"ဘာ..Win ဆေးရုံတင်ထားရတယ်..ဟုတ်လား.."
"အာ တိုးတိုးပြောပါ ကလေးလေးရဲ့ ဒီကိစ္စက လျှို့ဝှက်ထားရမှာလေ.."
"P'Dim, baby လိုက်ကြည့်ချင်တယ်..ခေါ်သွားနော်.."
"သခင်လေး ခွင့်ပြုမယ် မထင်ဘူး ကလေးလေးရဲ့.."
"အာ မရဘူး..မရဘူး..ဒီအတိုင်းကြည့်ရုံလေးဘဲလေ.. ဘယ်သူ့ကိုမှ မပြောပါဘူး.."
"မရလောက်ဘူး ထင်တယ်.."
"ဟင့် သူများကောင်လေးက သူနေမကောင်းဖြစ်နေရင် Fan တွေကို ပြောပြတာ မဟုတ်ဘူး.. ဟင့်.. ဖြစ်ပြီးမှ သိရတာ.. အမြဲတမ်း..ဟင့်.. baby တို့က စိတ်ပူရုံဘဲ..ဘာမှ မလုပ်ပေးနိုင်ဘူး..."
ရုတ်တရက် ထငိုတာကြောင့် Dim မှာ ခြေမကိုင်မိ လက်မကိုင်မိ။
"သူ..သူများ ကောင်လေး..."
"P'Dim က Baby ရဲ့ ယောကျာ်း Win က ကောင်လေး.."
ဆက်ပြောတဲ့စကားက ငိုရမလို ရီရမလို..။
"ဒီစကားကို သခင်လေးရှေ့ သွားမပြောမိစေနဲ့နော်..ပြီးတော့ ကိုယ့်ရှေ့လည်း မပြောနဲ့ သဝန်တိုတယ်.."
"P'Dim ကလည်း.."
"P'Dim ကမလဲဘူး လိုက်ချင်ရင် တိတ်တိတ်နေတော့.."
ဘယ်နှယ့် လင်တစ်ယောက်လုံး ရှေ့ထားပြီး သူများကောင်လေး လုပ်နေတာ..တစ်နေ့တစ်နေ့ စကားဝိုင်းမှာ Win အကြောင်းမပါရင် မပြီး..ဘာကြိုက်တာ သီချင်းဘယ်နှစ်ပုဒ် ထွက်ထားတာ..ဘယ်နေ့တုန်းက ဘာအရောင်ဝတ်တာကအစ အကုန်သိနေတာ.. သခင်လေး သိတယ်ဆိုတာ နေခဲ့လိုက်အုံး.. တခြားဟာတွေသာ မမှတ်နိုင်တာ.. Win အကြောင်းဆို ဘယ်ချိန်မေးမေး ဖြေနိုင်၏....ဆေးရုံမှာ အတွဲတွေကို ကြည့်ရတာ တစ်မျိုး..အိမ်မှာ နားထောင်ပေးရတာ တစ်မျိုး..ပေါင်း နှစ်မျိုး..Win ရေ..Win ရဲ့..။
P'Dim က ဆေးရုံကို ခေါ်သွားမယ်ဆိုလို့ ကိုယ့်idol ရှေ့မှာ ကြည့်ကောင်းဖို့ အရေး ပြင်ဆင်နေမိသည်။တစ်ထည်ပြီး တစ်ထည်လဲနေတာကို P'Dim က စိတ်ရှည်ရှည်နဲ့ စောင့်ရှာသည်။Win က အစိမ်းရောင် ကြိုက်တယ်ဆို၍ အစိမ်းနုရောင် T shirt နဲ့ ဂျင်းအကျပ်အမဲရောင်တွဲဝတ်လိုက်သည်။အပေါ်က shirt လက်ရှည်အစိမ်းကွက် ထပ်ဝတ်ဆင်လိုက်သည်။ဆံပင်ကတော့ ဟိုတလောကမှ တစ်ခေါင်းလုံးကို အဝါရောင်ဆိုးထားတာ..လက်ထပ်ပွဲကျမှ တခြားအရောင် ပြန်ဆိုးတော့မယ်ဆိုပြီး လုပ်ချင်ရာ လုပ်ထားတာ ဖြစ်သည်။
VOCÊ ESTÁ LENDO
Yours (Completed)
FanficBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...