အပိုင်း(၁၄)

1.4K 68 4
                                    


"ဘာဖြစ်လဲ အလှလေး မျက်နှာလည်းမကောင်းဘူး.."

"ဟင်း... " အလှလေးက သက်ပြင်းသာချပြီး ဘာမှမပြောချေ။ ကိုယ့်ချစ်ရသူ မျက်နှာ ညှိုးနေတာ မြင်တော့လည်း Gun Smile မှာ မနေသာ။ အားရင် ထွက်လာခဲ့ပါအုံး ဆိုပြီး လှမ်းခေါ်တာကြောင့် မြို့ထဲက coffee ဆိုင်ကို ရောက်နေတာဖြစ်သည်။Win အတွက်နဲ့တော့ မဖြစ်နိုင်၊ သခင်လေး အင်အားနဲ့ အကုန်လုံးရှင်းထားတာကြောင့် ကုန်တိုက်အသစ်မှာ ဖြစ်သွားတာအကုန်လုံး တစ်စွန်းတစ်စတောင် အသံမထွက်လာ။ ဘယ်သူကမှ Brightvcဆိုတဲ့ သခင်လေး စကားကို မဆန့်ကျင်ရဲကြ၊ ဆန့်ကျင်ရင်လည်း ပျက်ဆီးရာ ပျက်ဆီးကြောင်းက သူတို့တွေဘဲ ဖြစ်လာမှာလေ။

"ဟင်..ကိုယ့်ကိုပြောလေ.. ကိုယ်ဖြေရှင်းပေးမှ ရမှာပေါ့.."

"ဒီနေ့ loveရဲ့ အဒေါ်နဲ့ သွားတွေ့မို့..."

ဘာဖြစ်လို့လဲ အဒေါ်နဲ့ သွားတွေ့တာဘဲကိုလို့ သူcomplain မတက် အလှလေးမှာ အကြောင်းရှိမှာပေါ့။ပြောပြချင်တယ်ဆိုရင်  နားထောင်ပေးရမှာ သူ့တာဝန်။

သွားတွေ့တာက ပြဿနာမဟုတ်ပေမယ့် ပြဿနာက သူမအဒေါ်ဖြစ်နေတာ။ love ဖေဖေ ဆုံးသွားပြီး စီးပွားတွေပျက်လို့ မလုပ်တတ်မကိုင်တတ်နဲ့ ဆင်းရဲဒုက္ခရောက်ရတဲ့ အချိန် ဖေဖေရဲ့ ညီမဖြစ်တဲ့ သူမအဒေါ်ဆီ အကူအညီတောင်းကာ အဒေါ်အိမ်မှာ ခိုကပ်နေရခဲ့ပေမယ့် အဒေါ်က သူမတို့ သားအမိနှစ်ယောက်ကို အမြင်မကြည်။ နောက်ပိုင်း မေမေလည်း ဖေဖေ့စိတ်နဲ့ ဆုံးပါးသွားပြီး အလုပ်တွေ ရှာလုပ်ရအချိန်ထိလည်း တနေ့မှ အကောင်းပြောမခံရ။ သူမကသာ အဒေါ်ဆိုပြီး အဆင်ပြေလာတဲ့အချိန် ပြန်ထောက်ပံ့ပေမယ့် ဘာကို အမြင်မကြည်မှန်း မသိချေ။အဆိုးဆုံးက Win နဲ့ အထင်လွဲတာဘဲ။ တစ်ခါသွားတွေ့လို့ Win ကလိုက်ပို့တာကို သူမလေးကို ​ပြောလိုက်တာများ ရစရာမရှိ။ပျက်ဆီးနေတဲ့ မိန်းမတို့ ယောကျာ်းလေးတွေနဲ့ တွဲနေတဲ့ မိန်းမတို့ မဟုတ်တန်းရားတွေ အပြောခံခဲ့ရသည်။ Win ဆို စိတ်ဆိုးပြီး နောက်တစ်ခါ မသွားခိုင်းတော့ချေ။ ဘယ်လိုဘဲ အပြောခံရခံရ အဆင်မပြေချိန်မှာ နေစရာပေးထားတာနဲ့တင် ကျေးဇူးရှိလှပြီမို့ သူမလေးမှာ မပစ်ပယ်ဘဲ ကိုယ့်ကို မကြိုဆိုတဲ့ နေရာကို အချိန်ရရင် ရသလို သွားပြီး လိုအပ်တာတွေ ကူညီထောက်ပံ့နေတုန်းပင်..။Gun Smile အကြောင်းစုံကို သိလိုက်ရတော့ အလှလေးကို သူ ပိုသနားစိတ် ဝင်မိသွားသည်။ အဲ့လောက် ကြမ်းတမ်းမယ်လို့ မထင်ခဲ့ရိုးအမှန်။

Yours (Completed)Where stories live. Discover now