အပိုင်း(၂၅)

1.4K 62 7
                                    

ရင်ခွင်ထဲက လှုပ်လီလှုပ်လဲအရာလေးက အနွေးဓာတ်ရလို့ထင် brightvc ရင်ခွင်ထဲ တိုးဝင်လာသည်။ဒီနေ့မှ ပိုနွေးနေတာကြောင့် brightvc လည်း မထချင်တော့။ဒါပေမယ့် ကောင်လေး အလုပ်သွားရအုံးမှာလို့ ​ပြောထားတာကြောင့် နာရီကြည့်လိုက်တော့ 6နာရီခွဲ ရှိနေပြီ ဖြစ်၏။ ရင်ခွင်ထဲက အနွေးဓာတ်လေးက အခုထိ အိပ်မောကျနေတုန်း..။ ကြယ်တွေလို လင်းလက်တဲ့ မျက်လုံးလေးတွေကို ဖိပိတ်ထားတဲ့ မျက်ခွံကြည်ကြည်လေးတွေ..။ဖြောင့်တန်းနေတဲ့ နှာခေါင်းလေး..။ရဲရဲနီနေတဲ့ ပါးမို့လေးတွေ..။ ညက သူ့လက်ချက်ဖြင့် ပေါက်ပြဲနေတဲ့ နှုတ်ခမ်းနုနုလေးတွေ..မျက်စိရှေ့မှာ မြင်နေရတာတွေက ပန်းချီဆရာတွေ ငိုချင်သွားလောက်အောင် လှလွန်းလှသည်။ မျက်လုံးလေးတွေ မှိတ်တဲ့အထိ ပြုံးပြလိုက်ရင်များ မိုနာလီဇာတောင် ရင်ထုငိုသွားရမှာ..။သူ့လက်မောင်းကို ခေါင်းအုံးထားပြီး လက်ကလေးတွေက သူ့ခါးကို ဖက်ကာထားသည့်ပုံက သူ့အိမ်မက်တောင် မမက်ရဲခဲ့ဖူးတဲ့ အရာ.. ဒီအခြေအနေလေးကို တစ်သက်လုံး ထိန်းသိမိးထားချင်မိသည် ။အရေပြါးအထူးကု ပေးတဲ့ဆေးက စွမ်းတယ်ထင်၏။ အက်ျီလေးကို အသာလှပ်ကြည့်မိတော့ သူသောင်းကျန်းထားတဲ့ အရာများ မရှိတော့။ လက်ချောင်းလေးတွေကို အသာယာယူကြည့်မိတော့ လက်ချောင်းလေးတွေမှာလည်း မရှိတော့..။

"အဟက်..." သဘောကျစွာ တစ်ချက်ရယ်ရင်း အိပ်မောကျနေတဲ့ ကောင်ငယ်လေးကို တစိမ့်စိမ့် ကြည့်နေမိတော့သည်။Win တစ်ယောက် အိပ်ချင်စုံမွှားနဲ့ တဝါးဝါးသန်းရင်း လက်ကို ဆန့်တန်းမိတော့ ခပ်မာမာတစ်ခုကို စမ်းမိ၏

"ဟင်..ဘာကြီးလဲ.." မျက်လုံးမဖွင့်နိုင်သေးဘဲ  စမ်းမိတဲ့ခပ်မာမာအရာကို ဘာလဲဆိုပြီး စူးစမ်းမိသည်။ဘယ်နေရာ ရောက်နေလည်းဟု စဥ်းစားရင်း မနေ့ညက အဖြစ်အပျက်တွေ ခေါင်းတွေ ဝင်လာသည်။အာ..သူ သတိလစ်သွားခဲ့တာဘဲ..သွားပြီ..ရိုက်ကွင်းသွားရပါအုံးမယ်ဆို..မောင်က...

"အိပ်ယာက မနိုးသေးဘူး မောင့်ကို ကျိန်ဆဲနေတာလား အချစ်.."

အိပ်မှုန်စုံမွှားနဲ့ သူ့ရင်ဘတ်ကို လက်နဲ့စမ်းပြီး မျက်မှောင်ကုတ်လိုက် နှုတ်ခမ်းစူလိုက် လုပ်နေတာကြောင့် သူ့ကိုပြောနေပြီမှန်း သူသိလိုက်၏။

Yours (Completed)Where stories live. Discover now