အပိုင်း(၃)
Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်
Dim တစ်ယောက် ချစ်ရသူလေး စိတ်ကောက်နေတာကြောင့် ရှိသမျှအလုပ်အကုန် ရပ်ပစ်ခဲ့ပြီး ဘန်ကောက်ကို အပြေးပြန်လာရသည်။လေဆိပ်က ဆင်းဆင်းချင်း ချစ်ရသူလေးဆီ ဖုန်းဆက်တော့ လူကြီးမင်းနဲ့သာ တိုးနေ၍ စိတ်ကသိပ်မရှည်ချင်တော့။ပြဿနာက ပြိုင်ကားပွဲမှာ သွားပြိုင်မောင်းချင်လို့ သူ့ဆီက ခွင့်တောင်းရာက စသည်။ခွင့်မပြုဘူးဆိုတာ သိရက်နဲ့ လာခွင့်တောင်းတာ။လုပ်ချင်တာ လုပ်ခွင့်မရတော့ ချော့မရအောင် စိတ်ကောက်တတ်သေးသည်။ accident ဖြစ်မှာစိုးလို့ ကိုယ်ကတားနေတာ ဒါကို ချစ်ရသူလေးက နားမလည်။ချစ်မှန်း အလိုလိုက်မှန်းသိတော့ ဆိုးနေတာလည်း ပါသည်။"Hello, Gun Smile "
" ............"
"အေးကွာ ငါတောင်းပန်တယ် မင်းဘဲကြည့်လုပ်ထားပေးအုံး"
" .......... "
" ဒီတစ်ခါဘဲကို သခင်လေးမသိစေနဲ့နော်..."
"........."
" ဒါဘဲ နောက်မှ ပေါင်းလုပ်ပေးမယ်..."
" ......"
"ကြောက်တာမဟုတ်ဘူး ချစ်တာကွ "
" ........ "
ဆဲသံတွေညံလာတဲ့ ဖုန်းကိုချပစ်ရင်း လာကြိုတဲ့ကားပေါ်တက်ကာ ချစ်ရသူလေး ရှိတတ်မယ့် နေရာတွေကို လိုက်ရှာနေမိသည်။နှစ်ယောက်အတူနေတဲ့ condoမှာလည်း မရှိဟု သွားကြည့်ခိုင်းတဲ့ တပည့်တစ်ယောက်ကလှမ်းပြောသည်။
* ကျွတ်.. ဘယ်တွေသွားနေတာလဲကွာ *
သွားတတ်တဲ့နေရာတွေ လိုက်ရှာပြီးတဲ့နောက်မှာ နောက်ဆုံးတစ်နေရာဘဲ ကျန်သည်။
" (.........)ကစားကွင်းကို မောင်း "
ကစားကွင်းရောက်ပြီး ကားပေါ်ကဆင်းကာ ချစ်ရသူလေးကို အပြေးလိုက်ရှာမိသည်။ငိုနေမှာဘဲ စိတ်ပူတာ၊ စိတ်ကောက်တာက ဘယ်လောက်ချော့ရချော့ရ ချော့နိုင်သည်။ဟော တွေ့ပါပြီ အပြာနုရောင် တီရှပ်နဲ့ ဂျင်းအဖြူလေး တွဲဝတ်ထားကာ ဦးထုပ်အဖြူလေးပါဆောင်းထားသေးသည်။ချစ်ရသူဆိုတော့လည်း နောက်ကျောလေးမြင်ရတာနဲ့ကို မှတ်မိနေမိတာ။ကိုယ်ကသာ စိတ်တွေပူပြီး အပြေးရှာပေမယ့် သူလေးက ကလေးတွေတိုက်ကားမောင်းတာကို ရပ်ကြည့်နေတာ။
![](https://img.wattpad.com/cover/293104930-288-k167829.jpg)
YOU ARE READING
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...