အပိုင်း (၉)

1.5K 75 5
                                    


"အချစ်.."

"ဟင် ဘာလာလုပ်တာလဲ..."

"မောင့်ကို ခဏလိုက်ခဲ့ပေး..ခဏလေးဘဲ..."

"ဒီမှာ ရူတင်မပြီးသေးဘူးလေ.. ခဏနေ ပြန်စတော့မှာ..."

"ခဏလေးဘဲ...ခဏလေးပါဘဲကွာ..နော်..."

အချစ်ဆီက ခွင့်ပြုချက်ရတာနဲ့ လက်လေးကို တောက်လျှောက် ဆွဲခေါ်လာမိသည်။ ဘယ်နေရာတွေ ရောက်နေလဲ သူမသိချင်၊ ဘာသံတွေကြားနေလဲ သူမသိချင်၊ သူသိတာ အချစ် တစ်ယောက်ထဲ..။ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ...။လမ်းကြားအကွေ့လေးအရောက်

ဘုတ်...အင့်....

မောင့်ပုံစံက ကမူးရူးထိုးနဲ့ပါ..။လမ်းနံရံကို ဆွဲကပ်ပစ်တာများ အင့် ခနဲရယ်။တကယ်ဘဲ ဘာတွေဖြစ်တာလဲ...။
အချစ်ကို လမ်းနံရံမှာ ကပ်ရင်း လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှာ ထောက်ထားကာ အုပ်မိုးထားတော့ ရင်ခွင်ထဲရောက်နေတဲ့ အချစ်က မျက်လုံးအဝိုင်းသားလေးနဲ့ မော့ကြည့်ရှာသည်။

"ဘာ..ဘာဖြစ်လို့လဲဟင်..."

"နမ်းချင်နေတာ..."

"ဟင်.."

"မောင့်ကို နမ်းခွင့်ပေးနော်..."

"မရဘူး..ခဏနေ..."

တိခနဲရပ်သွားတဲ့ စကားသံလေးတွေ...မောင်က တကယ်ဘဲ...နှုတ်ခမ်းအိအိလေးတွေကို စုပ်ယူနမ်းရှိုက်နေသည်။
ရုန်းဖို့မေ့နေတာကို အခွင့်ကောင်းယူကာ ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ အနမ်းတွေကို အရှိန်တင်တော့သည်။

"အင့်..တော်.."

နူးညံ့လွန်းနေတဲ့ နှုတ်ခမ်းလေးတွေ...၊ထိကပ်မိလိုက်တာနဲ့ မလွတ်ချင်လောက်အောင်ကို ဆွဲဆောင်မှုတွေ..ခဏနေတော့ အသက်ရှုရခက်လာတယ်ထင်၏ သူ့ရင်ဘတ်ကို လက်လေးနဲ့တွန်းကာတားသည်။အနမ်းတွေ အပျက်မခံဘဲ လက်လေးတွေ ဖမ်းချုပ်ကာ ခါးနောက်ဆီပို့ပစ်တော့ ခေါင်းလေးပါ မော့တက်လာသည်။

"ဟင့်အင်း..တော်..."

အသက်ရူရခက်လာမှ ဆက်မနမ်းတော့ဘဲ ဖမ်းချုပ်ထားတဲ့အတိုင်း..ရင်ခွင်ထဲက မျက်နှာလေးကို သူတစိမ့်စိမ့်ကြည့်နေမိသည်။သူနမ်းထားလို့ နှုတ်ခမ်းလေးက နည်းနည်းတောင်ယောင်ချင်နေပြီ။သူရှေ့မှာ လျှာသေးသေးလေးထုတ်ကာ အမောဖြေနေတဲ့ ကလေး။နောက်တစ်ကြိမ်ထပ်နမ်းဖို့ ဆွဲကပ်မိတဲ့အချိန်မှာတော့...

Yours (Completed)Onde histórias criam vida. Descubra agora