အပိုင်း (၃၀)

1.2K 59 3
                                    

"Constellations of stars🎶
ကြယ်တွေ စုတန်းပုံပေါ်နေတဲ့ နေရာမှာ..."

"Murals on city walls 🎶
မြို့တံတိုင်းပေါ်က နံရံဆေးရေးပန်းချီတွေမှာ...."

"I don't see nobody but you 🎶
မင်းက လွဲပြီး ဘယ်သူ့မှ ကိုယ်မမြင်ဘူး..."

"You're my vice, you're my muse 🎶
မင်းက ကိုယ့်ရဲ့ အားနည်းချက်, မင်းက ကိုယ့်ရဲ့ ခွန်အား..."

"You're a nineteeth floor view 🎶
မင်းက 19ထပ်ပေါ်က မြင်ရတဲ့ မြင်ကွင်းလိုဘဲ..."

"I don't see nobody but you~~~~
မင်းက လွဲပြီး ဘယ်သူ့မှ ကိုယ်မမြင်ဘူး..."

"Boy, you got me hooked on to something who could say that saw us coming? Tell me, Do you feel the love?

"ကောင်လေး, မင်းငါ့ကို ငြိတွယ်လာအောင် တစ်ခုခုနဲ့ လုပ်လိုက်ပြီ..ကိုယ်တို့လာနေတာ သူတို့မြင်တဲ့အခါ ဘယ်သူက အဲ့စကားကိုပြောမှာလဲ...ကိုယ့်ကိုပြောပါ..ကိုယ့်အချစ်ကို ခံစား မိလား.."

"Spend the summer of a life time with me, let me take you to the place of your dreams,Tell me, Do you feel the love?

"ကိုယ်နဲ့နွေရာသီကာလပတ်လုံး အချိန်ဖြုန်းပေးပါ.. မင်းအိမ်မက်ထဲက နေရာတွေဆီ လိုက်ပို့ပေးပါရစေ..ကိုယ့်ကိုပြောပါ..ကိုယ့်အချစ်ကို ခံစားမိလား...🎵🎵"

Wedding ခန်းမဆီက သီချင်းသံက ပျံ့လွင့်လျက်....

တက်ရောက်ချီးမြှင့်ကြတဲ့ ဧည့်ပရိတ်သတ်တွေကလည်း တဖြေးဖြေး ခန်းမထဲ နေရာယူနေကြပြီ ဖြစ်သည်။ဘုရားကျောင်းမှာ ဆောင်တာမဟုတ်ဘဲ ခန်းမမှာ ဆောင်တာမို့ အသိသက်သေတွေရှေ့ လက်မှတ်ထိုးပြီးတာနဲ့ လိုက်ဧည့်ခံရုံ ဖြစ်သည်။သတို့သားနှစ်ယောက်ဖြစ်တဲ့ Dim နဲ့ Green က အပြာဖျော့ရောင် suit လေးတွေနဲ့ ခန်းမတစ်ခုလုံးကိုလည်း အပြာဖျော့လေးကို သုံးထားတာမို့ အေးအေးချမ်းချမ်းလည်း ရှိလှသည်။Dim လည်း လက်တွေ့ပိုင်ဆိုင်ရပြီဖြစ်တဲ့ ကလေးငယ်ကို ကြည့်ရင်း ကြည်နူးနေမိသည်။လိုက်ဧည့်ခံတဲ့ တစ်လျှောက်လုံး လက်ကလေးကို တစ်ချက်လေးတောင် မလွှတ်ပေးနိုင်။Green က သူ့သူငယ်ချင်းတွေ လာလို့ သွားနှုတ်ဆက်တာတောင် သူ့မှာ မျက်စိအောက်က မပျောက်မခံနိုင်ရှာ...။ကလေးငယ်ကလည်း ဒီနေ့ကျမှ ပိုပြီး လှနေသလို။

ထိုစဥ် ခန်းမထဲကို နို့နှစ်ရောင် ဆင်တူsuit နဲ့ ဝင်လာတဲ့ သခင်လေးတို့ စုံတွဲ..။ သခင်လေး Win ကလည်း သခင်လေး Bright လက်ကို ချိတ်လျက် လျှောက်လာကြသည်။ ခန်းမထဲကို ရောက်နေတဲ့ သူတွေရဲ့ စိတ်အာရုံက သူတို့နှစ်ယောက်ဆီမှာ....။

Yours (Completed)Onde histórias criam vida. Descubra agora