အပိုင်း(၁၈)

1.3K 70 6
                                    

"Phi Baii အလုပ်အားရင် ခဏလောက် တွေ့လို့ရမလား.."

"အင်း မောင်လာခဲ့မယ်.. ဘယ်ကိုလာရမလဲ.."

"Condo နားက cafe ဆိုင်ကိုဘဲ လာလိုက်နော်.."

"အင်း အချစ်..."

မနက်စောစောစီးစီး ဖုန်းဆက်လာတဲ့ အချစ်ကြောင့် နည်းနည်းဘဲ အိပ်ရသေးတဲ့ Brightvcမှာ အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းထကာ သွားဖို့ပြင်ရသည်။ စိတ်မကောင်းစရာ တစ်ခုခုမှ ကြုံခဲ့ရသလား..အသံလေးက သိပ်မကောင်း..။
Win လည်း သူသိချင်နေတာတွေကို ဒီနေ့မျက်နှာချင်းဆိုင် မေးမယ်လို့ ဆုံးဖြတ်လိုက်ပြီး မနက်အစောကြီး P'Baii ကို ချိန်းလိုက်မိသည်။shooting သွားရအုံးမှာ ဖြစ်တာကြောင့် သူလည်း ပြင်ဆင်ပြီး ဆိုင်မှာဘဲ P' Baii ကို ထိုင်စောင့်နေလိုက်တော့သည်။ ခဏအကြာမှာတော့.....

"အချစ်.."

"ဟင်.."

Phi Baii က business suit အပြည့်အစုံနဲ့ ဖြစ်နေပြီး ဆံပင်တွေကို လှန်တင်ကာထားတဲ့ ပုံစံကို ခန့်ညားလွန်းနေသည်။ဘုရားသခင် P' Baii ကို ဖန်ဆင်းတုန်းက အချိန်တော်တော်ယူခဲ့ရမှာ..။

"မောင် နည်းနည်းကြာသွားတယ် sorry နော် အချစ်.."

"အာ..ရပါတယ်.." P'Baii က သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း.. ကြည့်မိတော့ အချစ်က ရိုးရိုးရှင်းရှင်း တီရှပ်အဖြူရောင်လေးကို ဂျင်းဘောင်းဘီဖြင့် တွဲကာ ဝတ်ဆင်ထားသည်။ဒီလိုပုံစံလေးကကို ချစ်စရာကောင်းနေခြင်း။  cafe ဆိုင်မှာက လူတွေရှင်းလို့ တော်သေး၏။

"ဘာလို့လည်း အချစ်.. မောင်ကိုပြောပြလေ.."

အချစ်ပုံစံကြည့်ရတာ စိတ်ရှုပ်တာတွေရော၊ ဝေခွဲမရဖြစ်နေတဲ့ ပုံစံတွေ မြင်ရတာကြောင့် မေးမိလိုက်ခြင်း။

"Phi Baii ကို မေးစရာရှိလို့.."

"အင်း မေးလေ.."

"Win ကို ဘယ်လိုမျိုး ချစ်တာလဲ..."

သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလာတဲ့ ကောင်လေးရယ်ပါ..။ဒါပေမယ့် Brightvc အချစ်ကို စိုက်ကြည့်ပြီး တော်တော်နဲ့ ပြန်မဖြေခဲ့၊ သူပြန်မဖြေလို့ စိတ်ပျက်သွားတဲ့ အမူအရာလေးက အထင်အရှား..။

Yours (Completed)Onde histórias criam vida. Descubra agora