အပိုင်း (၁၆)

1.4K 75 6
                                    

"ချစ်ခြင်း မေတ္တာကို ဘယ်လို  မှတ်ယူထားလဲ love.."

"ငါ့အတွက်တော့ အချစ်ဆိုတာ အေးချမ်းခြင်းလို့ဘဲ မှတ်ယူတယ် Win....နှစ်ဦးနှစ်ဖက်မှာ တစ်ဖက်ထဲက ပေးဆပ်နေရရင်.. တစ်ဖက်ထဲက ပူလောင်နေရရင် ဒါကိုအချစ်လို့ သတ်မှတ်လို့ မရဘူး...ဒါကြောင့်  ချစ်သူရှာမယ်ဆိုရင်လေ ကိုယ့်ရဲ့ အေးချမ်းရာကိုဘဲ ရှာစေချင်တယ်.."

"အင်း..."

"ယောကျာ်းလေးချင်းဘဲ ဖြစ်ဖြစ် မိန်းကလေးအချင်းဘဲ ဖြစ်ဖြစ် ချစ်ကြတာက ချစ်တာဘဲလေ.. သူတို့ချင်းချစ်နေကြရင် ဒါအေးချမ်းတာဘဲလေ.. မုန်းနေတာက ဘေးကလူတွေပါ လိုက်ပူလောင်ရတာ... ဘာလို့ အချစ်လို့များ မမြင်ပေးနိုင်တာပါလိမ့်..."

"....."

"ဘာမှအများကြီးတွေးမနေနဲ့ Win နင့်နောက်မှာ ငါတစ်ယောက်လုံး ရှိတယ် snowballpower တွေလည်း နားလည်ပေးကြမှာပါ..နင့်နှလုံးသားအလိုတိုင်း လိုက်လိုက်နော်.."

"ငါ အများကြီးတွေးနေတာမဟုတ်ဘူး ငါကိုယ့်ငါသေချာချင်တယ် love တစ်သက်လုံး သူ့ကို လက်တွဲသွားဖို့အရေး ငါ့ကိုယ်ငါ သေချာချင်တယ်..."

"အင်း.. ငါနင့်ကို နားလည်တယ်.. Phi Bright အတွက် အချိန်များများ ပေးကြည့်လိုက်ပေါ့ဟာ.."

"ငါ့ရဲ့ အားလပ်ချိန်တွေအကုန်လုံး သူ့အတွက်ကြီးပါဘဲနော်.."

ဒီလိုပြောတော့ love က သူ့ကို ပြုံးပြီး ကြည့်သည်။မနေ့ကတော့ P'Gun Smileနဲ့ တွဲတဲ့ ကိစ္စရော အဒေါ်အိမ်သွားတဲ့ ကိစ္စရော သူ့ကို မပြောသွားလို့ဆိုပြီး ရန်ဖြစ်ကြသေးသည်။အခုကျ​တော့လည်း ဘာမှမဟုတ်တော့သလို..။Phi Gun Smile အကြောင်း ပြောပြတော့ ဒါဆိုရင်တော့ စိတ်ချသွားပါပြီတဲ့လေ...။ ဒီရက်ပိုင်း shooting လည်း စနေပြီဖြစ်၍ win ရောlove ရော မအားလပ်။ သီချင်းထွက်ဖို့ပါ ပြင်ဆင်နေရ၍ အားလပ်ချိန်ကို မရှိသလောက် ဖြစ်နေ၏ ။

"1991Liner က အစ်ကိုတွေရော ဘာပြောသေးလဲ love.."

"သူတို့မန်နေဂျာပြောတာတော့ သူတို့သီချင်းအတွက် လုပ်နေကြတယ်တဲ့.. အပြီးသတ်ရင်တော့ နင်နဲ့ လာတိုင်ပင်မယ်တဲ့..."

"အင်း..အင်း.. ငါလည်း အသံသွင်းဖို့ဘဲ ကျန်တော့တာ.."

"အင်း.. လိုတာရှိရင် ပြောလေ.. ငါ ကူပေးမယ်.."

Yours (Completed)Where stories live. Discover now