အချိန်အားဖြင့် ည(၁၀)နာရီခန့်....ကျွီ... ကျွီ.. ဝုန်း....
ခပ်ကြမ်းကြမ်း ဘရိတ်အုပ်သံနဲ့အတူ ပြိုင်ကွင်းနား ထိုးရပ်လာတဲ့ အနက်ရောင် ကားတစ်စီး။ကားပေါ်ကဆင်းလာသူကို လှမ်းကြည့်မိတော့ အရပ်ရှည်ရှည်ဖြင့် တီရှပ်လက်ရှည်အမဲရောင်နဲ့ ဒူးခေါင်းနဲ့ပေါင်တို့မှာ ဖြဲထားတဲ့ အနက်ရောင်ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး mask အမဲရောင်ကိုပါ တပ်ထားသည်။တစ်ကိုယ်လုံးအမဲရောင်ဝတ်ထားသလောက် နားမှာတပ်ထားတဲ့ စိန်ပွင့်လေးက တလက်လက်ဖြင့် ပြိုင်ကွင်းထဲမှ လူတွေရဲ့အာရုံကို ဖမ်းစားသွားသည်။"ဟာ Green အဲ့ဒါငါပြောတဲ့ တစ်ယောက်လေ..."
"ဘယ်သူတုန်းဟ!!! "
"ကားပြိုင်မောင်းတဲ့နေရာမှာ မင်းထက်တော်တဲ့ တစ်ယောက်ရှိသေးတယ်ဆိုတာ.."
" Aww အမြဲတမ်း mask တပ်လာပြီး သူမျက်နှာမပြဘူးဆိုတဲ့ လူလား..."
"အင်း ဟုတ်တယ် Green..."
"Hi brother တို့ !!! "
" Hi Flash လာပြီလား.."
Flash လို့နာမည်ပေးထားတာက ဘယ်ကားတက်မောင်းမောင်း သူ့မောင်းနှုန်းကို ဘယ်သူမှ လိုက်မမှီလို့။သူကိုယ်တိုင်လည်း ဒီနာမည်ကို နှစ်သက်ပုံ ရသည်။
"အင်း...ဘယ်နှစ်ပွဲ ပြီးသွားပြီလဲ ? "
"ရှေ့မှာ နှစ်ပွဲတော့ ပြီးသွားကြပြီ မင်း Green နဲ့ပြိုင်ကြည့်ပါလား လက်ရည်တူချင်း.."
"ဟား... Brother တော့လုပ်ပြီ... "
"ကဲ Green ရေ မင်းရော ပြိုင်ချင်လား မင်းတို့နှစ်ယောက် ပြိုင်ရင်တော့ နာမည်တွေတော့ ကြီးတော့မှာဘဲ..."
"ပြိုင်မယ်လေ Flash မှတ်လား ငါက Green ပါ..."
တွေ့ရတာ ဝမ်းသာပါတယ်"Green မင်းဘဲကြီးက..."
"ထားထားလိုက် နောက် ကိစ္စနောက်မှရှင်းမယ် ကြေးကဘာကြေးလဲ..."
"အဟမ်း brother ဘဲ သတ်မှတ်လေ ကျွန်တော် မပြောတတ်ဘူး..."
"Ok ကြိုက်တဲ့ကားနဲ့ ပြိုင် မင်းနိုင်ရင် အချိန်မရွေး မင်းခိုင်းချင်တာ ခိုင်း ငါနိုင်ရင် မင်းမျက်နှာပြရမယ် ဘယ်လိုလဲ..?"
YOU ARE READING
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...