အပိုင်း (၁၉)

1.5K 81 17
                                    


"ဟာ..Win..."

"လုပ်ကြပါအုံး.. မင်းသား မူးလဲလို့..."

အသိစိတ်မလွတ်သွားသေးပေမယ့် နားတွေအူလာပြီး အမြင်အာရုံတွေ ဝေဝါးကာ လဲကျသွားသည်။ထိုစဥ် သူနားထဲမှာ စိုးရိမ်တကြီး အော်သံတစ်ခုနဲ့ အတူ သူ့ကို ပွေ့ချီလိုက်တာကို ခံစားမိလိုက်သည်။ ရှိသမျှအားအင် စုစည်းပြီး သူ့ကို ပွေ့ချီသူအား ကြည့်လိုက်တော့...

"Phi Baii..."

"အင်း.. မောင်ပါ အချစ်ရယ်..မောင့်အပြစ်တွေပါ.. မောင်တောင်းပန်ပါတယ်..မောင်တောင်းပန်ပါတယ်.. ကလေးလေးရယ်..."

ရင်ခွင်ထဲက ကောင်လေးကို ပွေ့ချီထားရင်း သူ တတွတ် တွတ် တောင်းပန်နေမိသည်။စိတ်ထဲမှာ လေးနေတာကြောင့်ရော၊ စောင့်ကြည့်ဖို့ လွှတ်ထားတဲ့သူတွေက ကောင်လေး ထမင်းလည်း သေချာမစားတဲ့အပြင် လူလည်း စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ ဖြူဖျော့နေတာဘဲလို့ သတင်းပို့လာတာကြောင့် အလုပ်တွေ ထားပစ်ခဲ့ပြီး ပြန်လာခဲ့တာ..။သူဘဲ အရာအားလုံး အလျော့ပေးပြီး ကလေးငယ်ကို ဒီတိုင်း မလွှတ်ထားတော့ဘဲ ဂရုစိုက်ပေးဖို့ ပြန်လာခဲ့တာ..။ ကောင်လေးက သူ့ရင်ခွင်ထဲရောက်မှ ပျော့ခွေကာ သတိလစ်သွားတော့ သည်။

"တောက်!!!! ခင်ဗျားတို့ ဒီကလေး တစ်ယောက်ကိုတောင် မစောင့်ရှောက် နိုင်ဘူးလား.."

"...."

"Love, မင်းကရော Win နေမကောင်းဖြစ်နေတာ မသိဘူးလား.."

"ဟို.."

"ကောင်လေး တစ်ခုခုဖြစ်လို့ကတော့ အကုန်လုံးကို ခွင့်မလွှတ်ဘူး.. ဒီဇာတ်ကားလည်း မြောင်းထဲရောက်ပြီ မှတ်ထား.."

"ဟို..သ..သခင်လေး.."

"Pon ကားအဆင်သင့်ပြင်ထား..ဆေးရုံသွားမယ်.."

"အဆင်သင့်ပါဘဲ.. သခင်လေး.."

"ပြီးတော့ ဒီသတင်းတွေ အပြင်ပေါက်ကြားသွားရင် ခင်ဗျားတို့ နောက်နေ့ နေထွက်ချိန်မမြင်စေရဘူးလို့ အာမခံတယ်.."

ပြောပြီး Win ကို ပွေ့ချီကာ ထွက်သွားတဲ့ Brightvc... အဲ့တော့မှ အကုန်လုံးလည်း အံ့သြမှင်သက်နေရာမှ သတိပြန်ဝင်လာကြသည်။

Yours (Completed)Where stories live. Discover now