အပိုင်း(၂၄)

1.4K 59 4
                                    


"မောင့်ကို ခွင့်ပြုပေးနော်.."

"ဟင်..ဘာကို.."

အလန့်တကြားနဲ့ မျက်လုံးအဝိုင်းသား ဖြစ်သွားပုံက တကယ် ချစ်စရာ..။

"နော်...အချစ်.."

"မဟုတ်..မဟုတ်ဘူးလေ..မောင်က ဘာကို.."

ရှက်ပြီး စကားတွေ ထပ်မထွက်လာတော့..။မောင့်ရင်ခွင်ထဲမှာ မျက်နှာကို ဝှက်ထားရင်း ခြေထောက်က ဒဏ်ရာကိုလည်း သတိမရတော့..။မောင်က သူ့ခါးတွေကို ပိုတိုးဖက်ပြီး အကြည့်ချင်းဆုံဖို့ဘဲ ကြိုးစားနေသည်။မောင်က သူ့အားနည်းချက်ကို သိတယ်လေ..မောင့်မျက်ဝန်းတွေ မောင့်မကြည့်တွေနဲ့ ဆုံလိုက်တိုင်း သူ့ရင်ခုန်သံတွေ ထိန်းမရသလို မောင့်ကို အရာရာလိုက်လျောပေးချင်တဲ့ စိတ်တွေ ဖြစ်လာတယ် ဆိုတာ..။မောင်က သူ့ လည်တိုင်နားဆီ မျက်နှာကပ်ကာ သူ့ကိုယ်သင်းနံ့တွေကို ရှူရှိုက်နေ၏။ပြီးနောက် လည်ပင်သားလေးတွေကို နှုတ်ခမ်းတွေနဲ့ရော နှာခေါင်းနဲ့ပါ ပွတ်ဆွဲပြီး နမ်းတော့ ကျက်သီးတွေ တဖြန်းဖြန်းထလာ၏။Winက မောင့်ရဲ့ ရင်ဘတ်တွေကို လက်နှစ်ဖက်ဖြင့် တွန်းတော့ နမ်းနေတာကို ရပ်ပြီး လက်တွေကို ဖမ်းချုပ်လာသည်။

"ဟင်..အချစ်..မောင့်ကို ဖြေပါအုံး.."

"ဟို..မရ..မရဘူး..မနက်ဖြန် shooting ရှိသေးတယ်.."

ဟိုက ဘာတောင်းဆိုမှန်း မသိ၊ဒီလိုမျိုးအခြေအနေကို ရှက်တာရော မသိသလို လုပ်နေတာလဲ ပါ၏။Brightvcလည်း မျက်လုံးကို အတင်းမှိတ်ကာ ခေါင်းတွေ ဇွတ်ရမ်းနေတဲ့ကောင်လေးရဲ့ ပါးပြင်ကို သူ့နှာခေါင်းတွေ နစ်ဝင်တဲ့အထိ နမ်းပစ်ရင်း....

"မောင့်ကို နမ်းခွင့်ပေးနော်.."

"ဟင်.."

"မောင် နမ်းရုံဘဲ..အချစ် နာကျင်အောင် ဘာမှမလုပ်ဘူး.."

အဲ့တော့မှ အချစ်က သူ့ကို ပြန်မော့ကြည့်ပြီး ....

"အရင်ကလည်း နမ်းနေတာဘဲကို ဘာတွေ ခွင့်တောင်း.."

"မဟုတ်ဘူး..မောင် စိတ်လွတ်ပြီး တစ်ခုခု လုပ်မိမှာစိုးလို့.."

"အာ့ဆိုမနမ်းနဲ့.."

"နမ်းမှာဘဲ.."

Brightvc ဘာကြောင့် ခွင့်တောင်းရလည်းဆို နမ်းချင်စိတ်က ထိန်းမရတော့တာကြောင့် အလွန်အကျွံတွေ နမ်းမိသွားမှာ စိုးလို..။ကောင်လေးနဲ့ ပတ်သက်လာရင် သူ့စိတ်တွေက အစိုးမရ။ငြိမ်သွားတာကြောင့် ခွင့်ပြုတယ်လို့ ယူဆကာ ကောင်လေးကို ဆိုဖာပေါ် တဖြေးဖြေးမှီချစေသည်။ပြီးနောက် သူ့တကိုယ်လုံးပါ အုပ်မိုးပစ်လိုက်တော့ ကောင်လေးရဲ့ တစ်ကိုယ်လုံးက သူ့ရင်ခွင်အောက်မှာ..။ခေါင်းလေးက စပြီးနမ်းတော့ ခေါင်းလိမ်းဆီနဲ့ သင်းသင်းလေးရသည်။ပြီးနောက် နားထင်စပ်လေး...နားထင်စပ်လေးကနေ ပါးပြင်တွေကို ပွတ်ဆွဲကာ နမ်းသည်။ပါးပြင်တွေ တဆင့် မေးဖျားလေး...မေးဖျားလေးကနေ မျက်နှာပြင်တစ်ခုလုံးကို တရှိုက်မက်မက်...သူ့ဝင်သက် ထွက်သက်တွေအားလုံးက ကောင်လေးရဲ့ မျက်နှာနုနုပေါ်...ရိုက်ခတ်နေပြီး နေရာလပ် မကျန်အောင် နမ်းရှိုက်နေသည်။

Yours (Completed)Where stories live. Discover now