Brightvc တစ်ယောက် ကောင်လေးက GMM ကို သွားတယ်လို့ ပြောတာကြောင့် စောင့်နေတာ နာရီအတော်ကြာ..။နောက်ဆုံးမနေနိုင်တော့လို့ GMM က သူတွေဆီ စုံစမ်းမေးကြည့်တော့မှ အဝတ်အစားလဲပြီး ထွက်သွားတာ ကြာပြီတဲ့လေ...။သူမရောက်လာခင်ထဲက ထွက်သွားတဲ့ပုံ...။ကားနဲ့ condo ဆီ သွားကြည့်တော့လည်း ပြန်မရောက်သေး...love ဆီ ဖုန်းဆက်မေးရင်လည်း မကောင်းတော့တာမို့ Pon တို့ Dim တို့ကိုပါ ကူရှာခိုင်းရတဲ့အထိ။ နောက်ဆုံး Green က Flash ခေါ်လို့ ကားပြိုင်ပွဲသွားတယ်ဆိုမှ ကားပြိုင်ပွဲကို လိုက်လာကြတာ..P'Dim ကလည်း Win ကို Flash မှန်း မသိခဲ့တာကြောင့် အချိန်တွေ မကြာသင့်ဘဲ ကြာသွားတာ။ ချက်ချင်းလိုက်လာခဲ့ပေမယ့် မထင်မှတ်တဲ့ မြင်ကွင်းတွေက စီးကြိုနေ၏။တစ်စီးက ကားနောက်ခြမ်းတစ်ခုလုံး စုတ်ပြတ်သပ်နေပြီး မီးခိုတွေ အူထွက်နေသလို နောက်တစ်စီးကလည်း နံရံကို ဝင်တိုက်ထားတဲ့ပုံစံ။ အပြေးအလွှား ကြည့်လိုက်မိတော့ သူတို့ကလေးငယ်တွေ...။ကောင်လေးကို သူကားထဲက ဆွဲထုတ်ကာ ပွေ့ယူတဲ့အထိ သတိရှိနေသေး၏။ မောင် လို့ခေါ်ရင်း သူ့ရင်ခွင်ထဲ တိုးဝင်လာသေးတာ...မောင် ရင်တွေ ကွဲရပါပြီ ကလေးငယ်ရယ်..။
"မောင်..ရောက်လာပြီ..ဘာမှမဖြစ်တော့ဘူးနော်..."
ယူကြုံးမရဖြစ်ကာ ဆောက်တည်ရာမဲ့နေတဲ့ စိတ်တွေကို စုစည်းရင်း သူ့ရင်ခွင်ထဲက ကလေးငယ်ကို ဆေးရုံတင်ဖို့ လုပ်ရသည်။"P'Dim...P'Dim...သတိထားပါအုံး...Green ဘာမှမဖြစ်လောက်ပါဘူး..."
Dim ကလည်း သတိလစ်နေတဲ့ Green ကို ပွေ့ချီကာ အော်ခေါ်နေမိသည်။ခုနလေးကတောင် သူ့သူငယ်ချင်း လှမ်းခေါ်လို့ဆိုပြီး ပျော်နေတဲ့ကလေးက...။လမ်းမှာ Win နဲ့ Flash က အတူတူဘဲဆိုပြီး သခင်လေး ပြောပြလို့ သိထားခဲ့ပြီး ဖြစ်သည်။
"ကလေးလေးရေ...သတိထားပါအုံး...ကိုယ်မဆူပါဘူးကွာ..သတိထားပါအုံး..."
Green ကိုဘဲ ဖက်ပြီး အော်ဟစ်နေတဲ့ Dim က နောက်ဆုံး Gun Smile တို့ပါ ရောက်လာပြီး ဆွဲထူကာ ဆေးရုံတင်ဖို့ လုပ်တော့မှ သတိဝင်လာတော့သည်။Win နဲ့ Green ကို Winရဲ့ သီးသန့်ဆေးရုံကိုဘဲ ခေါ်သွားစေသည်။ရောက်တာနဲ့ ချက်ချင်း စစ်ဆေးပြီး ကုသမှုတွေ စလုပ်တော့သည်။
STAI LEGGENDO
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...