ငိုနေတဲ့ကလေးကို အငိုတိတ်တဲ့အထိ ချော့ပြီး ဘေးနားမှာ နေပေးရင်း စောင့်နေပေးလိုက်သည်။
"မောင်..."
"အင်း..အချစ်..."
"အပြင်သွားမလို့လား..ခုနက..."
"အင်း...P' Dim တို့ဆီ သွားမလို့လေ အကုန်လုံး အဆင်သင့် ဖြစ်နေပြီလို့တော့ ပြောတယ်..."
"အချစ်လည်း လိုက်ချင်တာ..ဒါပေမယ့် ပြီးကျရင် photo shooting ရှိတယ်..."
"ဟောဗျာ...အဲ့ဒါဆို နားတော့..ထပ်မငိုနဲ့တော့..ဘာစားချင်လည်း..မောင် စီစဥ်ပေးမယ်..."
"ဟင့်အင်း..."
"တစ်ခုခုတော့ စားအုံးလေ...မောင် love ကို ဝင်ခေါ်ခိုင်းထားတယ်..."
"မောင်...."
"ဗျာ..."
"ချစ်လား..."
"ချစ်တာပေါ့ မောင့်ကလေးလေးရယ်...မင်းက မောင့်အတွက် ရှင်သန်ရာ လေးပါ..."
"အချစ်လည်း...မောင့်ကို ချစ်တယ်..."
ပြောရင်း သူ့လည်ပင်းတွေကို သိုင်းဖက်လာပြီး ရင်ခွင်ထဲ တိုးဝင်လာပြန်၏။ကိုယ်လုံးနွေးနွေးအိအိလေးကို ဖက်ရင်း Brightvc ရင်ထဲ တသိမ့်သိမ့်ရယ်...၊အချစ် သူ့ကို ချစ်တယ်လို့ တစ်ခါပြောတိုင်း ကြည်နူးရလွန်းလို့ မျက်ရည်တွေ ဝဲတဲ့ အထိ။ကလေးလေးကလည်း စိတ်အခြေအနေမကောင်းတော့ သူ့ကို ချွဲချင်နေပုံရ၏။ပုံမှန်ဆိုဒီလိုမျိုးမှ မလုပ်တာ..။
"မားမားတို့က မကြာမကြာ လာတွေ့မယ်တဲ့..."
"အင်း..."
"မောင့်ကို မားမားတို့နဲ့ မိတ်ဆက်ပေးမယ်..."
"အင်း..."
"မောင်...အချစ်တို့ လက်ထပ်ပြီးရင် Japan ကို ခရီးထွက်ရအောင်..."
"လက်ထပ်ပြီးမှ မဟုတ်ပါဘူး အချစ်ရယ်.. အချစ်သွားချင်ရင်..မောင် လိုက်ပို့မှာပေါ့..."
"ဟင့်အင်း..Honeymoon အနေနဲ့ သွားချင်တာ..."
"ဟုတ်ပါပြီဗျာ..."
Winလည်း မောင့် ရင်ခွင်ထဲဝင်ရင်း စကားတွေ အများကြီး ပြောနေမိသည်။ဒါ ပထမဦးဆုံး မောင့် companyကို ရောက်ဖူးတာဖြစ်ပြီး အခုမှ ဘေးပတ်ဝန်းကျင်ကို စပ်စုမိသည်။ VC ရုံးချုပ်က အထပ်ပေါင်း 9ထပ်ရှိပြီး အထပ်တိုင်းမှာ နားနေခန်းနဲ့ Boss ရုံးခန်းကို ထည့်သွင်းထားတာ ဖြစ်သည်။Brightက ပုံမှန်ဆို 5ထပ်မြောက် ရုံးခန်းမှာဘဲ နေလေ့ရှိတာ ဖြစ်သည်။အခုက အောက်ဆုံးထပ်ကို ဆင်းလာတဲ့အချိန် ကောင်လေးရောက်လာတာနဲ့ တိုးသွားတာ ဖြစ်သည်။
YOU ARE READING
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...