အပိုင်း(၂)

2.1K 101 7
                                    

Yours အပိုင်း(၂)

ကားပါကင်ထိုးတဲ့အထိ loveတစ်ယောက် ပွစိပွစိပြောလို့ မပြီးနိုင်။
" နင် နင် အမြဲတမ်းဘဲ မပြောမဆိုနဲ့ ထထလုပ် "

" ငါပျင်းလို့ shopping လေး ထွက်ချင်ရုံကို"

"နည်းနည်းပါးပါးတော့ ပြောအုံးလေ ငါမန်နေဂျာ ငါစီစဥ်ပေးမှာပေါ့ နင်ကိုနင် သာမန်လူများ ထင်နေသလား"

"တော်ပါတော့ဟာ VC ကုန်တိုက်ကိုတောင်ရောက်လာပြီ နားတွေလည်း ညီးလှပြီဟ"

"ပြောရမှာဘဲလေ ပြောရမှာဘဲ နောက်ခါဒီလိုမလုပ်နဲ့ ကြားလား"

"ဟုတ်ကဲ့ပါ အစ်မ love ခင်ဗျား"

love ပြောသာပြောနေရတယ် winကို သနားလည်းသနားသည်။ ကိုယ်ကဖြင့် ဟိုဟိုဒီဒီ သွားလို့လာလို့လွယ်သေးတယ်။သူ့မှာ အပြင်တစ်ခါထွက်ဖို့ကို မလွယ်၊ အောင်မြင်ပြီး လူကြိုက်များနေတယ်ဆိုပေမယ့် သူ့ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တစ်ခါတစ်လေ အထီးကျန်နေတတ်တာကိုလည်း သိသည်။

"ဟင်း... ဟိုပွဲနေ့က သတင်းတွေက အရှိန်သေသေးတာမဟုတ်ဘူး media တွေက နင့်ကိုဘဲ အာရုံစိုက်နေတာ"

" I know"

" ပြောလိုက်ရင် I know ပြီးရင်တလွဲဲလုပ်"

ကုန်တိုက်မှာ ပတ်နေတဲ့တစ်လျှောက်လုံး ပြောလို့မပြီးနိုင်။လူသိလို့မရပါဘူးဆို ဝတ်လာတော့ အဖြူဝမ်းဆက်။ဒါတောင် mask တွေ မျက်မှန်တွေ ကားထဲ အဆင်သင့် ဆောင်ထားလို့။win metawin တို့ကတော့ တစ်ကိုယ်တော် show ပွဲလုပ်ချင်နေတယ် ထင်တယ်။

ထောင့်ချိုးအရောက်
ဘုတ်... အင့်...
လဲကျသွားသူက love အရှိန်သိပ်မပါပေမယ့် ယောကျာ်းအားနဲ့မို့ လဲကျပြီး လက်ထဲက အထုတ်တွေပါ ပြန့်ကျဲသွားသည်။နှစ်ယောက်သား စကားတပြောပြောဖြင့်လာရာ ထောင့်ချိုးကို သတိမထားမိလိုက်။လဲကျနေတဲ့ loveကို ထူပေးရင်း ဝင်တိုက်တဲ့လူကို လှမ်းကြည့်မိတော့ business suit all black အပြည့်အစုံဝတ်ထားပြီး တော်တော်ကြီးကို ချောတဲ့လူလို့ ပြောလို့ရသည်။ နောက်ပါးမှာလည်း ကိုယ်ရံတော်လိုလို ဘာလိုလို လူတွေနဲ့။ထိုလူက သူတို့ကို တစ်ချက်ဝေ့ကြည့်ရင်း...

Yours (Completed)Where stories live. Discover now