အပိုင်း(၁)

3.9K 114 8
                                    

အပိုင်း(၁)

GMM Ent လက်အောက်ကနေ solo idol အဖြစ် ပွဲဦးထွက်ခဲ့ပြီးတော့ ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့ "win metawin"

သီးသန့်ပေးထားတဲ့ နားနေခန်းထဲမှာ မောပန်းမှုတွေကို ဖြေဖျောက်နေရသည်။idol အလုပ်ဆိုတာ ပင်ပန်းတယ်ဆိုပေမယ့် သူဝါသနာပါရာ လမ်းကြောင်းကို ရွေးချယ်လျှောက် လှမ်းခဲ့တာမို့ သူပင်ပန်းလည်း ဂရုမစိုက်နိုင်။4ပုဒ်ဆက်တိုက် ဖျော်ဖြေရ၍ ပင်ပန်းနေပေမယ့် သူချစ်ရတဲ့ fan တွေကို အကောင်းဆုံးဆိုတာဘဲ ချပြချင်တာဖြစ်သည်။ကြိုးစားသလောက် အရာထင်တယ်ဘဲ ပြောရမလားမသိပေမယ့် အနုပညာသက်တမ်းသုံးနှစ်အတွင်းမှာ ဆုတွေအများကြီး သိမ်းပိုက်ထားပြီး ဖြစ်သည်။အခုလည်း ခဏနေရင် ဆုတက်ယူဖို့ ပြင်ရအုံးမည်။

ခဏနားနေချိန်မှာ ပုံလေးရိုက်ပြီး ig ပေါ်တင်ရသည်။မဟုတ်ရင် snowballpowerတွေ စိတ်ပူနေတော့မှာ။ဒါကလည်း fan တွေကို ဂရုစိုက်ခြင်းတစ်မျိုး၊ သူ့အနားမှာက သူ့အချစ်ဆုံးသူငယ်ချင်း loveရယ် snowballpowerတွေရယ်ဘဲ ရှိသည်။snowballpowerဆိုတာ fan တွေကိုသူပေးထားတဲ့နာမည်။သူကsnowballလေးနဲ့တူပြီး fanတွေက သူရဲ့power ဖြစ်တာကြောင့် Fandom's name ကို snowballpower ဆိုပြီး သူကိုယ်တိုင်ပေးခဲ့တာ ဖြစ်သည်။ သူ့ကိုလည်း အရပ်180cmကျော် ဖြူဖွေးသော အသားအရည်နဲ့ ရယ်လိုက်တိုင်း မှေးမှိတ်သွားတတ်တဲ့ မျက်ဝန်းလေးတွေရယ် ယုန်လိုမျိုး ရှေ့သွားလေးနှစ်ချောင်း ပါတာကြောင့် ယုန်ပေါက်လေး၊ winne ၊ bunny စသည့်ဖြင့် ချစ်စနိုးခေါ်ကြသေးသည်။

ပုံတင်ပြီး တခဏအတွင်းကို noti တွေအများကြီးတက်လာသည်။ထုံးစံအတိုင်း စိတ်ပူနေကြတာ သူပြုံးမိသွားသည်။

"ဘာတွေသဘောကျနေတာလဲ win အမောပြေရင် ပြင်တော့နော် ခဏနေရင် စင်ပေါ်ပြန်တက်ရမှာ"

သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ဖြစ်လဲ သူ့ရဲ့မန်နေဂျာမလေး loveက ဖုန်းထဲက အချက်အလက်တွေကို စစ်ရင်း သတိပေးစကားပြောလာသည်။

"အင်းပါ loveရဲ့၊ fanတွေရဲ့ mentတွေဖတ်နေတာ"

"အေး ဖတ်တာလည်းဖတ် ပြင်တာပြင်အုံး "

Yours (Completed)Donde viven las historias. Descúbrelo ahora