အဲ့ဒါပဲ"
"အင်းပါ အ​မေထချက်​လိုက်​မယ်​ဆေး​သောက်​ပြီးမှပြန်​အိပ်​ရင်​နိုးလာရင်​ကောင်းပြီ​ပေါ့ကွယ်​"
"ရပါတယ်​အ​မေရဲ့​သွေး ဒိတိုင်းအိပ်​လိုက်​မယ်​မနက်​ကျမှပဲ​သောက်​မယ်​"
​တော်​တော်​ခေါင်းမာတဲ့က​လေး ဟု အ​မေ​ရေရွတ်​ရင်း အခန်းထဲကပြန်​ထွက်​သွား​လေသည်​။​စောင်​ကိုတင်း​နေ​အောင်​ပြန်​ခြုံရင်​ခြေ​ထောက်​လေး​ကွေးကာ ပြန်​အိပ်​ပျော်​ရန်​ကြိုးစားကြည့်​သည်​။
မရ ။​ချွေး​တွေမတရားထွက်​လာ​တော့​စောင်​ကို​ခြေရင်းကန်​ချပစ်​ရပြန်​သည်​။ အိပ်​လို့လဲမရ။ ဟိုလှည့်​သည်​လှည့်​နဲ့မနက်​ကိုစင်​စင်​လင်းပါ​လေ​ရော။
အိပ်​မရတဲ့အဆုံး ဖုန်းကိုလှမ်းယူလိုက်​စဉ်​မှာပဲ message တစ်​စောင်​တန်း​ရောက်​ချလာ​လေ​တော့သည်​။
မ​ရေ....နိုး​နေပြီလား ညကဒီမှာမိုးကြီးရွာချက်​စစ်​ဆိုင်​ဖွင့်​နေပြီ...​စော​စောစီးစီး မင်္ဂလာ​ဆောင်​ရှိလို့ က​လေးသုံး​ယောက်​ကိုအလှပြင်​ပေးပြီးသွားပြီ ပိုက်​ဆံ​တော့စစ်​အတွက်​ရပြီပဲ မ နိုးပြီလား ဖုန်း​ခေါ်မယ်​လေ
စာဖတ်​ရင်း ဖျား​နေတာ​တောင်​ပြုံးလိုက်​မိ​သေးသည်​။
စစ်​တို့များ​ကောင်းစား​နေချက်​။ တစ်​နေ့ကိုမြို့ကြီးပြကြီးမှာအလှပြင်​ဆိုင်​ဖွင့်​ထား​ချေ​တော့ ပိုက်​ဆံကလဲ​သောက်​သောက်​လဲကိုဝင်​နေပါ​ရော့လား။
"မ​နေမ​ကောင်းဘူးရယ်​...ဖုန်း​ပြောလို့မရဘူးအသံဝင်​နေတယ်​"
မနက်​ဆို​သွေးထမင်းချက်​ပြီးခြံဖက်​လမ်းထ​လျှောက်​တိုင်း စစ်​နဲ့ဖုန်း​ပြော​နေကျ။ အဲ့အချိန်​စစ်​ကလဲဆိုင်​ဖွင့်​ရင်း မို့နှစ်​ယောက်​စလုံး​နေ့သစ်​အတွက်​အားအင်​ပျိုးချိန်​လေ။
စစ်​ကချစ်​ပြီးဂရုစိုက်​ပေးတတ်​ပေမယ့်​ယခုအချိန်​ထိ စစ်​ကို​သွေးနှလုံးသားက​ရောဦး​နှောက်​ကပါချစ်​သူတစ်​ယောက်​လိုမျိုးစဉ်းစားမ​ပေးနိုင်​သေး​ချေ။​တွေးကိုမ​တွေးကြည့်​ရ​သေးတာပါ။
မ လိုင်းတက်​ခဲ့​လေ..​နော်​
စာ​လေးဖတ်​ပြီးတာနဲ့တစ်​ခါတည်း အင်​တာနက်​ဖွင့်​လိုက်​သည်​။
Viber​ပေါ်မှာ စစ်​ရဲ့အ​ကောင့်​က အွန်​လိုင်းပြလို့​နေပြီ။
"​မောနီး မ"
ဘယ်​လိုပဲ​ပြောပြပြ ဒီ​မောနီးမ ဆိုတာကိုပဲစစ်​ကပို့တတ်​တာ။
"အင်း မင်္ဂလာ မနက်​"
"​နေမ​ကောင်းဘူးဆို​ဆေး​သောက်​ထား​နော်​"
"​ဆေးမရှိဘူး ဘာ​ဆေး​သောက်ရမှန်းမသိ လည်​ချောင်းလဲနာပ"
ပုံမှန်​ဆိုခပ်​တည်​တည်​နေတတ်​တဲ့​သွေးက​တော့ စစ်​ရှေ့​ရောက်​ရင်​ကို အချွဲပို​လေးတစ်​ယောက်​ဖြစ်​လို့​နေတာကိုကိုယ်​ကိုကိုယ်​လဲသတိမထားမိ။ လူဖြစ်​ဖြစ်​တိရစ္ဆာန်​ဖြစ်​ဖြစ်​ကိုယ့်​ကိုချစ်​၍ ဂရုစိုက်​မှန်းသိလျှင်​အချွဲပိုတတ်​ကြ​လေသည်​မဟုတ်​ပါလား။ ချစ်​တတ်​သောစစ်​အ​ပေါ်​သွေးအနိုင်​ယူတာ​တွေကား မှန်​ပေသည့်​။
ခဏကြာ​တော့​ဆေးကဒ်​လေး​တွေကိုစားပွဲ​ပေါ်တင်​၍ ရိုက်​ထား​သောပုံက​လေးနဲ့အတူ
"ဒီမှာ​ဆေး​တွေ အဲ့ဒါမျိုးဝယ်​သောက်​...နီး​နေရင်​ကိုယ်​တိုင်​လာတိုက်​တယ်​တကယ်​"
"အင်းပါ ကိုဟိန်း ရုံးပြန်​ဝယ်​ခဲ့ဖို့မှာလိုက်​ပါ့မယ်​.ခု ဘာလုပ်​နေပြီလဲ"
"ထမင်းစားမလို့"
"ဘာဟင်းစား"
ပုံ​လေးပို့လာပြန်​သည်​။
စစ်​က ဖုန်းနှစ်​လုံးကိုင်​တာဆို​တော့ တစ်​လုံးကထမင်းပန်​ကန်​ဘေးမှာ ချ စားပွဲ​ပေါ်ဟင်းခွက်​တွေနဲ့တို့စရာ​တွေနဲ့ မြင်​ရတာစားချင်​စဖွယ်​။
"ဟယ်​မျှစ်​နဲ့ ချဉ်​ပေါင်​ကြော်​အာ့ မ ကြိုက်​တဲ့ဟင်းပဲ မတို့လဲဒီမနက်​အဲ့ဒါချက်​တာ စစ်​ပန်းကန်​ထဲကဟာကဘာဟင်းလဲ"
"အ​ကြော​ပေါင်းတစ်​ထောင်​အရွက်​သုပ်​"
"အမ်​မကြားဖူးပါဘူး"
ဟုတ်​သည်​။ ဒါမျိုးဒီဖက်​မှာမရှိတာ​တော့အမှန်​။ ခု စစ်​ပြောမှပဲကြားဖူး။
"ဒီအရွက်​ကတို့စရာလဲဖြစ်​ဟင်းချို​သောက်​လဲရ သုပ်​စားလဲရ အဲ့လိုအဆစ်​အမြစ်​ကိုက်​ခဲရင်​စားရတယ်​တဲ့ စစ်​တို့အိမ်​နောက်​ဖေးမှာရှိတယ်​...​နောက်​မှပုံရိုက်​ပြမယ်​လေ"
"အင်း...မ ထပြီးမျက်​နှာသစ်​တော့မယ်​...မျက်​နှာမသစ်​တော့​ခေါင်းမကြည်​ဘူး"
"ဟုတ်​မ ထပြီးတစ်​ခုခုစား ပြီးရင်​ဆေး​သောက်​နော်​မ အားတဲ့အခါစစ်​ကို​ခေါ်လိုက်​စကား​ပြောလို့အဆင်​မ​ပြေရင်​လိုင်း​ပေါ်တက်​ခဲ့မယ်​နော်​"
"အင်း ဆင်းပြီ"
ဖုန်းကိုလက်​ထဲကချပြီးတာနဲ့ တန်းထ ထိုင်​လိုက်​သည်​မို့​ခေါင်းကမိုက်​ခနဲမူးကာ ပြန်​လဲမတတ်​ဖြင့်​နံရံကိုအားပြုရပ်​လိုက်​ရ​လေသည်​။ ဒါ​သွေးအားပြတ်​နေလို့ပဲဖြစ်​ပါလိမ့်​မည်​။ မိုးရာသီမှာ ပန်းက သိပ်​မရှိ။ ပန်းမရှိရင်​ဝင်​ငွေကလဲမရှိ။ ဆို​တော့​မေမြို့ပန်း​တွေ​မြစ်​ကမ်းပါးမြက်​အ​ပေါင်းခ​ညောင်း​နေတာ​လေးကိုရှင်းပြီး စိုက်​ထားရတာ။ နှင်းဆီခင်း တစ်​လိုင်းနဲ့တလိုင်းအလယ်​ဘောင်​ကြားမှာ မုန်​ညှင်းပင်​လိုက်​ခွဲစိုက်​ထား​သေးတာ။​မြေကွက်​အပိုမရှိ​လေ​တော့ရတဲ့​နေရာ​လေးကိုဖြစ်​သလိုစိုက်​ပျိုးပြီးစားဝတ်​နေ​ရေးအတွက်​ကြံဖန်​ဖြေရှင်း​နေရတာပင်​။ ဒီနှစ်​ဆို ငြိမ်းကဆယ်​တန်းအ​ဆောင်​ထား​နေရသလို​ဋ္ဌေးကနဂိုစာ​တော်​သူ​ပေမယ့်​လဲ ကျူ ရှင်​တော့သူများနည်းတူ ထား​ပေး​နေရ​သေးတာ။ အရင်​နှစ်​တွေက​သွေးအိမ်​နီးနားကက​လေး​တွေကိုကျူ ရှင်​သ​ဘောစာပြ​ပေး၍​သွေးလက်​ထဲ အဝတ်​အစားဖိုး​ဘေလ်​ဖိုးအမြဲရှိ​သော်​လဲ ဒီနှစ်​ပင်​ပန်းလွန်းတာ​ကြောင့်​စာလဲပြမ​ပေးနိုင်​။ ပန်းပို့လို့ရသမျှပိုက်​ဆံအကုန်​ဆိုင်​ကယ်​ဆီဖိုးကလွဲ၍ လက်​ထဲမချန်​အ​မေ့သို့သာ ပြန်​အပ်​လိုက်​သည်​။ ဒါ​တောင်​လာရှိုးကိုဘွဲ့​လျှောက်​လွှာသွားတင်​ရင်းတစ်​သောင်း​လောက်​ကုန်​သွားခဲ့​သေးတာ။
ခုရက်​ပိုင်းအကုန်​အကျများလာပြီး ဝင်​ငွေထွက်​ငွေမမျှတ​တော့ အ​မေညည်းသံ​တွေကြားလာရပြီ။ အိမ်​ရဲ့အ​ခြေအ​နေ​တွေကိုအိမ်​ထောင်​ဦးစီးဖြစ်​တဲ့ အ​ဖေကမသိ။ ည​နေတိုင်းမိုး​အေးတာအ​ကြောင်းပြပြီးအရက်​တွေရက်​ဆက်​သောက်​လာပြန်​ပြီ​ပြီးရင်​အိမ်​မှာပြန်​သောင်းကျန်း​ပေါ့။ ကိုဟိန်းလဲ​ယောက်ျား​လေးမို့ ဒါ​တွေမသိ။ သူလဲသူ့အလုပ်​နဲ့သူ လကုန်​ရင်​လခ​လေးအကုန်​ပြန်​အပ်​ပေးတာကလွဲလို့သူသည်​လဲမတတ်​နိုင်​။
​သွေးသူငယ်​ချင်း​တွေ​တော့ သူတို့အိမ်​မှရုန်းထွက်​ပြီးကိုယ့်​ခြေကိုယ်​ရပ်​နေပြီးလှတပတ​လေး​တွေနဲ့ အလုပ်​ခွင်​ထဲ​ပျော်​ဝင်​နေကြပြီ။ ခုချိန်​ထိ​သွေးသည်​သာ အိမ်​မှာကူ​နေတယ်​ဆိုပြီးသူတို့အမြင်​အလုပ်​မရှိအကိုင်​မရှိ ဘွဲ့ရပညာတတ်​တစ်​ယောက်​ခုထိမိဘလုပ်​စာ ထိုင်​စားသူ အ​နေဖြင့်​သာ ပတ်​ဝန်းကျင်​ကသတ်​မှတ်​ထားကြပြိ်းသား။
​သွေးလဲရုန်းထွက်​ချင်​တာ​ပေါ့။ ကိုဟိန်းလစာ တလနှစ်​သိန်း​လောက်​ပေး​နေတာ​တောင်​ခြံထဲ​မြေသြဇာလိုလျှင်​ဝယ်​ထည့်​ဆေးဖိုးဆိုလျှင်​လဲဝယ်​ရနဲ့ စားစရိတ်​ထဲ​တောင်​ထည့်​နိုင်​ဖို့ မဖြစ်​နိုင်​။
"​သွေး မိုးဖွဲကျ​နေတယ်​လေ...​နေမ​ကောင်းပါဘူးဆို မျက်​နှာမသစ်​ပဲဘာထိုင်​လုပ်​"
​နောက်​မှ ရပ်​၍ သွားတိုက်​တံကိုင်​ပြီး​အော်​လိုက်​သော ကိုဟိန်းအသံ​ကြောင့်​သွေးအ​တွေးနယ်​ပယ်​မှရုန်းထွက်​ရ​တော့သည်​။ မိုးဖွဲမိုးမှုန်​တွေ​ကြောင့်​မဟုတ်​တဲ့​သွေးရဲ့ရင်​တွင်းမြစ်​က​လေး​တွေ​ကြောင့်​တော့ပါးပြင်​ရဲ့​နေရာအချို့စိုစွတ်​သွား​တော့သည်​မို့ ကိုဟိန်းမမြင်​ခင်​ရေခွက်​ထဲက​ရေကိုအမြန်​လက်​ခုပ်​ဖြင့်​ယူပြီးမျက်​နှာအနှံ့သုတ်​လိုက်​သည်​။
"အန်​ချင်​နေသလိုဖြစ်​နေလို့..."
တကယ်​လဲ ရင်​ထဲမ​ကောင်းလွန်းလှတာ​ကြောင့်​ပျို့တက်​ချင်​နေတာပင်​။ ကိုဟိန်းက​ရေစည်​ပေါ်သွားတိုက်​တံတင်​ပြီး​သွေးလည်​ဂုတ်​ကိုအသာနှိပ်​ပေးကာ
"အန်​လေ ငါ နှိပ်​ပေးမယ်​....မိုးခံရင်​ပိုဆိုးမယ်​"
ဒီလို​တော့လဲ ဂရုစိုက်​ရှာ​ပေသား။
"ရတယ်​အန်​ကြည့်​ပြီးပြီ အန်​လိူ့မရဘူး​သွေး မြန်​မြန်​လုပ်​လိုက်​မယ်​ခဏ​နော်​"
သွက်​လက်​စွာသွားတိုက်​မျက်​နှာသစ်​ပြီးအိမ်​ထဲပြန်​ဝင်​လာသည်​။ မျက်​နှာ​ရေသုတ်​ပြီးမီးဖိုထဲဝင်​လာ​တော့ အ​မေတို့ထမင်းစား​နေကြပြီ။
"​နေမ​ကောင်းတာအ​ကြောင်းပြပြီး နင်းကန်​အိပ်​နေတာကိုး...ပိုပြီး​ခေါင်းကိုက်​မှာ​ပေါ့ အိပ်​တိုင်း​ကောင်း​နေတယ်​မထင်​နဲ့"
ထမင်းခူးမလို့ ပန်းကန်​ကိုလက်​လှမ်းဖို့ရွယ်​နေတုန်း အ​ဖေ​ပြောလိုက်​တာ​ကြောင့်​ရင်​ထဲစစ်​ခနဲကိုဖြစ်​သွားရသည်​။
​သွေး ဘယ်​တုန်းက အိပ်​ယာထ​နောက်​ကျဖူးလို့လဲ အ​ဖေရယ်​...
"အို...ရှင်​ကလဲ သူလဲနားချင်​ရှာမှာ​ပေါ့...​နေ့တိုင်းမနက်​စာပြင်​ပြီး​ဈေးသွား​ဈေးပြန်​လာတာနဲ့ခြံထဲတန်းဆင်း​နေရ​တော့ ပင်​ပန်းပြီ​ပေါ့ ရှင်​ကအဲ့လိုလုပ်​နိုင်​လို့လား"
အ​မေက​သွေးဖက်​မှ ကာဆီးကာ​ပြော​နေ​ပေး​ပေမယ့်​အ​ဖေက​တော့အစားမပျက်​ပဲ
"​အေး ငါဆုံးမ​နေရင်​နင်​အမြဲကန့်​လန့်​သိပ်​လုပ်​...​နောက်​ကျရင်​ယောင်းမမြင်းစီးထွက်​ကုန်​ကြမယ့်​က​လေးမျိုး​တွေ"
"အသာ​နေပါ...လာ​သွေး ထမင်းနည်းနည်းစား ပြီးမှ​ဆေး​သောက်​"
ပန်းကန်​ယူဖို့လှမ်း​နေတဲ့လက်​တွေက ဖန်​ခွက်​တစ်​လုံးဆီပဲဦးတည်​ရောက်​သွား​တော့သည်​။
"မစား​တော့ဘူး​ရေ​နွေးယူမလို့လာတာ"
​ရေ​နွေးကို ဖန်​ခွက်​ထဲထည့်​ပြီး လှည့်​အထွက်​
"ထမင်းမစားဘူးဆိုပြီး အလကားရသလို​ပြောင်းဖူးမိတ်​တို့​ကော်​ဖီတို့​သောက်​မယ်​စိတ်​မကူးနဲ့ ထမင်းရှိတာထမင်းပဲစား"
ရက်​စက်​လိုက်​တာ အ​ဖေရယ်​။ ဒီလိုအချိန်​တောင်​သွေးကိုအ​ကောင်းမမြင်​ပါလား တခါတ​လေကျရင်​လဲ​သွေးကအ​ဖေ့သမီးမဟုတ်​ဖူးလားလို့​တောင်​တွေးမိပါတယ်​။
"​သွေး တစ်​ခါမှမ​သောက်​ပါဘူး အ​ဖေ...​ရေ​နွေးယူတာ​ဆေး​သောက်​မလို့ပါ.."
ငိုချင်​သော​ကြောင့်​တုန်​နေ​သောအသံကိုထိန်း၍​ရေ​နွေးယူကာအ​ပေါ်ထပ်​သို့တက်​လာရ​တော့သည်​။​နောက်​ကွယ်​မှကိုဟိန်းစကားသံအချို့ကပ်​ပါ​လာ​သေးသည်​။
"​သွေးက ထမင်းမစားဘူးလား အ​မေ"
"ဘယ်​စားမလဲ နင့်​အ​ဖေမှ မသဒ္ဓါတာ​လေ"
"တိတ်​စမ်း ငါကသင်​ပြ​နေတာ မစားနဲ့လိုဘယ်​နှစ်​ခွန်း​ပြောပြီမို့လဲ"
"အ​ဖေက ဘာဖြစ်​နေတာလဲ​သွေး မရှိရင်​ကျွန်​တော်​တို့ဘယ်​လိုဖြစ်​သွားမလဲ စဉ်းစားကြည့်​....တသက်​လုံးခြံအလုပ်​တေ်ိအ​ဖေကူခဲ့လား အ​မေပဲလုပ်​နေရတာခုဆို​သွေးကူလိူ့ပဲအ​မေနားနား​နေ​နေလုပ်​ရတာ မနက်​တိုင်းသူ ပန်းပို့တယ်​မိုးရွာလဲသူမညည်းခဲ့ဘူး အ​ဖေဘာဖြစ်​ချင်​နေတာလဲ​သွေးသာလုပ်​ချင်​ရင်​ကျွန်​တော့်​သူငယ်​ချင်းဆိုင်​တွေမှာအလုပ်​သွင်း​ပေးလို့ရတယ်​သူကအ​မေ့အတွက်​ကူပါရ​စေဆိုလို့သာ ကျွန်​တော်​လွှတ်​ပေးထားတာ...​သွေးသာမလုပ်​ရင်​ကျွန်​တော်​တို့ ငြိမ်းတို့ကို​ကျောင်းထားနိုင်​မှာမဟုတ်​ဖူးဆိုတာအ​ဖေ​တွေးမိရဲ့လား...တကယ်​ပါပဲ​ဗျာ အိမ်​မှာလဲ​အေး​ဆေး​နေရမလားမှတ်​တယ်​"
​အောက်​ထပ်​မှာမိုးသံအကြားဆူညံပွက်​လောရိုက်​နေပြီးခဏကြာ​တော့ဆိုင်​ကယ်​သံနဲ့အတူ ကိုဟိန်းထွက်​သွား​လေပြီ။ ကိုဟိန်းကနည်းနည်းဆူဆူဖြစ်​တာနဲ့အိမ်​ကပ်​ရိုးထုံးစံမရှိ။ အဲ့ဒါနဲ့ပဲ သုံး​လေးရက်​လောက်​က​တော့ သူ့သူငယ်​ချင်းငှါး​နေတဲ့အိမ်​ခန်းမှာသွား​နေ​လောက်​ပြီ။ ကိုဟိန်းက​ယောက်ျား​လေးမို့​ရှောင်​ထွက်​ရန်​အခွင့်​သာ​သော်​လဲ​သွေးမှာ အိမ်​ကလွဲပြီး​နေစရာကိုမရှိ​တော့တာပါ။ အိပ်​ခန်းထဲ​ဆေး​သောက်​ပြီး အ​နွေးထည်​ထူထူထပ်​ကာအ​ပေါ်မိုးကာထပ်​ဝတ်​ပြီး အ​မေ မမြင်​ခင်​ဝါးခ​မောက်​လေး​ဆောင်းလို့ခြံဖက်​ထွက်​လာခဲ့လိုက်​သည်​။ မ​နေ့ကနှုတ်​လို့မပြီးခဲ့တဲ့ပန်းပင်​ကြားက​ပေါင်း​တွေမိုးရွာ​နေတုန်း​တော့နှုတ်​ရလွယ်​မယ်​ထင်​။ ဖိနပ်လဲစီးမထားတာ​ကြောင့်​ခြေတလှမ်းတိူင်း​အေးစက်​နေ​သော မိုး​ရေစီး​ကြောင်းအချို့​ကြောင့်​သွေး​တွေခဲမတတ်​။ မတတ်​နိုင်​ပါဘူး​လေ။​သွေး​ရှောင်​ထွက်​စရာဆိုလို့ဒီတစ်​နေရာတည်းကပဲ လက်​ခံ​နေသည်​ကိုး။
....
မိုး​တွေရက်​ဆက်​ရွာ​နေပုံများ စစ်​တို့လာဘ်​ပိတ်​ချက်​။ လမ်း​ပေါ်မှာလဲ ဝါကျင်​နေ​သောမိုး​ရေ​တွေအပြင်​ခွေးတစ်​ကောင်​ကြောင်​တမြီးမှမရှိ။​ခြောက်​ကပ်​နေ​တော့သည်​။ ထို့အတူဆိုင်​ထဲမှာလဲ စစ်​ရယ်​နန်းနန်းရယ်​ကလွဲပြီးဘယ်​သူမှရှိမ​နေ။ ကျန်​တဲ့​ကောင်​မ​လေး​တွေကို မိုးရွာရင်​မလာခဲ့နဲ့လို့​ပြောလိုက်​တာနှစ်​ခွန်းမ​ပြောရ​ပေါကိုမလာ​တော့​ချေ။
နန်းနန်းဆိုသည်​မှာလဲ သူ့အိမ်​ကမနိုင်​လို့သာ လွှတ်​ထားတာ။ ဆိုင်​က​နေဆိုသူထွက်​ချင်​တိုင်းထွက်​လို့ရ​နေသည်​ကိုး။ သူ့အ​ဝေးသင်​ကျူ ရှင်​လေးခဏတဖြုတ်​ပြေးတက်​လိုက်​လည်​လိုက်​နဲ့ ဆိုင်​မှာရှိချိန်​ကခပ်​ရှားရှား။
"မမစစ်​မိုး​အေး​နေ​တော့မပျင်းဘူးလား"
သူ့ဟာသူဆိုင်​အတွင်းဟိုပတ်​လျှောက်​သည်​ပတ်​လျှောက်​နဲ့အ​ခေါက်​ငါးဆယ်​လောက်​ရှိမှ ဆိုဖာ​ပေါ်လှဲ​နေတဲ့စစ်​ကို စကား​မေး​ဖော်​ရ​တော့သည်​။ စစ်​ကခြုံ​စောင်​ပါး​လေးကိုပုခုံးအထိဆွဲခြုံပြီး
"မပျင်း​ပေါင်​"
"ဟင့်​လူလဲမရှိပဲနဲ့ ဘာထိုင်​စောင့်​နေရမှာလဲ အပြင်​လေးဘာ​လေးထွက်​ရင်​မ​ကောင်းဘူးလား"
"နင့်​ကြီး​တော်​မိုးရွာ​နေတယ်​မမြင်​လား မိုး​ရေများခံချိုးချင်​နေသလား"
​အေ့​လေ...သူမို့လို့ မိုးထဲအပြင်​ထွက်​ဖို့စဉ်းစားရဲတယ်​...
"ဘယ်​ကလာ မိုး​အေး​အေးနဲ့ရုပ်​ရှင်​ကြည့်​ရင်​ကောင်းမလားလို့ပ"
"ဇာတ်​ကားကြည့်​ချင်​ရင်​လာ​လေ ငါ့ဖုန်းထဲအများကြီးပဲ ဒါရှိတဲ့ကားကိုမကြိုက်​ရင်​ဒေါင်းလို့ရတယ်​"
စစ်​အ​ပြောကို သ​ဘောကျပုံမ​ပေါ်ပဲ မကြီးသိမ်းထား​သော အလှပြင်​ပစ္စည်းထည့်​ထားသည့်​ပုံးကြီးကို အ​နောက်​ခန်းထဲမှသယ်​ချလာပြီးစစ်​အိပ်​နေသည့်​ရှေ့ကစားပွဲ​ပေါ်လာတင်​သည်​။ ပြီး​တော့​ခြေဆင်းထားတဲ့စစ်​ခြေ​ထောက်​နှစ်​ဖက်​စလုံးကို​ဒူး​ကွေးသွား​အောင်​အ​ပေါ်တွန်းတင်​ပြီး​အောက်​နားမှာသူဝင်​ထိုင်​သည်​။
"ထ မမစစ်​နန်းအလှပြင်​ပေးမယ်​"
"ဟာ...​ပေါက်​ကရ​တွေ ငါ မပြင်​ချင်​ဘူး"
"လာပါ မမစစ်​ကလဲ"
မနဲ့​ပြောထားတဲ့စာ​တွေကို စိတ်​ကူး​လေးနဲ့ဖတ်​နေသည်​ကို အလိုက်​မသိတဲ့သာသနာဖျက်​မတစ်​ယောက်​က​တော့အတင်းဆွဲထခိုင်း​နေပါ​တော့သည်​။
"အဲ့မိတ်​ကပ်​တွေနဲ့ ငါနဲ့မတည့်​ဘူး ငါ့ဟာငါ သုံး​နေကျလိုးရှင်း​လေးပဲလိမ်းပါရ​စေ....​အေး​ဆေး​နေပါ​စေဟာ လူမရှိတုန်း​လေနားရတဲ့ဟာ"
"ဒါဖြင့်​နန်းကိုပြင်​ပေး​လေ ထ ပျင်းလို့ပါ​နော်​"
မျက်​နှာငယ်​လေးနဲ့ တအားအိုက်​တင်​ထုတ်​တတ်​သော နန်းနန်းအား စစ်​ငြင်းပယ်​စရာမရှိ​တော့။
"ဒီဟာ​တွေအလကားရတယ်​များထင်​နေလား ဟမ်​မ​တေယ်​မကြီးဝင်​လာတဲ့အခါမိသွားရင်​ဘယ်​နှယ်​လုပ်​မတုန်း ငါ​တော့​ကြောက်​တယ်​နင်​ကမှဆူခံရရင်​အိမ်​ပြန်​ပြေးလို့ရ​သေးတယ်​ငါကလှိမ့်​ပိန့်​နေ​အောင်​ဆူခံရမှာဟဲ့"
"မလာပါဘူး ကြီးကြီးနဲ့ဇာတ်​လမ်းတွဲကြည့်​နေပါတယ်​ကို...လုပ်​ပါ ခဏ​လေးပဲကို မမစစ်​ကလဲ ပြီးသိပ်​လဲကုန်​တာမှမဟုတ်​"
​စောနကို မ ကို အားရင်​လိုင်းတက်​ခဲ့ပါလားဟင်​ဆိုပြီး စာပို့ထားတာဖြင့်​ပြန်​စာမရ​သေး၍ စိတ်​ရှည်​လက်​ရှည်​စောင့်​နေတဲ့ဟာကို ခု​တော့ဖြင့်​နန်း​ကြောင့်​အ​မွှေဝင်​ရပြန်​ပြီ။ ဆက်​ငြင်း​နေလို့လဲမရ​တော့ ဖုန်းသံ​လေးနားစွင့်​ပြီး အင်​တာနက်​လဲဖွင့်​လျက်​သားနဲ့ နန်းမျက်​နှာပြင်​မိတ်​ကပ်​တင်​ပေး​နေလိုက်​တော့သည်​။ ဒါ​တောင်​မြန်​မြန်​ပြီးရင်​အေး​ရောဆိုပြီးပြင်​ပေးလိုက်​တာကို အနှီက​လေးမက နဂိုရုပ်​ခံကလဲရှိ စစ်​ကလဲအလှပြင်​တော်​တာနဲ့​ပေါင်းစပ်​ပြီးသကာလ ဘိုမရုပ်​က​လေးလိုကို​ချောလှ​နေ​လေ​တော့သည်​။
"ဟယ်​လှလိုက်​တာ မထင်​ရဘူး မမစစ်​လက်​ရာဒိ​လောက်​ထက်​လိမ့်​မယ်​လို့"
မှန်​ရှေ့ကဆုံလည်​ကုလားထိုင်​ပေါ်သွားထိုင်​ပြီး သူ့ကိုယ်​သူသ​ဘောကျမဆူံး။ စစ်​က​တော့ မများလိုင်း​ပေါတက်​လာမလားတစ်​စောင့်​စောင့်​နဲ့ကုလားအုတ်​ဖြစ်​လို့​နေသည်​။
"မမစစ်​ကျစ်​ဆံမြီး​လေးခွဲကျစ်​ပေးကြည့်​လေ တကယ့်​ဘိုမရုပ်​က​လေးလို​ပေါ့ "
"ဟာ နင်​ကလဲတမျိုးပြီးတမျိုး"
"လာပါ​နော်​လုပ်​လက်​စက​လေးကို"
​ပြောမရဆိုမရနဲ့ တကယ့်​ညီမအရင်းမဟုတ်​လို့သာပဲ။ စစ်​က အိမ်​ကတူ​လေးနှစ်​ယောက်​နဲ့​တောင်​သိပ်​ပြီးအ​ကြောတည့်​တာမဟုတ်​။ ညီမ မလိုချင်​ပါဘူးဆို နန်းလိုအ​မွှေစိန်​နဲ့အမျိုးလာ​တော်​နေသည့်​အဖြစ်​။ သူ့အိမ်​က​တောင်​မနိုင်​လို့ အ​မေ့လက်​ကိုဝကွက်​လာအပ်​ပေးထားခြင်းပင်​။ အ​မေ့ကို​တော့နန်းကသူ့အ​မေနဲ့စာရင်​နည်းနည်းပိုရှိန်​သကိုး။
"​အေ့ပါ​အေ့ပါဟယ်​"
စိတ်​မပါလက်​မပါနဲ့ လုပ်​ပေး​နေရပြန်​သည်​။
"အား...နာတယ်​မမရဲ့....​ဖြေး​ဖြေးဆွဲပါ....ပွ​ယောင်း​ယောင်းကြီးမကြိုက်​ဖူး ကျစ်​ကျစ်​လျစ်​လျစ်​လေး လုပ်​ပေး​နော်​အားနာတယ်​လို့"
စကားကလဲ များ​သေး။ viber မှာ တ​တောင်​တောင်​နဲ့စာဝင်​နေ​ပေပြီ။ စစ်​မှာ ကြည့်​ချင်​ဇောနဲ့အမြန်​လုပ်​နေရမို့ဟိုဆွဲသည်​ဆွဲ။ လှ​အောင်​လဲလုပ်​ပေးရ​သေးတာ။ သူစိတ်​တိုင်းမကျမချင်းစစ်​လက်​ကနားရမည်​မဟုတ်​ဘူး​လေ။
စစ်​လိုင်း​ပေါ်ရှိ​နေတာကြာပြီလား
မ ခုမှအားတယ်​
မိုးတိတ်​တုန်း ပန်းပင်​ထူသွားတဲ့​နေရာ​လေးမှာအပင်​နှုတ်​ပြီး မရှိတဲ့​နေရာခွဲစိုက်​နေလိုက်​တာ
စစ်​ဖက်​လဲမိုးရွာ​နေတယ်​လား
ဘာလုပ်​နေတာလဲ စစ်​ရေ
မအားပဲနဲ့လိုင်းဖွင့်​ထားပြန်​ပြီလား
"ရပြီဟယ်​ထပ်​ပြီးလာခိုင်းမယ်​မကြံနဲ့ ဒီတစ်​ခါ​နောက်​ဆုံးပဲဟယ်​"
ယိုးဒယားသား​ရေကွင်း​လေးနဲ့​နောက်​ဆုံးပိတ်​စည်း​ပေးခဲ့ပြီး စားပွဲ​ပေါ်ကဖုန်းကိုအ​ပြေးသွားဖွင့်​ကြည့်​ရ​လေသည်​။
မ ပို့ထားသည်​မှာ အများကြီးပဲ
"လာပြီ မ​ရေ အား​နေတာ မကို​စောင့်​နေတာ နန်း​ပေါ့ အလှ​တွေပြင်​ခိုင်း​နေလို့မတတ်​သာပဲလုပ်​ပေးလိုက်​ရတယ်​"
တန်းပြီးစာပြန်​ကြည့်​လို့​တော်​ပါ​သေးရဲ့။... မက စိတ်​မဆိုးတတ်​ဘူးဟုသာ​ပြော​ပေမယ့်​သူမ​ပြောချင်​ရင်​ငြိမ်​နေတတ်​လေသည်​။ မ ၏ စိတ်​ဆိုးခြင်းကိုမူကား​တော်​တန်​ရုံလူ​တွေမသိ။ သူများ​တွေလို​ပေါက်​ကွဲတာတို့​အော်​ပစ်​တာတို့ ရစ်​တတ်​တာတို့​တွေမဟုတ်​။ မရဲ့စိတ်​ဆိုးခြင်းက တည်​ငြိမ်​ပြီးတိတ်​ဆိတ်​သွားတတ်​တာပင်​။
"ဟုတ်​လား စစ်​ကော မပြင်​ဘူးလား"
"ပြင်​ပါဘူး စစ်​ကမိတ်​ကပ်​နဲ့မလိုက်​ဘူး မရဲ့ အ​ခြောက်​ကြီးလိုဖြစ်​သွားမှာ"
ရီ​နေ​သော စတစ်​ကာ​လေးကို မဖက်​ကပို့လာသည်​။​တေယ်​တန်​ရုံလဲမက စတစ်​ကာမသုံး။ စစ်​ကိုလဲ​ပြောထား​သေးတာ။ မလိုအပ်​ပါပဲအရုပ်​ပုံ​တွေသုံးပြီးစကားမ​ပြောဖို့။
"ဒါနဲ့ ဒီ​နေ့က စစ်​တို့ချစ်​သူသက်​တမ်းတစ်​နှစ်​ပြည့်​လား"
အမ်​....မက ဘယ်​လိုလုပ်​သိတာလဲ။ မ စာကို မ​ဖြေ​သေးပဲ fb ထဲ အ​ပြေးအလွှား​ဖွေရှာ​နှောက်​လေ​တော့ ကိုယ်​တော်​ချောလုပ်​ပုံများ။
စစ်​အ​ကောင့်​ထဲဝင်​ပြီး သူ့​အ​ကောင့်​နဲ့တွဲကာ တစ်​နှစ်​ပြည့်​အထိမ်းအမှတ်​ကိုဟိုးဟိုး​ကျော်​အောင်​တင်​ထား​တော့တာပါပဲ။ အဲ့အထဲမှာမက​တောင်​အသဲ​ပေးထား​သေး။
"ဘာလဲ စစ်​မ​ပြောတာမဟုတ်​လို့လား"
Vbက​နေ မကပြန်​စာမလာ​လေ​တော့ပို့လာပြန်​ပြီ။
"ဟုတ်​မ အဲ့ဒါ စစ်​မလုပ်​ဘူး သူစစ်​အ​ကောင့်​ထဲဝင်​လုပ်​သွားတာ"
စစ်​ကအမှန်​တရားကို​ပြော​ပေမယ့်​လဲ မက​တော့ယုံချင်​မှယုံ​ပေမည်​။ စစ်​ကမကိုချစ်​ပေမဲ့လဲကိုကို့ကို ဖြတ်​ထားသည်​ရယ်​လို့လဲမဟုတ်​ချေ။ ဒီအချိန်​မှာ မ အထင်​လွဲ​နေတာကို​တော့စစ်​အ​လောတကြီးရှင်းပြချင်​နေမိသည်​။
"ဘာပဲဖြစ်​ဖြစ်​ပျော်​စရာတစ်​နှစ်​ပြည့်​ပါ​နော်​မ ဆင်း​တော့မယ်​"
ချက်​ချင်းကို လိုင်းဆင်းသွား​လေပြီ။ ဘာမှ​တောင်​မ​ပြောလိုက်​ရပါတကား။ ကိုကိုနဲ့ စစ်​ဟာ ပြတ်​နေပြီလို့လဲ​ပြောလို့ရတဲ့အ​ခြေအ​နေမှာရှိ​နေတာ။ မဆက်​သွယ်​ဖြစ်​တာ​တောင်​အ​တော့်​ကိုကြာ​နေပါပြီ​လေ။ တလတစ်​ခါ​တောင်​ဖုန်းဆက်​ဖို့စစ်​ကလဲသတိမရ​တော့။ လိုင်း​ပေါ်​တော့ရံဖန်​ရံခါစာပို့ရုံ​လောက်​သာ။ ဘယ်​လိုပဲ​ပြော​ပြော စစ်​ခံစားချက်​တွေကိုကို့အ​ပေါ်မရှိ​တော့ပြီ။ တရားဝင်​ပြတ်​စဲခြင်း မလုပ်​ရ​သေးသ၍ ကိုကိုက​တော့ စစ်​ပေါ်တွင်​ချစ်​သူအ​နေနဲ့ဆက်​ရှိ​နေဥိးမှာပင်​။ ကိုကို့ကိုသနားသဖြင့်​လမ်းခွဲစကားလဲစပြီးမဆိုရက်​သလိုမအ​ပေါ်လဲ​ရှေ့ဆက်​မတိုးပဲ ဒီအတိုင်း​လေးပဲကိုစစ်​ကဇာတ်​မျောကြီး​နောက်​လိုက်​ကပြ​နေရသလို။
မကိုချစ်​သည်​။
ကိုကို့အားသနားသည်​။
စစ်​ဘာလုပ်​ရမည်​နည်း။
"မမစစ်​နန်းတို့ ဆိုင်​သွားထိုင်​ရ​အောင်​"
အ​ရေးထဲ စိတ်​ကခပ်​ညစ်​ညစ်​ပါဆို နန်းက​ဖောက်​ပြန်​ပြီ။
"စိတ်​မပါဘူးဟာ..."
"လာပါ နန်းကအလှပြင်​ထားတာနဲ့အပြင်​ထွက်​ချင်​တာ မိုးကသိပ်​လဲမကြီး​တော့တဲ့ဟာကို...စဲသ​လောက်​ရှိ​နေပါပြီ...ဆိုင်​သွားပြီး မာလာရှမ်း​ကောတို့ဟမ်​ဘာဂါတို့ဘာတို့သွားစားရ​အောင်​"
ပိုက်​ဆံအိတ်​လေးလွယ်​ပြီး မျက်​စိ​နောက်​အောင်​လုပ်​ပြ​နေ​သေးတာ။
"အလကားပိုက်​ဆံကုန်​လမ်းချည်းပဲနင်​မြင်​နေ...သွားချင်​ရင်​တစ်​ယောက်​တည်းသွား ငါ​ခြေ​ထောက်​မိုး​ရေစိုရင်​ဖျားမှာ ငါသိတယ်​"
နန်းကလဲသိတဲ့အတိုင်း တဇွတ်​ထိုး မရရ​အောင်​ခေါ်ထုတ်​မည့်​ပုံမို့ စစ်​စိတ်​ရှုပ်​နေရပြန်​သည်​။ ထိုအခိုက်​
"လူရှိလား"
ဆိုင်​ရှေ့မှ အသံသြသြနဲ့​ယောက်ျားတစ်​ယောက်​အသံ​ကြောင့်​စစ်​မျက်​စိတို့ဝင်းလက်​သွားရသည်​။ နန်းက​တော့​ကောက်​ချိတ်​ကာအိမ်​ဖက်​သို့ကူး​ပြေး​လေပြီ။
"ရှိတယ်​ရှင့်​ဝင်​ခဲ့ပါ"
ဖိတ်​လဲဖိတ်​ခေါ် ကိုယ်​တိုင်​လဲလှဲ​နေရာမှထပြီး ဆိုင်​အ​ရှေ့သို့ကြွရင်း
"ဘာလိုအပ်​ပါသလဲရှင်​"
"ဟို ဆံပင်​ဖြောင့်​ချင်​လို့​ဗျ"
ခပ်​ရွယ်​ရွယ်​ယောက်ျားတစ်​ဦးက ဆံပင်​ဖြောင့်​ချင်​တယ်​ဆို​တော့ စစ်​ပြုံးချင်​သွားရကာ သူ့အား​မော့ကြည့်​တော့ ကတုံး​ပေါက်​စ​ကေ​လေးနဲ့မို့ သူက စစ်​အကြည့်​ကိုသ​ဘော​ပေါက်​စွာဖြင့်​
",အာ ကျွန်​တော်​မဟုတ်​ဖူး​ဗျ ကျွန်​တော့်​ကောင်​မ​လေး"
"ဪ...​ပြောမလို့ပဲ ဒါကမိန်းက​လေးသီးသန့်​ဆိုင်​ပါလို့..."
သူရယ်​သလို စစ်​လဲ လိုက်​ရယ်​ရင်း​ပြော​တော့ သူက ရပ်​ထား​သော ကားဆီတစ်​ချက်​ကြည့်​ပြ်ိး
"​ဖြောင့်​လို့ရလား"
"ဟုတ်​ကဲ့ ရပါတယ်​ရှင်​"
"ခဏ​နော်​"
မိုးဖွဲဖွဲ​အောက်​ထီးက​လေးနဲ့အပြင်​သုတ်​သုတ်​ထွက်​ပြီးကား​ရှေ့ခန်းတံခါး​ပေါက်​မှ စကားအချို့ဆို​နေသည်​။ ပြီး ကားတံခါး​လေးဖွင့်​ပေး​တော့​ခပ်​ငယ်​ငယ်​ကောင်​မ​လေးတစ်​ယောက်​။ ငယ်​ဆိုနန်းတို့အရွယ်​ပဲရှိဦးမည်​။​ခေတ်​ဆန်​ဆန်​အဝတ်​အစား​တွေနဲ့ မိုး​အေးသ​လောက်​သူတို့ကများ​အေးမှန်းမသိရှာ​လေသလားမ​ပြောတတ်​။ စစ်​ဆိုလျှင်​ဖြင့်​မနက်​တည်းကစွပ်​ထားသည်​ဟူဒီထူထူကိုချွတ်​မယ်​မကြံမိ​သေး။​ကောင်​မ​လေးကိုမိုးမခ​စေရန်​ထီး​တော်​မိုးက​လေးက အသင့်​။
စစ်​ဆံပင်​ဖြောင့်​ပေး​နေသည့်​အချိန်​အတွင်း အကဲခတ်​မိသ​လောက်​တော့ ထိုသူသည်​သူ့​ကောင်​မ​လေးကိုမျင်​စိ​အောက်​ကမအ​ပျောက်​မခံနိုင်​အောင်​ချစ်​သည်​ဆိုတာပါပဲ။ ဝိုင်​ဖိုင်​ဖရီး​ပေးထား​သော ဆိုင်​ထဲတွင်​ဖုန်းတစ်​ချက်​လေး​သော်​မျှမကိုင်​ခဲ့။ သူ့​ကောင်​မ​လေးကိုစစ်​လုပ်​ပေး​နေသ​လောက်​သူလဲမျက်​စိ​ဒေါက်​ထောက်​လိုက်​ကြည့်​နေသည်​ပဲ။
​နောက်​ဆုံး ပိုက်​ဆံရှင်း​တော့လဲသူ့​ယောက်ျားကိုင်​ပိုက်​ဆံအိတ်​ထဲမှ တ​သောင်းတန်​အရွက်​တွေချည်းထုတ်​ရှင်းသွားတာ။​ကောင်​မ​လေးက​ခေတ်​ဆန်​သလိုလိုနဲ့ အလှပ​ရေးရာသိပ်​နားလည်​ပုံမရ။ ထို့​ကြောင့်​စစ်​အ​ဟောအ​ပြော​ကောင်း​မှု​ကြောင့်​ဆံပင်​ပေါင်း​ဆေး​ခေါင်း​လျှော်​ရည်​ခေါင်းလိမ်းဆီအပြင်​တခြားမိတ်​ကပ်​တွေပါ​ရောင်းစွံသွား​တော့သည်​။
ချစ်​သူ​ကောင်​မ​လေးအလှပြင်​တာကိုဒီလူ​လောက်​စိတ်​ရှည်​သော​ကောင်​လေးရှိပါ့မလား။ တစ်​ချို့ဆိုပျင်းလို့တွန့်​လိမ်​နေ​တော့တာ။ ဂိမ်းကစားရင်​ကစား ဟိုနားသည်​နာ
းသွားရင်​သွား ခု​တော့သူကထိုင်​ရာကမထတမ်း။
ဘာပဲ​ပြော​ပြော
စစ်​အတွက်​တရက်​စာကိုဒီတ​ယောက်​နဲ့တင်​ဖူလုံသွားပါ
ေ​လတော့သည်​၊
...
ဆံပင်​စိုစိုနဲ့ ညတိုင်းအိပ်​ယာဝင်​ခဲ့အကျိုးဆက်​ကား ခုမှခံရခက်​မှန်းသိလာရ​တော့သည်​။ အ​ဖေငြိုငြင်​မှာစိုးသဖြင့်​နေမ​ကောင်းလဲ ခြံထဲဆင်းရ​တော့ အိပ်​ယာထဲလဲ​လေပြီ။
​ဆေးလဲမထိုးချင်​၊​ဆေးခန်းလဲမပြ။ ဒီအတိုင်းရှိတဲ့​ဆေးနဲ့နားလိုက်​ရင်​ပျောက်​သွားမှာပါဟုတင်းခံရင်း ငါးရက်​ပင်​ရှိလာခဲ့ပြီ။
ငါးရက်​အတွင်းဘာမှလဲစား၍မရ။ စားပြီးတာနဲ့တန်းအန်​တာချည်းမို့​သွေးလဲမစားဖြစ်​တော့။ အ​မေလဲ ခြံအလုပ်​တွေနဲ့မနိုင်​မနင်းကိုဖြစ်​လို့​နေသည်​။ ဒီလိုအလုပ်​များချိန်​မှ​နေမ​ကောင်းဖြစ်​ရသည့်​အတွက်​လဲ အ​မေ့ကိုအားနာရသည်​။
"မိ​သွေး...နင့်​အတွက်​ဆီချက်​ဝယ်​လာ​ပေးတယ်​ထပြီးလာစားမလား ငါဖြည်​ပြီးပန်းကန်​ထဲထည့်​လာ​ပေးရမလား"
​သွေး​နေမ​ကောင်းတာနဲ့ ကိုဟိန်းလဲ ရုံးကိုခဏတဖြုတ်​သာသွား​လေသည်​။ ပြန်​လာတာနဲ့​သွေးစားဖို့တစ်​နေ့တစ်​မျိုးမရိုး​အောင်​ဝယ်​လာ​ပေးတတ်​သေးတာ။
"ဟုတ်​...ရတယ်​ကိုဟိန်း​သွေးမစားချင်​သေးဘူး"
​လေသံ​လေးနဲ့​သွေး​အော်​လိုက်​သံကို ကိုဟိန်းကြားပုံမ​ပေါ်။ သူ့ဟာသူမီးဖိုထဲဝင်​ပြီးပန်းကန်​ထဲထည့်​နေတာဖြစ်​မည်​။
"ငါ နင့်​အခန်းထဲဝင်​လာမယ်​နော်​"
ကိုဟိန်းက အ​ကြောင်းကိစ္စမရှိပဲ​သွေးအခန်းထဲဝင်​ရိုးမရှိ။ ဝင်​ရင်​လဲအသိ​ပေးပြီးမှ ဝင်​တတ်​လေသည်​။
ခဏကြာ​တော့ ပန်းကန်​ပြားထဲဆီချက်​ခေါက်​ဆွဲနဲ့တူတစ်​စုံနဲ့အတူ​သွေးအခန်းထဲဝင်​လာသည်​။
"ထ မစားချင်​လို့မရဘူး...နည်းနည်း​လောက်​ဝင်​သ​လောက်​စားလိုက်​ဦး"
​လှဲ​နေ​သော​သွေးကိုယ်​လေးကို​ထောင်​မတ်​ကူရင်း​သွေးမှီဖို့ရာ​စောင်​ကြီးကြီးတစ်​ခုရယ်​ခေါင်းအုံးရယ်​ဆင့်​ပြီးမှီ​စေလိုက်​သည်​။ ပြီးမှ ခွံ့​ကျွေးမလိုလုပ်​တော့​သွေးက
"ရပါတယ်​ကိုဟိန်း​သွေးဟာ​သွေးစားတတ်​ပါတယ်​"
"စားနိုင်​ဖို့နင့်​လက်​ပဲ​မြှောက်​ကြည့်​ပါဦး ဘာမှမစားတာတစ်​ပတ်​လောက်​ရှိ​နေပြိကို ဟ"
မဟချင်​ဟချင်​နဲ့ ကိုဟိန်းခွံ့​ကျွေးတဲ့ ဆီချက်​ခေါက်​ဆွဲနည်းနည်း​လေးကို​တောင်​မနည်းမျိုချ​နေရသည်​။​နေမ​ကောင်းလို့လားမသိ။ ဆီချက်​အရသာကခါးသက်​နေသလို။ တကူးတကကြီး​သွေးကြိုက်​တတ်​တဲ့အစားအစာ​တွေ​နေ့တိုင်းဝယ်​လာ​ကျွေး​နေတဲ့ကိဟိန်းကို​မောင်​နှမချင်းပင်​ဖြစ်​လင့်​ကစား ကြာကာများ​တော့အားနာစိတ်​တွေပိုလာရသည်​။
"နင်​က ဖျား​နေပါတယ်​ဆို ခြံထဲ​ပေပြီးဆင်း​နေတာကိုး...အ​ဖေ့စကားကိုအ​ရေးတယူလုပ်​မ​နေနဲ့...စားစရာရှိတာစား နားချင်​အေး​ဆေးနား...ဘွဲ့​ထောက်​ခံစာနဲ့အလုပ်​တွေ​လျှောက်​လို့ရတယ်​နင်​တစ်​ခါ​တောင်​လွတ်​သွားပြီးပြီ အ​မေ့ချည်းငဲ့မ​နေနဲ့...နင့်​ပညာနဲ့ရပ်​တည်​ဖို့ပဲစဉ်းစားထား..."
"အင်းပါ...​သွေး​တော်​ပြီ ကိုဟိန်း"
လက်​က​လေးကာပြီး စားခြင်းကိုလက်​စသတ်​လိုက်​သည်​။​ခေါက်​ဆွဲကသုံးပုံတပုံပင်​စားထားရာမရှိ​သေး။
"စားပါဦးဟ...နင်​ကြိုက်​တယ်​မလား နင်​မစားရင်​မိ​ဋ္ဌေးပဲဝတာ​ပေါ့"
ဟုတ်​သည်​။​သွေးမစား၍ ဝယ်​လာသမှအကုန်​ကို​ဋ္ဌေးတစ်​ယောက်​သာကျန်​ရှင်းစား​တော့တာပါပဲ။ အ​မေလဲမစား အ​ဖေလဲမစား​တော့သူချည်းပွ​ကြောထ​နေတာ​ပေါ့။
​ပြောလိုက်​သေးတာ မ​သွေးတို့အမြဲဖျား​နေရင်​ကောင်းမယ်​တဲ့...အ​မေပင်​ပန်း​နေတာကျသူမသိရှာဘူး။
"​သွေး နား​တော့မယ်​ကိုဟိန်း"
"နင်​ဘာစားချင်​လဲ စားချင်​တာ​ပြော​နော်​"
"အင်း ခု​နေ​တော့ဘာမှမစားချင်​ပါဘူး"
"ငါ သွားသိမ်းပြီး အ​မေ့​နောက်​ခြံထဲလိုက်​သွားဦးမယ်​တံခါးပိတ်​ပေးခဲ့မယ်​"
"အင်း"
​ခေါက်​ဆွဲပန်းကန်​ကို မီးဖို​ကြောင်​အိမ်​ထဲသွားသိမ်းပြီးမှအိမ်​တံခါးပိတ်​ကာ ကိုဟိန်းခြံဖက်​ထွက်​သွား​လေသည်​။ ထိုအခါမှ​ခေါင်းရင်းတန်း​ပေါ်က ဖုန်းက​လေးကိုစမ်းကိုင်​ရသည်​။
အ​မေက​နေမ​ကောင်းရင်​ဖုန်းမသုံး​သေးနဲ့လို့မှာထားသည်​မဟုတ်​ပါလား။ ခါတိုင်းဆို​သွေးမသုံးပဲ​နေနိုင်​ပေမယ့်​ခု​တော့ လိုင်း​ပေါ်​သွေးမတက်​မချင်း​စောင့်​နေတတ်​တဲ့ သူရှိ​နေပြီ။​သွေးလိုင်းမတက်​ရင်​တက်​ဖို့​ခေါ်သလို ဖုန်းလဲခဏခဏ​ခေါ်တတ်​သူ။​သွေးနဲ့ရင်​ဘတ်​ချင်းဖလှယ်​လို့ရ​အောင်​သွေးဘဝကိုစာနာနားလည်​ပြီး​ဖေးမချင်​တတ်​တဲ့သူ။
အဆုံး​ပြောရရင်​သွေးကိုချစ်​တဲ့သူ​ပေါ့။
တစ်​ခါတစ်​လေ အိမ်​ကအ​ဖေနဲ့အဆင်​မ​ပြေဖြစ်​ပြီးတအား​တွေမွန်းကြပ်​လာလျှင်​သူရှိရာသို့ ထွက်​ပြေးချင်​စိတ်​ကတဖွားဖွား။ သို့​သော်​သွေးမှာသူ့ကိုချစ်​ပိုင်​ခွင့်​ကရှိမ​နေ။ သာမာန်​ဆို​သွေးကအချစ်​ကို​ဘောင်​ခတ်​ပြီး​တော့ မမြင်​တတ်​ပေမယ့်​ဒီအချိန်​ကိုယ့်​အတွက်​ကိုမှ ချစ်​ရဲဖို့ဝန်​လေး​နေမိသည်​။
ပိုင်​ရှင်​ရှိပြီးသူတစ်​ယောက်​။ ပြီး​တော့ မိန်းက​လေးတစ်​ယောက်​။​သွေးလိုချင်​တာ အဲ့လိုပုံစံမျိုးမှမဟုတ်​ပေပဲ။
​သွေးစိတ်​ကူးထဲကချစ်​သူဆိုတာ
ပညာတတ်​တစ်​ယောက်​
​သွေးထက်​အသက်​ကြီးပြီး​သွေးကို မိဘလို​ကောအကိုလိုပါချစ်​ပေးနိုင်​မယ့်​သူ
ဘဝ​ရှေ့​ရေးကို ဦး​ဆောင်​မှု​ကောင်း​ကောင်းနဲ့​သွေးကိုလဲကြင်​ကြင်​နာနာ​ဖေးမတတ်​မယ့်​လူသားမျိုး
ခုကျ​တော့ အဲ့လိုလူကဘယ်​မှာနည်း။
သူငယ်​ချင်း​တွေ​ပြောသလိုပဲလားမသိ။ ရည်းစားများတဲ့ခိုင်​က​တော့​ပြောဖူးပါသည်​။
မိ​သွေးရယ်​နင်​ကနင်​လိုချင်​တာပဲ စိတ်​ကူးထဲရှိ​နေတာ
အပြင်​မှာထပ်​တူကျတဲ့လူ​တွေအပုံကြီးရှိပါလျှက်​နဲ့
ဘာလို့နင်​ဘယ်​သူ့လက်​ကိုမှမဆွဲခဲ့တာလဲ....တဲ့။
အဲ့တုန်းက တကယ်​လဲအချစ်​ခံရပါ​သေးသည်​။​သွေးကိုယ်​တိုင်​ကငယ်​သေးသည်​ကတ​ကြောင်း။ စိတ်​မဝင်​စားသည်​ကတစ်​ကြောင်းမို့လို့ စိတ်​ရှုပ်​ရသည်​မှအပ ဘာပြသနာမှမရှိခဲ့။
ချစ်​နေရသည်​မှာလဲပင်​ပန်းသည်​။
အချစ်​ခံရတာလဲပင်​ပန်းသည်​တဲ့။
သို့​သော်​စစ်​ရဲ့အချစ်​တွေဂရုစိုက်​မှု​တွေ စာနာ​ဖေးမနားလည်​ပေးမှု​တွေကိုကျ ဘာလို့ပင်​ပန်းပြီးစိတ်​ရှုပ်​စရာလို့မမြင်​နိုင်​ခဲ့သနည်း။
....

ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေ ထင်းရှူးမြေမှာ လွမ်းရိပ်တို့ဝေTempat cerita menjadi hidup. Temukan sekarang