At VC စံအိမ်,
"Ame ရေ.. သမီး Ame ရေ.."
"ပြဿနာဘဲ Ame က ဘယ်ရောက်သွားလဲ မသိဘူး သခင်လေးက ပြန်လာတော့မယ်...."
" အိမ်ထိန်းတော်ကြီး..တစ်ခုခုလုပ်ပါအုံး.."
အိမ်ထိန်းတော်ကြီးအပါအဝင် စံအိမ်တော်က အလုပ်သမားတွေ အကုန် ထိတ်လန့်တုန်လှုပ်နေကြသည်။တစ်အိမ်လုံးအနှံ့ လိုက်ရှာတာတောင် Ameရဲ့ အသံလေးတောင် မကြားရ။သခင်လေးက သူ့သမီးကို ဘယ်လောက်တန်ဖိုးထားလဲ သူတို့အသိ။တစ်ခါလည်း အချိန်မှန် အစာမကျွေးမိလို့ ချက်ချင်း အလုပ်ထုတ်ပစ်တာ။ကြောင်ဘဲ ဆိုပြီး ပစ်ထားလို့မရချေ။ ကလေးတစ်ယောက်လို ယုယနိုင်တဲ့သူကိုဘဲ အလုပ်ခန့်ထားတာ ဖြစ်သည်။
"ထပ်..ထပ်ရှာကြပါအုံး...အပြင်တွေရော..."
"မတွေ့ရင် သေတာထက်ဆိုးတဲ့အပြစ်တွေ လာလိမ့်မယ်.."
"ဘာတွေဖြစ်နေကြတာလဲ..? "
"အစ်ကိုလေး...Dim.." Dimကို တွေ့တော့ အားကိုးရာတွေ့သလို ဝမ်းသာအားရ။
"အေး..ဘာဖြစ်နေကြတာလဲလို့..."
"Ame လေး ပျောက်သွားလို့..."
"ဘာ..!!!! "
"ကယ်ပါအုံး...အစ်ကိုလေးရယ်..သခင်လေးက ပြန်လာတော့မှာ..."
Dim ကတချက်ပြုံးလိုက်ရင်း...
"အဟမ်း...Ame က ကျွန်တော့ကားထဲမှာ..နောက်တစ်ခါ ဒီလိုမဖြစ်စေနဲ့..."
"ဘယ်လိုဖြစ်ပြီး..."
"သွားခေါ်ပြီး သန့်ရှင်းရေးလုပ်ပေးလိုက်...သခင်လေးက ကြာအုံးမှာ.."
"ဟုတ်.... အစ်ကိုလေး..."
Dim က သခင်လေး ဖိုင်တစ်ခု လာပြန်ယူခိုင်း၍ စံအိမ်မှာ လာယူရခြင်းဖြစ်သည်။ဆွေမျိုးနီးစပ်တော်တယ်လို့ သိထားတာကြောင့် သူ့ကိုပါ လေးလေးစားစားဆက်ဆံကြသည်။စံအိမ်နားရောက်ခါနီးမှ မြက်ခင်းပေါ်မှာလှဲအိပ်နေတာ Ame နဲ့တူတာကြောင့် ခေါ်ကြည့်တော့ သူ့ဆီလာတာနဲ့ ကားပေါ်ခေါ်တင်လာတာဖြစ်သည်။စံအိမ်ရောက်တော့ ထင်တဲ့အတိုင်း Ame ရှာပုံတော်ဖွင့်နေကြတာ။
At VC ရုံးချုပ်,
"Phi Gun Smile "
"ဟုတ်ကဲ့...သခင်လေး..."
YOU ARE READING
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...