Extra

1.3K 70 15
                                    

"မောင်.."

"အင်း...ဘာလိုလို့လဲ အချစ်..."

"အဟင့်..."

သူ့ကိုခေါ်ရင်းက ငိုသံသဲ့သဲ့လေး ထွက်လာတာကြောင့် Brightvc တစ်ယောက် Laptop ထဲ ခေါင်းစိုက်နေရာက အပြေးအလွှားထကာ ကလေးငယ်ထိုင်နေတဲ့ ဆိုဖာအနား သွားကာ လက်ကလေးတွေ ဆုပ်ကိုင်ရင်း မေးမိ၏။

"ဘာဖြစ်လို့လဲ အချစ်ရယ်..မောင့်ကို ပြောပါအုံး..."

"ဟင့် မောင်က မကောင်းဘူး..."

ပြောရင်း ရင်ဘတ်ကို လက်သီးဆုပ်လေးတွေဖြင့် ထုရိုက်လာသည်။လက်ထပ်ခွင့် တောင်းပြီးပေမယ့်လည်း လက်ထပ်ပွဲ မလုပ်ဖြစ်ကြသေး။လက်ထပ်ခွင့် တောင်းတဲ့နေ့က live လွှင့်လိုက်တာကြောင့် အကုန်လုံး အုံးအုံးကျက်ကျက် ဖြစ်သွားတာမို့ အဲ့သတင်းတွေ ငြိမ်အောင် စောင့်နေရတာလည်း ပါ၏။ပြီးတော့ Brightvc ဆိုတာကလည်း ထိပ်တန်းစီးပွားရေးသမားတစ်ယောက် ဖြစ်သလို Win ကလည်း အောင်မြင်နေတဲ့ idol တစ်ယောက်မို့ သူတို့နှစ်ယောက်ရဲ့ relationship ကို လက်ခံတဲ့သူများသလို ရှုံ့ချတဲ့သူကလည်း အများသား..။ဒါပေမယ့် အဲ့လို သတင်းတွေကို ဂရုမစိုက်စွာ ကောင်လေးက သူ့အိမ်မှာ လိုက်နေပြီး သူအလိုလိုက်သမျှကို ဆိုးနေတော့သည်။

"မောင်က ဘာလုပ်မိလို့လဲ အချစ်ရဲ့..."

"မောင်က..မောင်က ဖွားဖွားဆီမှာ ဒူးထောက်ခဲ့ရတယ်ဆို.."

"ဟောဗျာ..ဘာများလဲလို့ အချစ်ရယ်..."

"ဟင့် မောင် အဲ့လိုလုပ်ခဲ့လို့ ဖွားဖွားကြီးက ခွင့်ပြုပေးခဲ့တာတဲ့ ဘာလို့ အချစ်ကို မပြောပြခဲ့တာလဲ..."

"အချစ်ကို မောင်က ဘယ်လိုပြောပြမလဲ အချစ်ရယ်..ဘယ်လိုဘဲ ဖြစ်ဖြစ် မောင်က အချစ်အတွက် လုပ်ခဲ့တာဘဲလေ... ဘာမှမတွေးနေနဲ့တော့..."

Brightvc က ပြောရင်း ကလေးငယ်ကို ပွေ့ယူပြီး ပေါင်ပေါ် ဆွဲတင်လိုက်၏။ အဲ့တော့မှ သူ့လည်ပင်းကို ဆွဲဖက်ရင်း ငြိမ်ငြိမ်လေး နေရှာ၏။ မျက်လွှာချထားတာကြောင့် မျက်တောင်လေးတွေမှာ မျက်ရည်လေးတွေ စိုကပ်နေတာကို မြင်တော့ ခါးကို လက်တစ်ဖက်နဲ့ ထိန်းကိုင်ထားရင်း မျက်ရည်လေးတွေကို ဖိသုတ်ပေးမိ၏။ဘယ်ချိန်ထဲက ကြိတ်ငိုနေသလဲ မသိ။

Yours (Completed)Where stories live. Discover now