အပိုင်း (၁၂)

1.5K 76 6
                                    

"အဲ့ဇာတ်ကားကို လက်ခံတယ် Phi "

"သေချာပြီလားWin, စဥ်းစားပြီးပြီလား.."

"ဟုတ် ကျွန်တော်သေချာ စဥ်းစားပြီးပါပြီ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ..."

"Ok, အဲ့ဒါဆို ဟိုဘက်ကို Phi အကြောင်းပြန်လိုက်တော့မယ်.."

"ဟုတ် Phi, ခွင့်ပြုပါအုံး.."

Phi Tha ကို နှုတ်ဆက်ကာ နှစ်ယောက်သား ပြန်ထွက်လာခဲ့သည်။တစ်နေ့ကထိ ခြေထောက်နာတယ်ဆိုပြီး နားနေတဲ့လူက ဇာတ်ကားကို လက်ခံလိုက်ကြောင်း လှမ်းပြောတော့ love မှာ အံ့သြသွားရသေးသည်။Win metawin တို့ လုပ်လိုက်ရင် အလန့်တကြားရယ်ပါ။ဒီဇာတ်ကားကို သူလည်း လက်ခံစေချင်သည်။ပင်ပန်းတယ်ဆိုတာသိပေမယ့် အခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး မဟုတ်လား။love က Win ကို စိတ်ချရတဲ့သူလက်ထဲ အပ်ပြီးမှ အလုပ်ကနေထွက်ဖို့ ဆုံးဖြတ်ထားတာ။သူရှိနေသေးသည့် တစ်လျှောက်လုံးတော့ အကောင်းဆုံး ဂရုစိုက်ပေးသွားမှာ...။

"Love..love.."

"ဟင်..."

"ငါခေါ်နေတာ ကြာပြီ.. ဘာတွေတွေးနေတာတုန်း.."

"ဟမ်..ဘာပြောမို့လို့လဲ....."

"ဒီနေ့ schedule..."

"ခဏနေရင် photo shootingရှိတယ် ပြီးတော့ VC companyက ကြော်ငြာ ရိုက်ရမှာ ရှိတယ်.. ပြီးတော့ 1991liner အစ်ကိုတွေနဲ့ ထမင်းစားဖို့ ချိန်းထားတယ်..ပြီးတော့ မင်းသမီး Prim ရယ် ဒါရိုက်တာအဖွဲ့တွေနဲ့ရယ် ချိန်းထားတယ်..."

"အဲ့ဒါဘဲလား.."

"အေး..အဲ့ဒါဘဲ..နောက်သုံးရက်နေရင် ဟိုပွဲကစတော့မှာ.."

"ငါက readyဘဲ..."

"အင်း..အခုတော့ photo shooting သွားကြစို့..."

Win က love နဲ့ဆိုရင် အလုပ်လုပ်နေတယ်လို့ မခံစားရဘဲ သက်တောင့်သက်သာရှိလှသည်။အခုက outdoor shooting ဖြစ်တာကြောင့် အပြင်မှာရောက်နေကြခြင်း ဖြစ်သည်။နေကလည်း ပူတာကြောင့် ရိုက်လိုက်နားလိုက် လုပ်နေရသည်။ရိုက်ကတာက လမ်းဘေးမှာတင်ဆိုတော့ ခဏနေတော့ Fan တွေရောက်လာသည်။

"Win ဘယ်လိုလုပ်မလဲ ထွက်တွေ့မလား..."

"နေတွေပူနေတာကို ကလေးတွေကွာ..."

Yours (Completed)Where stories live. Discover now