Win ဖုန်းချပြီး လဲကျနေရာက မထဘဲ ဒီအတိုင်းသာ ထိုင်စောင့်နေလိုက်သည်။ယောက်ျားလေးတစ်ယောက် ဖြစ်ပါရက်နဲ့ ဘာလို့ ယောက်ျားလေးတစ်ယောက် ရင်ခွင်ထဲကို ခိုဝင်ချင်နေမိမှန်းမသိ။အားကိုးတကြီး သတိရမိတာ Brightvc ကိုတဲ့လေ..။ဒီလူကိုမှတဲ့လေ...။ ခဏနေတော့ ကားတစ်စီး အကြမ်းပတမ်းနဲ့ မောင်းဝင်လာတာ တွေ့သည်။
Brightvc လည်း ကားရပ်ရပ်ချင်း ပြေးဆင်းကာ ကောင်လေးဆီ ပြေးသွားမိသည်။ရုတ်တရက်မှတ်တောင် မမှတ်မိ။mask ကအစ အနက်ရောင်ဖြင့် နားမှာလည်း စိန်ပွင့်လေးက တလက်လက်။ လေလိုအလျင်နဲ့ ရောက်လာသူက ရောက်ရောက်ချင်း..."ဘယ်နားနာနေလဲ ကောင်လေး..."
"Phi Baii..."
Win က ခေါ်ရင်း သူ့ရင်ခွင်ထဲ တိုးဝင်လာတာကြောင့် အသက်တောင် အောင့်ထားလိုက်မိသည်။ပြီးမှ စိတ်ကို ငြိမ်အောင် ထားရင်း...
"အင်း..ဘာဖြစ်လဲ ကိုယ့်ကိုပြော..ကိုယ်ရောက်လာပြီနော်.."
"Condo ပြန်ပို့ပေး.."
"ဆေးရုံသွားရအောင်လေ ကောင်လေးရယ်.."
"ဟအင်း သွားရင် အကုန်ရှုပ်ကုန်လိမ့်မယ်.. Condo ဘဲ ပြန်ပို့ပေး.."
ထိုအခါမှ ရင်ခွင်ထဲက ထုတ်ကာ တစ်ကိုယ်လုံးနဲ့ ပတ်ဝန်းကျင် အနေအထားကို စစ်ဆေးကြည့်မိသည်။ခပ်လှမ်းလှမ်းမှာလည်း ပြိုင်ကားအနက်ရောင်လေးက ရပ်လျှက်။
"ဘာလဲ ဟိုကောင်တွေ ရှုံးမဲမဲပြီး လုပ်သွားတာလား.."
"ဟင်..Phi ကဘယ်လိုသိ..."
"ကိုယ် ဒီလိုဘဲ ဆက်စပ်တွေးကြည့်တာ.."
"ဟုတ်တယ် တိုက်မိတော့မို့ ရှောင်တာ တော်လို့..."
Brightvc ကောင်လေးကို ပွေ့ချီရင်း အံကို ခပ်တင်းတင်း ကြိတ်လိုက်မိသည်။ရင်ခွင်ထဲက ကောင်လေးကလည်း သူ့လည်ပင်းကို ဖက်ကာ လိုက်ပါလာသည်။အဲ့ကောင်တွေကို ဒီအတိုင်းမထားဘူး ကြည့်နေလိုက်..။ကံကောင်းပေလို့ပေါ့..။ကားပေါ်ကို သေသေချာချာတင်ပေးပြီးတော့..
"Phi Baii.."
"အင်း ကိုယ်ရှိတယ် ပြော...ကောင်လေး.."
"အဲ့ကောင်တွေဆီက ကားတစ်စီးရမယ် Flash နာမည်နဲ့ ရအောင် တောင်းပေးနော်..."
BINABASA MO ANG
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...