အပိုင်း (၃၁)

1.2K 66 18
                                    

"အိပ်နေတုန်းဘဲ Pon...media တွေဆီမှာ ထပ်မပြန့်အောင်ဘဲ လုပ်ထားလိုက်...နိုးလာရင် ကောင်လေး ဘယ်လိုဖြစ်စေချင်လဲ မေးလိုက်မယ်..."

မနေ့ညက ကောင်လေး Condoမှာ လိုက်အိပ်ဖြစ်ပြီး ကောင်လေးIGမှာ ပုံတင်တဲ့ ကိစ္စ သတင်းတွေ ထွက်လာတဲ့အကြောင်း Pon ကလှမ်းပြောတာကြောင့် Pon ကိုဘဲ ဖြေရှင်းခိုင်းလိုက်ရသည်။

"Love ကိုလည်း ပြောလိုက်အုံး ဘာမှမဖြေရှင်းဘဲ ဒီအတိုင်းနေနေလိုက်လို့..." ပြောရင်း ကလေးငယ်ကို လှမ်းကြည့်တော့ အိပ်မောကျနေတုန်း။

"အင်း..စိတ်ချမယ် Pon..."

Pon နဲ့ပြောပြီး ဖုန်းချကာ ကောင်လေးနားကို ပြန်လျှောက်လာလိုက်ပြီး မျက်နှာလေးကို အမြတ်တနိုးနဲ့ ကြည့်နေမိသည်။love ရှေ့မှာတုန်းက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ စနောက်နေပေမယ့် သူနဲ့ နှစ်ယောက်တည်းရှိကာကျမှ love ကို နှမျောလို့ဆိုပြီး ငိုနေလို့ မနည်းချော့ရသေး၏။ကြည့်နေတုန်းမှာဘဲ အင်း..အဲနဲ့ အပျင်းကြောဆန့်ကာ နိုးလာတဲ့ ကောင်လေး...။ဟူဒီအက်ျီအကြီးကြီး ဝတ်ထားတာမို့ တစ်ကိုယ်လုံးမြှုပ်နေ၏။အိပ်ချင်မူးတူးနဲ့ သူ့ကိုလိုက်စမ်းနေပုံက ချစ်စရာအတိ။

"ဟင်..မောင်က ဘယ်ချိန်ထဲက နိုးနေတာလဲ..."

"နည်းနည်းကြာပြီ အချစ်ရဲ့...Pon ဆီက ဖုန်းလာလို့..."

"Aww..."

"အချစ်..."

"ဟင်..."

"ဒီမှာကြည့်..." မောင်က ဖုန်းကို သူ့ရှေ့ထိုးပြချိန်မှာတော့ Winတစ်ယောက် မျက်လုံးအစုံပြူးကျယ်သွား၏။

"ဟင်...အဲ့လောက်ထိတောင် ဖြစ်ကုန်တာလား.."

"အင်း..ဘယ်လိုလုပ်ချင်လဲ...သူတို့တွေ မောင့်ကိုပါ stalk နေကြပြီ...."

"ထားလိုက်...ဒီအတိုင်းဘဲ...သူ့ဘာသာ ပြီးသွားလိမ့်မယ်.."

"အင်း..မောင်လည်း အဲ့လိုဘဲ စဥ်းစားထားတယ် မောင်က ကိစ္စမရှိပေမယ့် အချစ်ကို ထိခိုက်မှာစိုးလို့..."

"ကိုBrightvc က ဘယ်တုန်းက စိတ်ပူတတ်သွားတာလဲ.. အချစ်တောင် ဘာမှမဖြစ်တာကို..."

"မင်းနဲ့ ပတ်သက်ရင် အရာအားလုံး စိတ်ပူတယ် အချစ်.."

"ဟုတ်ပါပြီ...လာပါအုံး..Morning kiss..."

Yours (Completed)Where stories live. Discover now