"ဖွားဖွားကြီးရေ သားလာတယ်..."
အိမ်တံခါးဖွင့်လိုက်ထဲက အော်ပြီးပြေးဝင်လာတဲ့ ကောင်လေး၊ ခြံရှေ့မှာ ကားနက်ကြီး 3စီးရပ်ထားပြီး ပါလာတဲ့ သူတွေက လက်ဆောင်ထုတ်တွေ ကိုယ်စီသယ်ကာ အိမ်ဧည့်ခန်းထဲ တန်းစီကာ လာချ၏။
"အမလေး မြေးလေးရယ်..အခုမှဘဲ လာတော့တယ်..ဟိုကောင်လေးရော မပါဘူးလား..."
"မောင်..အဲ့... Phi Baii က အလုပ်တွေများနေလို့ နောက်နေ့မှ လိုက်လာမယ်တဲ့..."
"ဟုတ်လို့လား..ရန်ဖြစ်လာတာ မဟုတ်ဘူးလား..."
"မဖြစ်ပါဘူး..Phi Baii က သားကို သိပ်ချစ်တာ..."
"ကဲ..လာပါ နားအုံး...ဘာလို့ လက်ဆောင်တွေ အများကြီး ယူလာတာလဲ.."
"Phi Baii ပေါ့ ပေးချင်တဲ့သူ ပေးလို့ရအောင်ဆိုပြီး..အကုန် ဝယ်ထည့်ပေးလိုက်တာ..."
ဖွားဖွားကြီးက ကြည်ကြည်ဖြူဖြူ ဖြစ်သွားပြီမို့ Win အရင်လိုမျိုး လက်မောင်းတစ်ဖက်ကို ဖက်ကာ ကပ်ချွဲနေ၏။ ပါးပါးတို့ မားမားတို့က အလှူတစ်ခုရှိလို့ အကုန်သွားကြတယ်တဲ့လေ..။မမတို့လည်း ပါသွားတာကြောင့် ဖွားဖွားနဲ့ အိမ်က အလုပ်သမားတွေဘဲ ကျန်နေခဲ့တာ ဖြစ်သည်။ အမှန်တော့ Win မြို့ထဲရောက်တာ နည်းနည်းကြာပြီ ဖြစ်၏။ ရေခဲမုန့် ဆင်းဝယ်ရာက မြို့ထဲက လူတွေက သူ့ကို မှတ်မိသွားပြီး ဝိုင်းနှုတ်ဆက်တာကြောင့် အိမ်ကို တော်တော်နဲ့ ရောက်မလာတာ ဖြစ်၏။ဖွားဖွားကြီးက မောင် လာတုန်းကအကြောင်းတွေကို တစ်ခုမချန် ပြောပြ၏ ချစ်သူပါလို့ မိတ်ဆက်တုန်းက ဖွားဖွားကြီးမှာ shock ရခဲ့တဲ့အကြောင်း၊ မောင့် ကြောင့် ဖွားဖွားကြီးမှာ အမြင်တွေ ပွင့်ခဲ့ကြောင်း ပြုံးပြုံး ပြုံးပြုံးနဲ ပြောပြရှာ၏။ခဏကြာတော့ မေမေတို့ ပြန်ရောက်လာ၏။
"သားလေး ရောက်နေတာဘဲ...Brightvc ရော မပါဘူးလားသား..."
"Phi Baii က မအားလို့ မားမားရေ နောက်နေ့မှ လိုက်လာမယ်တဲ့..."
"အငယ်လေး...ကြည့်စမ်း အများကြီး ချောလာတာ..."
"မမလည်း အများကြီး လှလာပါတယ်နော်..."
"ကဲ ရောက်တုန်းရောက်ခိုက် အကြာကြီးနေပြီးမှ ပြန်ရမယ်နော် သားလေး..အခုတော့ အေးဆေးနားလိုက်အုံး..."
YOU ARE READING
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...