အပိုင်း (၂၈)

1.2K 69 6
                                    

အလွမ်းသယ်ပြီးတာတောင် မပြန်သေးဘဲ Brightvc တစ်ယောက် ကောင်လေးရဲ့ ရင်ခွင်ထဲမှာ ကြောင်ပေါက်လေးလို တိုးဝှေ့နေမိသည်။ကောင်လေးကတော့ ပြုံးကာ သူ့ဆံပင်များကို လက်ကလေးဖြင့် ဖွဖွလေး ပွတ်ပေးနေ၏။

"မောင်က ကလေးလား..."

"မသိဘူးကွာ..."

ရင်ခွင်ထဲ တိုးဝှေ့နေရာမှ ရပ်ကာ ပေါင်ကို ခေါင်းအုံးရင်း သူ့မျက်နှာကို မော့ကြည့်နေပြန်၏။

"သူများတွေ မြင်ရင်တော့ ပြောတော့မှာဘဲ..သခင်လေးက ဘယ်လိုဖြစ်သွားတာလဲဆိုပြီး..."

"ပြောပါစေ..."

"အဟင်း.." Win လည်း တစ်ချက်ရယ်ပြရင်း..ခေါင်းကို ပွတ်ပေးနေရာမှ ရပ်ကာ သူ့မျက်နှာချောချောကို လက်ကလေးနဲ့ ဖွဖွလေး လိုက်ထိနေမိသည်။မျက်လုံးထောင့်နားက အမာရွတ်လေးကို လက်ညှိုးလေးဖြင့် ထိကြည့်ရင်း အောက်ဖက်ကို တဖြေးဖြေးတိုးကာ နှုတ်ခမ်းထောင့်က အမာရွတ်လေးကိုပါ လက်ညှိုးလေးနဲ့ ထိကြည့်ပြန်သည်။မောင်ကတော့ သူ့မျက်နှာလေးကို မျက်တောင်တစ်ချက်တောင် မခတ်ဘဲ စိုက်ကြည့်နေ၏ သူ့ကို ကြည့်နေတဲ့ မောင့်ကို ပြန်စိုက်ကြည့်မိပြီး သူကိုယ်တိုင် မသိလိုက်ခင်မှာဘဲ မောင့်နဖူးကို ငုံ့နမ်းမိတော့သည်။ပြီးတော့ မောင့်နှာခေါင်းချွန်ချွန်လေး..မောင့်မေးဖျားတွေနဲ့ ထူထူအိအိ နှုတ်ခမ်းတွေမှာ အနမ်းဖွဖွလေးတွေကို အဆုံးသတ်လိုက်သည်။

"အချစ်ရယ်..."

"...."

"ဟောဗျာ..နမ်းပြီး ရှက်သွားတာလား..."

သူ့ဘာသာနမ်းပြီး မျက်နှာလေးနီရဲတဲ့အထိ အရှက်သည်းနေတဲ့ သူကြောင့် မစရက်တော့ဘဲ လက်ကလေးတွေကိုယူကာ နမ်းရင်း...

"မောင်ကြိုက်တယ်..."

"ဘာကိုလဲ..."

"အချစ် အဲ့လိုနမ်းတာကို..."

"....."

အရှက်သည်းနေသူက စကားလေးတစ်ခွန်းတောင် မထွက်လာတော့..။Brightvc လည်း ကောင်လေးရဲ့ လက်လေးတွေကို ယူကာ သူ့ပါးပြင်နဲ့ ကပ်ထားလိုက်၏။ ခဏကြာတော့...

"မောင်..ကော်ဖီသောက်အုံးမလား..."

"မောင်ဖျော်လိုက်ပါ့မယ်..အချစ်က ဒီမှာဘဲထိုင်နေနော်..."

Yours (Completed)Donde viven las historias. Descúbrelo ahora