"Ting Tong~~~~"
Opas-iamkajorn စံအိမ်ရှေ့မှာ ရပ်ကာ ခြံတံခါးဘေးမှာ တပ်ထားတဲ့ bell ကို နှိပ်ရင်း Brightvc တို့ ရပ်စောင့်နေမိသည်။ခဏနေတော့ အသက်40ကျော်လောက်ရှိမည့် လူကြီးတစ်ယောက်က တံခါးဖွင့်ပေးလာသည်။
"ကြွပါ..သခင်လေးတို့..သခင်မကြီး အထဲမှာ စောင့်နေပါတယ်..."
အထဲကနေ လှမ်းမြင်နေရသည်ထင်၏။စံအိမ်ကအစ ရှေးရိုးဆန်ဆန်..ကြီးမားခိုင်ခံ့တဲ့ စံအိမ်က ရေနံတွေ ပြည့်ဝအောင် သုတ်ထားပြီး လျှောက်လမ်းတစ်လျောက်ကို ပန်းပင်တွေ မျိုးစုံ ပျိုးထားသည်။Brightvc လည်း အိမ်တံခါးဝရောက်တော့ ပါလာတဲ့ သက်တော်စောင့်တွေကို လက်ဆောင် ပစ္စည်းတွေကို အိမ်ထဲသွင်းစေပြီးမှ အပြင်ဘက်မှာဘဲ ထွက်နေခိုင်းခဲ့သည်။
"ဆာဝါဒီခပ်.. "
"ဆာဝါဒီခ.."
"ထိုင်ကြပါ..အိမ်ရှေ့မှာ ရပ်နေကြတာတွေ့လို့ အပေါ်မတက်တော့ဘဲ တစ်ခါထဲ စောင့်နေလိုက်တာ..."
Win ရဲ့အဖွားထင်၏ ဖြူဖွေးနေတဲ့ ဆံပင်တွေကို ထုံးဖွဲ့ထားပုံက မဟာဆန်လှသည်။ရိုးရိုးရှင်းရှင်း ဝတ်ထားပေမယ့် ဂုဏ်သရေရှိသည့် အမျိုးသမီးမှန်း သိသာလှသည်။ ဘေးနားမှာတော့ Win နဲ့ရုပ်တူတဲ့ အန်တီဆိုတော့ Winရဲ့ မေမေထင်၏။ ဒါဆို ဒီဖက်က Winရဲ့ အဖေပေါ့...အရေးကြီးတဲ့သူက ဒီသုံးယောက်ဘဲမို့ ကျန်တဲ့သူတွေကိုတော့ ကြည့်ရုံဘဲ ကြည့်ကာ လူကြီးသုံးယောက်ရှေ့ ခါးကိုင်းကာ သေသေချာချာ ဂါရဝ ပြုလိုက်သည်။
"ကျွန်တော်က VC လုပ်ငန်းစုက Bright ပါ ခင်ဗျာ အကြောင်းမကြားဘဲ လာလိုက်ရတဲ့အတွက်တောင်းပန် ပါတယ်ဗျ..."
"ဟင်..VC က..."
"ဖေကြီး သိလို့လား..."
"သိတာပေါ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးပညာရှင်ဘဲလေ..."
"ဒါက ကျွန်တော့လက်ဆောင် အနည်းအကျဥ်းနဲ့ ဂါရဝပြုရင်း စကားလေးနည်းနည်းလောက် ပြောချင်လို့ပါ..."
"ဘာစကားများလည်း မောင်ရင်..."
"Win နဲ့ ပတ်သက်တာပါ..."
Win နဲ့ ပတ်သက်တာလို့ပြောလိုက်တော့ ထင်တဲ့အတိုင်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။
BẠN ĐANG ĐỌC
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...