ချစ်ခြင်းမေတ္တာဆိုတာ ချစ်တတ်ရင် အေးမြပါတယ် နှစ်ဦးသဘောတူ ချစ်တာဘဲ ဖြစ်ဖြစ် တစ်ဖက်သတ် ချစ်တာဘဲ ဖြစ်ဖြစ် သက်ရှိကိုဘဲ ချစ်ချစ် သက်မဲ့ကိုဘဲ ချစ်ချစ် ချစ်တတ်ရင် အေးမြပါတယ် ရယူတာတွေ ပိုင်ဆိုင်လိုတာတွေ မဟုတ်ဘဲ မင်းမို့လို့၊ ချစ်တဲ့စိတ်တွေ ဖြစ်တည်နေတာ မင်းဖြစ်နေလို့ပါ....။
ဘဝမှာ တစ်စုံတစ်ယောက်ကို ချစ်မိလိမ့်မယ်လို့ မထင်ခဲ့သလို အဲ့တစ်စုံတစ်ယောက်ကလည်း ကိုယ့်ကို ပြန်ချစ်လိမ့်မယ်လို့လည်း မတွေးမိခဲ့ဘူး..။ဒယ်ဒီ ပြောခဲ့ဖူးတဲ့ စကား တစ်ခွန်းကို ပြန်အမှတ်ရမိတယ် brightvc မင်းက ငါမလိုချင်ဘဲ ရလာတဲ့ ကောင်တဲ့..အဲ့တော့ ငါ မင်းကို ချစ်မယ်လို့ မမျှော်လင့်နဲ့တဲ့ ကလေးဘဝတုန်းကတော့ ဒီစကားက ကိုယ့်အတွက် ဝမ်းနည်းစရာ ဖြစ်ပေမယ့် အသက်အရွယ်တစ်ခုရောက်လာတာနဲ့ အမျှ သူတို့မချစ်လည်း ဂရုကို မစိုက်၊ မိဘတွေကို မုန်းလားဆို မမုန်းပါဘူး ချစ်လည်းမချစ်ဘူး.. ဒါပေမယ့် မသတ်ပစ်ဘဲ မွေးလာပေးတဲ့အတွက်တော့ ကျေးဇူး တင်တယ်...ဒါကြောင့် ကိုယ့်ကိုကိုယ်ဘဲ ပိုချစ်တတ်ဖို့ ကြိုးစားခဲ့တယ်.. ဒီလို စိတ်ပျက်စရာကောင်းတဲ့ အတိတ်တွေကို ဟိုးနှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ သိမ်းဆည်းထားတယ်.. သူလည်း ပြန်မတူးဆွသလို.. သူ့နောက်ကြောင်းကို သိချင်လို့ လိုက်ဖော်နေတဲ့ သူတွေလည်း အလွတ်မပေးခဲ့ဘူး..အခုလို လူတိုင်းလိုချင်နေတဲ့ အနေအထားတစ်ခု၊ ထိပ်ဆုံးမှာ လိုက်မမှီတဲ့ နေရာမှာ ရှိနေတဲ့သူက မိဘမေတ္တာ မရဘဲ ကြီးပြင်းလာတဲ့သူဆို ဘယ်သူမှ ယုံမှာမဟုတ်.. ဒါပေမယ့် ခင်ဗျားတို့ သိလား.. အဲ့လိုအချစ်မခံခဲ့ရတဲ့ brightvc ဆိုတာ သိပ်ချစ်တတ်တဲ့သူ.... မိုးရေထဲမှာ တွေ့ခဲ့ရတဲ့ Ame ပေါက်စလေးကို ချမ်းနေမှာစိုးပြီး တညလုံး ထွေးဖက်ပေးခဲ့တဲ့ သူ၊ ကျန်တဲ့သူတွေကို စိတ်ထဲမရှိပေမယ့် Ame ကိုတော့ သမီးအရင်းတစ်ယောက်လို ထားတဲ့သူ...အခု သူ့အသည်းအသက်လေး Win metawin ကိုလည်း ရင်နှင့်အမျှ ချစ်တဲ့သူ...အပေါ်ယံကြည့်ပြီး Brightvc က အသဲနှလုံးမရှိဘူး မချစ်တတ်ဘူးဆိုရင် ခင်ဗျားတို့မှားသွားမှာပေါ့..ဒါပေမယ့်လည်း ခင်ဗျားတို နည်းနည်းတော့ မှန်တယ် သိလား.... ကျုပ်က Win metawin ကိုဘဲ ချစ်တာ...ကျန်တဲ့သူတွေကို မချစ်ဘူး...။
YOU ARE READING
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...