အပိုင်း (၂၆)

1.2K 59 8
                                    

ကာလာစုံတဲ့ ပန်းပွင့်အမျိုးမျိုးနဲ့  lilyပန်း၊ ကျူးလစ်ပန်းတွေကို အဖြူရောင်ဆို အဖြူရောင်၊ အနီရောင်ဆို အနီရောင်တွေချည်း ပန်းလေးတွေကို စုစည်းထားပြီး စင်အလှလေးတွေနဲ့ အမျိုးအစားခွဲကာ ထားထား၏။ နံရံတွေက အညိုရောင်၊ ကာထားတဲ့ လိုက်ကာစတွေက အစ အညိုဖျော့ရောင်လေးတွေနဲ့ ကြည့်တဲ့သူတိုင်း၊ ရောက်လာတဲ့သူတိုင်းကို စိတ်အေးချမ်းစေမယ့် အညိုရောင် ရပ်ဝန်းလေးကို ပြပါဆိုရင်တော့ love ရဲ့ floral shop လေးကို ပြေးမြင်မိတာ အမှန်..။တိမ်ပုံ ပန်းချီကား၊ဓာတ်ပုံအမျိုးမျိုးကို အညိုရောင်ဘောင်လေးတွေဖြင့် ကွပ်ထားပြီး နံရံမှာ ချိတ်ဆွဲကာ အလှဆင်ထားသည်။ဆိုင်အပြင်အဆင်တစ်ခုလုံးကို အညိုရောင်ဖျော့ဖျော့လေးသုံးထားတဲ့ love ရဲ့ မူပိုင်ရပ်ဝန်းငယ်လေး..။

"ချွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် Tulip တွေကို လက်ဆောင်ပေးလေ့ရှိတယ်တဲ့.." ဒါကြောင့်မို့ စုံတွဲတွေကြားမှာ Tulip ပန်း လက်ဆောင်ပေးဖိုက လိုကိုလိုတယ်.. Win...နင်...မရဖူးဘူးမှတ်လား.."

love က Tulipတွေကို အရောင်တွေခွဲနေရာမှ မလှမ်းမကန်းက Win ကို လှမ်းမေးသည်။

"ငါနဲ့ ဘာဆိုင်လို့လဲ.."

"ဆိုင်တာပေါ့..နင်တို့နှစ်ယောက်က ချစ်သူတွေလေ.."

"Aww နင်နဲ့ Phi Gun Smile ကရော ချစ်သူတွေ မဟုတ်ဘူးလား.."

"အေး..ဟုတ်သား....ဒါပေမယ့် ငါက Tulip တွေကို ပိုင်ပြီးသားလေ.."

"မပြောတော့ဘူး နင့်ကို....ဆိုင်ကိုလိုက်ခဲ့အုံးဆိုလို့ လိုက်လာတာ..ငါဘာမှမစားရသေးဘူး.."

"အေး..လာ..ကော်ဖီသွားသောက်မယ်..ကောင်မလေးတွေနဲ့ ထားခဲ့လိုက်မယ်..."

Love တစ်ယောက် အဲ့လောက် ပန်းတွေကို ချစ်တတ်လိမ့်မယ်လို့ ထင်ကို မထင်ထား..။ပန်းတွေကြားထဲမှာ အလုပ်လုပ်နေရရင် အကုန်လုံးကို မေ့တော့တာ..။Win ရဲ့ scence တွေက တော်တော်များများ ရိုက်ကူးပြီးပြီမို့ အားလပ်ချိန် ရနေတာဖြစ်သည်။ ဆိုင်ဖွင့်ပြီးထဲက မရောက်ဖြစ်တာနဲ့ love နဲ့ အတူတူလိုက်လာခဲ့လိုက်တာ ဖြစ်သည်။ဒီရပ်ဝန်းလေးက တော်တော်အေးအေးချမ်းချမ်းမို့ Win အနေနဲ့ Mask မတပ်ထားရင်တော့ ရတဲ့အနေအထား..။Winက တီရှပ်ဖြူဖြူဆွတ်ဆွတ်လေးကို ဂျင်းအနက်ရောင်ဘောင်းဘီထဲ ထည့်ဝတ်ထားတာကြောင့် ခါးသေးသေးလေးက ပိုပေါ်လွင်နေသလို..။Win metawin ဆိုတာ ရိုးရိုးလေးဝတ်ထားရင်တောင် အရှိန်အဝါက တောက်ပနေမြဲဘဲ..။ ကော်ဖီဆိုင်ရောက်တော့ love က ကော်ဖီနဲ့ မုန့်မှာလိုက်ရင်း...

Yours (Completed)Where stories live. Discover now