အပိုင်း (၁၀)

1.5K 80 7
                                    


အချစ်ရဲ့ "ပြန်ရင် လိုက်ပို့ပေး" ဆိုတဲ့စကားအတိုင်း သူကိုယ်တိုင်ကားမောင်းကာ အချစ်ရဲ့ condo ကို လိုက်ပို့ပေးမိသည်။မဟုတ်ရင်တောင် နောက်က တိတ်တဆိတ်လိုက်ကြည့်နေကြဘဲ မဟုတ်လား...။Ponကိုတော့ အဆင်ပြေတာနဲ့ပြန်ဖို့ပြောရင်း ထားခဲ့လိုက်သည်။ကားပေါ်တက်တုန်းကလည်း ကားတံခါးကို သေချာဖွင့်ပေးသလို ခေါင်းထိမှာစိုးလို့ လက်နဲ့ ကာပေးဖို့လည်း မမေ့။ခါးပတ်ကို သေချာပတ်ပေးဖို့ ပြင်တော့ ပျာပျာသလဲ တားရှာသည်။ဒီဂရုစိုက်မှုတွေက လုပ်ယူနေတာမဟုတ် သူ့ဘာသာ လုပ်ပေးချင်လို့ လုပ်ပေးတဲ့ အရာတွေ။ ကားကို ဂရုတစိုက်မောင်းနေသလို အချစ်ရဲ့ မျက်နှာကိုလည်း ဂရုတစိုက်လှည့်ကြည့်နေမိသည်။

"တစ်ခုခုပေနေလို့လား...."

"မပေပါဘူး...ဘာလို့လဲ.."

"မသိဘူးလေ P' Baii က ကြည့်ကြည့်နေတာကိုး.."

"အဟက်ဟက်..."

Winလည်း သူ့ဘေးက ကားကိုဂရုတစိုက်မောင်းနေသူကို မသိမသာ အကဲခတ်ကြည့်မိသည်။All black suti နဲ့ ခန့်ညားထည်ဝါလှသည့် မျက်နှာ။တည်နေရင်လည်း ရှိန်ရသလို ပြုံးလိုက်တော့လည်း ကလေးလိုမျိုး အပြစ်ကင်းစင်သည်။

"ကိုယ်က ကြည့်လို့ကောင်းလား..."

"အင်း..ဟင်..အဲ..ဟို..." စကားတွေ ထစ်ထစ်ငေါ့ငေါ့ဖြင့် လည်ပင်းကို လက်ဖြင့်ပွတ်ကာ ပြန်လှည့်သွားသည်။

"ဟားဟား ရှက်သွားတာလား..."

"ဘာဖြစ်လဲ ကြည့်ကောင်းလို့ ကြည့်တာဘဲ..."

"ကိုယ်က ကြည့်ကောင်းယုံတင် ကောင်လေးက ချစ်စရာပါကောင်းတာ..."

"I know.."

"ဟား..ဟား..လိပ်လေးဘဲ..."

ဒီလူနဲ့ သိရတာ မပျင်းရဘူးဘဲ အရင်က ငါကြားထားတာတွေက မှားများမှားနေတာလား..သိပ်မပြုံးမရယ်ဘဲ သည်းမခံတတ်ဘူးဆိုတဲ့သူကလေ...ဒီမှာကျတော့လည်း ပါးစပ်နားရွက် တက်ချိတ်တော့မယ်..Win တစ်ယောက်တည်း အတွေးတွေ ပွားနေမိသည်။ထိုစဥ် loveဆီကနေ ဖုန်းဝင်လာကြောင့်...

"Hello love..ပြန်နေပြီလား.."

"အေး ငါပြန်နေပြီ..နင်ရော ပြန်နေပြီလား..."

Yours (Completed)Where stories live. Discover now